Code Champs Coding School

Code Champs Coding School The School of Computer Science where kids, teens and professionals can learn coding/programming for Computing and Robotics School in Yangon, Myanmar

Gong Xi Fa Cai 🧧🎉Happy Chinese New Year!ပျော်ရွှင်စရာ  တရုတ်နှစ်သစ်ကူးအခါသမယမှာ မိဘပြည်သူအပေါင်း ကိုယ်ရောစိတ်ပါကျန်းမာ ခ...
29/01/2025

Gong Xi Fa Cai 🧧🎉
Happy Chinese New Year!
ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးအခါသမယမှာ မိဘပြည်သူအပေါင်း ကိုယ်ရောစိတ်ပါကျန်းမာ ချမ်းသာပြီး ပစ္စည်းဥစ္စာ၊ လာဘ်လာဘများ တိုးပွားပါစေကြောင်း Code Champs Coding School မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ကို Code Champs Coding School မှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။    #လွတ်လပ်ရေးနေ့
04/01/2025

၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ကို Code Champs Coding School မှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။


#လွတ်လပ်ရေးနေ့

✨ 𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 to you all ✨🎄🎁အေးမြတဲ့ ဒီဇင်ဘာလရဲ့ Christmas ပွဲတော် အချိန်အခါသမယလေးမှာ စိတ်ရော၊ ကိုယ်ပါ ကျန်းမာချမ်းသ...
25/12/2024

✨ 𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 to you all ✨🎄🎁

အေးမြတဲ့ ဒီဇင်ဘာလရဲ့ Christmas ပွဲတော် အချိန်အခါသမယလေးမှာ စိတ်ရော၊ ကိုယ်ပါ ကျန်းမာချမ်းသာပြီး ချစ်ရသူတွေနှင့်အတူ နွေးထွေးတဲ့နေ့ရက်လေးတွေ ဖြတ်သန်းနိုင်ကြပါစေကြောင်း Code Champs Coding School မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။


▪️Code Champs Coding School မှ kids coding paid-class အတန်းသစ်လက်ခံခြင်းများရပ်နားခြင်း▪️မင်္ဂလာပါ။ကျွန်မ Code Champs Co...
18/12/2024

▪️Code Champs Coding School မှ kids coding paid-class အတန်းသစ်လက်ခံခြင်းများရပ်နားခြင်း▪️

မင်္ဂလာပါ။
ကျွန်မ Code Champs Coding School ရဲ့ Founder ချောဆင့်ယဉ် ပါ။
Important Announcement တစ်ခုလုပ်ခွင့်ပြုပါရှင်။

၂၀၂၀ စက်တင်ဘာလကနေ စတင်တည်ထောင်ခဲ့တဲ့ ကျွန်မတို့ coding school ဟာ online kids coding paid class များဖွင့်ခဲ့တာ ၄နှစ်သက်တမ်းရှိခဲ့ပါပြီ။

၂၀၂၄ တနှစ်တာလုံးမှာတော့ ကျွန်မတို့ကျောင်းရဲ့ online kids coding class demand ကျဆင်းလာခဲ့တာမို့ ၂၀၂၄ ဒီဇင်ဘာလမှစလို့ Code Champs Coding School ရဲ့ paid-class (one-to-one class, private class, group class) များအသစ်လက်ခံခြင်း ရပ်နားလိုက်ပါတယ်ရှင်။

▪️လက်ရှိ ဖွင့်လက်စ class များအားလုံးကိုတော့ ကျောင်းသားမိဘများအပ်နှံထားသော class programme များပြီးဆုံးသည်အထိ ဆက်လက်ဖွင့်ထားမှာဖြစ်ပါတယ်။ ( လက်ရှိ run လက်စအတန်းများနဲ့ပတ်သက်လို့ အသေးစိတ်သိချင်တာများရှိရင် ကျွန်မတို့ကျောင်း ဖုန်းမှတစ်ဆင့်သော်၎င်း Viber မှ တစ်ဆင့်သော်၎င်း ကျောင်း page messenger မှတစ်ဆင့်သော်၎င်း မေးမြန်းနိုင်ပါတယ်ရှင်။ )▪️

