23/01/2019
ဈေးဆိုင် ဖွင့်ထားတာလား။
ဈေးဆိုင်ဖွင့်ဖို့ စီစဉ်နေတာလား။
ပထမဦးဆုံး ခေါင်းခဲရမယ့် ကိစ္စတွေက.......
ပစ္စည်းစာရင်း အ၀င်အထွက် စာရင်းကိုင်
ဂိုထောင်ထဲ လက်ကျန်/ အရောင်း မှတ်တမ်း
ဘောက်ချာကို ဆိုင်လိုဂိုလေးနဲ့ ခန့်ခန့်ညားညားအပ်ဖို့
စားသောက်ဆိုင်ဆိုရင် TAX တွက် မှတ် ရေးဖို့
ဆိုင်ခွဲတွေများရင် အရောင်းစာရင်း နေ့စဉ်သိနိုင်ဖို့
ကျွမ်းကျင်ဝန်ထမ်းနဲ့ နည်းပညာများ လိုအပ်လာပါပြီ။
အီလက်ထရောနစ်ဘောက်ချာစနစ်ကို သုံးလိုက်ပါ။
(၁) ၀န်ထမ်းအများကြီး သုံးစရာမလိုတော့ပါ။
(၂) တိကျတဲ့ နည်းပညာမို့ အချိန်မကုန်လူမပန်း လွန်စွာသက်သာပါတယ်။
(၃) အရောင်း အ၀ယ် အ၀င် အထွက် စာရင်းအားလုံး ဖုန်းထဲမှာတင် နှစ်နဲ့ချီပြီး မှတ်ထားနိုင်ပါတယ်။
(၄) ဖုန်းပျောက်သွားလည်း စိတ်ပူစရာမလို။ အီးမေးလ်/အကောင့်ထဲ မှတ်တမ်းများ ရှိနေပါမယ်။
POS= Point-Of-Sale နှင့် Loyverse
အရောင်းဆိုင်သေးသေးလေးမှ စူပါမားကတ်လို ဆိုင်ကြီးအထိ ဆိုင်ဖွင့်တော့မယ်ဆိုရင် ကုန်ပစ္စည်းစာရင်း၊ အရောင်းစာရင်း၊ လက်ကျန်စာရင်းတို့ကို မှတ်တမ်းယူရတာ အခက်ခဲဆုံးအလုပ်တစ်ခုပါ။ အရောင်းစာရင်းကို ဘောက်ချာအောက်ခံမှ ပြန်ရေးသွင်း၊ စာအုပ်ထဲမှတ်၊ ဂိုထောင်စာရင်းထဲကနှုတ်၊ စုပေါင်းတွက်ချက် ရှေးရိုးစဉ်အတိုင်း စာရွက်ဖိုင်တွေနဲ့ သွားရတဲ့ခေတ်မဟုတ်တော့ပါ။ အားလုံးကို Loyverse ဆော့ဖ်ဝဲတစ်ခုတည်းနဲ့ စနစ်တကျထိန်းချုပ်ထားနိုင်ပါတယ်။ https://help.loyverse.com/ ထဲမှာ အသေးစိပ်ဝင်လေ့လာနိုင်ပါတယ်။
ရောင်းတဲ့အခါ.................
ကိုယ်သုံးနေတဲ့ ဟန်းဖုန်းထဲ ပစ္စည်းစာရင်း ဈေးနှုန်းအားလုံးကို အခမဲ့ရတဲ့ Loyverse ဆော့ဖ်ဝဲနဲ့ထည့်။ ရောင်းရင် Aက ၅ခု၊ Bက ၇ခု၊ C က ၂ခု စသည်ကို ဖုန်းထဲမှာတင် လက်ညှိုးလေးထောက်ပြီး ရွေးသွားရုံသာ။ ပြီးရင် ဘလူးတုသ်နဲ့ ချိတ်ထားတဲ့ POS Printer မှာ ပေါင်းပြီးသား အဆင်သင့်ဘောက်ချာလေး (ဆိုင်နမယ်လိုဂို၊ ကျေးဇူးတင်ပါတယ်ဘာညာ စာတန်းအပါ) သပ်သပ်ရပ်ရပ် ထွက်လာပါလိမ့်မယ်။ မှင်ခံနဲ့မှတ်စရာမလိုပဲ ဆော့ဖ်ဝဲထဲမှာ ရောင်းခဲ့တဲ့စာရင်းတွေ တန်းရောက်သွားပါမယ်။ ၀ယ်သူလည်း ဂဏန်းတွက်စက် တဒေါက်ဒေါက်နဲ့ ပေါင်းနေတာကို အချိန်ကြာကြာစောင့်နေစရာ မလိုတော့ပါဘူး။
သူ့ချည်းသာလော...................
