JM Engineering Training Center

JM Engineering Training Center To increase job satisfaction, motivation, efficiencies, resulting, new technologies, methods, innovation, etc.

16/03/2020

QR Code တွေခေတ်စားလာတော့ ဘယ်လိုလုပ်တယ် ဘယ်လိုဖတ်တယ် သိချင်တဲ့တစ်ယောက်ကမေးလာလို့ လုပ်ပုံလုပ်နည်းလေး တင်ပေးလိုက်ပါတယ်

QR Code လုပ်တဲ့ Link 👇👇👇
https://www.the-qrcode-generator.com/

အဲ့လို Link တွေ အများကြီးရှိပါတယ် ကြိုက်တာနဲ့လုပ်နိုင်ပါတယ် မခက်ခဲပါ ရည်းစားစာတောင်လုပ်လို့ရသေးတယ် 🥰


JM Training Center

14/03/2020

USB Drive တို့၊ External/Internal HDD တို့ကို Password ခံပြီး လုံခြုံမှုမြင့်ချင်တယ်ဆိုရင် Encrypt လုပ်ပြီ Locked လုပ်ထားနိုင်ပါတယ်၊ အဲ့လို Encrypt လုပ်ဖို့ Software တွေရှိခဲ့တယ်၊ ဒါပေမယ့် သတိထားမိသလောက် Window 7 နောက်ပိုင်းမှာတော့ Encrypt လုပ်ဖို့ Built in အနေနဲ့ BitLocker တစ်ခုပါလာခဲ့တယ်၊ အလွယ်တကူ Password ပေးထားနိုင်ပါပြီ၊ အောက်ကဗီဒီယိုမှာ ဘယ်လို Password ပေးပြီ Encrypt လုပ်ရသလဲဆိုတာ သေသေချာချာ ရှင်းပြထားပါတယ်၊ ကြည့်ပြီ လိုက်လုပ်ခြင်းဖြင့် မိမိဒေတာတွေ လုံခြုံမှုရှိစေရန် Password ပေးပြီး ကာကွယ်ထားနိုင်ကြပါစေ။


JM Training Center
နောက်ပိုင်းမှာလည်း ဒီလို Knowledge Sharing အတွက် Learning Video တွေ တင်ပေးသွားမှာပါ 👍

13/03/2020

ကိုဗစ်၁၉ နဲ့ ပတ်သက်လို့ ကောလဟာလမယုံမိဖို့ ြည်သူ့ကျန်းမာရေးဦးစီးဌာန https://www.facebook.com/MyanmarCDC/ ကို Liked ပြီ See First လုပ်ထားကြရန် 😊👍👌 တက်သမျှပို့စ်အတွက် Standard Noti ထားကြရန် 👍

📝📒📚🖥️ အင်ဂျင်နီယာ ကျောင်းသား ကျောင်းသူ အင်ဂျင်နီယာ ကျောင်းဆင်း မျိုးဆက်သစ် ညီငယ်ညီမငယ်တို့အတွက် တဖက်တလမ်းက အထောက်အကူပြုန...
08/03/2020

📝📒📚🖥️ အင်ဂျင်နီယာ ကျောင်းသား ကျောင်းသူ အင်ဂျင်နီယာ ကျောင်းဆင်း မျိုးဆက်သစ် ညီငယ်ညီမငယ်တို့အတွက် တဖက်တလမ်းက အထောက်အကူပြုနိုင်မည့် CAD, BIM, MEP, MS Project, Advanced Excel, MS Office စသဖြင့် အင်ဂျင်နီယာ အသုံးချပညာရပ်အတန်းများကို သင်တန်းသား ဦးရေနည်းနည်းနဲ့ ကျစ်ကျစ်လစ်လစ် ထိထိရောက်ရောက် အချိန်တိုတိုနဲ့ စနေ၊ တနင်္ဂနွေ ကျောင်းချိန်လွတ်၊ အလုပ်ချိန်လွတ် သင်ကြားပေးနိုင်ရန် ကြိုးစားနေပါတယ်။ မကြာမီ အသစ်ဖွင့်မည့် ပညာဒါနအတန်းများကို ဒီ Page မှ ကြော်ငြာပေးသွားမှာပါ။ အခွင့်အရေးများ လက်မလွတ်ရလေအောင် ဒီ Page ကို Liked ထားပေးကြရန် 👍👍👍

