Soe Computer

Soe Computer Computer Knowledge Share
Computer Basic

 #ယူနန်ပြည်နယ် ကျန်းမာရေးကော်မတီက ထုတ်ဝေသည့် COVID-19 အဆုတ်ရောင်ရောဂါကာကွယ်ရေးလက်စွဲ (မြန်မာပြန်)မူရင်း PDF အား Download...
27/03/2020

#ယူနန်ပြည်နယ် ကျန်းမာရေးကော်မတီက ထုတ်ဝေသည့် COVID-19 အဆုတ်ရောင်ရောဂါကာကွယ်ရေးလက်စွဲ (မြန်မာပြန်)
မူရင်း PDF အား Download လုပ်ရန်။
https://drive.google.com/file/d/1H2c--LUj9G6gsu-y3HiL-OM8OJhI3QiL/view

MYANMAR ICT ACADEMY

အကြောက်မလွန်ခြင်းဖြင့်မိမိကစ ကာကွယ်ပါ......... #အဆုံးထိဖတ်ပေးကြပါ
24/03/2020

အကြောက်မလွန်ခြင်းဖြင့်
မိမိကစ ကာကွယ်ပါ.........
#အဆုံးထိဖတ်ပေးကြပါ

မြန်မာနိုင်ငံတွင် ပထမဆုံး COVID-19 ရောဂါ ကူးစက်ခံရသူ ၂ ဦး တွေ့ရှိကြောင်း ကျန်းမာရေး၀န်ကြီးဌာန ထုတ်ပြန် ဧရာ၀တီ ၊ မတ် ၂၄ ၊...
23/03/2020

မြန်မာနိုင်ငံတွင် ပထမဆုံး COVID-19 ရောဂါ ကူးစက်ခံရသူ ၂ ဦး တွေ့ရှိကြောင်း ကျန်းမာရေး၀န်ကြီးဌာန ထုတ်ပြန်

ဧရာ၀တီ ၊ မတ် ၂၄ ၊ ၂၀၂၀ ။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ပထမဆုံး ကူးစက်ခံရသူ ၂ ဦး တွေ့ရှိကြောင်း ကျန်းမာရေး၀န်ကြီးဌာနက မတ်လ ၂၃ ရက်နေ့ ည ၁၁ နာရီ ၄၅ အချိန်တွင် ထုတ်ပြန်ထားသည်။

အမေရိကန်နိုင်ငံမှ (၁၃-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာခဲ့သည့် ချင်းပြည်နယ်၊ တီးတိန်မြို့တွင် နေထိုင်နေသည့် မြန်မာနိုင်ငံသား အမေရိကန်နိုင်ငံမှ Green Card ရရှိထားသူ အသက် (၃၆) နှစ်အရွယ် အမျိုးသားသည် (၁၉-၃-၂၀၂၀) ရက်နေ့တွင် ကိုယ်အပူချိန်မြင့်တက်ဖျားနာခဲ့သဖြင့် Population Services International ဆေးခန်းတွင် သွားရောက်ပြသခဲ့ပြီးနောက် (၂၁-၃-၂၀၂၀) ရက်နေ့တွင် တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းခဲ့သဖြင့် စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင်ထားရှိ၍ (isolation) စောင့်ကြပ်ကုသမှု ပေးခဲ့ပါသည်။

အဆိုပါ လူနာတွင် ချောင်းဆိုးခြင်း အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိခဲ့ပါ။ အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာအား (၂၂-၃-၂၀၂၀) ရက်နေ့တွင် ရယူခဲ့ပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့ခဲ့ရာ ယနေ့ (၂၃-၃-၂၀၂၀) ရက်နေ့တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။

(၂၃-၃-၂၀၂၀) ရက်နေ့၊ ည (၁၁) နာရီအချိန် စမ်းသပ်စစ်ဆေးချက်အရ အဆိုပါအမျိုးသားလူနာ၏ ကျန်းမာရေးအခြေအနေမှာ ကိုယ်ပူဖျားနာခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိဘဲ သက်သာလျက်ရှိပါသည်။ အဆိုပါ လူနာအား ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံတွင် သီးခြားထားရှိ (isolation) ၍ စနစ်တကျစောင့်ကြပ်ကုသလျက်ရှိပါသည်။

