Inno Technique - MM

Inno Technique - MM We introduce new innovative technologies to improve living standards of people in Myanmar!

12/07/2020

Free learning Platform တွေကိုတော့ တင်ဆက်ပေးခဲ့တာပဲ၊ လေ့လာဖြစ်ကြလား တော့မသိဘူး။ ဒီမှာတင်ပေးမှာကလဲ အဓိအားဖြင့် Free Learning Platform တွေဆိုတော့ နေ့စဥ်တင်ပေးလျှင် ယခင် Shareပေးထားတဲ့ Free Learning Platform တွေကို‌လေ့လာချိန်မရှိမှာစိုးရိမ်မိပါသောကြောင့် Free Learning Platform နဲ့ ပါတ်သက်တဲ့ Post တွေကို တစ်ပတ်မှာ တစ်ကြိမ်၊ အပတ်စဥ် သောကြာနေ့ည (၈)နာရီအချိန်တွင်သာ တင်ဆက်ပေးပါတော့မည်။ ကြားရက်များတွင် အလျဥ်းသင့်သလို နည်းပညာဗဟုသုတ သိမှတ်ဖွယ်များကို တင်ဆက်သွားပါမည်။

ဖတ်ရှုအားပေးသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။


11/07/2020

Learn the new way to create a website that makes it so much easier and faster. Step by step with no step skipped. We use the most popular platform in the wor...

Coursera (100+ Coursera Courses Free Until 31st July!)"Coursera" ဆိုတဲ့ Online Learning Platform ကို လူတော်တော်များများသ...
10/07/2020

Coursera (100+ Coursera Courses Free Until 31st July!)

"Coursera" ဆိုတဲ့ Online Learning Platform ကို လူတော်တော်များများသိကြပြီးသားထင်ပါတယ်။ မသိသေးတဲ့လူများအတွက် အကျဥ်းချုံ့ပြီးရှင်းပြပေးပါမယ်။
"Coursera"သည် Online Learning Platform တစ်ခုဖြစ်ပြီး စစ်တမ်းများအရ World's Best Top 3 Online Learning Platformsထဲမှာ ပါ၀င်ပါတယ်။ Top Institutions, Top Universities အစရှိသဖြင့် ကမ္ဘာ့နာမည်ကြီးပညာရေးအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ Online Courses တွေကိုဖွင့်လှစ်သင်ကြားပေးနေတဲ့ Platformတစ်ခုလဲဖြစ်ပါတယ်။ မိမိကြိုက်နှစ်သက်ရာ နယ်ပယ်အလိုက်ရှာဖွေလေ့လာနိုင်ပါတယ်။ သူ့မှာရှိတဲ့ Course တော်တော်များများကို အခမဲ့လေ့လာနိုင်ပြီးတော့ Course Complete ြဖစ်သွားလို့ Certificate လိုချင်တယ်ဆိုမှသာ ပိုက်ဆံပေး၀ယ်ရမှာပါ။ အခမဲ့ မရရှိနိုင်ပဲ လစဥ်ကြေးပေးသွင်းပြီးမှ တက်ရောက်နိုင်တဲ့ Courses များလဲရှိပါတယ်။ မိမိရဲ့အရည်အချင်းတိုးတက်အောင် ရှာဖွေလေ့လာနေသူများအတွက်ကတော့ အခမဲ့ Register လုပ်ပြီးလေ့လာရုံပါပဲ။

