သထုံမြို့၊ မွန်ပြည်နယ်

  • Home
  • Myanmar
  • Thaton
  • သထုံမြို့၊ မွန်ပြည်နယ်

သထုံမြို့၊ မွန်ပြည်နယ် City Thaton, Mon State
သထုံမြို့
(1)

သထုံသမိုင်း
13/07/2025

သထုံသမိုင်း

သုဝဏ္ဏဘူမိ (ခေါ်) သထုံ သမိုင်း
************************
ပေါမောက္ခ လု့စ်၏ Old Burma Early Pagan တွင် ဖော်ပြသည့် သုဝဏ္ဏဘူမိ သည် မုတ္တမပင်လယ်ကွေ့ တွင်ရှိ၍ သထုံဒေသဖြစ်သည်။ ထိုင်းနိုင်ငံ သုတေသီတို့သတ်မှတ်သော
( ယူဆသော ) သုဝဏ္ဏဘူမိ သည်ယိုးဒယား ( ထိုင်း ) ပင်လယ်ကွေ့မှ နန်ကွန်ပထုန်ဒေသဖြစ်ပါသည်။
ဒီသမိုင်းရဲ့အစ ပြောရမယ်ဆိုရင် ရာဇဝင်များထဲမှ သုဝဏ္ဏဘူမိ မြန်မာသက္ကရာဇ် - ၈၄၁( အေဒီ-၁၄၇၉ ) တွင် ပဲခူး ( ဟံသာဝတီ) ဘုရင် ရာမာဓိပတိ( ဓမ္မစေတီ မင်း )သည် ကလျာဏီသိမ်ကျောက်စာကို ရေးထိုးသည့်အခါ " ဗုဒ္ဓဘာသာ စတင် တည်၍ ရဟန်းယောကျာ်း ရဟန်းမိန်းမ သာမဏေယောကျာၤး သာမဏေမိန်းမတို့ဖြစ်ကြကုန်၏ " ဟုဖော်ပြခဲ့သည်။
၎င်း သုဝဏ္ဏဘူမိသည် က သုဓမ္မပူရသထုံ ဂေါဠမတ္တိကနှင့် တိုက်ကလား ဟုအမည်များ ဖြစ်ကြောင်း မင်းနေပြည်တော်သည် ကေလာသပေါ ဘရား၏ အနောက်မြောက် ထောင့်တွင်ရှိကြောင်း မြို့တဝက်ကား တောင်ပေါ်၌ရှိ၍ အခြား တဘက် ကားညီသောမြေပြင် ဖြစ်ကြောင်း ရေးထိုးခဲ သည်ကို တွေ့ရသည်။ ထို့ကြောင့် ထို ကလျာဏီသိမ် ကျောက်စာအညွှန်းအတိုင်းလိုက်၍ ရှေးဟောင်း သုတေသန မူဖြင့် အစဉ်အလာစကား နှင့်မှတ်တမ်းများလာ သုဝဏ္ဏဒီပ သို့မဟုတ် သုဝဏ္ဏဘူမိ ဟူသည် ရှေးဦးအခါက မည်နေရပ်ကို ရည်ညွှန်းကြောင်း ဆန်းစစ်ကြည့်မိပါသည်။သုဝဏ္ဏဘူမိဟု ခေါ်သော ဒေသသည် တိမ်မြှုပ်ပျောက်ကွယ် နေဆဲဖြစ်၏ ရွှေမြေ ၊ ရွှေရောင်အဆင်းနှင့် တင်တယ်သောမြေ ၊ ရွှေထွက်သော နိုင်ငံ စသည်ဖြင့် အဓိပ္ပါယ်ရ သည်။ မြန်မာတို့က ရွှေတိုင်းပြည် ၊ ရွှေနိုင်ငံ ဟုဆိုသော ရှေးဟောင်းမင်းနိုင်ငံ တစ်ခုသည် အောက်မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတွင် တွင်တည်ရှိကြောင်း ၊ ထိုမင်းနိုင်ငံ၏ မြို့တော်ဟောင်းသည် ယခု သထုံနေရာပင်ဖြစ်ကြောင်း ၊ ယင်းမြို့တော်ကို မြန်မာ့အစဉ်အလာမှတ်တမ်းများတွင် သုဝဏဘူမိ- သုဓမ္မဝတီ ဟုခေါ်ကြောင်း သထုံရာဇဝင်ကို ကိုပြုစုသူ ဦးပညာနှင့် မွန်ရာဇဝင် နှင့် စေတီတော်သမိုင်း ကိုပြုစုသူ ဦးရွှေနော်တို့က ဆိုထားခဲ့ပါသည်။ ခေတ်ပြိုင်မှတ်တမ်းများ ဗုဒ္ဓဝင်ဇာတ်တော်များ ဇာတကများထဲမှ သုဝဏ္ဏဒီပ - သုဝဏ္ဏဘူမိ - သုဓမ္မဝတီ သုရ်ဒီဏဒီပ- သုဝဏ္ဏဒီပ သို့မဟုတ် သုဝရ်ဏဘူမိ- သုဝဏဘူမိ ဟူသောအမည်ကို ရာမာယဏ တွင်ရှေးဦးစွာတွေ့ရသည်။ ခရစ် တော်မပေါ်မီပြုစုပြီးသော ဇာတကများတွင် အိန္ဒိယနိုင်ငံ ဆိပ်ကမ်းမြို့မှ သုဝဏဘူမိသို့ ခရီးထွက်ခဲ့ကြောင်း ကို မဟာ ဇနက မင်းသားသည် ဥစ္စာပစ္စည်းရှာဖွေရန် ကုန်သည်တစ်စုနှင့် အတူ အရှေ့တိုင်းတခွင်တွင်ရှိသော ရွှေမြေဒေသသို့ ရောက်ခဲ့ကြောင်း ၊ ဘဂုဂစ္ဆ ( ယခု Broach ) မှ သုဝဏ္ဏဘူမိသို့ ခရီးထွက်ခဲ့ကြောင်း တွေ့ရသည်။
