Swam Thit

Swam Thit Audio amplifier & Mixer service

10K တော့ 10K ပဲ AC10K (သို့မဟုတ်) Audio Mixer တွေရဲ့  PAN/BALနေရာအတွက်အထူးပြုလုပ်ချက် 😀😀😀ABCD ဆိုပြီး Variable resistor ...
15/10/2025

10K တော့ 10K ပဲ AC10K (သို့မဟုတ်) Audio Mixer တွေရဲ့ PAN/BALနေရာအတွက်အထူးပြုလုပ်ချက် 😀😀😀

ABCD ဆိုပြီး Variable resistor လေးမျိုးအကြောင်းအရင်ကရေးဖူးပါတယ် အရင်ဝင်ဖတ်ကြည့်ပါ
https://m.facebook.com/story.php?story_fbid=122147480474104949&id=61553148483570

Variable R တွေမှာ A ရဲ့ဆန့်ကျင်ဘက်က C ပါ အခုက AC10K ဆိုတော့တန်ဖိုးပြောင်းလဲမှုမတူတဲ့ (ဆန့်ကျင်ဘက်ဖြစ်နေတဲ့) Variable R နှစ်ခုသုံးပေးထားတာ ဘာလို့အခုလိုသုံးပေးထားလဲဆိုတော့ အဝင်ဂျက်ကနေလိုသလောက် gain မြှင့်ပြီး Low/Mid/High လိုသလိုပြုပြင်ပြောင်းလဲထားတဲ့ Audio signal တခုဟာ Master fader ကျော်လို့ PAN/BAL နေရာရောက်လာတဲ့အခါ B10K သုံးပြီး K**b(လှည့်သီး) ကိုအလယ်မှာထားလိုက်ရင်တန်ဖိုးက 5K/5K မျှခြေဖြစ်နေတဲ့အတွက်ကြောင့် Voltage divider rule အရ Output signal ဟာ အဝင်5V ဆိုရင်အထွက် 2.5V သာပြန်ရပါတယ် စက်ဖွင့်သမားစကားအရဆို Gain ကျသွားတယ်ပေါ့ဗျာ ဒီပြဿနာကိုဖြေရှင်းဖို့အတွက်နှစ်မျိုးပါတဲ့ AC10K ဆိုပြီးအထူးထုတ်လုပ်အသုံးပြုတာပါ L ဘက်ခြမ်းမှာ C10K ဖြစ်ပြီးတော့ R ဘက်ခြမ်းကတော့ A10K ပါ K**b ကိုအလယ်မှာထားလိုက်ရင် L ဘက်ခြမ်းမှာ 8.5K/1.5K ဝန်းကျင်ဖြစ်ပြီးတော့ R ဘက်ခြမ်းမှာတော့ 1.5K/8.5K ဝန်းကျင်ပါ ဒါကြောင့်အဝင် 5V ရှိတဲ့ Audio signal တခုဟာ 4.25V အသီးသီးပြန်ရရှိပါတယ်။ #အထူးသတိပြုရမှာက AC10K တွေဟာ PAN/BAL နေရာအတွက်သာသင့်လျော်ပါတယ် Equalization မှာသုံးမိရင် L/R နှစ်ခြမ်းအသံမတူတဲ့ပြဿနာကြုံတွေ့ရပြီးတော့ Gain/Level နေရာသုံးမိရင် Output level မတူတာကိုကြုံတွေ့ရပါမယ်။

AC10K တွေ့လို့ AC10K ကိုစံထားပြီးရေးခြင်းသာဖြစ်ပါတယ်ခင်ဗျာ။

A type, B type, C type, D type ဘောလူး(သို့)ဆလိုက်ကွန်ထရိုးများကိုဖြုတ်မကြည့်ပဲရမ်းသလူးခန့်မှန်းခြင်းဖြုတ်မကြည့်မှတော့ရမ်...
13/06/2024

A type, B type, C type, D type ဘောလူး(သို့)ဆလိုက်ကွန်ထရိုးများကိုဖြုတ်မကြည့်ပဲရမ်းသလူးခန့်မှန်းခြင်း

