Laptop Zone

Laptop Zone We can give you best price.

မန္တလေး Laptop Showroom ဆိုင်တွင် တာဝန်ထမ်းဆောင်ရန်အတွက် ဝန်ထမ်းသစ်ခေါ်ယူခြင်း(1) အရောင်းဝန်ထမ်း Junior Sale (ကျား/မ - ၅...
07/02/2024

မန္တလေး Laptop Showroom ဆိုင်တွင် တာဝန်ထမ်းဆောင်ရန်အတွက် ဝန်ထမ်းသစ်ခေါ်ယူခြင်း

(1) အရောင်းဝန်ထမ်း Junior Sale (ကျား/မ - ၅ ဦး)
- Laptop / computer ပစ္စည်းရောင်းချခြင်းတွင် စိတ်ပါဝင်စားသူဖြစ်ရမည်။ သင်ယူလိုစိတ်ရှိသူဖြစ်ရမည်။
- Customer အား ဝန်ဆောင်မှုကောင်းမွန်စွာ Service ပေးနိုင်ရမည်ဖြစ်ပြီး အလုပ်အားတာဝန်ယူစိတ်အပြည့်နှင့် လုပ်ကိုင်နိုင်ရမည်။ စကားပြောချိုသာရမည်။
- အထက်တန်းအောင်မြင်ပြီးသူဖြစ်ရမည်
- အသက် ၁၈နှစ်-၂၅ကြား ဖြစ်ရမည်​
#လစာ => 200,000 ~ 250,000

(2) Computer Service Technician - ကျား (၂)ဦး
- A+ တတ်မြောက်ထားသူဖြစ်ရမည်။ Laptop အစိတ်အပိုင်းများ အဖြုတ်အတပ်ကျွမ်းကျင်သူ
- Window Software installation/ Troubleshooting ကျွမ်းကျင်သူ
- နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများအား ဖြေရှင်း ဆောင်ရွက်လုပ်ဆောင်ပေးနိုင်သူ
- အသက် (၃၅) နှစ်အောက် နှင့် လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။
- Customer အား ဝန်ဆောင်မှုကောင်းမွန်စွာ Service ပေးနိုင်ရမည်ဖြစ်ပြီး အလုပ်အားတာဝန်ယူစိတ်အပြည့်နှင့် လုပ်ကိုင်နိုင်ရမည်။
#လစာ => 300,000 ~ 350,000

အလုပ်ချိန် - 9:00AM to 5:00PM
အလုပ်နေရာ - ချမ်းအေးသာဇံမြို့နယ်၊ မန္တလေး
ပိတ်ရက် - တစ်ပတ် တစ်ရက်နား

လျှောက်ထားလိုသူများသည် Viber ph no 09773075916 သို့ CV Form များကို ထင်ထင်ရှားရှားရိုက်ပြီး လျှောက်ထားနိုင်ပါသည်။

Online Class သင်နိုင်ဖို့ အရင်းအနှီးမြင်ရတဲ့ ကုန်ကျစရိတ်၁။ Licenced Zoom  ၅.၈ သိန်း၂။ WiFi.                     ၃.၅ သောင...
04/02/2024

Online Class သင်နိုင်ဖို့ အရင်းအနှီး

မြင်ရတဲ့ ကုန်ကျစရိတ်
၁။ Licenced Zoom ၅.၈ သိန်း
၂။ WiFi. ၃.၅ သောင်း(လစဉ်)
၃။ Computer ၁၈ သိန်း
၄။ Samsung Tablet ၁၄သိန်း(အရံ)
၅။ Inverter. ၂.၅ သိန်း
၆။ ဘက်ထရီ။ ၃.၈သိန်း
______________________________
စုစုပေါင်း- ၄၄.၅ သိန်း

မမြင်ရတဲ့ အားထုတ်မှုများ
၁။ ဘာသာရပ်ကို အချိန်ပေးလေ့လာရခြင်း
၂။ နည်းပညာ ကို အချိန်ပေးလေ့လာရခြင်း
၃။ လိုအပ်စာအုပ်စာတမ်းများ စုရခြင်း
၄။ သူတပါးအနားယူချိန် မနားရခြင်း
၅။ မေးခွန်းထုတ်ရခြင်း
၆။ လိုက်ဖက်ညီ သင်ပြမှု ပုံစံ အစီအစဉ်ချခြင်း
၇။ သင်ရိုးစီမံချက် ရေးဆွဲထားရခြင်း
၈။ တိုးတက်မှု အခြေအနေပြဂရပ် ဆွဲရခြင်း
၉။ စာစစ်ရခြင်း
၁၀။ ....

ကဲ ...မြင်ပြီလားဗျာ။
Online နဲ့ စာသင်တာများ အရင်းအနှီးမှ မလိုပဲဟာ လို့ မြင်ကြသူများအထက်က အရာတွေက အရင်းအနှီးတွေပါလို့ ပြောပါရစေခင်ဗျ။

"Online Class မို့ လခ လျှော့ပေးပါဦး ဆရာရယ်" လို့ ပြောရက်သူများ ဖတ်ကြည့်စေချင်လို့ ယခုလို ရေးရပါကြောင်း။

🤍ဖြူဖြူဖွေးဖွေး ပါးပါးလျလျ နဲ့ မြင်သူတိုင်း ဆွဲမက်ဖွယ်ဖြစ်အောင် လှပနေတယ့် Swift တို့ရဲ့ ဘုရင် 𝐀𝐜𝐞𝐫 𝐒𝐰𝐢𝐟𝐭 𝟓🦄🫧အလေးချိန် 0....
29/01/2024

🤍ဖြူဖြူဖွေးဖွေး ပါးပါးလျလျ နဲ့ မြင်သူတိုင်း ဆွဲမက်ဖွယ်ဖြစ်အောင် လှပနေတယ့် Swift တို့ရဲ့ ဘုရင် 𝐀𝐜𝐞𝐫 𝐒𝐰𝐢𝐟𝐭 𝟓🦄

🫧အလေးချိန် 0.99kg ပဲရှိလို့ Light weight ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်ရအဆင်ပြေမှု

🫧 NVIDIA Graphics card ပါဝင်တာကြောင့် graphic ပိုင်းဆိုင်ရာဆော့ဝဲတွေ စွမ်းဆောင်ရည်အပြည့်နဲ့ သုံးနိုင်မှု

