Thet Tant Eain

Thet Tant Eain We craft soulful brands & empower future creatives with design, storytelling & AI skills. Design with soul, share with heart!

Yello! 🌟 သက်တံအိမ်ကနေ အားလုံးကို ထပ်မံကြိုဆိုလိုက်ပါတယ်! ❤️💕၂၀၂၆ နှစ်သစ်မှာ ပိုမိုစုံလင်တဲ့ Creative Project တွေ ဖန်တီးန...
30/12/2025

Yello! 🌟 သက်တံအိမ်ကနေ အားလုံးကို ထပ်မံကြိုဆိုလိုက်ပါတယ်! ❤️💕

၂၀၂၆ နှစ်သစ်မှာ ပိုမိုစုံလင်တဲ့ Creative Project တွေ ဖန်တီးနိုင်ဖို့အတွက် အဖွဲ့ဝင်သစ် " Mascot Character " လေး တစ်ယောက်ကတေ့သက်တံ တို့ရဲ့ Member အနေနဲ့ တိုးလာခဲ့ပါပြီ ။

ဒီ Mascot လေးကတော့ သက်တံအိမ် မှာ ရှိနေတဲ့ မင်းသွေး (Brand Avatar) နဲ့ တိပုလေး (Brand Hero) တို့ အတူ Collab လုပ်ပြီး နှစ်သစ်မှာ အတူတူ ရှေ့ဆက်သွားမယ့် Content Writer လဲဖြစ်တဲ့ "သဲဆု (Thae Su)" ပဲ ဖြစ်ပါတယ်။ သဲဆုလေးဟာ သက်တံတို့ ကိုယ်တိုင် သေချာ Concept ထုတ်ပြီး အချိုးအစားကျကျ ဖန်တီးထားတဲ့ Mascot တစ်ခုဖြစ်တဲ့အပြင် မူရင်း Art Style နဲ့ AI Tools တွေနဲ့ အကောင်းဆုံးပေါင်းစပ်ပြီး ဖန်တီး ထားတာပဲ ဖြစ်ပါတယ်။

Meet "Thae Su" - The Content Writer 🖋✨ Su Myat Nandar Aung
သဲဆုလေးဟာ သက်တံအိမ်ရဲ့ Creative Team ထဲမှာ Content Writer Position နဲ့ တာဝန်ယူသွားမှာဖြစ်ပြီး မင်းသွေး၊ တိပုတို့နဲ့အတူ Project အသစ်တွေကို အတူတူ Brainstorming လုပ်ပြီး ဖန်တီးသွားမှာပဲ ဖြစ်ပါတယ် ။

သဲဆုရဲ့ Unique Points လေးတွေကတော့... 💡

Style: Moana curly short hair style နဲ့ မျက်မှန်လေးက သူမရဲ့ အမှတ်အသားပေါ့။

Outfit: Blouse Shirt၊ Jean short pants နဲ့ White sneakers တို့ကို ဝတ်ဆင်ထားပြီး ပေါ့ပါးသွက်လက်တဲ့ လူငယ် (Youthful Spirit) တစ်ယောက်ရဲ့ အသွင်ရှိပါတယ်။

Accessories: အမြဲ Ready ဖြစ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ "ဘေးလွယ်အိတ် (Crossbody bag)" လေးကို လွယ်ထားတတ်ပါတယ်။

Habit: Client complain တွေနဲ့ Revise တွေကို အပြုံးမပျက် ရင်ဆိုင်နိုင်ဖို့ "ရှူဆေးဘူး" လေးကို အမြဲဆောင်ထားတတ်တာကတော့ သူမရဲ့ ချစ်စရာ Habit လေးပါပဲ။

ဒီလို ချစ်စရာကောင်းတဲ့ Mascot လေးနဲ့ အတူ Artwork ပေါင်းများစွာ အပြင် Comic ဆန်ဆန် Storytelling Concept လေးတွေ နဲ့ Activity လေးတွေ များစွာ ဖန်တီးသွားမှာမို့ Stay Tuned ပါ ဗျို့ ..

---အဆုံးထိ အချိန်ပေးပြီး ဖတ်ပေးကြတဲ့အတွက် ကျေးဇူးကမ္ဘာပါဗျ။

#သဲဆု

🌸 Soft & Elegant 🌸ဒီ Logo လေးကိုတော့ မြင်လိုက်တာနဲ့ တန်းမှတ်မိလွယ်စေဖို့ (Memorable)၊ Brand ရဲ့ Identity ကို ပေါ်လွင်စေဖ...
13/12/2025

🌸 Soft & Elegant 🌸

ဒီ Logo လေးကိုတော့ မြင်လိုက်တာနဲ့ တန်းမှတ်မိလွယ်စေဖို့ (Memorable)၊ Brand ရဲ့ Identity ကို ပေါ်လွင်စေဖို့ (Distinctive) ဖြစ်နေဖို့အတွက် အများကြီး အချိန်ယူခဲ့ရပါတယ် ⏳💡

🧠 Behind the Design Process

ဒီ Logo လေး မစတင်ခင်မှာ ... 📌 Mind Mapping 📌 Moodboard 📌 Data Research 📌 Competitors Research

စတာတွေ အဆင့်ဆင့် အသေးစိတ် တည်ဆောက်ခဲ့ပြီးမှ Conceptual Logo တစ်ခုဖြစ်လာအောင် သေချာ ဖန်တီးပေးထားတာပါ 🎨 ဒါ့အပြင် Market ထဲမှာ သူများနဲ့မတူ ကွဲထွက်နေဖို့ Brand Differentiation နဲ့ Competitive Advantage ရရှိအောင် Brand Core Values, Brand Personality, Brand Tone of Voice တွေပါ ထည့်သွင်းစဉ်းစားပြီးမှ ဒီ Final Output ထွက်လာတာ ဖြစ်တာကြောင့် Premium ဖြစ်တဲ့ Feel ကို အပြည့်အဝ ရရှိစေမယ်လို့ မျှော်လင့်ပါတယ် . 💎🚀

💫 Logo Meaning & Philosophy

Logo လေးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကတော့ ...

🌸 Cherry Blossom Petal: ပန်းပွင့်ဖတ်လေးတွေက အချစ် (Love)၊ နူးညံ့မှု (Softness) နဲ့ အမှတ်တရ (Memory) တွေကို ကိုယ်စားပြုပြီး Brand ရဲ့ Emotional Value နဲ့ တိုက်ရိုက် ချိတ်ဆက်ထားပါတယ်ဗျ။

⭕️ Circle & The Gaps: စက်ဝိုင်းပုံစံက Community နဲ့ Wholeness (ပြည့်စုံခြင်း) ကို ပြသနေပြီး၊ စက်ဝိုင်းရဲ့ ဟနေတဲ့ နေရာလေးနှစ်ခု (Broken circle) ကတော့ Open-heartedness နဲ့ Inclusivity (အားလုံးကို နွေးထွေးစွာ ကြိုဆိုခြင်း) ကို ဆိုလိုတာပါဗျ။

Thanks for taking a moment to explore this little piece of Thet Tant soul. 🤍

Credit Information:

Project : Cherry Floral
Industry : Floral Service
Agency : Orion Vale
Designer : Min Thway Nge

Address

Taunggyi
06013

Website

Alerts

Be the first to know and let us send you an email when Thet Tant Eain posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share