ICherry Mobile Shop

ICherry Mobile Shop Mobile Shop

02/08/2020

Data Science ဘာသာရပ်နှင့် စပ်လျဉ်း၍ လေ့လာလိုသူမိတ်ဆွေများအနေဖြင့် ဤဘာသာရပ်သည် မည်သို့ဖြစ်သည်ဆိုသည်ကို သိရှိပြီးဖ...

29/07/2020

အင်္ဂလိပ်စာပေလေ့လာနိုင်သောဆိုဒ်များ

အင်္ဂလိပ်စာပေကို ပိုမိုလေ့လာချင်သူများ ၊ အင်္ဂလိပ်စာပေကို သင်ကြားသည့် ဆရာမများအတွက် လင့်များကို တစ်နေရာထဲတွင်တစုစည်းထားပါသည်။

စာပေများကို ဝေဖန်ခြင်း
http://literaryhistory.com/

https://www.modernamericanpoetry.org/dashboard

English စာ‌ပေ ဆရာမများအတွက် အသုံးတည့်မည့် မူရင်း Shakespeare ရေးသားသော စာပေများ

https://shakespeare.folger.edu/

Sparknotes က ၀တ္ထုတွေကို အတိုချုပ်ရေးသားထားပါသည်
ကျွန်တော်ကိုယ်တိုင် high school တုန်းကသုံးခဲ့ပါသည်။
https://www.sparknotes.com/lit/

Classic literature
https://classic-literature.co.uk/

Mark Twain
https://twain.lib.virginia.edu/index2.html

International children digital library
http://en.childrenslibrary.org/

Gutenberg ကနေ အင်္ဂလိပ်စာပေတင်မက များစွာသော အင်္ဂလိပ်ဘာသာဖြင့်ရေးသားသော စာအုပ်များကို download ဆွဲနိုင်ပါသည်။
https://www.gutenberg.org/

အင်္ဂလိပ်စာပေအခန်းမှာ ၀တ္ထုတွေ ၊ ကဗျာတွေဖတ်ပြီးရင် စာရေးရပါသည်။
အထူးသဖြင့် ၀တ္ထုတွေဖတ်ပြီးရင် အက်ဆေးတွေ ရေးရပါသည်။
အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ၊ စာပေနှစ်ခုကို နှိုင်းယှဉ်မှုတွေကို ရေးသားရပါသည်။
ကျွန်တော်ကိုယ်တိုင် writing အတွက် အခက်အခဲတွေကို ကြုံတွေ့ခဲ့ရပါသည်။

ဒီအတွက် အင်္ဂလိပ်စာအရေးသားတိုးတက်ဖို့ လင့်များကို ဒီမှာထားထားပါသည်။
Critical Reading Towards Critical Writing
http://advice.writing.utoronto.ca/researching/critical-reading/

Strategies for Reducing Wordiness
https://leo.stcloudstate.edu/style/wordiness.html

https://www.grammarbook.com/

https://owl.purdue.edu/owl/purdue_owl.html

https://brians.wsu.edu/common-errors/

https://www.bartleby.com/141/

Kyaw Tun

19/07/2020

Critical Reading ဖတ်နည်း

စာဖတ်တာ ဗဟုသုတအသစ်ရတယ် ၊ အသစ်အဆန်းတွေသင်ယူလို့ရတယ်စတဲ့ကောင်းကြောင်းတွေကို
လူတိုင်းလိုလိုနားလည်ကြပါသည်။ အခုခေတ်တွင် လူတိုင်းလိုလိုလည်း စာဖတ်တတ်ကြပါသည်။
သို့သော် စာကိုဘယ်လိုဖတ်ရမလဲ။ စာရေးဆရာပြောတဲ့အရာတိုင်း ယုံမှာလား။ သတင်းအမှန်လား အမှားလား။
စာရေးဆရာကနေ ဘက်လိုက်ပြီးရေးတာလား။ အဓိပ္ပာယ်ကောရှိရဲ့လားစတဲ့ မေးခွန်းတွေကိုမေးပြီး စာဖတ်တာ
အင်မတန်နည်းသည်ဟုထင်မိပါသည်။
ကျွန်တော်ငယ်ငယ်လေးကတည်းက စာဖတ်တာအရမ်းဝါသနာပါခဲ့ပါသည်။ စာအုပ်တွေအရမ်းဖတ်ခဲ့ပြီး ဖတ်သမျှစာတွေကို ဦးနှောက်ထဲစုပ်ယူလိုက်သမျိုး အကုန်လုံးကိုဖတ်ခဲ့ပါသည်။ ကျောင်းကလည်းစကားလုံးမှန်သမျှ အကုန်ကျက်၊ အကုန်အလွတ်ရအောင်လုပ်လို့ဆိုပြီးသင်ခဲ့တော့ တစ်ခြားကျောင်းစာမဟုတ်ရင်တောင် အကုန်လုံးနီးပါးလိုက်ဖတ်မိခဲ့ပါသည်။ စာရေးဆရာကို မေးခွန်းထုတ်တာတွေ ဘာတွေတောင်သိပ်ပြီးမလုပ်မိခဲ့ပါဘူး။
အမေရိကန်ပြည်ထောင်စုတွင် ကျောင်းစတက်ပြီးတဲ့နောက်ပိုင်းတွင် ကျွန်တော်စာဖတ်တဲ့နည်းလုံးဝပြောင်းလဲသွားပါတော့သည်။ ကျွန်တော်ယူခဲ့သော အင်္ဂလိပ်စာအခန်းများ ၊ ဖြေခဲ့ရသော SAT Critical Reading တို့သည် စာဖတ်တာအင်မတန်ခက်ခဲကြောင်း အသိညဏ်ပွင့်စေခဲ့ပါသည်။ ကိုယ်ကတော့ ငါနားလည်တာပဲလို့ထင်လိုက်ပါသည်။ တကယ်မေးခွန်းတွေဖြေရတော့ တကယ်နားမလည်ကြောင်း သိခဲ့ရပါသည်။
SAT စာမေးပွဲတွင် အင်္ဂလိပ်စာပိုဒ်တွေဖတ်ရတဲ့ (Critical Reading ) ကိုဖြေရပါသည်။

