Austin Baby Shop

Austin Baby Shop Join us for meaningful life !!!

04/06/2024
26/05/2024
ကလေးငယ်များ၏ သင်ယူလေ့လာမှု နည်းနာ (၄) မျိုးကျောင်းနေအရွယ် ပညာသင်ချိန်ကို   ရောက်ရှိလာတဲ့   ကလေးငယ်တိုင်းအတွက်    သင်ကြား...
25/05/2024

ကလေးငယ်များ၏ သင်ယူလေ့လာမှု နည်းနာ (၄) မျိုး

ကျောင်းနေအရွယ် ပညာသင်ချိန်ကို ရောက်ရှိလာတဲ့ ကလေးငယ်တိုင်းအတွက် သင်ကြားမှုပုံစံ၊ ကလေးငယ်များ နှင့် ချိတ်ဆက်မှုပုံစံ၊ ကလေးငယ်များ၏ သင်ယူလေ့လာမှုပုံစံများက အကောင်းဆုံးဖြစ်မှသာ ပညာရေးအတွက် များစွာ အထောက်အကူ ဖြစ်စေနိုင်မှာပါ။

ဒါကြောင့် လေ့လာသင်ယူရမယ့် ကလေးငယ်များသာမကပဲ မိဘ ဆရာများကလည်း မိမိတို့နဲ့ အနီးကပ်ထိတွေ့ရမယ့် ကလေးများရဲ့ လေ့လာသင်ယူမှု နည်းလမ်း၊ ပုံစံများကို သိရှိထားဖို့ရာ အထူးပင်လိုအပ်လှပါတယ်။



ယခုအခါမှာတော့ မတူညီတဲ့ပတ်၀န်းကျင် အမျိုးမျိုးမှ ကလေးငယ်များရဲ့ သင်ယူလေ့လာနိုင်ပုံ (၄) မျိုး အကြောင်းကို ဖော်ပြပေးမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ကလေးတစ်ယောက်ချင်း စီမှာလည်း မတူညီတဲ့ သင်ကြားမှုပုံစံ တစ်မျိုးထက်မက ရှိနိုင်ပါတယ်။

Visual Learners

===============



Visual Learners လေးတွေကတော့ သူတို့လေးတွေရဲ့ မြင်နိုင်စွမ်းမှ တစ်ဆင့် လေ့လာသင်ယူကြပါတယ်။ သူတို့လေးတွေကတော့ အကြောင်းအရာတွေ အပြုအမူတွေ နေထိုင်သွားလာ လှုပ်ရှားမှုတွေကို သူတို့ မြင်နေတွေ့နေရတဲ့ မိဘတွေ ၊ ဆရာတွေရဲ့ ကိုယ်လက်အမူအရာ၊ လှုပ်ရှားမှု၊ မျက်နှာအမူအရာတွေကနေ သင်ယူလေ့လာကြပါတယ်။ သူတို့လေးတွေမှာတော့ ကောင်းမွန်တဲ့ စိတ်ကူးစိတ်သန်းတွေရှိကြပြီး သရုပ်ဖော်ပုံလေးတွေ ရုပ်ပုံကားချပ်လေးတွေ ဓာတ်ပုံလေးတွေပါတဲ့ စာအုပ်လေးတွေကနေ လေ့လာရတာကို ကြိုက်နှစ်သက်ကြပါတယ်။ ပတ်ဝန်းကျင်ကနေတစ်ဆင့် လေ့လာရတာကိုလည်း ကြိုက်နှစ်သက်ကြပါတယ်။ စာသင်ခန်းထဲမှာ ဆူဆူညံညံလှုပ်ရှားနေတာမျိုး ဆိုရင်တော့ သူတို့အတွက် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ သူတို့လေးတွေကို စာသင်ကြားပေးမယ် ဆိုရင်တော့ သရုပ်ပြပုံကောင်းကောင်းနဲ့ သင်ကြားပေးပါ။ အရောင်စုံသင်ရိုး စာအုပ်လေးတွေကို အသုံးပြုပါ။ သက်ေတနဲ့ ရုပ်ပုံကားချပ်လေးတွေကို ဆွဲပြီး လေ့ကျင့်ပေးပါ။ သင်ကြားရေး အထောက်အကူပြု ရုပ်ပုံကားချပ်လေးများကိုလည်း အသုံးပြုပြီး သင်ကြားပေးလို့ရပါတယ်။