ခင်မင်သူမို့၊ အထူးပရိုမိုးရှင်းကာလမို့၊ ဘဏ်ကဒ် မန်ဘာကဒ်တို့နဲ့ လာဝယ်တာမို့ စသည်ဖြင့် ဒစ်စကောင့်ပေးချင်ရင် 5% 10% 15%..... 50% စသည်ဖြင့် နှိပ်လိုက်တာနဲ့ ပစ္စည်းအရေအတွက် ဘယ်လောက်ပဲ များနေပါစေ။ ခလုတ်တချက်နဲ့တင် အားလုံးကို ဒစ်စကောင့်နှုတ်ပြီးသားအဖြေ ဘောက်ချာနဲ့တကွ ထွက်လာပါတယ်။ စားသောက်ဆိုင်တွေ ၀န်ဆောင်ခ၊ စားပွဲကြေး၊ ပြည်တွင်းအခွန်အတွက် ၅% စသည် ထပ်ဆောင်းကောက်ခံဖို့လည်း Tax ကို နှိပ်လိုက်တာနဲ့ ၅% ၁၀% လိုအပ်သလို ထည့်ပေါင်းပြီးသား ဘောက်ချာထွက်လာပါတယ်။
စာရင်းစစ်ရင်....................
တစ်နေ့စာ တစ်လစာ အရောင်းစာရင်းတွေကို Loyverse ရဲ့ တွဲဘက် Dashboard ဆော့ဖ်ဝဲမှာ ၀င်ကြည့်နိုင်ပါတယ်။ ဒါ့အပြင် ဒီလရောင်းအားတက်တယ်။ အရင်လကတော့ နည်းနည်းကျတယ် စသည်ဖြင့် ဂရပ်နဲ့လည်း ဖော်ပြပေးပါသေးတယ်။ ကုန်အ၀င်စာရင်း အထွက်စာရင်း လက်ကျန်စာရင်းတို့ကို ရက်အလိုက် လအလိုက် နှစ်အလိုက် စာရင်းချုပ်တင်ပြပေးပါတယ်။ စားသောက်ဆိုင်ဆိုရင်လည်း တစ်ခုံချင်း တစ်ဝိုင်းချင်း ရောင်းအားကို၎င်း၊ ၀ိတ်တာတစ်ဦးချင်းစီရဲ့ အရောင်းပမာဏကို၎င်း ဖော်ပြပေးနိုင်ပါတယ်။
ဆိုင်ခွဲများရင်................
ကုန်ပစ္စည်း ဈေးနှုန်းအတက်အကျ သတ်မှတ်ချက်ကို ပင်မဆိုင်ကနေ ဖုန်း/ လက်ပ်တော့/ ကွန်ပျူတာ သုံးပြီး ပြင်လိုက်တာနဲ့ အချိန်နဲ့တပြေးညီ ဆိုင်အားလုံး တသမတ်တည်း ဘောက်ချာထွက်ပါတယ်။ အီးမေးလ်ကို အခြေခံထားတာမို့ နေ့စဉ်မှတ်တမ်းအားလုံး မကြည့်ဖြစ်ရင်တောင် အီးမေးလ်ကို သို့မဟုတ် Loyverse အကောင့်ထဲကို ၀င်နေပါလိမ့်မယ်။ ဆိုင်ခွဲအားလုံးရဲ့ ရောင်းအားကိုလည်း စက္ကန့်မလပ် ထိုင်ကြည့်နေလို့ရပါတယ်။
ဘာ့ကြောင့် မတွင်ကျယ်သေးလဲ........