မဒေဝ ရေးသားပြုစုခဲ့သော သမုဒ္ဒရာပုံပြင်များ တွင်လည်း ပင်လယ်ခရီးအကြောင်း ဖော်ပြရာ တွင် သမုဒြရသည် သုဝဏ္ဏဘူမိ၏ မြို့တော်ဖြစ်သော ကလသပုရ သို့ရောက်ခဲ့ကြောင်း၊ဂုဏ္ဏဝတီ ဟူသော မင်းသမီး တပါးသည် ကဋဟ ( ယခု မလေးရှား ) မှအပြန် ခရီးတွင် သင်္ဘော ပျက်ခဲ့ကြောင်း ၊ ပျောက်ဆုံးနေပြီဖြစ်သော Bahskatha ကိုအခြေခံ၍ ရေးသားထားသော ပုံပြင်တွင် သာနူ ဒါသသည် ထိုနိုင်ငံသို့ ခရီးထွက်ခဲ့ကြောင်း ၊ ဗြဟ္မဏစန္ဒြဉ်မိန် သည် ပျောက်ဆုံးနေသောသားငယ်ကို ရှာဖွေရန် အရှေ့ဘက်ရှိကျွန်း များသို့ တစ်ကျွန်းပြီး တစ်ကျွန်း ခရီး ဆက်ခဲ့ကြောင်းဖြင့် ဖော်ပြထားပါသည်။
မိလိန္ဒပဥှာတွင် လည်းကောင်း ၊ မဟာနိဒ္ဒေသ( အေဒီ ၂-၃ ရာစု ) လည်းကောင်း ၊ ဒဗိဠနန်းတွင်းမော်ကွန်း ( အေဒီ ၂ ရာစု )တွင် လည်းကောင်း ၊ မဟာကာလဝိဘင်္ဂတွင် လည်းကောင်း ၊ သီရိလင်္ကာ သမိုင်းကျမ်းဖြစ်သော ဒီပဝံသနှင့် မဟာဝံသတွင် လည်းကောင်း ၊ တိဘက် ကျန်းဂန်စာပေများတွင် လည်းကောင်း ၊ဥစ္စာရှာမှီးရန် လှေသင်္ဘောဖြင့် ပင်လယ်သို့ထွက်ကြရာ အရှေ့ဘက်ရှိ ဆိပ်ကမ်းမြို့များတွင် သုဝဏ္ဏဘူမိအမည် ကိုတွေ့ရသည်။ အရှေ့တောင်အာရှထွက်ကုန်များဖြစ်သော ပိုးထည်နှင့် ပရုတ်များပါလာသည်ကိုထောက်၍ အရှေ့တောင် အာရှ၏ ဒေသတွင်း နိုင်ငံငယ် တစ်ခုသာ ဖြစ်နိုင်မည်ဟု မှတ်ချက် ချနိုင်ပါသည်။လက်တင်နှင့် ဂရိဘာသာကျမ်းများတွင် ရွှေကျွန်း၊ ငွေကျွန်း ဟုဖော်ပြထားကြောင်း တွေ့ရသည်။ အစောဆုံးသော လက်တင်ပထဝီဝင်ဆရာကြီး ပေါင်မ်ပိုးမီးအပ်စ် မေလာ Pampomius Mala ပြုစုသော ပထဝီကျမ်း ( အေဒီ-၀၄၃) တွင် ရွှေကျွန်း၊ ငွေကျွန်း ဟုဖော်ပြထားသည်။ ဖလင်နီ Pliny ၏ သဘာဝပထဝီဝင်ကျမ်းတွင် ရွှေမြေကို ပိုးထည်လူမျိုးတို့ နယ်စပ်တွင်ထားလိုသည်ဟုလည်းကောင်း၊ ဂရိပထဝီဝင် ပညာရှင်ကြီးတစ်ဦးဖြစ်သည့် ခလောဒီယပစ်တော်လမီ Claudius Ptolemy ၏ ပထဝီဝင်ကျမ်း ( အေဒီ -၁၂၇၊၄၁ ) တွင် ရွှေကျွန်း သို့မဟုတ် ရွှေကျွန်းဆွယ်ဟူသော
အမည်ကိုထည့်သွင်း ထားခြင်းဖြင့်လည်းကောင်း တွေ့နိုင်သည်။
ထို့နောက် အာရေဗျ အထောက်အထားများ ဖြစ်သော ( အများအားဖြင့် တစ်ဆင့်စကားများသာဖြစ်ကြောင်း သတိချပ်ရန် ) ဗီရူနီ ပြုစုရေးသားခဲ့သည့် အိန္ဒိယနိုင်ငံ၏ ဘာသာအယူဝါဒ ဒဿနိက ၊ စာပေ၊ သမိုင်း၊ နက္ခတ္တဗေဒ၊ ဓလေ့ထုံးစံနှင့် ဗေဒင်ပညာ - အေဒီ - ၁၀၂၀ ပြည့်ခန့် ) အမည်ရှိကျမ်းသည် ခိုင်လုံသည်။ ထိုကျမ်းတွင် ဇာဗာဇ် ကျွန်းကို ဟိန္ဒူလူမျိုးတို့က သုဝရ်ဒီပ ဟုခေါ်ဆိုကြောင်း ဖော်ပြထားရာ အာရေဗျတိုင်းသားတို့အခေါ် သီရိဘူဇဟု လည်းခေါ်ကြသော ဗီရူနီ၏ကျမ်းလာ သီရိဝိဇိယ ဖြစ်၍ ယခု စူမတ်တြားကျွန်းကိုရည်ညွှန်းသည်။ တရုတ် အထောက်အထားတွင် အေဒီ ၃ ရာစု တရုတ်မှတ်တမ်းများ၌ ယခု ယိုးဒယားပင်လယ်ကွေ့ကြီးကို ကျင်လင်ကွေ့ဟု ဖော်ပြထားရာ ရွှေနယ်ခြားကွေ့ကြီးဟုအဓိပ္ပါယ်ရသည်။ အရှင် ယိကျင့် အေဒီ -၇ ရာစုက အရှေ့တောင်အာရှကိုကျော်ဖြတ်ပြီး အိန္ဒိယသို့သွားရာ ၎င်း ရေးသားပြုစုခဲ့သောမှတ်တမ်း၌ ကျင်းကျိုး ( ရွှေကျွန်း ) ဟုအဓိပ္ပါယ်ပြန်ထားရာ သုဝဏ္ဏ ဒီပကို တိုက်ရိုက်ဘာသာ ပြန်ထားခြင်းဖြစ်သည် ။
