23/06/2026
မင်္ဂလာပါရှင် ☕🌿
ဒီနေ့တော့ ကျွန်မတို့ရဲ့ Glory Arabica Coffee ကို စတင်မိတ်ဆက်ပေးချင်ပါတယ်။
ကော်ဖီက ကျွန်မအတွက် သောက်စရာတစ်မျိုးထက် ပိုပါတယ်။ မနက်ခင်းကို စတင်ပေးတဲ့ အဖော်တစ်ယောက်လိုပါပဲ။
ဒါကြောင့် "ကိုယ်တိုင်သောက်ရင် စိတ်ကျေနပ်မယ့် ကော်ဖီမျိုး" ကို ဖန်တီးချင်တဲ့ စိတ်ကနေ Glory Arabica Coffee စတင်ဖြစ်ပေါ်လာခဲ့တာပါရှင်။
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ဒေသရဲ့ အမြင့်ပိုင်းမှာ စိုက်ပျိုးထားတဲ့ Arabica Coffee Bean တွေကို ရွေးချယ်ပြီး Medium Dark Roast နဲ့ ကြော်လှော်ထားပါတယ်။
အထူးသဖြင့်...
ကော်ဖီရဲ့ မွှေးရနံ့နဲ့ အရသာကို အတတ်နိုင်ဆုံး ထိန်းသိမ်းထားနိုင်ဖို့ ကြိုတင်ကြိတ်ထားခြင်း မရှိဘဲ Order ရရှိမှသာ ကြိတ်ပေးသွားမှာ ဖြစ်ပါတယ်ရှင် ☺️
Brand အသစ်တစ်ခု ဖြစ်ပေမယ့် Quality အပေါ်မှာတော့ အလျှော့ပေးဖို့ မရည်ရွယ်ထားပါဘူး။
Glory Arabica Coffee ကို မြည်းစမ်းပြီး အားပေးကြမယ်ဆိုရင် အလွန်ဝမ်းသာမိမှာပါရှင် ❤️
#တောင်ကြီးမှာဆိုရင်👇
စိုးစံသူစတိုး
#လွိုင်လင်မှာဆိုရင် 👇
KBZ Mini Mart
အန်တီမအေးကုန်စုံဆိုင်
ရီသျှမ်းစတိုး
စိတ်ကြိုက်ထမင်းဆိုင်
မြသဇင်ဆေးဆိုင်
ဝေနှင်းမိုးမုန့်ဆိုင်
#ပင်လုံမှာဆိုရင် 👇
ကိုလွင်ဦးစတိုး
ကိုကျော်သောင်းစတိုး
📞 09 250635056
📞 09 695273666
☕ Glory Arabica Coffee
"Freshly Ground, Freshly Enjoyed"