GIT Computer Training Center

  • Home
  • GIT Computer Training Center

GIT Computer Training Center We provide the most useful IT trainings and Computer, Network and System Solutions !

Congratulations Van 🎉🎉ချန်ပီယံခါးပတ်ကြီးကို ကာကွယ်နိုင်ခဲ့ပြီငါတို့တွေရဲ့ အောင်မြင်မှုပါပဲကွာ💪💪💪
10/05/2026

Congratulations Van 🎉🎉
ချန်ပီယံခါးပတ်ကြီးကို ကာကွယ်နိုင်ခဲ့ပြီ
ငါတို့တွေရဲ့ အောင်မြင်မှုပါပဲကွာ💪💪💪

"ကမ္ဘာ့ အလုပ်သမားနေ့ (မေဒေး)"ယနေ့ မေလ (၁) ရက်နေ့၊ 'ကမ္ဘာ့ အလုပ်သမားနေ့' မှာ လုပ်ငန်းခွင်အသီးသီးက အားသွန်ခွန်စိုက် ကြိုးစ...
01/05/2026

"ကမ္ဘာ့ အလုပ်သမားနေ့ (မေဒေး)"

ယနေ့ မေလ (၁) ရက်နေ့၊ 'ကမ္ဘာ့ အလုပ်သမားနေ့' မှာ လုပ်ငန်းခွင်အသီးသီးက အားသွန်ခွန်စိုက် ကြိုးစားနေကြတဲ့ လုပ်သားပြည်သူ အားလုံး ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ အခွင့်အရေးနဲ့ အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 🙏


#မေဒေး

"ဖွား ပွင့် ဟော စံ ဗျာဒိတ်ခံ၊ ” လို့ ခေါ်ဆိုကြတဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ နေ့တစ်နေ့ဖြစ်တဲ့ ကဆုန်လပြည့်နေ့မှာ...
30/04/2026

"ဖွား ပွင့် ဟော စံ ဗျာဒိတ်ခံ၊ ” လို့ ခေါ်ဆိုကြတဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ နေ့တစ်နေ့ဖြစ်တဲ့ ကဆုန်လပြည့်နေ့မှာ ညောင်ရေသွန်းလောင်းရင်း သာယာအေးချမ်းတဲ့နေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင့် 🙏🙏🙏



ဧပြီ လ ထဲမှာ သင်တန်းအပ်ပြီး  20% discount ယူလိုက်ပါ
21/04/2026

ဧပြီ လ ထဲမှာ သင်တန်းအပ်ပြီး
20% discount ယူလိုက်ပါ


နှစ်သစ်ဆုတောင်း 🙏🙏🙏=========နှစ်ဟောင်းကုန်ပျောက်၊ နှစ်သစ်ရောက်၊ ထွန်းတောက်မင်္ဂလာရှိပါစေ။ နှစ်သစ်မင်္ဂလာ၊ ဒီချိန်ခါ၊ စိတ...
17/04/2026

နှစ်သစ်ဆုတောင်း 🙏🙏🙏
=========

နှစ်ဟောင်းကုန်ပျောက်၊ နှစ်သစ်ရောက်၊ ထွန်းတောက်မင်္ဂလာရှိပါစေ။
နှစ်သစ်မင်္ဂလာ၊ ဒီချိန်ခါ၊ စိတ်မှာညစ်မဲ၊ ကင်းပါစေ။
တနှစ်ပတ်လုံး၊ စိတ်ဖြူဖုံး၊ ရွှင်ပြုံးကြည်သာရှိပါစေ။
နှစ်သစ်ချိန်ခါ၊ များသတ္တာ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ကုသိုလ်ကျန်းမာ၊ ပညာစီးပွား၊ ဒီရေလား၊ တိုးပွားကြပါစေ။