မြန်မာတို့၏ ရာဇဝင်ထဲက သုဝဏ္ဏဘူမိ။ သုဝဏ္ဏဘူမိကို မြန်မာရာဇဝင်၊ မွန်ကျမ်းများအပြင်၊ ၎င်း ကျမ်းများကိုစုစည်း၍ ထုတ်နှုတ်တင်ပြသော သထုံရာဇဝင် ( ဦးပညာ ) ၊မွန်ရာဇဝင်နှင့် စေတီတော်သမိုင်း ( ဦးရွှေနော် )၊ ရာမညဒေသ ဓါတ်တော်သမိုင်း၊ ပဲခူးကလျာဏီမွန်ကျောက်စာ ၊ တို့တွင် တွေ့ရှိပါသည်။ဦးစွာ မှန်နန်းရာဇဝင်( စာ-၂၁၁) တွင် သုဓမ္မဝတီ သို့သီဟိုဠ်မှ ပိဋကတ်တော်များ ပင့်ဆောင် လာကြောင်း ကိုဖော်ပြထားသည်။ မုံရွေးရာဇဝင်( မွန်ရာဇဝင်ကျမ်း ) တွင် သုဝဏ္ဏဘူမိ သို့မြတ်စွာဘုရား ကိုယ်တော်တိုင်ကြွလာ၍ ဆံတော်ပေးပုံ ၊သွားစွယ်တော်များပူဇော်ရန် ဗျာဒိတ်ပေးပုံ ၊မုတ္တမ မွန်မင်းဆက် ကို ဝါရူရီမင်းက တည်ထောင်မည့် အကြောင်း ဗျာဒိတ်ပေးပုံ ၊ ဟံသာဝတီကို သမလ ၊ဝိမလတို့ တည်ထောင်မည့် အကြောင်း ဗျာဒိတ်ပေးပုံ ၊ သမလ ၊ဝိမလတို့မွေးဖွားရာ မုတ္တမအနီး ဓညဝတီ မြို့အကြောင်း၊သုဓမ္မဝတီသထုံကိုထူထောင်သည့် အကြောင်း ၊နောက်ဆုံးသထုံပျက်ရသည့်အကြောင်း စုံလင်စွာပါရှိသည်။
ဦးပညာ၏သထုံရာဇဝင်မှာ ကုန်းဘောင်ဆက် ဘကြီးတော် မင်း လက်ထက်တွင် မွန်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုထားကြောင်း သိရပါသည်။ ထိုကျမ်းမှ ကောက်နှုတ် ရလျှင်ဖြင့် ....
၁။ ပထမသုဓမ္မဝတီ နေရာတွင် မူလမုဆိုးလူမျိုးအိမ်ခြေ၅၀၀ ရှိ၏ ။ မင်းကား မဟာသမတ မင်းမှ ဆင်းသက်လာသူ သုဒ္ဓမာနဝ ဖြစ်၏။ ကုသိုလ်ကံကြီးမား၍ သိကြားမင်းက မြို့ခုနှစ်ထပ် ကျုံး ခုနှစ်ထပ် တည်လုပ်ဖန်ဆင်းပေး၍ သုဓမ္မဝတီမြို့ဟု သမုတ်သည်။ မင်း ၂၄ ဆက်လွန်သော် မင်းဆက်ပြတ် လေသည်။
၂။ ဒုတိယသုဓမ္မဝတီ ထိုအရပ်၌ပင် သီဟ နှင့် အကုၤၤရအမည်ရှိ ရသေ့နှစ်ဦးတွင် အကုၤရ ရသေ့ထံ၌ သုဓမ္မရာဇာ မင်းတို့၏ အနွယ် သီရိယကုမ္မာ အမည်ရှိ သူငယ်တစ်ယောက် မထင်မရှား ရှိနေ၏။ ရသေ့နှစ်ပါးမှ ကိတ္တိမသား၏ ဘုန်းလက္ခဏာ အာဏာ တန်ခိုးနှင့် ပြည့်စုံသောသား ဖြစ်ကြောင်းသိလျှင် သိကြားမင်း ကူလျှင် ကောင်းအံ့ ဟု စိတ်ဖြစ်ပေါ်သော် သိကြားမင်းဆင်းသက် ၍ ရဟန်း နှစ်ပါးတို့နေသော သင်္ခန်းကျောင်းနှစ်ခုကြားတွင် မြို့ရိုးခုနှစ်ထပ်ကာသော မြို့တည်၍ သုဓမ္မဝတီဟုသမုတ်ကာ သီရိယကုမ္မာရကို ဇောတိပါလရာဇာဟု ဘွဲ့အမည်ပေးကာ မင်းမြှောက်၏။ ထိုမင်းလွန်သော် သား သီရိမာသောကမင်း မင်း ပြု၏။
၃။ တတိယသုဓမ္မဝတီ၊သုဝဏ္ဏဘူမိ ထိုအခါ သီရိမာသောကမင်း ကမြို့သစ်တည်ကြောင်း ဘိုးတော်ရသေ့ နှစ်ပါးကိုလျှောက်ရာ ရသေ့နှစ်ပါးတို့က မိမိတို့အားဆည်းကပ်လာသော ဝိဇ္ဇာဓိုရ် တို့နှင့် တိုင်ပင်ပြီးလျှင် ဂေတ္တပလု ( ဂေါ့တောင် ) အမည်ရှိတောင် ၏ မြောက်အရပ်၌ ရွှေစပ်သွင်း၍ ရွှေသားအုတ်များဖြင့်မြို့တည် လေ၏။ သိကြားမင်းသိသော် သတ္တဝါအပေါင်းတို့မှာ ဥပါဒ် ဘေးဒဏ်ဖြစ်မည်ကိုမြင်၍ ရွှေတို့ကိုသိမ်းယူပြီးလျှင် ဥမှင်တည်ကာ သွင်းထားလေသည်။ ထိုများစွာသောရွှေကို အ ကြောင်းပြု၍ သုဝဏ္ဏဘူမိဟုတွင်၏။ ထိုသုဝဏ္ဏဘူမိမြို့ကို သီရိမာသောကမင်းက မိမိအစ်ကို ဓမ္မဇမင်းသား အားပေး၍ မင်းပြုစေပြီး ကိုယ်တိုင်မူကား ယခင် သုဓမ္မဝတီ မြို့တွင် ဆက်လက်မင်းပြုလေသည်။ သက်တော် (၆၈) တွင်ကံကုန်ရာ သုဓမ္မဝတီမြို့ဆိပ်ငြိမ်၍ သုဝဏ္ဏဘူမိ စည်ပင်လေသည်။မင်းဆက် ပေါင်း (၁၆) ဆက်က နှစ်ပေါင်း ၂၃၇ တိုင်အုပ်စိုးခဲ့သည်။သုဓမ္မဝတီ မြို့မှခွဲ၍ သုဝဏ္ဏဘူမိကို တည်သဖြင့် သုဘိန္နဂရ ဟုခေါ်ကြလေသည်။ ဤ ပထမ၊ ဒုတိယ၊ တတိယ သုဓမ္မဝတီ၊သုဝဏ္ဏဘူမိကား ဗုဒ္ဓမတိုင်မီ ကာလဟု ဆိုထားပါသည်။
