27/12/2020
𝐃𝐲𝐧𝐚𝐦𝐢𝐜 𝐌𝐢𝐜 နဲ့ 𝐂𝐨𝐧𝐝𝐞𝐧𝐬𝐞𝐫 𝐦𝐢𝐜 ဘာတွေကွာခြားလဲ?
𝐂𝐨𝐧𝐝𝐞𝐧𝐬𝐞𝐫 𝐦𝐢𝐜 ကကျတော့ capacitor လိုပုံစံမျိုးရှိပါတယ်။
capacitor မျိုးထဲမှာမှ Diaphragm ရှိတယ်၊
Diaphragm ဆိုတာက ကျွန်တော်တို့ ပါးစပ်ကထွတ်လာတဲ့
အသံ (Sound Wave)တွေသွားသွားရိုက်တဲ့နေရာပေါ့
အဲဒီ့အောက်မှာ Back Plate တွေ ရှိတယ်။
condenser mic တွေသုံးမယ်ဆိုရင် Voltage
တခုမဟုတ်တခုကြွေးရပါတယ်။
48voltage,Phantom power, Type-C နဲ့
အားသွင်းရတဲ့ Battery ပါဝါတခုခုကြွေးရပါတယ်။
𝐃𝐲𝐧𝐚𝐦𝐢𝐜 𝐌𝐢𝐜 တွေထဲမှာလည်း
Diaphragm ရှိပါတယ်။
Diaphragm မှာမှ voice coil ရှိပါတယ်။
voice coil ကဘာကိုပတ်နေလဲဆိုတော့ အထဲက Magnetကို ပတ်နေတယ်။
ဘယ်လိုအလုပ်လုပ်လဲဆိုတော့ များသောအားဖြင့် ပါဝါမကြွေးရဘူး
ကျွန်တော်တို့ ပါးစပ်ကထွက်လာတဲ့ wave line တွေ
အသံလှိုင်းတွေဟာဆိုရင် ကျွန်တော်တို့ဒီ
voice coil တွေမှာ သွားပြီးတော့ တုန်ခါမှုတွေဖြစ်တယ်
တုန်ခါမှုတွေက Magnetကိုထိပြီးတော့ Audio wave Form အဖြစ်
Electrical Signal ကိုပြောင်းပေးတယ်၊ အဲဒီကနေတဆင့်
Recorder ထဲကိုသွားပြီးတော့ အသံကို ဖမ်းယူပေးတာဖြစ်ပါတယ်။
Condenser mic ကတော့
sensitive အရမ်းမြင့်လို့
အသံတိုးတိုးလေး (background noiceတွေပါ) ဖမ်းယူနိုင်ပါတယ်။
အသံက Natural ဖြစ်တယ်။
dynamic mic ကတော့
sensitive အရမ်းနိမ့်ပါတယ်။
မိုက်အနီးက အသံကိုပဲ ဖမ်းယူနိုင်ပါတယ်။
ဒါကြောင့် stateshowတွေမှာ အသုံးပြုကြတာ တွေ့ကြရမှာပါ။
အသံဩဩကြီးတွေ လုပ်ယူလို့ရတယ်။ စတီရီယို မှာ သုံးတယ်။
Reference From The Burmese Geek
မိတ်ဆွေတို့ အတွက် 𝐖𝐞𝐞𝐤𝐞𝐧𝐝 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐒𝐡𝐚𝐫𝐢𝐧𝐠
အစီစဉ်လေးက အကျိုးရှိတယ်ဆိုရင် like and share လေး
လုပ်ပေးခဲ့ကြပါဗျာ...
နောက်တပတ်မှာလဲ 𝐖𝐞𝐞𝐤𝐞𝐧𝐝 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐒𝐡𝐚𝐫𝐢𝐧𝐠
လေးနဲ့ ပြန်လည် မျှဝေပေးပါအုံးမည်။