အားလုံးသတ္တဝါတွေ ကိုယ်ဆင်းရဲကင်းကြပါစေ၊
စိတ်ဆင်းရဲကင်းကြပါစေ၊ အစစအရာရာ အဆင်ပြေကြပါစေ။

အားလုံးသတ္တဝါတွေ ဘေးကင်းကြပါစေ၊ ရန်ကင်းကြပါစေ၊
စိုးရိမ်ခြင်းကင်းကြပါစေ၊ ပူဆွေးခြင်းကင်းကြပါစေ။
ကြည်လင်ရွှင်လန်း၊ ချမ်းမြေ့ကြပါစေ။

အားလုံးသတ္တဝါတွေ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ၊
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ လိုအင်ဆန္ဒ မှန်သမျှ
ပြည့်ဝကြပါစေ။

အားလုံးသတ္တဝါတွေ ရောဂါမှန်သမျှ၊ ကင်းစင်ကြ၊ လုံးဝကျန်းမာကြပါစေ။
ရန်သူမှန်သမျှ၊ အောင်နိုင်ကြ၊ လုံးဝချမ်းသာကြပါစေ။
မကောင်းမှုမှန်သမျှ၊ ရှောင်ကြဉ်ကြ၊ ဒုက္ခအထွေထွေ ကင်းပါစေ။
ကောင်းမှုမှန်သမျှ၊ ဆည်းပူးကြ၊ သုခအထွေထွေ ရပါစေ။
တလောကလုံး၊ မေတ္တာဖုံး၊ ရွှင်ပြုံးကြပါစေ။
ကမ္ဘာတဝှမ်း၊ လွန်ငြိမ်းချမ်း၊ အေးချမ်းကြပါစေ။

#ချမ်းမြေ့ဆရာတောာ်ဘုရားကြီး🙏🙏🙏
အရှင်ဇနကာဘိဝံသ 🙏🙏🙏

( မူရင်း​ရေးသားသူ ဆရာ​တော်ဘုရားကြီးရဲ့ နှစ်သစ်ဆု​တောင်းနဲ့အတူ GIT မိသားစုမှလဲ ဆုမွန်​ကောင်း​တောင်း​​ပေးလိုက်ရပါတယ်ရှင်..🙏🥰)

🙏 မဟာသင်္ကြန်အကြိုနေ့ဆုတောင်း 🙏---------------------------------------နှစ်သစ်ကူး မဟာသင်္ကြန် အချိန်အခါသမယမှာ ကိုယ်စိတ်နှ...
13/04/2026

🙏 မဟာသင်္ကြန်အကြိုနေ့ဆုတောင်း 🙏
---------------------------------------
နှစ်သစ်ကူး မဟာသင်္ကြန် အချိန်အခါသမယမှာ ကိုယ်စိတ်နှဖြာ အေးချမ်းသာယာပြီး ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင် .. 💧

#အတာသင်္ကြန် #အကြိုနေ့

၂၀၂၅က toolsတွေ ၂၀၂၆မှာ ပိုပြီးသုံးရလွယ်ပြီးအချိန်ကုန်သက်သာတဲ့ Aiတွေကအစားထိုးသွားပြီဗျ။အရင်modelတွေကသုံးလို့မကောင််းတော့တ...
30/03/2026

၂၀၂၅က toolsတွေ ၂၀၂၆မှာ ပိုပြီးသုံးရလွယ်ပြီးအချိန်ကုန်သက်သာတဲ့ Aiတွေကအစားထိုးသွားပြီဗျ။

အရင်modelတွေကသုံးလို့မကောင််းတော့တာလုံးဝမဟုတ်ပဲ ဥပမာ Google Search engineကကောင်းပေမယ့် လူတွေကတခုခုသိချင်တာဆို chat gpt geminiကိုအစားထိုးသုံးလိုက်တာမျိုးပါ
ဆိုတော့ Ai ခေတ်မှာ အဆင်ပြေပြေအသုံးပြုနိုင်ကျပါစေ