၄။ စတုတ္ထသုဓမ္မဝတီ၊ သုဝဏ္ဏဘူမိမြို့ကို ထပ်မံပြုပြင်ခြင်း တိဿ မင်းကြီးသည် သုဘိန္နနဂရ ( တတိယသုဓမ္မဝတီ၊သုဝဏ္ဏဘူမိ) တွင် နန်းစံစဉ် ဂျွှန်းစစ်သည်တို့ဝန်းရံလာသည်။ ထိုမြို့ရှိ သဘောၤသားတို့ သမုဒ္ဒရာပင်လယ်ခရီးဖြင့် လှည့်လည်ရာတွင် တောသားလူငယ်လေးစင်္ကြာရှင် တွေ့လာသဖြင့်လေးစင်္ကြာကိုမင်းကြီးအားဆက်ရာဂျွန်းတို့ကိုထိုလက်နက်နှင့် အောင်မြင်ခဲ့ သည်။ လေးရှင်အားကျေးဇူးကြီးသောကြောင့်သမီးတော်နှင့်လက်ဆက်ပေးခဲ့သည်သို့သော်ထိုလူငယ်သည်ဇာတိကျွန်းပြန်ရောက်စဉ်ကွယ်လွန်၍သမီးတော်ကားထိုအရပ်၌ပင်မြို့တည်နေခဲ့သည်။ ကြွင်းကျန်သော သားတော်ကားဝိဇ္ဇာဓိုဖြစ်ချင်သောကြောင့် ဝိဇ္ဇာဓိုရ် နှင့်လိုက်သွားရာ ထီးမွေဆက်ခံသူမရှိဖြစ်နေ၏။ထို့ကြောင့် ၎င်းနှင့် အမည်တူ ၊အရွယ်တူ ၊ ပညာသင်ဖက် အမတ်ကြီး၏သား တိဿကုမ္မာ နှင့် သီဟကုမ္မာ တို့ကို သားအမှတ်နှင့်ဆောင်ယူလေသည်။ ထိုမွေးစားသား နှစ်ယောက် အရွယ်ရောက်သော် ရသေ့ရဟန်းပြုလို၍ တောထွက်ပြန်သည်။ တိဿအမတ်ကြီးလည်း ရဟန်းပြုပြန်၏ နောင်တော့ တိဿရသေ့သည်ဝိဇ္ဇာ နဂါးမနှင့် ပေါင်းဖက်၍ ရသော ဥနှစ်လုံးကို ကောက်၍ ညီအစ်ကို နှစ်ယောက် တစ်လုံးစီ သိမ်းထားကြသည်။ ထိုဥများမှ သားယောကျာၤများဖွားမြင်ပြီး နောင်တော်တိဿ ရသေ့ထံမှ သားအားသုဘိန္နကမြို့၌ တိဿမင်းကြီးနတ်ရွာစံသော် မင်းတင်မြှောက်၏။ သုဘိန္နက မြို့နန်းကိုအသစ်ထပ်မံပြုပြင်ကာ သုဓမ္မဝတီဟုသမုတ်သည်။ ၎င်း တိုင်းပြည်မြို့တို့အလယ် ရွှေထွက်သောချောင်းနှင့် မြို့ထိပ်တွင် ရွှေထွက်သော တောင်ရှိခြင်းကြောင့် လည်းကောင်း မြို့နိုင်ငံအတွင်း ရွှေထွက်သောဌာနနှင့် ပကတိမြေမှာ ရွှေရောင်ပေါက်နေခြင်း ကြောင့်လည်းကောင်း သုဝဏ္ဏဘူမိပြည်
ဟုတံဆိပ်ခတ်တော်မူသည်။ သထုံရာဇဝင်၌ပင် -ဂဝံပတိ ရဟန္တာသုဓမ္မဝတီ သထုံသို့ကြွလာခြင်း -သုဝဏ္ဏဘူမိသို့ မြတ်စွာဘုရား ကြွလာခြင်း -ဆံတော်၊ ရုပ်ပွားတော်၊ဓါတ်တော်များ ၊ ဌာပနာ၍ စေတီတည်ကြခြင်း စသည်ဖြင့် ဆက်လက်ဖော်ပြထားသည်။
၅။ ပဉ္စမသုဝဏ္ဏဘူမိမြို့ - တိဿမင်းကြီးလွန်သော် သားတော်အဆက်ဆက်လက်ဆင့်ကမ်း၍ သရိဓမ္မာသောကရာဇာ၊ နောက်တွင် ဓမ္မပါလရာဇာ၊ နောက်တွင် သုဝဏ္ဏရာဇာ မဟာဓမ္မဇ မင်းပြုသည်။ ထိုမင်းလက်ထက်တွင် မဇ္စ ျိမဒေသမှ ရဟန္တာငါးပါး ကြွလာပြီး ဆံတော် (၈) ဆူရရာ မြို့ အရှေ့တောင်ရှိ သိင်္ဂိနိက္ခတောင်ထိပ်၌ ဆံတော် နှစ်ဆူကို ဌာပနာ၍ဘီစီ -၄၁၆ တွင် စေတီတည်သည်။ သင်္ဂိနိတ် စေတီ ယခု မြသပိတ်စေတီဖြစ်သည်။ကျန်ဆံတော်များကိုလည်း နှစ်ဆူစီခွဲ၍ သမီးတော်တို့စေတီတည်ကြသည်။ မိဖုရားငယ်မှမွေးသော အကုၤရ မင်းသားနန်းချ၍သုဝဏ္ဏရာဇာ မဟာဓမ္မဇနန်းကျခဲ့သည်။ မင်းကျင့်တရားနှင့်လည်း မညီညွတ် ဘုရားဌာပနာ ပါထုတ်ယူသုံးစွဲ၍ မင်းနှင့်တကွ မြို့ကိုပါမြေမြို လေသည်။