၂၀၂၅ ခုနှစ်မှာတော့ Code Champs Coding School အနေဖြင့် အခါအားလျော်စွာ free class များဖွင့်ခြင်း နဲ့ kids coding နဲ့ပတ်သက်သော ကလေးများအတွက် ကျောင်းသားမိဘများအတွက် အကျိုးရှိမည့် knowledge sharing session များဆက်လက်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ့အတွက် Code Champs Coding School page မှာ kids coding knowledge sharing platform တစ်ခုအဖြစ် ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။

ယခု announcement နဲ့ပတ်သက်လို့ ကျောင်းသားမိဘများ စိတ်အနှောင့်အယှက်တစ်စုံတစ်ရာဖြစ်ခဲ့ရင် အများကြီး တောင်းပန်ပါရစေရှင်။(ကျွန်မအတွက် အင်မတန်ခက်ခဲစွာ ချခဲ့ရတဲ့ဆုံးဖြတ်ချက်လည်းဖြစ်တာမို့ ကျောင်းသားမိဘများ နားလည်ပေးနိုင်ဖို့ ကျွန်မမျှော်လင့်ပါတယ်။) 🙏

၂၀၂၀ စက်တင်ဘာမှစလို့ ၂၀၂၄ ဒီဇင်ဘာလအထိ ကျွန်မတို့ကျောင်းအပေါ် ယုံကြည်စွာ အပ်နှံတဲ့ ကျောင်းသားမိဘ တစ်ဦးချင်း တစ်ယောက်ချင်းစီကို ကျွန်မကျောင်းကိုယ်စား ကျွန်မရင်ထဲမှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင်။ 🙏

✨လာမယ့် နှစ်သစ် ၂၀၂၅ ခုနှစ်မှာ ဘေးဘယာတွေကင်းပြီး ပိုမိုကောင်းမွန်တဲ့ အိမ်မက်တွေ အကောင်အထည်ဖေါ်ဆောင်နိုင်ကြပါစေရှင်။✨

Chaw Sint Yin
(Founder - Code Champs Coding School)

"Teachers Training Program for ICT Teachers (Kids Coding with Scratch & Scratch Jr Application)"👨🏻‍🏫👩🏻‍🏫ကမ္ဘာနဲ့အဝှမ်းမှ...
28/11/2024

"Teachers Training Program for ICT Teachers
(Kids Coding with Scratch & Scratch Jr Application)"👨🏻‍🏫👩🏻‍🏫

ကမ္ဘာနဲ့အဝှမ်းမှာ Kids Coding သင်ကြားမှုပုံစံတွေ တိုးတက်လာတာနဲ့အညီ ကလေးတွေအတွက် သင့်တော်တဲ့ Programming/Coding Languageကိုရွေးချယ်ဖို့လည်းလိုအပ်လာပါတယ်။👍🏻

🌐ကလေးတွေ Coding စသင်တဲ့အခါ ဘယ်Language ကိုသင်ပေးသင့်သလဲ❓ စတာဟာ မိဘတွေနဲ့ ဆရာတွေအမေးအများဆုံးမေးခွန်းဖြစ်လို့နေပါတယ်။
Code Champs အနေနဲ့ Coding Languageတွေအများကြီးထဲကမှ တစ်ခုကို Recommend လုပ်ရမယ်ဆိုရင် Scratch Coding Language ပဲဖြစ်ပါတယ်။
ကိုယ့်ရဲ့ ကလေးဟာ အသက် 6နှစ် ကနေ12နှစ်အရွယ်လည်းဖြစ်မယ်။ ကိုယ်တိုင် Coding ရေးပြီး Story လေးတွေ ဖန်တီးချင်တယ်၊ Game လေးတွေ တီထွင်ဖန်တီးရတာကိုကြိုက်တဲ့သူဆိုရင်တော့ Scratch Coding က အသင့်တော်ဆုံးပါပဲ။