အင်္ဂလန်နိုင်ငံမှ (၂၂-၃-၂၀၂၀) ရက်နေ့တွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဝင်ရောက်လာခဲ့သည့် အသက် (၂၆) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ (၂၂-၃-၂၀၂၀) ရက်နေ့တွင် လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး ကွင်းဆင်းသင်တန်းကျောင်းတွင် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ကိုဆောင်ရွက်ခဲ့ကာ (၂၂-၃-၂၀၂၀) ရက်နေ့၊ ညပိုင်းတွင် မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ပြောင်းရွှေ့ပြီး အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ကိုဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမျိုးသားသည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့စဉ်မှ ယနေ့ညအထိ ကိုယ်ပူဖျားနာခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိသော်လည်း ဓာတ်ခွဲနမူနာအား (၂၃-၃-၂၀၂၀) ရက်နေ့တွင် ရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။
အဆိုပါအမျိုးသားအား (၂၃-၃-၂၀၂၀) ရက်နေ့၊ ညတွင် ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကာ သီးခြားထားရှိ (isolation) ၍ စနစ်တကျစောင့်ကြပ်ကုသလျက်ရှိပါသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် အဆိုပါအမျိုးသား (၂) ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးပုံ၊ စစ်ဆေးနည်း (Protocol) (၄) မျိုးဖြင့် ပိုမိုသေချာစေရန် စနစ်တကျ ဓာတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအရ အဆိုပါ အမျိုးသား (၂) ဦးထံမှ ဓာတ်ခွဲနမူနာများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ (၂၄-၃-၂၀၂၀) ရက်နေ့တွင် ဆက်လက်ပေးပို့၍ အတည်ပြုချက် ရယူသွားမည်ဖြစ်ပါသည်။

အဆိုပါ အမျိုးသား (၂) ဦးနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်သည်။

Source - Ministry of Health and Sports, Myanmar

ဆိုင် မသွားပဲ Windows ကို အိမ်မှာပဲ တင်ကျမယ်!!!-------------------------------------လူကြီးမင်းတို့ သုံးနေတဲ့ Computer ကိ...
12/03/2020

ဆိုင် မသွားပဲ Windows ကို အိမ်မှာပဲ တင်ကျမယ်!!!

-------------------------------------
လူကြီးမင်းတို့ သုံးနေတဲ့ Computer ကို Window 7 ကနေ
Windows 10 ပြောင်း ချင်နေသလား
Windows Error တတ်နေလို့ Computer သုံးမရဖြစ်နေလို့
ခေါင်းစားနေသလား Windows Version ပြောင်းချင်သလား
အဲ့တာတွေကို ဆိုင်သွားပြစရာမလိုပဲ ကို့အိမ်မှာပဲလုပ်လို့ရတယ်ဆိုတာ
သိပြီးကြပြီလား.............
အဲ့တာကတော့ လူကြီးမင်းတို့ Computer တွေအတွတ်
ဖုန်းလေးတစ်ချက်ဆက်လိုက်တာနဲ့ အိမ်အရောက် Windows Services
ပေးနေပါပြီ။
ဖုန်းဆက်လိုက်တာနဲ့ လူကြီးမင်းတို့ဆီ လူကိုယ်တိုင် လာရောက်
Services ပေးနေပါပြီ။
လူကြီးမင်းလုပ်ရမှာဆိုလို့ဖုန်းလေးတစ်ချက်ဆက်လိုက်ရုံပါပဲ။
ရန်ကုန်မြို့အတွင်းအိမ်အရောက်နော်။
-------------------------------------------
ဖုန်း-၀၉၉၆၇၅၂၂၅၆၉

Brave browser ကို သုံးကြဖို့ အချိန်တန်ပြီ။JavaScript ကို တီထွင်ခဲ့တဲ့ Brendan Eich ဦးဆောင်ဖန်တီးထားတဲ့ Brave Browser ပေါ...
01/03/2020