Auditory Learners

=================



Auditory Learners လေးတွေကတော့ စိတ်၀င်စားစရာ အကြောင်းအရာမျိုးသူတို့‌‌‌ရှေ့ပြောပြီဆို ပြောသမျှကို မမေ့မလျော့ အကုန်နီးပါး မှတ်ထားနိုင်ပြီး အကြားစွမ်းရည်မှာ ပါရမီထူးချွန်သူလေးတွေပဲဖြစ်ပါတယ်။ စကားနဲ့ပြောဆို ဆက်သွယ်ခြင်းက သူတို့လေးတွေအတွက် အကြောင်းအရာ အချက်အလက်တွေကို ပိုမိုမှတ်မိစေနိုင်ပါတယ်။ ဆူဆူညံညံပတ်၀န်းကျင်ကတော့ သူတို့အတွက် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပြီး တိတ်ဆိတ်တဲ့ ပတ်၀န်းကျင်ကတော့ သူတို့အတွက် သင်ယူလေ့လာဖို့အကောင်းဆုံးနေရာပါပဲ။ သူတို့လေးတွေကိုစာသင်ပေးမယ်ဆိုရင်တော့ တိတ်ဆိတ်တဲ့ ပတ်၀န်းကျင်မှာ သင်ယူစေတာမျိုးတို့ စကားလုံးအသစ်တွေအတွက် ရုပ်ပုံကားချပ်တွေ အသုံးပြုပြီး အသံကျယ်ကျယ်နဲ့ထွက်ဖတ်တာတို့ စကားလုံးလေးတွေကို အသံသွင်းခိုင်းပြီး ပြန်နားထောင်စေတာတို့က အသင့်တော်ဆုံးပဲဖြစ်ပါတယ်။

Tactile Learners

===============



Tactile Learners လေးတွေကတော့ တစ်ခုခုဆို ချရေးမှ မှတ်မိသူတွေဖြစ်ပြီး သူတို့ကိုယ်တိုင် ပါ၀င်ပြုလုပ်ရတဲ့ လုပ်ဆောင်ချက်လေးတွေ ကစားနည်းလေးတွေကို ပိုမိုနှစ်သက်သူမျိုးတွေပါ။ ကျောင်းစာသင်ကြားရာမှာလည်း စိတ်၀င်စားလွယ်သူတွေပဲဖြစ်ပါတယ်။ သူတို့ရဲ့မှတ်ဉာဏ်လေးတွေ ပိုမိုကောင်းမွန်လာဖို့အတွက် ပန်းချီဆွဲရတာ ၊ စာရွက်ပေါ်မှာရေးခြစ်ရတာလေးတွေကိုလည်း ကြိုက်နှစ်သက်ကြပါတယ်။ သူတို့လေးတွေကို စာသင်ကြားပေးမယ်ဆိုရင်တော့ စာကို တောက်လျှောက်ကြီး သင်တာမျိုး မဟုတ်ပဲ ကစားနည်းလေးတွေ ၊ ပဟေဠိလေးတွေနဲ့ ညှပ်ပြီး သင်ကြားပေးတာမျိုးက ပိုမိုအထောက်အကူဖြစ်စေနိုင်ပါတယ်။ သင်ခန်းစာနဲ့ ပတ်သက်ကြီး သရုပ်ဖော်စေတာ လက်တွေ့လုပ်ဆောင်စေတာမျိုးကလည်း အထောက်အကူဖြစ်စေပါတယ်။ အထူးသဖြင့်တော့ သူတို့လေးတွေအတွက်က စိတ်ရှည်လက်ရှည်နဲ့ စိတ်ဝင်စားမှုအပေါ်မူတည်ပြီး အချိန်ခွဲသင်ပေးတာ အကောင်းဆုံးပါပဲ။