Coursera Link - https://www.coursera.org/

အခုထပ်ပြီးပြောပြပေးချင်တာကတော့ Coursera မှာပဲ ပုံမှန်ဆိုရင် $49-$100 ကြားပေးသွင်းပြီးမှလေ့လာနိုင်မယ့် သင်ခန်းစာများကို အခမဲ့ ($0)စာရင်းပေးသွင်းပြီး တက်ရောက်နိုင်မယ့် အခွင့်အရေးပါ။ ဒီအခွင့်အရေးကလဲ ဇူလိုင်လ မကုန်ခင် (Until 31st July) ဆိုတော့ မြန်မြန်စာရင်းသွင်းထားဖို့တော့လိုတယ်။ ပုံမှန် Free လေ့လာနိုင်ပြီး Certificate အတွက်ပိုက်ဆံပေးရတဲ့ Courses များမဟုတ်ပါဘူး။ ပိုက်ဆံသွင်းပြီးမှ လေ့လာနိုင်မည့် Courses တော်တော်များများကို ဇူလိုင်လအတွက် Promotion လုပ်ထားတာပါ။ User တစ်‌ယောက်အတွက် တစ်ကြိမ်သာ အခွင့်အရေးရတဲ့အတွက် မိမိအမှန်တကယ် စိတ်၀င်စားလေ့လာချင်တဲ့ Course ကိုရွေးချယ်ဖို့ တိုက်တွန်းချင်ပါတယ်။ Promotion ချပေးထားတဲ့ Coursera ရဲ့ Courses တွေကိုတော့ အောက်မှာဖော်ပြပေးထားတဲ့ Link မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

Link - https://onlinecoursesgalore.com/coursera-free-courses-list/

Inno Technique-MM ရဲ့ Pageကို Like and Follow လုပ်ထားခြင်းဖြင့်နေ့စဥ်တင်ဆက်ပေးနေတဲ့ နည်းပညာ ဗဟုသုတများကို သိရှိဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
ယခု Post လေးကို Like and Share လုပ်ပေးခြင်းဖြင့် အခြားသူများကိုပါ ‌‌ဝေမျှလိုက်ပါ။

09/07/2020

Google Digital Garage

Google Digital Garage(Free Online Learning Platform - 1)ဒီတခါပြောပြပေးချင်တဲ့ Free Online Learning Platform ကတော့ Google...
09/07/2020

Google Digital Garage
(Free Online Learning Platform - 1)

ဒီတခါပြောပြပေးချင်တဲ့ Free Online Learning Platform ကတော့ Google Digital Garage ြဖစ်ပါတယ်။
Google Garage ဆိုတာကတော့ "Get new skills for a digital world" ဆိုပြီး Google Company ကနေတင်ဆက်ပေးထားတဲ့ Free Learning Platform တစ်ခုပါ။ ဒီတော့ Google Digital Garage ထဲမှာ ဘာတွေလေ့လာနိုင်လဲဆိုတာကြည့်ရအောင်!
"Data and Tech", "Digital Marketing", "Career Development" ဆိုပြီး Category (၃)မျိုးရဲ့အောက်မှာ Online Course (၁၃၆)ခုတောင်ပါ၀င်ပြီး အားလုံးကို အခမဲ့လေ့လာနိုင်ပါတယ်။ Course တစ်ခုချင်းစီမှာ Modules တွေခွဲထားပြီးတော့ Check your Knowledge , Quiz တွေပါ ပါ၀င်ပါတယ်။ Google's Trainer တွေရှင်းပြထားတဲ့ Videos တွေကိုကြည့်ရှုလေ့လာရမှာဖြစ်ပြီးတော့ English Listening Skill သိပ်မရသူတွေအတွက် English Subtitleကိုဖွင့်ပြီး လေ့လာနိုင်ပါတယ်။ Certificate (Free/Paid) မရသလို Completion Certificate လဲမပေးပါဘူး။ Personal Skill Development အတွက်တော့ တော်တော်ကြီးကိုကောင်းမွန်တဲ့ Platform တစ်ခုပါ။

(1) Data and Tech မှာ Understand the basics of code, Understand the basics of machine learning, Improve your online business security အစရှိသဖြင့် 50 Courses ရှိပါတယ်။
(2) Digital Marketing မှာ Fundamentals of digital marketing, Get a business online, Make sure customer finds you online အစရှိသဖြင့် 28 Courses ပါ၀င်ပါတယ်။
(3) Career Development မှာတော့ Build confidence with self-promotion, Land your next job, How to increase productivity at work အစရှိသဖြင့် 58 Courses ရှိပါတယ်။

