Future Winner Digital Institute

Future Winner Digital Institute Sharing from Myanmar about IT and Digital Technology

Face ID အတွက် Mask မလိုတော့တဲ့ iOS 15.4 Update==============Apple ကနေ အခုအချိန်မှာ iPhone တွေအတွက် iOS 15.4 Update ကို တ...
15/03/2022

Face ID အတွက် Mask မလိုတော့တဲ့ iOS 15.4 Update
==============
Apple ကနေ အခုအချိန်မှာ iPhone တွေအတွက် iOS 15.4 Update ကို တရားဝင်ထွက်လာပြီဖြစ်ပါတယ်။ အခု iOS 15.4 Update မှာ Beta Versionတုံးက အသုံးပြုနိုင်ခဲ့တဲ့ လူအများစောင့်ဆိုင်းနေတဲ့ Feature တစ်ခုလည်း ပါဝင်လာပြီဖြစ်ပါတယ်။ ဒါကတော့ Face Mask တပ်ထားတဲ့အချိန်မှာ Face ID ကို အသုံးပြုနိုင်မယ့် Feature ပဲဖြစ်ပါတယ်။
ဒါကြောင့် iOS 15.4 ကို Updateပြုလုပ်ပါ၊ ပြီးပြီဆိုရင် Settings > Face ID & Passcode > Use Face ID With a Mask ဆိုတဲ့ နေရာမှာ ကိုယ့်ရဲ့ မျက်နှာကို Mask တပ်ပြီး ပြန်လည် Register ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ တကယ်လို့ မျက်မှန်တပ်တဲ့သူတစ်ယောက်ဆိုရင် ပထမအကြိမ် Register ပြုလုပ်တဲ့အချိန်မှာ မျက်မှန်ချွတ်ဖို့လိုအပ်ပြီး ပြီးမှ "Add Glasses" ကနေတစ်ဆင့် ထပ်မံ Register ပြုလုပ်ရမှာပါ။
တစ်ခုရှိတာကတော့ အခုလို Face Mask တပ်ထားလည်း Face ID အသုံးပြုနိုင်ဖို့အတွက် iPhone 12 Series နဲ့ iPhone 13 Series ဖြစ်ဖို့လိုအပ်ပါတယ်။ ယခင် Face ID ပါဝင်တဲ့ iPhone 11 Series ၊ iPhone XS Series ၊ iPhone XR နဲ့ iPhone X တွေကတော့ အသုံးပြုနိုင်မှာမဟုတ်ပါဘူး။
iOS 15.4 Update မှာဆိုရင် တခြား Feature တွေအနေနဲ့ Emoji အသစ်တွေပါဝင်လာသလို Siri Voice အသစ်၊ Shortcut Animation နဲ့တခြားသော Feature အသစ်တွေလည်း ပါဝင်လာတာကြောင့် ကျိန်းသေ Update ပြုလုပ်သင့်တယ်နော်...။

📌Firmware File တစ်ခုအား ခွဲခြမ်းလေ့လာခြင်း၊📌အခြေခံ တည်ဆောက်ပုံကိုသာ ရှင်းပြထားခြင်းဖြစ်ပါသည်၊ နောက်ထပ် သင်ခန်းစာများမှာ ...
11/03/2022

📌Firmware File တစ်ခုအား ခွဲခြမ်းလေ့လာခြင်း၊

📌အခြေခံ တည်ဆောက်ပုံကိုသာ ရှင်းပြထားခြင်းဖြစ်ပါသည်၊ နောက်ထပ် သင်ခန်းစာများမှာ ထပ်မံတိုး၍ရှင်းပြပေးပါမည်။(2017 တုံးကရေးထားခဲ့တာဆိုပေမယ် လက်ရှိ အချိန်ထိ အသုံးဝင်နေတဲ့အရာတွေပါ)

တတ်ကျွမ်းနားလည်ပြီးသားသူများ ကျော်သွားလို့ရပါတယ်။
📌Mobile Phone များတွင် အသုံးပြု သော Operating System များမှာ
Android OS,I OS, Symbiam,Java နှင့် အခြား သော OS များစွာရှိပါသည််။
-ယနေ့ခေတ် အသုံးပြုနေသော Phone တော်တော်များများတွင် Android OS ကို
သာ အဓိကထား သုံးပါသည်။E.g..Samsung,Coolpad,Huawei,Sony,Oppo,Vivo နှင့် အခြား
China ထုတ်ဖုန်းများအားလုံးတွင် အသုံးပြုကြပါသည်။Android OS အသုံးပြုထားသော ဖုန်းများကို
Software ပိုင်းပြုပြင်ရာတွင် Servician အများ စု နည်းလမ်းမျိုးစုံဖြင့် Firmware Restore ပြုလုပ်ကြပါတယ်
Firmware Restore ပြုလုပ်ရာတွင် Firmwae File သည်မည်သည့် File Extension ဖြင့်လာလာ
အတွင်းပိုင်း တွင်တည်ဆောက်ထားသော File Structure သည် အတူတူပင်ဖြစ်သည်။
Firmware Restore ပြုလုပ်ပြီးမှာ Dead ခြင်း၊Screen Error ဖြစ်ခြင်း၊Vibrateတောက်လျောက်တုန်းခြင်း၊
ှUpgrade ထပ်လုပ်၍မရခြင်း၊Root ဖောက်၍မရခြင်း Error မျိုးစုံကြုံတွေ့ရနိုင်ပါတယ်။အဆိုးဆုံးကတော့
Dead တာပါပဲ၊ဘာကြောင့် Dead လည်းမသိရင်တော့ နည်းလမ်းပေါင်းစုံနဲ့ခေါင်းကိုက်ကြတာပေါ့၊OS တစ်ခုရဲ့
File တည်ဆောက်ပုံ အကြမ်းဖျင်း အခြေခံနားလည်ထားရင်တော့ ပြန်လည် ပြုပြင်ဖို့နည်းလမ်းရှာတွေ့နိုင်မယ်
လို့ထင်ပါတယ် အခြေခံ File တည်ဆောက်ပုံကို တော့ လေ့လာကြည့်ပါ။
လက်ရှိအသုံးများတဲ့ CPU တွေပေါ်မူတည်ပြီး ခွဲပါမယ်။
📌Qualcomm-XML File
📌Spreadrum-FDL
📌MTK-Preloader
Computer ဖြင့် Direct ချိတ်ဆက်၍ Firmware Restore ပြုလုပ်ရာတွင် CPU ကို Direct မောင်းနှင်ရန်အတွက်
င်္File များဖြစ်ပါတယ် အဲ့ဒိFile များမရှိလျင် CPU အလုပ်လုပ်မလုပ် ပါ EMMC ထဲသို့ Data သွင်းပေးမည်မဟုတ်ပါ။
ချန်ထားဖြုတ်ထားလို့မရသောFile များဖြစ်ပါတယ်။
📌UBoot-Kernal
📌Kernal သည်Android OS အတွက် မဖြစ်မနေအရေးကြီးသော ဖိုင်းတစ်ခုလည်းဖြစ်သည်။Dead ဖြစ်ခြင်း၊
ှScreen ဖွေးခြင်း၊Vibrate တောက်လျောက်တုန်းခြင်းများသည် Kernal File မှားသောကြောင့်ဖြစ်သည်။
မှန်ကန်သော Kernal ရွေးပါ။
📌Boot
📌Recovery
Android System ၏ Partition အပိုင်းများထဲတွင် ပါဝင်သည်၊ မပျက်စီးသေးပါက ထည့်မရေးလည်းရနိုင်သည်။
📌System
မဖြစ်မနေရေးရမည့် File ဖြစ်သည်၊ထည့်မရေးလျင် ဘာမှပြောင်းလည်းမည်မဟုတ်ပေ၊မှားရေးပါက Dead သည်အထိဖြစ်နိုင်သည်
Phone တော်တော်များများတွင် System မှားပါက Uboot လည်းမှားမည်သာဖြစ်သည်။မှန်ကန်သော File ကိုရွေးချယ်ရေးပါ။
အကြမ်းဖျင်းရှင်းထားခြင်းဖြစ်ပြီး Advanced သင်ခန်းစာများတွင် အသေးစိတ် အပိုင်းများကို ထပ်မံရှင်းပြမည်ဖြစ်ပြီး၊အခြေခံကို ဦးစွာပိုင်နိုင်ထားရန်လိုအပ်ပါသည်။

❝မနေ့ညက Apple Event မကြည့်ဖြစ်လိုက်တဲ့သူတွေအတွက်❞Apple ကနေ ဘာတွေအသစ်ထုတ်ခဲ့သလဲဆိုတော့.◼︎iPhone 13/ 13 Pro New Color◼︎iPh...
09/03/2022

❝မနေ့ညက Apple Event မကြည့်ဖြစ်လိုက်တဲ့သူတွေအတွက်❞
Apple ကနေ ဘာတွေအသစ်ထုတ်ခဲ့သလဲဆိုတော့.
◼︎iPhone 13/ 13 Pro New Color
◼︎iPhone SE 3
◼︎iPad Air 5
◼︎M1 Ultra Chip
◼︎Mac Studio
◼︎Studio Display

အသေးစိတ် Review တော့မရေးတော့ပါဘူးနော်။ တခြားသူတွေအသားကုန်ရေးကျတာပဲထိုင်ဖတ်ကြပါ
ကိုယ်တိုင်လည်းနားထောင်လို့ရပါတယ်⬇️⬇️⬇️⬇️

Watch the special Apple Event to learn about the all-new Mac Studio and Studio Display, new iPad Air, new iPhone SE, and iPhone 13 Pro and iPhone 13 in two n...