Brave browser ကို သုံးကြဖို့ အချိန်တန်ပြီ။

JavaScript ကို တီထွင်ခဲ့တဲ့ Brendan Eich ဦးဆောင်ဖန်တီးထားတဲ့ Brave Browser ပေါ်တာတော့ ကြာပါပြီ။ အခြေခံအားဖြင့် Google Chrome ရဲ့ Open Source version ဖြစ်တဲ့ Chromium ကို အခြေခံထားပြီး ကြော်ငြာတွေကို Block လုပ်တဲ့ Ads Blocker Build-in ပါတဲ့ Browser တစ်ခုပါ။

ဆိုလိုတာက Chrome နဲ့ တူညီတဲ့ User Experience ကို ပိုကောင်းတဲ့ Privacy နဲ့ ရမယ်ဆိုပါတော့။ လက်တွေ့မှာ Brave Browser က ဒီထက်အများကြီး ပိုပါတယ်။ တစ်ခြား Browser တွေမှာ Private Browsing (incognito) Mode လောက်ပဲ ပါတာ။ သူ့မှာက Private Browsing ကို Tor နဲ့ တစ်ခါတည်း လာတာ။

Private Browsing နဲ့ အင်တာနက် သုံးလိုက်ရင် ကိုယ်ဘာသုံးလဲ လူမသိတော့ဘူးလို့ တစ်ချို့က ထင်ကြတာ။ တစ်ကယ်တော့ Private Browsing က Browser History မကျန်တာလောက်ပဲ ရှိတာ။ ကိုယ်ဘာတွေ သုံးနေလဲ ဆိုတာကိုလည်း ISP ကသိတယ်၊ ကိုယ်ဘယ်သူလဲ ဘယ်ကလဲ ဆိုတာကိုလည်း သက်ဆိုင်ရာ Website က သိတယ်။ ဘာမှ ဒီလောက်ကြီးထူးပြီး Private ဖြစ်သွားတာ မဟုတ်ဘူး။ တစ်ကယ် Private စစ်စစ် ဖြစ်ချင်ရင် VPN တွေ သုံးမှပဲ ရမယ်။ Brave မှာတော့ Private Browsing ကိုမှ Tor နဲ့ လာတဲ့အတွက် တစ်ခါတည်း ပြီးသွားရော။

ဒါတင်မက Reward တွေပါ ရသေးတယ်။ လိုရင်းပြောရရင် Facebook တို့ Youtube တို့ ကြည့်ရင် ကြော်ငြာတွေပါ ကြည့်ရတယ် မဟုတ်လား။ သူ့ Website သုံးချင်တော့ သူ့ကြော်ငြာတွေ မကြည့်ချင်လည်း ကြည့်ရတာပေါ့။ Brave မှာက ကြော်ငြာတွေ ကြည့်ရင် Reward ရတယ်။ ရတဲ့ Reward ကိုသုံးပြီး ကိုယ်ကြိုက်တဲ့ Website ကို Tip ပေးလို့ရတယ်။ ဒီတော့ Website ပိုင်ရှင်တစ်ယောက်အနေနဲ့ ပိုက်ဆံရဖို့ ကြော်ငြာတွေ လှိမ့်ပြနေစရာ မလိုတော့ဘူး၊ Tip တွေရမယ်ဆိုတဲ့ သဘောပါ။

အစောပိုင်းကတော့၊ ဟုတ်မှဟုတ်ပါ့မလား စောင့်ကြည့်နေပေမယ့် အခုတော့ လူပြောလည်း များလာပြီ၊ လူသုံးလည်း များလာပြီ။ စမ်းကြည့်တော့လည်း အဆင်ပြေတယ်။

ဒါကြောင့် Brave Browser ကို ပြောင်းပြီး စမ်းသုံးကြည့်ဖို့ အချိန်တန်ပြီလို့ အကြံပြု တိုက်တွန်းလိုက်ပါကြောင်း...