မေးတဲ့မေးခွန်းတွေက စာပိုဒ်ကိုနားလည်ရဲ့လား။ နားလည်ကြောင်းကို စမ်းသပ်တဲ့မေးခွန်းတွေအများကြီးကို ဖြေရခြင်းဖြစ်ပါသည်။
သို့သော် စာမေးပွဲတွင်သာမက လက်တွေ့ဘဝတွင်လည်း မေးသောမေးခွန်းများသည် အသုံးဝင်ပါသည်။
နက်နက်နဲနဲနားလည်မှ စာမေးပွဲတွင်ဖြေနိုင်မည်ဖြစ်သလို လက်တွေ့ဘဝတွင်လည်း စာထဲက အကြောင်းအရာတွေကို ကိုယ်ကိုယ်တိုင် ထင်ထင်ရှားရှား မြင်နိုင်ပါသည်။

၁။ ဒီစာရဲ့အဓိကအကြောင်းအရာကဘာလဲ။
၂။ဘာလို့ ဒီစာကို စာရေးဆရာကရေးတာလဲ။ စာရေးဆရာက ဘာရည်ရွယ်ချက်နဲ့ရေးတာလဲ။
သူ့ရဲ့ရည်ရွယ်ချက်ကဘာလဲ။
၃။ ဒီစာရေးဆရာသည် ဘက်လိုက်တဲ့စာရေးဆရာလား။ ဘက်လိုက်တယ်ဆိုရင် ဘယ်ဘက်ကိုလိုက်နေတာလဲ။
နှစ်ဖက်စလုံးကို မျှမျှတတ တင်ပြသလား။ တစ်ဖက်သက်တင်ပြတာလား။
၄။စာရေးဆရာဘယ်သူလဲ။ အမည်မသိစာရေးဆရာလား။ ဘယ်တက္ကသိုလ်ကအောင်တာလဲ။ ပါမောက္ခလား။ အဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင်လား။ ဒီစာရေးဆရာကို ယုံကြည်ရနိုင်လား။
( ဒီလိုစာရေးဆရာဘယ်သူလဲဆိုတာ မေးခွန်းထုတ်တာကို အထူးသဖြင့် သုတေသနစာတမ်းများရေးရာတွင် အသုံးချပါသည်။ မှန်တာဘဲစာတမ်းထဲတွင် ထည့်ရေးချင်ကြပါသည်။ ဒါကြောင့် အမှန်ဟုတ်မဟုတ်ဆိုတာ စဉ်းစားရာတွင် စာရေးဆရာပေါ်တွင်လည်းမူတည်ပါသည်။ )
၅။ ဒီစာရေးဆရာပြောတာတွေထဲက တစ်ခုခုကို ကိုယ့်ဘဝနဲ့နှိုင်းယှဉ်နိုင်သလား။
ဒီလိုမေးခွန်းမျိုးကို သမိုင်းအကြောင်းသင်တဲ့အခါသုံးပါသည်။ ဒါမှမဟုတ်
အတွေ့အကြုံအကြောင်းရေးတဲ့အက်ဆေး
ဥပမာ-ကိုယ်ကအင်္ဂလိပ်စာမတတ်လို့လူမျိုးရေးခွဲခြားဆက်ဆံခံရပုံအကြောင်း အက်ဆေးကိုဖတ်တဲ့အခါ
သူလိုမျိုး အတွေ့အကြုံတွေကို ကိုယ့်လက်တွေ့ဘဝတွင် ရှိခဲ့သလား။ ရှိခဲ့ရင်ပြောပြပါလားလို့
ဆရာမကနေ မေးပါသည်။ ဒီလိုဆိုရင် အတန်းထဲတွင်ကျောင်းသား ၊ ကျောင်းသူတစ်ယောက်က လက်ထောင်ပြီးပြောရင် အားလုံးကနားထောင်ကြပါသည်။
ရည်ရွယ်ချက်သည် နက်နက်နဲနဲနားလည်ဖို့ဖြစ်ပါသည်။
၆။ ဒီလိုဘာကြောင့်ဖြစ်တာလဲဆိုတာကိုလည်း စာပိုဒ်ထဲတွင်လိုက်ရှာရပါသည်။ တွေ့ပြီးရင်တောင် ဆက်ပြီးတော့ဘာကြောင့်ဖြစ်တာလဲဆိုတာကို ဆက်စဉ်းစားပါသည်။
၇။ စာဖတ်ပြီးတဲ့အခါ အဓိကအတွေးအခေါ်တွေ ၊ အကြောင်းအရာတွေကို တစ်ခုချင်းဆီဆွဲထုတ်ပြီးတော့ ချရေးပါသည်။ ပြီးတော့တစ်ခုနဲ့တစ်ခု ဆက်စပ်မှုရှိတယ်ဆိုတာကို ပုံတွေဆွဲပြီး နားလည်အောင်လုပ်ပါသည်။
၈။ စာရေးသူ ရေးထားတဲ့စကားလုံးတစ်လုံးကို ယူပြီးတော့
ထိုစကားလုံးနဲ့တူညီတဲ့စကားလုံးတွေကိုမေးပါသည်။
ဥပမာ- happy ( ပျော်ရွှင်သော )ဆိုတဲ့စကားလုံးက စာပိုဒ်ထဲတွင်ပါပြီး မေးခွန်းတွင် ပျော်ရွှင်သောနှင့်တူသော စကားလုံးရွေးခိုင်းပါသည်။ ရွေးချယ်ရာတွင် အများကြီးရှိနိုင်ပါသည်။ ဥပမာ-ထိုစကားလုံးများထဲက delighted ဆိုရင် အဓိပ္ပာယ်နီးစပ်သော delighted - စိတ်ကြည်နူးခြင်းကို ရွေးချယ်ရပါသည်။
၉။ ဝတ္ထုဖတ်တယ်ဆိုရင် ဇာတ်ကောင်ကဘာလို့ဒါလုပ်တယ်ဆိုတာ ရှင်းပြနိုင်ဖို့လိုအပ်ပါသည်။
စာပိုဒ်ရဲ့တစ်နေရာကိုပြန်ရှာရပြီး လိုင်းတားကာထိုအကြောင်းအရာကိုဖြေရပါသည်။
၁၀။ သမိုင်းလိုအခန်းတွင် စာတွေအများကြီးဖတ်တတ်ရပါသည်။
ဒါကြောင့် အဓိကအကြောင်းအရာတွေကိုချရေးဖို့ဆရာကနေ သင်ကြားပါသည်။
၁၁။ မင်းဒီစာကိုဘာထင်သလဲ။ မင်းရဲ့တုံ့ပြန့်ချက်ကဘာလဲဆိုတာကိုလည်း မေးကြပါသည်။
၁၂။ မင်းဘာမေးခွန်းတွေရှိလဲဆိုတာလည်း ဆရာမကနေ မေးခိုင်းပါသည်။ ဒီနေရာတွင်
စာဖတ်သူတစ်ယောက်နဲ့တစ်ယောက်မတူညီနိုင်ပါ။ အဓိကတော့ ကိုယ့်တွင်ရှိသမျှ မေးခွန်းတွေ ၊ နားမလည်တာမှန်သမျှကို ချရေးပြီးမေးတာပဲဖြစ်ပါသည်။
၁၃။ စာရေးသူနဲ့တွေ့နေပြီး စကားပြောနေသလိုဖတ်ပါလို့အင်္ဂလိပ်စာပါမောက္ခတစ်ယောက်က ပြောဖူးပါသည်။
ဒီလိုဖတ်ခြင်းအားဖြင့် စာဖတ်နေရင်းအိပ်မပျော်နိုင်ပါ။ စာဖတ်တယ်ဆိုတာ စာရေးသူရဲ့ဦးနှောက်ထဲကို ခဏဝင်ကြည့်လိုက်တာပါဘဲ။ စာရေးသူနဲ့မျက်နှာချင်းဆိုင် စကားပြောနေတယ်ဆိုပြီး စိတ်ကူးယဉ်ဖတ်ရင် စာရေးသူထင်မြင်ချက်ကို နက်နက်နဲနဲနားလည်နိုင်ပါသည်။ စာထဲကိုနက်နက်နဲနဲ ထဲထဲဝင်ဝင်ဖတ်ရှုမိသလိုဖြစ်သွားပါသည်။
၁၄။ Active Reading ( နှိုးကြားစွာစာဖတ်ခြင်း ) - ဖတ်စာအုပ်ထဲတွင် ခေါင်းစဉ်အကြီးတွေရှိပါသည်။ ထိုခေါင်းစဉ်များကို မေးခွန်းအဖြစ်ပြောင်းလဲလိုက်ပါ။ ထိုအခါတွင် စူးစမ်းချင်စိတ်ကပေါက်လာပါသည်။ ထိုစူးစမ်းချင်စိတ်နှင့်ဖတ်ရင် စာဖတ်ရင်အိပ်ပျော်တာတို့। ကိုယ်ဘာဖတ်လိုက်တယ်ဆိုတာတောင်
မသိတာတို့မဖြစ်တော့ပါဘူး။ သိချင်တဲ့စိတ်နဲ့ဖတ်တာကြောင့် ဘယ်အရာကအရေးကြီးတယ်။
ဘယ်အရာက အရေးမကြီးဘူးဆိုတာ တစ်ခါတည်းတွေ့မြင်နိုင်ပါသည်။ ဘယ်အရာကအရေးမကြီးဘူးဆိုတာသိရင် ကျော်သွားလို့ရနိုင်ပြီး အရေးကြီးတာဘဲ ဖတ်ပြီးသားဖြစ်သွားပါသည်။
အမေရိကန်ပြည်ထောင်စုက ပညာရေးရဲ့အနှစ်သာရသည် မေးခွန်းထုတ်တတ်ခြင်း။ စဉ်းစားတတ်ခြင်း။ ပြဿနာဖြေရှင်းတတ်ခြင်း။ အပင်တစ်ပင်သည် အမြစ်ကနေကြီးထွားလာသလိုပဲ ပြဿနာတစ်ခုဘာကြောင့်ဖြစ်တယ်ဆိုတာ နားလည်အောင်စဉ်းစားတဲ့အခါ သစ်ရွက်လေးကနေ သစ်ပင်အမြစ်ထိကို ရောက်အောင် စဉ်းစားသလို နက်နက်နဲနဲစဉ်းစားနည်းကို သင်ပေးခြင်းဖြစ်ပါသည်။