ဖြုတ်မကြည့်မှတော့ရမ်းချရမှာပဲမတတ်နိုင်ဘူး ဘယ်လိုရမ်းချရမလဲဆိုတော့ Graph ကိုကြည့်ပေါ့ အလျားလိုက်တန်ဖိုးက Travel % ပါ (သူကဘောလူးအတွက်မို့ Rotation angle ပေါ့) ဒေါင်လိုက်တန်ဖိုးက Output rate % ပါ ဇယားကွက်ထဲကအစိမ်းရောင်လိုင်းလေးက A type လိမ္မော်ရောင်လေးက B type ပန်းရောင်လေးက C type ဖြစ်ပြီးတော့ အပြာရောင်လေးက D type ပါ အဲ့လေးမျိုးထဲမှာ B type ကို Standard ထားပါတယ် ဘာလို့လဲဆိုတော့ သူကတင်သလောက်အချိုးကျ Output ထုတ်ပေးပါတယ် ကျန်တဲ့သုံးမျိုးကတော့အချိုးကျထုတ်မပေးပါဘူး။ မစ်ဆာတွေရဲ့မိန်းဆလိုက်တွေမှာ 10K အသုံးများတာကြောင့် 10K နဲ့ပဲပြောပါမယ်။ အစဆုံးပြောသင့်တာက Standard ထားတဲ့ B type ပါ အဲ့တော့ B10K ဆလိုက်တခုက သူ့ရဲ့တန်ဖိုးတဝက်ရဖို့ တဝက်ပဲတင်ရပါတယ် 5K ရဖို့ 50% တင်ရတယ်ပေါ့ဗျာ ကိုယ်တင်သလောက်သူကပြန်ထုတ်ပေးမှာပါ။ A10K ကျတော့မတူတော့ပါဘူး 5K ရဖို့အတွက်ဆို 75% လောက်တင်ပေးရတာပါ ကျန်တဲ့ 5K အတွက်ကဆလိုက်ရဲ့ကျန်တဲ့ 25% ထဲမှာပြောင်းလဲပါတယ်။ D10K ကျတော့ 5K ရဖို့ 82% လောက်တင်ပေးရပါတယ် ကျန်တဲ့ 5K ပြောင်းလဲဖို့ ဆလိုက်ရဲ့ 18% ပဲကျန်ပါတယ်။ C10K ကျတော့ 5K ရဖို့ 15% လောက်ပဲတင်ရတယ် A/D နဲ့ပြောင်းပြန်ဖြစ်သွားတာပါ။ ဆလိုက်ကိုအကုန်တင်မယ်ဆိုရင်တော့ A10K, B10K, C10K, D10K ဆိုတဲ့လေးမျိုးစလုံးက 10K ဆိုတဲ့တူညီတဲ့တန်ဖိုးထုတ်ပေးကြပါတယ် 100% မရောက်ခင်မှာထုတ်ပေးတဲ့တန်ဖိုးပြောင်းလဲပုံမတူကြတာပါ။ အနှစ်ချုပ်ပြောရရင် Equalization circuit တွေမှာသုံးဖို့ဆိုရင်တော့ B type သာသင့်တော်ပါတယ်။ ချန်နယ်ဆလိုက်နဲ့ မိန်းဆလိုက်အတွက်ဆို A type သုံးသင့်ပါတယ် စက်ဖွင့်တဲ့ဆရာများဟာဆလိုက်တွေကို 75% လောက်ထားသုံးကြတာများတဲ့အတွက် မစ်ဆာဒီဇိုင်းဆွဲတဲ့ပညာရှင်များဟာ 0-Level ကို 75% ဝန်းကျင်မှာထားပေးပြီးတော့ A type ကိုရွေးချယ်အသုံးပြုထားခြင်းဖြစ်ပါတယ်။ D type ကတော့ A type နဲ့ B type လောက်အသုံးမများပါဘူး ဆလိုက်အရှည်သုံးထားတဲ့တချို့ brand တွေမှာတော့တွေ့ဖူးပါတယ်။ C type ကိုတော့အသုံးပြုတာတော့အ‌တွေ့အကြုံနဲသေးတော့မတွေ့ဖူးသေးပါဘူး ဘယ်နေရာတွေသုံးလဲမသိလို့ဆရာတွေဖတ်မိရင်လမ်းညွှန်ပေးခဲ့ကြပါဦးဗျာ။