24/02/2022

Just watching Myanmar people praying for ukraine
Instead of praying themselves😬😬😬😬

Front End developer တွေအတွက် မဖြစ်မနေသိထားသင့်တဲ့ Skill တွေအကြောင်းကိုဖော်ပြပေးပါမယ်။Web Development အပိုင်းကိုလေ့လာချင်...
12/02/2022

Front End developer တွေအတွက် မဖြစ်မနေသိထားသင့်တဲ့ Skill တွေအကြောင်းကိုဖော်ပြပေးပါမယ်။
Web Development အပိုင်းကိုလေ့လာချင်သူများအနေဖြစ် Front End developer, Back-end developer, and Full stack Developer ဆိုပြီး 3 ပိုင်းခွဲခြားလို့ရပါတယ်။ အဲ့ဒီထဲမှာမှ ဒီနေ့ဖော်ပြပေးမှာကတော့ Front End Development ပိုင်းအတွက် လိုအပ်မယ့် Languages and Tools အကြောင်းတွေကို အသေးစိတ်ဖော်ပြပေးသွားပါမယ်။ Web Development ပိုင်းအတွက် လေ့လာသင့်တဲ့ Programming Languages တွေကတော့
o HTML
o CSS
o JavaScript
o TyperScript
o Java
o C #
o C++
o PHP
o Python
o React တို့ဖြစ်ပါတယ်။
Programming Languages တွေမြင်သွားပြီး အရမ်းကြီးခက်ခဲမယ်လိုထင်သွားပြီးမလန့်သွားပါနဲ့ ဒါတွေက လေ့လာသင့်တဲ့ languages တွေဆိုတာပဲဖော်ပြထားတာပါ။ တကယ်တမ်း လေ့လာသင့်တဲ့ဟာတွေကို တစ်ဆင့်ခြင်းဖော်ပြပေးသွားပါမယ်။အခုစတင်လေ့လာတဲ့သူတွေမှာ အမှားအများဆုံးကတော့ language တစ်ခုကိုသေချာနားမလည်သေးဘဲနောက်ထပ် Language တစ်ခုပြီးတစ်ခု လေ့လာဖို့ကြိုးစားကြခြင်းပါပဲ။

Front End Developer အဖြစ်ရပ်တည်ဖို့ဆိုရင် Languages 3 ကိုအရင်ဆုံးလေ့လာသင့်ပါတယ်။
o HTML
o CSS
o JavaScript
ဒီ Language 3 ခုကတော့ Front End Developer တစ်ယောာက်အဖြစ်ရပ်တည်ဖို့ အခြေခံအကျဆုံး လိုအပ်တဲ့ Languages တွေပါပဲ။
HTML ကတော့ Web Pages တွေကို တည်ဆောက်ဖို့ အဓိကလိုအပ်ပါတယ်။
CSS ကတော့ HTML နဲ့ဖန်တီးထားတဲ့ Web Pages တွေကိုလှပအောင်ဖန်တီးဖို့အတွက်အသုံးပြုရပါမယ်။
JavaScript ကတော့ ဖန်တီးထားတဲ့ Web Pages တွေကိုလိုချင်တဲ့ပုံစံရအောင် စီစဉ်ဖို့အတွက် အသုံးချရတဲ့ Language ပါပဲ။
အဲ့ဒီ့ 3 ခုကို ဉပမာတစ်ခုအနေနဲ့ ပြရမယ်ဆိုရင်အဆောက်အဦးတစ်ခုတည်ဆောက်ကျပြီဆိုပါစို့ အဆောက်အဦးတစ်ခုဆောက်လုပ်တော့မယ်ဆိုရင်ပထမဆုံးစလုပ်ရတဲ့ Foundation ချတာတို့ တိုင်ထည့်တာတို့ slabs လောင်းတာတို့စတဲ့ အလုပ်တွေက Web Pages တွေတည်ဆောက်ဖို့ HTMLပါပဲ ပြီးမှ အဆောက်အဦးကို အချောကိုင်ရမယ့် အပိုင်းကတော့ CSS ပါ အဲ့ဒီ့ အဆောက်အဦး မှာ ဓါတ်လှေကားတတ်တာတို့ ဘာတို့ကတော့ JavaScript ထည့်သွင်းရမယ့်အပိုင်းပေါ့။
Website Building လုပ်တဲ့အပိုင်းနဲ့ ဉပမာပြရရင်တော့ မြန်မာမှာ လူသုံးအများဆုံး Social Media Website တစ်ခုဖြစ်တဲ့ Facebook ပေါ့ သူ့ကိုအသုံးပြုလို့ရဖို့ အတွက် HTMLနဲ့ Web page တွေတည်ဆောက်ရပါမယ် တည်ဆောက်ထားတဲ့ Web Page မှာ Post တစ်ခုတင်တဲ့အခါမှာ စာသားတွေပါမယ် ဓါတ်ပုံ/Video တွေပါမယ်စာသားတွေ Bold တင်တာတို့ လုပ်တဲ့ဟာတွေက CSS Visual Effect တွေသုံးထားတာဖြစ်ပါတယ်
အဲ့ဒီ့ post အောက်မှာတော့ Like လုပ်လို့ရတဲ့ Button တွေ အရောင်တွေပြောင်းသွားအောင်လုပ်လို့ရတဲ့ဟာတွေ Comment ရိုက်ထည့်လို့ ရအောင်လုပ်ရတဲ့ ဟာတွေကတော့ JavaScript ကိုအသုံးပြုထားတာဖြစ်ပါတယ်
ဒါကတော့ Webpage တစ်ခုကို sample ပြပြီး Webpage တွေတိုင်းမှာ HTML CSS JavaScript ကိုသုံးထားကြောင်းရှင်းပြတာဖြစ်ပါတယ်။ ဒါတွေက Front-End Development ပိုင်းကလုပ်ဆောင်ရတာတွေပဲဖြစ်ပါတယ်။
နောက်တစ်ခုကတော့ Front-End Framework & Library တွေအသုံးပြုတာပဲဖြစ်ပါတယ် ဒီနေ့ခေတ် company တော်တော်များများ REACT, ANGULAR, VUE ဆိုတဲ့ Framework & Libraryတွေအသုံးချပြီး Website တွေအမြန်ဆုံးဖန်တီးပြီး အလုပ်တွေကိုပိုမိုတွင်ကျယ်နိုင်အောင်အသုံးချလာကြပါတယ်။
REACT ဆိုတာကတော့ Library တစ်ခုပါ Framework မဟုတ်ပါဘူး။
Framework နဲ့ Library ရဲ့ကွာခြားချက်ကတော့ Framework ဆို တာ ဖန်တီးလိုက်တဲ့ Application ကို ဖွဲ့စည်းပုံတစ်ခုအဖြစ် ပြောင်းလဲဖို့ကူညီပေးတဲ့ တစ်ခုပါ။
Framework နဲ့ ဖန်တီးထားခဲ့တဲ့ Website Project တစ်ခုကိုနောက်တစ်ခုအဖြစ်ပြောင်းလဲမယ်ဆိုရင် အားလုံးက ပုံစံတူတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်။Libraries တွေကတော့ကိုယ်ဖန်တီးလိုက်တဲ့ Application တစ်ခုကို ပြန်လည်အသုံးပြုလို့ရတဲ့ ဖွဲ့စည်းမူတစ်ခုအနေနဲ့ မပြောင်းလဲပေးနိုင်ပါဘူး။Library တွေကိုအသုံးချပြီး သူ့အထဲမှာပါဝင်တဲ့ code တွေ ကိုထပ်မံရေးစရာမလိုတော့ဘဲတွေကိုပြန်လည်အသုံးပြုနိုင်ဖို့အတွက်အကူညီဖြစ်စေပါတယ်။
Library တွေကိုအသုံးချပြီးတော့ ကိုယ်ဖန်တီးလိုတဲ့Application တွေကိုမြန်မြန်ဆန်ဆန်ဖန်တီးနိုင်စေပါတယ်။
စတင်လေ့လာနေတုန်းမှာ Library တွေအကုန်လုံးကိုသိစရာမလိုပါဘူး။ Library တွေထဲမှာ Web Development အပိုင်းမှာ အသုံးချအများဆုံးတစ်ခုကတော့ REACT ပဲဖြစ်ပါတယ်။ REACT ကတော့ JavaScript UI libraries တစ်ခုဖြစ်ပြီးFacebook, Instagram မှာ စတင်အသုံးချလာပြီးနောက် အစပိုင်းမှာ အများစုက သိပ်သတိမထားမိပေမယ့် ခုဆိုရင် React Developer ဆိုပြီးတောင် ခေါ်ယူသုံးစွဲလာကြပြီဖြစ်ပါတယ်။အလုပ်ခေါ်စာတွေမှာလည်း React ပိုင်းကိုလည်း သိဖို့လိုအပ်တာတဲ့ အနေထားထိရောက်လာပါပြီ။ နောက်တစ်ခုကတော့Git ပါ သူကတော့Version Control Systemsပါ။ သူကတော့ ကိုယ်လုပ်လိုက်တဲ့ Project တွေရဲ့ History တွေကိုခြေရာခံနိုင်ပါတယ်။
နောက်ထပ်အရေးကြီးတာတစ်ခုကတော့ Front-end Developer တွေလေ့လာထားရမယ့် CSSပါ။
CSS ဟာ ခုဆိုရင် Version 3 ထိရောက်လာခဲ့ပါပြီ။CSS3 ကိုအသုံးချပြီးရေးဆွဲထားတဲ့ Website တွေဆိုရင်တော့ ဖွင့်မယ့် Browser (Chrome,Edge,Firefox,Opera,Safari….,) တွေအကုန်လုံးက CSS3 ကို Support လုပ်ဖို့လိုအပ်ပါတယ်။

Viber Community တွင်လည်းဝင်ရောက်ဖတ်ရှု့နိုင်ပါတယ် Join ရန်
link-Join Future Winner Digital Institute on Viber https://invite.viber.com/?g2=AQAAKwYI9riMek66UvryUBFAY0b9wXE52G6Hcyjyt0lW4KX%2FwLBzl8VhMjRjf4W9

Telegram Channel

https://t.me/fwdigital



Winner Digital Institute

Elon Musk ရဲ့ Pi phone ( ပိုင်ဖုန်း) ************************စမတ်ဖုန်းလောကထဲမှာ iphone ဟာ ဆရာကြီးပါ။ iphone ရဲ့ပြိုင်ဖက်...
21/01/2022

Elon Musk ရဲ့ Pi phone ( ပိုင်ဖုန်း)
************************
စမတ်ဖုန်းလောကထဲမှာ iphone ဟာ ဆရာကြီးပါ။ iphone ရဲ့ပြိုင်ဖက်ဆိုလို့ ဆမ်ဆောင်း တစ်ခုလောက်ပဲ ရှိခဲ့တယ်။ iphone မော်ဒလ် အသစ်ထွက်လာတိုင်း လူကြိုက်များတဲ့ အသုံးအဆောင်ပစ္စည်း တစ်ခုလည်း ဖြစ်ပါတယ်။ Apple ကုမ္ပဏီဟာ အခြား လျှပ်စစ်ပစ္စည်းတွေထက် iphone အပေါ်မှာ မသိ မသာ မှီခိုနေတာကို တွေ့ရပါတယ်။ လတ်တလော မှာတော့ iphone ကိုစိန်ခေါ်မယ့် စမတ်ဖုန်း တစ်မျိုး ထွက်ရှိလာတော့မယ်လို့ နာမည်ထွက်နေပါတယ်။