စတုတ္ထသုဓမ္မဝတီ၊သုဝဏ္ဏဘူမိမြို့ပျက်လေသည်။သို့သော်သုဝဏ္ဏရာဇာ တောင်နန်းစံမိဖုရားကြီး၏သားတော် နှစ်ပါးမှာထွက်ပြေးလွတ်မြောက်သွားရာ နောင်တော် ဥပဒေဝရာဇာ မှ မြေမြိုသွားသော မြို့ရာဟောင်း၏ တောင်ဘက် တွင်ကပ်လျက် မြို့ရိုးသုံးထပ် ကျုံးသုံးထပ် နှင့်မြို့ကြီးတည်ပြန်သည်။ သုဝဏ္ဏဘူမိတိုင်း သုဓမ္မပူရ မြို့ဟု သမုတ်စေသည်။ ညီတော် ဥဒိန္နရာဇာသံဝေမင်းသားလည်း မြို့ရာ ဟောင်း၏ အရှေ့တောင်ပေါ်၌ ရမ္မာဝတီဟု မြို့တည်၍ ထီးပြိုင်နန်းပြိုင် စိုးစံသည်။ ဤမြို့ကား ယခုသထုံမြို့၏အရှေ့ တောင်ပေါ်တွင်ရှိသော လဝ မြို့ဟောင်းဖြစ်၍ နောင်တော်တည်သည့် မြို့ကား ယခု သထုံမြို့ဖြစ်သည်။ဥပဒေဝမင်းသည် နူနာစွဲကပ်ရာ မြို့တော်၏ အနောက်တောင် ရှိ ပင်လယ်ကျွန်းငယ်သို့ပို့လိုက်သည်။
၆။ ဆဋ္ဌမသုဝဏ္ဏဘူမိ ဓညဝတီ မုတ္တမမြို့ နောင်တော် အကြောင်းကို ရမ္မာဝတီဘုရင်သိသော် ဤအရပ်၌ဆက်လက် မနေလို၍ ဝေးရာသို့ရွှေ့ပြောင်း လေ၏။ တစ်ခုသော တောင်စွန်း ၏ အစွန်းအဖျား ပင်လယ်ကမ်းနားတွင် တောများခုတ်ထွင် ရှင်းလင်းစေလျှက် မြို့တည်သည်။မြို့တော်ကို ဓညဝတီဟု သမုတ် သည်။နောင်အခါ မုတ္တမဖြစ်လာသည်။မင်းဆက် (၁၂) ဆက်အရောက်တွင် ထီးနန်းပျက်လေသည်။နောက်ဆုံးမင်း လက်ထက်တွင် နဂါးဥမှပေါက်ဖွားသော သူငယ်မကို မိဖုရားမြောက် ၍ သမလနှင့် ဝိမလသားတော်နှစ်ပါး ဖွားမြင်သည်။ နဂါးမ မှန်းသိလျှင်သတ်လိုက်သောကြောင်း အမိမဲ့မင်းနှစ်ပါးကို ရသေ့ထံအပ်လေသည်။ ရသေ့မှ မင်းသားနှစ်ပါးကိုပြုစု စောင့်လျှောက်ပြီး အတတ်ပညာတို့ကို သင်ကြားပေးလေသည်။ အရွယ်ရောက်သော် ဟံသာဝတီမင်း နေပြည်တော်နေရာကို ညွှန်ပြပြီး ဟံသာဝတီမင်းဆက်ကိုထူ ထောင်စေသည်။
၇။ သတ္တမသုဓမ္မဝတီ၊ မရိဿဘူမိ ( မြိုက်သဘုံမြို့) ဥပဝေဒမင်းကို ထီးနန်းမှချ၍ ကျွန်းငယ်သို့ပို့ဆောင် လိုက်သော အခါ ထိုမင်း၏သားဖြစ်သော ရာဇာဇောနီမင်းသား ( သီဝိ ရာဇာမင်း) နှင့်သားတော် ရာဇာဇောဝေ ခေါ် ဇောတကုမာရ မင်း သားတို့သည်သုဓမ္မဝတီ၊ သုဝဏဘူမိ၊ သုဝဏပူရ ၌ ဆက်လက်မနေထိုင်ရဲသဖြင့်မှူးမတ် များ နှင့်တိုင်ပင်ကာ ဘီစီ ၃၆၇ ခုနှစ်တွင် သုဝဏ္ဏဘူမိ ( သထုံမြို့)၏ အနောက်မြောက်ဖက် ၈ မိုင်ခန့်ကွာသော နေရာတွင်ကျွန်းငယ် ငါးကျွန်းကို စုပေါင်းလျက် တိုင်းပြည်ထူထောင်ကာ ရာဇာဇောနီမင်းပြုသည်။ခမည်းတော် လွန်လျှင် သားတော် ရာဇာဇောဝေ ဆက်လက် မင်းပြုလေသည်။ဤကဲ့သို့ ကျွန်းငါးကျွန်းကု စုပေါင်း၍တိုင်းပြည် ထူထောင်သောကြောင့် ပစ္စိုင်ပုံ ဟုလည်း ခေါ်သည်။
၈။ အဋ္ဌမသုဝဏ္ဏဘူမိ ၊ဟရိဿရဘူမိ( ရွှေလောင်းမြို့ ) မရိဿဘူမိ၊ သုဓမ္မဝတီသည် ရေလည်ခေါင်တွင်ဖြစ်သော ကြောင့် မိုးအခါ အသွားအလာခက်ခဲ၍ အနာရောဂါ ထူပြောသော ကြောင့် မှူးမတ်များ နှင့်တိုင်ပင်ကာ ထိုမြို့မှ အနောက်မြောက်ဖက်သို့ ခရီးမိုင်ပေါင်း (၃၀) ကွာဝေးသော ဆောင်ခဲတောင်အနီး ရွှေထွက်သော အင်းကြီးရှိရာ အရပ်သို့ ပြောင်းရွှေ့ခဲ့သည်။ရွှေထွက်သော အင်းအနီး တည်ရှိ၍ ဟရိဿဘူမိ သုဓမ္မဝတီဟု သမုတ်သည်။ ရွှေလောင်းမြို့ ဟု လည်းခေါ်သည်။ထိုမြို့တော်၌ ရာဇာဇောဝေ မင်းသည် နန်းစံ သက် (၁၂) နှစ်ရှိခဲ့သည် ။ ဆောင်ခဲ တောင် ( ဆံတော်) ကျိုက်တဲစေတီကို အကြီး အကျယ် ထပ်မံ၍တည်ခဲ့သည်။ထိုမှစ၍ ကျိုက်ဒဲဟုအမည်တွင်သည်။
