29/01/2021
Programming a Microcontroller
==================
Microcontroller ဆိုတာ သေးငယ်တဲ့ electronic chip ပြားလေးပါ။
သူ့ထဲ မှာ RAM, ROM, CPU, I/O Ports, Timer, Counter အစရှိတဲ့ ကွန်ပျူတာတစ်လုံးမှာ ပါရှိရမယ်
အခြေခံအစိတ်အပိုင်းတွေ အားလုံးပါရှိလို့ micro computer လို့လည်းဆိုနိုင်ပါတယ်။
Microcontroller တွေကို Embedded systems တွေမှာ ကုန်ကျစရိတ်အနည်းဆုံးနဲ့ အသုံးပြုနိုင်အောင် ထုတ်လုပ်ထားတာပါ။
Manufacturer အလိုက် အမျိုးစားအမျိုးမျိုးရှိတဲ့အနက် Atmel ရဲ့ AVR microcontroller တွေဟာ လူသုံးအများဆုံးဖြစ်ပါတယ်။
ATmega8, ATmega16, ATmega32 နဲ့ ATmega328 တို့ကို အသုံးများပါတယ်။
- Microcontroller နဲ့ ဘာတွေလုပ်လို့ရလဲ။
လျှပ်စစ်ပစည်းတွေ ကိုကွန်ပျူတာပရိုဂရမ်နဲ့ ထိန်းချုပ်စေခိုင်းဖို့အတွက် အသုံးပြုနိုင်ပါတယ်။
Microcontroller တွေကို C programming, Assembly language တို့နဲ့ program ရေးသွင်းနိုင်ပါတယ်။
- ဘယ်နေရာတွေမှာသုံးလဲ။
အိမ်သုံးလျှပ်စစ်ပစည်းတွေဖြစ်တဲ့ အဝတ်လျှော်စက်၊ အဲယားကွန်း၊ တီဗီ၊ smart phones၊ မိုက်ခရိုဝေ့ဖ်စတာတွေအပြင်
atm, fingure print, gsm gprs, card reader, sensors doors, digital notice board, led boards,
remote control systems နဲ့ IoT devices တွေမှာ သုံးပါတယ်။
- ဘယ်မှာဝယ်လို့ရလဲ။
Atmel microcontroller နဲ့ ဆက်စပ်ပစည်းတွေကို ရန်ကုန်မှာဆို မောင်ခိုင်လမ်းက လျှပ်စစ်ပစည်းဆိုင်တွေမှာ ဝယ်လို့ရပါတယ်။
နယ်တွေထိပို့ပေးတဲ့ online store တွေကတော့ Green electronic ( https://www.greenelectronicstore.com/ ) နဲ့
Friends ( http://friendonlinestore.com/ ) တို့ရှိပါတယ်။
ဈေးနှုန်းက Microcontroller တစ်ခုကို ၃၀၀၀ကျပ်ဝန်းကျင်ပဲ ရှိပါတယ်။
- ဘယ်လို program သွင်းရမလဲ။
** Atmel studio **
Atmel studio ( https://www.microchip.com/content/dam/mchp/documents/parked-documents/as-installer-7.0.2542-full.exe )
ကိုသုံးပြီး avr microcontroller ထဲကို C programming နဲ့ ရေးသားထားတဲ့ program တွေထဲ့သွင်းလို့ရပါတယ်။
USB Programmer (online store တွေမှာဝယ်ယူရရှိနိုင်ပါတယ်) လို့ခေါ်တဲ့ connector ဖြင့် ကွန်ပျူတာနဲ့ avr microcontroller တို့ကိုချိတ်ဆက်ထားရပါမယ်။
ဒီlink (https://youtu.be/1oT4AcWPTLM) မှာ LED မီး blink လုပ်တဲ့ program ကို atmel avr microcontroller ထဲရေးသွင်းပုံကို လေ့လာနိုင်ပါတယ်။
Online store ကနေ AVR Starter Kit Set တစ်ခုမှာယူလိုက်ရင် လက်စွဲစာအုပ်နှင့်အတူ jumper pin, led မီးသီး, sensors, push buttons
အစရှိတဲ့ ဆက်စပ်ပစည်းတွေအစုံလိုက်ပါလာမှာပါ။
**Arduino**
Arduino နဲ့လည်းရေးသားနိုင်ပါတယ်။ Arduino Starter Kit မှာ arduino uno board နဲ့အတူ လိုအပ်တဲ့ပစည်းအားလုံးပါရှိပါတယ်။
Arduino studio ကို download လုပ်ပြီး example တွေကို စမ်းသပ်နိုင်ပါတယ်။
- Microcontroller ထဲ program ထဲ့ပြီးသွားရင် ဘာဆက်လုပ်ရမလဲ။
Bread board မှာ ကိုယ်စမ်းထားတဲ့ pin လမ်းကြောင်းတွေအတိုင်း circuit design ဆွဲပြီး PCB (Printed Circuit Board) manufacturer ဆီမှာအပ်ရပါမယ်။