ထိုသို့ စဉ်စားရာတွင် ကိုယ်မသိတာတွေရှိလာနိုင်ပါသည်။ ထိုအခါဗဟုသုတကိုရှာဖွေရာတွင် လိုအပ်လာသည့် သုတေသနလုပ်နည်း ( Research skills ) လည်းသင်ပေးပါသည်။ Independence of the mind ( စိတ်ရဲ့လွတ်လပ်ခြင်း )ကိုလည်း သင်ပေးပါသည်။ စာဖတ်တဲ့အခါ ဗဟုသုတရတယ်ဆိုတာ ပါမောက္ခများကနားလည်ကြပါသည်။

သို့သော် ကိုယ့်ရဲ့စိတ်သည် သိတဲ့ဗဟုသုတကနေ ခွဲပြီးတော့လွတ်လပ်နိုင်ဖို့လိုကြောင်း သင်ပေးပါသည်။ ကိုယ့်ဖတ်နေတဲ့ စာကို လက်ခံသင့် ၊ လက်ခံမသင့်ကို စဉ်းစားပြီးတော့ ရွေးချယ်သင့်ကြောင်း သင်ပေးပါသည်။ ကိုယ်ယုံကြည်နေတာတွေက ဘာကြောင့်ယုံကြည်နေတာလဲဆိုတာ နားလည်ရမည်ဖြစ်ကြောင်း သင်ပေးပါသည်။
ငါဘာလို့ဒီလိုထင်လဲဆိုတာ ဒီစာရေးဆရာကပြောလို့လား။ ငါကိုယ်တိုင် လက်ခံလိုက်လို့လား။ လက်ခံရင်လည်း ငါဘာလို့လက်ခံလိုက်တာလဲဆိုတာ နားလည်ရပါမည်ဖြစ်ကြောင်းသင်ပေးပါသည်။ စိတ်သည်လွတ်လပ်နေရပါမည်ဖြစ်ကြောင်း သင်ပေးပါသည်။ ဘယ်သူမှကိုယ်ခွင့်မပြုဘဲ လာလွှမ်းမိုးတာ မဖြစ်ရပါဘူး။ ကိုယ်ကျေကျေနပ်နပ်ရွေးချယ်တာမျိုးဖြစ်ရပါမည်ဖြစ်ကြောင်းသင်ပေးပါသည်။ အကြောင်းအရာတွေက လက်တွေ့ဘဝတွင် ဆက်စပ်ခြင်းရှိရဲ့လား။ ဒါကြောင့် ဒါဖြစ်တာလား ( cause and effect ) လည်း ချရေးပြီးတော့ နက်နက်နဲနဲ စဉ်းစားတာတွေကိုလည်း သင်ပေးပါသည်။
အခုကိုယ်သင်နေတာတွေ နောက်(၁၀)နှစ်တွင်မှတ်မိနိုင်ဖို့မလွယ်ပါ။
မှတ်မိဖို့လိုအပ်ခြင်းသည်လည်း တစ်ယောက်ချင်းပေါ် မူတည်ပါသည်။