၉။ နဝမ သုဝဏ္ဏဘူမိ( တိုက်ကုလားမြို့ ) ဘီစီ ၃၃၆ ခုနှစ်ရောက်သောအခံ ရွှေအင်းမြို့၊ရွှေလောင်းမြို့တွင် ရာဇာဇောဝေ မင်းသည် အနာရောဂါထူ ပြော ၍ လူသူကျွဲနား အသေအပျာက်များလတ်သော် ပင်လယ်ကမ်းနားသို့ ရွှေ့ပြောင်း ရန်အကြံဖြစ်ပေါ်၍မှူးမတ် တို့ နှင့် တိုင်ပင်ပြန်သော် သဘောတူကြသည်။ ထို့ကြောင့် ကျိုက်ကေသာရ ဘုရား ၏ အနောက်တောင် ထောင့် ရှိမြေညီတဝက် တောင်စောင်း တဝက်တွင် မြို့တည်၏။ မြို့အနံကား အရှေ့အနောက် တာ ၅၀၀ ( ကိုက်-၁၇၅၀၊ မီတာ-၁၀၀၀) အလျားမှာမူ တောင် မြောက် တာ ပေါင်း ၇၅၀( ၂၆၂၅ကိုက်- ၊ ၂၄၀၀မီတာ ) ရှိ၏ မြို့အမည် မှာ ဘေးလောင်းတော် တိဿဓမ္မသီဟရာဇာ မင်းကြီး တည်ထားခဲ့သော သုဓမ္မဝတီ၊ သုဝဏ္ဏဘူမိမြို့နှင့် နေရာဌာန တောင်ပင်လယ်မြစ်ချောင်းရှိပုံ အနေအထားတူသောကြောင့် သုဝဏ္ဏဘူမိ ရဠ သုဓမ္မဝတီ ဟုသမုတ်ခဲ့သည်။ထိုမြို့နှင့်ဆက်စပ်နေသော တိုက်ကလား မြို့ဟောင်းနေရာ ဒိုးခလွန်းတောင် ( ကေလာသ ) တောင်၏ အနောက်မြောက်ဖက် တောင်တန်းတောင်ခြေရင်းတွင်ရှိသည်။ယခု အယက်သမ ရွာနေရာ ဖြစ်သည်။ထိုမြို့တည်ထားပုံမှာ တောင်ဖက်မျက်နှာ ရှိတောင်ကမ်းပါးယံ ကျောက်ကမ်းပါးယံ တို့ကိုမြို့ရိုးလုပ်သည်။ အရှေ့ဖက် အနောက်ဖက် တွင်လည်း ကျောက်ကမ်းပါး တဝက် နှင့် ကျောက်ခဲ စီထားသည်။မြောက်ဖက်တစ်မျက်နှာမှာ ကျောက်မြေနှင့်ရောနှောဖို့ပြီး မြို့ရိုးလုပ်သည်။ ရာဇာဇောဝေ မင်းတည်သော သုဓမ္မဝတီ၊သုဝဏ္ဏဘူမိ တိုက်ကလားမြို့မှာ( ၃၈၄ ဟက်တာ) အရွယ်မျှရှိသည်။ ထို့ကြောင့်တိုက်ကလား ( ဝင်းက) သည် ၊ အယက်သမ တိုက်ကုလားထက် အရွယ်အစားချင်း နှိုင်းယှဉ် လျှင် ရှစ်ဆကျော်မျှပိုကြီးသည်။ ဤမင်းနေပြည်တော်တွင် မင်းဆက်ပေါင်း ဆယ်ဆက် စိုးစံခဲ့သည်။
၁၀။ ဒဿမသုဝဏ္ဏဘူမိ၊ သုဓမ္မပူရ တိုက်ကလားနယ်သုဓမ္မဝတီသထုံပြည်သည် ပင်လယ်နှင့်နီးကပ် သည် ဖြစ်၍ ပင်လယ်ကမ်းပြိုရာ မြို့တပိုင်းပါပြိုလေသည်။ ယုဂန္ဓ ကုမာမင်းသားလည်း ပြည်သားတို့ပင်ပမ်း၍ ဘိသိတ်ပင်မခံသေးပဲ မှူးမတ်တို့နှင့်တိုင်ပင်၍ ရှေးအခါက ဘိုးလောင်းတော် ဥပဒေဝရာဇာသံဝေ မင်းကြီးတည်ထောင် ခဲ့သော သုဓမ္မပူရမြို့တော်ဟောင်းနေရာသို့ဘီစီ ၉၄ ခုနှစ်တွင် ပြန်၍ပြောင်းရွှေ့ ကာထီးနန်းစိုက်ထူစိုးစံခဲ့သည်။မင်းဆက် ရှစ်ဆက်တိုင် စိုးစံခဲ့ကြရာ ဓမ္မပါလမင်းလက်ထက်တွင် သာသနာကိုချီးမြှောက်လျှက်တရားဓမ္မကိုချီးမြှောက်ခဲ့သည်။ထိုမင်းမရှိသည့်နောက်အစဉ်အတိုင်းဆက်လက်စိုးစံကြရာ မင်းဆက် ၃၀ ဆက်ထိတိုင်ပြန်လေသည်။ အဇိဏ္ဏရာဇာမင်း လက်ထက်တွင် သူရဲကြီး၊ ပရုတ်ကြီး၊ ပရုတ်ငယ်( ဗြတ်ဝိ၊ ဗြတ္တ) တို့ပေါ်ထွန်းသည်။ ထိုမင်းအနိစ္စဖြစ်လျှင် သားဥဒိန္နရာဇာ မင်းပြု သည်။ ဤမင်း ၄၈ မင်းဆက်တိုက် သုဓမ္မပူရ မြို့သည် ရွှေကျောင်း၊ ရွှေဇရပ်၊ရွှေပြသာဒ်စေတီ၊ ရုပ်တုဆင်းတုတော်များ၊ ပဋိပတ္တိနှင့်ပြည့်စုံသော ရဟန်းပညာရှိမျ ား ၊ ပုဏ္ဏား၊ဗေဒင်တတ် လူပညာရှိသူမြတ်တို့ နှင့် တာဝတိံသာကဲ့သို့အေးချမ်းစွာရှိသည်။ ထိုမင်းလွန်သော် သားတော် မနုဟာ ( အသက်-၁၈) မင်းတက်သည်။ သီရိတြိဘဝနာဓိတျာပဝရ ဟူသော ဘွဲ့အမည်ခံယူသည်။ ဆဒ္ဒါန်ဆင်မျိုး ချည်း ဆင်ဖြူတော်၂၃ စီး ရတော်မူသည်။ သူရဲကြီးကုလား ညီနောင် ဗြက်ဝိနှင့် ဗြတ္တကို ဘိုးဘေးများနည်းတူ ချီးမြှောက်ခဲ့သည်။