** ထူးထူးခြားခြားအနေနဲ့ "Fundamentals of digital marketing" ဆိုတဲ့ Course က Modules 26 ခုလုံးပြီးအောင် လေ့လာပြီး Quiz တွေ ဖြေနိုင်မယ်ဆိုရင် Google ကပေးအပ်တဲ့ Certificate ကို အခမဲ့ ရရှိအုန်းမှာပါ။ **
ကဲခုအောက်မှာဖော်ပြထားတဲ့ Linkမှာ ၀င်ရောက်လေ့လာဖို့ Google Account တစ်ခုပဲလိုအပ်ပါတယ်။

Link - https://learndigital.withgoogle.com/digitalgarage

Inno Technique-MM ရဲ့ Pageကို Like and Follow လုပ်ထားခြင်းဖြင့်နေ့စဥ်တင်ဆက်ပေးနေတဲ့ နည်းပညာ ဗဟုသုတများကို သိရှိဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
ယခု Post လေးကို Like and Share လုပ်ပေးခြင်းဖြင့် အခြားသူများကိုပါ ‌‌ဝေမျှလိုက်ပါ။

Online Learning Platforms!အစက ဒီနေ့ Post အတွက် Free Learning Online Website တစ်ခုအကြောင်း တင်ပေးဖို့ရည်ရွယ်ထားခဲ့ပေမယ့် ...
08/07/2020

Online Learning Platforms!

အစက ဒီနေ့ Post အတွက် Free Learning Online Website တစ်ခုအကြောင်း တင်ပေးဖို့ရည်ရွယ်ထားခဲ့ပေမယ့် Free Learning Platforms တွေကိုလေ့လာရင်း သူ့ထက်ပိုပြီးအဆင်ပြေတဲ့ Website တစ်ခုကိုရှာတွေလို့ ဒီနေ့ Post မတင်ဖြစ်တော့တာပါ။
မနက်ဖြန် ည ၈နာရီကျရင် "Best Free Online Learning Platforms" ဆိုတဲ့ ခေါင်းစဥ်အောက်ကနေ "Free Online Learning Platform - 1" ကို တင်ဆက်ပေးသွားပါမည်။

 (2) Free Microsoft Office 365 for Schools and StudentsMicrosoft Office ဆိုတာကို လူတော်တော်များများ ရင်းနှီးပြီးသားပါ။ ပ...
07/07/2020



(2) Free Microsoft Office 365 for Schools and Students

Microsoft Office ဆိုတာကို လူတော်တော်များများ ရင်းနှီးပြီးသားပါ။ ပုံမှန်ကျနော်တို့အသုံးပြုနေကျဖြစ်တဲ့ Microsoft Office (2013/2016/2019) နဲ့ Microsoft Office 365 ကဘာတွေကွာခြားတာလဲ အကျဥ်းချုံးပြီးရှင်းပြပေးချင်ပါတယ်။