Kinesthetic Learners

=================



သူတို့လေးတွေကတော့ လှုပ်ရှားမှုနဲ့ လုပ်ဆောင်ချက်တွေကနေ သင်ယူလေ့လာကြသူတွေပါ။ သူတို့လေးတွေက တစ်နေရာတည်းမှာ လုံး၀ငြိမ်သက်ပြီး မနေနိုင်ပဲ တက်တက်ကြွကြွ လှုပ်ရှားနေရမှ ကျေနပ်နိုင်တဲ့သူမျိုးတွေပါ။ အာရုံတစ်ခုတည်းမှာ အကြာကြီးထားခိုင်းလို့မရပဲ တစ်ခုပြီးတစ်ခုပြောင်းလုပ်နေရတာကို ကြိုက်နှစ်သက်တဲ့သူမျိုးတွေပါ။ သူတို့လေးတွေကို တက်တက်ကြွကြွနဲ့ ကိုယ်တိုင်ကိုယ်ကျ ပါ၀င်လှုပ်ရှားခိုင်းလို့ရတဲ့ သင်ကြားမှုပုံမျိုးနဲ့ကိုင်တွယ်မှသာ သူတို့ရဲ့စိတ်၀င်စားမှုကို အပြည့်အ၀ ရရှိစေမှာပါ။ သူတို့လေးတွေက ဖန်တီးမှုအားကောင်းသလို ဉာဏ်ရည်လည်း ကောင်းကြတဲ့ အတွက် နှုတ်တိုက်အလွတ်ရေးနည်း စနစ်တွေက သူတို့အတွက်တော့ အဆင်မပြေလှပါဘူး။ တွန်းအားလည်း အရမ်းကြီး သွားပေးလို့မရတဲ့ သူမျိုးတွေပါ။ သင်ခန်းစာ နဲ့ အတူ လုပ်ဆောင်ချက်လေးတွေ ကစားနည်းလေးတွေနဲ့ တွဲသင်မယ်ဆိုရင်တော့ စာသင်တဲ့ အခါမှာ ပျော်ရွှင်လာပါလိမ့်မယ်။

မိဘနဲ့ ဆရာ/ဆရာမဆိုတာက ကလေးတွေရဲ့ ငယ်ရွယ်စဥ်ဘ၀မှာ လွှမ်းမိုးနိုင်မှုအားအကောင်းဆုံး

သူတွေပါပဲ။ ကလေးငယ်တစ်ဦး တိုးတက်လာဖို့အတွက် ဘယ်လိုဘယ်ပုံသင်ကြားရမယ်ဆိုတာ အထူးနားလည် သဘောပေါက်ထားဖို့လိုအပ်လှပါတယ်။ ဒါကြောင့် မိဘတွေ၊ ဆရာ ၊ဆရာမတွေ

အနေနဲ့ ကလေးတစ်ဦးချင်းစီရဲ့ သင်ယူနိုင်မှုပုံစံကို သိရှိပြီး ကိုက်ညီတဲ့ နည်းလမ်းကို အသုံးပြုနိုင်မယ်ဆိုရင် ကျောင်းစာတွေတင် မကပဲ ကလေးငယ်ရဲ့ အခြားသော ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကိုပါ အများကြီးပံ့ပိုးပေးနိုင်မယ်လို့ ယုံကြည်မိပါတယ်။





Source From >>>>

Google & abilitypath.org

ယနေ့ တောင်ကြီးအခြေအနေ မိုးအေးအေစလေးနဲ့ ဆွေးလို့ကောင်း
25/05/2024

ယနေ့ တောင်ကြီးအခြေအနေ
မိုးအေးအေစလေးနဲ့ ဆွေးလို့ကောင်း

လက်လန်တယ်၊😄😄😄😄
25/05/2024

လက်လန်တယ်၊😄😄😄😄

အသက် ၆ နှစ်မတိုင်ခင် ပျိုးထောင်ပေးရမယ့် အ လေ့အကျင့်ကောင်း ၆ ခု==========================ကြယ်စင်ဖြူကျွန်မတို့အသက်ရှင်နေသမ...
24/05/2024