ဘေးလောင်းတော် ကေသရဇာမင်းကြီးလက်ထက်ကရသော ရန်အပေါင်းအောင် စေသည့် ဖားစည်တော်ကြီးကိုလည်းရသည်။ဤတန်ခိုးတို့ဖြင့် ပြိုင်ဖက်ကင်းဘုရင်တပါး ဖြစ်ခဲ့သည်။ ပအာဝနမြို့မင်းကြီးထံ သမီးကညာဆက်ရန် တောင်းသော် ဖားစည်ကြီးနှင့် သူရဲနှစ်ဦးကို ဖျက်ဆီးရန်သင်ကြား၍ သမီးတော်ကိုဆက်သလိုက်လေသည်။မိဖုရားလည်းအကြံအောင်၍ ဗြတ်ဝိ သေ၍ ဗြတ္တ ပုဂါရာမ( ပုဂံ) သို့ပြေး၍ အနော်ရထာသို့ ခိုလှုံလေသည်။ဖားစည်ကြီးမှာလည်း မိဖုရားကြောင့်ပင် နွားနက်ရေဖြင့် ကျက်မိ၍ မနုဟာမင်း ဘုန်း နိမ့်ရလေသည်။ ထိုအခါ အရိယာသံဃာတော်တို့ လွင့်ပါးလေသည်။ တစ်ပါးသောသာမဏေမှာ အရိမဒ္ဒနာပူရ ပုဂံမြို့၏နယ်ပယ် သို့ရောက်သော် မုဆိုးတို့ကအနုရုဒ္ဓဒေဝ မင်း သို့ဆက်လေသည်။ ထိုမင်းကား ရတနာသုံးပါးကို အထူးနှစ်သက်ပါသော်လည်း ပရိပတ္တိသာသနာတော်အမှန်ကို မကြားနာရသေး၍ သထုံပြည်သည် သာသနာ တည်၍ ပိဋကတ်တတ်မြောက်သော ရဟန်းတော်အများ ရှိကြောင်းကို သာမဏေထံမှ ကြားသိရလေသည်။ ထိုအခါ သာသနာတော်ကို အကြောင်းပြု၍ စစ်သည်ဗိုလ်ပါများနှင့် သုဓမ္မာဝတီသို့ ချီတက်ပြီး တစ်ဆယ့်တစ်လလုပ်ကြံလျှင် သထုံပြည် ပျက်လေသည်။
ဓမ္မစေတီမင်း၏ ကလျာဏီသိမ်ကျောက်စာတွင် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်သည်မှာ ၁၆၀၀ သာရှိပြီဟုမှတ်အပ်၏။ သာသနာသက္ကရာဇ် (၁၆၀၁) ခု မြန်မာသက္ကရာဇ် (၄၁၉) ခုရောက်သောအခါ အရိမဒ္ဒနာ မည်သော ပုဂံပြည်ကိုအစိုးရသော အနော်ရထာမင်းစောသည် ပိဋကတ်သုံးပုံနှင့်တကွ ရဟန်းသံဃာအပေါင်းကို ဆောင်ယူခဲ့၍ အရိမဒ္ဒနပူရ ပုဂံပြည်ကြီးကို ဗုဒ္ဓသာသနာတည်စေခဲ့သည်။ဟုဖော်ပြထားပါသည်။ မြန်မာ့မှန်နန်းရာဇဝင်ကြီးတွင် ထိုသထုံပြည်ကား ဘုရားသခင်ရှိ တော်မူစဉ် အစစွာ သီဟရာဇာ မည်သော မင်းသည်မင်းပြု၏။ ထိုမင်းမှစ၍ မနူဟာမင်းတိုင်အောင် လေးကျိပ်ရှစ်ယောက်သော ( တိုက်ကလား မင်း ဆယ်ဆက်မပါ) မင်းတို့သည် ဘုန်းတန်ခိုး အာဏာနှင့်ပြည့်စုံတော်မူ၍ ဘုရားရှင်သာသနာကိုအစဉ် ဆောင်ရွက်ကြပါသည်။ပြည်သူအပေါင်းတို့သည်လည်း ဒါန၊ သီလအစရှိသော ကျေးဇူးနှင့်ပြည့်စုံကြသည်ဖြစ်၍ နတ်ပြည်ကဲ့ သို့ အလွန်ဝပြောစွာဖြစ်သည်ဟု စာမျက်နှာ- ၂၄၈ တွင်ဖော်ပြထား ပါသည်။ ရာဇဝင်ထဲမှသုဝဏ္ဏဘူမိအကြောင်းမှာပုံပြင်ဆန်လွန်းလှသည် မဟုတ်ချေ ။အထက်တွင်ဖော်ပြထားသကဲ့သို့တိတိကျကျအဓိပ္ပါယ်ကောက်ယူနိုင်မည့်သမိုင်းဝင်ံအချက်အလက်များပါဝင်နေသည်ကိုတွေ့ရမည်။
ဥပမာ သမိုင်းဆရာကြီးများ မျက်စိလည် နေသော သထုံ ဘယ်ဟာလဲ ၊ဘယ်မှာလဲ ဆိုသည့်အဖြေကိုပေးထားသည်။ သထုံသည် စစ်တောင်းမြစ်နှင့် သံလွင်မြစ်တို့ အကြားမှာပင် အချိန်နှင့်အမျှ နေရာပေါင်း ကိုးနေရာခန့် ရွေ့လျားတည်ထောင်ခဲ့ပုံကို မြင်သာအောင် ဖော်ပြထားသည်။ သုဝဏ္ဏဘူမိသည် အခြားနေရာမဟုတ် ယခု သထုံပင်ဖြစ်ကြောင်း အတိအကျ ပြဆိုထားသည်။ ဤနယ်မြေသည် အထူးကျယ်ပြောလှသည် မဟုတ် လက်ရှိသထုံ ခရိုင်တစ်ခုအတွင်းသာဖြစ်သည်။ သမိုင်းဝင်မြို့ ဟောင်းများ စုပြုံလျှက်တည်နေရာလည်းဖြစ်သည်။ ဤရာဇဝင်ကိုပင် အတည်ယူရမလား ရှေးဟောင်းနှင့် သမိုင်းပညာရှင်ကြီးများ ယနေ့တိုင်ခွဲခြား၍ မရနိုင်သေးပေ ။ သထုံအမှန်မရှိကြောင်း တွင်တွင်သာပြောနေကြသည်။ ၁၉၇၅-၇၈ ခုနှစ်တူးဖော်ရေးကာလ၌ မြို့ရိုးဟောင်း၊ကျုံးဟောင်း၊ နန်းတော်ရာဟောင်း ၊သာသနိက အဆောက်အအုံ ဟောင်းများထင်ရှား ကျန်ရှိနေသေးသော သထုံမြို့ဟောင်း ကိုမတူးဖြစ်ခဲ့ပေ။ မြို့ထက်ဝက်ကမ်းပြို၍ပျောက်ဆုံးနေသော တိုက်ကုလားမြို့ဟောင်းကိုသာ ပထမဦးစားပေးရွေးချယ်တူးခဲ့ ရသည်။ ပဲခူးကလျာဏီ သိမ်ကျောက်စာပါ ဗုဒ္ဓသာသနာပြု ရဟန်းတော်များ အသောကခေတ် ( အိန္ဒိယ) ကဦးစွာရောက်ခဲ့ ကြောင်းကို သမိုင်းပြဿနာအဖြစ် ရှေ့တန်းတင်ခဲ့သောကြောင့် ဖြစ်ပေမည်။ သထုံကိုမရွေးခဲ့ပေ။ ပြီးနောက် ၂၀၀၀ ပြည့်နှစ်တွင်တစ်ကြိမ်တူးဖော်ပြီ းဆက်မလုပ်တော့ပဲ ကွင်းဆက်ပြတ်နေပါသည်။ ထို့ပြင် မြန်မာတို့၏ မုတ္တမ ပင်လယ်ကွေ့ တွင် သုဝဏ္ဏဘူမိအစဉ်အလာ ရှိသလိုပင် ထိုင်းပင်လယ်ကွေ့ဝန်းကျင်တွင်လည်း သုဝဏ္ဏဘူမိအစဉ်အလာ ရှိနေပါသည် ။
ပေါမ္ခော လု့စ်၏ Old Burma Early Pagan တွင် ဖော်ပြသည့် သုဝဏ္ဏဘူမိ သည် မုတ္တမပင်လယ်ကွေ့ တွင်ရှိ၍ သထုံဒေသဖြစ်သည်။ ထိုင်းနိုင်ငံ သုတေသီတို့သတ်မှတ်သော ( ယူဆသော ) သုဝဏ္ဏဘူမိ သည်ယိုးဒယား ( ထိုင်း ) ပင်လယ်ကွေ့မှ နန်ကွန်ပထုန်ဒေသဖြစ်ပါသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံတွင် ကိုလိုနီ ခေတ်မှစစ်ကြိုခေတ်အထိ သုဝဏ္ဏဘူမိကို စူးစမ်းရှာဖွေ ဖော်ထုတ်၊ လွပ်လပ်ပြီးခေတ်တွင် ကမ္ဘာကသိအောင် ပေါမောက္ခလု့စ်က တင်ပြထားပြီးဖြစ်ပါ သည်။ယခု ထိုင်းနိုင်ငံသည်သာ သုဝဏ္ဏဘူမိ ဖြစ်ထိုက်ကြောင်း သမိုင်းအဆိုတစ်ရပ်ပေါ်ထွက်လျှက် သမိုင်းအမွေ လုယူရန်ကြိုး စားလာသည်ကိုဖြင့် မွန်တိုင်းရင်းသားများ မြန်မာ့ သမိုင်းသုတေသီများ မည်သို့ သက်သေပြ ရန်ကြိုးစားကြသည် ကို ဆက်လက်၍ လေ့လာသွားပါမည်။
သမိုင်းကြောင်းများလွဲတာရှိရင်ခွင့်လွှတ်ပေးပါခင်ဗျာ။
လေ့လာထားသလောက် ရေးသားထာပါးတယ် ။အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။

12/07/2025

#မင်းကွန်း ဆရာတော်ဘုရားကြီး #အရပ် ၁၀ မျက်နှာ မေတ္တာပို့ #ဗုဒ္ဓ #တရားတော်များ #ဓမ္မ #မေတ္တာပို့

ကြာနီကန် ဆရာတော်၏ တရားတော်များSave and Share လုပ်ထားရန်
02/05/2025

ကြာနီကန် ဆရာတော်၏ တရားတော်များ
Save and Share လုပ်ထားရန်

Share your videos with friends, family, and the world

05/01/2023
05/02/2021
16/10/2020

Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.

13/09/2020

ဂရုစိုက်ပါ အမျိုးတို့
သထုံ ၂ ယောက် တဲ့

ယနေ့မနက်မွန်ပြည်နယ်
ကိုဗစ်ရောဂါ ပိုးတွေ့သူ (၁၆) ဦးရှိကြောင်းကနဦး
သတင်းရရှိ။

မုဒုံ(၁)
သထုံ(၂)
မော်လမြိုင်(၁၃)

Soe

Address

သထုံ
Thaton
212202

Website

Alerts

Be the first to know and let us send you an email when သထုံမြို့၊ မွန်ပြည်နယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share