13/05/2026
Success World Company Limited သင်္ဃန်းကျွန်းရုံးချုပ် နှင့် ပြည်ရုံးခွဲတွင် အလုပ်လုပ်ကိုင်ရန်အတွက် အောက်ဖော်ပြပါ ဝန်ထမ်းများ အလိုရှိပါသည်။
၁။ သန့်ရှင်းရေးဝန်ထမ်း - မ (၁)ဦး
(သင်္ဃန်းကျွန်းရုံးချုပ်တွင် အလုပ်လုပ်ရမည် ဖြစ်သည်။)
✅ လုပ်ဆောင်ရမည့် လုပ်ငန်း တာဝန်များ
- ရုံးခန်းအတွင်း အပြင် သန့်ရှင်းရေးလုပ်ဆောင်ရန်။
- ဘုရားကျောင်းဆောင် သန့်ရှင်းရေး ပြုလုပ်ခြင်း နှင့် နေ့စဉ် ပန်း၊ ရေချမ်း၊ ဆွမ်းတော်များ စနစ်တကျ ကပ်လှူပူဇော်ပေးရန်။
- အမှိုက်များအား နေ့စဉ် စနစ်တကျ ထုတ်ပိုး၍ စွန့်ပစ်ရန်။
-သန့်စင်ခန်းများကို သန့်ရှင်းတောက်ပအောင် ဆေးကြောရန်။
-အခြား သန့်ရှင်းရေးနှင့်ပတ်သက်သည့် ကိစွများပြုလုပ်ရန်။
✅ လိုအပ်ချက်များ
- ရိုးသားကြိုးစားပြီး အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ရမည်။
- အလုပ်အပေါ် စေ့စပ်သေချာပြီး သန့်ရှင်းမှုကို ဂရုစိုက်သူဖြစ်ရမည်။
- ကျန်းမာရေးကောင်းမွန်ပြီး တက်ကြွစွာ လုပ်ကိုင်နိုင်သူဖြစ်ရမည်။
- အလုပ်ခွင် ရက်မှန်စွာ ဆင်းနိုင်သူ ဖြစ်ရမည်။
၂။ ပစ္စည်းပို့ ဝန်ထမ်း - ကျား(၁)ဦး
(သင်္ဃန်းကျွန်းရုံးချုပ်တွင် အလုပ်လုပ်ရမည် ဖြစ်သည်။)
✅ လုပ်ဆောင်ရမည့် လုပ်ငန်း တာဝန်များ
- ရုံးမှ လုပ်ငန်းသုံး ပစ္စည်းများကို သတ်မှတ်ထားသော ကားဂိတ်များသို့ အချိန်မီ ပို့ဆောင်ပေးရန်။
- ဂိတ်တွင် ပစ္စည်းအပ်နှံပြီးနောက် ဂိတ်လက်ခံဖြတ်ပိုင်း (Voucher) များကို စနစ်တကျ ပြန်လည်ယူဆောင်လာရန်။
- ပစ္စည်းများ မပျောက်ဆုံး၊ မပျက်စီးစေရန် တာဝန်ယူ ကိုင်တွယ်ပို့ဆောင်ရန်။
- အခြား ပစ္စည်းပို့ခြင်းနှင့် သက်ဆိုင်သော ကိစွများ ပြုလုပ်ရန်။
✅ လိုအပ်ချက်များ
- အနည်းဆုံး ဆယ်တန်း(သို့) ဆယ်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။
- အသက်(၁၈)နှစ်မှ (၃၀)နှစ်အတွင်း ဖြစ်ရမည်။
-အကျင့်စာရိတ္တ ကောင်းမွန်ပြီး ရိုးသားမှုရှိကာ လုပ်ငန်းအပေါ် တာဝန်ယူလိုစိတ်ရှိသူ ဖြစ်ရမည်။
- အလုပ်ခွင် ရက်မှန်စွာ ဆင်းနိုင်သူ ဖြစ်ရမည်။
၃။ အရောင်းဝန်ထမ်း - ကျား(၃)ဦး
(ပြည်ရုံးခွဲတွင် အလုပ်လုပ်ရမည် ဖြစ်သည်။)
✅ လုပ်ဆောင်ရမည့် လုပ်ငန်း တာဝန်များ
- သတ်မှတ်ထားသော နယ်မြေအတွင်းရှိ ဆိုင်များသို့ ကိုယ်တိုင်သွားရောက်၍ ပစ္စည်းများ ရောင်းချရန်။
- ဆိုင်အသစ်(ဝယ်ယူသူ) ရှာဖွေခြင်းနှင့် ရှိပြီးသား ဆိုင်များနှင့် ရေရှည်ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ရန်။
- နေ့စဉ်သွားရောက်ခဲ့သည့် ဆိုင်စာရင်းများနှင့် အရောင်းမှတ်တမ်းများကို စနစ်တကျ ပြန်လည်တင်ပြရန်။
- Customer များ၏ လိုအပ်ချက်နှင့် ဈေးကွက်အခြေအနေကို လေ့လာတင်ပြရန်။
- အခြား အရောင်းပိုင်း လုပ်ငန်းကိစွများ ဆောင်ရွက်ရန်။
✅ လိုအပ်ချက်များ
- အနည်းဆုံး ဆယ်တန်း(သို့) ဆယ်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။
- အသက်(၁၈)နှစ်မှ (၃၀)နှစ်အတွင်း ဖြစ်ရမည်။
-အကျင့်စာရိတ္တ ကောင်းမွန်ပြီး ရိုးသားမှုရှိကာ လုပ်ငန်းအပေါ် တာဝန်ယူလိုစိတ်ရှိသူ ဖြစ်ရမည်။
- အလုပ်ခွင် ရက်မှန်စွာ ဆင်းနိုင်သူ ဖြစ်ရမည်။
- အရောင်းအတွေ့အကြုံရှိသူ (သို့မဟုတ်) အရောင်းပိုင်းကို ဝါသနာပါပြီး ကြိုးစားလိုသူဖြစ်ရမည်။
အသေးစိတ် သိရှိလိုပါက
သင်္ဃန်းကျွန်းရုံးချုပ်
လိပ်စာ - အမှတ်(၄)၊ လေးထောင့်ကန် လမ်းမကြီး၊ ဘဝမြင့်မှတ်တိုင်၊ သင်္ဃန်းကျွန်း၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် - ၀၁ ၃၅၅၀၂၁၁ ၊ ၀၉ ၂၆၀၈၆၅၅၅၀
Email - [email protected]
ပြည်ရုံးခွဲ
လိပ်စာ - အမှတ် (၂၇)၊ ဗိုလ်ချုပ်လမ်း၊ ရွာဘဲ ရပ်ကွက်၊ ပြည်။
ဖုန်းနံပါတ် - ၀၉ ၂၆၁၆၃၂၄၀၀ ၊ ၀၉ ၂၅၁၅၉၁၅၁၅
Email- [email protected]
မိမိလျှောက်ထားလို့ သည့် ရုံးခွဲများသို့ Email ပေးပို့၍ လျှောက်ထားနိုင်ပါသည်။