အဲဒီစမတ်ဖုန်းကတော့ Pi Phone လို့ခေါ်ပြီး Pi Phone ( ပိုင်ဖုန်း) ကို ကမ္ဘာကျော်သန်းကြွယ်သူဌေးကြီး Elon Musk ပိုင်ဆိုင်တဲ့ Tesla လျှပ်စစ်ကား ကုမ္ပဏီကနေ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ Tesla ကုမ္ပဏီက သူတို့ထုတ်လုပ် မယ့် စမတ်ဖုန်း မော်ဒယ်ကို Pi လို့ခေါ်ဆိုပြီး လူတွေအားလုံး ကတော့ Pi Phone လို့ ခေါ်ဆိုနေကြပါတယ်။ ဒီဖုန်းဟာ Apple က ထုတ်လုပ်ထားတဲ့ နာမည်ကျော် iphone အပါအဝင် ဈေးကွက်ထဲက တခြား ဖုန်းတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Apple ကုမ္ပဏီဟာ မနှစ်က တစ်နှစ်ထဲမှာ Cupertino အခြေစိုက် Apple ကုမ္ပဏီကနေ ဖုန်းအလုံးရေ သန်း 200 နီးပါး ရောင်းချနိုင်ခဲ့ပါတယ်။ Apple ကုမ္ပဏီဟာ ဖုန်းအများအပြားကို ရောင်းချနိုင်တဲ့အတွက်ကြောင့် သူ့ရဲ့ ထုတ် ကုန်ပစ္စည်းတွေထဲမှာ iphone ဟာ အခြားပစ္စည်းတွေထက် ပိုမိုရောင်းချနိုင်တဲ့ ပစ္စည်း ဖြစ်ခဲ့ပြီး ကမ္ဘာ့စမတ်ဖုန်းလောကကိုလည်း ထိမ်းချုပ်နိုင်ခဲ့တယ် လို့ဆိုပါတယ်။
အခုအချိန်မှာတော့ Apple ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့ စွမ်းအားနဲ့ ကျောထောက် နောက်ခံ ပြုထားတဲ့ ပြိုင်ဖက် အသစ်တစ်ဦးကို ကြိုဆိုတော့မှာ ဖြစ်ပါတယ်။ Tesla ကုမ္ပဏီကလည်း သူ့ကုမ္ပဏီက ထုတ်လုပ် လိုက်တဲ့ ထုတ်ကုန်အသစ်တိုင်းဟာ အောင်မြင်မှု မှတ်တမ်းတွေရှိခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ဒီလိုအောင်မြင် နေတာဟာ ကုမ္ပဏီရဲ့ CEO Elon Musk ကြောင့် ဆိုပြီးတော့လည်း ပြောဆိုနေကြပါတယ်။ Teslaကုမ္ပဏီ ဟာ လျှပ် စစ် ကားတွေကို ထုတ်လုပ်ရောင်းချနေတဲ့ နာမည်ကြီး ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။
အားလုံးသိထားတဲ့အတိုင်း Elon Musk ဟာ Tesla လျှပ်စစ်ကားကုမ္ပဏီအပြင် Space X လို့ခေါ်တဲ့ အာကာ သနည်းပညာဆိုင်ရာ ကုမ္ပဏီကို ပိုင်ဆိုင်သူလည်း ဖြစ်ပါတယ်။ SpaceX ကုမ္ပဏီကလည်း အမြန်နှုန်းမြင့် ဂြိုလ်တုတွေကို လွှတ်တင်နေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ SpaceX ကုမ္ပဏီက လွှတ်တင်လိုက်တဲ့ ဂြိုလ်တု တွေကို အသုံးပြုပြီး NASA က အာကာသယာဉ်မှူးတွေကို အာကာသထဲ ပို့ဆောင်ပေးတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်လျှက် ရှိပါတယ်။
Tesla ကုမ္ပဏီက ထုတ်လုပ်မယ့် မော်ဒယ် Pi နဲ့ iphone တို့ကို နှိုင်းယှဉ်ခြင်း မပြုမီ Tesla ထုတ်ကုန်တွေနဲ့ တွဲဖက်ပြီး အသုံးပြုဖို့အတွက် Pi ဖုန်းကို အသုံးပြုလိုတဲ့ Tesla ပရိသတ် သန်းပေါင်း များစွာ ရှိနေပါတယ်။
Tesla စမတ်ဖုန်းရဲ့ ဒီဇိုင်းကို ရေးဆွဲတဲ့သူက Apple ထုတ်ကုန်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ အယူအဆ နဲ့ ဒီဇိုင်းတွေကို ရေးဆွဲပေးတဲ့ Antonio De Rosa ဆိုသူပဲ ဖြစ်ပါတယ်။ Antonio De Rosa က Tesla, Starlink နဲ့ SpaceX တို့ကို ဂုဏ်ပြုတဲ့အနေနဲ့ Pi ဖုန်းဒီဇိုင်းကို ရေးဆွဲပေးတာလို့ ဆိုပါတယ်။ Tesla Model Pi ဟာ iPhone 12 နဲ့ ပုံစံအားဖြင့် တူညီနေတယ်လို့ စျေးကွက် သုတေသီတွေက ဆိုနေကြပါတယ်။
Tesla Model Pi စမတ်ဖုန်းမှာ ကင်မရာလေးလုံး ပါရှိနေမှာဖြစ်ပြီး ဖုန်းရဲ့ ဘေးနှစ်ဖက်ကို ငွေရောင်နဲ့ ပတ် ထားတယ်။ နောက်ပြီး Pi ဖုန်းမှာ နေရောင်ခြည်သုံး အားသွင်း စနစ်နဲ့ ဖုန်းဘော်ဒီဟာ နေရောင်ခြည် ကို လိုက်ပြီး အရောင်အမျိုးမျိုး ပြောင်းလဲပေးနိုင်တဲ့ photochromic coating ကို အသုံးပြုထားတယ်လို ဆို ပါ တယ်။
iphone 13 pro ရဲ့ကျောဘက်မှာ မှန်ဘီလူးသုံးလုံးပါရှိနေပြီး Tesla Model Pi ဖုန်းမှာ မှန်ဘီလူး လေးလုံး ပါရှိ ပါလိမ့်မယ်။ iphone မှာပါရှိနေတဲ့ Wide မှန်ဘီလူးတေွကြောင့် ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူး နိုင်တယ်လို့ ဆိုပေမယ့် မော်ဒယ် Pi ဖုန်းဟာ iphone 13 pro ထက် ပိုမိုလုပ်ဆောင်နိုင်မယ်လို့လည်း ဆိုပါ တယ်။
ဥပမာ သင်သည် pi ဖုန်းကို အသုံးပြုပြီး ညအချိန်မှာ အလင်းအမှောင်ကို အချိန်ကြာစွာညှိပေးနေစရာမလိုပဲ ကြယ်ရောင်စုံနေတဲ့ ကောင်းကင်ယံမှ အရည်အသွေးမြင့် ရုပ်ထွက်ဓာတ်ပုံများကို ရိုက်ယူနိုင်ပါတယ်။ ဗီဒီယို ကိုအရှေ့မှ ရိုက်ကူးနေချိန်တွင် ဓာတ်ပုံရိုက်ရန် အခြားမှန်ဘီလူး တစ်ခုကိုလည်း ထည့်သွင်း ပေးထားပါ တယ်။
Tesla Model Pi စမတ်ဖုန်းမှာ အောက်ပါအတိုင်း Tesla ရဲ့ ခေတ်မီနည်းပညာတွေကို ထည့်သွင်းပြီး တီထွင် တားတာ ဖြစ်တယ်လို့ စမတ်ဖုန်း ဖန်တီးတဲ့ ပညာရှင်တွေက ဆိုပါတယ်။
Tesla Model Pi ဖုန်းကို Starlink ဂြိုလ်တုနဲ့ ချိတ်ဆက်ပေးထာပြီး အင်တာနက်ကို အသုံးပြုနိုင်မယ် လို့ ဆိုပါတယ်။ ဒေတာဒေါင်းလုဒ်အပ်လုဒ်အမြန်နှုန်းဟာ တစ်စက္ကန့်လျှင် 210 megabits အထိ ရှိလာမည်လို့ Tesla စမတ်ဖုန်းကို ဖန်တီးတဲ့ ပညာရှင်တွေက ဆိုပါတယ်။ Starlink ချိတ်ဆက်မှုကြောင့် ဖုန်းကို Mars (အဂ်ါဂြိုလ်) ပေါ်မှာ အသုံးပြုနိုင်ပြီး ကမ္ဘာမြေပြင်နဲ့လည်း ချိတ်ဆက်မှုတွေ ပြုလုပ်လာနိုင်တော့ မယ်လို့ လည်း ဆိုပါတယ်။
Tesla Model Pi ဖုန်းမှာ Elon musk ရဲ့ Neuralink က Oron နည်းပညာတွေကို ထည့်သွင်းထားပြီး လူ့ဦး နှောက်နဲ့ ချိတ်ဆက်ပေးထားတယ်။ ဉီးနှောက်က အချက်အလက်တွေကို ဖတ်ပေးခြင်း ပံ့ပိုးပေးခြင်း စတာတွေကို လုပ်ဆောင်နိုင်မယ်လို့ဆိုပါတယ်။ ဉပမာ စကားအထစ်အငေါ့ရှိသူတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ၊ အခြား ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ပြဿနာ ခံစားနေရတဲ့ လူတွေအတွက် နည်းပညာ တွေက ကူညီပေးပြီး လူ့ဦးနှောက်မှ အတွေးအမြင်တွေကို စကားလုံးများ အဖြစ်ပြောင်းလဲကာ ဖော်ပြ ပေးနိုင်အောင် လုပ်ဆောင်ထားတယ်။ ဖုန်းအသုံးပြုနေရင်းနဲ့ Youtube ထဲ ဝင်ချင်တယ်လို့ စိတ်ကူး လိုက် တာနဲ့ ဘာ ခလုပ်နှိပ်စရာမလိုပဲ ဖုန်းက အလိုအလျှောက် Youtube ကိုဖွင့် ပေးတဲ့ပုံစံမျိုး ဖြစ်တယ်။
ကမ္ဘာမြေ သို့မဟုတ် အင်္ဂါဂြိုဟ်မှာရှိနေသည့်အချိန် ကုန်စုံဆိုင်၊ ဓာတ်ငွေ့ထည့်ခြင်းနဲ့ တခြားအသုံး အဆောင် တွေအတွက် ဝယ်ယူတဲ့နေရာမှာ ကျသင့်ငွေအတွက် ပိုက်ဆံအိတ်တွေ ခရက်ဒစ်ကတ် တွေမလိုပဲ Tesla Model Pi စမတ်ဖုန်းကို အသုံးပြုပြီး ပေးခေျရတယ်လို့ လည်းဆိုပါတယ်။
Tesla Model Pi စမတ်ဖုန်းကိုအခြား Tesla စက်ပစ္စည်းနဲ့တွဲဖက်ပြီး အသုံး ပြုနိုင်တယ်လို့လည်းဆိုပါတယ်။ Tesla ချစ်သူများကတော့ လျှပ်စစ်ကားကို အရင်မဝယ်ဘဲနဲ့ စမတ်ဖုန်းကိုဝယ်လို့ရမလား၊ Starlink အသုံးပြု တဲ့အတွက် အတွက် လစဉ်ကြေးက ဘယ်လောက်လဲ ဆိုတဲ့ မေးခွန်းပေါင်းများစွာ ကလည်း စိတ်ဝင်စားစရာ ဖြစ်လို့နေပါတယ်။
Elon Musk ထုတ်လုပ်မယ့် Tesla Model Pi ဖုန်းကြောင့် စမတ်ဖုန်းစျေးကွက်ကို အပြောင်းအလဲတွေ ဖြစ်လာ လိမ့်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။ Tesla Model Pi ဖုန်းကြောင့် ပြိုင်ဘက် စမတ်ဖုန်းတွေ ရဲ့ ရောင်း အားတွေ ဆိုးရွားစွာ ကျဆင်းသွားလိမ့်မယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ Tesla ကုမ္ပဏီ ကသူတို့ရဲ့ Pi ဖုန်း ထွက်ရှိမယ့် ရက်စွဲကိုတော့ လျှို့ဝှက်ထားပါတယ်။