https://brave.com/
Crd

Computer တစ်လုံးဝယ်မယ်ဆိုရင် သိသင့်သည်များ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~Laptop ဆိုတာ PC တစ်လုံးပဲ ဖြစ်ပါတယ်။ PC ...
21/02/2020

Computer တစ်လုံးဝယ်မယ်ဆိုရင် သိသင့်သည်များ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Laptop ဆိုတာ PC တစ်လုံးပဲ ဖြစ်ပါတယ်။
PC ဆိုတာ Personal Computer ကို အတိုကောက် ခေါ်ဆိုတာဖြစ်ပါတယ်။
ဒါ့ကြောင့် Laptop ဖြစ်ဖြစ် Desktop ဖြစ်ဖြစ် PC တစ်လုံးပဲ ဖြစ်ပါတယ်။
Laptop ဝယ်တာနဲ့ Desktop ဝယ်တာနဲ့ သိပ်တော့ ကွာဟချက်မရှိပါဘူး။

laptop တစ်လုံးဝယ်မယ်ဆိုရင် i3 လား i5 လား၊ generation ဘယ်လောက်လဲ၊ ram ဘယ်လောက်လဲ၊ graphic ကရောဘယ်လောက်ပါလဲ၊ HDD/SSD ရောဘယ်လောက်လဲ စသည်ဖြင့် မေးတတ်ကြပါတယ်။

နောက်ပီး ကိုယ်က ဘာအတွက်သုံးချင်တာလဲ သိရပါမယ်။ ပုံမှန် ရုံးသုံး Software/ဆိုင်သုံး Software လေးတွေသုံးချင်တာလား၊ ပုံမှန် game လေးတွေပဲ ဆော့ချင်တာလား။ ဒါမှမဟုတ် photoshop တို့လို၊ video editing တို့လို၊ ပြီးတော့ အတန်အသင့်မြင့်တဲ့ဂိမ်းမျိုးတွေ ဆော့ချင်တာလား ဆုံးဖြတ်ရပါမယ်။

Laptop ဝယ်မယ်ဆိုရင် Laptop အကြောင်းလေးတော့ သိထားသင့်ပါတယ်။ Laptop ဝယ်တော့မယ်ဆိုရင် ဘာတွေ သိထားသင့်သလဲဆိုတာ တင်ပြလိုက်ရပါတယ်။

PROCESSOR (CPU)
Laptop တစ်လုံးဝယ်တော့မယ်ဆိုရင် မဖြစ်မနေ ရွေးချယ်ရမယ့်အစိတ်အပိုင်းတစ်ခုက CPU (Central Processing Unit) ဖြစ်ပါတယ်။ ကွန်ပျူတာစနစ်တစ်ခုရဲ့ တွက်ချက်မှုတွေကို ပြုလုပ်ပေးတဲ့ အစိတ်အပိုင်းဖြစ်လို့အရေးပါပါတယ်။ ကွန်ပျူတာရဲ့ စွမ်းဆောင်ရည် မြန်ခြင်းနှေးခြင်းကို လွန်စွာသက်ရောက်မှုရှိပါတယ်။
CPU ဆိုတာ Central Process Unit ကို အတိုကောက် ခေါ်ဆိုတာ ဖြစ်ပါတယ်။ Computer ဝယ်တော့မယ်ဆိုရင် Desktop ဖြစ်ဖြစ် Laptop ဖြစ်ဖြစ် Processor ကို အဓိကထားပြီး ရွေးချယ်ရပါတယ်။ လက်ရှိမှာ အများဆုံး အသုံးပြုနေတဲ့ Computer CPU တွေကတော့ Intel CPU နဲ့ AMD CPU ဆိုပြီး နှစ်မျိုး ရှိပါတယ်။ ဒီ CPU နှစ်မျိုးမှာ Intel ကို အသုံးပိုများပြီး AMD ကိုလည်း သုံးကြပါတယ်။ Intel နဲ့ AMD နဲ့ ဘာကွာသလဲဆိုရင် Intel က ပါဝါစားသုံးမှု AMD ထက်ပိုနည်းပါတယ်။
ဒါပေမယ့် စျေးနှုန်းအရဆိုရင် Intel က AMD ထက်ပိုများပါတယ်။ CPU တွေမှာ Core ဘယ်လောက်ပါတယ်ဆိုပြီး ရွေးချယ်နိုင်ပါသေးတယ်။ Core များရင်ပိုကောင်းပါတယ်။ Core i3/Core i5/Core i7 စသဖြင့် စွမ်းဆောင်ရည်အဆင့်ဆင့် ရှိပါတယ်။ Core i7 ကတော့အမြင့်ဆုံး ဖြစ် ပါတယ်။

