Joker Clothing Myanmar - JCM

Joker Clothing Myanmar - JCM Thailand Made T-shirt (100% Cotton) Shop in Yangon

တီရှပ်တွေနဲ့ပတ်သက်ပြီး သင်မသိနိုင်သေးတဲ့ အလွယ်နည်း ၆ ခု 💫တီရှပ်တွေဟာ အမျိုးသားအများစုရဲ့ အကြိုက်ဆုံးအ၀တ်အထည်အမျိုးအစားတစ...
11/01/2026

တီရှပ်တွေနဲ့ပတ်သက်ပြီး သင်မသိနိုင်သေးတဲ့ အလွယ်နည်း ၆ ခု 💫

တီရှပ်တွေဟာ အမျိုးသားအများစုရဲ့ အကြိုက်ဆုံးအ၀တ်အထည်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးရှိပြီး ၀တ်ရတာ စတိုင်ကျလွတ်လပ်တာကြောင့် တီရှပ်တွေကို ၀တ်ဆင်လေ့ရှိပါတယ်။ ဒါ့ကြောင့် တီရှပ်တွေကို ၀တ်ဆင်ရာမှာ၊ ထိန်းသိမ်းရာမှာ ပိုမိုအဆင်ပြေလွယ်ကူစေမယ့် နည်းလမ်းလမ်းတချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ Fit ဖြစ်ဖို့ အရေးကြီးတယ်

ဒါကတော့ ပထမဆုံးနဲ့ အရေးအကြီးဆုံးဖြစ်ပါတယ်။ တီရှပ်မှမဟုတ်ပါဘူး။ ဘယ်လိုအ၀တ်အစားပဲဖြစ်ဖြစ် သင့်ခန္ဓာကိုယ်ပေါ်မှာ Fit ဖြစ်နေမှ ကြည့်ကောင်းနိုင်တယ်ဆိုတာ့ မမေ့ပါနဲ့။ ဒါပေမယ့် တီရှပ်အများစုက ကိုယ်တိုင်းချုပ်ဝတ်လို့မရပဲ အသင့်ချုပ်ပြီးသားတွေကို ၀ယ်ဝတ်ရတာကြောင့် Fit ဖြစ်ဖို့ ခဲယဉ်းပါတယ်။ တစ်ခုရှိတာက တီရှပ်တစ်ထည် Fit ဖြစ်မဖြစ်ဆိုတာကို လက်မောင်းနေရာကိုပဲ အဓိကကြည့်နိုင်ပါတယ်။ သင့်ရဲ့ တီရှပ်က လက်မောင်းနေရာမှာ ပွယောင်းယောင်းဖြစ်နေတာ၊ အင်္ကျီလက်က ချောင်ပြီး ထောင်နေတာတွေဖြစ်မနေဖို့ ဂရုစိုက်ပါ။ တကယ်လို့ အနည်းငယ်ချောင်နေမယ်ဆိုရင် လက်ကို ခေါက်ဝတ်ဖို့ အကြံပေးချင်ပါတယ်။

၂။ Accessories လေးတွေနဲ့ ပံ့ပိုးပေးပါ

တီရှပ်အများစုက ရိုးရှင်းတဲ့ စတိုင်ရှိပါတယ်။ ဒါကို ပိုမိုကြည့်ကောင်းပြီး အာရုံကို ဖမ်းစားနိုင်တဲ့ ပုံစံဖြစ်စေချင်ရင် Accessories လေးတွေနဲ့ တွဲဝတ်ဖို့ အကြံပေးချင်ပါတယ်။ ဒီဇိုင်းအမိုက်စားနဲ့ သင့်ရဲ့ Lifestyle ကို ထင်ဟပ်တဲ့ ဆွဲကြိုးတစ်ခုလောက်ဆို အဆင်ပြေနိုင်ပါတယ်။

၃။ အမြန်ခေါက်နည်း လေ့ကျင့်ထားပါ

တီရှပ်ကြိုက်တဲ့သူတိုင်း မသိမဖြစ်တဲ့အရာတစ်ခုက တီရှပ်တွေကို အမြန်ခေါက်နည်းဖြစ်ပါတယ်။ တီရှပ် တစ်ထည်ကို ၃ စက္ကန့်အတွင်း သပ်သပ်ရပ်ရပ်ခေါက်တဲ့နည်း ရှိပါတယ်။ ပုံမှာ လေ့လာပြီး လေ့ကျင့်ထားပါ။ တကယ်အသုံးဝင်ပါတယ်။