17/03/2026

ပြည်ထောင်စု Font ကိုသုံးပြီး PyidaungSu Myanmar Keyboard Layout လက်ကွက်ရိုက်နည်းလေးပါ

Google Maps ဟာ နောက်ပိုင်းမှာ AI နည်းပညာကို အဓိကအသုံးပြုပြီး အတော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ Features အသစ်တွေကို ထည့်သွ...
17/03/2026

Google Maps ဟာ နောက်ပိုင်းမှာ AI နည်းပညာကို အဓိကအသုံးပြုပြီး အတော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ Features အသစ်တွေကို ထည့်သွင်းပေးထားပါတယ်။ အဓိက ပါဝင်လာတဲ့ လုပ်ဆောင်ချက်အသစ်တွေကို အောက်မှာ အနှစ်ချုပ် ဖော်ပြပေးလိုက်ပါတယ်။
၁။ Immersive View for Routes
📍မြို့တွေကို 3D နဲ့ realistic view လိုကြည့်နိုင်
📍Weather + traffic + time (day/night) simulation ပါရှိ
👉 ခရီးသွားမတိုင်ခင် preview ကြည့်လို့ရ

ဒါကတော့ ကိုယ်သွားမယ့် လမ်းကြောင်းကို ခရီးမထွက်ခင်ကတည်းက 3D ပုံစံနဲ့ ကြိုတင်ကြည့်ရှုနိုင်တာ ဖြစ်ပါတယ်။

📍 Multidimensional Experience: လမ်းကြောင်းတလျှောက်မှာရှိတဲ့ အဆောက်အဦးတွေ၊ သစ်ပင်တွေနဲ့ အမှတ်အသားတွေကို လက်တွေ့ကျကျ မြင်ရမှာပါ။

📍 Time Slider: အချိန်အလိုက် မိုးလေဝသအခြေအနေနဲ့ ယာဉ်ကြောပိတ်ဆို့မှု ဘယ်လိုရှိနိုင်မလဲဆိုတာကိုပါ ခန့်မှန်းကြည့်ရှုနိုင်ပါတယ်။

၂။ Lens in Maps (ယခင် Search with Live View)
📍Camera ကိုဖွင့်ပြီး လမ်းညွှန်မြင်ရတယ်
👉 မြင်နေရတဲ့အပေါ်မှာ arrow တွေ overlay ဖြစ်တယ်
📍လမ်းရှာခက်တဲ့နေရာတွေမှာ အထူးအသုံးဝင်

ဖုန်းကင်မရာကို အသုံးပြုပြီး ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေရှိလဲဆိုတာကို Augmented Reality (AR) နဲ့ ရှာဖွေနိုင်တာပါ။

📍လမ်းပေါ်မှာ ဖုန်းကင်မရာကို မြှောက်လိုက်ရုံနဲ့ အနီးနားက ATM စက်တွေ၊ စားသောက်ဆိုင်တွေ၊ ဘတ်စ်ကားမှတ်တိုင်တွေကို Screen ပေါ်မှာ တိုက်ရိုက် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

၃။ AI-Powered Search (Gemini Integration)

📍“romantic place”, “best sunset view”, “quiet cafe” လို keyword နဲ့ရှာလို့ရလာပြီ
📍AI က review + photo + rating တွေကို analyze လုပ်ပြီး result ပိုတိကျတယ်
👉 Example – “best coffee near me” ဆိုရင် တကယ်ကောင်းတဲ့ဆိုင်တွေကို prioritize လုပ်ပေးမယ်