🫧ဘက်ထရီကြာရှည်ခံပြီး လျင်မြန်​သောအားသွင်းစနစ်ပါရှိမှု

🫧Touch screen နဲ့ 14” FHD IPS display ကိုသုံးပေးထားတာကြောင့် ရုပ်ထွက်ပိုင်း ကြည်လင်ပြတ်သားနေမှု

🫧Keyboard backlight/ fingerprint တို့နဲ့အတူ features ပိုင်းစုံလင်​မှု

ဒီလို ဒီလိုအချက်တွေနဲ့ ပြည့်စုံနေမှတော့ ဘယ်ဈေးလဲ မမေးပါနဲ့....အတန်ဆုံးဈေးနဲ့ ရောင်းပေးမှာမို့ အမြန်ဆုံး ပိုင်ဆိုင်ထားဖို့ လာခဲ့ပါလေ မိတ်ဆွေ💎

𝗔𝗰𝗲𝗿 𝗦𝘄𝗶𝗳𝘁 𝟱 𝗦𝗙𝟱𝟭𝟰
CPU: Intel Core i5-1035G1
GPU: NVIDIA GeForce MX250 (2GB GDDR5)
DISPLAY: 14" FHD (1920x1080)IPS, Touch Screen
RAM: 8GB DDR4 2400MHz
STORAGE: 512GB SSD PCle M.2
OS: Windows 10 Home License
Ports: USB Type-C port, USB 3.1 Gen1 port featuring power-off USB charging, HDMI port

Specifications နှင့်စျေးနူန်းများ/ စက်ပုံအသေးစိတ်ကြည့်လိုပါက Page message box (သို့) 09979563201 ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ဖုန်းနံပါတ် : 09775622321, 09979563201

📞Viber : 09-773075916

မန်နေဂျာ တစ်ဦး၏ လိုအပ်သော အရည်အချင်းများ∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆ ကျွန်တော် ဒီနေ့ဆွေးနွေးချင်တာကတော့ မန်နေဂျာတစ်ဦးမှာ ရှိသင့်၊ ရ...
29/01/2024

မန်နေဂျာ တစ်ဦး၏
လိုအပ်သော အရည်အချင်းများ
∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

ကျွန်တော် ဒီနေ့ဆွေးနွေးချင်တာကတော့ မန်နေဂျာတစ်ဦးမှာ ရှိသင့်၊ ရှိထိုက်တဲ့ အရည်အချင်းနှင့် အရည်အသွေးအကြောင်းပဲ ဖြစ်ပါတယ်။

အခြေခံအားဖြင့် မန်နေဂျာတစ်ဦးမှာ သူရဲ့အဖွဲ့အစည်းကို ဦးဆောင်နိုင်ဖို့ Leadership လို့ခေါ်တဲ့ ခေါင်းဆောင်မှုစွမ်းရည်နဲ့ Management လို့ခေါ်တဲ့ စီမံခန့်ခွဲမှု စွမ်းရည်တွေ ရှိဖို့လိုအပ်ပါတယ်။

အဲ့ဒါတွေ လုပ်နိုင်ဖို့ဆိုရင် သူ့မှာ Hard Skill လို့ခေါ်တဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနဲ့ Soft Skill လို့ခေါ်တဲ့ ပေါင်းသင်းဆက်ဆံရေးမှအစ အခြားစိတ်ဓတ်ရေးရာ အပိုင်းတွေမှာပါ ကျွမ်းကျင်မှုရှိမှသာ အပေါ်မှာပြောထားတဲ့ စွမ်းရည် (၂) ခုနဲ့ ပြည့်စုံတဲ့ မန်နေဂျာကောင်းတစ်ယောက် ဖြစ်လာနိုင်မှာပါ။

ဥပမာ - ဆိုကြပါစို့... လုပ်ငန်းခွင်မှာ မန်နေဂျာတစ်ဦးက သူ့ရဲ့လုပ်ငန်းပိုင်းဆိုင်ရာတွေမှာ ပြောစရာမရှိအောင်တော်နေ တတ်နေပါတယ်၊

ဒါပေမယ့်လည်းသူက သူရဲ့လက်အောက်၀န်ထမ်းတွေအပေါ်မှာတော့ ပေါင်းသင်းဆက်ဆံရေးမကောင်းဘူး၊ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာ မချပေးနိုင်ဘူး၊ ဘာအခွင့်အလမ်းမှ မပေးဘူး၊ အမြဲပြစ်တင် ပြောဆိုနေမယ်ဆိုရင် သူ့၀န်ထမ်းတွေက သူ့ဆီမှာ မပျော်တော့ဘူး။ အလုပ်ထွက်ချင်လာမယ် …

အဲဒီလိုတွေဖြစ်လာတာဟာ မန်နေဂျာ Soft Skills ညံ့ဖျင်းမှုကြောင့်သာဖြစ်တယ်။ နောက်တစ်ခုက မန်နေဂျာတစ်ဦးက အရမ်းသဘောကောင်းပြီး စိတ်ဓါတ်ရေးရာတွေမှာ အ ပြစ်ပြောစရာ မရှိပေမယ့် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုမရှိဘူး၊

Technical ပိုင်းဆိုင်ရာ Upgrade တွေ သိမနေဘူး၊ ဆက်စပ်မှုရှိနေတဲ့အပိုင်းတွေကိုလည်း မလေ့လာထားဘူးဆိုရင်လည်း သူ့၀န်ထမ်းတွေက သူ့ဆီမှာ မပျော်တော့ဘူး။ အလုပ်ထွက်ချင်လာမယ်။ အဲဒါဘာကြောင့်လဲဆိုရင် လုပ်ငန်းခွင်မှာ သူတို့အတွက် တိုးတက်မှုမရှိနိုင်လို့ ထွက်ကြတာဖြစ်တယ်။

ဒါကလည်း မန်နေဂျာတစ်ဦးမှာ ရှိသင့်ရှိထိုက်တဲ့ Hard Skills မရှိနေလို့သာ ဖြစ်တယ်။ မန်နေဂျာ အများစုကတော့ အောက်ခြေ Operational Level က တက်လာတာဖြစ်လို့ Hard Skills က ပါလာကြပြီးသားပါ။

ဒါပေမယ့်လည်းအချို့သော မန်နေဂျာတွေက ငါမန်နေဂျာဖြစ်လာပြီ ဘာမှ လေ့လာသင်ယူစရာမလိုတော့ဘူးလို့ ထင်နေကြပါတယ်။ ဒါဟာ လုံး၀မှားယွင်းတဲ့ အယူအဆဖြစ်ပါတယ်။ ကမ္ဘာကြီးတိုးတက် ပြောင်းလဲလာတာနဲ့အမျှ ခေတ်ရေစီးကြောင်းကလည်း ပြောင်းလဲလာတာပါ ..