MEMORY (RAM)
Memory ဆို Computer ရဲ့ ဒုတိယ အသက်ပဲ ဖြစ်ပါတယ်။ လုပ်ငန်းတစ်ခု CPU ဆီကိုရောက်ဖို့ Memory ပေါ်ကနေ ဖြတ်သန်းလုပ်ဆောင်ရပါတယ်။ CPU လိုအပ်တာတွေကို Storage ကနေပြီး Memory ပေါ်ကို တင်ပြီး အလုပ်လုပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် Memory ပမာဏနဲ့ Memory speed များလေ CPU ရဲ့ လုပ်ဆောင်ချက်ကို အပြည့်အဝ အသုံးချနိုင်လေ ဖြစ်ပါတယ်။ CPU များပြီး Memory နည်းနေမယ်ဆိုရင် CPU ရဲ့ လုပ်ဆောင်ချက်ကို အပြည့်အဝ ခံစားရနိုင်မှာ မဟုတ်ပါဘူး။ Memory များလေ ကောင်းလေပဲ ဖြစ်ပါတယ်။ Memory အနည်းဆုံး 4 GB ရှိသင့်ပါတယ်။

STORAGE
Storage မှာ နှစ်မျိုး အသုံးပြုနိုင်ပါတယ်။ Hard Disk Drive (HDD) နဲ့ Solid State Drive (SSD) တို့ပဲ ဖြစ်ပါတယ်။ HDD နဲ့ SSD မှာ HDD က အစစ အရာရာမှာ အားနည်းတယ်လို့ ဆိုရမှာပါ။ အားသာချက်အနေနဲ့ စျေးသက်သာတာ တစ်ခုပဲ ရှိပါတယ်။ HHD က Data input/output transfer လုပ်တဲ့အခါမှာ 200 MB/s ပဲ ရရှိပါတယ်။ SSD ကတော့ 200 MB/s ကနေ 2500 MB/s အထိ ရရှိနိုင်တဲ့အတွက် HHD ထက် ဆယ်ဆကျော် မြန်တယ်လို့ ဆိုရမှာပါ။

GRAPHIC
Graphic ကတော့ ပိုကောင်းတဲ့ 3D ရုပ်ထွက်ကို ရရှိစေ ဖြစ်ပါတယ်။ Graphic card ပါတာနဲ့ Onboard graphic ပါတာကို ဒီဇိုင်းလုပ်တဲ့အခါ၊ ဂိမ်းကစားတဲ့အခါ၊ ရုပ်ရှင်ကြည့်တဲ့အခါတွေမှသာ သိသိသာသာ ခံစားနိုင်မှာ ဖြစ်ပါတယ်။ Graphic card သီးသန့်ထည့်ထားတာနဲ့ Onboard graphic နဲ့ ဘာကွာသလဲဆိုရင်တော့ Onboard graphic က Graphics Processing Unit (GPU) အတွက် PC ရဲ့ Memory (RAM) ကို အသုံးပြုရပါတယ်။ ဒီတော့ Memory ကို မျှသုံးရတဲ့အတွက် PC ရဲ့ လုပ်ဆောင်ချက်တွေ ကျဆင်းစေပါတယ်။ Graphics card သီးသန့်ထည့်သုံးတာကတော့ Graphics card မှာ GPU အတွက် သီးသန့် Memory ပါပြီးသား ဖြစ်တဲ့အတွက် GPU ကလည်း သီးသန့်၊ Memory ကလည်း သီးသန့်ဆိုတော့ PC ရဲ့ လုပ်ဆောင်ချက်ကို မထိခိုက်စေပဲ Graphics အတွက် သီးသန့် အလုပ်လုပ်ခိုင်းသလို ဖြစ်စေပါတယ်။ ဒါကို ဂိမ်းကြီးတွေနဲ့ ဒီဇိုင်းကြီးတွေ လုပ်တဲ့အခါမှာ သိသာစေပါတယ်။

