12/11/2025
လူတချို့က
AI ကို အခုချိန်ထိမသုံးကြသေးဘူး
အချို့ကသုံးတော့ သုံးတတ်ကြတယ်
professional ကျကျမသုံးတတ်ကြသေးဘူး
ခုခေတ်က အေအိုင်ခေတ် ရောက်နေပြီ
AIသုံးတတ်ရင် လူကို အများကြီး သက်သာစေရုံတင်မဟုတ်တော့ဘူး
လုပ်ငန်းက အရင်ကထက် ပိုကြီးထွားလာမယ်
လူငယ်တွေဆို AIကို အသုံးချပြီး ဝင်ငွေတွေရှာလို့ရနေပြီ
AIကို professional ကျကျသုံးတတ်အောင် ခုကတည်းက လေ့လာသင်ယူဖို့ လိုနေပြီ
ဒီနေ့မှာ စီးပွါးရေးလုပ်နေတဲ့သူတိုင်း၊ Online စီးပွါးရေးလုပ်နေတဲ့သူတိုင်း၊ အင်တာနက်ကနေ ဝင်ငွေရှာဖို့ ကြိုးစားနေတဲ့သူတိုင်း မဖြစ်မနေ သိထားသင့်တဲ့ AI tools တွေကို ပြောပြပေးလိုက်ပါတယ်
ဒီ AI toolsတွေကို သေချာလေ့လာပြီး လက်တွေ့အသုံးချနိုင်အောင် ကြိူးစားပါ
(၆)လအတွင်း ဝင်ငွေ (၂)ဆ တိုးလာလိမ့်မယ်
1. ChatGPT.com
(သိချင်တာတွေကို အကုန်မေးလို့ရတယ်၊ ပညာရေးအကြောင်းမေးမလား၊ ကျန်းမာရေးအကြောင်းမေးမလား၊ စီးပွါးရေးအကြောင်းမေးမလား၊ အကုန်မေးလို့ရတယ်)
2. https://www.midjourney.com
စိတ်ကူးထဲက ပုံတွေကို AI နဲ့ဖန်တီးချင်ရင် MidJourney ကိုသုံးပါ။ Prompt တစ်ခုရေးပေးရုံနဲ့ လှပပြီး Unique ဖြစ်တဲ့ AI Artwork တွေကို ဖန်တီးနိုင်ပါတယ်။
3. https://www.canva.com/magic
Graphic Design ဖန်တီးနည်း skill တွေကိုတတ်စရာမလိုဘူး
Facebookမှာ လုပ်ငန်းကြော်ငြာပုံတွေ၊ လိုအပ်တဲ့ Logo ဒီဇိုင်းကို AI နဲ့ ဖန်တီးလို့ရတယ်
ပိုက်ဆံတပြားမှ မကုန်ဘူး
အသုံးပြုရတာလွယ်တယ်၊ ဘာမှ မသိသေးတဲ့သူတွေတောင် အမိုက်စား ကြော်ငြာပုံတွေ၊ လိုဂိုတွေကို ကိုယ်တိုင် ဖန်တီးနိုင်တယ်
ကိုယ်တိုင် စမ်းကြည့်ပါ
4. https://pictory.ai
ကိုယ်ရေးထားတဲ့ အကြောင်းအရာတွေကို Video အဖြစ်အလိုအလျှောက် ပြောင်းပေးနိုင်ပါတယ်။ Voiceover, Caption, Summary တို့ပါထည့်နိုင်တာကြောင့် YouTube, TikTok creator တွေအတွက်အသုံးဝင်ပါတယ်။
ဘယ်အကြောင်းအရာကိုဘဲရေးရေး ဗီဒီယိုအဖြစ်ဖန်တီးပေးတယ်
YouTube တို့ TikTokတို့ကန ဝင်ငွေရှာဖို့ ကြိုးစားနေသူတွေ သိထားရမယ်
5. https://www.synthesia.io
Video ဖန်တီးဖို့ ကင်မရာတွေ ဝယ်စရာမလိုဘူး၊ ကိုယ်တိုင်လည်း ဝင်သရုပ်ဆောင်စရာမလိုဘူး၊ သရုပ်ဆောင် ငှါးစရာလည်း မလိုဘူး
AI avatarတွေနဲ့ အမိုက်စား Professional Video တွေကို ဖန်တီးနိုင်ပါတယ်။
ကိုယ့်လုပ်ငန်းကြော်ငြာဗီဒီယို ဖန်တီးချင်တဲ့သူတွေ၊ သင်တန်းကြော်ငြာ ဖန်တီးချင်တဲ့သူတွေအတွက် သင့်တော်တယ်
6. https://www.elevenlabs.io
AI Voice Tool အနေနဲ့ လူသားအသံနဲ့တူတဲ့ Voice ကို ထုတ်ပေးနိုင်ပါတယ်။
Podcast, Audiobook, Voice Content များဖန်တီးရာမှာ အသုံးပြုလို့ကောင်းပါတယ်။
အလုပ်မအားဘူး၊ အသံနဲ့ဖတ်ပြမယ့်သူတွေငှါးရင် ပိုက်ဆံကုန်တယ်၊ ဒါလည်း မလုပ်ချင်ဘူး
ကိုယ်ရေးထားတဲ့ အကြောင်းအရာတွေကို အသံနဲ့ဖတ်ပြအောင်လုပ်မယ်ဆိုရင် ဒီAI tool ကို အသုံးချပါ
7. https://otter.ai
Meeting, Interview, Lecture တွေမှာ ပြောသမျှစကားတွေကို အလိုအလျောက် Text အဖြစ်ပြောင်းပေးတဲ့ AI Tool ဖြစ်ပါတယ်။ အချိန်ကုန်သက်သာစေပြီး Note ရိုက်ထားဖို့လည်း လွယ်ကူစေပါတယ်။
8. https://fireflies.ai
Zoom, Google Meet စတဲ့ Online Meeting တွေမှာ AI က Join ပေးတယ်
အလိုအလျောက် Record လုပ်ပေးတယ်
ဒါ့အပြင် meeting က ဘာအတွက်လဲ? ဆိုတာကိုပါ အနှစ်ချုပ်Summary တွေပါထုတ်ပေးနိုင်ပါတယ်။
9. https://www.copy.ai
Ad Copy, Social Media Post, Email Content စတာတွေအတွက် AI နဲ့စာသားတွေကိုအလွယ်တကူဖန်တီးနိုင်ပါတယ်။