သို့သော် ကျောင်းကသင်ပေးလိုက်သော စဉ်းစားနည်းမျိုးစုံ ၊ မေးခွန်းထုတ်ခြင်း တို့သည် ကိုယ့်အတွက်အမြဲတမ်းလိုအပ်နေမည်ဖြစ်ပါသည်။

Kyaw Tun

01/07/2020

ဝင်ငွေကောင်းသော digital ကြော်ညာဖန်တီးနိုင်သူ ဖြစ်ဖို့ လေ့လာရမည့်ဆိုဒ်များ

ဆင်းရဲမွဲတွေမှု ငွေမရှိမှုမှာ ဂုဏ်ယူစရာ တစ်ခုမှမရှိဘူး !!!!!
ပေးရမဲ့ အသုံးစရိတ်တွေအတွက် ငွေမရှိဘူးဖြစ်နေလား။
ဒါဆိုရင် ပေးထားတဲ့လင့်တွေမှာ သွားပြီးတော့ အစွမ်းကုန် လေ့လာပါ။
သင့်ရဲ့ ဘ၀လက်တွဲဖော်က သင့်ကို စောက်သုံးမကျတဲ့လူတစ်ယောက်လို့ထင်လား။
ဒီလိုဆိုရင် ပေးထားတဲ့လင့်တွေ့မှာ သွားပြီးတော့ အစွမ်းကုန်လေ့လာ။
သင့်ဘ၀ပြဿနာတွေကို ဝင်ငွေကောင်းတဲ့ digital ကြော်ညာဖန်တီးသူ တစ်ယောက်အနေနဲ့ ရင်ဆိုင်ဖြေရှင်းစေချင်တယ်။

Content Marketing ဆိုတာကို ပထမဆုံးတီထွင်ခဲ့တဲ့ အဖွဲ့ဖြစ်ပါသည်
https://contentmarketinginstitute.com/

Headliens တွေဘယ်လိုရေးရမလဲဆိုတာသင်ပေးသည်။
https://copyblogger.com/blog/

Copywriting တွင် အရမ်းကောင်းသော သူတစ်ယောက်ဖြစ်ပါသည်
https://socialtriggers.com/blog/

Hubspot သည် အရမ်းကောင်းသော ဆိုဒ်ဖြစ်ပါသည်
https://academy.hubspot.com/courses/content-marketing

Google ကနေဖန်တီးထားခြင်း
https://learndigital.withgoogle.com/digitalgarage/course/digital-marketing

Blog တစ်ပုဒ်ကို ပီပီပြင်ပြင်ရေးနည်း သင်ပေးသူ
https://neilpatel.com/

Hubspot ရဲ့ ဘလော့
https://blog.hubspot.com/marketing/social-media-marketing-resources

Marketing insight ကုမ္ပဏီ buzzsumo ရဲ့ဘလော့
https://buzzsumo.com/blog/

Social Media Examiner
https://www.socialmediaexaminer.com/

Kyaw Tun

27/06/2020

Hacking ကိုသင်ယူလေ့လာနိုင်သော ဆိုဒ်များ

Facebook account ကို hack ချင်လား? Gmail account ကို hack ချင်လား?

ဒါဆိုရင်တော့ hacking ကို အခြေခံကနေ အချိန်နှင့်အာရုံစူးစိုက်မှုပေးပြီးတော့ သင်ရပါလိမ့်မယ်။

NYU ကသင်တဲ့ cyber attacks
https://www.coursera.org/learn/intro-cyber-attacks

https://www.hackingloops.com/

http://www.securitytube.net/

Ethical Hacking Course
https://www.youtube.com/watch?v=tHd8k54kVs8&list=PLBf0hzazHTGOEuhPQSnq-Ej8jRyXxfYvl

https://www.hacking-tutorial.com/ .crtXOzEP.dpbs

https://www.hitb.org/

https://hackaday.com/

မှတ်ချက်- ပိုက်ဆံပေးပြီးမှ ကြည့်လို့ရသည်
https://www.greycampus.com/it-service-management

Hacking သင်ပြီးရင်တော့ ကျွန်တော့် Facebook စာမျက်နှာလေးကို hack လုပ်ပါနဲ့လို့ တောင်းဆိုပါရစေ !!!!!!

Kyaw Tun

27/06/2020

Artificial Intelligence ကို သင်ယူလို့ရသည့်ဆိုဒ်များ

ရုပ်ရှင်တွေထဲကလို စက်ရုပ်တွေကနေ လူသားတွေကို လိုက်ပြီးတော့သတ်နေကြတာ။ စက်ရုပ်တွေကနေ လူတွေကိုပြန်ခိုင်းနေကြတာ။ စက်ရုပ်တွေကနေ အလိုလို စဉ်းစားနိုင်တာ။

ဒါတွေက တကယ်ဖြစ်လာဖို့ ဝေးပါသေးတယ်။
တကယ်ယခုလက်ရှိဖြစ်နေတဲ့ AI က လူတွေကနေ အလုပ်တစ်ခုကိုပဲလုပ်ဖို့ နောက်ကနေ data တွေနဲ့ ဖန်တီးထားတာပါ။
ဥပမာ - Youtube ကိုကြည့်လိုက်ရင် recommended videos တွေက ကိုယ်စိတ်ဝင်စားတာနှင့်သက်ဆိုင်နေတဲ့အရာတွေဖြစ်နေတာ။ ဘာလို့ နည်းပညာကနေ ကိုယ်စိတ်ဝင်စားနေတဲ့အရာတွေကို အလိုလိုသိနေတာလဲ။
ကိုယ်က google မှာ ကိုယ်လိုချင်တာ တစ်ခုခုကိုရှာပြီးတဲ့အခါ ဥပမာ ကွန်ပြူတာဝယ်ဖို့ကြည့်ရင် ဘာလို့ facebook ad မှာ ကွန်ပြူတာ ကြော်ညာတွေပေါ်လာတာလဲ?
လူတစ်ယောက်ယောက်ကနေ ကိုယ့်ကိုစောင့်ကြည့်နေတာလား?