Photo: Social Media
credit
ဆြာဟန်စိုး post မှကူးယူဖော်ပြပါသည်။

Computer Data Storageကွန်ပြူတာဒေတာသိမ်းဆည်းခြင်းဆိုသည်မှာ ဒစ်ဂျစ်တယ်ဒေတာကို ထိန်းသိမ်းရန် အသုံးပြုသည့် ကွန်ပျူတာအစိတ်အပိ...
19/01/2022

Computer Data Storage

ကွန်ပြူတာဒေတာသိမ်းဆည်းခြင်းဆိုသည်မှာ ဒစ်ဂျစ်တယ်ဒေတာကို ထိန်းသိမ်းရန် အသုံးပြုသည့် ကွန်ပျူတာအစိတ်အပိုင်းများနှင့် မှတ်တမ်းတင်သိမ်းဆည်းထားဖို့အသုံးပြုတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ သူကကွန်ပျူတာများ၏ အဓိကလုပ်ဆောင်ချက်နှင့် အခြေခံ အစိတ်အပိုင်းတစ်ခုလည်းဖြစ်တယ်။

ကွန်ပြူတာတစ်လုံး၏ ဗဟိုလုပ်ဆောင်မှုယူနစ် (CPU) က တွက်ချက်မှုများလုပ်ဆောင်ခြင်းဖြင့် အချက်အလက်များကို စီမံခန့်ခွဲပေးတယ်။ ယေဘူယျအားဖြင့် ကွန်ပျူတာအသုံးအပြုနေစဉ်အတွင်း(ပါဝါပိတ်သည့်အခါ ဒေတာဆုံးရှုံးရခြင်း) ကို "memory" ဟုရည်ညွှန်းပြီး Memory ထက်နှေးကွေးသောမြဲမြံသောနည်းပညာများကို "သိုလှောင်မှု"(Storage) လို့ခေါ်ပါတယ်။

CPU တွင် အဓိက အစိတ်အပိုင်း နှစ်ခု ပါဝင်သည်- ထိန်းချုပ်ယူနစ် နှင့် ဂဏန်းသင်္ချာ ယုတ္တိဗေဒ ယူနစ် (ALU) တို့ဖြစ်ပါတယ်။CPU နှင့် Memory အကြား ဒေတာစီးဆင်းမှုကို ထိန်းချုပ်ပြီး နောက်ပိုင်းတွင် ဂဏန်းသင်္ချာနှင့် ယုတ္တိဗေဒဆိုင်ရာ လုပ်ဆောင်ချက်များကို ဒေတာပေါ်တွင် လုပ်ဆောင်သည်။
CPU ရဲ့လုပ်ဆောင်နိုင်မူပေါ်မူတည်ပြီး Memory အနည်းအများလိုအပ်ချက်ကွဲပြားနိုင်ပါတယ်။

မန်မိုရီ ညွှန်ကြားချက်အသစ်၊ ရိုးရှင်းသော
ပရိုဆက်ဆာသည် ရှုပ်ထွေးသော လုပ်ထုံးလုပ်နည်းရလဒ်များကို တည်ဆောက်ရန်အတွက် ဆက်တိုက်တွက်ချက်မှုများကြားတွင် အခြေအနေကို ထိန်းထားနိုင်သောကြောင့် ၎င်းတို့သည် ဒီဇိုင်းရေးဆွဲရန် ပိုမိုရိုးရှင်းလေ့ရှိပါသည်။

အဓိကအားဖြင့် Computer တစ်လုံးတွင် လုပ်ဆောင်ချက်နှေးကွေးတဲ့CPU ကိုအသုံးပြုပြီး Memory လုပ်ဆောင်ချက်ကိုမြင့်လိုမရနိုင်ပါဘူး။

ခေတ်မီဒစ်ဂျစ်တယ်ကွန်ပြူတာတစ်လုံးသည် (Binary Digits)ဒွိကိန်းဂဏန်းစနစ်ကို အသုံးပြု၍ ဒေတာကို ကိုယ်စားပြုသည်။ စာသား၊ နံပါတ်များ၊ ရုပ်ပုံများ၊ အသံ နှင့် အခြားသော အချက်အလက်များနီးပါးကို (Bits)ဘစ်စာတန်းများ သို့မဟုတ် (Binary Digits)ဒွိဂဏန်းများအဖြစ်သို့ ပြောင်းနိုင်သည်၊ တစ်ခုစီသည် 0 သို့မဟုတ် 1 တန်ဖိုးရှိသည်။ အသုံးအများဆုံး သိုလှောင်မှုယူနစ်မှာ (Byte)ဘိုက်၊ 8 bits အထိ အချက်အလက်အပိုင်းအစတစ်ခုအား အချက်အလက်အပိုင်းအစ၏ binary ကိုယ်စားပြုမှု သို့မဟုတ် ရိုးရှင်းစွာဒေတာထားရှိရန် သိုလှောင်ရန်နေရာလုံလောက်စွာကြီးသော ကွန်ပြူတာ သို့မဟုတ် စက်ပစ္စည်းတိုင်းက ကိုင်တွယ်နိုင်သည်။ ဥပမာအားဖြင့်၊ ပုံနှိပ်ထားသော စာမျက်နှာ ၁၂၅၀ ခန့်ရှိရှိတ်စပီးယား၏ ပြီးပြည့်စုံသောလက်ရာများကို စာလုံးတစ်လုံးလျှင် တစ်ဘိုက်ဖြင့် ငါးမဂ္ဂါဘိုက် (၄၀ သန်းဘစ်) ခန့်တွင် သိမ်းဆည်းနိုင်သည်။

စာလုံးတစ်လုံးစီ၊ ဂဏန်း သို့မဟုတ် မာလ်တီမီဒီယာအရာဝတ္တုတစ်ခုစီအတွက် ဘစ်ပုံစံတစ်ခုကို သတ်မှတ်ခြင်းဖြင့် ဒေတာကို ကုဒ်လုပ်ထားသည်။ ကုဒ်ပြောင်းခြင်းအတွက် စံနှုန်းများစွာရှိပါသည် (ဥပမာ ASCII ကဲ့သို့ ကုဒ်များ၊ JPEG ကဲ့သို့ ရုပ်ပုံကုဒ်များ၊ MPEG-4 ကဲ့သို့ ဗီဒီယိုကုဒ်နံပါတ်များ)။

ကုဒ်လုပ်ထားသော ယူနစ်တစ်ခုစီသို့ ဘစ်များကို ပေါင်းထည့်ခြင်းဖြင့်၊ ထပ်နေခြင်းသည် ကွန်ပျူတာအား ကုဒ်လုပ်ထားသော ဒေတာများတွင် အမှားအယွင်းများကို ရှာဖွေနိုင်ပြီး သင်္ချာဆိုင်ရာ အယ်လဂိုရီသမ်များအပေါ် အခြေခံ၍ ၎င်းတို့ကို ပြင်ပေးသည်။ ပြုပြင်ထားသော ဘစ်တန်ဖိုးများကို ပြန်လည်ရယူသည့် စက်ပစ္စည်းတွင် (ဖြစ်နိုင်လျှင်)။ စက်ဘီးစီး၍ ထပ်နေသောစစ်ဆေးမှု (CRC) နည်းလမ်းကို အမှားအယွင်းသိရှိနိုင်စေရန် ဆက်သွယ်ရေးနှင့် သိုလှောင်မှုတွင် ပုံမှန်အားဖြင့် အသုံးပြုပါသည်။ ထို့နောက် တွေ့ရှိသော အမှားတစ်ခုကို ထပ်စမ်းကြည့်သည်။

ဒေတာချုံ့ခြင်းနည်းလမ်းများသည် များစွာသောကိစ္စများတွင် (ဥပမာ ဒေတာဘေ့စ်) တိုတောင်းသော bit string ("ချုံ့") ဖြင့် ဘစ်စာတန်းတစ်ခုကို ကိုယ်စားပြုရန်နှင့် လိုအပ်သည့်အခါ မူရင်းစာကြောင်းကို ပြန်လည်တည်ဆောက်ရန် ခွင့်ပြုပါသည်။ ၎င်းသည် တွက်ချက်မှုပိုမိုကုန်ကျစရိတ်ဖြင့် ဒေတာအမျိုးအစားများစွာအတွက် သိုလှောင်မှုအလွန်နည်းသော (ဆယ်ဂဏန်းရာခိုင်နှုန်း) ကို အသုံးပြုပါသည်။ သိုလှောင်မှုကုန်ကျစရိတ်ချွေတာမှုနှင့် ဆက်စပ်တွက်ချက်မှုများ၏ကုန်ကျစရိတ်များနှင့် ဒေတာရရှိနိုင်မှုတွင် ဖြစ်နိုင်ခြေနှောင့်နှေးကြန့်ကြာမှုများကြားတွင် အပေးအယူကို ခွဲခြမ်းစိတ်ဖြာခြင်းအား အချို့သောဒေတာကို ချုံ့ထားခြင်း ရှိ၊

လုံခြုံရေးအရ၊ အချို့သော ဒေတာအမျိုးအစားများ (ဥပမာ- ခရက်ဒစ်ကတ်အချက်အလက်) ကို သိုလှောင်မှုလျှပ်တစ်ပြက်ရိုက်ချက်များမှ ခွင့်ပြုချက်မရှိဘဲ အချက်အလက်ပြန်လည်တည်ဆောက်ခြင်း ဖြစ်နိုင်ခြေကို တားဆီးရန် သိုလှောင်မှုတွင် ကုဒ်ဝှက်ထားနိုင်သည်။