BATTERY
Laptop ဝယ်တော့မယ်ဆိုရင် ဘက်ထရီကိုလည်း မေ့ထားလို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ Laptop ဝယ်ပြီဆိုကတည်းက အလွယ်တကူ သယ်ယူပြီး ရောက်တဲ့နေရာ မီးရှိရှိ မရှိရှိ ပါဝါဖွင့် သုံးဖို့အတွက်ပါ။ ဒါကြောင့် Laptop ရဲ့ ဘက်ထရီ ဘယ်လောက်ကြာကြာခံတယ်ဆိုတာလည်း Laptop ဝယ်ယူရာမှာ အရေးပါတဲ့ အချက်ပဲ ဖြစ်ပါတယ်။ Laptop battery ရွေးချယ်တဲ့အခါမှာ Battery cell ဘယ်လောက်ပါလည်းဆိုတာ ကြည့်ပြီး ဝယ်ယူရမှာ ဖြစ်ပါတယ်။
ဥပမာ – Battery ဆိုတဲ့နေရာမှာ Li-ion 4 Cells သို့မဟုတ် 3 Cells battery ဆိုပြီး ဖော်ပြတတ်ကြပါတယ်။ Cell များလေ ကြာကြာအသုံးခံလေ ဖြစ်ပါတယ်။ ဒါပေမယ့် batteryရဲ့ အမျိုးအစားနဲ့ mAh အပေါ်လည်း မူတည်ပါသေးတယ်။ batteryမှာ mAh များများပါတာက ပိုပြီးကြာကြာ အသုံးခံပါတယ်။ ဒါကြောင့် mAh များပြီး Cell များများပါတာကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။
Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင် ဘတ်ဂျတ် ဘယ်လောက်သုံးမှာလဲ။ ကိုယ်သုံးမယ့် ဘတ်ဂျက်နဲ့ ကိုယ်လုပ်ခိုင်းရမယ့် အလုပ်နဲ့ ကိုက်ညီမလားဆိုတာ ချိန်ဆကြည့်ရမှာ ဖြစ်ပါတယ်။ ငွေရှင်းကောင်တာမှာ သုံးဖို့၊ အင်တာနက် သုံးဖို့လောက်ဆိုရင် Celeron, Pentium 2.4 GHz မြန်နှုန်းလောက်ဆိုရင် အဆင်ပြေပါတယ်။ ရုံးသုံးဖို့ဆိုရင်တော့ အနည်းဆုံး Pentium 2.4 GHz ကနေ Core i3 2.4 လောက်ကို သုံးသင့်ပါတယ်။
ရုံးသုံးက Excel တွေ သုံးမှာ ဖြစ်တဲ့အတွက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်တစ်ခု ရှိဖို့လိုအပ်ပါတယ်။ ရုံးသုံးကိုမှ ဖိုင်တွေအများအပြားဖွင့်ပြီး အလုပ်လုပ်ဖို့လိုတယ်ဆိုရင်တော့ Memory ကို 8 GB ထားရှိပြီး OS ကို 64 bit အသုံးပြုဖို့ လိုအပ်မှာပါ။ အနည်းဆုံးအနေနဲ့ ပြောရရင်တော့ Core i3 2.4 GHz, Graphic 2 GB card, Memory 8 GB, Storage 1 TB (HDD သုံးနိုင်ပါတယ်။
မိမိ တို့အနေ နဲ့ လိုအပ်ချက် အပေါ်မူတည်ပီး Computer စတင်လေ့လာ နေသူများအနေ နဲ့ Laptop တစ်လုံးကို ဘယ်လို ရွေး ချယ်ဝယ်ယူ ရမလဲဆိုတာကို နားလည်လောက် ပီလို့ထင်ပါ တယ်.....