အဲဒီလိုပဲ ကိုယ်သိ၊ ကိုယ်တတ်ထားတဲ့ပညာရပ်တွေကလည်း ခေတ်အလိုက်ပြောင်းလဲလာပါတယ်။ မန်နေဂျာ Level မှာ Technical ပိုင်းအနေနဲ့ ကိုယ်ကိုယ်တိုင် ၀င်လုပ်စရာမလိုပေမယ့် လမ်းညွှန်မှု ပေးနိုင်ဖို့အတွက် သက်ဆိုင်ရာ အတတ်ပညာ၀မ်းစာ ထပ်ထပ်ဖြည့်ဖို့ လိုအပ်ပါတယ်။

အိုကေ... ဒါဆို ကျွန်တော်တို့ မန်နေဂျာကောင်းတစ်ဦးမှာ လိုအပ်တဲ့အရည်အချင်းတွေအကြောင်း ဆက်ပြောရအောင်။

မန်နေဂျာတစ်ဦးက ခေါင်းဆောင်ကောင်းဖြစ်ဖို့ လိုအပ်သလို စီမံခန့်ခွှဲမှုအပိုင်းလည်း ကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။ သူဦးဆောင်နေရတဲ့ဌာနအတွက် သွားမယ့် Directions တွေ Goals တွေ သူကိုယ်တိုင် ချမှတ်နိုင်ပြီး ရလာမယ့် Outcome အပေါ်မှာလည်း သူကိုယ်တိုင် တာ၀န်ခံစိတ်၊ တာ၀န်ယူစိတ်ရှိရမယ်။

ဒါမှလည်း သူ့လက်အောက်၀န်ထမ်းတွေက သူ့အပေါ် ယုံကြည်မှုရှိလာပြီး နောက်ကတစ်ပါတည်း ပါလာမှာပါ။ ပါလာတဲ့၀န်ထမ်းတွေကိုလည်း သူတို့ရဲ့ တိုးတက်မှုအလိုက် မကြာခဏ ချီးကျူးစကားပြောပေးဖို့ လိုပါတယ်။

ပြီးတော့ လုပ်ငန်းနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုအသစ်တွေကိုလည်း အမြဲကြိုဆိုနေရမယ်။ ဒါမှသာလျှင် မိမိအပါအ၀င် လက်အောက်၀န်ထမ်းတွေက စိန်ခေါ်မှုအသစ်တွေကြောင့် စိတ်ဓါတ် တက်ကြွလာပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အလုပ်ပတ်၀န်းကျင်တစ်ခုကိုလည်း ဖန်တီးပြီးသား ဖြစ်မှာပါ။

ဒါဆိုရင် ၀န်ထမ်းတွေရဲ့ နေ့ရက်တိုင်းကလည်း စိတ်၀င်စားစရာကောင်းနေမှာပါ။ ဒီနည်းအားဖြင့် မိမိဌာနရဲ့ အလုပ်ထွက်မှုနှုန်း (Turnover Rate) ကိုလည်း ထိန်းပြီးသားဖြစ်ပါတယ်။ ဒါကလည်း မန်နေဂျာကောင်း တစ်ဦးရဲ့ အရည်အချင်းတစ်ခုပါ။

မန်နေဂျာတစ်ဦးမှာ လုပ်ငန်းပိုင်းဆိုင်ရာ Structure တွေကိုလည်း ကောင်းကောင်းသိဖို့လိုပါတယ်။
# မိမိဌာနအတွက် Department Structure သေသေချာချာရှိပြီလား?
# တစ်ယောက်ချင်းရဲ့ JD ရှိရဲ့လား?
# ယခုလက်ရှိသွားနေတဲ့ Project က ဘယ်လို Structure နဲ့ သွားနေတာလဲ?
# မိမိ ၀န်ထမ်းတွေကရော ဒါကိုနားလည်သဘောပေါက်ရဲ့လား?
*** ဒါတွေကို သေသေချာချာသိပြီဆိုမှ သူတို့ကို Guideline ကောင်းကောင်း ပေးလို့ရမှာပါ။

အဲ့ဒါတွေသိပြီဆိုရင်တော့ မန်နေဂျာတစ်ဦးအနေနဲ့ Big Picture ကိုလည်း မသိလို့ မရပါဘူး။

- မိမိလုပ်မယ့်လုပ်ငန်းစဉ်ရဲ့ ရှေ့မှာဘာတွေဖြစ်နိုင်မလဲ? ဘယ်ထိအောင်ကြိုပြင်ထားဖို့ လိုမလဲ?
- ဘယ်လိုပြသနာတွေဖြစ်လာရင် ဘယ်လိုဖြေရှင်းမလဲ?
စတာတွေကိုရေရှည်အတွက် ကြိုတင်မှန်းဆ ပြင်ဆင်ထားရပါမယ်။

နောက်တစ်ခုက မန်နေဂျာတွေမှာ Commitment လို့ခေါ်တဲ့ စိတ်ရောကိုယ်ပါနှစ်ပြီး ပန်းတိုင်ထိရောက်အောင်သွားတဲ့ စိတ်ဓါတ်မျိုးလည်း ပိုင်ဆိုင်ရပါမယ်။

အဲ့ဒီိလိုသွားဖို့ ကိုယ့်လက်အောက်၀န်ထမ်းတွေကိုပါ ဆွဲခေါ်ပြီး စုပေါင်းလုပ်ဆောင်လို့ရတဲ့ အောင်မြင်မှုဆိုတာ ဘာလဲဆိုတာ ပြရမယ်။