ယေဘူယျအားဖြင့်၊ သိုလှောင်မှုနိမ့်သည် အထက်တန်းအဆင့်တွင်ရှိပြီး၊ ၎င်း၏ bandwidth နည်းပါးလေနှင့် ၎င်း၏ access latency သည် CPU မှ ပိုကြီးလေဖြစ်သည်။ ဤအစဉ်အလာသိုလှောင်မှုအား မူလ၊ အလယ်တန်း၊ တတိယအဆင့်၊ နှင့် အော့ဖ်လိုင်းသိုလှောင်မှုသို့ ခွဲဝေပေးခြင်းကိုလည်း တစ်ဘစ်လျှင် ကုန်ကျစရိတ်ဖြင့် လမ်းညွှန်ထားသည်။

ခေတ်ပြိုင်အသုံးပြုမှုတွင်၊ မမ်မိုရီသည် အများအားဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းသိုလှောင်မှုတွင် ဖတ်ရှု-ရေး၍ ကျပန်းဝင်ရောက်သည့်မှတ်ဉာဏ်၊ ပုံမှန်အားဖြင့် DRAM (dynamic RAM) သို့မဟုတ် အခြားသော မြန်ဆန်သော်လည်း ယာယီသိုလှောင်မှုပုံစံများဖြစ်သည်။ သိုလှောင်မှုတွင် သိုလှောင်မှုကိရိယာများ ပါ၀င်ပြီး ၎င်းတို့၏မီဒီယာကို CPU (အလယ်တန်း သို့မဟုတ် အဆင့်မြှင့်သိုလှောင်မှု) မှ တိုက်ရိုက်မရရှိနိုင်သော၊ ပုံမှန်အားဖြင့် ဟာ့ဒ်ဒစ်ဒရိုက်များ၊ အလင်းပြန်ဓာတ်ပြားဒရိုက်များနှင့် အခြားစက်ပစ္စည်းများသည် RAM ထက် နှေးကွေးသော်လည်း မတည်ငြိမ်သော (ပါဝါပိတ်သည့်အခါ အကြောင်းအရာများကို ထိန်းသိမ်းထားသည်)။ ]

သမိုင်းကြောင်းအရ မှတ်ဉာဏ်ကို core memory၊ main memory၊ real storage, or internal memory ဟုခေါ်သည်။ တစ်ချိန်တည်းတွင်၊ မတည်ငြိမ်သောသိုလှောင်မှုကိရိယာများကို အလယ်တန်းသိုလှောင်မှု၊ ပြင်ပမှတ်ဉာဏ် သို့မဟုတ် အရန်/အရံသိုလှောင်မှုအဖြစ် ရည်ညွှန်းထားသည်။

ref:https://en.wikipedia.org/wiki/Computer_data_storage

ဆက်လက်ဖော်ပြပါဦးမည်
( Future Winner Institute)

📌အွန်လိုင်းလုံခြုံရေး အတွက် Password Security 📌၂၁ ရာစု ကြီးမှာကောင်းသောပြောင်းလဲခြင်းတွေ ရှိသလို ၊ တိုးတက်မှုရဲ့ ရိုက်ခတ...
18/01/2022

📌အွန်လိုင်းလုံခြုံရေး အတွက် Password Security 📌

၂၁ ရာစု ကြီးမှာကောင်းသောပြောင်းလဲခြင်းတွေ ရှိသလို ၊ တိုးတက်မှုရဲ့ ရိုက်ခတ်မှုတွေဟာလည်း မရေတွက်နိုင်အောင်ပါပဲ။ အင်တာနက်ပေါ်မှ ဆက်သွယ်ပြောဆိုနိုင်ခြင်း ဆိုတဲ့ ဒစ်ဂျစ်တယ်တိုးတက်မှု ဟာလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။

ဒီလို လူမှုကွန်ရက်ချိတ်ဆက်မှုတွေပေါများလာတာနဲ့အမျှ သတင်းအချက်အလက် ပေါက်ကြားခြင်း ဆိုတဲ့ ၂၁ရာစုရဲ့မလုံခြုံမှုတစ်ခုကို တွေ့ကြုံလာကြရပါတယ်။

ယေဘုယျအားဖြင့် သတင်းအချက်အလက် ပေါက်ကြားခြင်းများရဲ့ မူလဇစ်မြစ်ဟာ မိမိထားရှိတဲ့ စကားဝှက်(Password)များ မခိုင်လုံခြင်း၊ပေါက်ကြားခြင်း တို့ကြောင့်ဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။
အချို့သော စကားဝှက်(Password)များဟာ အင်မတန်မှ ခန့်မှန်းရန်လွယ်ကူလွန်းလှတဲ့၊ လူအသုံးများလှတဲ့ စကားဝှက် များဖြစ်နေတတ်ပါတယ်။(ဥပမာ-iloveyou)

ထိုသို့သော လွယ်ကူရိုးရှင်းတဲ့ စကားဝှက် တွေကို မိမိမဟုတ်တဲ့အခြားသူများ ခန့်မှန်းရ ခက်စေဖို့အတွက် နံပါတ်(သို့မဟုတ်) သင်္ကေတ များထည့်ကာ အသုံးပြုနိုင်ပါတယ်။(ဉပမာ - (!nf0@t!0nw@swr0ng #)

ခန့်မှန်းရခက်တဲ့ သင်္ကေတများအသုံးပြုထားသည့်တိုင်အောင် လုံခြုံမူအပြည့်အဝမရနိုင်သေးပါဘူး။
User တွေအနေနဲ့ စကားဝှက်(Password)များကိုအထက်ပါ ဖော်ပြတဲ့အတိုင်း အသုံးပြုနိုင်သည့်အပြင် ပိုမိုစိတ်ချကာ ခန့်မှန်းရခက်စေနိုင်ရန်အတွက်

Diceware နည်းလမ်းကိုအသုံးပြုကာ စကားဝှက် များကို ဖန်တီးယူနိုင်ပါတယ်။
အဆင့်(၁)-Website search bar တွင် Diceware Word List ဟု ရိုက်ရှာပါ။
အဆင့်(၂)-အံစာတုံးကို ငါးကြိမ် လှိမ့်ပါ။(အကြိမ်တိုင်း၏နံပါတ်ကိုမှတ်ထားပါ။)
အဆင့်(၃)-ရလဒ်ကိုချရေးထားပါ။ဥပမာ အနေဖြင့် 4,3,4,6,3
အဆင့်(၄)-43463ဘေးတွင် သက်ဆိုင်ရာ စကားလုံးကိုရှာရန် EFF’s Long Wordlist ကိုဖွင့်ပါ။
အဆင့်(၅)-“Panoramic”ဟူသောစကားလုံးကိုတွေ့ပါလိမ့်မည်။ဤသည်မှာ သင်၏ စကားဝှက် (Password)၏ပထမ စကားလုံးဖြစ်သည့်အတွက်ချရေးကာမှတ်ထားပါ။
အဆင့်(၆) – စကားလုံးခြောက်လုံးကိုစုဆောင်းရန်အတွက်အဆင့် ၂ မှ ၅ သို့ငါးကြိမ်ထပ်လုပ်ပါ။
သင်ပြီးဆုံးသွားပါကသင်၏စကားဝှက်သည်အောက်ပါအတိုင်းဖြစ်လိမ့်မည်။
ဥပမာ-panoramic nectar precut smith banana handclap

ဤနည်းဖြင့် ခန့်မှန်းရန်မလွယ်ကူသော စကားဝှက်(Password)များကို ပြုလုပ်နိုင်ပါတယ်။
သို့ရာတွင်စကားဝှက် များကိုပြန်လည်အသုံးပြုခြင်းဟာ အလွန်ဆိုးရွားတဲ့ လုံခြုံရေးဆိုင်ရာအလေ့အကျင့်တစ်ခုဖြစ်ကြောင်းကိုလည်းသိနားလည်ထားရပါမယ်။ ကွဲပြားခြားနားသော ၀ဘ်ဆိုဒ်များ သို့မဟုတ် အကောင့်မျိုးစုံအတွက် တူညီသောစကားဝှက်များ သို့မဟုတ်လုံခြုံရေးမေးခွန်းများကိုမသုံးပါနှင့်။

( Future Winner Institute)

Programming ဆိုတာ ကွန်ပျူတာတစ်လုံးပေါ်မှာ လုပ်ဆောင်ချက်တွေကို အမိန့်ပေးခိုင်းစေနိုင်တဲ့ အရာတွေလို့ အကြမ်းအနေနဲ့ မှတ်ယူနိ...
17/01/2022

Programming ဆိုတာ ကွန်ပျူတာတစ်လုံးပေါ်မှာ လုပ်ဆောင်ချက်တွေကို အမိန့်ပေးခိုင်းစေနိုင်တဲ့ အရာတွေလို့ အကြမ်းအနေနဲ့ မှတ်ယူနိုင်မှာဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ ထိတွေ့နေကြတဲ့ ကွန်ပျူတာဆိုတဲ့ အရာတွေကို ပထမဆုံးလေ့လာကြည့်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အသုံးပြုနေတဲ့ ကွန်ပျူတာဟာ ထိတွေ့ကိုင်တွယ်နိုင်သောအရာ (Hardware) နဲ့ ထိတွေ့ကိုင်တွယ်လို့ မရနိုင်သောအရာ (Software) တို့နဲ့ ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။ Hardware ဆိုတဲ့နေရာမှာ
(1). Input Device များဖြစ်တဲ့
a. Keyboard
b. Mouse
c. Scanner
(2). Output Device များဖြစ်တဲ့
a. Monitor
b. Printer
(3). Main Memory (RAM)
(4). Secondary Memory (Hard disk, DVD/CD ROMs)
(5). CPU
နောက်ပြီးတော့ သူတို့တွေကို တစ်ခုနဲ့တစ်ခု ပို့ဆောင်ပေးနေတဲ့
(6). Bus လေးတွေကို ဆိုလိုပါတယ်။

