06/03/2026
Phone Cover တွေဝါဝါနေလို့ ခဏခဏလဲနေရပြီလား❓
ဖုန်းကာဗာအကြည် အသုံးပြုတတ်တဲ့သူတွေအနေနဲ့ ဖုန်းကာဗာတွေခဏခဏဝါနေလို့ လဲနေရပြီဆိုရင် ဒီနည်းလမ်းတွေကို အသုံးပြုကြည့်လိုက်ပါခင်ဗျာ...
📍နေရောင်တိုက်ရိုက်မထိအောင်ထားပါ။
UV နေရောင်ခြည်တွေက ဖုန်းကာဗာတွေ ဝါရခြင်းရဲ့ အဓိကအကြောင်းအရာတစ်ခုဖြစ်ပါတယ်။
📍ဖုန်းပူတဲ့အချိန်မှာ ဖြုတ်ထားပေးပါ။
Game ဆော့ရင်း အားသွင်းတဲ့အချိန် ဖုန်းပူတာကလည်း Plastic ကို ပြောင်းလဲစေနိုင်ပြီး ဝါသွားစေပါတယ်။
📍လက်ဆီ၊ Lotion စတဲ့အညစ်အကြေး မကပ်အောင်ထားပါ။
သန့်စင်တဲ့လက်နဲ့သာ ဖုန်းကိုကိုင်ပါ။ Oxidation (Chemical Change) ဖြစ်ပြီး ဝါသွားတတ်ပါတယ်။
📍Cover ကို တစ်ပတ်တစ်ခါ သန့်ရှင်းပေးပါ။
သန့်ရှင်းရေးအတွက် ရေနွေးဝတ်လေးနဲ့ သန့်စင်ပေးလို့ရသလို Soft Brush အသုံးပြုပြီးတော့လည်း သန့်ရှင်းရေးပြုလုပ်နိုင်ပါတယ်။
ဒီအချက်တွေနဲ့သာ ဖြေရှင်းမယ်ဆိုရင် ဖုန်းကာဗာဝါတဲ့ပြဿနာတွေကနေ အဆင်ပြေသွားလောက်မယ်လို့ ထင်ပါတယ်။
နောက်အခေါက်တွေမှာလည်း ဖုန်းနဲ့ပတ်သက်ပြီး ဗဟုသုတအကြောင်းအရာတွေကို ဝေမျှပေးသွားမှာဖြစ်လို့ ဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာ...
#အထင်ကရ
#ဖုန်းကာဗာဝါခြင်း
#နည်းလမ်းများ #ဗဟုသုတအဖြာဖြာ
#သာစည်မြို့