အသက် ၆ နှစ်မတိုင်ခင် ပျိုးထောင်ပေးရမယ့် အ လေ့အကျင့်ကောင်း ၆ ခု
==========================
ကြယ်စင်ဖြူ

ကျွန်မတို့အသက်ရှင်နေသမျှကာလပတ်လုံး ကျွန်မတို့ရင်သွေးလေးတွေရဲ့ မိဘ တွေအဖြစ်ရပ်တည်နေမှာဖြစ်ပါတယ်။ဒီလိုပဲတစ်ချိန်မှာ သူတို့လေးတွေကြီးပြင်းလာမယ် လူကြီးတစ်ယောက်အဖြစ်ရပ်တည်လာမယ်ဆိုတာတော့ မေ့ထားလို့မရပါဘူး။
ဒါကြောင့်ငယ်ရွယ်ချိန်မှာ အမူအကျင့်ကောင်းတွေ အ တွေးအ ခေါ်ကောင်းတွေ ပြုစုပျိုးထောင်ပေးဖို့သိပ်ကိုအ ရေးကြီးပါတယ်။ ဒီလိုပြုစုပျိုးထောင်ပေးခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသော အမှီအခိုကင်းသော လူသားဆန်သော သူတစ်ယောက်အဖြစ် ရပ်တည်နိုင်မှာဖြစ်ပါတယ်။
က လေးတွေဟာ မွေးစက နေ အသက် ၇ နှစ်အထိ ရေမြှုပ်တစ်ခုလိုပါပဲ။သူပတ်ဝန်းကျင်က နေ ကောင်းဆိုးအကုန်စုပ်ယူတတ်ပါတယ်။ဒါကြောင့်ဒီအချိန်ဟာ သူတို့လေးတွေကိုအမှားအမှန် အ ကောင်းအဆိုး ဝေဖန်တတ်ဖို့ လေ့ကျင့်ပေးဖို့သိပ်ကိုအ ရေးကြီးပါတယ်။
ခုခေတ်မှာမိဘ တွေအ နေ နဲ့ ပန်းချီ၊ ဂီတ၊ သင်္ချာ ၊ အက စတဲ့သင်တန်းတွေကို ပို့ဖို့အားသန်ုကြ ပေမယ့် ငယ်ရွယ်စဉ် အဓိကထားပြုစုပျိုးထောင်ပေးရမယ့် အ လေ့အကျင့်ကောင်းတွေကို အားစိုက်ဖို့မေ့နေတတ်ကြပါတယ်။
အခုပြောပြမှာက တော့ မိဘကိုယ်တိုင်က စံနမူနာလုပ်ပြရင်း လေ့ကျင့်ပေးရမယ့် အ လေ့အကျင့်ကောင်း ခြောက်ခုပါ။
၁။ လေးစားတတ်မှု
-----------------------
မိဘကိုယ်တိုင်က က လေးကို လေးစားမှုပြရပါမယ်။ဒါမှ က လေးက သူ့ကိုယ်သူရယ် သူ့ပတ်ဝန်းကျင်ကသူငယ်ချင်းမိတ်ဆွေ အ ပေါင်းအသင်း ဆရာ၊ ဆရာမ တွေရယ် တိရစ္ဆာန်လေးတွေနဲ့ သက်ရှိသက်မဲ့အားလုံးကို လေးစားတတ်မှာပါ။
ဒီလိုလေးစားတတ်မှသာ က လေးက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု စိတ်ရောကိုယ်ပါလုံခြုံမှုတွေကိုရ ရှိမှာဖြစ်ပါတယ်။ ကဲ...ဒါဖြင့် -
(က) မိဘက က လေးကို လေးစားတာကို ဘယ်လိုပြကြမလဲ။
(ခ) မိဘက က လေးကိုလေးစားတတ်အောင် ဘယ်လိုသင်ပေးကြမလဲ။
ဒါကအရမ်းလွယ်ပါတယ်နော်။အိမ်မှာပဲ စ လေ့ကျင့်ကြပြီး အလျဉ်းသင့်သလို အပြင်သွားရင်းရောက်တဲ့နေရာမှာ လေ့ကျင့်လို့ရပါတယ်။