၄။ တီရှပ်တွေ ကျုံမသွားအောင်

တီရှပ်တွေနဲ့ပတ်သက်ပြီး ပြဿနာတစ်ခုက သုံးလေးခါလောက် လျှော်ပြီးတဲ့အခါ ကျုံ့သွားတာပါပဲ။ ပထမဆုံးဝယ်လာတုန်းက အရွယ်အစားအထက် အနည်းငယ်သေးသွားလေ့ရှိပါတယ်။ ဒီလိုဆိုရင် ၀ယျတုနျးက ကိုယ်တိုင်းနဲ့ ကွက်တိဆိုပေမယ့် အနည်းငယ်သေးသွားတဲ့အခါ အခြားသူရဲ့တီရှပ်ကို ငှားဝတ်ထားသလို ဖြစ်နေမှာပါ။ ဒီလိုဖြစ်ခဲ့မယ်ဆိုရင် အ၀တ်ဇလုံတစ်ခုထဲကို ရေနွေးကြက်သီးနွေးလောက်ကို ထည့်ပါ။ ပြီးရင် အ၀တ်ပျော့ဆေး စားပွဲတင်ဇွန်းတစ်ဇွန်းစာလောက် ထည့်ပြီး ကျုံ့သွားတဲ့ တီရှပ်ကို မိနစ် ၃၀ လောက် စိမ်ထားလိုက်ပါ။ နဂိုအရွယ်အစားကို ပြန်ရောက်သွားပါလိမ့်မယ်။

၅။ အနောက်တိုင်းဝတ်စုံ အတွင်းအင်္ကျီအဖြစ်ဝတ်ပါ

တီရှပ်တွေဟာ ထသွားထလာ ပေါ့ပေါ့ပါးပါး ၀တျဆငျရတဲ့ အထည်အမျိုးအစားဆိုပေမယ့် Smart Casual ပုံစံဝတ်လို့လည်း ရပါတယ်။ အနောက်တိုင်းဝတ်စုံ ကုတ်အင်္ကျီ၊ စတိုင်ဘောင်းဘီတို့ကို ပုံမှန်အတိုင်း ရှပ်အင်္ကျီနဲ့ ၀တျမယ့ျအစား သင့်ခန္ဓာကိုယ်နဲ့ Fit ဖြစ်တဲ့တီရှပ်တစ်ထည်ကို ၀တျမယျဆိုရငျ ပေါ့ပေါ့ပါးပါးနဲ့ ခန့်ညားတဲ့ စတိုင်ကို ရရှိနိုင်မှာပါ။

၆။ လိုဂိုတွေကို ရှောင်ပါ

သင်က ဘာလုပ်လုပ် စတိုင်ဖြစ်တဲ့ နာမည်ကြီး ရက်ပါတစ်ယောက် မဟုတ်ရင် လိုဂိုအကြီးကြီးတွေ၊ ဂရပ်ဖစ်ဒီဇိုင်းပြူးပြူးပြဲပြဲတွေနဲ့ တီရှပ်တွေကို မ၀တ်တာအကောင်းဆုံးပါပဲ။ သင် ၀တ်ထားတဲ့ တီရှပ်ရဲ့ အချိုးအစားကျနမှုကပဲ သင့်စတိုင်ကို ပေါ်လွင်ပါစေ၊ လိုဂိုကြီးတွေနဲ့က မိုက်တယ်လို့ ထင်ရပေမယ့် တကယ်တမ်း ဆွဲဆောင်မှုကို လျော့နည်းစေပါတယ်။

17/12/2021

ဆိုင်ခေတ္တပိတ်ထားသည့်အတွက်
Order များလည်းလက်မခံနိုင်သေးပါဗျ။
Chat box မှာမေးထားတဲ့အမြဲတမ်း
customer များကိုလည်းအားနာစွာနဲ့အသိပေးပါတယ်ဗျ 🙏