ဒီနေရာမှာ သိထားရမှာက Hardware မှာ မှတ်ဉာဏ်ပဲရှိပြီးတော့ အသိဉာဏ်မရှိပါဘူး။ ဒါကြောင့် (Computer has no Intelligence.) လို့ဆိုနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအခါမှာတော့ ကွန်ပျူတာကြီး အသက်ဝင်လာအောင်၊ အလုပ်တွေလုပ်လို့ရအောင် သူ့မှတ်ဉာဏ်ကို အားကိုးပြီး အသိဉာဏ်နဲ့တူတဲ့ Software တွေကို Run ပေးရပါတယ်။ ဒီ Software တွေကြောင့် ကွန်ပျူတာဟာ လုပ်ဆောင်ချက်တေါကို လုပ်နိုင်တာဖြစ်ပြီး၊ Hardware တွေကို ခိုင်းစေရန်အတွက် Software တွေလိုအပ်လာပါတယ်။
Software ဆိုတဲ့နေရာမှာ အလွယ်ပြောရရင်တော့ Programming ဘာသာစကားတွေနဲ့ ရေးထားတဲ့ အစုအဝေးတစ်ခုကို ဆိုလိုပါတယ်။ ဥပမာအားဖြင့် Adobe Pagemaker, Photoshop, Office, AutoCAD, etc… အားလုံးကို Software လို့ခေါ်ဆိုနိုင်ပါတယ်။ အဲ့ဒါတွေ ဖြစ်လာအောင် Programming Languages တွေ နဲ့ရေးကြရပါတယ်။ အဲ့ဒီတော့ Programming ဆိုတာ Software ရေးနည်းလို့ဆိုနိုင်မှာဖြစ်ပါတယ်။

Program တစ်ခုမှာ
1. Data
2. Instruction/ Command ဆိုပြီး နှစ်ခုပါတယ်။
ဥပမာအနေနဲ့ပြောမယ်ဆိုရင်
5 နဲ့ 4 ပေါင်းတဲ့ ကိစ္စတစ်ခုကို ဖော်ပြပါမယ်။
အရှင်းလင်းဆုံးပုံစံနဲ့ ပြရမယ်ဆိုရင် 5 + 4 လို့ရေးနိုင်ပါတယ်။
အဲ့ဒီနေရာမှာ 5 နဲ့ 4 က Data ဖြစ်ပြီး (+) က Instruction / Command ဖြစ်ပါတယ်။
Programming Language တွေများစွာ ရှိနေပါတယ်။ ဒါပေမယ့် အခြေခံသဘောတရားတွေကတော့ အားလုံးအတူတူပဲလို့ ဆိုနိုင်ပါတယ်။

Programming Language ကို အခြေခံအားဖြင့်တော့ (၃) မျိုး ခွဲခြားထားပါတယ်။

1. Machine Languages
2. Assembly Languages
3. High-Level Languages တို့ဖြစ်ပါတယ်။
1. MACHINE LANGUAGES
သူ့မှာ “0” ရယ် “1” ရယ်နှစ်ခုပဲ ရှိပါတယ်။ စက်အတွက် ရေးတဲ့စာလို့ နားလည်နိုင်ပါတယ်။ လူတစ်ဦးအနေနဲ့တော့ နားလည်ဖို့ မဖြစ်နိုင်ပါဘူး။ စက်တစ်လုံးအပေါ်မှာတော့ အပြည့်အဝနားလည်နိုင်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။

2. ASSEMBLY LANGUAGES
Assembly Languages မှာတော့ လူက 30% လောက်နားလည်လာပြီး စက်ကလည်း 70% လောက် နားလည်လာပါပြီ။ Assembly Languages မှာ Data တွေရှိမယ်၊ Instruction / Command တွေရှိမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ ထပ်ပြောရမယ်ဆိုရင်တော့ 10 + 20 = 30 ဆိုတာမျိုးပါ။ 10, 20, 30 က Data တွေဖြစ်ပြီး၊ + နဲ့ = က Instruction / Command တွေဖြစ်ပါတယ်။ ဒါပေမယ့် စက်ကို ဒီအတိုင်းသွားရေးပြမယ်ဆိုရင် သူကမသိနိုင်ပါဘူး။ သူက 0 နဲ့ 1 နှစ်ခုပဲသိတာ ဖြစ်ပါတယ်။ စက်နားလည်နိုင်ဖို့အတွက် ဘာသာပြန် (Compile) လုပ်ပေးရတယ်။ အဲ့ဒီအခါမှ Machine Language ဖြစ်သွားပြီး စက်မှ Run လို့ရသွားမှာဖြစ်ပါတယ်။ Compile ဆိုတာ ပြောင်းပေးတာဖြစ်ပါတယ်။ Assembly Language ကနေ Machine Language ကိုပြောင်းပေးတာကို Compile လုပ်တယ်လို့ခေါ်တယ်။ နာမည်အနေနဲ့ Assembler လို့ခေါ်ပါတယ်။

3. HIGH-LEVEL LANGUAGES
High-Level Languages မှာတော့ လူတွေက 100% ကို နားလည်လာပြီးဖြစ်ပါတယ်။ စက်ကိုလည်း နားလည်အောင် Compile လုပ်လို့ အဆင်ပြေသွားပြီးလို့ ဆိုနိုင်ပါတယ်။ High-Level မှာလည်း Data တွေ Instruction / Command တွေနဲ့ ပြည့်စုံပါတယ်။ Program တစ်ခုရေးပြီးလို့ စက်နားလည်အောင် Compile လုပ်ပေးရင် သူ့ကို နာမည်အနေနဲ့ Compiler လို့ခေါ်ပါတယ်။

PROGRAMMING LANGUAGE များအကြောင်း
Programming Language တွေများစွာဟာ ယခင်အချိန်များစွာကတည်းက ထွက်ပေါ်ခဲ့ပါတယ်။ နည်းပညာရဲ့ သဘောတရားအရ အပြောင်းအလဲ မြန်ဆန်တဲ့အတွက်ကြောင့် ငုတ်လျှိုးပျောက်ကွယ်သွားတဲ့ Language တွေရှိခဲ့သလို၊ အသစ်ထပ်မံထွက်ရှိလာတဲ့ Language တွေကြောင့်လဲ Programming Language တွေဟာ ပိုမိုများပြားလာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ Programming Language တွေအကြောင်းကို အစအဆုံးတခုချင်းစီ လေ့လာနိုင်ဖို့ မလွယ်ကူပေမယ့် နာမည်ကျော်ကြားပြီး၊ လူသိများတဲ့ Programming Language တွေအကြောင်းကိုတော့ History များနဲ့အတူ ဖော်ပြပေးလိုက်ပါတယ်။

C
၁၉၇၂ ခုနှစ်က ပေါ်ထွက်ခဲ့တဲ့ C Programming Language ဟာ Programming လောကအတွက် ခိုင်မာတဲ့ အုတ်မြစ်တစ်ခုဖြစ်ခဲ့ပါတယ်။ နည်းပညာလောကအပေါ်မှာလည်း များစွာအကျိုးပြုခဲ့ပြီး၊ လက်ရှိအချိန်ထိ အသုံးပြုနေဆဲ Language အမျိုးအစားတစ်ခုဖြစ်ပါတယ်။ C ကို ၁၉၆၉ ခုနှစ်ကနေ ၁၉၇၃ ခုနျစ်အတွင်း Dennis Ritchie က Bell Telephone Laboratories မှာ Unix Operating System အတွက် ဖန်တီးခဲ့တာဖြစ်ပါတယ်။ C ရဲ့နောက်ဆုံး Stable Release ကတော့ C 11 ဖြစ်ပြီး ၂၀၁၁ ခုနှစ်ရဲ့ ဒီဇင်ဘာလမှာ ထွက်ခဲ့တာဖြစ်ပါတယ်။

C++
C++ အကြောင်းကိုတော့ ကွန်ပျူတာအသုံးပြုသူအများစု ကြားဖူးနားဝတော့ အနည်းဆုံး ရှိကြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ C++ ဟာ Programming Language လောကအတါင်းမှာ ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့ပြီး၊ လက်ရှိအချိန်ထိ အသုံးပြုနေဆဲ Language တစ်ခုဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ C++ ဟာ ၁၉၈၃ ခုနှစ်မှာ ပေါ်ထွက်ခဲ့တာဖြစ်ပြီး၊ C++ ရဲ့ Developer ကတော့ Bjarne Stroustrup ဖြစ်ပါတယ်။ Bell Telephone Laboratories ဟာ နည်းပညာလောကအတွက် အောင်မြေတစ်ခုလို့ ဆိုနိုင်ပြီး C++ ကိုလည်း အဆိုပါနေရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။

C #
Microsoft ရဲ့ Product တစ်ခုဖြစ်တဲ့ C # ကတော့ ၂၀၀၁ ခုနှစ်မှာစတင် Develop လုပ်ခဲ့တာဖြစ်ပါတယ်။ C # ရဲ့ Stable Release ကတော့ 4.0 ဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်အချိန်က ဖြန့်ချိပေးခဲ့တာဖြစ်ပါတယ်။ Microsoft ဟာ လွန်ခဲ့တဲ့ ၃ လအချိန်ကတော့ Beta Release 5.0 ကိုထပ်မံ ဖြန့်ချိပေးခဲ့ပါတယ်။ Windows Application တွေရေးသားရာမှာ များစွာလွယ်ကူအဆင်ပြေတဲ့ Programming Language အမျိုးအစားတစ်ခုဖြစ်ပါတယ်။

PERL
Perl ဟာလည်း C-Base Programming Language တစ်ခုဖြစ်ပြီး၊ ၁၉၈၈ ခုနှစ်က ပေါ်ထွက်ခဲ့ပါတယ်။ Perl ရဲ့ Developer ကတော့ Larry Wall ဖြစ်ပါတယ်။ Scripting Language တစ်ခုဖြစ်ပြီး System Administration, Text Processing နဲ့ Web Server အတွက် လုပ်ငန်းတာဝန်ပိုင်းတွေမှာ အသုံးပြုမှု များပါတယ်။ Perl ရဲ့ Stable Release ကတော့ 5.16.0 ဖြစ်ပြီး Preview Release ကတော့ 5.17.1 ဖြစ်ပါတယ်။

JAVA
Java ကတော့ Programming Language တွေထဲမှာ လက်ရှိအောင်မြင်မှုမြင့်မားနေတဲ့ Language တစ်ခုဖြစ်ပါတယ်။ Windows Application, Web Application တွေနဲ့ Mobile Application တွေကို ရေးသားနိုင်တဲ့ Language အမျိုးအစားတစ်ခုဖြစ်ပြီး၊ ၁၉၉၁ ခုနှစ်မှာ စတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ Java ရဲ့ Developer ကတော့ Games Gosling ဖြစ်ပြီး၊ Sun Microsystems ကဖြစ်ပါတယ်။ Java ဟာ ၁၉၉၁ ခုနှစ်မှာ စတင်ဖန်တီးခဲ့တာဖြစ်ပေမယ့် အသုံးပြုသူတွေထံကို ချပြခဲ့တာကတော့ ၁၉၉၅ ခုနှစ် အရောက်မှသာဖြစ်ပါတယ်။ Java ရဲ့ အောင်မြင်မှုဟာ Programming လောကအပေါ်ရိုက်ခတ်မှုများစွာ ရှိခဲ့ပြီး၊ Android Application တွေကို Java နဲ့ ရေးသားထားတာဖြစ်ပါတယ်။