မိဘက က လေးကို လေးစားတာကိုဘယ်လိုပြကြမလဲ။

(က) က လေးဘာဖြစ်ချင်လဲ။ က လေးဆန္ဒကိုဦးစားပေးမေးပါ။ဥပမာ- ည နေစာဘာစားချင်လဲ။ ဘာချက်ပေးရမလဲ။အပြင်သွားမယ်ဆို ဘာဝတ်ချင်လဲ ဘယ်သွားချင်လဲ။ ကစားစရာ ဝယ်တဲ့အခါ သူကြိုက်တာကိုပဲရွေးစေတာမျိုးပါ။
(ခ) မိဘက က လေးကိုလေးစားတတ်အောင် ဘယ်လိုသင်ပေးကြမလဲ။

က လေးကို သူပိုင်ဆိုင်တဲ့ ကစားစရာကလွဲလို့ သူများပစ္စည်းတွေကို ခွင့်မ တောင်းဘဲယူခြင်း လုခြင်းမရှိ အောင် သင်ပေးလို့ရပါတယ်။ ဥပမာ - မေ မေ့ အဝတ်ဘီရို မှန်တင်ခုံတွေကို စိတ်ရှိတိုင်း ဖွတာမျိုးကို ခွင့်ပြုမယ့်အစား က လေးကို အဝတ်ဘီရို မှန်တင်ခုံက နေ ဘာလိုချင်တာလဲမေး လိုချင်တာကိုပဲယူစေပြီး မပျက်စီးစေဘဲ သူ့နေရာသူပြန်ထားတတ်အောင် ပြောပြနိုင်ပါတယ်။ ဒါကအစပိုင်းမှာ ခက်နိုင်ပေမယ့် စိတ်ရှည်ရှည်လေ့ကျင့်ပါ။ အောင်မြင်ပါတယ်။ အကျိုးများတယ်နော်။

၂။ တာဝန်ယူတတ်မှု

က လေးဆိုတာ တစ်သက်လုံး က လေးအဖြစ်ပဲ ရှိနေမှာ မဟုတ်ပါဘူးနော်။သူတို့လေးတွေဟာ တစ်နေ့ထက်တစ်နေ့ ကြီးပြင်းလာနေမှာပါ။ ငယ်ရွယ်စဉ်အခါမှာ ကတည်းက တာဝန်ယူတတ်အောင် လေ့ကျင့်သင်ကြားပေးခြင်းအားဖြင့် သူ့ကိုယ်သူတာဝန်ယူတတ်မယ်။ ကျောင်းပညာရေးမှာ ထူးချွန်မယ်။ တစ်ချိန်မှာ လုပ်ငန်းခွင်ဝင်တဲ့အခါမှာ အလုပ်ကြိုးစားပြီး နာမည်ကောင်းရပါမယ်။

Toddler (1 to 4 years) အရွယ်က နေစပြီး ကစားပြီးတာနဲ့အရုပ်တွေပြန်သိမ်းတတ်အောင် လေ့ကျင့်ပေးပါ။ သူနဲ့တူတူသိမ်းတာမျိုးလုပ်ပါ။ သူတစ်ခုခုသိမ်းပြီးတိုင်းမှာ တစ်ခုခုကောင်းမွန်တာလုပ်ပြီးတိုင်းမှာ ချီးမွမ်းဖို့သတိရပါ။ဒါဟာ ဒီအမူအကျင့်ကောင်းလေးကို ထပ်ခါထပ်ခါလုပ်ဖို့ တွန်းအားကောင်းတစ်ခု ခွန်အားတစ်ခုကိုဖြစ်စေပါတယ်။ တကယ်လို့သာ က လေးက သူသိပ်ကြိုက်တဲ့ ကစားစရာလေးတစ်ခုခုကို မ တော်တဆဖျောက်ဖျက်မိမယ်ဆိုရင်လည်း ချက်ချင်းပြန်မဝယ်ပေးပါနဲ့။ ဒီအဖြစ်အပျက်က နေ သူသင်ခန်းစာရပါစေ။ တာဝန်ယူတတ်မှုနဲ့ပတ်သက်တဲ့ စာအုပ်မျိုးဖတ်ပြပါ။ ပြီးရင်မေးခွန်းလေးတွေ မေးပြီး အပြန်အလှန်ဆွေးနွေးပါ။