Credit-OriginalUplaoder

၀မ်းနည်းစိတ်မကောင်းစရာပါပဲကွန်ပျုတာ သုံးသူတိုင်း မနှိပ်မဖြစ် နှိပ်ဖူးကြတဲ  Ctrl - C , Ctrl – V ၊ Copy , Paste , Cut နည်း...
20/02/2020

၀မ်းနည်းစိတ်မကောင်းစရာပါပဲ
ကွန်ပျုတာ သုံးသူတိုင်း မနှိပ်မဖြစ် နှိပ်ဖူးကြတဲ Ctrl - C , Ctrl – V ၊ Copy , Paste , Cut နည်းပညာကိုတီထွင်ခဲ့တဲ့ ကွန်ပျုတာ သိပ္ပံပညာရှင် Larry Tesler တစ်ယောက် ဒီနေ့ပဲ ကွယ်လွန်သွားခဲ့ပါတယ်။

သူ့ရဲ့ ဆန်းသစ်တဲ့ အိုင်ဒီယာတွေနဲ့ တီထွင်မှုကြောင့် ကျနော်တို့ရဲ့ နေ့စဉ်အလုပ်တွေ ပိုမိုလွယ်ကူစေခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။

Rest in peace Sir.

20/02/2020

Microsoft ၏စုစည်းထားသော Office အက်ပလီကေးရှင်းကို Android ဖုန်းအတွက်ရရှိနိုင်
================================================

Unified Office အက်ပလီကေးရှင်းကို Android တွင် အခမဲ့ ယူသုံးဖို့ ပေးထားပါတယ်။ ဒီအက်ပလီကေးရှင်းက Word, Excel နဲ့ PowerPoint ကို တစ်ခုတည်းသော app တစ်ခုထဲကို ပေါင်းထည့်ပေးထားတယ်။ ဒီ app က preview testing အတွက် လတွေ ကြာနေခဲ့ပြီး ယခုလို နောက်ဆုံး Updated ကို ၂၀၂၀ ခုနှစ် ဖေော်ဝါရီလ ၁၇ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။ ရယူသည့်ကြိမ်ရေက ယခု စာရေးနေချိန်မှာ
၅ သန်းကျော်သွားပြီ ဖြစ်ပါတယ်။
Android 6.0 နဲ့ အထက်အတွက် ဖြစ်ပြီး ဖိုင်အရွယ်အစားကတော့ ဖုန်းပေါ်မူတည်ပြီး အပြောင်းအလဲ ရှိပါတယ်။

ရယူရန်
=====
https://play.google.com/store/apps/details?id=com.microsoft.office.officehubrow

သင့်ဖုန်းမှ အကြောင်းအရာများကို Office စာရွက်စာတမ်းများအဖြစ်သို့ ပြောင်းလဲနိုင်သည့် Office အက်ပလီကေးရှင်းဟာ လုပ်ဆောင်ချက် များစွာကိုလည်း အသုံးပြုထားပါတယ်။
သင်သည်စာရွက်စာတမ်းတစ်ခု သို့မဟုတ် whiteboard ဓာတ်ပုံတစ်ပုံကို ယူပြီးတည်းဖြတ်နိုင်သော Word file တစ်ခုကို ဖန်တီးနိုင်တယ်၊ ဇယားတစ်ခုကို scan လုပ်ပြီး Excel တွင် spreadsheet တစ်ခု ဖန်တီးလို့ ရတယ်။ သင်၏ ဖုန်းပေါ်ရှိဓာတ်ပုံများမှ PowerPoint ဆလိုက်တစ်ခုကိုဖန်တီးနိုင်တယ်။ ၎င်း app က လက်ချောင်းထိပ်ထိတွေ့မှုနှင့် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပြီး သင့်လက်ချောင်းထိပ်ဖြင့် စာရွက်စာတမ်းတစ်ခုကို လက်မှတ်ထိုးနိုင်ပါတယ်။ App အတွင်းရှိ ကိုယ်ပိုင်၊ အလုပ် သို့မဟုတ် ကျောင်းအကောင့်ဖြင့် သင်ဝင်ရောက်နိုင်ပါတယ်။
ဒီ app ကိုယ်တိုင်က အခမဲ့ဖြစ်ပြီး Office 365 subscription မပါဘဲ လုပ်ဆောင်ချက်အချို့ကို လုပ်ဆောင်နိုင်ပါတယ်။
ဒါပေမဲ့ အပြည့်အစုံ အကုန်လုံးကို သုံးမယ်ဆိုရင်တော့ Office 365 subscription လိုအပ်မှာ ဖြစ်ပါတယ်။

