Thit Lynn Nway

Thit Lynn Nway ကဗျာ
--------

စိတ်၏ လွတ်မြောက်နယ်မြေ။

-သစ်လင်းနွေ

05/02/2026

"နွေပန်းချီကား"

ကွန်ကရစ်လမ်းမတွေပေါ်
ပြန့်ကျဲ ပြိုကျ
ဗန်ဒါရွက်ခြောက်များစွာ။

ညိုတိုတို အရွက်တွေကို ချွေ
အကိုင်းနားတွေ စေကခိုင်း
သူတို့သဘာဝ ဂီတ နွေ။

ဖမ်းဆုတ် လှမ်းကုတ်ဖို့မလွယ်
လူကို မရွှင်လန်း
အခြေနေကို လွမ်းစေတာလည်း
‌နွေ ။

ရွှေဝါရောင် အဖူးငုံ
စိမ်းမြမြ အရောင်ပေါ်ထပ်
နွေလို့ ထင်ဟက်
လှရက်လွန်းသူ နွေသရက်။

#သစ်လင်းနွေ
5/2/2026

Address

TAWKYWEINN
Taungoo

Alerts

Be the first to know and let us send you an email when Thit Lynn Nway posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share