Moe Htet

Moe Htet ကွန်ပျူတာ နှင့်မိုဘိုင်းဖုန်းပြုပြ

MPT SIM Card  ဖြင့် လူ(၅)ယောက်တစ်ပြိုင်တည်းဖုန်းခေါ်ဆိုနည်း(Conference Call)ပုံပါအတိုင်း Setting များဖွင့်ပြီးလျှင်Confe...
02/11/2023

MPT SIM Card ဖြင့် လူ(၅)ယောက်တစ်ပြိုင်တည်း
ဖုန်းခေါ်ဆိုနည်း(Conference Call)

ပုံပါအတိုင်း Setting များဖွင့်ပြီးလျှင်

Conference call အသုံးပြုလိုသူများ
ပုံမှန်အတိုင်းတယောက်ကိုခေါ်လိုက်ပါ
တဖက်ဖုံးနဲ့အဆက်အသွယ်ရပြီဆိုရင်
ခဏစောင့်ခိုင်းပါ add callခေါ်ပါတဖက်
မှအဆက်အသွယ်ရရင်ကိုယ်ခေါ်တဲ့ဖုံး
မှာ conference (or) join ဆိုတဲ့စာပေါ်
လာပါ့မယ်အဲဒီခလုတ်ကိုနှိပ်လိုက်ပါ
၃ယောက်တခါတည်းပြောလို့ရပါပြီ
လူငါးယောက်အထိတစ်ပြိုင်တည်းခေါ်ဆိုလို့ရပါတယ်
ကုန်ကငွေအား တစ်ဦးတစ်ယောက်ချင်း မိနစ်အလိုက်ကျသင့်မှာဖြင့်ပြီး မူရင်းခေါ်ဆိုသူမှ ကုန်ကခံရမည်ဖြစ်ပါသည်...

Microsoft Word, PageMaker , Photoshop တို့မှာ " ဒ " ရိုက်မရတဲ့ ပြသနာဖြေရှင်းနည်း ~~~~~~~~~~~~~~~~~~~~~~~~~~(1) Microsoft...
23/10/2023

Microsoft Word, PageMaker , Photoshop တို့မှာ
" ဒ " ရိုက်မရတဲ့ ပြသနာဖြေရှင်းနည်း
~~~~~~~~~~~~~~~~~~~~~~~~~~
(1) Microsoft Word
File Menu> Options > Proofing > ue Options >
Auto Format As You Type > Straight quotes with smart quotes ကို အမှန်ခြစ် ဖြုတ်ပေးပါ။
(2) Adobe PageMaker 7.0
File Menu> Preferences > General > More > User Typographer's quotes ကို အမှန်ခြစ်ဖြုတ်ပေးပါ။
(3) Adobe Photoshop
Edit > Preferences > Type > User Smart Quotes ကို အမှန်ခြစ်ဖြုတ်ပေးပါ

Computer Window တင်ပြီးခါစလူများ၊ လိုအပ်နေသော computer Driver ကိုရှာဖွေမရဖြစ်နေပါက အန္တရာယ်ကင်းကင်းလျှင်မြန်လွယ်ကူစွာရှာ...
22/10/2023

Computer Window တင်ပြီးခါစလူများ၊ လိုအပ်နေသော computer Driver ကိုရှာဖွေမရဖြစ်နေပါက အန္တရာယ်ကင်းကင်းလျှင်မြန်လွယ်ကူစွာရှာဖွေနည်း
------------------------------------------------------------------------------------------------

ယနေ့ခေတ်မှာ ကွန်ပျူတာနှင့်မရင်းနှီးတဲ့လူဆိုတာမရှိသလောက်ရှားသွားပါပြီ။ မိမိကွန်ပျူတာမှာ Driver အခတ်အခဲနဲ့ကြုံနေရတယ် ဘယ်လိုရှာဖွေရမလဲမသိဘူး တွေ့ရာဒေါင်းလိုက်ရင်လဲ Virus ထိမှာစိုးရိမ်နေသူတွေ ဒီနည်းလမ်းလေးက များစွာအကျိုးရှိပါတယ်။ ကျနော်ကိုတိုင်ကလဲယခင်က မသိခဲ့တော့ Google မှာ ဒီအတိုင်းရိုက်ရှာပြီးအချိန်ကြာမြင့်သွားပေမဲ့ ကိုက်ညီတဲ့ Driver ကိုရှာမတွေ့ခဲ့ပါဘူး။ဒီနည်းလမ်းလေးကတော့ မိမိကွန်ပျူတာနဲ့လည်းကိုက်ညီမယ် အချိန်လဲမြန်သွားမယ် လွယ်ကူမြန်ဆန်စွာ အလုပ်တစ်ခုကိုပြီးမြောက်စေပါတယ်ဗျာ.........

မိမိမအားလပ်သည့်အခါ မိမိလွှဲပြောင်းထားသောဖုန်းထဲသို့ဖုန်းလွှဲပြောင်းပေးနည်း----------------------------------------------...