4th Industrial Revolution လို့ခေါ်တဲ့ နောက်ဆုံးပေါ် စက်မှုတော်လှန်ရေးမှာ data အချက်အလက်ကိုအသုံးချပြီး ကွန်ပြူတာကို ကိုယ်လိုချင်တဲ့အလုပ်ကိုလုပ်ခိုင်းချင်ပာာ နောက်ဆုံးပေါ်ဖြစ်လာနေပါပြီ။ နောက်ထပ်လည်း ဘာတွေလုပ်လို့ရမလဲကလည်း တွေးမိရင် စိတ်ဝင်စားစရာပါ။

https://ai.google/education/

https://www.coursera.org/learn/machine-learning

https://www.classcentral.com/course/edx-machine-learning-7231

https://selfdrivingcars.mit.edu/

https://www.fast.ai/


Computational Linear Algebra
https://www.youtube.com/playlist?list=PLtmWHNX-gukIc92m1K0P6bIOnZb-mg0hY

MIT က တင်ဆက်ခြင်း

https://agi.mit.edu/

Introduction to Machine Learning

https://forums.fast.ai/t/another-treat-early-access-to-intro-to-machine-learning-videos/6826
ဖတ်စာအုပ် Artificial Intelligence: Foundations of Computational Agents, 2nd Edition
https://artint.info/2e/html/ArtInt2e.html/
https://www.deeplearning.ai/

http://neuralnetworksanddeeplearning.com/

Kyaw Tun

30/12/2019
03/08/2019

NORMALIZATION
Credit: Sayar San Thurain Moe

ကွန်ပျူတာသမားများ အထူးသဖြင့် ပရိုဂရမ်မာများအတွက် Database ဟာ အမြဲလိုလို အသုံးပြုနေရတဲ့ အရာတစ်ခုပါ။ များသောအားဖြင့် Commercial Software တွေ ရေးသားရာမှာ Database တစ်ခု မှန်မှန်ကန်ကန် တည်ဆောက်ဖို့ အမြဲတမ်းနီးပါး လိုအပ်လေ့ ရှိပါတယ်။

Database တစ်ခုကို တည်ဆောက်ရပြီဆိုတာနဲ့ တွဲရက်ပါလာလေ့ ရှိတာက Normalization ပါ။ ဒီ Normalization စဉ်းစားပုံ မှားပြီဆိုတာနဲ့ ပရိုဂရမ် ရေးတဲ့နေရာမှာ ငါးပါးမှောက်တော့တာပါပဲ။

ဦးကနင်း ပဲ့ကထောင်၊ ပဲ့ကနင်း ဦးကထောင်နဲ့ ကသောင်းကနင်းတွေ ဖြစ်ပြီး မဆုံးနိုင်တဲ့ Error တွေနဲ့ ရင်ဆိုင် ဖြေရှင်းရတော့မှာ အသေအချာပါ။

▪️ Data Integrity and Consistency

Normalization လုပ်ထားတဲ့ Database တစ်ခုမှာ Key မဟုတ်တဲ့ Attribute Value တစ်မျိုးဟာ တစ်နေရာတည်းမှာ တစ်ခုတည်းသာ ရှိပါတယ်။

ကျန်တဲ့နေရာတွေက လိုအပ်လာရင် ဒီတစ်ခုတည်းသော Attribute value ကိုပဲ reference လုပ်ထားတဲ့ Key value တွေကတစ်ဆင့် ဆွဲထုတ်ပြီး သုံးနေကြတာ ဖြစ်ပါတယ်။

ဒါကို Database အသုံးအနှုန်းအားဖြင့် Data Integrity and Consistency ဖြစ်တယ်လို့ ပြောကြပါတယ်။

▪️ Data Redundancy

Key တစ်ခုအဖြစ် မသတ်မှတ်ထားတဲ့ Attribute value တစ်မျိုးဟာ database ထဲမှာ တစ်နေရာထက် ပိုပြီး ပါဝင်နေပြီ ဆိုရင်တော့ Data Redundancy ဖြစ်နေတယ်လို့ ပြောလေ့ ရှိကြပါတယ်။

အဲဒီလို Data Redundancy ဖြစ်နေပြီဆိုရင် ဖြစ်လာနိုင်တာတွေကတော့ Attribute Value တစ်မျိုးတည်းကိုပဲ ထပ်ခါထပ်ခါ ထည့်နေရခြင်း၊ ပြင်ချင် ဖျက်ချင်တဲ့ အခါမှာလည်း အဲဒီ Redundant attribute value ရှိနေတဲ့ နေရာအားလုံးကို လိုက်ပြင် လိုက်ဖျက်နေရခြင်း သို့မဟုတ်ပါက Attribute value ဟာ တစ်နေရာနဲ့ တစ်နေရာ မတူညီပဲ ကွဲလွဲနေခြင်း စတဲ့ မလိုလားအပ်တဲ့ အကျိုးဆက်တွေ ကြုံတွေ့လာရမှာ ဖြစ်ပါတယ်။

▪️What is Normalization ?

ဒီတော့ Normalization ဆိုတာကို အတိုဆုံးနဲ့ အရှင်းဆုံး ပြောပါဆိုယင် "removing data redundancy" လို့ ပြောနိုင်ပါတယ်။

Normalization လုပ်တာကို ကျောင်းသင်ရိုးညွှန်းတမ်းတွေမှာ ၆ ဆင့်အထိ ထည့်ထားလေ့ ရှိပေမယ့် လက်တွေ့လောကမှာတော့ third normal form ၃ ဆင့် အထိသာ အများဆုံး သုံးကြပါတယ်။

မလိုအပ်တာကလဲ တစ်ကြောင်း၊ normalization များများလုပ်လေ database ရဲ့ performance ကျလေ ဖြစ်တာက တစ်ကြောင်းကြောင့်ပါ။

ဒီ normalization လုပ်ခြင်း အကြောင်းကို သိလို တတ်လိုပေမယ့် အခက်အခဲတွေ ရှိနေတဲ့ သူတွေ အတွက် အလွယ်ကူဆုံးနဲ့ အမြင်သာဆုံး ဖြစ်အောင် တတ်နိုင်သလောက် ရှင်းပြပေးချင်ပါတယ်။

အောက်မှာ ပြထားတဲ့ un-normalized database table တစ်ခုကို စဉ်းစားကြည့်ပါ။ Format အခက်အခဲကြောင့် attribute name များသာ ရေးပြနိုင်ပါသည်။ Attribute values များကို စဉ်းစားကြည့်လျှင် မြင်နိုင်မည်ဟု ထင်ပါသည်။
▪️rollNo
▪️studentName
▪️courseID
▪️courseName
▪️teacherName
▪️teacherTel
▪️courseFee

အထက်ပါ un-normalized database table မျိုးတွင် data ထည့်သွင်း ရမည်ဆိုလျှင် ကျောင်းသား တစ်ဦးသည် course တစ်ခုထက် ပို၍ တက်ရောက်မည် ဆိုပါက key value အဖြစ် သတ်မှတ်၍ မရသော ယင်းကျောင်းသား၏ အမည်သည် record အသစ်တစ်ခု ထည့်တိုင်း ထည့်တိုင်း ထပ်ခါထပ်ခါ ပါနေမည်ကို လွယ်ကူရှင်းလင်းစွာ တွေ့မြင်နိုင်ပါသည်။