ဘာကြောင့် Scratch Coding ကို ညွှန်းရတာလဲဆိုရင် ⬇️
👩🏻‍💻Codingတွေကိုအလွတ်မှတ်ပြီး ရေးရတာမျိုးမဟုတ်ဘဲ အရောင်စုံတဲ့ Code Blockတွေကိုသုံးပြီး ဖန်တီးရတာကြောင့် ကလေးငယ်များကို စိတ်လှုပ်ရှားမှုပေးနိုင်ခြင်း၊
👨🏻‍💻Asteroids နဲ့ Dankey Kongတိုလိုမျိုး 2D Gameတွေကို Scratchဖြင့်ဖန်တီးနိုင်ခြင်း အစရှိတဲ့ အားသာချက်လေးတွေ ရှိနေပါတယ်။

🌐👨🏻‍⚖️👩🏻‍🏫တကယ်လို့ သင်ဟာ ICT Teacher တစ်ယောက်ဖြစ်နေတယ်ဆိုရင် ကမ္ဘာနဲ့အဝှမ်းမှာ Beginner Friendly Block Coding Language အဖြစ်ရေပန်းစားတဲ့ Scratch Application ကို ဆရာတစ်ယောက်အနေနဲ့ ကျွမ်းကျင်စွာသင်ပေးနိုင်ဖို့ လိုအပ်ပါတယ်။

💠 ICT အတန်းလေးကို ကျောင်းမပြီးသေးတဲ့ သူများလည်း တက်လို့ရပြီး Code Champs Coding School မှာ Part Time Assistant Teacher Job Opportunity လေးတွေလည်းရှိပါမယ်ရှင့်

ဒီလိုသင်ကြားပြသပေးနိုင်ဖို့ Scratch Jr & Scratch Coding ပိုင်းအတွက် Teachers Training တက်ဖို့ လိုအပ်နေတယ်ဆိုရင် -

📣Dec လ 10 ရက်နေ့မှာ ICT Teachers တို့အတွက် TOT Program (Kids Coding with Scratch & Scratch Jr Application) သင်တန်းလေးဖွင့်မယ့်အကြောင်း တီချာတို့ကို သတင်းပေးပါရစေရှင်။

👩🏻‍🎓Singapore နိုင်ငံပညာရေးဝန်ကြီးဌာန (MOE S'pore) မှ Registered Trainer လက်မှတ်ရရှိထားပြီး လက်ရှိမှာလည်း သင်တန်းသားကလေးငယ်များစွာသင်ကြားပေးနေတဲ့ Code Champs ရဲ့ Founder Tr Chaw Sint Yin (MCSc- UCSY, MA Edu.Mgt.- NTU S’pore) ကိုယ်တိုင် သင်ကြားပေးမှာဖြစ်ပါတယ်။

သင်တန်းမှာ သင်ပြပေးမှာတွေကတော့
👩🏻‍🏫 ICT Teacher တစ်ယောက်အနေနဲ့ kids coding ပိုင်းအတွက် သိထားရမယ့် Foundational Coding Concept တွေအကြောင်း၊
👩🏻‍🏫 Scratch & Scratch Jr Application ကိုအသုံးပြုပြီး ကလေးတွေကို kids coding အပိုင်းသင်ကြားပုံ
👩🏻‍🏫 Teacher တစ်ယောက်အနေဖြင့် Scratch & Scratch Jr Application နဲ့ ပတ်သက်လို့ သိထားရမယ့် Tips တွေ — အစရှိတာတွေအပြင်

👩🏻‍🏫All about Scratch Jr and Scratch Platforms

👩🏻‍🏫 Making Projects with Scratch Jr and Scratch

👩🏻‍🏫 Introducing Creative Computing Curriculum (Harvard Graduate School of Education)

👩🏻‍🏫 Lesson Planning and Creating Kids Coding Course

👩🏻‍🏫 Kids Coding Assessements &

👩🏻‍🏫 Introduction to STEM Education

တို့ကို အခြေခံပြီး သင်ကြားပေးသွားမှာ ဖြစ်လို့ သင်တန်းပြီးတဲ့အခါ သေချာတတ်မြောက်သွားပြီး ပြန်လည်အသုံးချနိုင်မယ်ဆိုတာ အာမခံပါတယ်ရှင့်။💯

