The Guru's Odyssey

The Guru's Odyssey Discover more to be a guru... Discover more to be a GURU! your most reliable dealer.

Uniqlo Light Full Zip Hoodieဆောင်းတွင်းရောက်ပီဆိုတော့ ပါးပါးပေါ့ပေါ့လေးနဲ့ အတော်နွေးတဲ့ ခေါင်းစွပ်အနွေးထည်လေးတထည်တော့ ရှ...
13/12/2024

Uniqlo Light Full Zip Hoodie

ဆောင်းတွင်းရောက်ပီဆိုတော့ ပါးပါးပေါ့ပေါ့လေးနဲ့ အတော်နွေးတဲ့ ခေါင်းစွပ်အနွေးထည်လေးတထည်တော့ ရှိထားသင့်တယ်နော်

brand ကလည်း Uniqlo ဆိုတော့ ကွာလတီမကောင်းမှာ လုံးဝပူစရာမလိုပါဘူး

မူရင်းဈေး ၈သောင်းနီးပါးကနေ sale ချထားတဲ့ item မို့ အတော်တန်နေပီနော်

အထည်တွေအကုန်လုံးက in stock ပါ
အိမ်ရောက်ငွေချစနစ်နဲ့ မှာလို့ရပါပြီ။

✅Price- 45000 mmk
✅Color & Size -off white(S,M,L), green(S,M,L), blue(S,M,L), light grey (S,M), Black (S,M), red (S,M)

Direct from 🇯🇵
💯Authentic ✅
⚠️Prepaid or COD
🚚 ninja van company ရုံးခွဲရှိတဲ့မြို့နယ်တိုင်းအိမ်အရောက် ပို့ဆောင်ပေးပါတယ်ရှင်

GU Leather Touch Bucket Hat (in stock only)လယ်သာနဲ့ကိုမှ unisex ဆောင်းလို့ရမယ်နေပူထဲသွားတဲ့အခါ သူများနဲ့မတူ အထာကျမိမိုက်...
05/10/2024

GU Leather Touch Bucket Hat (in stock only)

လယ်သာနဲ့ကိုမှ unisex ဆောင်းလို့ရမယ်
နေပူထဲသွားတဲ့အခါ သူများနဲ့မတူ အထာကျမိမိုက်နေစေချင်လား
ဓာတ်ဖမ်းရင် စတိုင်ကျကျလေး ဖြစ်ချင်လား
ဒါလေး ၁လုံးလောက်သာ ဝယ်ထား
အိုကေမှာစိုပြေနေစေရမယ်။

✅Price- 35000 mmk
✅Color -Black, Natural
Direct from 🇯🇵
💯Authentic ✅
⚠️Prepaid only
🚚 Delivery company ရုံးခွဲရှိတဲ့မြို့နယ်တိုင်းအိမ်အရောက် ပို့ဆောင်ပေးပါတယ်ရှင်

GU Boucle knit mini skirt (in stock only)ဒါလေးကတော့ ချစ်စရာ မီနီစကတ်လေးပါအရောင်ကတော့ natural တမျိုးပဲ ကျန်ပါတော့မယ်✅Pric...
05/10/2024

GU Boucle knit mini skirt (in stock only)

ဒါလေးကတော့ ချစ်စရာ မီနီစကတ်လေးပါ
အရောင်ကတော့ natural တမျိုးပဲ ကျန်ပါတော့မယ်

✅Price- 42000
✅Color & sizes -Natural (XS)

Direct from 🇯🇵
💯Authentic ✅
⚠️Prepaid only
🚚 Delivery company ရုံးခွဲရှိတဲ့မြို့နယ်တိုင်းအိမ်အရောက် ပို့ဆောင်ပေးပါတယ်ရှင်

GU two piece tank top lady wear (in stock only)ဒါလေးကို ဝယ်ထားမယ်ဆိုရင်တော့ ခုချိန်မှာ ငွေကျပ် ၄သောင်းကျော်နဲ့ စတိုင် ၃မ...
05/10/2024

GU two piece tank top lady wear (in stock only)

ဒါလေးကို ဝယ်ထားမယ်ဆိုရင်တော့ ခုချိန်မှာ ငွေကျပ် ၄သောင်းကျော်နဲ့ စတိုင် ၃မျိုးလောက်ဝတ်လို့ရပါမယ်။

၂ထည်တွဲကိုမှ ပုံစံ၂မျိုးနဲ့ ဝတ်မလား
၁ထည်ချင်းစီပဲ ဝတ်မလား
ကာကာလေးတို့ သဘောပါနော်...