♻️ First Normal Form (1NF)
====================

လုပ်ဆောင်ရန်။ ။ ပြောင်းလဲခြင်း မရှိသော attribute value များနှင့် ထပ်ခါထပ်ခါ ပြောင်းလဲနေသည့် attribute value များကို သီးခြား table များ အဖြစ် ခွဲထုတ်ရမည်။

ဥပမာအဖြစ် ပေးထားသော un-normalized database table တွင် ကျောင်းသားတစ်ဦး၏ ခုံအမှတ်နှင့် အမည်သည် ထိုကျောင်းသားနှင့် သက်ဆိုင်သော record အသစ်တစ်ခု ထည့်တိုင်းထည့်တိုင်း ပြောင်းလဲခြင်း မရှိပဲ ထပ်ခါထပ်ခါ ပြောင်းလဲသွားသည်မှာ courseID, courseName, teacherName, teacherTel, courseFee တို့သာ ဖြစ်သည်။

ထို့ကြောင့် 1NF ၏ အဆိုအရ အောက်ပါအတိုင်း ခွဲထုတ်နိုင်သည်။

▪️Table 1 (Non-repeating group table)
============================

▪️rollNo
▪️studentName

▪️Table 2 (Repeating group table and related with RollNo from Table 1)

▪️rollNo
▪️courseID
▪️courseName
▪️teacherName
▪️teacherTel
▪️courseFee

♻️ Second Normal Form (2NF)
======================

လုပ်ဆောင်ရန်။ ။ Key အဖြစ် သတ်မှတ်၍ မရနိုင်သော attributes (non-key columns) များနှင့် key အဖြစ် သတ်မှတ်၍ ရနိုင်သော attribute (key column) တို့၏ ဆက်စပ်မှု (functional dependency) ကို လိုက်ရှာပါ။ တွေ့လျှင် သီးခြား table များအဖြစ် ထပ်မံ၍ ခွဲထုတ်ပါ။ တစ်နည်းအားဖြင့် non-key columns များသည် သူတို့နှင့် ဆက်စပ်လျက် ရှိပြီး primary key အဖြစ် သတ်မှတ်နိုင်သော column ရှိခဲ့ပါက အဆိုပါ primary key column ဖြင့်သာ တွဲလျက် သီးခြား တည်ရှိရမည်။

1NF မှ ရလာသော table 2 တွင် courseID သည် key column အဖြစ် သတ်မှတ်၍ ရနိုင်ပြီး key column အဖြစ် မသတ်မှတ်နိုင်သော courseName နှင့် courseFee columns များဖြင့် ဆက်စပ်မှု ရှိနေသည်ကို ကောင်းစွာ တွေ့ရှိနိုင်သည်။

ထို့ကြောင့် အောက်ပါအတိုင်း ထပ်မံ ခွဲထုတ်နိုင်သည်။

▪️Table 1 (Non-repeating group table)
============================

▪️rollNo
▪️studentName

▪️Table 2 (Extract functionally dependant table)
====================================

▪️courseID
▪️courseName
▪️courseFee

Table 3
======

▪️rollNo
▪️courseID
▪️teacherName
▪️teacherTel

♻️Third Normal Form (3NF)
====================

လုပ်ဆောင်ရန်။ ။ Key အဖြစ် သတ်မှတ်၍ မရနိုင်သော attribute (non-key column) များသည် တစ်ခုနှင့် တစ်ခု ဆက်စပ်မှီခို နေခြင်းမျိုး မရှိစေရ၊ တစ်နည်းအားဖြင့် mutually independent ဖြစ်နေရမည်။ အကယ်၍ တစ်ခုနှင့် တစ်ခု ဆက်စပ်မှီခိုခြင်း ရှိနေပါက သီးခြား table အဖြစ် ထပ်မံ ခွဲထုတ်ရမည်။

2NF မှ ရလာသော Table 3 တွင် teacherName နှင့် teacherTel columns များသည် တစ်ခုနှင့် တစ်ခု ဆက်စပ်မှီခို နေကြကြောင်း တွေ့နိုင်သည်။

teacherName column value အပေါ် မူတည်၍ teacherTel column value သည်လည်း လိုက်ပါ ပြောင်းလဲနေမည်ကို အလွယ်တကူ တွေ့မြင်နိုင်သည်။

ထိုကြောင့် 3NF ၏ အဆိုအတိုင်း သီးခြား table အဖြစ် ထပ်မံ ခွဲထုတ်လိုက်လျှင် အောက်ပါအတိုင်း ရလာမည် ဖြစ်ပါသည်။

Student Table
===========
▪️rollNo
▪️studentName

Course Table
===========

▪️courseID
▪️courseName
▪️courseFee

Teacher Table
============

▪️teacherName
▪️teacherTel

Attendance Table
=============

▪️rollNo
▪️courseID
▪️teacherName

ကောင်းမွန်ပြည့်စုံတဲ့ ရှင်းလင်းချက်တစ်ခု မဟုတ်ပေမယ့် normalization ကို လုံးဝ နားမလည် သဘောမပေါက် ဖြစ်နေတဲ့ သူတွေအတွက် တစ်စုံတစ်ရာသော အတိုင်းအတာတစ်ခု အထောက်အကူ ဖြစ်မယ်လို့ ထင်ပါတယ်ခင်ဗျာ။


16/05/2019

အဲကွန်းဆိုင်ရာ အမေးအဖြေများ...................................................
၁။ အဲကွန်းက အလုပ်တော့လုပ်တယ် အေးတော့မအေးဘူး (လေအေးမထွက်ဘူး)?

အဲကွန်းစနစ်တခုမှာ အခြေခံအားဖြင့် အစိတ်အပိုင်း ၂ခု ပါဝင်ပါတယ်။ အခန်းအတွင်းရှိ Fancoil နဲ့ အခန်းအပြင်ဘက်ရှိ Condenser တို့ဖြစ်ပါတယ်။
Fancoil ဟာ Condenser ကြောင့်ဖြစ်ပေါ်လာတဲ့ အေးမြမှုကို အခန်းတွင်းသို့ထုတ်လွှတ်ပေးတဲ့အလုပ်လုပ်ပါတယ်။
Fancoil မှလေအေးတွေမထွက်လာဘူးဆိုရင် Condenser အလုပ်မလုပ်တာကြောင့်ဖြစ်ပါတယ်။
ကျွမ်းကျင်တဲ့ Aircon Technician ကိုခေါ်ယူစစ်ဆေးကြည့်ဖို့အကြံပြုပါတယ်။

၂။ အဲကွန်းက ရေတွေဘာကြောင့်ကျလာသလဲ?