ဒါမှသာ သူတို့လည်း Commitment ကို နားလည်သဘောပေါက်ပြီး အရည်အသွေးတိုးတက်လာမှာဖြစ်တယ်။ Commitment နဲ့ အတူတွဲကပ်ပြီးပါလာတာ ဘာလဲဆိုရင် Creative Thinking လို့ခေါ်တဲ့ စိတ်ကူးဥာဏ်ဖန်တီးမှုနဲ့ Innovation လို့ခေါ်တဲ့ တီထွင်ဆန်းသစ်မှုတွေဖြစ်တယ်။

ရှေးရိုးမန်နေဂျာတစ်ဦးလို ဘောင်တစ်ခုထဲမှာသာနေပြီး ဘာဖန်တီးမှု၊ ဘာဆန်းသစ်မှုမှ ရှိမနေုရင် ဒီခေတ် ဒီနေရာမှာအရိုးဆွေးပြီး ကျန်ခဲ့မှာဖြစ်ပါတယ်။

အရေးကြီးတဲ့ နောက်တစ်ချက်ကတော့ Knowledge ပဲဖြစ်တယ်။ ဒါက ငါတို့ဌာနနဲ့မဆိုင်ပါဘူး၊ ငါတို့သိစရာမလိုပါဘူးဆိုရင် သေချာတယ် အဲ့ဒီမန်နေဂျာ မကြာခင်ကျန်ခဲ့တော့မယ်။

မိမိကိုယ်တိုင် ကျွမ်းကျင်စရာမလိုပေမယ့် ပြင်ပဗဟုသုတအနေနဲ့တော့ အဆက်ပြတ်လို့မရပါဘူး။ ကိုယ့်လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ Knowledge ဆို ပိုလို့တောင်စုစည်းသင့်ပါတယ်။ တိုက်ရိုက်မဆိုင်ပေမယ့် သွယ်ဝိုက်သော နည်းနဲ့ ပတ်သက်နေရတယ်ဆိုရင် သက်ဆိုင်ရာ Seminar တွေကို စဉ်ဆက်မပြတ် တက်နေရမှာ ဖြစ်ပါတယ်။

မန်နေဂျာကောင်းတစ်ဦးဖြစ်ဖို့အတွက် လိုအပ်တဲ့ အရည်အချင်းတွေကတော့....

1) Technical Skill

မန်နေဂျာတစ်ဦးမှာ မိမိနဲ့သက်ဆိုင်တဲ့ လုပ်ငန်းပိုင်းဆိုင်ရာ လုံလောက်တဲ့ Technical Skill တွေ မဖြစ်မနေ သိထားဖို့လိုပါတယ်။ ဒါမှသာ မိမိလက်အောက်၀န်ထမ်းတွေကို လိုအပ်တဲ့သင်ပြမှု၊ လမ်းညွှန်မှုတွေ ပေးနိုင်မှာဖြစ်ပါလို့၊ အကယ်၍ မိမိမှာ လိုအပ်ချက်တွေရှိနေသေးရင် အမြန်ဆုံးဖြည့်သင့်ပါတယ်။

2) Conceptual Skill

မန်နေဂျာတစ်ဦးမှာ ဆင်ခြင်တွေးတောခြင်းနှင့်ဆိုင်တဲ့ ကျွမ်းကျင်မှုရှိရပါမယ်။ ဒါမှသာ မိမိ၀န်ထမ်းတွေကို စီမံခန့်ခွဲတဲ့နေရာမှာ အကျိုးအကြောင်းဆီလျော်စွာနဲ့ ဒီလိုဆို မသင့်လျော်ဘူး၊ ဒါလေးဆို ပိုကောင်းမယ်၊ ဒါကိုတော့ဖြင့် ဘာကြောင့်ပြုလုပ်သင့်တယ် စသည်အားဖြင့် မိမိကဦးဆောင်သူအနေနဲ့ ဘက်ပေါင်းစုံက စဉ်းစားပြီး လမ်းပြနိုင်မှာ ဖြစ်ပါတယ်။

3) Interpersonal Skill

လူအချင်းချင်းအပြန်အလှန် လူသားဆန်တဲ့ လူမှုပေါင်းသင်းဆက်ဆံရေး ကျွမ်းကျင်မှုကလည်း မန်နေဂျာတစ်ဦးရဲ့ မရှိမဖြစ်လိုအပ်တဲ့ Skill တစ်ခုပါ။ ဒီ Skill က Manager Level မှ မဟုတ်ပါဘူး Operational Level ရော Top Management Level မှာပါ မရှိမဖြစ်လိုအပ်တဲ့၊ အရေးပါတဲ့ Skill တစ်ခုပါ။

မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ရှိပြီး Organization ထဲမှာရှိတဲ့ ကိုယ်နဲ့အတူ ပူးပေါင်းလုပ်ဆောင်မယ့် သူတွေကိုလည်း ထိရောက်တဲ့ Relationship တည်ဆောက်နိုင်ရမယ်။ Work Ethic လို့ခေါ်တဲ့ လုပ်ငန်းပိုင်းဆိုင်ရာ စောင့်စည်းရမယ့် ကျင့်၀တ်တွေကိုလည်း ထိန်းသိမ်းရမယ်။

မိမိက အခြားသူတွေအပေါ်မှာလည်း Positive Attitude လို့ ခေါ်တဲ့ အကောင်းမြင်ဝါဒ ရှိနေဖို့ အရမ်းအရေးကြီးပါတယ်။ အဲ့ဒီနောက်မှာတော့ Negotiation Skill ဆိုတဲ့ ညှိနှိုင်းမှုတွေလုပ်ပေးရတဲ့နေရာတွေ၊ Decision Making Skill ဆိုတဲ့ ဆုံးဖြတ်ချက် ချပေးရတဲ့နေရာတွေ၊ Problem Solving Skill လို့ဆိုတဲ့ပြဿနာကို ကိုင်တွယ်ဖြေရှင်းပေးတဲ့ နေရာတွေမှာ ကျွမ်းကျင်မှန်ကန်စွာ ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။