Circuit board မှာ program သွင်းထားတဲ့ microcontroller နဲ့ အခြားလိုအပ်တဲ့ sensor, led, lcd စတဲ့ သင် design ဆွဲထားတဲ့ အစိတ်ပိုင်းတွေတပ်ဆင်လိုက်မယ်ဆိုရင်
ကိုယ်ပိုင် embedded system တခုရရှိမှာဖြစ်ပါတယ်။ ဥပမာ အလိုလျှောက်မီးအဖွင့်ပိတ်လုပ်နိုင်တဲ့ sensor မီးအိမ်၊ timer ပေးပြီး လျှပ်စစ်ကိုဖြတ်တောက်ချနိုင်တဲ့ extension မီးဘုတ် စသဖြင့်ပေါ့။
PCB board တွေကိုတော့ commercial လုပ်မယ်ဆို China ကမှာယူရပါတယ်။ စမ်းသပ်ရုံဆိုရင် home made PCB တွေလုပ်ပြီးသုံးနိုင်ပါတယ်။
[Programming a Microcontroller]
------------------------------------------
Microcontroller chip တစ်ခုချင်းအတွက် PIN Diagram တစ်ခုစီရှိကြပါတယ်။ အောက်ပါ ATMega8 microcontroller မှာဆိုရင်
PB0, PB1, .., PB5 စတဲ့ PB နဲ့စတာတွေကို Port B လို့ခော်ပြီး PB0 က Port B ရဲ့ Pin 0 ဖြစ်ပါတယ်။
Port တစ်ခုမှာ Pin ၈ခုစီရှိကြပါတယ်။ Pin တစ်ခုချင်းစီက data size 1 bit စီလက်ခံပါတယ်။
ဒါကြောင့် Port တစ်ခုစီက 8 bit data ကိုလက်ခံပါတယ်။ PD0 က Port D ရဲ့ Bit 0 ကို ကိုယ်စားပြုပါတယ်။
Port တစ်ခုစီမှာ Register ၃ ခုစီရှိပါတယ်။ Register ဆိုတာကို function တစ်ခုလို့ယူဆနိုင်ပါတယ်။
- DDRx register
Data Direction Register က Port ရဲ့ pin တွေကို input အတွက်သုံးမှာလား
output အတွက်သုံးမှာလား ဆိုတာသတ်မှတ်တာဖြစ်ပါတယ်။ 1 က output ဖြစ်ပြီး 0 က input ပါ။ ဉပမာ
DDRB= 0b11111111;
က Port B ရဲ့ Pin အားလုံးကို output အတွက်သုံးမယ်လို့ ကြေညာတာပါ။
- PINx register
PINx register ကို Port pin တွေဆီက data ကို read ဖို့အတွက်သုံးပါတယ်။ Pin တစ်ခုက data ကိုဖတ်မယ်ဆိုရင်
အဲဒီ Pin ကို DDRx register မှာ input အဖြစ်အရင်ကြေညာရပါတယ်။ ဉပမာ
DDRD = 0x00; //Set port D as input
x = PIND; //Read contents of port d
- PORTx register
PORTx register က Port pin တွေကို data write လုပ်ဖို့အတွက်သုံးပါတယ်။ ဉပမာ
DDRB = 0xFF; //make port B as outputs
PORTB = x; //output variable on port
Pin 0 တစ်ခုတည်းကိုပဲ data write မယ် ကျန်တဲ့ Pin အားလုံးကို input အဖြစ်ပဲထားမယ်ဆိုရင်
DDRB = 0b00000001; //make port B Pin 0 as outputs
PORTB = 0b11111110; //turn off port B Pin 0 and turn on all other pins
VCC Pin နဲ့ GND Pin တို့ကို Power supply အတွက်သုံးပါတယ်။
Pin 0 ကို input 1 ထားခြင်းဟာ အဲဒီ Pin မှာ လျှပ်စစ်ဖြတ်စီးစေတာပါ။ Pin 0 က value 1 ကို Pin 1 မှာ assign လုပ်၊
Pin 1 ကို output 1 ထားပြီး LED မီးသီးနဲ့ ချိတ်ဆက်ထားမယ်ဆိုရင် ...
ဒါက AVRStudio မှာ simulator နဲ့ run ကြည့်လို့ရမယ့် BlinkLed code ပါ။ C programming ပါ။
/* Defines pins and ports, etc */
int main(void) {
/* Inits */
DDRB = 0b00000010; /* Data Direction Register B pin one as output*/
while(1) {
PORTB = 0b00000010; /* Turn on LED on port b pin one */
_delay_ms(1000);
PORTB = 0b00000000; /* Turn off all port b pins */
_delay_ms(1000);
}
return 0;
}