21/10/2023

မိမိမအားလပ်သည့်အခါ မိမိလွှဲပြောင်းထားသောဖုန်းထဲသို့ဖုန်းလွှဲပြောင်းပေးနည်း
------------------------------------------------------------------------------
Call Forwarding service ဆိုတာက Operator တိုင်းမှာရှိပါတယ် Free services ပါ။
Call setting ထဲကနေကြည့်လဲရပါတယ် ။
မိမိဖုန်း မအားသည့်အခါ အခြားဖုန်းတစ်လုံးဆီသို့လွဲပြောင်းခေါ်ဆိုစေတာပါ ။ ကြာဖြတ်နားထောင်မှုနဲ့မဆိုင်ပါ ။

Call Forwarding ဆိုတာ ကိုယ်က လက်ရှိထည့်ထားတဲ့ဖုန်းနံပါတ်ကို မကိုင်ဖြစ်တာတို့ဧရိယာပြင်ပတို့ဆို တခြားကိုင်ဖြစ်တဲ့ဖုန်းကိုယ်တခြားထည့်ထားတဲ့ဖုန်းနံပါတ်ကို လွှဲပြောင်းတာမျိုးပါ။ အခုခေတ်ကျ Voicemail ကို ရောက်တာပါ။ ဖုန်းဝင်ပြီး မကိုင်ရင် အသံမက်ဆေ့ချန်ထားနိုင်ပါသည် ဆိုတာမျိုးပါ။မိမိမအားလပ်သည့်အခါ၊ ခရီးသွားနေပြီးကားမောင်းနေတဲ့အခါ အရေးကြီးမီတင်လုပ်နေတဲ့အခါ ဖုန်းအဝင်ကိုလဲမလွတ်စေချင်ဘူးဆိုရင်တော့ ဒီ Call Forwarding Setting လေးက အရမ်းအသုံးဝင်ပါတယ်....။

Windows_Setting_Not_working_(Windows10)------------------------------------------------Windows_Setting_Not_working_(Wind...
20/10/2023

Windows_Setting_Not_working_(Windows10)
------------------------------------------------
Windows_Setting_Not_working_(Windows10)
ဖွင့်မရတာကို ပြန်ပြီး ဖွင့်လို့ရတဲ့
နည်းလေးကိုပါ
1) Search box ကနေ cmd ရိုက်ပါ ။
2) Cmd box ပေါ်လာရင် Right clicks ခေါ်ပြီး Rum as Administrator Clicks ပါ။
3) Yes , No Box ရောက်လာရင် yes ကိုရွေးပါ။
4) Box (အမည်းရောင်) ထဲမှာ sfc / scannow ရိုက်ပြီး Enter ခေါက်ပါ။
5) Beginning Verfication ဆိုတဲ့ စာသားနဲ့အတူ 100% ပြည့်အောင်စောင့်ပြီး
Complete ဖြစ်ရမယ်။
6) Windows system32 ဆိုတဲ့စာပေါ်လာရင် DISM /Online /cleanup-Image /RestoreHealth enter ခေါက်ပါ။
7) Deployment နဲ့ { === 100%} Completed Successfully ဆိုရပါပြီ။
စက်ကို Restart ချပါ ပြန်တက်လာရင် Setting သုံးလို့ရပါပြီနော်။
Internet_လိုအပ်ပါတယ်

ကွန်ပျူတာ Hang (ဟန်း)ရခြင်းအကြောင်း--------------------------------------------ခင်ဗျားတို့ ကြုံဖူးလားတော့ မသိဘူး ။ ကွန်ပ...
19/10/2023

ကွန်ပျူတာ Hang (ဟန်း)ရခြင်းအကြောင်း
--------------------------------------------
ခင်ဗျားတို့ ကြုံဖူးလားတော့ မသိဘူး ။
ကွန်ပျူတာက သုံးနေရင်းနဲ့ အလုပ်ဆက်လုပ်လို့ မရအောင်
အကြာကြီး Hang ဖြစ်ဖြစ်သွားတယ်။ အဲဒါ ဘာကြောင့်ပါလဲ …။
(1) Computer Memory မကောင်းရင် Hang ဖြစ်နိုင်ပါတယ်။
(2) CUP မှာ Heat အရမ်း တက်လာရင်လည်း Hang ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ အခု နောက်ပိုင်း ထုတ်တဲ့ CPU တွေကတော့
နည်းပညာ မြင့်လာပါပြီ ။
အပူချိန် 80 .C လောက်ရောက်လာရင် computer ကို
Auto Shut Down လုပ်ပစ်ပါတယ်။
(3) ကွန်ပျူတာမှာ Memory တစ်ချောင်းထက်မက စိုက်သုံးခဲ့မယ်
ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့ ဖြစ်နိုင်တာလဲဆိုတော
စိုက်ထားတဲ့ Memory နှစ်ချောင်းက မတူညီခဲ့တဲ့
အခါမျိုးမှာ ဖြစ်နိုင်ပါတယ်။ ဥပမာ Speed , Size ….etc
(4) Software တစ်ခုခုကြောင့်လဲ ဖြစ်နိုင်ပါတယ်။
အခုဆိုရင် ကျွန်တော်တို့က Online ကနေ တွေ့သမျှ software တွေ
ကွန်ပျူတာမှာ Install လုပ်ပြီး စမ်းကြည့်ကြတယ်။
တစ်ခါတစ်လေမှာ အဲဒီ software နဲ့ computer system နဲ့
မကိုက်ညီတဲ့ အခါမျိုးတွေမှာ ဖြစ်တက်ပါတယ်။
(5) နံပါတ် (၅) အနေနဲ့ကတော့ Low Power ပေါ့။
ပါဝါ ကြောင့်လဲ ဖြစ်တက်ပါတယ်။ Computer မှာ ရှိတဲ့
Pwer Supply ကလည်း အရေးကြီးတယ်ဆိုတာကို
သိစေချင်ပါတယ်။
တစ်ချို့က စျေးသက်သာရင် ပြီးရော ဆိုပြီး တက်ကြတယ်။
လုံလောက်တော့ Watt ပမာဏ ရှိတဲ့ Power Supply မျိုးကို
ရွှေးချယ်အသုံးပြုသင့်ပါတယ်။

မိမိတို့ Computer မှာ ရက်စွဲ၊ အချိန် တွေ မှားနေတာတွေ ပြင်လဲ၊ နောက်ရက် computer ဖွင့်တိုင်း ရက်စွဲ၊ အချိန် လွဲနေတာမျိုး က...