💰သင်တန်းကြေး-Group Learningဆိုရင် 100,000
One-to-One ဆိုရင် 200,000 Kyats

ကြိုက်နှစ်သက်ရာ အတန်းကိုရွေးချယ်ပြီးတက်နိုင်ပါတယ်နော်။

🥰အောက်ပါ enroll form လေးဖြည့်ပြီး သင်တန်းအပ်နှံနိုင်ပါတယ်။🥰
👇👇👇

https://forms.gle/UDjPA9hFZMYvv56E8

🕰သင်တန်း စတင်မည့် ရက် - 10th Dec 2024 (Every Tuesday )

🕰သင်တန်းချိန်- 2နာရီ (7:00- 9:00 PM)

🕰သင်တန်းကာလ- (8 Weeks)

🕰သင်ကြားမှုပုံစံ-Zoom meetingနဲ့ face -to-face တက်ရမှာ ဖြစ်လို့ နားမလည်တာတွေ ၊ သိချင်တာတွေ အားလုံးကိုတိုက်ရိုက်မေးမြန်လို့ရနိုင်မှာဖြစ်ပါတယ်။
အတန်းချိန်တိုင်းအတွက် Recording Video လေးတွေကိုပါ ရရှိမှာဖြစ်တဲ့အတွက် ပြန်လည်လေ့လာဖို့လည်း အဆင်ပြေပါတယ်ရှင့်။

📌အသေးစိတ်အချက်အလက်များမေးမြန်းစုံစမ်းရန်
Ph: 09 44 19 18 155, 09 975 826 366
Email: [email protected]







✊အမျိုးသားနေ့ တို့မမေ့✊🎉ယနေ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၂၅)ရက် တွင်ကျရောက်သော (၁၀၄)ကြိမ်မြောက် အမျိုးသားနေ့ကို Code Champs C...
25/11/2024

✊အမျိုးသားနေ့ တို့မမေ့✊

🎉ယနေ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၂၅)ရက် တွင်ကျရောက်သော (၁၀၄)ကြိမ်မြောက် အမျိုးသားနေ့ကို Code Champs Coding School မှ ဂုဏ်ပြုကြိုဆိုပါသည် 🎉

#အမျိုးသားနေ့

မင်္ဂလာရှိသော တန်ဆောင်မုန်းလပြည့်နေ့  (သာမညဖလအခါတော်နေ့) 🎇ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ တန်ဆောင်မု...
15/11/2024

မင်္ဂလာရှိသော တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) 🎇

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ မင်္ဂလာရှိခြင်း ကျက်သရေရှိခြင်း စိတ်နှလုံးအေးချမ်းခြင်းများပိုင်ဆိုင်ပြီး အလှူဒါနများစွာ ပြုနိုင်ကြပါစေလို့ Code Champs Coding School မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါရစေနော်။🙏🙏


#တန်ဆောင်မုန်းလပြည့်နေ့

တန်ဆောင်မုန်း လပြည့်နေ့ ကျောင်းပိတ်ရက်ကြေငြာခြင်းCode Champs Coding School ၏ သင်တန်းများအားလုံးကို တန်ဆောင်မုန်းလပြည့်ပိ...
14/11/2024

တန်ဆောင်မုန်း လပြည့်နေ့ ကျောင်းပိတ်ရက်ကြေငြာခြင်း

Code Champs Coding School ၏ သင်တန်းများအားလုံးကို တန်ဆောင်မုန်းလပြည့်ပိတ်ရက်အနေဖြင့် ၁၅ရက်နေ့ တစ်ရက်ပိတ်ပါတယ်ရှင့်။ သင်တန်းများအားလုံးကို ၁၆ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်သွားပါမည်။


#တန်ဆောင်မုန်းလပြည့်နေ့

3D Modeling Design Classနည်းပညာနဲ့ပတ်သက်ရင် အသစ်သစ်တွေကိုမှ လေ့လာသင်ယူချင်တဲ့ကလေးတို့အတွက် နောက်ထပ်ပညာရပ်တစ်ခုနဲ့မိတ်ဆက်...
31/10/2024