ဒီစာရေးဖြစ်တဲ့အကြောင်းရင်းက ကျ‌နော့မစ်ဆာဂိမ်းကျနေလို့ ဆလိုက်တွေလဲချင်လို့ပါဆိုတဲ့အယူအဆအမှားတွေမကြာမကြာတွေ့လာရလို့ပါ ဆလိုက်လဲလို့ဂိမ်းတက်သွားတဲ့အကြောင်းရင်းက ကျနော်တို့ဆီမှာရောင်းနေကြတဲ့ဆလိုက်အများစုက B type တွေဖြစ်နေလို့ပါ A10K နေရာမှာ B10K ပြောင်းသွားတော့ တဝက်တင်တာနဲ့ 0-Level ရောက်နေလို့ပါ။ B type ထည့်လဲအဆင်ပြေတယ်ဆိုပေမယ့် Branded တွေလာရင်တော့ အမျိုးအစားတူပြန်ထည့်ပေးတာအကောင်းဆုံးပါ။

🙏🙏🙏 သင်ဆရာ မြင်ဆရာ ကြားဆရာ ဆရာအပေါင်းအားဂါဝပြုလျှက်ပါ 🙏🙏🙏

ပတ်လမ်းလေးမြင်တာနဲ့ မရေးတာကြာလို့ရေးဦးမယ် 😁😁😁Basic limiter circuit လေးပါ တော်တော်ရိုးရှင်းတဲ့ဆားကစ်‌ပတ်လမ်းလေးပါပဲ ဒီကဒ်...
30/04/2024

ပတ်လမ်းလေးမြင်တာနဲ့ မရေးတာကြာလို့ရေးဦးမယ် 😁😁😁
Basic limiter circuit လေးပါ တော်တော်ရိုးရှင်းတဲ့ဆားကစ်‌ပတ်လမ်းလေးပါပဲ ဒီကဒ်လေးထုတ်ထားရုံနဲ့ limiter မပါတဲ့မည်သည့်အမ်ပလီဖိုင်ယာကိုမဆို limiter ထည့်လို့ရပါတယ် တည်ဆောက်ထားတဲ့ရည်ရွယ်ချက်ကလဲရှင်းပါတယ် Amplifier ကနေစပီကာဆီကိုသွားတဲ့အထွက်ဗို့ကိုကန့်သတ်ဖို့ပါ ဥပမာ ယခုပတ်လမ်းလေးကို DC +70 0 -70 ပေးထားတဲ့ Amplifier circuit မှာသုံးမယ်ဆိုရင် Supply volt - Zener volt = Limiter volt ဖြစ်တဲ့အတွက် 70-15=55 ပါ အထွက်ဗို့ 55V ကျော်တာနဲ့ Limiter အသက်ဝင်ပါမယ် အကယ်၍ 10V ဇီနာသုံးခဲ့ရင်တော့ 70-10=60 ပါ 60V ကျော်မှအသက်ဝင်ပါမယ် Limiter ဖမ်းတာနဲနဲနောက်ကျမယ်ပေါ့ဗျာ 30V ဇီနာသုံးခဲ့ရင်တော့ 70-30=40 ပါ 40V ဆိုစအသက်ဝင်ပါပြီ အသံချဲ့စက်ဆားဗစ်ဆရာတယောက်အနေနဲ့ ပုံသေမှတ်ထားစရာတော့မလိုပါဘူး စပီကာခံနိုင်ရည်အပေါ်မူတည်ပြီးလိုအပ်သလိုပြောင်းလဲအသုံးချနိုင်ပါတယ် 15V ခွာပေးထားတာက Standard value ပါပဲ

🙏🙏🙏 သင်ဆရာ မြင်ဆရာ ကြားဆရာ ဆရာအပေါင်းအားဂါရဝပြုလျှက်ပါ 🙏🙏🙏

 ွေရဲ့ပတ်လမ်းထဲက_LED_နှစ်လုံးအ‌ကြောင်း ဒီစက်တွေမှာ LED နှစ်လုံးပါနေတာ လေ့လာနေသူတွေအတွက်အထူးအဆန်းပေါ့ဗျာ ပထမတခုက 5mm LED ...
03/02/2024

