20/09/2023
အချီကြီးတွေပဲ လုပ်ပြတတ်တဲ့
Apple ကတော့ Wonderlust Event ကြီးမှာ
သူ့ရဲ့ Next Generation Products တွေကို ချပြသွားခဲ့ပါပြီ။
ဆိုတော့
ဒီနေ့ Apple Event မှာ
ဘာတွေ မိတ်ဆက်သွားလဲဆိုတာကို
တစ်ချက်လောက် ကြည့်လိုက်ရအောင်…🥰
𝐢𝐏𝐡𝐨𝐧𝐞 𝟏𝟓 & 𝟏𝟓 𝐏𝐥𝐮𝐬
iPhone 15 နဲ့ iPhone 15 Plus ကိုတော့ Rumors တွေ ထွက်ထားတဲ့အတိုင်း ရိုးရာမပျက်တဲ့ Notch ကနေ Dynamic Island ပြောင်းပေးလိုက်သလို အားသွင်းပေါက်ကလည်း Lightning ကနေ USB-C ဖြစ်သွားပါပြီ။
Display Size မှာတော့ အပြောင်းအလဲမရှိဘဲ iPhone 15 က 6.1 inches နဲ့ iPhone 15 Plus က 6.7 inches နဲ့ပဲ ထွက်လာပါတယ်။ Frame ဒီဇိုင်းကတော့ Metal Texture နဲ့ဖြစ်ပြီး ထောင့်တွေကို ကိုင်ရတာပိုပြီး Comfort ဖြစ်အောင် လုပ်ပေးထားပါတယ်။
Camera ပိုင်းမှာလည်း အရင် 12MP ကနေ 48MP အထိ Upgrade လုပ်ပေးထားပြီး 2x Telephoto ရမှာဖြစ်ပါတယ်။
Chipset ကတော့ A16 Bionic ကို သုံးပေးထားပါတယ်။
iPhone 15 နဲ့ 15 Plus ကိုတော့ Pink, Yellow, Green, Blue နဲ့ Black (5) ရောင် ရွေးချယ်နိုင်မှာဖြစ်ပြီး
ဈေးနှုန်းတွေကတော့
iPhone 15 (128GB) $799 (ခန့်မှန်းဈေး မြန်မာငွေ (30) သိန်းဝန်းကျင်) နဲ့ iPhone 15 Plus (128GB) $899 (ခန့်မှန်းဈေး - မြန်မာငွေ (33) သိန်းဝန်းကျင် အထိ) ရှိနိုင်ပါတယ် 🥰
𝐢𝐏𝐡𝐨𝐧𝐞 𝟏𝟓 𝐏𝐫𝐨 & 𝟏𝟓 𝐏𝐫𝐨 𝐌𝐚𝐱
ဒီနှစ်အတွက် Pro Series ကိုတော့ Body ပိုင်းမှာ အဓိက ပြောင်းလဲပေးထားပါတယ်။ ပုံမှန် သုံးနေကျ Aluminium Body အစား Titanium Body ကို သုံးပေးထားတာကြောင့် ထွက်ဖူးသမျှ Pro iPhones တွေထဲမှာ အပေါ့ပါးဆုံးဖြစ်ပါမှာပါ ဆိုပြီး မိတ်ဆက်သွားခဲ့ပါတယ်။
iPhone 15 Pro နဲ့ Pro Max ရဲ့ Frame Design ကိုတော့ Metal Texture ပုံစံမျိုးသုံးပေးထားသလို ထွက်ခဲ့ဖူးသမျှ iPhone တွေထက်လည်း ပိုပြီးအကြမ်းခံမှာဖြစ်ပါတယ်။ ထောင့်စွန်းတွေကိုလည်း ကိုင်ရတာ ပိုပြီး Comfort ဖြစ်အောင်ပြင်ပေးထားသလို Bezels တွေကလည်း သိသိသာသာ ပိုသေးသွားပါတယ်။
iPhone တွေမှာပါနေကျ Mute Button လေးကိုတော့ ဒီနှစ် Pro Series မှာ Action Button နဲ့ အစားထိုးလိုက်ပါပြီ။ ဒီ Action Button နဲ့ပဲ Mute, Silent လုပ်လို့ရသလို Record လုပ်တာ, Camera ဖွင့်တာ, Accessibility Feature တစ်ခုခုဖွင့်တာ, Shortcut Run တာမျိုးတွေကိုလည်း လုပ်လို့ရဦးမှာဖြစ်ပါတယ်။