3D Modeling Design Class

နည်းပညာနဲ့ပတ်သက်ရင် အသစ်သစ်တွေကိုမှ လေ့လာသင်ယူချင်တဲ့ကလေးတို့အတွက် နောက်ထပ်ပညာရပ်တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ဒါကတော့ ကလေးတွေရဲ့အနာဂတ်အတွက် အထောက်အပံ့ကောင်းဖြစ်‌စေမယ့်
3D Design Modelling ပဲဖြစ်ပါတယ်။👇

3D Modelling ဟာကလေးတွေနဲ့ရင်းနီးပြီးသားဖြစ်တဲ့ Geometry Shape တွေကိုအသုံးပြုပြီး 3D ဆန်ဆန် Design တွေရေးဆွဲရမှာပါ။ ကလေးတို့အတွက်လည်း Fun and Learn အဖြစ်နဲ့ သင်ကြားရမယ့်ပညာရပ်ဖြစ်ပြီး ဒါကိုသာတက်မြောက်ထားမယ်ဆိုရင် Engineering Design အမြင် အေြခခံတွေရှိလာတာကြောင့် STEM
Learning Pathway မှာလည်း အထောက်အပံ့ကောင်းတွေ အများကြီးဖြစ်မှာ သေချာပါတယ်။

ဒီ 3D Design ပညာကိုတက်ထားမယ်ဆိုရင်
💡Creativity နဲ့ Problem Solving Skill‌ တွေတိုးတက်လာမယ်။
💡Challenge တွေရင်ဆိုင်ရတာအသားကျလာပြီး ဘောင်အပြင်ဘက်ကနေတွေးခေါ်တက်လာလို့ အများနဲ့မတူဘဲ ထူးချွန်လာမယ်။
💡Teamwork နဲ့လုပ်ရတဲ့အလုပ်တွေမှာလည်း အောင်မြင်‌အောင်လုပ်လာနိုင်မယ်။

ဒါတွေအပြင် 3D Modelling သင်ယူခြင်းကနေတစ်ဆင့် Engineering Design ဘက်ကိုစိတ်ဝင်စားသွားတဲ့အခါ အဆင့်မြင့်တဲ့ Professional Engineering Design တွေအထိ ဆက်လက်လေ့လာနိုင်ပါတယ်။

ဒီဘက်ခေတ်မှာ ကလေးတွေအတွက် Engineering Design အခြေခံတွေ တတ်သိထားခြင်းဟာ STEM Learning အတွက် အများကြီးအထောက်အပံ့ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ကလေးတွေကိုငယ်ငယ်ကတည်းက 3D Design တွေနဲ့ရင်းနီးအောင် ဖေဖေမေမေတို့က မိတ်ဆက်ထားပေးသင့်ပါတယ်နော်။🤗

ဒီအတွက် ကလေး‌တို့စိတ်ကူးတွေကို ဆရာမိဘပူးပေါင်းပါဝင်နိုင်ဖို့ ကျွန်မတို့ Code Champs Coding School ကနေ 3D Design Modelling for kids သင်တန်းလေးဖွင့်ဖို့ရှိပါတယ်။

3D Modeling Basic Class

✅Max Class Size : 5pax
✅Course Fees : 100,000 MMKs
✅Number of Classes : 10 Classes

Start Date - 9 Nov 2024
Time - 9:00-10:15 AM

3D Modeling Intermediate Class

✅Max Class Size : 5pax
✅Course Fees : 100,000 MMKs
✅Number of Classes : 10 Classes

Start Date - 16 Nov 2024
Time - 6:00-7:15 PM

သင်တန်းအပ်ရန် Registration Link

https://docs.google.com/forms/d/1Jv6XXqFuQB2XCW94JP34Uv0ExuAsc_Wqj0iFvw5ciyY/edit

သင်တန်းအသေးစိတ်လေးကို Messenger မှာမေးမြန်းနိုင်ပါတယ်ရှင့်

မေးမြန်းစုံစမ်းရန်
☎️09 44 19 18 155, 09 97 582 6366
📧[email protected]




🎊မင်္ဂလာပါရှင်🎊🎀November - December 2024 လအတွက် One-to-One & Private Online Class လေးတွေ ဖြစ်တဲ့  ✔️Scratch Jr  ✔️Intro ...
29/10/2024