4) Team Building Skill

မန်နေဂျာကောင်းတစ်ဦးဖြစ်လာဖို့ဆိုရင် မိမိရဲ့ Team လေးကို အဖွဲ့အစည်း စိတ်ဓါတ်ကိုယ်စီလေးနဲ့ သူ့အလုပ်၊ ကိုယ့်အလုပ် မခွဲခြားဘဲ စည်းစည်းလုံးလုံး ခိုင်ခိုင်မာမာတည်ဆောက်နိုင်မှ ဖြစ်ပါမယ်။ အဲ့ဒီလိုဖြစ်ဖို့ မိမိကိုယ်တိုင်က ဦး ဆောင်ပြီး လက်အောက်၀န်ထမ်းတွေ အပေါ်မှာလည်း မျက်နှာမလိုက်ပဲ တပြေးတညီတည်း ဆုံးဖြတ်ချက် ခိုင်မာစွာနဲ့ လျှောက်လှမ်းရပါမယ်။

5) Leadership Skill

ခေါင်းဆောင်မှုစွမ်းရည် ကျွမ်းကျင်မှုကတော့ အရေးပါဆုံးလို့ ဆိုရပါမယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်က မိမိလက်အောက်၀န်ထမ်းတွေကို ကောင်းမွန်စွာဦးဆောင်နိုင်ပြီး Motivation လည်း အမြဲပေးနိုင်ရမယ်။

မိမိ၀န်ထမ်းတွေအပေါ်မှာ လေးစားယုံကြည်မှုရှိပြီး Innovator တွေလည်း ဖြစ်ဖို့လိုပါတယ်။ ဒါမှ ဆန်းသစ်မှုတွေကို ရှေ့ကဦးဆောင်လမ်းပြနိုင်မှာဖြစ်ပါတယ်။ ခေတ်နဲ့လျော်ညီစွာ ခေါင်းဆောင်နိုင်တဲ့သူတွေက ဘယ်တော့မှ နောက်ကျမကျန်ခဲ့ဘူးဆိုတာ အမြဲသတိရနေဖို့လိုပါတယ်။
နောက်ဆုံးတစ်ခုကတော့ မန်နေဂျာတွေအနေနဲ့ မိမိဌာနက လက်အောက်၀န်ထမ်းတွေကို အရည်အချင်းပြည့်မှီလာအောင် Train ပေးတာလည်း မန်နေဂျာကောင်းတစ်ဦးရဲ့ အရည်အချင်းတစ်ခုပါ၊

မိမိကိုယ်တိုင်လည်း သင်ယူမှုတွေ ဆက်တိုက်လုပ်နေရမှာဖြစ်သလို မိမိ၀န်ထမ်းတွေကိုလည်း စဉ်ဆက်မပြတ် သင်ကြားမှုတွေပြုလုပ်ပေးခြင်းဟာ မန်နေဂျာကောင်းတစ်ယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းကောင်းတစ်ခုဖြစ်တယ်ဆိုတာ မျှဝေရင်း မန်နေဂျာ ကောင်းတစ်ဦးရဲ့ လိုအပ်သောအရည်အချင်းများ ဆောင်းပါးကို အဆုံးသတ်လိုပါတယ်။

စာဖတ်သူ မိတ်ဆွေများလည်း အသိပညာ၊ အတတ်ပညာများ ဆတက်ထမ်းပိုး တိုးတက်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
--------------
အလုပ်အကိုင် လုပ်ငန်းများ ​အောင်မြင်တိုးတက်ကြပါ​စေ။



Jobs4U
Seize The Opportunities!
-------------

Credit:

Microsoft ကနေ Cloud Azure နဲ့ သက်ဆိုင်တဲ့ Certification Courses ပေါင်း ၁၅ ခု ကို Free ပေးနေပါတယ်။ မှတ်ချက်။ Cloud Market...
29/01/2024

Microsoft ကနေ Cloud Azure နဲ့ သက်ဆိုင်တဲ့ Certification Courses ပေါင်း ၁၅ ခု ကို Free ပေးနေပါတယ်။

မှတ်ချက်။ Cloud Market (2023) မှာ ထိပ်ဆုံးက Amazon ရဲ့ AWS ပြီးရင် ဒုတိယက Microsoft ရဲ့ Cloud Azure ပါပဲ။ ဆိုလာတာက Azure တစ်ခုတည်း‌ စနစ်တကျတတ်မြောက် ထားရင်တောင် Cloud နဲ့ သက်ဆိုင်တဲ့ အလုပ်တွေက ရှာရတာမခက်ဘူးဆိုတာ ကို ပြောချင်တာပါ။
အခြေခံ Cloud နဲ့ AI ရဲ့ ‌‌ သဘောတရား တွေကနေ စပြီး ‌Cloud Architecting, Security Operation စသည်ဖြင့် အစုံပါပဲ။ Registration လုပ်စရာ မလိုဘူး၊ Link ကို နှိပ်ပြီး Learning စလုပ််််််လိုက်ရုံပါပဲ။
Resources တွေက များမှများပဲ။ သေချာ စနစ်တကျ နဲ့ လုပ်နိုင်တဲ့သူပဲ ရှေ့ကိုရောက်တာဆိုတာ မမေ့ပါနဲ့ ဗျို့။
1. Microsoft Azure Fundamentals
- Course AZ-900T00
- 24-Hour Course
- Course Link:
https://lnkd.in/dtYedpnZ

2. Developing Solutions for Microsoft Azure
- Course AZ-204T00
- 120-Hour Course
- Course Link:
https://lnkd.in/dzVWhp7u

3. Microsoft Azure Administrator
- Course AZ-104T00
- 96-Hour Course
- Course Link:
https://lnkd.in/djrYxCqW

4. Configuring and Operating Microsoft Azure Virtual Desktop
- Course AZ-140
- 96-Hour Course
- Course Link:
https://lnkd.in/dsd5CPJy

5. Designing Microsoft Azure Infrastructure Solutions
- Course AZ-305T00
- 96-Hour Course
- Course Link:
https://lnkd.in/dq28keX9

7. Microsoft Azure Data Fundamentals
- Course DP-900T00
- 24-Hour Course
- Course Link:
https://lnkd.in/dmtfCKHM

8. Microsoft Azure AI Fundamentals
- Course AI-900T00
- 24-Hour Course
- Course Link
https://lnkd.in/drnFx6qF

9. Designing and Implementing a Microsoft Azure AI Solution
- Course AI-102T00
- 96-Hour Course
- Course Link:
https://lnkd.in/dt_rFFgK