✅Price- 42000
✅Color & sizes -Gray (XS/M), Pink (L), Black (M)
Direct from 🇯🇵
💯Authentic ✅
⚠️Prepaid only
🚚 Delivery company ရုံးခွဲရှိတဲ့မြို့နယ်တိုင်းအိမ်အရောက် ပို့ဆောင်ပေးပါတယ်ရှင်

GU Ribbed camisole dress (in stock only)✅Price- 59000✅Color & sizes -Black (S/M), dark brown (XS/S), Beige (M) Direct fr...
05/10/2024

GU Ribbed camisole dress (in stock only)

✅Price- 59000
✅Color & sizes -Black (S/M), dark brown (XS/S), Beige (M)

Direct from 🇯🇵
💯Authentic ✅
⚠️Prepaid only
🚚 Delivery company ရုံးခွဲရှိတဲ့မြို့နယ်တိုင်းအိမ်အရောက် ပို့ဆောင်ပေးပါတယ်ရှင်

11/12/2023

ဆိုးပါ၊ ရပ်သင့်တဲ့ အချိန်တော့ ရပ်ပါ

ငယ်ငယ်တုန်းက သူငယ်ချင်း ဘယ်လောက်ခင်လဲဆိုရင် အိမ်မှာ လ ချီပြီးကို ခေါ်တင်ထားတာ။

ထမင်းလည်း ကျွေးတယ်။ ရတဲ့မုန့်ဖိုးလည်း အတူတူ သုံးတယ်။ အိမ်မှာဆို လူမပြတ်ဘူး။ သူ့အိမ်ပေါ်က ဆင်းလာပြီး ကိုယ့်အိမ်မှာ တစ်နှစ်လုံး နေသွားတဲ့ သူငယ်ချင်းလည်း ရှိတယ်။ နယ်ကနေ အိမ်မှာလာနေပြီး ကျောင်းလာ တက်တဲ့ သူငယ်ချင်းလည်း ရှိတယ်။ အရမ်းချစ်ကြတယ်။

၁၉၉ဝ ဝန်းကျင်ခုနစ်က ကလေးတွေဆိုတော့ ညနေဆို လက်ဖက်ရည် ဆိုင်ထိုင်ရင် လူက ၁၅ ယောက်လောက် အမြဲရှိတယ်။ အသက်ကလည်း ၁၈ ဝန်းကျင်လေးတွေဆိုတော့ အဖွဲ့ထဲမှာ လူအစုံပါတယ်။ ဂိမ်းသမား၊ အရက်သမား၊ ဆေးသမား၊ ခေါင်း၊ လူမိုက်၊ လောင်းကစားသမား အစုံပဲ။ လိုင်းပေါင်းစုံ စုနေပေမယ့် မကောင်းတဲ့ လူတွေချည်းပဲဆိုတော့ လူညီကြပါတယ်။ အချင်း ချင်းတော့ ရန်မဖြစ်ကြဘူး။ သူများနဲ့ပဲ ဖြစ်ကြတာ။

ဖြစ်လိုက်ရင်လည်း အကုန်ပါကြတယ်။ အနည်းဆုံး ကြောက်တတ်တဲ့ ကောင်တောင် တစ်ချက်လောက် ဝင်ထိုးပြီး ပြေးကြတာမျိုးပေါ့။ သူကြောက်ပေ မယ့် မင်းတို့လုပ်ရင် ငါလည်း လုပ်မယ်ဆိုတဲ့ သူမျိုးပေါ့။

တကယ်ချစ်ဖို့ ကောင်းကြပါတယ်။ ပျော်စရာလည်း ကောင်းခဲ့တယ်။ အဲဒီအချိန်တွေအတွက် နောင်တ တစ်ခါမှ မရဖူးဘူး။

အသက်ကြီးလာကြတာနဲ့အမျှ အားလုံးကိုယ့်လမ်းကိုယ် လျှောက်ကြရတဲ့ အချိန်၊ အလုပ်တွေလုပ်ကြရတဲ့ အချိန်မှာတော့ ဒီလူတွေ ဘဝပေးအခြေအနေတွေ သားစု အခြေအနေတွေကြောင့် အကုန် တစ်ယောက်တစ်နေရာစီ ရောက်သွား ကြတယ်။