Performance အတွက်ကတော့ A17 Pro Chip အသစ်ကို သုံးပေးထားပြီး ဒီ Apple A17 Pro Chip ဟာ ပထမဆုံး 3nm Chip ဖြစ်လာမှာဖြစ်ပါတယ်။ CPU Performance မှာ 10% ပိုမြန်လာမှာဖြစ်ပြီး GPU Performance မှာတော့ 20% ပိုပြီး မြန်လာမယ်လို့ ပြောသွားပါတယ်။
GPU ရဲ့ Architecture ကို Redesign ပြန်လုပ်ထားသလို ဒီပြောင်းလဲမှုဟာ Apple ရဲ့ History မှာ အကြီးမားဆုံးလို့လည်း ပြောသွားပါသေးတယ်။
Camera ပိုင်းမှာတော့ 48MP ကိုပဲ သုံးပေးထားပေမယ့် Sensor Size ပိုကြီးလာပါတယ်။ Lens Flare ဝင်တာတွေကိုလျှော့ချပေးဖို့ New Coating ကို သုံးပေးထားပြီး Night Mode နဲ့ Portrait အတွက်လည်း Low light Photography ကို Upgrade လုပ်ပေးထားသလို iPhone 15 Models တွေမှာလိုပဲ Portrait နဲ့ရိုက်ထားတဲ့ပုံတွေမှာ Focus လုပ်ထားတဲ့ Subject ကို ပြန် Edit ပြီးပြောင်းလို့ရဦးမှာဖြစ်ပါတယ်။
ဒါ့အပြင် iPhone 15 Pro Max ရဲ့ Telephoto Camera အတွက်လည်း 5x Optical Zoom, 180mm Focal length နဲ့လာမယ့်အပြင် Sensor Size ကလည်း 25% ပိုကြီးလာပါတယ်။ Stabilization အတွက်လည်း OIS (Optical Image Stabilization) နဲ့ Autofocus 3D Sensor-shift module ကို ပေါင်းစပ်ထားတဲ့ ခေတ်ရှေ့အပြေးဆုံး နည်းပညာအသစ်တစ်ခုကို သုံးပေးထားတယ်လို့ Apple က ကြွားသွားပါသေးတယ်။
Charging နဲ့ Data Transfer အတွက်ကတော့ သတင်းတွေထွက်ထားတဲ့အတိုင်းပဲ USB-C နဲ့ ဖြစ်သွားပါပြီ။ Pro Models တွေမှာတော့ 10Gbps အထိ Transfer Speeds ရမယ့် USB 3 Cable ကို သုံးပေးထားပါတယ်။
နောက်ပြီး 48MP Camera နဲ့ ProRaw Photos တွေရိုက်ပြီး Mac ကို တိုက်ရိုက်ကူးတာ ProRes Video ရိုက်ပြီး External Storage တစ်ခုခုကို တိုက်ရိုက်ပို့တာမျိုးတွေလည်း လုပ်လို့ရဦးမှာဖြစ်ပါတယ်။
ဒီနှစ် Pro Series ကတော့ Black Titanium, White Titanium, Blue Titanium နဲ့ Natural Titanium ဆိုတဲ့ အရောင် (4) ရောင်နဲ့ ထွက်မှာဖြစ်ပြီး ဈေးနှုန်းတွေကတော့ iPhone 15 Pro က 128GB ကို $999 (ခန့်မှန်းဈေး - မြန်မာငွေ (36) သိန်း ဝန်းကျင်) နဲ့ iPhone 15 Pro Max က 256GB ကို $1,199 (ခန့်မှန်းဈေး - မြန်မာငွေ (43) သိန်း ဝန်းကျင်) နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ 🥰
𝐀𝐩𝐩𝐥𝐞 𝐖𝐚𝐭𝐜𝐡 𝐒𝐞𝐫𝐢𝐞𝐬 𝟗
Watch Series 9 ရဲ့ အပြောင်းအလဲတွေကတော့ တကယ်ကို မိုက်နေပါတယ်။