အလွယ်ကူဆုံးပြောရမယ်ဆိုရင် ကျနော်တို့ ပုံမှန်သုံးနေကျ Microsoft Office (2013/2016/2019) တွေက မိမိတို့ရဲ့ ကွန်ပျူတာမှာ Software ကို Install လုပ်ထားပြီးအသုံးပြုကြရတာပါ။ Software License ကို၀ယ်သုံးရတာဖြစ်ပြီး တစ်ခါ၀ယ်ထားတာနဲ့ ထိုကွန်ပျူတာအတွက် Lifetime အသုံးပြုလို့ရပါတယ်။ License ၀ယ်သုံးရတာ စျေးကြီးတဲ့အတွက် မြန်မာနိုင်ငံမှာ Crack Version တွေကိုအသုံးများကြပါတယ်။
Microsoft Office 365 ကတော့ Cloud-based Service တစ်ခုဖြစ်ပြီးတော့ ပုံမှန် MS Office မှာသုံးနေကျ Tools and Applications တွေကို Software Install လုပ်ထားစရာမလိုပဲ မိမိမှာ Internet Access ရှိရုံနဲ့ အချိန်နေရာမရွေး မိမိတို့ရဲ့ Mobile Phone, Tablets, PC .... အစရှိတဲ့ Devices တွေမှာ Browser မှတဆင့် ၀င်ရောက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ မိမိတို့ရဲ့ Office Data တွေကို သိမ်းဆည်းထားဖို့အတွက်လဲ Cloud Storage Platform တစ်ခုဖြစ်တဲ့ One Drive Service ပါ၀င်ပါတယ်။ သူ့ရဲ့ Office services တွေကိုအသုံးပြုနိုင်ဖို့အတွက် လစဥ်ကြေး (သို့) နှစ်စဥ်ကြေး ပေးသွင်းပြီးအသုံးပြုရမှာပါ။ Cloud Based Service ကိုအသုံးပြုတဲ့အတွက် မိမိရဲ့ MS Office Data တွေကို ကြိုက်တဲ့အချိန်၊ နေရာမှာ Device မျိုးစုံကနေ ရယူအသုံးပြုနိုင်ခြင်း၊ Memory Stick တွေနဲ့ ကူးယူသယ်ဆောင်စရာမလိုတဲ့အတွက် အလုပ်ရှုပ်သက်သာပြီး မိမိရဲ့ Data ပျောက်ဆုံးပျက်စီးမှာတွေအတွက် ပူပန်စရာမလိုခြင်း အစရှိတဲ့ အားသားချက်များစွာရှိပါတယ်။
ပုံမှန် Microsoft Account တစ်ခုဖွင့်ပြီးအသုံးပြုမယ်ဆိုရင် Storage အတွက် One Driveမှာ 5GB ကိုအခမဲ့အသုံးပြုခွင့်ပေးထားမှာဖြစ်ပြီး Office Services တွေကိုတော့ လစဥ်ကြေး၊ နှစ်စဥ်ကြေး ပေးသွင်းပြီးမှ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ One Drive မှာ MS Office Data တွေအပြင် မိမိကြိုက်နှစ်သက်တဲ့ Data မျိုးစုံကိုလဲ Upload လုပ်ပြီးသိမ်းဆည်းထားနိုင်ပါတယ်။

ယခုအချိန်အခါမှာ Microsoft Company ကနေ ကမ္ဘာတစ်၀ှမ်းမှာရှိတဲ့ ကျောင်းနှင့် ကျောင်းသား/သူတွေအတွက် Microsoft Office 365 ကို အခမဲ့ Register လုပ်ပြီး အသုံးပြုခွင့်ပေးထားပါတယ်။ အခမဲ့ အသုံးပြုခွင့်ရရှိဖို့အတွက် မိမိမှာ Student Email တစ်ခုရှိဖို့တော့ လိုအပ်ပါတယ်။ (For example - username@schoolname.### )
Microsoft Office 365 for Student subscription မှာ Storage အနေနဲ့ One Drive ကို 1TB တောင်ပေးထားပါတယ်။
ကဲမိမိမှာ Student Email တစ်ခုရှိမယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့ Link ကို၀င်ပြီး Enter your School Email နေရာမှာ မိမိရဲ့ Student Email ကိုဖြည့်၊ Get Started ကိုနှိပ်၊ Register ပြုလုပ်ပြီး အခမဲ့အသုံးပြုနိုင်ပါပြီ။
Website Link - https://www.microsoft.com/en-us/education/products/office

Inno Technique-MM ရဲ့ Pageကို Like လုပ်ထားခြင်းဖြင့် နေ့စဥ်တင်ဆက်ပေးနေတဲ့ နည်းပညာ ဗဟုသုတများကို သိရှိဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
ယခု Post လေးကို Like and Share လုပ်ပေးခြင်းဖြင့် အခြားသူများကိုပါ ‌‌ဝေမျှလိုက်ပါ။

 (1) Introduction to Dart or First step to FlutterDart Programming Language ကိုစတင်လေ့လာမယ့်သူတွေအတွက် အခြေခံကစပြီး အခမဲ...
06/07/2020