ွေရဲ့ပတ်လမ်းထဲက_LED_နှစ်လုံးအ‌ကြောင်း

ဒီစက်တွေမှာ LED နှစ်လုံးပါနေတာ လေ့လာနေသူတွေအတွက်အထူးအဆန်းပေါ့ဗျာ ပထမတခုက 5mm LED အစိမ်းရောင်လေးပါ ဘာလို့အစိမ်း‌ရောင်သုံးထားလဲဆိုတော့ LED အစိမ်းရဲ့ Voltage drop ဟာခပ်မှိန်မှိန်အနေအထားမှာဆို 1.2 to 1.5 ဝန်းကျင်ပါ သူကဒါကိုအသုံးချချင်လို့ထည့်သုံးထားတာ ဒီစက်တွေမှာသူ့တာဝန်က 220R preset လေးရဲ့ဘေးက 2N5401 လေးထဲမှာစီးဆင်းသွားမယ်အမ်ပီယာကို Tr လေးရဲ့ Base ကနေထိန်းချုပ်ဖို့ပါပဲ တနည်းအားဖြင့် Current source controller ပေါ့ဗျာ သူကနေထိန်းချုပ်မောင်းနှင်ထားတဲ့ ပရီစက်လေးရဲ့ဘေးက 2N5401 ကိုဖြတ်စီးတဲ့ Current ဟာပရီစက်လေးကိုဖြတ်ပီးတော့ ကျန်တဲ့တဘက်က 2N5401 လေးနှစ်လုံးဆီကိုမျှဝေစီးဆင်းပါတယ် အဲ့ဒီ Tr နှစ်လုံးက Input နဲ့ Negative feedback တာဝန်ကိုအသီးသီးထမ်းဆောင်ကြပါတယ် ဆရာတွေပြောပြောနေတဲ့ဒစ်ဖရန်ရှယ်စတိတ် (Differential state) ဆိုတာ Tr အသေးသုံးလုံးပါဝင်ချိတ်ဆက်နေတဲ့ 220R ပရီစက်နေရာလေးပေါ့ သူက Offset ချိန်ညှိတဲ့တာဝန်ကိုထမ်းဆောင်ပါတယ် Offset မှန်မှန်ကန်ကန်ရှိဖို့သူ့ကိုလှည့်ချိန်‌ပေးရတယ်ပေါ့ဗျာ LED ကျွမ်းရင်ဒီစက်တွေမူမမှန်တော့ဘူး သူက Differential state ကိုအလုပ်လုပ်စေတာ‌မို့ပါ Differential state မမှန်တော့ Output လဲမမှန်တော့ဘူးပေါ့ဗျာ သီအိုရီတွေကဆက်စပ်နေပါတယ်။ နောက်တခုက 3mm LED အနီရောင်လေးပေါ့ သူကိုကျတော့ 4148 diode လေးတလုံးနဲ့စီးရီးဆက်ပြီးတော့ Bias ဗို့ချိန်ပေးတဲ့ Multiplier Tr C1815 ရဲ့ C နဲ့ E ကိုခွထားပါတယ် ဒီစက်တွေမှာက C1815 ရဲ့ C နဲ့ E ကိုတိုင်းရင် 2V ဝန်းကျင်ကပုံမှန်ပါ အဲ့တော့စီးရီးဆက်ထားတဲ့ဒီအတွဲမှာ 4148 ထဲမှာ 0.7V drop ဖြစ်သွားတော့ LED အတွက်က 1.3V သာကျန်ပါတယ် အဲ့‌တော့ဒီစက်‌တွေဟာပုံမှန်ကောင်းနေရင် LED အနီလေးဟာ ခပ်မှိန်မှိန်လေးလင်းရပါမယ် မလင်းရင် Bias ပျောက်နေလို့ပါ အလင်းများနေရင် Bias များနေလို့ပါ ဒါက LED ကိုကြည့်ပြီးဆုံးဖြတ်လို့ရတဲ့အခြေနေတခုပေါ့ဗျာ နောက်တခုက Multiplier Tr တွေကပျက်ခဲတယ်ဆိုပေမယ့် hfE တွေပြောင်းသွားတတ်တယ် ဒီလိုအခြေနေကြုံလာတဲ့အခါ Bias ဗို့ထောင်တက်မသွားဖို့ 4148+LED အတွဲလေးက 2.5 ဝန်းကျင်ဆွဲထိန်းထားတယ် (1A Diode သုံးလုံးနဲ့ Bias ထိန်းထားတာနဲ့သွားတူပါတယ်) ဒီအတွဲမပါရင် Base ဗို့တွေထောင်တက်သွားပြီး Output Tr တွေပါသွားတတ်ပါတယ် ဒါကြောင့်ဒီအတွဲလေးဟာလဲ မရှိမဖြစ်မဟုတ်ပေမယ့် အရေးပါတဲ့ကောင်လေးတွေပါ လေ့လာနေသူများအဆင်ပြေစေရန် LED နှစ်လုံးရဲ့ပါဝင်ပတ်သက်မှုကိုရှင်းပြပေးတာပါ

