07/09/2026
☀️ ဖုန်းမှန်ပြင် အလင်းရောင် အမြဲ အပြည့်တင်သုံးရင် ဘာဆိုးကျိုးတွေ ရှိလဲ? 📱👀
ဖုန်းမျက်နှာပြင် Brightness ကို အမြဲ ၁၀၀% အပြည့်တင်သုံးတာဟာ ဘက်ထရီကို အကုန်မြန်စေရုံသာမက ဖုန်း SCREENမှာ အရိပ်စွဲကျန်တဲ့ Screen Burn-in ပြဿနာ ကိုပါ အလွယ်တကူ ဖြစ်စေပါတယ်နော်။
ဒါ့အပြင် မျက်လုံးကို တိုက်ရိုက် စူးရှစေပြီး မျက်စိညောင်းညာ ခြောက်သွေ့တာတွေ ဖြစ်စေတာမို့—
💡 အကြံပြုချက်:
· အလင်းရောင်ကို ပုံမှန် ၄၀% မှ ၆၀% ကြားသာ ထားသုံးပါ။
· အလင်းချိန်ညှိမှု အဆင်ပြေစေဖို့ Auto-Brightness စနစ်ကို ဖွင့်ထားပါ။
· ညဘက် သုံးတဲ့အခါ Eye Comfort Shield / Night Shift ဖွင့်ပြီး သုံးစွဲပေးပါ။
ကိုယ့်ဖုန်း Brightness ကို ဘယ်လောက်လောက် တင်သုံးလေ့ရှိလဲ? Comment မှာ ပြောပြခဲ့ကြပါဦး! 😉