အခုဆိုရင် Maps မှာ ရှာဖွေရတာ ပိုပြီး လွယ်ကူလာပါတယ်။ ဥပမာ - "ညဘက် သူငယ်ချင်းတွေနဲ့ စကားပြောလို့ကောင်းမယ့်နေရာ" လို့ ရိုးရိုးရှင်းရှင်း ရိုက်ရှာလိုက်ရင် AI က သုံးသပ်ချက် (Reviews) တွေကို ဖတ်ပြီး အသင့်တော်ဆုံးနေရာတွေကို အကျဉ်းချုပ် အကြံပြုပေးမှာပါ။
၄။ Enhanced Navigation Details (ပိုတိကျတဲ့ လမ်းညွှန်)

📍Lane-level direction (ဘယ် lane သုံးရမလဲ ပြပေးတယ်)
📍Real-time traffic + accident info
📍Fuel-efficient route (ဆီသက်သာတဲ့ လမ်းရွေးပေးတယ်)
📍Parking ရနိုင်မယ့်နေရာတွေပြပေးတယ်
📍Parking difficulty (လွယ်/ခက်) ကိုပါ ပြတယ်
👉 မြို့ကြီးတွေမှာ အရမ်းအသုံးဝင်
ကားမောင်းတဲ့အခါ လမ်းမှားမဝင်အောင် ပိုမိုတိကျတဲ့ မြေပုံအသေးစိတ်တွေကို ပြသပေးလာပါတယ်။

📍 Lane Details: ဘယ်အချိန်မှာ ဘယ်လမ်းကြောထဲ ဝင်ရမလဲဆိုတာကို ပိုမိုရှင်းလင်းအောင် ပြပေးပါတယ်။

📍 Crosswalks & Medians: လမ်းကူးမျဉ်းကျားတွေနဲ့ လမ်းလယ်ကျွန်းတွေကိုပါ မြေပုံပေါ်မှာ အတိအကျ မြင်ရမှာ ဖြစ်ပါတယ်။

၅။ EV Charging Station Updates

လျှပ်စစ်ကား (EV) အသုံးပြုသူတွေအတွက် အလွန်အသုံးဝင်တဲ့ feature ပါ။

📍အားသွင်းရုံတွေရဲ့ တည်နေရာသာမက အမြန်နှုန်း (Charging Speed) နဲ့ အခုလက်ရှိ အားသွင်းဖို့ နေရာလွတ် ရှိ၊ မရှိ ကိုပါ real-time ပြသပေးပါတယ်။

၆။ Eco-friendly Routing

ဒါကတော့ ဆီစားအသက်သာဆုံး ဒါမှမဟုတ် ကာဗွန်ထုတ်လွှတ်မှု အနည်းဆုံးဖြစ်မယ့် လမ်းကြောင်းတွေကို ရွေးချယ်ပေးတာပါ။ ကားအမျိုးအစား (Gasoline, Diesel, Hybrid or EV) အပေါ် မူတည်ပြီး အသင့်တော်ဆုံး လမ်းကြောင်းကို တွက်ချက်ပေးပါတယ်။

မှတ်ချက်: အချို့သော Immersive View လို features မျိုးတွေက လက်ရှိမှာ မြို့ကြီးအနည်းငယ်မှာပဲ ရသေးပေမယ့် တဖြည်းဖြည်းနဲ့ နေရာအနှံ့ တိုးချဲ့ပေးနေပါတယ်။

Google Maps မှာ Gemini AI ပါဝင်လာပြီးနောက် “Map app တစ်ခု” မဟုတ်တော့ဘဲ 👉 AI assistant တစ်ယောက်လို အသုံးပြုလို့ရတဲ့ level...
17/03/2026

Google Maps မှာ Gemini AI ပါဝင်လာပြီးနောက် “Map app တစ်ခု” မဟုတ်တော့ဘဲ 👉 AI assistant တစ်ယောက်လို အသုံးပြုလို့ရတဲ့ level ထိ တိုးတက်လာပါတယ်။ အဓိက အားသာချက်ကတော့ "စကားပြောသလို" မေးမြန်းနိုင်ပြီး AI က အချက်အလက်သန်းပေါင်းများစွာကို စက္ကန့်ပိုင်းအတွင်း ရှာဖွေပေးနိုင်တာပဲ ဖြစ်ပါတယ်။