FP10000Q တွေဆားဗစ်လုပ်ရာမှာအဆင်ပြေကြစေဖို့ပါ ပုံတင်ရင်ဝါးလို့ဖိုင်တင်ပေးတာ လိုအပ်သူယူပါ Class TD အများစုကတော့သိသိသာသာမကွ...
26/12/2023

FP10000Q တွေဆားဗစ်လုပ်ရာမှာအဆင်ပြေကြစေဖို့ပါ ပုံတင်ရင်ဝါးလို့ဖိုင်တင်ပေးတာ လိုအပ်သူယူပါ Class TD အများစုကတော့သိသိသာသာမကွာကြပါဘူး

https://drive.google.com/file/d/13OGdNhhGl5sqjYSTg_NldtO87f_YnuLe/view?usp=drivesdk

19/11/2023

''တစ်ရွာ မပြောင်း၊ သူကောင်းမဖြစ်'' တဲ့
''သေချင်တဲ့ကျား တော ပြောင်း'' တဲ့
''ထိုင်နေအကောင်းသား ထသွားမှကျိုးမှန်းသိ'' တဲ့
''ထိုင်နေလို့ ဘာမှ မဖြစ်'' တဲ့
''တစ်နေ့ တစ်လံ၊ ပုဂံ ဘယ်မရွေ့'' တဲ့
ကာလံ ဒေသံ ဓနံ အဂ္ဂံ ပါပဲဗျာ။

Electronics service ကိုလေ့လာတဲ့အခါပစ္စည်းတွေရဲ့သဘောသဘာဝနဲ့လက်တွေ့အသုံးချပုံကိုအရင်လေ့လာပါ ပြစ်ချက်နဲ့ဖြေရှင်းနည်းဆိုတာကဒ...
18/11/2023