S9 SiP ဆိုတဲ့ Chipset အသစ်ကို ထည့်သုံးထားပြီး Performance က အရင် Model ထက် 30% ပိုကောင်းလာတယ်လို့ ပြောသွားပါတယ်။
နောက်ပြီး တော်တော်လေးမိုက်တဲ့ Feature အသစ်က Double Tap Gesture ပါ။ ဒီ Feature နဲ့ဆိုရင် Apple Watch ကို လက်နဲ့ထိစရာမလိုဘဲ “လက်ညိုးနဲ့ လက်မ ထိရုံနဲ့” ဖုန်းကိုင်တာ, ဖုန်းချတာ, Alarm ရပ်တာ, သီချင်းရပ်တာ, Play တာတွေအပြင်ကိုမှ Camera Shutter ကိုပါ Hand Gesture နဲ့ Control လုပ်လို့ရမှာဆိုတော့ တော်တော်လေးကို မိုက်တယ်လို့ ပြောရပါမယ်။
ဒါ့အပြင် Battery Life မှာလည်း အရင်ကထက်ပိုကောင်းလာပြီး (18) နာရီလောက်ထိ အားခံမယ်လို့ ပြောသွားပါတယ်။
နောက်ထပ် Feature အသစ်ကတော့ AirTag ကို iPhone နဲ့ ရှာသလိုမျိုး ကိုယ့်ရဲ့ iPhone ကိုလည်း Watch ကနေတစ်ဆင့် မြန်မြန်ဆန်ဆန် တိတိကျကျနဲ့ ရှာလို့ရမှာဖြစ်ပါတယ်။
အရောင်တွေကတော့ Aluminium Version မှာ Starlight, Silver, Midnight, Product(RED) အပြင်ကိုမှ အရောင်သစ်အနေနဲ့ Pink ပါ ထပ်ပြီး ထွက်လာပါတယ်။
Stainless Steel အတွက်ကတော့ Silver, Gold နဲ့ Graphite ဆိုပြီး (3) ရောင် ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
Apple Watch Series 9 (GPS) ကို $399 (ခန့်မှန်းဈေး - မြန်မာငွေ (15) သိန်း ဝန်းကျင်) နဲ့ Apple Watch Series 9 (GPS+Cellular) ကို $499 (ခန့်မှန်းဈေး - မြန်မာငွေ (18) သိန်းဝန်းကျင်) နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ် 🥰
𝐀𝐩𝐩𝐥𝐞 𝐖𝐚𝐭𝐜𝐡 𝐔𝐥𝐭𝐫𝐚 𝟐
Watch Ultra 2 မှာတော့ Chipset ပိုင်းမှာ S9 Sip ကို သုံးထားပြီး Double Tap Feature ရယ် Watch Face အသစ်ပါလာတာကလွဲရင် ကြီးကြီးမားမား အပြောင်းအလဲတွေမရှိခဲ့ပါဘူး။
ဈေးအနေနဲ့ကတော့ Apple Watch Ultra (GPS+Cellular) ကို $799 (ခန့်မှန်းဈေး - မြန်မာငွေ (30) သိန်းဝန်းကျင်) နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
နောက်ပြီး နောက်ထွက်မယ့် AirPods နဲ့ EarPods Generation တွေမှာလည်း Lightning အစား USB-C ကို ပြောင်းသုံးပေးသွားမှာဖြစ်ပါတယ်။
ဒါတွေကတော့ Apple ရဲ့ Wonderlust Event ကြီးမှာ မိတ်ဆက်သွားခဲ့တာတွေပဲဖြစ်ပါတယ်။
ဆိုတော့… ထွက်လာတဲ့ iPhone 15 Series က ကိုယ့်လူတွေ မှန်းထားကြသလိုမျိုး တကယ်ရော စိတ်တိုင်းကျစေခဲ့ရဲ့လားဆိုတာကိုတော့ အောက်က Comment မှာ ဝင်ရောက် ဆွေးနွေးသွားကြပါဦးနော်
to Anycall_Mobile