Gemini AI ကြောင့် ရလာတဲ့ ထူးခြားတဲ့ Features တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -

၁။ "Ask Maps" (Conversational Search)

အရင်လို Keyword တွေပဲ ရိုက်ရှာစရာမလိုဘဲ Gemini ကို စကားပြောသလို အသေးစိတ် မေးလို့ရလာပါပြီ။

📍 ရှုပ်ထွေးတဲ့ မေးခွန်းများ: "ဖုန်းအားသွင်းဖို့ လိုနေလို့ ကော်ဖီသောက်ရင်း အကြာကြီး စောင့်စရာမလိုတဲ့ အားသွင်းရုံ ဘယ်မှာရှိလဲ?" ဒါမှမဟုတ် "ညဘက် သူငယ်ချင်းတွေနဲ့ စကားပြောလို့ကောင်းမွန်ပြီး အစားအသောက်လည်းကောင်းတဲ့ နေရာမျိုး အကြံပေးပါ" စသဖြင့် မေးနိုင်ပါတယ်။

📍 AI Summary: Gemini က သုံးသပ်ချက် (Reviews) ထောင်ပေါင်းများစွာကို ဖတ်ပြီး အနှစ်ချုပ်ကို ချက်ချင်းဖြေပေးမှာဖြစ်လို့ ကိုယ်တိုင်လိုက်ဖတ်နေစရာ မလိုတော့ပါဘူး။

၂။ Hands-free Driving Assistant

ကားမောင်းနေစဉ်မှာ ဖုန်းကို ကိုင်စရာမလိုဘဲ Gemini ကို အသံနဲ့ ခိုင်းစေနိုင်ပါတယ်။

📍 လမ်းကြောင်းတွင်း ရှာဖွေမှု: "ငါ့လမ်းကြောင်းပေါ်မှာ သက်သတ်လွတ်စားလို့ရတဲ့ ဆိုင်ရှိလား?" လို့ မေးရင် Gemini က လမ်းကြောင်းမပျက်စေဘဲ ရှာပေးပါလိမ့်မယ်။

📍 အသေးစိတ်မေးမြန်းခြင်း: "အဲဒီဆိုင်မှာ ကားပါကင် အဆင်ပြေလား?" ဒါမှမဟုတ် "အဲဒီဆိုင်ရဲ့ နာမည်ကြီးဟင်းလျာက ဘာလဲ?" ဆိုတာမျိုးတွေကိုပါ မေးလို့ရပါတယ်။

၃။ Immersive View & Spatial Understanding

Gemini ရဲ့ AI စွမ်းပကားဟာ မြေပုံကို 3D အနေနဲ့ ပိုမိုလက်တွေ့ကျကျ မြင်ရအောင် ကူညီပေးပါတယ်။

📍 Landmark-based Navigation: "နောက်မီတာ ၂၀၀ မှာ ကွေ့ပါ" လို့ ပြောမယ့်အစား "ရှေ့က အဆောက်အဦးအနီလေးကျော်ရင် ဘယ်ဘက်ကွေ့ပါ" ဆိုတာမျိုး ပိုမိုနားလည်လွယ်တဲ့ လမ်းညွှန်မှုတွေ ပေးနိုင်လာပါတယ်။

📍 3D Visualization: လမ်းကြောင်းပေါ်က အဆောက်အဦးတွေ၊ လမ်းကူးမျဉ်းကျားတွေနဲ့ လမ်းလယ်ကျွန်းတွေကို AI သုံးပြီး 3D ပုံစံနဲ့ အတိအကျ ဖော်ပြပေးပါတယ်။

၄။ EV Trip Planning

လျှပ်စစ်ကား (EV) မောင်းသူတွေအတွက် Gemini က ပိုမိုစမတ်ကျတဲ့ အစီအစဉ်တွေ ဆွဲပေးနိုင်ပါတယ်။