18/10/2023

မိမိတို့ Computer မှာ ရက်စွဲ၊ အချိန် တွေ မှားနေတာတွေ ပြင်လဲ၊ နောက်ရက် computer ဖွင့်တိုင်း ရက်စွဲ၊ အချိန် လွဲနေတာမျိုး ကြုံ ဖူးကြပါလိမ့်မယ်။
ရက်စွဲ နဲ့ အချိန် ဟာ အရေးကြီးပါတယ်
ရက်စွဲမှားနေတဲ့ အခါမျိုးမှာ တချို့ program တွေနဲ့ လုပ်ဆောင်ချက်တွေမမှန်တာ၊ ဝင်မရတာမျိုးတွေရှိတတ်ပါတယ်။ နောက်ပိုင်း Realtime နဲ့သွားတဲ့အတွက် Gmail တွေ FB တွေ ဝင်မရဖြစ်တတ်ပါတယ်။ ဒါကြောင့် ဘယ်မှာပဲဖြစ်ဖြစ် ရက်စွဲ၊ အချိန် မှန်နေဖို့ အရေးကြီးပါတယ်။
အဲဒါမျိုး ဖြစ်နေရင်တော့ အဓိက အားဖြင့် Motherboard ပေါ်က CMos Battery အားကုန်သွားဘို့ဖြစ်ပါတယ်။ Battery
လေး လဲပေးရပါမယ်။ လဲဖို့ဆိုရင် ...
ကွန်ပျူတာ Case ရဲ့ ဘေးအဖုံးကို ဖွင့်၊
Motherboard ပေါ်မှာ ပုံမှာ ပြထားတဲ့အတိုင်း တွေ့ရတဲ့ CMOS battery လေးကို လဲပေးလိုက်ရုံပါပဲ။
လဲပြီးရင်တော့ Date/Time ကို မှန်အောင်
ချိန်ပေးလိုက်ပါ၊ အဆင်ပြေသွားပါလိမ့်မည်။

Google Cloud ပေါ်မှာ Photos တွေ Files တွေကိုဘယ်လို သိမ်းမလဲ?------------------------------------------------------------...
17/10/2023

Google Cloud ပေါ်မှာ Photos တွေ Files တွေကိုဘယ်လို သိမ်းမလဲ?