PHP
PHP ကတော့ Web ပိုင်းမှာ အလွန်ကို အောင်မြင်နေတဲ့ Server-Side HTML Scripting Language အမျိုးအစားဖြစ်ပါတယ်။ PHP ကိုတော့ ၁၉၉၅ ခုနှစ်က Rasmus Lerdorf ကစတင် Develop ပြုလုပ်ခဲ့တာဖြစ်ပြီး၊ PHP ရဲ့ Stable Release ကတော့ 5.4.4 ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ရဲ့ ဇွန်လ (၁၄) ရက်နေ့မှာ ဖြန့်ချိခဲ့တာလည်း ဖြစ်ပါတယ်။ Dynamic Web Page တွေကို ဖန်တီးတဲ့နေရာမှာ အကောင်းမွန်ဆုံး Scripting Language ဖြစ်တဲ့အတွက် Web Developer အများစု အသုံးပြုတဲ့ Language တစ်ခုဖြစ်ပါတယ်။

PYTHON
Python ကိုတော့ သိကျွမ်းသူအနည်းသာ ရှိပါလိမ့်မယ်။ ဒါပေမယ့် Python ဟာလည်း စွမ်းအားမြင့်မာတဲ့ Programming Language အမျိုးအစားတစ်ခုဖြစ်ပြီး၊ High Level Programming Language အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Python ကို ၁၉၉၁ ခုနှစ်မှာ စတင်ဖန်တီးခဲ့တာဖြစ်ပြီး၊ Python ရဲ့ Designer ကတော့ Guido Van Rossum ဖြစ်ပါတယ်။ Google Application Engine မှာ ပထမဆုံး အသုံးပြုခဲ့တဲ့ Programming Language အမျိုးအစားတစ်ခုအဖြစ် လူသိများပါတယ်။

VB
Microsoft ရဲ့ ထုတ်ကုန်တစ်ခုဖြစ်တာနဲ့တင် VB ဟာ ဘယ်လောက် Strong ဖြစ်တယ်ဆိုတာ သိသာနိုင်ပါတယ်။ ၁၉၉၃ ခုနှစ်မှာ စတင် Develop ပြုလုပ်ခဲ့တဲ့ VB ဟာဆိုရင် သက်တမ်းအရ ၁၉ နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။ VB ဟာ Microsoft ရဲ့ Office Application ရေးသားမှုတွေကို အဓိကထားပါတယ်။ နောက်တစ်ခုအနေနဲ့ကတော့ VB ကို Virus code တွေ ရေးသားတဲ့နေရာမှာလည်း အသုံးပြုမှုများတာကို တွေ့ရပါတယ်။ VB ရဲ့ Stable Release ကိုတော့ Office 2012 ထွက်ရှိစဉ်က၊ တစ်ပြိုင်နက်ထွက်ခဲ့တာဖြစ်ပြီး၊ Version 7.0 ဖြစ်ပါတယ်။

PASCAL
၁၉၇၀ ခုနှစ်က ပေါ်ထွက်ခဲ့တဲ့ Pascal ဟာလည်း သူ့အချိန်အခါက အောင်မြင်တဲ့ Programming Language အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Pascal ရဲ့ Developer ကတော့ Niklaus Wirth ဖြစ်ပါတယ်။ Pascal ဟာ ပြင်သစ်သင်္ချာပညာရှင် Blaise Pascal ကို ဂုဏ်ပြုပြီး ပေးခဲ့တဲ့ နာမည်လည်းဖြစ်ပါတယ်။ Pascal အသုံးပြုထားတဲ့ Application တွေကို လက်ရှိအချိန်ထိ အသုံးပြုနေရဆဲလည်းဖြစ်ပါတယ်။ Pascal ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့လည်း ကျွမ်းကျင်ပညာရှင်များက Strong & Safe Programming Language လို့ သတ်မှတ်ကြပါတယ်။

JAVASCRIPT
JavaScript ကိုတော့ ဒီဖက်အချိန်မှာ လူအတော်များများ သိရှိပြီးဖြစ်မှာပါ။ ဒါပေမယ့် Java Programming Language နဲ့မှားယွင်းတတ်ပြီး၊ JS ကို ၁၉၉၅ ခုနှစ်မှာ Brendan Eich က ဖန်တီးခဲ့တာဖြစ်ပါတယ်။ JavaScript ကို Netscape ကနေ မွေးဖွားလာတယ်လို့လဲ ဆိုနိုင်ပါတယ်။ ဘာအတွက်ကြောင့်လဲဆိုတော့ Brendan Eich ဟာ JavaScript ကို ဖန်တီးချိန်က Netscape မှာ အလုပ်လုပ်ကိုင်နေချိန်ဖြစ်တဲ့အတွက်ပါ။ JavaScript ဟာ Stable Release အဖြစ် 1.8.5 ကို ၂၀၁၁ ခုနှစ် မတ်လက ထုတ်လုပ်ခဲ့ပါတယ်။ Java Script ဟာ Scripting Language အမျိုးအစားဖြစ်တဲ့အတွက် Web Site အတော်များများမှာ ထည့်သွင်းအသုံးပြုလာကြပါတယ်။

RUBY
Ruby ဟာ Japan နိုင်ငံကနေဖွံ့ဖြိုးလာတဲ့ Programming Language အမျိုးအစားဖြစ်ပါတယ်။ Ruby ရဲ့ Designer ကတော့ Yukihiro Matsumoto ဖြစ်ပြီး၊ ၁၉၉၅ ခုနှစ်မှာ စတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ Ruby ရဲ့ Stable Release ကတော့ 1.9.3-p194 ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဧပြီလ(၂၀) ရက်နေ့က Release ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Dynamic အမျိုးအစားတစ်ခုဖြစ်ပြီး၊ OOP Language အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။ အာရှဒေသမှ Develop ပြုလုပ်တဲ့ Programming တစ်ခုဖြစ်ပြီး၊ အနာဂတ်ကာလမှာ အလားအလာကောင်းများစွာကို ပိုင်ဆိုင်ထားတဲ့ Programming Language အမျိုးအစားတစ်ခုဖြစ်ပါတယ်။

GO
Go Programming Language ကတော့ Google Inc. ရဲ့ ထုတ်ကုန်တစ်ခုဖြစ်ပြီး၊ Designer ကတော့ Robert Griesemer, Rob Pike, Ken Thompson တို့ဖြစ်ပါတယ်။ Go ဟာ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ အတွင်းကမှ စတင်ကြော်ငြာခဲ့တာဖြစ်ပြီး၊ အမျိုးအစားကတော့ Static ဖြစ်ပါတယ်။ Strong ဖြစ်ပြီး၊ File Name အနေနဲ့တော့ .go ကို အသုံးပြုတာတွေ့ရပါတယ်။ Go ရဲ့ Stable Version ကတော့ 1.0.2 ကိုသာ ရောက်ရှိသေးတာဖြစ်ပါတယ်။

LYNX
Lynx Programming Language ကတော့ ကြီးမားပြီး ကျယ်ပြန့်တဲ့ Network တွေမှာ အသုံးပြုပါတယ်။ Lynx ကိုတော့ University of Wisconsin-Madison က ၁၉၈၄ ခုနှစ်မှာ စတင် Develop ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Lynx ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ Charlotte Multicomputer Operating System အတွက်ဖြစ်ပါတယ်။

FOCAL
Formula Calculator ရဲ့ ဦးဆုံး စာလုံးတွေကို မျှတစွာရယူထားတဲ့ FOCAL Programming Language ဟာ အခြေခံကျတဲ့ Programming Language အမျိုးအစားတစ်ခုဖြစ်ပါတယ်။ FOCAL ကို ဖန်တီးမှုတွေထဲမှာ အများဆုံးပါဝင်တာကတော့ Richard Merrill ဖြစ်ပါတယ်။ FOCAL ဟာ ၁၉၆၈ ခုနှစ်ကတည်းက Develop စတင်ပြုလုပ်နေပြီဖြစ်ပြီး၊ ရှေးပိုင်းကျတဲ့ Language အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။

INTEGRATED DEVELOPMENT ENVIRONMENT များအကြောင်းသိကောင်းစရာ
IDE လို့ အသိများတဲ့ Integrated Development Environment တွေဟာ Programmer တွေအတွက် အဓိကနေရာကနေ အရေးပါတဲ့လိုအပ်ချက်တွေဖြစ်ပါတယ်။ IDE တွေဟာ သက်ဆိုင်ရာ Language တွေအလိုက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပြီး၊ Microsoft ရဲ့ Visual Studio လိုမျိုး IDE တွေဟာဆိုရင် Coding တစ်ကြောင်းမှ ရေးစရာမလိုဘဲ Web Login Page တွေ တည်ဆောက်နိုင်တဲ့အထိ ကောင်းမွန်လှပါတယ်။ IDE တစ်ခုမှာ အခြေခံအားဖြင့် ပါဝင်တာကတော့
1. A Source Code Editor
2. Built Automation Tools
3. A Debugger တို့ဖြစ်ပါတယ်။
အချို့သော IDE တွေမှာတော့ Compiler, Interpreter တို့ပါဝင်လာပြီး၊ ဥပမာအနေနဲ့ပြောရမယ် ဆိုရင်တော့ Visual Studio ကိုပဲ ထပ်မံညွှန်းဆိုရမှာ ဖြစ်ပါတယ်။ IDE တွေရဲ့အစပိုင်းကို ပြန်ကြည့်မယ်ဆိုရင် Command Based Application များကို တွေ့ရမှာဖြစ်ပါတယ်။ ဒီဖက်အချိန်ကာလကို ရောက်ရှိလာချိန်မှာတော့ ပြီးပြည့်စုံတဲ့ IDE အများစုကို မြင်တွေ့နိုင်ပြီးဖြစ်ပါတယ်။ အောက်မှာဖော်ပြပေးထားတာတွေကတော့ နာမည်ကြီးပြီး လူသိများတဲ့ IDE တွေကို ဖော်ပြပေးလိုက်ပါတယ်။