ဈေးကြီးတယ်ထင်ကြလို့ပါ။ အရင်ကဆို ဆော့ဖ်ဝဲကို ပိုက်ဆံပေးဝယ်ရပါတယ်။ ၃သိန်းကနေ ၁၀သိန်းထိ ယူကြပါတယ်။ ပရင်တာတစ်ခုဈေးကလည်း ၁သိန်းအထက်ရှိပြီး ကွန်ပျူတာနဲ့သာ သုံးရတာကြောင့် ဆိုင်ငယ်လေးတွေ လက်လှမ်းမမီကြသေးပါ။ ယခု ဆော့ဖ်ဝဲအတော်များများ အလကားရနေပါပြီ။ Loyverse ကတော့ အတော်ပြီးပြည့်စုံတဲ့ ဆော့ဖ်ဝဲပါ။
ဖုန်းတစ်လုံးနဲ့တင်ပြီးစီးတဲ့ ပရင်တာတွေလည်း ဖောဖောသီသီရနေကြပါပြီ။ သို့သော်လည်း ရုံးခန်းထဲထိုင်ပြီး ပြင်ပကမ္ဘာကို ထွက်မကြည့်သူတို့အတွက် ဆော့ဖ်ဝဲရောင်းသူတို့လည်း ရောင်းနေကြဆဲ။ ကွန်ပျူတာနဲ့မှ သုံးလို့ရတာဆိုတဲ့ အစွဲလည်း မကျွတ်နိုင်ကြသေးတာမို့ လက်လီဆိုင်အသေးလေးတွေ မမှန်းရဲကြတဲ့ ရွက်ပုန်းသီးPOSစနစ် ဖြစ်နေပါတော့တယ်။ ခုတော့ အမြင်ကျယ်တဲ့ လဘက်ရည်ဆိုင်၊ လမ်းဘေးထမင်းကြော်ဆိုင်ကအစ သုံးနေကြပါပြီ။
ဘောက်ချာစာအုပ်နဲ့ ဘာကွာလဲ...........
ဘောက်ချာတစ်အုပ်ကို ကိုယ့်ဆိုင်တံဆိပ်နဲ့ အခမ်းနားကြီး မဟုတ်တောင် တစ်အုပ် ၁၀၀၀လောက် ကျသင့်ပါတယ်။ မှင်ခံ၊ ဂဏန်းတွက်စက်၊ ဘောပင်၊ အချိန် ကုန်ပါသေးတယ်။ POS သုံးရင် ကိုယ့်ဆိုင်နမယ် လိပ်စာ ရေးချင်ရာတွေ ခေါင်းစီးမှာ စာလုံးရေ၂၅၀၊ အောက်ခြေမှာ ၂၅၀ ရေးထားလို့ရပါတယ်။ စက္ကူတစ်လိပ်မှ ၇၀၀ကျပ်သာ ရှိတာမို့ ၁၀၀၀တန် ဘောက်ချာ၂အုပ်စာ ဖြတ်ပိုင်းရေးလို့ရပါတယ်။ မှင်သုံးတဲ့စနစ်မဟုတ်တာကြောင့် အပိုကုန်ကျစရာက စက်ကို အားသွင်းဖို့ မီတာခလောက်ပါပဲ။
ယခင်က POS စနစ်တစ်ခုကို သိန်းဆယ်ချီပေးဝယ်ရပေမယ့် ယခုအခါ Play Store မှာရော Apple Store မှာပါ အခမဲ့ ဒေါင်းလုပ်နိုင်ပါတယ်။ အခမဲ့ပေးတာတွေလည်း ရှိသလို စိတ်တိုင်းကျဖြစ်စေမယ့် အချက်အလက်စုံ ဆော့ဝဲတွေလည်း အွန်လိုင်းကနေ ဝယ်လို့ရနိုင်ပါပြီ။
ယခင်က POS System အတွက် ငွေကြေး သိန်းဆယ်ချီပေးခဲ့ရတဲ့ ပရင်တာ၊ စက္ကူလိပ်၊ ဆော့ဖ်ဝဲ အားလုံးကို ဈေးပေါပေါနဲ့ ရနိုင်ပြီဆိုတာ သိထားပြီလား ?