သေတဲ့သူကလည်းသေ၊ မွဲတဲ့သူကလည်းမွဲ၊ အဆင်ပြေတဲ့သူကလည်း ပြေ၊ နိုင်ငံခြားရောက်တဲ့သူကလည်း ရောက်ပေါ့။ ဆိုးခဲ့ကြတာချင်းအတူတူ တချို့က အဆင်ပြေနေကြသလို တချို့က အတော်ကို မပြေကြဘူး။

အဓိက က ဘာကွာသွားလည်းဆိုတော့ အဆင်ပြေနေတဲ့သူတွေက ဘယ်အချိန်မှာ ဆိုးတာကို ရပ်ရမလဲ သိကြပြီး မပြေတဲ့သူတွေက ရပ်ရမယ့်အချိန် မှာ မရပ်နိုင်ခဲ့ကြတာပဲ။ မဆိုးနဲ့ မပြောချင်ဘူး။ ဆိုးရတာ ကောင်းတယ်။ လုပ်စရာရှိတာ လုပ်။ ပျော်ကြ။ ဘဝက ခဏပဲ။ ပျော်အောင်နေကြပါ။ ဒါပေမဲ့ ရပ်ရတော့မယ့်အချိန်ဆို ရပ်လိုက်။ အိုကေတယ်။ အလုပ်လုပ်ရမယ့်အရွယ်မှာ အလုပ်လုပ်ပါ။ အားတဲ့ရက် ပျော်ပေါ့။ တစ်ခါတစ်ခါ ထပ်ပြီး ဆိုးပေါ့။

ကျွန်တော့်ပတ်ဝန်းကျင်က သူငယ်ချင်းတချို့ အခုအချိန် ဒုက္ခရောက်နေ ကြတာက ဆိုးတာတွေ ရပ်ရတော့မယ့်အချိန် မရပ်မိကြတာ။

အနည်းအကျဉ်းလောက်ပဲ လုပ်ရာကနေ မရပ်ချင်တော့လို့ အရက်စွဲသွား တယ်။ ဘိန်းစွဲသွားတယ်။ ရပ်လို့ မရတော့ဘူး။ ရာမ ကြိုက်သွားတယ်။ မချရရင် မနေနိုင်တော့ဘူး။ အဲတော့ အလုပ်လုပ်ရမယ့်အချိန်၊ ဘဝ စရမယ့် အချိန် အဲဒီလိုအပ်ချက်တွေနောက်ပဲ လိုက်ရင်း အချိန်ကုန်သွားကြတယ်။ အိမ်က တောင်းသုံးတယ်။ သူများဆီက ချေးတယ်။ ဒါနဲ့ပဲ လုံးလည်ချာလည်လိုက် နေတယ်။

အဆင်ပြေနေတဲ့ သူငယ်ချင်းတွေက တာဝန်ရှိတယ်လို့ယူဆပြီး တချို့ကို ကူညီကြတယ်။ တွဲခေါ်ဖူးတယ်။ ဒါပေမယ့် ကာယကံရှင်ကိုယ်တိုင်က မရပ် ချင်ရင် ဘယ်သူကမှ ရပ်ပေးလို့ မရဘူး။ ထောင်ကျသွားလည်း ရပ်တာမျိုး မဟုတ်ဘူး။ ရွာသာကြီး ရောက်သွားမှ ရပ်သွားတာမျိုးလည်း မဟုတ်ဘူး။ အဓိကက ကိုယ့်ဟာကိုယ် ရပ်သင့်ပြီလို့သိတဲ့ အသိစိတ်ဝင်မှပဲရပ်တာ။ ကိုယ် တိုင်က မကောင်းမှန်းသိသိနဲ့ ဆက်လုပ်ချင်နေရင် သေတဲ့အထိ မရပ်တော့ဘူး။

အဲဒါလည်း သေမယ်မှန်းသိသိနဲ့ သောက်ရင်း သေသွားတဲ့သူငယ်ချင်း ရှိတယ်။ သေမှာလည်း သိတယ်။ မထူးဘူးဆိုပြီး သောက်ပြီး သေသွားတာ။ ဘေးလူက ဘာမှ လုပ်ပေးလို့မရတဲ့ အနေအထားမျိုးတွေပေါ့ ။