10. Develop Generative AI Solutions with Azure OpenAI Service
- Course AI-050T00
- 24-Hour Course
- Course Link:
https://lnkd.in/dKNN3mph

11. Microsoft Security, Compliance, and Identity Fundamentals
- Course SC-900T00
- 24-Hour Course
- Course Link:
https://lnkd.in/dVWxqa_E

12. Data Engineering on Microsoft Azure
- Course DP-203T00
- 96-Hour Course
- Course Link:
https://lnkd.in/duKTsYMa

13. Microsoft Security Operations Analyst
- Course SC-200T00
- 96-Hour Course
- Course Link:
https://lnkd.in/du3d55NG

14. Designing and Implementing Microsoft Azure Networking Solutions
- Course AZ-700T00
- 72-Hour Course
- Course Link:
https://lnkd.in/dgmBzYDS

15. Designing and implementing a data science solution on Azure
- Course DP-100T01
- 96-Hour Course
- Course Link:
https://lnkd.in/dZ8WXxYx

Content Borrowed from: Kamran Ali

🔍2024 နှစ်သစ်မှာ admin တို့ လုပ်ငန်းခွဲ အသေးလေးတွေ ထပ်ခွဲဖို့ရှိလို့ ရေရှည်လုပ်ကိုင်နိုင်မယ့် ဝန်ထမ်းကောင်းတွေနဲ့ လက်တွဲ...
07/01/2024

🔍2024 နှစ်သစ်မှာ admin တို့ လုပ်ငန်းခွဲ အသေးလေးတွေ ထပ်ခွဲဖို့ရှိလို့ ရေရှည်လုပ်ကိုင်နိုင်မယ့် ဝန်ထမ်းကောင်းတွေနဲ့ လက်တွဲချင်ပါတယ်။

💁‍♀️ အရောင်းဝန်ထမ်း(မ) - ၅ ဦး
- Laptop / computer ပစ္စည်းရောင်းချခြင်းတွင် စိတ်ပါဝင်စားသူဖြစ်ရမည်။ သင်ယူလိုစိတ်ရှိသူဖြစ်ရမည်။
- Customer အား ဝန်ဆောင်မှုကောင်းမွန်စွာ Service ပေးနိုင်ရမည်ဖြစ်ပြီး အလုပ်အားတာဝန်ယူစိတ်အပြည့်နှင့် လုပ်ကိုင်နိုင်ရမည်။
- အထက်တန်းအောင်မြင်ပြီးသူဖြစ်ရမည်
- အသက် ၁၈နှစ်-၃၀ကြား ဖြစ်ရမည်​
လစာ => 250,000
အလုပ်ချိန် - 9:00AM to 6:00PM
ပိတ်ရက် - တစ်ပတ် တစ်ရက်နား
💢ကိုယ်တိုင် Live လွှင့်ရောင်းနိုင်ရင် live ရောင်းရငွေအလိုက် % bonus ထပ်ပေးပါမည်💢

👩‍💼 ဆိုင်တာဝန်ခံ (မ) ၁ဦး
- စာရင်းပိုင်းဆိုင်ရာ အခြေခံနားလည်ပြီး လုပ်ငန်းအတွေ့အကြုံရှိသူဖြစ်ရမည်။
- Computer Excel ပိုင်းကောင်းမွန်စွာ အသုံးပြုတတ်ရမည်။ အရောင်းစာရင်း stocks များကို စာရင်းသွင်းနိုင်သူဖြစ်ရမည်။
- အရောင်းဝန်ထမ်းများအား ကောင်းမွန်စွာ စီစဉ်ညွှန်ကြားအုပ်ချုပ်နိုင်သူ ဖြစ်ရမည်။
- ဆိုင်ရှိ Stock များအား စီစစ်နိုင်ရမည်။
- Page Admin အဖြစ်ဖြစ်စေ ဆိုင်တွင်ဖြစ်စေ customer complaints များကို ကောင်းမွန်စွာ ပြေလည်အောင် ဖြေရှင်းနိုင်သူ ဖြစ်ရမည်။
- အသက် 27နှစ်အထက် ဖြစ်ရမည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်သူဖြစ်ရမည်။
လစာ => 350,000 ~ 400,000
အလုပ်ချိန် - 9:00AM to 6:00PM
ပိတ်ရက် - တစ်ပတ် တစ်ရက်နား

အလုပ်နေရာ = တာမွေ ကျောက်မြောင်း

လျှောက်ထားလိုပါက Page messenger (သို့) Viber ph no 09773075916 သို့ CV Form များပေးပို့လျှောက်ထားနိုင်ပါသည်။

မကြာခင် ဒိုးနတ် နဲ့ ထိုးမုန့် မြို့တော်ကြီးသို့ ရောက်ရှိမည့်စက်များAsus ROG/ Asus TUF/ Asus Zenbook/ Vivobook အကုန်ရှယ်တ...
12/12/2023

မကြာခင် ဒိုးနတ် နဲ့ ထိုးမုန့် မြို့တော်ကြီးသို့ ရောက်ရှိမည့်စက်များ

Asus ROG/ Asus TUF/ Asus Zenbook/ Vivobook အကုန်ရှယ်တွေကြီးပဲ ရောင်းပေးသွားမှာပါ။

အိမ်မှာလည်း စက်တွေနဲ့ အကုန်အပြည့်အလျှံဖြစ်တဲ့အထိ ယုံယုံကြည်ကြည်နှင့် မှာယူအားပေးကြတဲ့ မြို့နယ်အသီးသီးမှ customer များအားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်ခင်ဗျာ။

12.12 Sale Promotion မှာ အတန်ဆုံးနဲ့ ရရှိမယ့် စက်စာရင်းကို မကြာခင် update posts လေးတင်ပေးသွားပါမယ်ဗျ။

ဆိုင်သမားများ၊ လက္ကားပြန်ယူလိုသော customer များ၊ တဆင့်ပြန်လည်ရောင်းချလိုသူများ၊ အလုံးရေတွက် များများလိုချင်သူများအတွက် ဈေးနူန်းထပ်မံညှိနှိုင်းပေးပါတယ်။ လက္ကားဈေးသီးသန့်ရှိတာကြောင့် page messenger မှာ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