-------------------------------------------------------------------
Internet Connection အဆင်ပြေရရှိတဲ့နေရာတွေမှာတော့ Cloud Storage Features & Functions တွေ ပိုမိုကောင်းမွန်လာတာနဲ့အမျှ Phone, Tablet, Desktop/Laptop PC တွေရဲ့ Hard Disk Storage လိုအပ်ချက်ကို ချုုံ့နိုင်လာပြီဖြစ်ပါတယ်။
သင့်မှာ Google/Gmail Account ရှိတာနဲ့ Google ကအခမဲ့ပေးတဲ့ 15GB Storage Space ကို 1) Gmail, 2) Google Photos နဲ့ 3) Google Drive တို့မှာ မျှဝေ သုံးစွဲနိုင်မှာဖြစ်ပါတယ်။

1* ကိုယ့် Gmail Account ရဲ့ Email အဝင်/အထွက် အားလုံးနဲ့ Attachments အားလုံး ကို
Storage Usage Count လုပ်ပါတယ်။
2* Google Photos ကို Mobile Application အနေနဲ့ Android ကော iOS မှာပါ Download &
Install လုပ်ပြီး Google Photos ရဲ့ Setting မှာ Back up & sync ကို ON ထားခြင်းဖြင့်
Phone/Tablet ထဲက ဓာတ်ပုံတွေကို Login ဝင်ထားတဲ့ Google Account ထဲကို သိမ်းထားစေ
မှာ ဖြစ်ပါတယ်။ အကယ်၍ မိမိရဲ့ Phone/Tablet physical damage ဖြစ်ခဲ့ရင်တောင်မှ New
Device မှာ Login ဝင်၍ သော်လည်းကောင်း၊ Computer Browser မှာ
https://photos.google.com မှ Login ဝင်၍ သော်လည်းကောင်း မိမိတို့ ဓာတ်ပုံတွေကို
ပြန်လည် ကြည့်ရှုရယူနိုင်မှာ ဖြစ်ပါတယ်။
3* Google Drive ကိုတော့ Mobile Application အနေနဲ့ Android ကော iOS မှာပါ Download
& Install လုပ်ပြီးသုံးနိုင်တဲ့ အပြင် Desktop/Laptop Computer တွေမှာလည်း Google
Drive for Desktop
( https://dl.google.com/drive-file-stream/GoogleDriveSetup.exe )
ကို Install လုပ်ပြီး Local Hard Drive တစ်ခုကဲ့သို့ File များကို Google ရဲ့ Cloud Storage
ပေါ်မှာ လုံခြုံစိတ်ချစွာ သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ သိမ်းဆည်းထားတဲ့ File တွေကို မည်
သည့် Mobile/Tablet, Computer Browser တို့မှ မဆို Account Login ဝင်ပြီး Access လုပ်
နိုင်မှာ ဖြစ်ပါတယ်။
Google ကပေးတဲ့ Storage 15GB ဆိုပေမယ့်လည်း အစောပိုင်းနှစ်တွေကတည်းက အသုံးပြုလာသူတွေ၊ Attachments/Photos/Files များစွာသိမ်းဆည်းအသုံးပြုသူတွေ အနေနဲ့ Storage မလုံလောက်တော့တဲ့ အခြေအနေကို တွေ့ကြုံလာသူတွေ များစွာရှိနိုင်ပါတယ်။
Storage မလုံလောက်လို့ Upgrade လုပ်မယ်ဆိုရင်တော့ 100GB, 1TB, 2TB, 10TB, 20TB, 30TB Plan တွေကို Monthly or Yearly Payment နဲ့ဝယ်ယူနိုင်ပါတယ်။

မိမိ Computer အသုံးပြုနေရင်း Blue Screen Error တက်ပီး စက်ပိတ်သွားလျှင် ဖြေရှင်းနည်း ------------------------------------...
16/10/2023

မိမိ Computer အသုံးပြုနေရင်း Blue Screen Error တက်ပီး စက်ပိတ်သွားလျှင် ဖြေရှင်းနည်း
----------------------------------------------------------------------------
Blue Screen error တက်ရခြင်း အကြောင်းရင်းမှာ
Software Error & Hardware Error ဆိုပီး ၂ မျိုးခွဲခြားပီး ဖြေရှင်းလို့ ရပါမယ်။
Software နည်း အရ ‼️
မိမိ PC တွင် အသုံးပြုထားသည့် Computer Third Party Application များ ၊ Driver Software များ နှင့် Mobile Driver များ မကိုက်ညီသည့် အနေအထားတွင် ဒီလို Error ချက်ချင်းပြပီိး Power ပိတ်ပေးရပါတယ်။
Hardware နည်းအရ ‼️
နောက်တနည်း ဖြေရှင်းနည်းကတော့
Hardware error လို့လဲ ပြောလို့ ရနိုင်ပါတယ်
မိမိ အသုံးပြုသည့် Ram & Memory Card
Rom & Harddsik Damage သို့မဟုပ် အဖြုတ် အတပ်သော် လည်းကောင်း Change ပီးသော် လည်းကောင်း ပြင်ဆင်ပီး တပ်ပေးစေချင်ပါတယ်။
တပ်ချင်ပီးချင်းလဲ သက်ဆိုင်ရာ Window ပြန်တင်ပေးရပါမယ်။
ကျနော်ကတော့ နားလည်သလောက် Software နည်းအရ ဖြစ်တဲ့ Mobile driver နဲ့ ပတ်သတ်ရင်း ဖြစ်တာကြောင့် Fix နည်း၊ ဖြေရှင်းနည်းကို ပြသပေးထားပါတယ် ခင်ဗျ။
Blue Screen Error Fix...!
Mobile Devices များ Driver သွင်းရင်းဖြစ်စေ
MTK Dev များ BL unlock လုပ်ရင်း Blue Screen Error တက်ခဲ့ရင် ထိုနည်းအတိုင်း ဖြေရှင်းပါ။
1. Window Search Bar တွင် Filer Wizard ဆိုပီး ရိုက်ရှာပါ။
2. Filer Wizard ဝင်လိုက်ပီး Remove all device filters ကို ရွေးပီး Next လုပ်ပီး Ok နှိပ်ပေးလိုက်ပါ။
3. Libusb Driver ပါပဲ အဓိက အကုန် မဖျက်ပဲ ဒီ data လေးပဲ ဖျက်ပီး libusb_win32 Remove Successfully...!
ပြရင် ရပါပိီ။
4. Computer ကို Restart ချပေးပါ။
Blue Screen Error မတက်တော့ပါဘူး....