Gratula ဆိုတဲ့စာလုံးကိုဒီပို့စ်ရဲ့ comment မှာ ရေးကြည့်ပါအဲ့စာလုံးဟာ အနီရောင်ပြောင်းသွားရင် သင့်အကောင့်လုံခြုံမှုရှိနေတယ...
07/03/2020

Gratula ဆိုတဲ့စာလုံးကို
ဒီပို့စ်ရဲ့ comment မှာ ရေးကြည့်ပါ
အဲ့စာလုံးဟာ အနီရောင်ပြောင်း
သွားရင် သင့်အကောင့်လုံခြုံမှုရှိနေတယ်
အနီရောင်သို့ မပြောင်းရင်တော့ သင့်အကောင့်ရဲ့
Passward ကို ချက်ချင်း ချိန်းသင့်တယ်

👷👷‍♀️👨‍🔧👷မိလ္လာ ကန် တည်ဆောက်ပုံ နှင့် လုပ်ဆောင်ချက်များ✅✅✅✅✅SEPTIC TANK***************Septic tank ( မိလ္လာပိုးစားကန်)ဆို...
07/03/2020

👷👷‍♀️👨‍🔧👷
မိလ္လာ ကန် တည်ဆောက်ပုံ နှင့် လုပ်ဆောင်ချက်များ
✅✅✅✅✅
SEPTIC TANK
***************

Septic tank ( မိလ္လာပိုးစားကန်)
ဆိုတာ လူကစွန့်ပစ်တဲ့ မိလ္လာ(sewage)ကို
Bacteria ပေါက်ပွါးစေပြီး ဓါတ်ပြုတဲ့စနစ်
(Septic Action) ဖြစ်ပေါ်စေတဲ့ကန် ဖြစ်ပါ
တယ်။💓

Inlet pipe က ဝင်လာတဲ့ မိလ္လာ
(sewage)ဟာ Chamber 1 ထဲကို
ကျရောက်ပြီး ၃ ရက်မှ ၇ ရက်ခန့်အတွင်း
Anaerobic လို့ခေါ်တဲ့ Bacteria တစ်မျိုး
ပေါက်ပွါးလာပါတယ်။ Anaerobic
Bacteria ဟာ "လေမလို အလင်းမလိုပိုး"
ဖြစ်ပြီး Oxygen နဲ့ အလင်းရောင် မရှိမှ
ရှင်သန်နိုင်ပါတယ်။
💯💯💯
Anaerobic Bacteria
က Sewage ကို ချေဖျက် (စားသုံး) ပြီး
နောက် သူတို့က စွန့်ထုတ်လိုက်တဲ့ စွန့်ပစ်
ပစ္စည်းဟာ Inlet pipe က ဝင်ရောက်လာ
တဲ့ ရေအရှိန်နဲ့ တရွေ့ရွေ့ Chamber 2
ဘက်ကို ရောက်ရှိသွားပြီး Aerobic
Bacteria ဆိုတဲ့ ပိုးတစ်မျိုးထပ်မံပေါက်ပွါး
လာပါတယ်။ Aerobic Bacteria ဟာ
"လေလို အလင်းလိုပိုး" ဖြစ်တဲ့အတွက်
Oxygen နဲ့ Light ရရှိမှ ရှင်သန်နိုင်ပါတယ်။

Aerobic Bacteria ဟာ Anaerobic
Bacteria ကစွန့်ထုတ်လိုက်တဲ့ စွန့်ပစ်ပစ္စည်း
ကို ဓါတ်ပြု(စားသုံး)ပြီး သူကစွန့်ထုတ်လိုက်
တဲ့ စွန့်ပစ်ပစ္စည်းဟာSludge (အနှစ်)အဖြစ်
ထွက်ပေါ်လာပါတယ်။Sludge ဟာကတ္တရာ
စေးလို မည်းနက်တဲ့ အစေး ဖြစ်ပါတယ်။📌📌
Bacteria ပေါက်ပွါးဖို့ ဖန်တီးပေးရန်မလိုပါ။
သူ့အလိုလို ပေါက်ပွါးပါတယ်။👷‍♀️👨‍🔧