၃။ ကြံ့ကြံ့ခံနိုင်မှု
--------------------
အခက်အခဲကို ကြံ့ကြံ့ခံနိုင်အောင် လေ့ကျင့်ပျိုးထောင်ပေးခြင်းအားဖြင့် အမှားလုပ်မိရင်တောင် နောင် တ တွေနဲ့ ပြိုလဲမ နေဘဲ အမှားက နေ သင်ခန်းစာယူနိုင်ပြီး မိမိကိုယ်ကိုယုံကြည်မှုမပျက်ပြားဘဲ ဆက်လက်ရပ်တည်နိုင်မှာဖြစ်ပါတယ်။ က လေးကိုလွယ်လွယ်ကူကူ လက် မ လျှော့တတ်အောင် ထပ်ခါထပ်ခါ ကြိုးစားအားထုတ်တတ်အောင် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးနိုင်ပါတယ်။
ဥပမာ - Block တွေ ဆောက်တဲ့အခါ ပြိုကျခဲ့ရင် အားပေးရင်း အမြင့်ကြီးရောက်အောင်ပြီးတဲ့ထိ ဆောက်စေတာမျိုး ဆောက်ပြီးတဲ့အခါအားပေးချီးမွမ်းတာမျိုးပါ။ တစ်ဖက်ကလည်း မိဘကိုယ်တိုင်က အခက်အခဲနဲ့ကြုံရင် ဘယ်လိုဖြေရှင်းလဲဆိုတာ က လေးမြင်စေ လေ့လာခွင့်ရပါစေ။ ဥပမာ - ပျက်တဲ့ကွန်ပျူတာကို ပြင်တာမျိုး၊ကိုယ်မရ ပေမယ့် မကြိုက်ပေမယ့် က လေးကြိုက်တဲ့ Nursery Rhyme ကိုရ အောင် ကျက်မှတ်ပြတာမျိုးပါ။က လေးနဲ့တူတူလိုက်ဆိုတာမျိုးပါ။

၄။ ရိုးသားမှု
-----------------
ဒီခေါင်းစဉ်ဟာ က လေးပြုစုစောင့်ရှောက်ရေးမှာ အ ရေးအကြီးဆုံးပေမယ့် ကျွန်မတို့တွေအမြဲမေ့ထားတတ်တဲ့ ခေါင်းစဉ်ဆိုလည်းမမှားပါဘူး။ရိုးသားရိုးဖြောင့်မှုကို က လေးကိုသင်ချင်ရင် မိဘကိုယ်တိုင်ကမိမိရဲ့ ရင်သွေးနဲ့ဆက်ဆံရေးမှာ ရိုးသားရပါမယ်။ဘယ်လို ရိုးသားရမလဲဆိုတာကို သိသာမြင်သာတဲ့ ဥပမာပေးရမယ်ဆိုရင် က လေးက မေးတဲ့ မေးခွန်းတွေအ ပေါ် ရိုးသားပါ။က လေးက မေးရင်ရိုးရိုးသားသားဖြေပါ။ မသိရင်လည်းမသိကြောင်း ကိုယ်မှားသွားရင်လည်းမှားကြောင်းဝန်ခံပါ။ က လေးက လိမ်ညာခဲ့ရင်လည်းအပြစ်တင်မယ့်အစားအမှန်ကိုပြောရဲအောင် အားပေးပါ။ထပ်ခါ ထပ်ခါ အားပေးတိုက်တွန်းပါ။ က လေးကအမှန်ကိုပြောတိုင်းမှာလည်း မပြတ်ချီးမွမ်းပါ။