Reboot ချပီး ပြန်တက်လာလျှင် Lib_usb driver ပြန်သွင်းပေးလိုက်ပါ....!

Lib_Usb Driver Link..----------------------
https://www.mediafire.com/file/gpr7qd51lexmop4/libusb-win32-devel-filter-1.2.6.0_bypassfrpfiles.com.zip/file

ကွန်ပျူတာတွေမတက်တဲ့အခါမှာ အကြမ်းဖျင်းစမ်းသပ်ခြင်း••••••••••••••••••••••••••••••••System Error တွေနဲ့ ပတ်သက်လို့ အများကြီ...
15/10/2023

ကွန်ပျူတာတွေမတက်တဲ့အခါမှာ အကြမ်းဖျင်းစမ်းသပ်ခြင်း
••••••••••••••••••••••••••••••••
System Error တွေနဲ့ ပတ်သက်လို့ အများကြီးတင်ခဲ့ပေးဖူးပါတယ်... ဒီရက်ပိုင်း လေးတွေမှာတော့ Hardware ပိုင်းနဲ့ပတ်သက်ပီးအကြမ်းဖျင်း အဖြေရှာပုံလေးတွေပြောပြပါမယ် ... {အခုမှ စပီးတော့ လေ့လာတဲ့ Beginner အတွက် ရည်ရွယ်ပါတလ်}
Computer ကို AC Plug ကနေ Power ပေးပီးလို့ PC Power ခလုတ်ကို နှိပ်ပီး Power ပေးလိုက်တဲ့အခါမှာ Computer မတက်ဘူးဖြစ်နေရင် အောက်ပါအဆင့်တွေအတိုင်း ဘာ Hardware Problem ကြောင့် Computer မတက်လဲဆိုတာ စမ်းကြည့်နိုင်ပါတယ်....
‼️Computer မတက်ဘူးဆိုတာကတော့
System Unit အဖုံးဖွင့်ကြည့်လို့ ဘာ Activity မှမရှိတာကိုပြောတာပါ ..
1️⃣ Power Supply Fan မလည်
2️⃣ Harddisk အလုပ်လုပ်သံမကြား
3️⃣ CPU Fan မလည်
အဲ့လိုအခြေအနေတွေဖြစ်နေပီဆိုရင်တော့ အောက်ပါ Instruction အတိုင်း သွားစစ်ကြည့်ပါ.....
1️⃣ ပထမအဆင့်အနေနဲ့ PC က Power ခလုတ် ကောင်းမကောင်းသိဖို့အတွက် Motherboard မှာ join ထားတဲ့ Casing က Power ခလုတ်ကြိုး ကိုဖြုတ်လိုက်ပါ (Power ခလုတ်ကြိုး မဖြုတ်ခင် Power Supply က Power ကြိုးအရင်ဖြုတ်အုံးနော် ဓာတ်လိုက်မှာစိုးလို့) ပီးရင် Screw Driver နဲ့ Motherboard က Power SW ဆိုတာလေးကို short လုပ်တဲ့အခါ ပြန်တက်လာရင်တော့ Casing က Power ခလုတ်မကောင်းလို့ Computer မတက်တာဆိုပီး ဒီအဆင့်နဲ့တင်အဆင်ပြေသွားပါပီ ... {‼️ short လုပ်ကြည့်တာလည်းမတက်သေးဘူးဆိုရင်တော့ နောက်တစ်ဆင့် ထပ်စမ်းကြည့်လိုက်ပါအုန်း ‼️}
2️⃣ ဒုတိယအဆင့်အနေနဲ့ကတော့ Power Supply မကောင်းဘူးလို့ယူဆပီး Power Supply ကောင်းမကောင်းကို စမ်းကြည့်ပါမယ် .... အရင်ဆုံး Power Supply က AC Power ယူထားတာကိုဖြုတ်ပီး Power Supply ကနေ Power ပေးထားတဲ့ Motherboard, Hard Disk, Drive စတဲ့ Power ကြိုးတွေ အားလုံးဖြုတ်လိုက်ပီး Motherboard ကို Power ပေးတဲ့ P1 Connector က အစိမ်းကြိုးနဲ့အမဲကြိုး ကို Paper Clip လေးနဲ့ ထိုးထားပီး Power Supply ကို AC Power ပေးလိုက်ပါ... Power Pupply Fan မလည်ပါက Computer မတက်တာ Power Supply ကြောင့်လို့ ယူဆပီး Power Supply လဲစမ်းကြည့်ရင် ကောင်းသွားပါလိမ့်မယ်... {‼️ အဲ့လိုမဟုတ်ဘဲ Power Supply ကကောင်းနေရင်တော့ နောက်ထပ်တစ်ဆင့် ထပ်စမ်းကြည့်လိုက်ပါအုန်း ‼️}