58mm POS Printer 80000ကျပ်
80mm POS Printer 110000ကျပ်
58mm Termal Paper 700ကျပ်
80mm Termal Paper 1200ကျပ်
မြန်မာဆိုင်မှာသုံးရင် မြန်မာဖောင့်နဲ့ထွက်သလို အင်္ဂလိပ်စားသောက်ဆိုင်၊ တရုတ်ဆေးဆိုင်၊ ကုလားကုန်မာဆိုင် စသည်တို့မှာလည်း အင်္ဂလိပ်၊ တရုတ်၊ ကုလား၊ ရုရှား၊ ဂျပန်၊ ကိုရီးယား ဘာသာမျိုးစုံ ရိုက်လိုက်တဲ့ စာလုံး ဖောင့်နဲ့ ဘောက်ချာထွက်ပါတယ်။ ပစ္စည်းတန်ဖိုး ဂဏန်းကတော့ အင်္ဂလိပ်လိုသာ ထွက်ပါလိမ့်မယ်။
ဘောက်ချာသာမက ဓါတ်ပုံ၊ ဖုန်းထဲက စာရွက်စာတမ်းများ၊ QR code Bar Code ဆိုင်တံဆိပ်လိုဂိုတို့ကိုလည်း ပရင့်ထုတ်နိုင်ပါတယ်။
စက်ဝယ်ရင် ဆော့ဖ်ဝဲအသုံးပြုနည်းကို အသေးစိပ် ပြောပြပေးပါမယ်။ (မ၀ယ်လည်းပြောပြပေးပါတယ်။ သိပ်တော့ အသေးမစိပ်ဘူးပေါ့ဗျာ)
အရောင်းစာရင်းတွေပါ တန်ဖိုးနဲ့တကွ ထည့်ချင်ရင်တော့ Microsoft Word (သို့မဟုတ်) CSV ဖိုင်နဲ့ ရေးပို့ပေးမှ ထည့်ပေးပါမယ်။
မလုပ်တတ်ရင် အရောင်းပစ္စည်းနမယ်ပေါ်ကို တစ်ခုရောင်း တစ်ချက်နှိပ် ၃ခုရောင်း ၃ချက်နှိပ် ပြီးတာနဲ့ ဘောက်ချာထွက်လာတဲ့ အဆင့်ထိ ဖုန်းထဲထည့်သွင်းပေးလိုက်ပါမယ်။
နယ်ကနေ မှာယူရင် သုံးမယ့်အီးမေးလ်သာ ပေးလိုက်ပါ။ အဆင်သင့် ကြိုက်ရာဖုန်းနဲ့Login ၀င်ပြီး သုံးနိုင်တဲ့အထိ လုပ်ပေးလိုက်ပါမယ်။
Loyverse သည် ကျွန်တော်တို့တီထွင်သော ဆော့ဖ်ဝဲမဟုတ်ပါ။ (ဆော့ဖ်ဝဲရောင်းနေခြင်းလည်းမဟုတ်ပါ။) နိုင်ငံတကာမှာ သုံးစွဲသူ၆သန်းကျော်ရှိပြီး အခမဲ့ဝန်ဆောင်မှုပေးထားသော ဆော့ဖ်ဝဲသာဖြစ်ပါတယ်။ ထို့ကြောင့် အလှူအိမ်ရှေ့ ထမင်းသွားရောင်းသလို အခမဲ့ရသောဆော့ဖ်ဝဲကို ပရင်တာနဲ့တွဲပြီး ဈေးပိုတင်ရောင်းထားခြင်းမဟုတ်ပါ။ ပရင်တာဝယ်သည်ဖြစ်စေ မ၀ယ်သည်ဖြစ်စေ Loyverse ဆော့ဖ်ဝဲ အခမဲ့သွင်းပေးနိုင်ပါတယ်။ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ခင်ဗျာ။
❤️❤️❤️❤️❤️❤️❤️❤️❤️
ဆက်သွယ်ဝယ်ယူမှာကြားရန်
ချမ်းမြေ့သစ္စာ ကုမ္ပဏီလီမိတက်
အမှတ်၂၅၊မြေညီထပ်၊ ၁၄လမ်းအောက်ဘလောက်၊လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
☎ 01224569,09422465959. 09402086660
📵Viber 09796015200, 09257807878
🚕Deliver 09796015100, 09250151096
TK စတိုး
အမှတ် (၄၄) မြေညီ၊ သီရိဧရာလမ်း၊ ဇ၀နရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း 095109585. 09781468251,09796696679
KH Mobile - IT , Mobile Sale & Service
အမှတ်၆၁၊ ၁၆လမ်း၊ ညောင်ပင်လေးဈေးအနီး၊ ၊လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
Ph: 09 450 555515 , 09 970 555515. 09 4500 46000
ဆိုင်မှာ စိတ်တိုင်းကျ လာရောက်ရွေးချယ် ၀ယ်ယူနိုင်သလို ဖုန်းဆက်မှာယူပါကလည်း အမြန်ချောပို့ (သို့မဟုတ်) ကားဂိတ်တို့ဖြင့် တင်ပို့ပေးပါတယ်။
ပစ္စည်းရောက်ငွေချေစနစ် နှင့် မြို့နယ်များ >>> https://www.facebook.com/cmt1425ws/posts/1131966873616943