Order လက်ခံတာနဲ့ချက်ချင်းကြော်ငြာပေးသွားပါမယ်ဗျ 💜
ဝယ်ယူအားပေးမှုကိုအထူးကျေးဇူးတင်ရှိပါတယ် 🙏

19/07/2021

"အပူစာ"ငယ်ငယ်က အဖေဆုံးမဖူးတဲ့စကား။ ငါ့သားမင်းကြီးလာလို့ အလုပ်လုပ်ရင် အပူစာကိုဘယ်တော့မှမစားမိပါစေနဲ့။ အအေးစာကိုပဲ ရှာစားပ...
12/07/2021

"အပူစာ"
ငယ်ငယ်က အဖေဆုံးမဖူးတဲ့စကား။ ငါ့သား
မင်းကြီးလာလို့ အလုပ်လုပ်ရင် အပူစာကိုဘယ်တော့မှ
မစားမိပါစေနဲ့။ အအေးစာကိုပဲ ရှာစားပါတဲ့။ အပူစာ
ဆိုတာဘာလဲဆိုတော့ သူများစိတ်သောကရောက်၊
ဒုက္ခဖြစ်နေချိန်မှာ စားရတဲ့အစာကိုပြောတာတဲ့။

အခုကိုဗစ်တတိယလှိုင်း စပြီဆိုတာနဲ့အရင်က(၁)ဘူး၊
(၁၀၀ဝိ)ရောင်းနေတဲ့ Maskက (၁)ဘူးကို(၂၅၀ဝိ)
ဖြစ်ကုန်တယ်။ တချို့ဆိုင်တွေ (၄)ထောင်/(၅)ထောင်
ထိတောင် ရောင်းတယ်ကြားရတယ်။ အရက်ပျံ(၁)
ပုလင်းကအရင်က(၁၀၀ဝိ)ကနေ၊ အခု(၂၀၀ဝိ)ထိ
ဖြစ်ကုန်တယ်။ Detol, တစ်သျှူးနဲ့ယုတ်စွအဆုံး
အောက်ဆီဂျင်ဆလင်ဒါအိုးနဲ့ အောက်စီဂျင်စက်
တွေကအစ (၂)ဆ၊(၃)ဆဈေးတက်ကုန်တယ်။

ကပ်ရောဂါဖြစ်ရတဲ့အကြောင်းရင်းထဲမှာ မတော်
တရား လောဘကြီးတဲ့သူတွေများလာတာလည်း
အဓိကအချက်တစ်ခုအနေနဲ့ပါတယ်လို့ မဟန
ဥက္ကဌဆရာတော်ကြီးဟောတဲ့တရားမှာ နာဖူး
ပါတယ်။ မှတ်သားဆင်ခြင်ကြစေချင်ပါသည်။
အထူးသဖြင့်ယခုကာလမှာ ငွေအလွန်ရှားပါတယ်။
ဘဏ်တွေကနေ ပိုက်ဆံထုတ်ရတာလည်းအလွန်
ခက်ပြီး လွန်စွာချမ်းသာတဲ့သူ‌ဌေးကြီးများကလွဲ၍
ကျန်သူအားလုံး လက်ထဲငွေပိုငွေလျှံမရှိကြပါဘူး။
ဒီလောက် ငွေကြပ်ခက်ခဲနေချိန် ကပ်ရောဂါက
ပြန်စလာတော့ ကြိုတင်ကာကွယ်ဖို့အတွက်
Mask, အရက်ပျံ၊ Vit C, Vit Dစတဲ့အားဆေးများနဲ့
ဖျားနာပျောက်ဆေးပါရာစီတမော၊ စီထရင်း၊
ချောင်းဆိုးပျောက်ဆေး၊ ကီးမို့စတဲ့ မရှိမဖြစ်ဆေးဝါး
ပစ္စည်းတွေ ဝယ်ကြရပါတော့တယ်။ မျက်ဖြူစိုက်လေ
ဆရာကြိုက်လေဆိုသလို အထက်ကပြောခဲ့တဲ့ဆေးဝါး
ပစ္စည်းအားလုံး ဈေးတွေမတန်တဆတက်ကုန်ပါတယ်။
လူလန်တန်းစားနဲ့အခြေခံလူတန်းစားတွေအတွက်
ပုံမှန်စားသောက်စရိတ်ထဲကနေ ကပ်ရောဂါကာကွယ်
ရေးပစ္စည်းတွေဖဲ့ဝယ်ရတဲ့အခါ မတန်တဆဈေးတွေ
ကြောင့် ဒုက္ခရောက်ရ၊ စိတ်သောကဖြစ်ရပါတယ်။