ဘာရယ်မဟုတ်ပါဘူး။ ငယ်သူငယ်ချင်းတချို့ အခုထိ မရပ်နိုင်ကြသေး ဘူး။ ရပ်စေချင်တဲ့စိတ်နဲ့ ရေးတဲ့ စာပါ။ ကိုယ်တိုင်လည်း အခု ဘာကောင်မှ မဟုတ်ပါဘူး။ အခုလည်း ဆိုးနေတာပဲ။ ရပ်ရမယ့်အချိန်ရပ်ပြီး ဆိုးရမယ့်အချိန် ဆိုးတာလေးတော့ သတိသွင်းရတာပေါ့။ ဆရာကြီးလုပ်နေတာ မဟုတ်ပါဘူး။ ဒီလိုအသိလေးရဖို့၊ စာလေးရေးဖို့ကို အချိန်တွေ၊ အတွေ့အကြုံတွေ အများကြီး ရင်းနှီးခဲ့ရတာပါ။

အတွေ့အကြုံတွေက အလကား မရပါဘူး။ အနည်းဆုံး အချိန်တော့ ပေးခဲ့ကြရတာပဲ။ ကျွန်တော် ပေးခဲ့ရတဲ့ အချိန်တွေထဲက ကိုယ်တွေ့ အတွေ့ အကြုံလေးကို message ပေးချင်ရုံသက်သက်ပါ။

ဆိုးပါ။ ရပ်သင့်တဲ့အချိန် ရပ်ပါ။ အဆင်ပြေရင် ပြန်ဆိုးပေါ့။ ဘယ်သူ့ ကိုမှ မထိခိုက်ရင်တော့ အကောင်းဆုံးပေါ့။

Motivational Speaker တွေ ပြောတာကိုသွားနားမထောင်နဲ့ ။ မျှော်လင့်ချက်အတုတွေပဲ ပေးလိမ့်မယ် ။ " Live Your Dreams " ," Just D...
06/10/2023

Motivational Speaker တွေ ပြောတာကို
သွားနားမထောင်နဲ့ ။ မျှော်လင့်ချက်အတုတွေပဲ ပေး
လိမ့်မယ် ။ " Live Your Dreams " ,
" Just Do It " , " Never Give Up " ,
စတဲ့စကားလုံးတွေ တွင်တွင်သုံးပြီး ၊ မိုးကို ဒူးနဲ့
တိုက်ချင်စိတ်ပေါ်လာအောင် ဖိန့်လုံးတွေ လွှတ်လိမ့်
မယ် ။

ဒီလောက် စုတ်ပြတ်သတ်နေပြီး ၊ ထမင်းတစ်လုပ်
အတွက် ရုန်းကန်နေရတဲ့နိုင်ငံမှာ ၊ ဂျက်မား
အီလွန်မက်တို့အကြောင်းတွေ ပြောပြီး ၊ ကြိုးစား
ရင် ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ logic ကို ၊ နားဝင်
ချိုအောင် အားကြိုးမာန်တက်ရှင်းပြကြလိမ့်မယ်။
သူတို့သင်တန်းတွေတက်လိုက်လို့ တကယ်ပြောင်းလဲ
တိုးတက်သွားပြီဆိုတာမျိုး တစ်ခါမှဖြင့် မကြားဖူး
ဘူး ။

ဘယ်ကြားဖူးမလဲ ။ တကယ့် motivation အစစ်
ဆိုတာ ကိုယ့်ရဲ့အတွင်းအဇ္ဈတ္တထဲက လာတာ ။ ကိုယ့်
နိုင်ငံရဲ့လူနေမှုအဆင့်အတန်းကို ငုံ့မကြည့်ဘဲ ၊ မိုက်
တစ်လုံးကိုင်ပြီး စောက်ကြီးစောက်ကျယ်တွေ ပြောနေတဲ့ကောင်တွေဆီက လာတာ မဟုတ်ဘူး ။ self
confidence အားနည်းတဲ့ လူငယ်တွေကို ပစ်မှတ်
ထားစည်းရုံးပြီး ၊ နှစ်သိန်းသုံးသိန်းတောင်း ၊ခပ်ပေါပေါ စကားလုံးတွေပြောပြီး ခင်ဗျားပိုက်ဆံအိတ်ထဲကငွေတွေကို အသာလေး မ,ယူသွားလိမ့်မယ်။