3️⃣ ဒီအဆင့်မှာတော့ RAM ကို သံသယဝင်ရပါတော့မယ်... ပုံမှန်ဆိုရင်တော့ RAM မကောင်းတာတဲ့အခါမှာ Bios အမျိုးအစားပေါ်မူတည်ပီး Beep Code လေးတွေ အသံမြည်လေ့ရှိပါတလ်...(တစ်ခါတစ်လေ Beep သံ မထုတ်ပေးဘဲ ဖြစ်နေတာမျိုးတွေလည်းရှိတတ်ပါတယ်...) ဒါကြောင့် RAM ကို အခု သေချာစစ်ပေးရတော့မယ် ... RAM Slot ကို သေချာ သန်ရှင်းရေးလုပ်ပီးရင် RAM က ရွှေရောင်ကြည်းချောင်းလေးကို ခဲဖြတ်လေးနဲ့ သုတ်ပေးပီး သေချာပြန်စိုက်ပီး Power ပြန်ပေးကြည့်မယ်... အဲ့လိုလုပ်တဲ့အခါကိုမှ မရသေးရင်တော့ အဲ့ RAM ကို တခြား Computer တစ်လုံးမှ သင့်လျော်တဲ့ RAM Slot မှာ စမ်းကြည့်ကာ Computer တက်လာရင်တော့ RAM ကောင်းတာကြောင့် Computer မတက်သေးတဲ့စက်မှာ ပြန်တက်ပီးရင် နောက်တစ်ဆင့်နဲ့ ထပ်စမ်းကြည့်ရပါမလ်......
4️⃣ ဒီအဆင့်မှာတော့ COMS Setting ကို Reset ချပေးရပါမယ် COMS Battery လေးကို ဖြုတ်ပီး 5 minute လောက်ထားပီးရင်ပြန်တက် အဲ့မှာ COMS က မီး အားအတက်အကျကြောင့် ကြောင်တာဆိုရင်တော့ ဒီအဆင့်မှာတင် Computer တက်သွားနိုင်တယ် မတက်သေးရင်တော့ နောက်တစ်ဆင့်ထပ်စမ်းကြည့်ပါအုန်းမလ် ....

Hard Disk, DVD Drive တွေကြောင့်တော့ Computer မတက်လောက်တဲ့အထိ မဖြစ်နိုင်ပါဘူး.....
5️⃣ Motherboard ကြောင့်လို့ယူဆကြည့်ပါမယ်။ Motherboard ကို Casing နဲ့ Join ထားတဲ့ Screw လေးတွေ short ဖြစ်နေရင်လည်း PC မတက်ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် Motherboard ကို ဖြုတ်ပီးရင် ဖော့ တစ်ခုခုပေါ်တင်ထား Motherboard နဲ့ join ထားတဲ့ Hard Disk တွေ DVD Drive တွေ Casing ကလာတဲ့ LED SW တွေ Power SW တွေ အကုန်ဖြုတ်ပီးတော့ Motherboard, Power Supply, RAM, CPU, Video Card ဒါပဲရှိတော့မယ် (‼️Power Supply ကလာတဲ့ P1 connector နဲ့ P4 Connector ကိုတော့ Motherboard မှာ Power ပေးရမယ်နော်‼️)

ပီးရင် Power Supply ကို AC Power ပေးပီး Motherboard ပေါ်က Power SW ကို Short လုပ်ကြည့် Computer တက်လာရင် Motherboard Screw Short ဖြစ်နေလို့ပါ..... သေချာလေး Casing မှာ Screw ပြန်တက်ပေးလိုက်ရင် ကောင်းသွားပါလိမ့်မယ် ... (မကောင်းသေးဘူးဆိုရင်တော့ Motherboard ပျက်နေပီဟုယူဆရပါမယ်)

သေချာသွားအောင် တစ်ခြားအမျိုးအစားတူ PC တစ်လုံးမှာ ပစ္စည်းတွေဖြုတ်တပ်ကြည့်ပီးတော့ Computer တက်သွားရင်တော့ Motherboard ကြောင့် မတက်သေးရင်တော့ Motherboard ကောင်းပီး CPU ပျက်နေတာသေချာသလောက်ဖြစ်နေပါပီ... CPU က အပျက်နည်းလို့နောက်ဆုံးအနေနဲ့ စမ်းကြည့်ရတာပါ... CPU ဖြုတ်ပီး တခြား Socket တူ Motherboard မှာ သေချာအောင်စမ်းကြည့်ပါ Board မတက်ဘဲနေပါလိမ့်မယ်......

ဒါကတော့ Computer မတက်တဲ့အခါမှာ အခုမှစပီးတော့ လေ့လာနေတဲ့ Beginner တွေအတွက် ရည်ရွယ်ပီး အကြမ်းဖျင်း ရှင်းပြပေးထားတာဖြစ်ပါတလ်..... ဖြစ်ဖူးတာလေးတွေနဲ့ တွဲပီး ရှင်းပြပေးထားတာပါ....