Chamber 1 ထဲ ဝင်ရောက်လာတဲ့
Sewage ဟာ တဖြည်းဖြည်း အဆီများ
ထွက်လာပြီး Chamber 1 ထဲရှိ ရေမျက်
နှာပြင်အပေါ်ကိုတက်လာပြီး မိလ္လာဆီ
အလွှာ( Scum Layer)အဖြစ် ဖုံးပိတ်သွား
ပါတယ်။ ဒီ Scum Layer ဟာ အပေါ်မှာ
ရှိတဲ့နေရာလွတ်(Free Board)မှOxygen
ကို ရေထဲပျော်ဝင်မသွားစေရန် ကာကွယ်
ပေးထားတဲ့အတွက် Anaerobic Bacteria
များကို ပေါက်ပွါးရှင်သန်စေပါတယ်။🏮🤾‍♀️

ဒါကြောင့် Scum Layer မပျက်စီးစေ
ရန်အတွက် Chamber 1 အတွင်း Inlet
Pipe အဝင်မှာ Tee ခံပြီး အောက်မှ1'~1'6"
အရှည်ရှိ Pipe ကိုဆက်ပေးပြီး Sewage ကို
ကျစေရပါတယ်။Tee ခံထားခြင်းဖြင့် မိလ္လာ
အတုံးအခဲများဟာ Tee အတွင်းမျက်နှာပြင်
ကိုရိုက်ပြီးအပိုင်းအစများအဖြစ်ကျေပျက်ကာ
ဓါတ်ပြုမှုလျင်မြန်စေမှာဖြစ်ပါတယ်။အောက်
မှာ Pipe ရှည်ကိုဆက်ထားတဲ့အတွက် 😺😺
ကျလာတဲ့ ရေအရှိန်ဟာ Scum Layer ကို ငြိမ့်
ငြိမ့်လေးသာ လှုပ်ရှားစေမှာဖြစ်ပါတယ်။
Tee နှင့် Pipe မခံဘဲ Inlet မှ directly ကျ
စေလျှင်Scum Layer ကွဲအက်ပြီး Oxygen
ဝင်ရောက်တဲ့အတွက်Anaerobic Bacteria
များမရှင်သန်နိုင်သဖြင့် Septic Action မရ
ရှိနိုင်ပါ။👿👿
Chamber1 မှ Sewage များ
Chamber 2 ဘက်မရောက်သွားစေရန်
အောက်ခံအခင်းမျက်နှာပြင်ကိုChamber 1
ဘက်တွင်နှိမ့်၍ Slope 1:10 to 1:20
အချိုးဖြင့် စောင်းပေးထားရပါတယ်။
Chamber2 ထဲရောက်လာတဲ့ Anaerobic
Bacteria ရဲ့ စွန့်ပစ်ပစ္စည်းတွေကိုAerobic
Bacteria တွေကဆက်လက်စားသုံးဓါတ်ပြု
ပြီး စွန့်ပစ်ပစ္စည်းအဖြစ် Sludge တွေဖြစ်
ပေါ် လာပါတယ်။👻👻

ဒီလို Complete Seption Actionဖြစ်
ဖို့ Baffle Wall ဟာ အောက်ပိုင်းမှာ တိုးလျှို
ပေါက်ဖြစ်နေဖို့ လိုပါတယ်။ရေကူးပေါက်ကို
အမြင့်မှာထားပြီး အောက်ခြေပိတ်ထားရင်
Septic Action အပြည့် မဖြစ်နိုင်ပါ။💩💩

Aerobic Bacteria တွေရှင်သန်နိုင်ဖို့
Oxygen နဲ့ Light လိုတဲ့အတွက် Chamber
2 အပေါ် Cover Slab မှာ Swan Neck ကို
တပ်ဆင်ထားရပါမယ်။ Swan Neck ဟာ
လေနဲ့အလင်း ဝင်ရောက်စေရန် အကျိုးပြု
ပါတယ်။Chamber 2 မှာ Scum Layer
မရှိတဲ့အတွက် ရေမှာ Oxygen ပျော်ဝင်
ပြီး Aerobic Bacteria တွေကိုရှင်သန်စေ
ပါတယ်။😾😾