ပုံမှန်အားဖြင့်တော့ fancoil မှာ အခန်းတွင်းရှိရေငွေ့များ ငွေ့ရည်ဖွဲ့ပြီး ရေခံဗန်းကတဆင့် ရေစွန့်ပိုက်ထဲသို့ရေတွေသွားပါတယ်။
အဲ့လိုမဟုတ်ဘဲ ရေတွေ fancoil မှထွက်ကျလာတယ်ဆိုတာ ရေစီးဆင်းမှုမှာ အတားအဆီးတခုခုဖြစ်နေလို့ပါ။
Servicing လုပ်ခြင်းမှာ ထိုရေစီးဆင်းမှုကောင်းမွန်အောင် လုပ်ဆောင်ခြင်းတာဝန်လည်းပါပါတယ်။

၃။ အဲကွန်းကို မောင်းထားတာ အချိန်အတိုင်းအတာတခုရှိပြီ အခန်းက အေးမလာဘူး?

ထိုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖြစ်နိုင်ချေတချို့ပြောပြပေးပါမယ်။
ဖြစ်နိုင်ချေ ၁။ Fancoil မှာ (ဂျီး) များပိတ်နေပြီး လေအေးထုတ်လွှတ်နိုင်မှု နည်းနေခြင်း။
ဖြစ်နိုင်ချေ ၂။ Condenser မှာ (ဂျီး) များပိတ်နေပြီး အေးမြမှုပေးမယ့် Gas ကို ထုတ်လုပ်ပေးနိုင်မှု အားနည်းနေခြင်း။
ဖြစ်နိုင်ချေ ၃။ အဲကွန်းစနစ်အတွင်းရှိ Gas လုံလောက်မှုမရှိခြင်း။
ဖြစ်နိုင်ချေ ၄။ အဲကွန်းစနစ်ပုံမှန်အလုပ်မလုပ်ဘဲ လည်လိုက်ရပ်လိုက်ဖြစ်နေခြင်း။
ဖြစ်နိုင်ချေ ၅။ Setting Temperature ချိန်ညှိ့ထားမှု များနေခြင်း။
ဖြစ်နိုင်ချေ ၆။ တပ်ဆင်ထားသော မြင်းကောင်ရေ လုံလောက်မှုမရှိခြင်း။

၎။ အဲကွန်း ဘာကြောင့် အလုပ်မလုပ်သလဲ?

အရင်ဆုံးဖြစ်နိုင်ချေတခုကတော့ Electrical power supply မရောက်လို့ပါ။
Safeguard ကိုမီးရောက်မရောက်စစ်ပါ။
Safeguard ရဲ့ Output ကိုမီးတကယ်ထွက်မထွက်စစ်ပါ။
Safeguard မလိုလို့မသုံးထားတဲ့အိမ်ဆိုရင် Power Socket အဝင်အထွက် မီးရှိမရှိစစ်ပါ။
မီးရောက်တယ်လို့ သေချာရင်တော့ အဲကွန်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူကို ဆက်သွယ်ပါလို့ အကြံပြုလိုပါတယ်။

၅။ အဲကွန်းကို ပုံမှန် servicing လုပ်ခြင်းရဲ့ အကျိုးကျေးဇူးကဘာပါလဲ?

အဲကွန်းကို ပုံမှန် servicing လုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့
အကျိုးကျေးဇူး ၁။ အဲကွန်း ပိုမိုကောင်းမွန်စွာ အေးမြစေပါလိမ့်မယ်။
အကျိုးကျေးဇူး ၂။ မီတာစားကို သက်သာစေပါလိမ့်မယ်။
အကျိုးကျေးဇူး ၃။ အဲကွန်းရေကျခြင်းပြသနာကို လျော့ချပေးပါလိမ့်မယ်။
အကျိုးကျေးဇူး ၄။ အဲကွန်းအကြီးစားပြုပြင်မှုလိုအပ်ခြင်းကို လျော့ချပေးပါလိမ့်မယ်။
အကျိုးကျေးဇူး ၅။ အဲကွန်း စက်ပစ္စည်းသက်တမ်းကို ပိုကြာရှည်စွာအသုံးပြုနိုင်ပါမယ်။

၆။ အဲကွန်း servicing ဘယ်လောက်တခါလုပ်သင့်သလဲ?

ယေဘုယျအားဖြင့်တော့ အိမ်သုံးတွေအတွက်ဆိုရင် ၃လ တကြိမ် Servicing ပြုလုပ်သင့်ပါတယ်။
ရုံးသုံးတွေအတွက်ဆိုရင် ၁လ တကြိမ် Servicing ပြုလုပ်သင့်ပါတယ်။
လုပ်ကိုလုပ်ရမယ်လို့ဆိုလိုခြင်းမဟုတ်ဘဲ အသုံးပြုမှုနှုန်း ပတ်ဝန်းကျင်အခြေအနေတွေအပေါ်မူပါတယ်။
ကျွမ်းကျင်တဲ့ aircon technician နဲ့တိုင်ပင်ပြီး လုပ်ဆောင်သင့်ပါတယ်။

၇။ အဲကွန်းကို အသုံးပြုသူ ကိုယ်တိုင်ရော maintenance လုပ်လို့ရသလား?

အခြေခံ maintenance အနေနဲ့ Air filter နှင့် body အဖုံးကို ၂ပတ်တကြိမ် ဆေးကြောပေးလို့ရပါတယ်။
အဲ့လိုလုပ်ခြင်းအားဖြင့် အခန်းတွင်းအေးမြမှုကို ပိုမိုကောင်းမွန်စေပါတယ်။

၈။ အဲကွန်း ဘာကြောင့် အနံ့ထွက်နေရတာလဲ?

အနံ့တွေဟာ fancoil အတွင်းမှာ မှိုနဲ့ ဘက်တီးရီးယားတွေ ဖြစ်ပေါ်လာမှုကြောင့် ထွက်လာတာဖြစ်ပါတယ်။
အနံ့တွေ တအားဆိုးနေရင်တော့ Chemical Cleaning လုပ်ဖို့လိုအပ်နေပါပြီ။

၉။ April Air-Con Services က ဘယ်လို အဲကွန်းတွေကို ဝန်ဆောင်မှုပေးတာလဲ?

April Air-Con Services က Brands မျိုးစုံနဲ့ Air-Con Types မျိုးစုံကို ဝန်ဆောင်မှုပေးပါတယ်။
-Window Type Air Conditioner (All Brand)
-Split Type Air Conditioner (All Type and Brand)
-VRV System Air Conditioner (All Type and Brand)

၁၀။ April Air-Con Services က ဘယ်လိုဝန်ဆောင်မှုတွေပေးတာလဲ?