Computer ကိုအသုံးပြုရ  မြန်ဆန်အောင် ပြုလုပ်နည်း =====================================PC တစ်လုံးမှာ အသုံးပြုတဲ့ သက်တမ်းကြ...
14/10/2023

Computer ကိုအသုံးပြုရ မြန်ဆန်အောင် ပြုလုပ်နည်း
=====================================
PC တစ်လုံးမှာ အသုံးပြုတဲ့ သက်တမ်းကြာလာတာနဲ့အမျှ လေးလာတာ, app & files တွေ ဖွင့်ရင် အကြာကြီးစောင့်ပြီးမှ ပွင့်လာတာ, hang သွားတာမျိုး ဖြစ်တတ်ပါတယ်။
ဒီလိုပြသာနာမျိုး ဖြစ်နေတယ်ဆိုရင် အသုံးပြုရမြန်ဆန်သွားအောင် ဘယ်လိုရှင်းရမလဲ ဆိုတာ ပြောပြပေးပါမယ်။

1) Win+R ကိုနှိပ်ပြီး box ထဲမှာ recent, temp, %temp%, prefetch ကိုတစ်ခုချင်းရိုက်ပြီး enter နှိပ်ပါ။ ပေါ် လာတာတွေကို Shift+delete နဲ့ဖျက်ပါ။

2) Third-party cleaner software သုံးပြီး မလိုတဲ့ cache file တွေကို ဖျက်ပါ။ (eg. CCleaner)

3) Windows search box မှာ Defragment ကိုဖွင့်ပြီး ပြန်ကျဲနေတဲ့ files တွေကိုပြန်စီပါ။ ( SSD အသုံးပြုထားရင် လုပ်စရာမလိုပါ)

4) မိမိ pc က လက်ရှိအသုံးပြုနေတဲ့ Windows OS နဲ့အသုံးပြုလို့ အဆင်ပြေ/မပြေ စစ်ပါ။ မနိူင်ဝန်ထမ်းနေရရင် Windows နှိမ့်တာ ပြန်သွင်းပါ။

5) Windows တင်ထားတဲ့ drive C: ဖက်ခြမ်းကို တတ်နိူင်သမျှ storage များများလွှတ်အောင် ထားပါ ။

6) Task manager ရဲ့ performance ထဲဝင်ပြီး RAM ဘယ်လောက်အသုံးပြုထားလဲ စစ်ပါ။ RAM ပြည့်နေရင် ထပ်တိုးလို့ရရင် တိုးပါ။

7) Virus ကြောင့် pc လေးနေတာမျိုးလဲ ဖြစ်တတ်ပါတယ်။ Windows security (or) third-party security software သုံးပြီး စစ်ကြည့်ပါ။
😎 Drive C: ရဲ့ Properties ထဲဝင်ပြီး disk cleanup ပြုလုပ်ပါ။

9) Windows တက်တာနှေးတာ, apps တွေဖွင့်ရင်နှေးတာမျိုး ဖြစ်ရင်တော့ SSD အသုံးပြုပြီး windows ကို SSD drive ဘက်ခြမ်းမှာ တင်သုံးပါ။ HDD ကို data သိမ်းဖို့အတွက် သုံးပါ။

10) Task manager ထဲရှိ startup ထဲမှ pc ဖွင့်တာနဲ့ auto မပွင့်စေချင်တဲ့ apps တွေကို disable လုပ်ပါ။

11) Windows search box ထဲမှာ background apps ကိုဖွင့်ပြီး နောက်ကွယ်မှာ အလုပ် မလုပ်စေချင်တာတွေ ပိတ်ပါ။

12) Setting ရဲ့ Apps ထဲမှ အသုံးမပြုတဲ့ apps များကို uninstall ပြုလုပ်ပြီး ထုတ်ပါ။
အထက်ပါအတိုင်း ပြုလုပ်စစ်ဆေးပြီးရင် computer ကအသုံးပြုရ မြန်ဆန်သွားပါမယ်။ ဒီနည်းလမ်းတွေနဲ့ မကြာခဏ စစ်ဆေးရှင်းလင်းပေးသင့်ပါတယ်။

Bluetooth Version များ၏ သမိုင်းအကျဉ်း************************စမတ်ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ စမတ်လက်ပတ်နာရီတွေစတဲ့ Gadget အသ...