Chamber 1 မှ Sewage တချို့ဟာ
Chamber 2 ဘက်ပါလာပြီးရေထက်ပေါ့တဲ့
အတွက် Chamber 2ရေမျက်နှာပြင်ပေါ်မှာ
ပေါ်နေတာတွေ ရှိနိုင်ပါတယ်။ဒါတွေ အပြင်
ကို ပါမသွားစေဖို့ Outlet Pipe အဝမှာTee
ခံထားဖို့ လိုပါတယ်။

Chamber1 အတွင်းရှိ Scum Layer
ရဲ့ levelကိုထိန်းထားရန် Chambers1&2
ဟာ ရေလုံရပါမယ်။ Wall ချင်းဆုံရာ or
Wall & Floor ဆုံရာCornerတွေမှာဖြစ်စေ
Wall & Pipe ထိနေတဲ့ အဆက်တဝိုက်မှာ
ဖြစ်စေ 1:2 Cement Mortar နဲ့ ထောင့်
ချုပ်ထားမှသာ ရေလုံမှာ ဖြစ်ပါတယ်။🤝🤝

Septic Tank အတွင်းသို့ အပြင်ရေ
ဝင်လျှင်Inlet မှမဝင်နိုင်တော့သလို အတွင်း
ရေ ထွက်သွားလျှင် Scum Layer နိမ့်ကျ/
အက်ကွဲပြီး Septic Action ပျက်စီးမှာဖြစ်
ပါတယ်။

Septic Action ဖြစ်နေစဉ်မှာဓါတ်ပြု
ပြီး Gas တွေထွက်ပါတယ်။ ထွက်တဲ့ Gas
တွေဟာToxicဖြစ်ပြီးလေထက်ပေါ့ပါတယ်။
ဒီ Gas တွေဟာ Free Board မှာ အောင်း
နေရင် Inlet မှ Sewage နဲ့ Waste Water
တွေ မဝင်နိုင်တော့ပါဘူး။ ( အရပ်အခေါ်
လေတင်းတယ်/လေခံတယ် လို့ခေါ်ပါတယ်)
Air Circulationဖြစ်အောင်AirOutletPipe
( about 2"or1 1/2" dia.)ကို Scum Layer
အထက်နံရံ or အဖုံးCoverSlab မှာတပ်ဆင်
ပေးပြီးအဆောက်အဦးမှာရှိတဲ့ AirVentPipe
နဲ့ ဆက်သွယ်ရပါတယ်။

လေဟာ အနိမ့်မှာရှိတဲ့ Swan Neck
မှဝင်ပြီး Baffle Wall ကိုဖြတ်၍ Air Outlet
Pipe မှတဆင့် Vent Pipe အတွင်းသို့ Gas
တွေနဲ့အတူရောက်ရှိပြီး အမြင့်မှာထွက်သွား
အောင်လုပ်ရပါမယ်။ဒါကြောင့် Baffle Wall
ကို အထက် (Slab အောက်) မှာ 6" ခန့်
လွှတ်ထားပေးရပါမယ်။

စတင်အသုံးပြုတဲ့ အချိန်မှာကန်တွင်းရှိ
ရေ Level ဟာ Inlet မှ ချထားတဲ့ Pipe နှုတ်
ခမ်း အထက် 3" ခန့်အထိ ရေဖြည့်ထားပြီး
သုံးမှသာ Septic Action ဖြစ်ပေါ်မှာ ဖြစ်ပါ
တယ်။Cover Slab မဖုံးမီမှာ ကန်ရေလုံမလုံ
စစ်ဆေးဖို့ လိုပါမယ်။Septic Action မဖြစ်ရင်
အဲဒီကန်ဟာ Septic Tank မဟုတ်ဘဲ
Sewage Storage Tank သာ ဖြစ်နေပါလိမ့်
မယ်။🤞🤞

Manhole အပေါက်ကို ပိုက်ဆက်များ
ရှိသည့်နေရာအနီးတွင် ထားမှသာ အဖုံးဖွင့်
ပြီး ပိုက်ဆက်များ ပြုပြင်ရန် လွယ်ကူမှာ
ဖြစ်ပါတယ်။