တချို့စာပေလိုက်စားပါတယ်ဆိုတဲ့လူငယ်တွေ ၊ ဒီလို
သင်တန်းမျိုး .. သွားတက်နေတာတွေ့ရင် အံ့သြတယ် ။
သူတို့ပြောတာတွေ နားထောင်ကြည့် ။ ဘာအဆီအနှစ်မှ မပါဘူး ။ စာကို အတော်အတန်ဖတ်ထားရင်ကို သူတို့ပြောတာတွေဟာ လုပ်ယူထားတာကြီးဆိုတာသိသာတယ် ။ စာအုပ်ဂရုတွေမှာ ရီဗျူးရေးနေတဲ့ လူငယ်တွေလောက်တောင် ၊ ဒီကောင်တွေ စာဖတ်တာ မဟုတ်ဘူး ။ ဖတ်လည်း သူတို့ဟောပြောပွဲတွေအတွက် Data ရှာတဲ့သဘောမျိုးလောက်ပဲ ဖတ်လိမ့်မယ်

ဒါပေမဲ့ ဒီကောင်တွေ သိပ်အလုပ်ဖြစ်နေကြတယ် ။
အခြေခံလူတန်းစားရုံးဝန်ထမ်းတွေရဲ့ငွေတွေကို
လစဥ် အသာလေးသဲ့ယူနေကြတယ် ။ အဲဒါ ဘာ
စောက်အဓိပ္ပါယ်မှ မရှိဘူး ။ ဒီကောင်တွေ ခပ်ပါး
ပါးလေး ပုတ်နေတာ ။ အလိမ္မာနည်းသုံးပြီး လိမ်
စားနေတာ ။

ငါတို့နေတဲ့နိုင်ငံဟာ ဘဝရပ်တည်ရေးအတွက်
အာမခံချက်ရှိတဲ့နိုင်ငံ မဟုတ်ဘူး ။ မင်းဘာသာ
မင်း ဘာကောင်ကြီးဖြစ်ချင်တယ်ပြောပြော ၊
ပထမဆုံး ထမင်းတစ်လုပ်အတွက် မင်းရုန်းကန်
ရလိမ့်မယ် ။ နဖူးကချွေး ခြေမကျအောင် ၊
ကုန်းရုန်းလုပ်ကိုင်နေရပြီး ၊ ဒီကောင်တွေအိတ်ထဲ
ပိုက်ဆံသွားမထည့်မိစေနဲ့ ။

ဒီကောင်တွေ အားလုံးကိုကြည့်လိုက် ။ ရေခံမြေခံ
ကောင်းတယ် ။ သူတို့မိဘတွေက supporting
ကောင်းကောင်းပေးနိုင်တယ် ။ တစ်သက်လုံး
ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နေလာ
ရပြီး ၊ ကျောင်းကောင်းကောင်းမှာ စီးပွားရေးဘွဲ့
ယူ ၊ စာအုပ်ထဲက စောက်ရေးမပါတဲ့သီအိုရီတွေ
အလွတ်ကျက်ပြီး ၊ တိုးတက်ချင်ပါတယ်ဆိုတဲ့
မင်းတို့အိတ်ထဲက ငွေတွေ ရသလောက် နှိုက်နေ
မှာပဲ ။

အခြေခံလူတန်းစားတွေ ဘယ်လိုရုန်းကန်ရတယ်၊
ဘယ်လောက်ပင်ပန်းရတယ်ဆိုတာ ဒီကောင်တွေ
မသိဘူး ။ သူတို့ပြောနေတဲ့အရာတွေအပေါ် သူတို့
ကိုယ်တိုင် ယုံကြည်မှုရှိတယ်လို့ ထင်သလား ။
ဘာဖြတ်သန်းမှုမှ ရှိတဲ့ကောင်တွေ မဟုတ်ဘူး ။