Electronics service ကိုလေ့လာတဲ့အခါပစ္စည်းတွေရဲ့သဘောသဘာဝနဲ့လက်တွေ့အသုံးချပုံကိုအရင်လေ့လာပါ ပြစ်ချက်နဲ့ဖြေရှင်းနည်းဆိုတာကဒါတွေကိုသိ‌နေရင်အမြန်ဆုံးရှာတွေ့နိုင်ပါတယ် အခုလက်ရှိမြင်နေရတာကပစ္စည်းတွေရဲ့သဘောသဘာဝထက် ပြစ်ချက်နဲ့ဖြေရှင်းနည်းတွေကိုပဲပိုစိတ်ဝင်စားနေကြတယ် ဒါဟာပုံစံတူပြစ်ချက်ကြုံလာမှပဲအသုံးဝင်ပါတယ် ကျနော်အကြံပြုတာသက်သက်ပါ လူတကိုယ်စိတ်တမျိုးပါမှန်တယ်ထင်မှလက်ခံပါ နောက်တခုကမြန်မာပြည်မှာလေ့လာရတာသိပ်တော့မလွယ်ပါဘူး အပြန်အလှန်လေးစားမှာအပိုင်းမှာအားနဲပါတယ် သိချင်လို့မေးတဲ့သူကပဲတဘက်ကဆရာကိုချက်ချင်းစာမပြန်လို့မကြိုက်တဲ့ပုံစံတွေ့တွေ့နေရတယ် တခါကြုံဖူးသေးတယ် Vedio link ပို့ပြီးတော့အဲ့ဆားကစ်ပတ်လမ်းကသုံးလို့အဆင်ပြေပါ့မလား ပစ္စည်းတွေကရောလွယ်လွယ်ရလားတဲ့ ဖြေတော့ဖြေပေးလိုက်ပါတယ် နောက်ဘယ်သူ့ကိုမေးမေးအခုလိုမလုပ်ဖို့ပါပြောလိုက်တယ် နောက်ထပ်လဲဘာမှလာမမေးတော့ဘူးအေးရော 😁😁😁 ဒါကလေးစားမှုရှိစေချင်လို့ပြောတာပါ တစ်ဘက်လူကအားမှဖြေမှာပေါ့ဗျာ 🙂🙂🙂လေ့လာရတာမလွယ်တဲ့အပိုင်းပြန်သွားရင်တော့မှတ်မှတ်ရရ 2014/15 လောက်မှာပါ ကိုယ်ကလဲကျောင်းသားဘဝ ကျနော့အကိုအရင်း ဆရာ Swan Thit (စွမ်းသစ် အသံချဲ့စက်ထုတ်လုပ်ပြုပြင်ရေး) ဆီမှာနေတုန်းကပေါ့ အောင်ပင်လယ်ကဆရာတစ်ယောက်နဲ့တွေ့တော့ Electronics Assiciation of Technicians (EAT) ဆိုတဲ့ Group ထဲရောက်ခဲ့တာပေါ့ အဲ့တုန်းကအဲ့ Group မှာ Audio မှာ Aung Myo ဆိုပဲ ကိုယ်ကတော့ပျော်သွားတာပေါ့ Aung Myo ဆိုတာအရင်ကအတူတူနေခဲ့ဖူးတာကိုး တနေ့သူ့ကဖုန်းဘေနံပါတ်နှစ်လုံးဖျက်ထားပီးမဲဖောက်ပေးတယ် ကိုယ်ကလဲဝင်‌မန့်တာပေါ့ မှန်တာချင်းအတူတူနောက်လူပေးမယ်လုပ်တော့လူငယ်ပီပီကျနော်အရင်မှန်တယ်ထလုပ်တာပေါ့ နောက်နေ့ဘန်းခံရတာပဲ 😁😁😁 group ထဲကိုလဲဘာမှကိုမတင်ဖူးဘူး တချို့ဆရာတွေမေးကြည့်တော့ group ‌ပျက်သွားတယ်တဲ့ 😁😁😁 ရက်ပိုင်းလောက်တော့တော်တော်စိတ်မကောင်းဖြစ်သွားတယ် ဟိုရှာဒီရှာနဲ့ DIY audio Indonesia ဆိုတဲ့ group ထဲရောက်သွားတယ်တော်တော် Active ဖြစ်တဲ့ group ပါ Admin တွေဆရာတွေကလဲသူတို့ထုတ်ရောင်းမယ် Design ကလွဲရင်အကုန်ချပေးတယ် အပြန်လှန်လေးစားမှုရော လက်တွဲခေါ်မှုရောဒီမှာနဲ့တော်တော်ကိုကွာပါတယ် လူမှုဆက်ဆံတဲ့ပုံစံရောပညာရောတော်တော်လေးရလိုက်တယ် နောက်တော့ Google မှာ Audio basic နဲ့ပတ်သက်တဲ့စာအုပ်တွေရှာဒေါင်းတယ်ဖတ်တယ်မှတ်တယ် တချို့စာအုပ်တွေတော်တော်စုံပါတယ် Signal စဝင်တဲ့နေရာကနေ Output ရောက်တဲ့အထိအပိုင်းနဲ့ခွဲရေးပြထားတယ် နောက်ဆုံးကျမှအကုန်ပြန်ပေါင်းပြလိုက်တော့ Audio amplifier circuit အပြည့်ဖြစ်သွားတယ် ဒါကကိုယ်ကအတန်းပညာရှိလို့အဆင်ပြေခဲ့တာ နောက်အရေးကြီးတာတခုက ပညာဆိုတာမျှဝေလေတိုးတက်လေပါ ကိုယ့်ထက်ငယ်တယ်ဆိုပြီးလဲအထင်မသေးနဲ့ ကိုယ့်ထက်သာတဲ့နေရာတွေအများကြီး အဲတော့ကျနော်သိတာလာမေးအကုန်ရှင်းပြပါတယ် တခါတလေစာနဲ့အဆင်မပြေလို့ဖုန်းခေါ်ပါဆိုပြီးရှင်းပြရတာ‌တွေရှိပါတယ် ခေါ်စရာမရှိလဲပြန်ခေါ်ပေးပါတယ် အောက်ကျို့စရာလဲမလိုဘူး အထင်ကြီးစရာအထင်သေးစရာလဲမလိုဘူး အပြန်အလှန်လေးစားမှုသာထားအဆင်ပြေပါတယ်

🙏🙏🙏 သင်ဆရာ မြင်ဆရာ ကြားဆရာ ဆရာအပေါင်းအားဂါရဝပြုပါတယ် 🙏🙏🙏

Address

Thanlyin

Telephone

+959444459501

Website

Alerts

Be the first to know and let us send you an email when Swam Thit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share