📍 ခရီးစဉ်တလျှောက်မှာ ဘယ်နေရာမှာ အားသွင်းရမလဲဆိုတာတင်မကဘဲ အဲဒီအားသွင်းရုံက အားသွင်းမြန်နှုန်း (Charging Speed) နဲ့ လက်ရှိနေရာလွတ် ရှိ၊ မရှိကိုပါ AI က ကြိုတင်ခန့်မှန်းပေးပါတယ်။

၅။ Smart Content Summary

နေရာတစ်ခုအကြောင်း သိချင်ရင် အဲဒီနေရာရဲ့ Place Page မှာ Gemini က အနှစ်ချုပ် (Tips) တွေကို ဖော်ပြပေးပါတယ်။

📍 ဥပမာ - ပြတိုက်တစ်ခုဆိုရင် "အိတ်ကြီးကြီးတွေ သယ်ခွင့်မပြုပါ" ဒါမှမဟုတ် စားသောက်ဆိုင်ဆိုရင် "ည ၉ နာရီနောက်ပိုင်းဆိုရင် ကြိုတင် Booking မလိုဘဲ စားလို့ရတယ်" စတဲ့ အရေးကြီးအချက်တွေကို AI က ဆွဲထုတ်ပြပေးထားမှာပါ။

🚨🚨🚨 ဒီ Features တွေကို အသုံးပြုနိုင်ဖို့ သင့်ဖုန်းမှာ Gemini App ရှိရမှာဖြစ်ပြီး Google Maps ကိုလည်း နောက်ဆုံး Version အထိ Update လုပ်ထားဖို့ လိုအပ်ပါတယ်။ လက်ရှိမှာတော့ Ask Maps လို Features တွေက U.S. နဲ့ အိန္ဒိယတို့မှာ စတင်နေပြီဖြစ်ပြီး တဖြည်းဖြည်း တိုးချဲ့ပေးနေပါတယ်။

CEIR စစ်ကြည့်ဖို့အတွက်CEIR ဆိုတဲ့ စနစ်အတွက် စစ်ဆေးဖို့လမ်းညွှန်။____________________________________လုပ်ရမယ့်အဆင့်တွေက1️...
05/03/2026

CEIR စစ်ကြည့်ဖို့အတွက်
CEIR ဆိုတဲ့ စနစ်အတွက် စစ်ဆေးဖို့လမ်းညွှန်။
____________________________________
လုပ်ရမယ့်အဆင့်တွေက
1️⃣ ကိုယ့်ဖုန်းထဲကနေ * #06 # ကို နှိပ်လိုက်ပါ IMEI Number & Bar Code ကျလာမယ်
အဲ့ဒါကို Screenshot or Copy ယူထားပါ။

2️⃣ ပြီးရင် www.ceir.gov.mm ထဲ ဝင်ပီး Check IMEI status ထဲဝင်ပီး ကိုယ့် IMEI number ကို စစ်ပါ။
Enter IMEI ဆိုတဲ့နေရာမှာ ခုန စစ်ထားတဲ့ IMEI နံပတ်ကိုရိုက်ထည့်ပါ ။ I am not robot ဆိုတာကိုအမှန်ခြစ် လုပ်လိုက်ပါ

3️⃣ အချက် ၃ ချက်မှာ အမှန်ခြစ်ဖြစ်နေရင် ရပါပြီ။

- IMEI status မှာ Correct လို့ ပေါ်ရမယ်
- Tax Payment Status မှာ Paid လို့ ပေါ်ရမယ်
- Device Blocking Status မှာ Allowed လို့ ပေါ်ရပါမယ်


Address

7 Zay Road, Thaketa Tsp

11231

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959444522646

Website

Alerts

Be the first to know and let us send you an email when GIT Computer Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GIT Computer Training Center:

Share