👩‍💻Senior Sales Laptop အရောင်းကျွမ်းကျင်ဝန်ထမ်း ရန်ကုန်  (မ - ၂ဦး)- Laptop / computer အရောင်းပိုင်းနှင့် ပတ်သက်ပီးအတွေ့...
28/11/2023

👩‍💻Senior Sales Laptop အရောင်းကျွမ်းကျင်ဝန်ထမ်း ရန်ကုန် (မ - ၂ဦး)

- Laptop / computer အရောင်းပိုင်းနှင့် ပတ်သက်ပီးအတွေ့အကြုံရှိသူ (laptop အရောင်းဆိုင်ဖြစ်သည့်အတွက် IT ပိုင်းနားလည်မှသာ အဆင်ပြေပါမည်)

- ကွန်ပျုတာဆိုင်တွင်လုပ်ဖူးသူ ဦးစားပေးမည်။ Sale အတွေ့အကြုံ အနည်းဆုံး ၁ နှစ်အထက်ရှိသူဖြစ်ရမည်။

- ကျောင်းကိစ္စကင်းရှင်းပြီး ရေရှည်လုပ်ကိုင်လိုသူဖြစ်ရမည်။

- Customer အား ဝန်ဆောင်မှုကောင်းမွန်စွာ Service ပေးနိုင်ရမည်ဖြစ်ပြီး လူအများနှင့် ပေါင်းသင်းဆက်ဆံရေးပြေပြစ် ကောင်းမွန်သူ ဖြစ်ရမည်။ အရောင်းဆိုင် မန်နေဂျာ၊ အခြားသောအရောင်းဝန်ထမ်းများတို့နှင့် လေးစားပြေပြစ်စွာ ဆက်ဆံနိုင်ရမည်။

- အလုပ်ကို စိတ်ပါဝင်စားမှုရှိပြီး ကြိုးစားသင်ယူလိုစိတ် အပြည့်ရှိသူဖြစ်ရမည်။

- အသက် 18 မှ 30နှစ် အတွင်း ဖြစ်ရမည်။

- ရုပ်ရည်အသင့်တင့်ရှိပြီး သွက်လက်တက်ကြွ၍ သေသပ်စွာဝတ်စား တတ်သူဖြစ်ရမည်။

#လစာ => 300,000 ~ 350,000

- အစမ်းခန့်ကာလ (၃) လ

- အလုပ်ချိန် ~ မနက် ၉:၃၀ မှ ညနေ ၅:၀၀ (နားရက် တစ်ပတ် ၁ရက်)

လျှောက်ထားလိုသူများသည် message box မှဖြစ်စေ၊ Viber ph no : 09773075916 သို့ CV Form များပေးပို့နိုင်ပါသည်။ CV ကိုထင်ထင်ရှားရှားရိုက်ပြီး လျှောက်ထားနိုင်ပါသည်။

🎨OLED ချစ်သူများအတွက် နောက်ထပ် ပစ္စည်းအသစ်တစ်မျိုး   ရောက်ရှိထားပါတယ်။ဒီတခါ တွေ့မြင်ရမှာက ပုံမှန်ရောက်နေကျ vivobook ရိုး...
19/11/2023

🎨OLED ချစ်သူများအတွက် နောက်ထပ် ပစ္စည်းအသစ်တစ်မျိုး ရောက်ရှိထားပါတယ်။

ဒီတခါ တွေ့မြင်ရမှာက ပုံမှန်ရောက်နေကျ vivobook ရိုးရိုးဒီဇိုင်းတွေနဲ့ ကွဲထွက်သွားမယ်🙅‍♂️

Asus Logo ဘက်ခြမ်းမှာ 3D ဖောင်းကြွစာသားနဲ့ အမိုက်စားမြင်တွေ့ရမယ့် Pro ဆန်ဆန်သုံးချင်သူတွေ အကြိုက်တွေ့စေမယ့် Asus Vivobook Pro 15 ပဲ ဖြစ်ပါတယ်🙆‍♂️

ASUS OLED Display ရဲ့ အားသာချက်တွေ ကောင်းကွက်တွေကတော့

⭐Professional အဆင့်ဓာတ်ပုံတွေအတွက် ကာလာအရောင်ထွက် မှန်ပီးတိကျတယ်

⭐ကောင်းမွန်သောဖန်တီးမှုတွေနဲ့ ကြည်လင်ပြတ်သားသော ရုပ်ပုံတွေကို ပေးစွမ်းနိုင်တယ်

⭐color accuracy ပိုင်းမှာ 100% DCI-P3 Color Gamut ဖြင့် ဖွဲ့စည်းပေးထားတယ်

⭐OLED Display က LCD ဖန်သားပြင်နှင့် နှိုင်းယှဉ်ရင် မျက်လုံးထိခိုက်စေတတ်သော Blue Light များကို 70% အထိ လျှော့ချပေးနိုင်တယ်

ဒီလိုအချက်တွေကြောင့်လည်း OLED လို့ပြောလိုက်တာနဲ့ အမေးများပြီး မကြိုက်တဲ့သူမရှိ ရောက်ကုန်ဖြစ်နေတာပါပဲနော်

Vivobook Pro 15 OLED D3500A (QUIET BLUE)
AMD Ryzen 7-5800H (3.20 GHz up to 4.40 GHz, 8-core/16-thread)
RAM 16GB DDR4 On Board 3200Mhz
SSD 512GB NVMe PCIe 3.0
AMD Radeon RX Vega 7 Graphics (Integrated)
15.6" FHD OLED Display, 60Hz, 400nits, 100% DCI-P3 color gamut
Keyboard Backlight, ENG/TH Backlit Chiclet Keyboard
Battery : 3-Cell Li-ion, 63Wh
Weight : 1.65 kg
Price => 2,150,000 kyats (Brand New)

Specifications နှင့်စျေးနူန်းများ/ စက်ပုံအသေးစိတ်ကြည့်လိုပါက Page message box (သို့) 09979563201 ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ဖုန်းနံပါတ် : 09775622321, 09979563201

📞Viber : 09-773075916

11.11 Sale ချတုန်းက Promotion အမှီဝယ်ထားတာလေး နှစ်လုံး ကျန်သေးလို့ ရောင်းပေးပါမယ်နော်Brand new ပါကင် Lenovo sealed ပိတ်န...
18/11/2023