🎊မင်္ဂလာပါရှင်🎊

🎀November - December 2024 လအတွက် One-to-One & Private Online Class လေးတွေ ဖြစ်တဲ့

✔️Scratch Jr
✔️Intro to Scratch
✔️Web Design for Kids
✔️MIT App Inventor
✔️Apple Swift Playground (iOS)
✔️Blocks Coding with Scratch (Level-1 to 4)
✔️Python for Everyone ( Level-1)
✔️Code for Fun with Python (Level- 1 to 3)
✔️3D Modeling Design - Thinker CAD

လေးတွေကို (**အမြဲတမ်း**) ဖွင့်လှစ်ပေးထားပါတယ်ရှင့်🎀

👌ပထမဆုံးအတန်းချိန်ကို အခမဲ့(အစမ်း) 1st Class Trial တက်ကြည့်နိုင်ပြီး One-to-One Class နဲ့ Private Class လေး ဖြစ်တာမို့အတန်းချိန်ကို သတ်မှတ်ထားတာမရှိဘဲ ကလေးအားတဲ့အချိန် နဲ့ သင်ကြားပေးမယ့် Teacher အားတဲ့အချိန် စိတ်ကြိုက်ညှိနှိင်းပြီးမှ အတန်းစနိုင်ပါတယ်။

One to one Class လေးကတော့ ဆရာနှင့်ကျောင်းသား တစ်ဦးချင်းစီ အချိန်လေးကို ညှိယူပြီး သင်ယူလို့ရတာလေးဖြစ်ပြီး Private Class လေးကတော့ သူငယ်ချင်းတွေတူတူစုတက်လို့ရပါတယ် Maximum ကျောင်းသား ၃ဦးထိတက်လို့ရပြီး အတန်းချိန်လေးကိုလည်း ဆရာနဲ့ ညှိယူပြီး သင်လို့ရပါတယ်ရှင့်

⏰စာသင်ချိန်ကတော့ တစ်ချိန်ကို (၁)နာရီ တစ်ပါတ်ကို(၁)ချိန် သို့မဟုတ် (၂)ချိန် ဖြင့်

✅Number of Classes : 10 Classes/
✅ Duration : 5 (or) 6 Weeks
✅One to One Course Fees : 200,000 MMKs
✅Private Class Fees : 300,000 MMKs


⏰Python အတန်းလေးအတွက် စာသင်ချိန်ကတော့ တစ်ချိန်ကို (၁)နာရီ တစ်ပါတ်ကို(၁)ချိန် သို့မဟုတ် (၂)ချိန် ဖြင့်

✅Number of Classes : 10 Classes/
✅ Duration : 5 (or) 6 Weeks
✅One to One Course Fees : 200,000 MMKs
✅Private Class Fees : 300,000 MMKs

Wed Design အတန်းလေးအတွက် စာသင်ချိန်ကတော့ တစ်ချိန်ကို (၁)နာရီခွဲ တစ်ပါတ်ကို(၁)ချိန် သို့မဟုတ် (၂)ချိန် ဖြင့်

✅Number of Classes : 12 Classes/
✅ Duration : 5 (or) 6 Weeks
✅One to One Course Fees : 240,000 MMKs
✅Private Class Fees : 300,000 MMKs

🎊သင်တန်းအပ်နှံလိုပါက အောက်ပါ enroll form လေးဖြည့်ပြီး သင်တန်းအပ်နှံနိုင်ပါတယ်။

👉 https://docs.google.com/forms/d/1Jv6XXqFuQB2XCW94JP34Uv0ExuAsc_Wqj0iFvw5ciyY/edit

📌စုံစမ်းမေးမြန်းရန်
📞ဖန်း - 09 44 19 18 155, 09 97 582 6366
📧အးမေးလ် : [email protected]





25/10/2024

Scratch Jr. Project Time!🤩
Fairy Dash by Clara.👧
How cute it is!😍

Address

Yangon

Opening Hours

09:00 - 17:00

Telephone

+959441918155

Alerts

Be the first to know and let us send you an email when Code Champs Coding School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Code Champs Coding School:

Share