April Air-Con Services က အဲကွန်းဆိုင်ရာ အမျိုးမျိုးသော ဝန်ဆောင်မှုများကို ဝန်ဆောင်မှုပေးပါတယ်။
-Aircon Servicing/ Aircon Maintenance
-နှစ်ချုပ်၊ လချုပ်ဖြင့် Maintenance Services
-Chemical overhual Servicing
-အဲကွန်း တပ်ဆင်ခြင်းများ
-အဲကွန်း ပြုပြင်ပေးခြင်း
-အကဲဖြတ်ပေးခြင်းနှင့် အကြံပြုပေးခြင်း

၁၁။ အဲကွန်း Gas ယိုစိမ့်မှုဖြစ်နေပါက ဘာလုပ်သင့်သလဲ?

အဲကွန်း Gas ယိုစိမ့်မှုဖြစ်နေပါက Gas ဖြည့်ခြင်းဟာ အဖြေတခုမဟုတ်ပါဘူး။
Gas တွေဘယ်ကထွက်နေသလဲဆိုတာ High Pressure Testing လုပ်ပြီး အပေါက်ရှာရပါမယ်။
ထိုအပေါက်ကို ပြုပြင်ပြီးမှ သင့်တော်သော Gas ပမာဏပြန်လည်ဖြည့်သွင်းရပါမယ်။

၁၂။ Condenser ကိုရော Servicing လုပ်ဖို့လိုအပ်သလား?

ရန်ကုန်ဟာ ဖုန်ထူထပ်တာကြောင့် April Air-Con Servicng မှာ Condenser ကိုပါ Servicing ပြုလုပ်ပေးပါတယ်။
Condenser မှာ (ဂျီး) များပိတ်နေခြင်းကလည်း အအေးနှုန်းကိုထိခိုက်စေသလို Compressor သက်တမ်းကိုလည်းတိုစေပါတယ်။
မီးအားလည်းပိုစားစေပါတယ်။

၁၃။ Condenser ရဲ့ အဝင်အထွက်ကြေးပိုက်တွေ ဘာလို့ ရေခဲနေရတာလဲ?

ဖြစ်နိုင်ချေ ၂ခုရှိပါတယ်။
ပိုက်အသေးမှာ ရေခဲနေခြင်းဟာ System အတွင်း Gas လုံလောက်မှုမရှိဘူးဆိုတာပြပါတယ်။
ပိုက်အကြီးမှာ ရေခဲနေခြင်းဟာ Fancoil or Filter မှာ (ဂျီး) ပိတ်နေခြင်း သို့မဟုတ် Blower မလည်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။

၁၄။ အဲကွန်းက သူ့အလိုလိုပိတ်ပြီး မီးလုံးလေးတွေမှာ မှိတ်တုတ်မှိတ်တုတ် ဘာလို့ဖြစ်နေတာလဲ?

Fancoil ရဲ့ မီးလုံးလေးတွေ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတာဟာ System ထဲမှာ တခုခုပြသနာရှိနေတာကိုပြပါတယ်။
ဒါကြောင့်အဲကွန်းက ဆက်အလုပ်မလုပ်ဘဲ သူ့အလိုလိုပိတ်သွားပါတယ်။
ကျွမ်းကျင်တဲ့ Aircon Technician ကိုခေါ်ယူစစ်ဆေးဖို့လိုအပ်ပါတယ်။
သူ့အလိုလိုပိတ်သွားတာဟာ ကာကွယ်ခြင်းသဘောတရားဖြစ်ပြီး။
electrical power supply ကို reset လုပ်ပြီးထပ်မသုံးသင့်ပါဘူး။
နောက်ဆက်တွဲ ပြုပြင်ရမယ့်စရိတ်တွေရှိလာနိုင်လို့ပါ။

၁၅။ အဲကွန်းက သူ့အလိုလို ပိတ်လိုက်ဖွင့်လိုက် ဘာလိုဖြစ်နေတာလဲ?

Remote Controller မှာ Timer Setting ချိန်ထားမိလို့ဖြစ်နိုင်သလို။
Fancoil ရဲ့ Printed Circuit Board ပြသနာလည်းဖြစ်နိုင်ပါတယ်။
ပြုပြင်လို့ရမယ့်အခြေအနေဆို ပြုပြင်နိုင်ပြီး မရတော့ရင် PCB ကို လဲဖို့လိုအပ်ပါမယ်။

၁၆။ အဲကွန်း Remote Controller ကနေ ဖွင့်လိုမရတော့ဘူး?

ပြသနာက Remote controller or Fancoil Printed Curcuit Board မှာရှိနေနိုင်ပါတယ်။
Remote Controller ကို တခြား Fancoil မှာစမ်းသပ်ကြည့်ပါ။
အလုပ်လုပ်တယ်ဆိုရင် ပြသနာက PCB မှာရှိနေပါတယ်။
ပြုပြင်လို့ရမယ့်အခြေအနေဆို ပြုပြင်နိုင်ပြီး မရတော့ရင် PCB ကို လဲဖို့လိုအပ်ပါမယ်။

၁၇။ အဲကွန်း Pressure စစ်ဆေးတယ်ဆိုတာဘာလုပ်တာလဲ။ ဘာကြောင့်လိုအပ်တာလဲ?

အဲကွန်းတလုံးဟာ Gas တွေယိုစိမ့်မှုဖြစ်ပေါ်ပြီး ခဏခဏပြန်ပြန်ဖြည့်နေရပြီဆိုရင်
တနေရာရာမှာ ထွက်ပေါက်ရှိနေပြီလို့ ဆိုနိုင်ပါတယ်။
အဲ့ဒီ ထွက်ပေါက်ကို ရှိဖို့ရင်အတွက် High Pressure Testing လုပ်ရပါတယ်။
Condener, Fancoil and Pipe Line တွေကို High Pressure ထိုးပြီး လိုက်ရှာရပါတယ်။
အပေါက်ပေါ်မူတည်ပြီး လိုအပ်သလိုပြုပြင်ရပါမယ်။ ပြီးမှ သင့်တော်တဲ့ Gas ပမဏပြန်ထည့်ရပါမယ်။

Credit :ကိုနန္ဒမိုး
ပညာ​ရေးနှင့်​အ​ထွေ​ထွေဗဟုသုတ

Address

Taunggyi
095

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

092200762

Website

Alerts

Be the first to know and let us send you an email when ICherry Mobile Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category