အပူစာစားကြသူ(ဝိသမလောဘသမား)တွေ တစ်ခု
တော့မှတ်ထားကြပါ။ မလှူတတ်ရင် ဈေးရောင်း
ဆိုတဲ့မြန်မာစကားပုံကိုမေ့ထားပြီး ခေတ်ပျက်တုန်း
သူဌေးဖြစ်မကြံမိကြပါစေနဲ့။ အပူစာဆိုတာ ကြာကြာ
မခံပါဘူး။ ခုလိုကပ်ဘေးကာလမှာ ရလိုက်တဲ့အမြတ်
ကြောင့် ကား(၁)စီးဝယ်စီးနိုင်ရင် အဲ့ဒီကားကကိုယ့်ကို
ဒုက္ခပြန်ပေးပါလိမ့်မယ်။ ကိုယ်ရလိုက်တဲ့အမြတ်ထက်
မိသားတစ်စုလုံး ပေးဆပ်ရတတ်ပါတယ်။

ယခင် နာဂစ်နဲ့ရေဘေး၊လေဘေးဖြစ်စဉ် ဓာတ်ဆား
တွေ ဈေးအဆ(၂၀)လောက်တက်သွားပြီး ဓာတ်ဆား
‌ဖြန့်တဲ့လက်ကားသမားတွေ အတော်ချမ်းသာသွားဖူး
ပါတယ်။ အဲ့ဒီလောဘကံတွေအကျိုးပေးချိန်မှာ
ဆေးဆိုင်တွေ မီးထဲပါသွားပါတယ်။ မမှတ်သေးလို့
နောက်တစ်ကြိမ်ထပ်လောင်ပါသေးတယ်။ သံဝေဂ
ရကြပါ။ လူအများဒုက္ခရောက်နေချိန် ယူသောလက်
ထက်၊ ပေးသောလက်ဖြစ်ကြပါစေလို့ ဆုမွန်ကောင်း
တောင်းရင်း ကပ်ကြီး(၃)ပါးဘေးက ကင်းဝေးကြ
ပါစေ။

မေတ္တာဖြင့်

မြန်မာနိုင်ငံတစ်ဝှမ်း ဖွင့်လှစ်ထားရှိသော အခြေခံပညာကျောင်းများ ဇူလိုင် ၂၃ ရက်အထိ ယာယီပိတ်ထားမည်။Source
09/07/2021

မြန်မာနိုင်ငံတစ်ဝှမ်း ဖွင့်လှစ်ထားရှိသော အခြေခံပညာကျောင်းများ ဇူလိုင် ၂၃ ရက်အထိ ယာယီပိတ်ထားမည်။

Source

Share ပေးကြပါအုံးဗျ အရေးပေါ်လိုအပ်နေသူများအတွက်ပါ 🙏Crd.
09/07/2021

Share ပေးကြပါအုံးဗျ
အရေးပေါ်လိုအပ်နေသူများအတွက်ပါ 🙏

Crd.

01/02/2021

Order ပစ္စည်းများပို့ခြင်းကိုခေတ္တဆိုင်းငံထားပါတယ်ဗျ
အဆင်ပြေတာနဲ့ Page မှာတင်ပေးပါမယ်ဗျ
ဝယ်ယူအားပေးမှုကိုအထူးကျေးဇူးတင်ရှိပါတယ်

Customer order  Mobile legends T-shirts 😎Be Yourself,Imagine That! 😉Get Yours Now!
29/01/2021

Customer order
Mobile legends T-shirts 😎
Be Yourself,Imagine That! 😉
Get Yours Now!

Address

Yangon

Telephone

+959969949860

Website

Alerts

Be the first to know and let us send you an email when Joker Clothing Myanmar - JCM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share