14/10/2023

Bluetooth Version များ၏ သမိုင်းအကျဉ်း
************************
စမတ်ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ စမတ်လက်ပတ်နာရီတွေစတဲ့ Gadget အသုံးပြုသူတွေအတွက် Bluetooth ရဲ့ အခန်းကဏ္ဍက အတော်လေး အရေးပါတယ်လို့ ဆိုရမယ်။ ဒါကြောင့် ဒီတစ်ပတ်တော့ Bluetooth Version တွေ အကြောင်း၊ ဘာတွေ ကွာခြားလာလဲ? ဘယ်လို တိုးတက်ကောင်းမွန်လာသလဲ? ဆိုတာတွေကို နည်းနည်းလောက် ပြောပြချင်မိပါတယ်။
Bluetooth ဆိုတာ ရေဒီယိုလှိုင်းကို အသုံးပြုပြီး ကြိုးမဲ့ဆက်သွယ် ချိတ်ဆက်ရေး နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။
Bluetooth ဆိုတဲ့ နာမည်ကရော ဘယ်ကနေ ဘယ်လို ဖြစ်ပေါ်လာတာလဲ? ၁၀ ရာစုတုန်းက ဒိန်းမတ်နဲ့နော်ဝေဘုရင် Harald Bluetooth ကို အစွဲပြုပြီး ပေးထားတဲ့ နာမည် ဖြစ်ပါတယ်။ Bluetooth ရဲ့ လိုဂိုပုံစံကလည်း H နဲ့ B ကို အခြေခံပြီး ရောယှက်ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။
ပထမဆုံး Bluetooth Version ကတော့ ၁၉၉၉ ခုနှစ်မှာ စတင်ပေါ်ပေါက်လာတာဖြစ်ပြီး ဒေတာကူးပြောင်းတဲ့မြန်နှုန်းက 732.2 kb/s (0.7 Mbps) လောက်သာ ရသေးတာပါ။
Bluetooth Version 2.0 ကတော့ ၂၀၀၅ ခုနှစ်မှာ ပေါ်ပေါက်လာပြီး ဒေတာမြန်နှုန်းက 3 Mbps အထိ ရရှိလာပါတယ်။ ဒါ့အပြင် အကွာအဝေးချိတ်ဆက်နိုင်မှုမှာလည်း အရင် ၁၀ မီတာကနေ အဲဒီဗားရှင်းမှာတော့ ၃၃ မီတာ အကွာအဝေးလောက်အထိ အချိတ်အဆက် မိလာပါပြီ။
Bluetooth Version 3.0 ကိုတော့ ၂၀၀၉ မှာ ထုတ်လုပ်ခဲ့ပြီး ဒေတာမြန်နှုန်းအနေနဲ့ 24 Mbps အထိ (Wi-Fi ပေါ်မှာ ကူးပြောင်းခြင်းဖြစ်) ရရှိ အသုံးပြုလာနိုင်ပါတယ်။
ဒီလိုနဲ့ ၂၀၁၀ မှာတော့ Bluetooth Version 4.0 ထွက်လာပါတယ်။ အရင်ဗားရှင်းထက် ထူးခြားလာတာက ဒီဗားရှင်းမှာ ပါဝါသုံးစွဲမှုကို လျှော့ချပေးထားတဲ့ low energy နဲ့ သုံးစွဲလာနိုင်ပါပြီ။ LE အခြေအနေမှာ ဒေတာကူးပြောင်းနှုန်းက 1 Mbps ဖြစ်ပြီး အမြင့်ဆုံးရနိုင်တဲ့ ဒေတာကူးပြောင်းမြန်နှုန်းကတော့ 25 Mbps ဖြစ်ပါတယ်။ အကွာအဝေးအားဖြင့်လည်း ၆၀ မီတာ (ပေ ၂၀၀) လောက်အထိ အချိတ်အဆက်မိလာနိုင်ပါတယ်။
Bluetooth Version 5.0 ကိုတော့ ၂၀၁၆ ခုနှစ်မှာ မိတ်ဆက်ခဲ့ပြီး Bluetooth Device နှစ်ခုကို တပြိုင်နက် ချိတ်ဆက်တာမျိုးတွေ ပြုလုပ်လာနိုင်ပါတယ်။ LE Mode မှာ ဒေတာကူးပြောင်းနှုန်း 2 Mbps အထိ ရလာပြီး အမြင့်ဆုံးဒေတာကူးပြောင်းနှုန်းအနေနဲ့ 50 Mbps အထိ ရရှိနိုင်ပါတယ်။ အကွာအဝေးအနေနဲ့လည်း ၅၀ မီတာကနေ ၂၀၀ မီတာလောက်အထိ ချိတ်ဆက်နိုင်စွမ်းတွေ တိုးတက်လာပါပြီ။ ပါဝါသုံးစွဲမှု အရမ်း နည်းပါးလာလို့ တနေကုန် On ထားတာမျိုးတွေ ပိုအဆင်ပြေလာပါတယ်။ Smartwatch တွေ Wireless Earbuds တွေ အသုံးများလာတဲ့ အခုခေတ်မှာ Bluetooth က အမြဲလိုလို ဖွင့်ထားရပါတော့တယ်။
အခုနောက်ဆုံးဗားရှင်းကတော့ ၂၀၂၁ မှာ ထွက်ခဲ့တဲ့ Bluetooth 5.3 ဖြစ်ပြီး တည်ငြိမ်မှု၊ လုံခြုံမှုနဲ့ အသုံးဝင်မှုစွမ်းရည်တွေကို ထပ်အဆင့်မြှင့်တင်ပေးထားပါတယ်။

Address

Taze, Lanzone
Taze

Website

Alerts

Be the first to know and let us send you an email when Moe Htet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share