ဒီကောင်တွေပြောတာ ငွေကုန်ခံနားထောင်မယ့်အစား
ရှေးကစာရေးဆရာကြီးတွေရဲ့ ဟောပြောပွဲတွေ
နားထောင်နေလိုက် ။အပုံကြီး ကွာတယ် ။ ဆရာကြီး
လယ်တွင်းသားစောချစ် ၊ ဆရာဦးအောင်သင်း ၊
လူရွှင်တော်စာရေးဆရာကြီးဦးချစ်စရာ ၊ အရမ်း
နားထောင်လို့ကောင်းတယ် ။ အချိန် နှစ်နာရီလောက်
ကို ဘယ်လိုကုန်သွားမှန်းမသိအောင် ၊ ရယ်စရာ
လေးတွေ ... မောစရာလေးတွေ ... မှတ်သားလိုက်
နာစရာ​လေးတွေနဲ့ မင်းအာရုံကို ချုပ်ကိုင်သွားလိမ့်
မယ်။

အောင်မြင်ချင်တယ် ၊ တိုးတက်ချင်တယ်ဆိုတာ
လူတိုင်းဖြစ်လေ့ရှိတဲ့ ပုံမှန်စိတ်အခြေအနေတစ်ခု
ပါပဲ ။ ကိုယ့်ကိုယ်ကိုယ် အသေးအမွှားကိစ္စရပ်
လေးကအစ ၊ စနစ်တကျနဲ့ကြိုးစားတည်ဆောက်
ယူရတာပါပဲ ။ ဘယ် Motivational Speaker
တွေကမှ မင်းဘဝကို ​ပြောင်းလဲဖို့ တွန်းအားမပေး
နိုင်ပါဘူး ။ တကယ့် Motivation အစစ်ဆိုတာ
အပြင်က လာတာ မဟုတ်ပါဘူး ။ အတွင်းကပဲ
လာတာပါ ။ အဲဒါက မင်းရဲ့အဇ္ဈတ္တထဲမှာ ရှိပါတယ်။

ဆြာဆန်းလင်းအောင်

30/08/2023

မဂ်လာပါ
𝗔𝗶𝗿 𝗖𝗼𝗻 𝗦𝗲𝗿𝘃𝗶𝗰𝗲 မှန်သမျှကို တစ်နေရာတည်းမှာ စုံလင်စွာ ရရှိစေမယ့် Cool Air COOL AIR - Air Con Sale & Service !!

ရန်ကုန်မြို့တွင်း 𝗔𝗶𝗿 𝗖𝗼𝗻 နဲ့ ပတ်သက်ပြီး ဘာ 𝗦𝗲𝗿𝘃𝗶𝗰𝗲 လိုလဲ ?

ရန်ကုန်မြို့တွင်း မည်သည့်မြို့နယ်မဆို
𝗔𝗶𝗿 𝗖𝗼𝗻 Service

👨‍🔧တပ်ဆင်ခြင်း (𝗜𝗻𝘀𝘁𝗮𝗹𝗹𝗮𝘁𝗶𝗼𝗻)
👨‍🔧ဆေးကြောခြင်း (𝘀𝗲𝗿𝘃𝗶𝗰𝗶𝗻𝗴)
👨‍🔧ပြုပြင်ခြင်း (𝗿𝗲𝗽𝗮𝗶𝗿)
👨‍🔧နေရာရွှေ့ပြောင်းတပ်ဆင်ခြင်း (𝗰𝗵𝗮𝗻𝗴𝗲 𝗹𝗼𝗰𝗮𝘁𝗶𝗼𝗻) များကို

🌟ပိတ်ရက်မရှိ #တာဝန်ယူမှု တာဝန်ခံမှုအပြည်ဖြင့် ဝန်ဆောင်မူပေးနေပါတယ်ဗျာ !!

#ဆက်သွယ်ရန်ဖုန်း
👨‍🔧Cool Air !!
📞09404404438📞09404404439

လူကြီးမင်းတို့အိမ်ရှိ 𝗔𝗶𝗿 𝗖𝗼𝗻 /‌အဟောင်းအပျက်များကိုလည်း စျေးကောင်းပေးဝယ်ပါတယ် ။

AIR #အိမ်အရောက်ဝန်ဆောင်မှု့

25/08/2023

Address

4th Street
Taungoo
70201

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30
Sunday 08:30 - 17:30

Website

Alerts

Be the first to know and let us send you an email when The Guru's Odyssey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category