Septic Tank ကို Black Cotton Soil
( ဆားနယ်ဖွတ်ချေးမြေ) တွင် တည်ဆောက်
ရပါက Tank ၏ အပြင်ပတ်လည်မှာ သဲဖြင့်
Back filling လုပ်ရပါမယ်။Black Cotton
Soil ဟာ ရေအစိုဓါတ်ရှိတဲ့ အချိန်မှာ ပွလာ
ပြီး ဘေးနံရံ အပေါ် Compressive Force
(ဖိအား) သက်ရောက်ပြီး ခြောက်သွေ့ချိန်
ကျုံ့သွားပါက Tensile Force (ဆွဲအား)
သက်ရောက်စေနိုင်သဖြင့် Septic Tank
နံရံများ အက်ကွဲနိုင်ပါသည်။ထိုအခါ Water
level ကိုမထိန်းနိုင်ဘဲ Septic Action
ပျက်သွားမှာဖြစ်ပါတယ်။နံရံနှင့် မြေအကြား
Sandဖြင့် ပိုင်းခြားထားခြင်းဖြင့်Compression
ခံရသော်လည်း Tension မခံရသဖြင့် နံရံ
အက်ကွဲခြင်းမှထိုက်သင့်သလောက်ကာကွယ်
နိုင်မှာ ဖြစ်ပါတယ်။

များသောအားဖြင့် Free Board (h 2)
ကို 0.3 metre(1 ပေခန့်)ထားလေ့ရှိပါတယ်။
Septic Action ဖြစ်ရန်ကြာချိန်(Detention
Period) မှာ 12 hrs. ခန့်ဖြစ်ပြီး Sludge
ထွက်ရှိမှုနှုန်းဟာ လူတစ်ဦး တစ်နှစ်လျှင်
10 litres နှုန်းဖြင့် တွက်လေ့ရှိပါတယ်။

ဒါကြောင့် သုံးစွဲသူဦးရေနဲ့ လိုအပ်သော
ကန်အရွယ်အစား တွက်ချက်မှုအတိုင်း မှန်
ကန်စွာတည်ဆောက်ပြီး Septic Action Fail
မဖြစ်ပါက ထွက်ရှိမည့် Sludge ထုထည်ကို
တွက်ထုတ်နိုင်ပြီး မိမိတည်ဆောက်ထားတဲ့
ကန်အနက်ရဲ့ ဘယ်နေရာလောက်အထိ
⛳⛳⛳
Sludge ဖြင့်ပြည့်နေပြီ ဆိုတာ ခန့်မှန်းနိုင်ပြီး
စုပ်ထုတ်ခြင်း( Withdrawal)လုပ်နိုင်မှာဖြစ်
ပါတယ်။

Outlet Pipe ထားရမဲ့ Level ကိုတော့
တည်ဆောက်မဲ့နေရာရဲ့ မိုးရာသီရေဝပ်တဲ့
Level နှင့် မြေအောက်ရေ ရှိ/ မရှိ တို့ အပေါ်
မူတည် တွက်ချက်ရမှာ ဖြစ်ပါတယ်။ Inlet
Pipe ဟာ Outlet ရဲ့ အထက် 3" မှ 6" ခန့်
ပိုမြင့်နေမှသာ အဆင်ပြေပါမယ်။💓💓💓

Sewer Pipe Line ရဲ့ Slope အချိုးနဲ့
တွက်ချက်ပြီး အဆောက်အဦးအတွင်းရှိ
W.C.( Ground Floor) မှ ထွက်တဲ့ Outlet
Level ကို ချိန်မှ ရာသီ မရွေး သုံးလို့ အဆင်
ပြေမည့် tank တခုအဖြစ်
အောင်မြင်စွာ တည်ဆောက်နိုင်မှာဖြစ်ပါတယ်။⛳⛳

Credit Original Post & Photos

https://youtu.be/58aSmM6ePoU
04/03/2020

https://youtu.be/58aSmM6ePoU

AutoCAD vs Revit, the often asked question. Which is better? Let's look at just one of the many comparison points - modelling times. Contact us for a customi...

Address

Yangon

Opening Hours

Tuesday 18:00 - 23:00
Wednesday 18:00 - 23:00
Thursday 18:00 - 23:00
Friday 18:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00

Website

Alerts

Be the first to know and let us send you an email when JM Engineering Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share