11.11 Sale ချတုန်းက Promotion အမှီဝယ်ထားတာလေး နှစ်လုံး ကျန်သေးလို့ ရောင်းပေးပါမယ်နော်

Brand new ပါကင် Lenovo sealed ပိတ်နဲ့ပါ။

IDEAPAD GAMING 3 15ARH7 (Onyx Grey)
AMD Ryzen 5 7535HS (@3.30GHz up to 4.55GHz, 6C/12T)
Ram 8GB DDR5 4800MHz (Max Memory
Up to 16GB)
SSD 512GB SSD M.2 2242 PCle 4.0×4 NVMe
NVIDIA GeForce RTX 2050 (4GB) GDDR6
15.6" 1920×1080 (FHD), IPS, 120Hz, 25Onits, Anti-glare, 45% NTSC
Ports : 2xUSB 3.2 Gen 1, 1xUSB-C 3.2 Gen 2 (support data transfer, Power Delivery 3.0 and DisplayPort 1.4)
1x HDMI 2.0
Keyboard TH/EN , White Keyboard Backlight
Power Adapter : 135W Slim Tip (3-pin)
Battery : 4-Cell, 60Wh
Price = 2,200,000 kyats

Warranty => Thailand official warranty One year
Software service warranty lifetime

စိတ်ဝင်စားလို့ မှာယူမယ်ဆို page message box မှာ နာမည်, ဖုန်းနံပါတ် ပို့ထားပီး order confirm ဖြစ်ရင် စရံငွေ 10% ပေးချေလို့ရပါတယ်။

Promotion sale ချတုန်းက ပိုဝယ်ထားလို့ ဒီဈေးနဲ့ တန်တန်လေးရတာပါ။ အခုချိန် ငွေဈေးတက်ပုံ bahtပေါက်ဈေးနဲ့တွက်ရင် လက်ရှိ ရန်ကုန်အရောက် ၂၄သိန်းဝန်းကျင် ကျနိုင်ပါတယ်။

ဖုန်းနံပါတ် : 09775622321, 09979563201
📞Viber : 09-773075916

💵💰အခုလို Bahtဈေး Dollarဈေး ငွေဈေးတွေ တရိပ်ရိပ်နဲ့တက်နေတဲ့အချိန်မှာ ဈေးနူန်းကလည်း အရမ်းအများကြီးမသုံးချင်ဘူး၊ နောက်ဆုံးပေ...
17/11/2023

💵💰အခုလို Bahtဈေး Dollarဈေး ငွေဈေးတွေ တရိပ်ရိပ်နဲ့တက်နေတဲ့အချိန်မှာ ဈေးနူန်းကလည်း အရမ်းအများကြီးမသုံးချင်ဘူး၊ နောက်ဆုံးပေါ် Latest လည်းကိုင်ချင်တယ်ဆိုရင်တော့....

🎨OLED ခရေဇီတွေအတွက် ASUS OLED ထဲက ရှယ်အမိုက်စား 12th Generation Intel Core i5/ Ram 16GB / SSD 512GB/ 14.5” 2.8K Specifications အကြမ်းစားကြီးနဲ့ ရောက်ထားပါတယ်။

♨️Brand new လက်ရှိအသစ်ပေါက်ဈေး ကျပ်သိန်း၃၀ ဝန်းကျင်ရှိတာကို♨️

💠Showroom display အလုံးသန့် ဘူးပစ္စည်းစုံနဲ့ကို ၁၈သိန်းခွဲအတိ💠 နဲ့ ရောင်းချပေးသွားမယ်ဆို ဘယ်လိုလဲ မိတ်ဆွေတို့ တန်မှတန်ရဲ့လား စဉ်းစားစရာမလိုအောင် ယူထားသင့်နေပီနော်😉

ဒီလို specifications နဲ့ OLED ပါတဲ့အပြင် 2.8K resolution ကို အခုဈေးနဲ့ နောက်ထပ်ရဖို့ဆိုတာ မလွယ်ပါဘူးနော်

SPECIFICATIONS
==============
Asus Vivobook S 14X OLED S5402ZA
Processor : Intel Core i5-12500H (2.5GHz up to 4.5GHz, 18MB Intel Smart Cache)
Memory : Ram 16GB DDR4 3200Mhz
Storage : SSD 512GB M.2 NVMe™ PCIe® 4.0 SSD
Graphics : Intel Iris Xe Graphics (Integrated)
Screen size : 14.5" 2880x1800 (2.8K), OLED, 120Hz, 550nits, Anti-Glare, 100% DCI-P3
Power Adapter : TYPE-C, 90W AC Adapter
Battery : 70WHrs, 3S1P, 3-cell Li-ion
OS : Window 11 Home License
Features : ENG/TH Backlit Chiclet Keyboard, Fingerprint, Keyboard backlight
Weight: 1.6kg
Color - Midnight Black
Price : 1,850,000 kyats (showroom display) with original adapter & box
***Warranty => Six months warranty, Software & Service warranty lifetime***

ဖုန်းနံပါတ် : 09775622321, 09979563201

📞Viber : 09-773075916

နောက်ဆုံး ဂဏန်းနံပါတ် ၃လုံးကိုခန့်မှန်းပီး comment မှာ မန့်ပေးကြပါနော်1️⃣2️⃣3️⃣✔️Post လေးကို like & share လုပ်ပေးဖို့တော...
16/11/2023

နောက်ဆုံး ဂဏန်းနံပါတ် ၃လုံးကိုခန့်မှန်းပီး comment မှာ မန့်ပေးကြပါနော်1️⃣2️⃣3️⃣

✔️Post လေးကို like & share လုပ်ပေးဖို့တော့လိုပါတယ်။

👁️‍🗨️ပထမဦးဆုံးအဖြေမှန်သူ တစ်ဦးကိုရွေးချယ်ပီး Kpay 10,000 ကျပ်လွှဲပေးပါမယ်🤩

အဖြေမှန်ဘယ်သူဖြစ်မလဲ အတူတူရင်ခုန်ကြရအောင်နော်💓💓💓

Address

29, Thingaha Street, Kyaukmyaung, Tamwe
Yangon
11111

Website

Alerts

Be the first to know and let us send you an email when Laptop Zone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category