(1) Introduction to Dart or First step to Flutter

Dart Programming Language ကိုစတင်လေ့လာမယ့်သူတွေအတွက် အခြေခံကစပြီး အခမဲ့သင်ယူလေ့လာနိုင်မယ့် Website တစ်ခုကို Sharing လုပ်ချင်ပါတယ်။
Dart Language အကြောင်းမပြောခင် Flutter ဆိုတာ ဘာလဲအရင်လေ့လာကြည့်ရအောင်!
Flutter ဆိုတာ Mobile Applicationတွေကိုရေးဆွဲနိုင်တဲ့ Cross Platform တစ်ခုဖြစ်ပါတယ်။ Flutterသည် Google's UI Toolkit တစ်ခုဖြစ်ပြီး Single Codebase အသုံးပြုပါတယ်။ ယခုနောက်ပိုင်းတွင် Flutter ြဖင့် Mobile Appတွေအပြင် Web App, Desktop Appတွေကိုပါ Develop လုပ်လာကြပါတယ်။ အခြား Platformတွေထက် Flutterဟာအသုံးပြုရအဆင်ပြေလွယ်ကူခြင်းအကြောင့် လူသုံးများလာပါတယ်။ ဒါ့အပြင် Flutterကိုအသုံးပြုပြီးရေးဆွဲထားတဲ့ နာမည်ကြီး Mobile Application များစွာရှိပါတယ်။ For Example - Google Ads (Utility), Alibaba (eCommerce).
Flutterကိုစတင်လေ့လာမည်ဆိုပါက သူ့မှာအသုံးပြုတဲ့ Dart Programming Language ကိုမဖြစ်မနေလေ့လာရပါတော့မယ်။ သင်ယူလေ့လာရတာလွယ်ကူတဲ့ Dart Language ကြောင့်လဲ ယခုနောက်ပိုင်းတွင် Flutterကိုလေ့လာသင်ယူသူတွေများပြားလာခြင်းဖြစ်ပါတယ်။

ယခု Sharing လုပ်ပေးမယ့် Website မှာတော့ Dart Programming Language ကိုအခြေခံကစပြီးသင်ယူနိုင်မှာဖြစ်ပါတယ်။
သူ့မှာ 89 Lessons, 7 Quizzes, 13 Challenges, 137 Playgrounds and 61 Code Snippets ဆိုပြီးပါ၀င်ပါတယ်။

သူ့ရဲ့ Course Outline လေးကတော့ -
1. Introduction
2. Getting Started with Dart
3. Data Types and Variables
4. Operators
5. Dart's Collection
6. Control Flow Statements
7. Exploring Functions
8. Classes
9. Where to Go From Here
Getting Started with Flutter

Website မှာ Register လုပ်ပြီးတာနဲ့ စတင်လေ့လာနိုင်ပါပြီ။ Course Access အနေနဲ့ One Year ပေးထားပါတယ်။

Website Link - https://www.educative.io/courses/learn-dart-first-step-to-flutter

ကဲအခုပဲသွားရောက် Register လုပ်ပြီး လေ့လာသင်ယူကြရအောင် !

ယခု Post လေးကို Like and Share လုပ်ပေးခြင်းဖြင့် အခြားသူများကိုပါ ‌‌ဝေမျှလိုက်ပါ။

နည်းပညာနှင့်ပတ်သက်သော အကြောင်းအရာ၊ ဗဟုသုတ၊ သိမှတ်စရာ အစုံအလင်ကို မကြာမီရက်များအတွင်းမှာ ဤ Facebook စာမျက်၌ နေ့စဥ်တင်ဆက်‌...
05/07/2020

နည်းပညာနှင့်ပတ်သက်သော အကြောင်းအရာ၊ ဗဟုသုတ၊ သိမှတ်စရာ အစုံအလင်ကို မကြာမီရက်များအတွင်းမှာ ဤ Facebook စာမျက်၌ နေ့စဥ်တင်ဆက်‌ပေးသွားပါမည်။

Address

Yangon
11171

Opening Hours

Monday 09:30 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00

Telephone

+9595173352

Alerts

Be the first to know and let us send you an email when Inno Technique - MM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share