:
MYANMAR ICT ACADEMY

Word,Excel,PowerPoint တတ်ဖို့ (၇)ရက်ပဲပေးပါ---------*---------*---------*-----------*---------*------အလုပ်ခေါ်လိုက်ရင် က...
19/02/2020

Word,Excel,PowerPoint တတ်ဖို့ (၇)ရက်ပဲပေးပါ
---------*---------*---------*-----------*---------*------

အလုပ်ခေါ်လိုက်ရင် ကွန်ပျူတာအခြေခံတတ်ထားမှတဲ့။
ကိုယ်ကလဲ အလုပ်ကလိုချင်နေတယ်၊ ကွန်ပျူတာသင်တန်း ကလဲ တတ်မထားဖူးတော့ ဒုက္ခလှလှတွေ့ပီပေါ့။

အခုကစပြီးတော့ ဘာမှစိတ်ဒုက္ခမရောက်ပါနဲ့တော့လို့ပဲ
ပြောလိုက်ပါမယ်။ ဘာကြောင့်လဲဆိုတော့....

ကွန်ပျူတာရဲ့အဓိက အခြေခံလို့ ပြောလို့ရတဲ့
Word, Excel, PowerPoint အသုံးပြုနည်းကို
7-ရက်တည်းနဲ့တတ်မြောက်အောင် သင်ကြားပို့ချ
ပေးမှာမို့လို့ပါ။

Online အတန်းဖြစ်လို့ အချိန်မအားမှာကိုလဲ မစိုးရိမ်ရတော့ဘူးလေ။

🤔နားမလည်ရင်ရော ဘယ်လိုလုပ်ရမလဲ?
အဲ့ဒါလဲ စိတ်မပူလေနဲ့၊ Admin ကလိုင်းပေါ်အမြဲလိုလို
ရှိနေတာ inbox ကနေပဲ မေးမလား၊
ဖုန်းဆက်ပြီးပဲမေးမလား၊ ကြိုက်သလိုမေးစမ်းဗျာ..

ကဲ..အဲ့ဒီတော့ 7ရက်တည်းနဲ့ အခြေခံတွေတတ်သွားမှာဆိုတော့ အလုပ်ရှောက်တဲ့အခါ စိတ်မပူရအောင် အခုပဲ Join လိုက်တော့ဗျာ..

ဪ..ဒါနဲ့ သင်တန်းကြေးကလဲ ၅ထောင်တည်းပဲနော်

သင်တန်းအကြောင်း အသေးစိတ်သိချင်တယ်ဆိုရင်
👇 comment မှာ👉 '7days' လို့တာ မန့်လိုက်ဗျာ
Cb ကနေ အသေးစိတ်ပြောပြပေးထားမယ်....

အနေနဲ့လဲ
Word,Excel,Powerpoint ဆိုင်ရာ
စာအုပ်ဖိုင်ပေါင်း (200) ကျော်ကိုလဲ ရရှိအုံးမှာနော်။
အခွင့်အရေးတွေ လက်မလွှတ်ရအောင်
7days လို့တာမန့်လိုက်





Address

Thingangyun

Telephone

+959967522569

Website

Alerts

Be the first to know and let us send you an email when Soe Computer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Soe Computer:

Share