MICROSOFT VISUAL STUDIO
IDE တွေထဲကမှ အကောင်းမွန်ဆုံးနဲ့ အပြည့်စုံဆုံး IDE လို့ဆိုနိုင်ပါတယ်။ Microsoft ရဲ့ ထုတ်ကုန်တစ်ခုဖြစ်ပြီး၊ လက်ရှိအချိန်မှာတော့ Stable Release အဖြစ် Microsoft Visual Studio 2010 SP1 ကို ထုတ်လုပ်ထားပါတယ်။ Preview Release အနေနဲ့တော့ Visual Studio 2012 RC ကို ၂၀၁၂ ခုနှစ် မေလ ၃၁ ရက်နေ့က ဖြန့်ချိပေးခဲ့ပါတယ်။ Microsoft Visual Studio ကိုတော့ C++ & C # တို့နဲ့ရေးထားတာဖြစ်ပြီး၊ Microsoft Windows တွေအတွက် သီးသန့်ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ Microsoft Visual Studio ကို အသုံးပြုပြီး Microsoft Windows, Windows Mobile, WebSite တို့အတွက် ရေးဆွဲနိုင်မှာဖြစ်ပါတယ်။ Visual Studio ဟာ Language များစွာကို အထောက်အပံ့ပေးထားပြီး Built-in ပါဝင်တဲ့ Language တွေကတော့ C / C++ (via Visual C++), VB.Net (via Visual Basic.Net), C #(via Visual C #) တို့ဖြစ်ပါတယ်။ အခြားအထောက်အပံ့တွေ အနေနဲ့တော့ XML / XSLT, HTML / XHTML, JavaScript နဲ့ CSS တို့ဖြစ်ပါတယ်။

NETBEANS
NetBeans ကတော့ Oracle Corporation ရဲ့ထုတ်ကုန်တစ်ခုဖြစ်ပြီး၊ Java နဲ့ရေးသားထားတဲ့ IDE အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Java IDE အမျိုးအစားဖြစ်ပြီး Stable Release ကတော့ 7.1.2 ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလ (၂၆) ရက်နေ့က ထုတ်လုပ်ဖြန့်ချိတာဖြစ်ပါတယ်။ NetBeans ကိုတော့ Cross-Platform အနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး Microsoft Windows, Mac OS, Linux, Solaris နဲ့ အခြား Platform တွေမှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ NetBeans အထောက်အပံ့ပေးတဲ့ Language တွေကတော့ Java, JavaScript, PHP, Groovy, C, C++, Scala, Clojure တို့နဲ့အတူ Ruby နဲ့ Ruby on Rails တို့ကိုပါ အထောက်အပံ့ပေးထားပါတယ်။ NetBeans ကို ၁၉၉၆ ခုနှစ်က စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ECLIPSE
Eclipse ကတော့ Free and Open Source Software Community ကနေ Develop ပြုလုပ်ထားတာဖြစ်ပြီး၊ Software Development Type ဖြစ်ပါတယ်။ Java အတွက် သီးသန့်ဖြစ်ပေမယ့်၊ Plug-in ထည့်သွင်း အသုံးပြုမယ်ဆိုရင်တော့ အခြား Language တွေများစွာကိုပါ Support ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ Cross Platform အမျိုးအစားဖြစ်ပြီး Microsoft Windows,, Mac OS, Solaris, Linux တို့မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Eclipse ရဲ့ Stable Release ကတော့ 3.7.2 Indigo ဖြစ်ပြီး၊ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့က ဖြန့်ချိခဲ့တာဖြစ်ပါတယ်။ Eclipse ဟာ Plug-in ထည့်သွင်းအသုံးပြုမယ် ဆိုရင်တော့ C, C++, COBOL, Haskell, Perl, PHP, Python, R, Ruby, Scala, Ada, Clojure, Groovy နဲ့ Scheme တို့ကိုပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Eclipse SDK ဟာ Free and Open Source Software အမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။

JDEVELOPER
JDeveloper ကတော့ Oracle Corporation ရဲ့ ထုတ်ကုန်တစ်ခုဖြစ်ပြီး၊ Java Developer တွေအတွက် ရေးထားတဲ့ IDE အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Cross-Platform အမျိုးအစားဖြစ်တဲ့အတွက် OS အများစုမှာ အသုံးပြုနိုင်မှာဖြစ်ပြီး၊ ပြီးပြည့်စုံတဲ့ Java IDE အမျိုးအစား တစ်ခုဖြစ်ပါတယ်။ JDeveloper မှာတော့ Java, XML, SQL, PHP, HTML, P/SQL, JavaScript, BPEL တို့ကို Develop ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ JDeveloper ဟာ Design Coding, Debugging, Optimization နဲ့ Profiling to Developing တို့ကိုပါ ပြုလုပ်နိုင်မှာဖြစ်တဲ့အတွက် Java Developer များအတွက် များစွာအဆင်ပြေစေတဲ့ IDE အမျိုးအစားတစ်ခု ဖြစ်ပါတယ်။

WINDEV
WinDev ကို PCsoft က ၁၉၉၃ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး၊ လက်ရှိအချိန်မှာတော့ Version 17 ကို ရောက်ရှိနေပြီးဖြစ်ပါတယ်။ WinDev ကိုတော့ Microsoft Windows ပေါ်မှာသာ အသုံးပြုနိုင်မှာဖြစ်ပြီး၊ Visual Basic, Java နဲ့ C # တို့ကို Support ပေးထားပါတယ်။ အခြားထုတ်ကုန်တစ်ခုအနေနဲ့ တွဲဖက်ပြီး ပါဝင်လာတာကတော့ WebDev ဖြစ်ပြီး Web Application များ Web Site များရေးဆွဲရာမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ WinDev ကတော့ 4GL (Fourth Generation Language) ကို အသုံးပြုထားပါတယ်။

XCODE
Apple အသုံးပြုသူအများစု ရင်းနှီးမယ့် နာမည်တစ်ခုဖြစ်ပါတယ်။ Apple Inc. ရဲ့ ထုတ်ကုန်တစ်ခုဖြစ်ပြီး၊ Stable Release ကတော့ 4.3.3 (4E3002) ဖြစ်ပါတယ်။ Developer Preview အနေနဲ့တော့ 4.5 ကိုထုတ်လုပ်ပေးထားပြီး ၂၀၁၂ ခုနှစ် ဇွန်လ (၁၁) ရက်နေ့က ဖြန့်ချိခဲ့ပါတယ်။ Xcode ဟာ Apple ရဲ့ Mac OS & iOS Application တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ IDE အမျိုးအစားတစ်ခုဖြစ်တဲ့အတွက် Mac OS အမျိုးအစားတစ်ခုထဲမှာသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Xcode မှာ Interface Builder ပါဝင်တဲ့အတွက်ကြောင့် ပြီးပြည့်စုံတဲ့ IDE အမျိုးအစားတစ်ခုလို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။ Xcode ရဲ့ Support ပေးတဲ့ Language တွေကတော့ C, C++, Objective-C, Objective-C++, Java, AppleScript, Python, Ruby တို့ကို အထောက်အပံ့ပေးထားပါတယ်။

Programming ကိုလေ့လာသင်ယူလိုတယ်ဆိုရင်…
Programming ဘာသာရပ်တွေအနေနဲ့ ပြည်တွင်း/ ပြည်ပမှာ အလုပ်အကိုင်နေရာ အခွင့်အလမ်း များပြားတဲ့အတွက် လူငယ်အများစု စိတ်ဝင်စားတဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ်။ Programming ဘာသာရပ်မှာလည်း လေ့လာသင်ယူစရာလမ်းကြောင်းတွေ ကွဲပြားသွားပြီး အခြေခံအားဖြင့် Mobile Developer, Web Developer, Software Programmer လို့ ခွဲခြားသတ်မှတ်နိုင်ပါတယ်။

1. MOBILE DEVELOPER
ဒီပညာရပ်ကို စိတ်ဝင်စားသူများအနေနဲ့ ဖုန်းနဲ့ပတ်သက်တဲ့ Application တွေကို ရေးသားနိုင်ဖို့ ကြိုးစားသင်ယူရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အောင်မြင်မှုပမာဏကြီးမားနေတဲ့ Android အတွက် Application တွေကို ရေးသားချင်တယ်ဆိုရင်တော့ Java Programming Language ကိုလေ့လာသင်ယူရမှာ ဖြစ်ပါတယ်။ Mobile Developer တစ်ဦးဖြစ်ဖို့အတွက် အချိန်ကာလအနေနဲ့တော့ ကြိုးစားအားထုတ်မှုအလိုက် အချိန်ကာလ (၆) လကနေ (၉) လအတွင်း ကြာမြင့်မှာဖြစ်ပါတယ်။

2. WEB DEVELOPER
ဒီအပိုင်းဟာလည်း သင်ကြားပေးတဲ့ သင်တန်းများစွာရှိပြီး သင်ယူတဲ့ သင်တန်းသားများစွာရှိတဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ်။ Web Developer တစ်ဦးအနေနဲ့ ကိုယ်တိုင် Web Site တစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ သင်ယူရမယ့် အပိုင်းမှာတော့ အခြေခံအားဖြင့် HTML, CSS, JavaScript နဲ့ Photoshop တို့ကို သင်ယူရမှာဖြစ်ပြီး၊ Web Site တစ်ခုလုံးကို ကျွမ်းကျင်စွာ တည်ဆောက်ထိန်းသိမ်းနိုင်ဖို့ အတွက်တော့ Domain, Host, FTTP နဲ့ PHP အစရှိတဲ့ ဘာသာရပ်အသီးသီးကိုပါ လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။ CMS Package တွေဖြစ်တဲ့ WordPress, Joomla တို့ဟာလည်း Web Site တည်ဆောက်မှု အပိုင်းကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ပျော်ရွှင်စရာ လေ့လာသင်ယူမှု အပိုင်းတွေဖြစ်ပါတယ်။

3. APPLICATION PROGRAMMER
လူငယ်အများစု စိတ်ကူးယဉ်ကြတဲ့နေရာတစ်ခုဖြစ်ပြီး စိတ်ဓါတ်ကြံ့ခိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ Programmer တစ်ဦးအနေနဲ့ ဖိအားတွေကို သင်တန်းမှာကတည်းက စတင်ရင်ဆိုင်ကြုံတွေ့ရမှာဖြစ်ပြီး၊ များစွာလှသော Programming Language တွေထဲက အားသန်ရာ Language တစ်ခုကို တစိုက်မတ်မတ် လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။ Programming Language တွေအနေနဲ့ အချို့ကို ဖော်ပြပေးရမယ်ဆိုရင် C++, C #, Java, Python, Perl, VB အစရှိတဲ့ Language တွေအကြောင်းနဲ့ Programming Concept တွေအကြောင်းကို သင်ယူရမှာဖြစ်ပါတယ်။ Programmer တစ်ဦးအဖြစ် ရပ်တည်လိုတဲ့ လူငယ်များအတွက်တော့ အချိန်ကာလတစ်ခုကို ပေးဆပ်ရမှာဖြစ်ပါတယ်။

Ref: Internet Journal


( Future Winner Institute)

Address

Taunggyi
140101

Opening Hours

Monday 08:00 - 05:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 05:00
Saturday 08:00 - 17:00
Sunday 08:00 - 05:00

Telephone

+959404099688

Website

Alerts

Be the first to know and let us send you an email when Future Winner Digital Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Future Winner Digital Institute:

Share