24/03/2026
IMEI နံပါတ်ကို CEIR စနစ်မှာ ဘယ်လိုစစ်ဆေးကြမလဲ❓
မြန်မာနိုင်ငံမှာ ဖုန်း IMEI Number တွေကို စနစ်တကျ မှတ်ပုံတင်ရမယ့် CEIR စနစ်ကို မကြာခင် ကျင့်သုံးတော့မှာ ဖြစ်ပါတယ်ခင်ဗျာ။
🔴 သင်အခုသုံးနေတဲ့ဖုန်းတွေက အခွန်ဆောင်ဖို့လိုလား?
လက်ရှိ သင်အသုံးပြုနေတဲ့ဖုန်းတွေဟာ မတ်လ (၃၁) ရက်နေ့မတိုင်ခင်အထိ SIM Card ထည့်သွင်းအသုံးပြုထားရုံနဲ့ အလိုအလျောက် မှတ်ပုံတင်ပြီးသား ဖြစ်သွားမှာပါ။ အပိုအခွန်ဆောင်စရာ မလိုသေးပါဘူး။ အဓိကကတော့ SIM Card ကို ဖုန်းထဲက SIM Slot ထဲ (SIM Slot နှစ်ခုပါပါက SIM 2 တွင်လည်း) ထည့်ထားပြီး Active ဖြစ်နေဖို့ပါပဲ။ eSIM သမားတွေအတွက်လည်း Physical SIM ရော၊ eSIM ပါ နှစ်ခုလုံး ထည့်ထားဖို့ လိုပါတယ်ခင်ဗျာ။
🔴 Registeration မလုပ်ထားရင် ဘာဖြစ်နိုင်လဲ?
သတ်မှတ်ထားတဲ့ရက်ထက် ကျော်လွန်သွားလို့ မှတ်ပုံတင်မထားမိဘူးဆိုရင်တော့ သတ်မှတ်ထားတဲ့အခွန်ငွေကို ဆောင်ပြီးမှသာ ထိုမိုဘိုင်းဖုန်းကို ဆက်သုံးလို့ရမှာပါ။ အကယ်၍ အခွန်မဆောင်ဘူးဆိုရင်လည်း CEIR စနစ်အရ မှတ်ပုံတင်မထားတဲ့ဖုန်းတွေဖြစ်သွားလို့ IMEI Number အလိုက် Banned ခံလိုက်ရမှာ ဖြစ်ပါတယ်။ အပိတ်ခံရပြီးရင်တော့ ဘယ် Operator ရဲ့ SIM ကတ်ကိုပဲ ထည့်ထည့် လိုင်းတက်လာတော့မှာ မဟုတ်ပါဘူး။
🔴 ဒါဆိုရင် လက်ရှိသင့်ဖုန်းက စာရင်းဝင်၊ မဝင် ဘယ်လိုစစ်ဆေးမလဲ?
ယခုအသုံးပြုနေတဲ့ဖုန်းက စိတ်ချရပြီလားဆိုတာကို အောက်ပါအဆင့်တွေအတိုင်း အလွယ်တကူ စစ်ဆေးနိုင်ပါတယ် -
✅ Phone Call Keypad မှာ * #06 # ကို နှိပ်ပါ။ IMEI Number နဲ့ bar code ကျလာပါမယ်ခင်ဗျာ။
✅ settings > general ထဲကနေလည်း IMEI ကိုရိုက်ရှာပြီး ကြည့်နိုင်ပါတယ်။
✅ iPhone user များအနေဖြင့် setting > general > about ထဲကနေတဆင့် IMEI Number ကို ရှာနိုင်ပါတယ်။
✅ မိမိဖုန်းရဲ့ IMEI နံပါတ်တွေကို မှတ်ထားပြီး https://ceir.gov.mm/ Website ထဲကို ဝင်ပါ။
✅ "Check IMEI Status" မှာ ကိုယ့်ရဲ့ IMEI နံပါတ် ကို ရိုက်ထည့်ပြီး စစ်ဆေးပါ။
✅ Status မှာ ပုံထဲပြထားသလို Correct, Paid, Allowed ဆိုတဲ့ အစိမ်းရောင် အမှန်ခြစ် (၃) ခုလုံး ပြနေရင်တော့ သင့်ဖုန်းက စိတ်ချရပါပြီခင်ဗျာ။
🔴 သတိထားရမဲ့အချက်တွေက?
မတ်လ (၃၁) ရက်နေ့ ကျော်လွန်ပြီးမှ အသစ်ဝယ်မယ့်ဖုန်းတွေ၊ ပြည်ပကနေ မှာယူမယ့်ဖုန်းတွေဆိုရင်တော့ အခွန်ကိစ္စနဲ့ မှတ်ပုံတင်ခြင်း ရှိ၊ မရှိကို သေချာစစ်ဆေးဖို့ လိုအပ်လာပါပြီ။ ကိုယ်နေ့စဥ်သုံးနေတဲ့ ဖုန်းလေး အပိတ်မခံရစေဖို့ အခုကတည်းက SIM 1, SIM 2 နှစ်ခုလုံးမှာရော eSIM အသုံးပြုရင် eSIM မှာပါ SIM Card လေးတွေ ထည့်ထားပြီး စစ်ဆေးထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အသေးစိတ်သိရှိလိုပါက 𝗶𝗔𝗻𝗴𝗲𝗟 𝗠𝗼𝗯𝗶𝗹𝗲 𝗖𝗼𝗹𝗹𝗲𝗰𝘁𝗶𝗼𝗻 မှာလည်း မေးမြန်းစုံစမ်းနိုင်ပါတယ်။
𝗶𝗔𝗻𝗴𝗲𝗟 𝗠𝗼𝗯𝗶𝗹𝗲 𝗖𝗼𝗹𝗹𝗲𝗰𝘁𝗶𝗼𝗻
📌 ဆိုင်လိပ်စာ - အမှတ် ၄၅၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း နှင့် ဂုဏ်ထူးလမ်းထောင့်၊ညောင်ဖြူစခန်းရပ်ကွက်၊ တောင်ကြီးမြို့။
☎ ဆက်သွယ်ရန် - 09 250650650