18/12/2025
Inverter Battery အသုံးအတွက် ဝပ်တွက်ကြည့်ခြင်း
တခါတုန်းက မိတ်ဆွေတဦးက အင်ဗာတာ နဲ့ပါတ်သက်ပြီး မေးပါတယ်။ DC Ampere 40A ဆိုရင် AC Ampere ဘယ်လောက်လဲတဲ့ ။ သူ့မေးခွန်းကို ကျတော် ကြောင်သွားပါတယ်။ သူနားထွေးနေလို့ ဒီလိုမေးမိတာလို့ သဘောပေါက်မိပါတယ်။ DC Ampere နှင့် AC Ampere က သက်ဆိုင်ခြင်းမရှိပါဘူး။ ဘက်ထရီကို အားသွင်းနေချိန် သို့မဟုတ် အင်ဗာတာ သုံးနေလို့ အားပြန်ထုတ်နေချိန်ဆို ဘက်ထရီမှာ DC Ampere စီးဆင်းနေမှာဖြစ်ပါတယ် ။ အဲ့အချိန်မှာ အင်ဗာတာ ရဲ့ Input လမ်းကြောင်းကို AC Clamp Meter နဲ့တိုင်းကြည့်မယ်ဆိုရင်တော့ AC Ampere စီးဆင်းနေပါလိမ့်မယ်။
တခုသတိထားရမှာက ဘက်ထရီအားပြည့်နေပြီဆို Ampere မစီးတော့ဘူး။ အဲ့ဒါကို လျှပ်စစ်အကြောင်းစတင်လေ့လာခါစမိတ်ဆွေတွေ မျက်စေ့လည်တတ်တယ် ။ Ampere အကြောင်းက နားလည်ရလည်း ခက်တယ် ။ Ampere ဆိုတာက Volt နဲ့မတူဘူး ။ Load တခုခုအသုံးမရှိရင် Ampere က မထွက်လာဘူး ။ ဉပမာ ပြောရရင် Load ဆိုတာမျိုးက မီးခလုပ်တခု ဖွင့်ရကနေ လျှပ်စစ်ပစ္စည်းအသုံးအားလုံးကို ဆိုလိုတာ ။ မီးပူတိုက်တာ ၊ ရေနွေးတည်တာ ၊ ထမင်းချက်တာ ၊ ဖုန်းအားသွင်းတာ စသည်ဖြင့်ပေါ့ ။ အဲ့လိုမျိုး Load အသုံးရှိမှ Ampere က ထွက်လာတာ။
ဆိုလာလည်းအတူတူပဲ သူက လျှပ်စစ်ထုတ်ပေးတဲ့ Source ဖြစ်တော့ အသုံးမရှိရင် သူလည်း Watt မတက်ဘူး ။ ကျတော်တို့ ဆိုလာတပ်ဆင်ပေးခဲ့တဲ့ Customer အိမ်တွေဆို အင်ဗာတာမှာပြတဲ့ ဆိုလာဝပ် နေရာကို ကြည့်ပြီး ဝပ်မထွက်ဘူး လာစစ်ပေးပါဦး ခဏခဏ ပြောတတ်ကြတယ် ။ အမှန်က ဘာမှ အသုံးမရှိလို့ ဘက်ထရီလည်း အားပြည့်နေလို့ End User က လျှပ်စစ်အကြောင်း နားမလည်တော့ စိုးရိမ်တာပေါ့ ။ သိန်းရာချီကုန်ထားတာကိုး ။
သေချာမေးကြည့်တော့မှ သူက ဘယ်လောက်သုံးရင် ဘယ်ထရီကို ဘယ်လောက် တပ်ရမလဲ သိချင်တာမျိုး ။ နမူနာ အသေးလေး တခုနဲ့ ရှင်းပြပေးလိုက်တယ်။ ဘာသုံးချင်တာလဲ အရင်မေးပေါ့ ။ အဲကွန်း တကောင် ၄ နာရီ မီး ၁၈ ဝပ် ၅ လုံး ။ စတွက်ကြည့်ရအောင် အဲကွန်း တကောင် 746W , 18W * 8 = 90W စုစုပေါင်း တနာရီ အသုံးသည် 836W ရှိပါသည် ။ ဝါယာကြိုးတွေ အဆက်တွေ ခလုပ်တွေ ကြောင့်ဖြစ်လာနိုင်သည့် Electrical Losses ကိုထည့်မတွက်ထားပါ။ 836W * 4 Hrs = 3344 W
၄ နာရီအတွက် လျှပ်စစ်ပါဝါလိုအပ်ချင် ၃၃၄၄ ဝပ်ဖြစ်ပါသည် ။
အဲကွန်း တကောင်ဖြစ်သည့်အတွက် 3kW Inverter ဖြင့်လုံလောက်ပါသည် ။ ဘက်ထရီ ဘယ်လောက် kWh = kilo Watt Hour တပ်သင့်သည်လည်းတွက်ကြည့်ရအောင်ပါ။ 3kW Inverter တပ်ရမှာဖြစ်သည့်အတွက် 25.6V Battery တပ်ရပါမည် ။ Ampere ဘယ်လောက် ဘက်ထရီတပ်မည်နည်း ?
100Ah Battery x 25.6 V = 2560 Wh ဆိုတော့ မလောက်သေးဘူး ။ 150Ah Battery x 25.6 V = 3840 Wh မလောက်သေးဘူး ။ သူ့ရဲ့ ၄ နာရီ အသုံးက ၃၃၄၄ ဝပ်ဖြစ်တော့ 150Ah ဘက်ထရီနဲ့ဆို လုံလောက်နေပြီလို့ ထင်ပေမယ့် ဘက်ထရီရဲ့ SOC အရ ချန်ထားရမယ့် 20% နုတ်မယ်ဆို ၃၀၇၂ ဝပ်ပဲရမယ် ။ ဒါကြောင့် 150Ah Battery လည်းမလောက်သေးပါဘူး ။
200Ah x 25.6 V = 5120 Wh ရပါတယ် ။ 5120 Wh ကို 20% နုတ်လိုက်တော့ 4096Wh ရရှိပြီဖြစ်တော့ ကျတော့်မိတ်ဆွေအသုံးပြုချင်တဲ့ အဲကွန်း ၁ ကောင် နှင့် ၁၈ ဝပ် မီး ၅ လုံးကို ၄ နာရီ ကြာအောင် စိတ်ချလက်ချ အသုံးပြုနိုင်ပြီဖြစ်ပါသည် ။
Wh = Watt Hour
Ah = Ampere Hour
SOC = Stat of Charge
လျှပ်စစ်ကျောင်းသား
Vocational Institute
အသေးစိတ် သိလိုပါက
( ရုံးချိန်အတွင်း 9 AM - 5 PM , နေ့စဉ်ဖွင့်ပါသည် ပိတ်ရက်မရှိပါ )
09 - 977 - 248 - 730 ( Viber သို့လည်းဆက်သွယ်နိုင်ပါသည် )
09 - 788 - 805 - 093
ES Institute Production
အမှတ် ( ၁၁၅ ) ၊ အာသာဝတီလမ်း ၊ ၂ ရပ်ကွက် ၊ ဘုန်းကြီးလမ်းမှတ်တိုင် ၊ မြောက်ဉက္ကလာပမြို့နယ် ၊ မယ်လမု ဘုရား အနီး ၊ ရန်ကုန်မြို့ ။ ။
ဆိုင်လိပ်စာ Google Map
https://www.google.com/search...
ကျန်းမာကြပါစေ
#လျှပ်စစ်ကျောင်းသား