၅။ ဂရုစိုက်တတ်မှု
--------------------
သူတစ်ပါးကို ဂရုစိုက်တတ်တဲ့က လေးဟာ သူတစ်ပါးကိုနားလည်တတ် စာနာတတ်ပါတယ်။ ဒါကိုဘယ်လိုပြုစုပျိုးထောင် ပေးကြမလဲဆိုရင် အနီးစပ်ဆုံး သူ မလိုတော့တဲ့ ကစားစရာနဲ့အသုံးအ ဆောင်တွေကို လိုအပ်တဲ့နေရာတွေမှာ တူတူလှူကြတာမျိုး နေ မ ကောင်းတဲ့သူငယ်ချင်းအတွက် Get Well Soon Card လေးလုပ် လက်ဆောင်လေးဝယ်ပြီးတူတူအားပေးစကားသွားပြောတာမျိုးပါ။

၆။ စည်းကမ်းသေဝပ်မှု
---------------------
က လေးဘဝကတည်းက စည်းကမ်းရှိတဲ့သူဟာ သူကြီးပြင်းလာလေ လေ သူ့ဘဝ တစ်လျှောက်မှာ ကျောင်းစားမှာရော လုပ်ငန်းခွင်မှာပါ ထူးချွန်ပါတယ်။ ဒီ အ လေ့အကျင့် ကောင်းတွေဟာ ဘဝအတွက် အ ရေးကြီးတဲ့ ဆုံးဖြတ်ချက်ချရမယ့်အချိန်မျိုး အ ဖြေရှာရမယ့် အချိန်မျိုးမှာ အရမ်းကိုအ ထောက်အကူဖြစ်ပါတယ်။ ဒါဖြင့် စည်းကမ်းသေဝပ်အောင် ဘယ်လိုလေ့ကျင့်ကြမလဲ။

(က) မိဘကိုယ်တိုင်က စည်းကမ်းရှိရပါမယ်။ စမိတဲ့အလုပ်တိုင်းကို အဆုံးထိတာဝန်ယူပြီး မြောက်စေရပါမယ်။ကိုယ်စထားတဲ့ လုပ်လက်စ တွေကိုမိသားစုဝင်တစ်ယောက်ယောက်က ကူရှင်းပေးရတာမျိုးမလုပ်ပြရပါဘူး။
(ခ) က လေးကိုလည်း အချိုပွဲမစားခင် ညစာကို အရင်ပြီးအောင်စားစေတာမျိုး ကိုယ်ကစားထားတာတွေကို ကိုယ့်ဘာသာ သိမ်းစေတာမျိုးပါ။

ဒီ အ လေ့အကျင့်ကောင်းတွေကိုပြုစုပျိူးထောင် ပေးခြင်းအားဖြငိ့ က လေးကဘဝမှာ ဘယ်လိုရပ်တည်ရမလဲ ဘာကိုတန်ဖိုးထားရမလဲ ဘယ်လိုပြုမူပြောဆိုနေထိုင်ရမလဲ သိလာပါမယ်။

ကြယ်စင်ဖြူ
-----------------

Ref #6 Values to teach by age 6
Essential Parenting Magazine

crd #

ကလေးလွယ်အိတ်ဆန်းပြီး အရမ်းချစ်ဖို့ကောင်းတယ်နော်ပစ္စည်းလည်းနောက်အပတ်ထဲရောက်မှာဆိုတော့ မြန်မြန်အော်ဒါမှာထားကြနော်
24/05/2024

ကလေးလွယ်အိတ်ဆန်းပြီး အရမ်းချစ်ဖို့ကောင်းတယ်နော်
ပစ္စည်းလည်းနောက်အပတ်ထဲရောက်မှာဆိုတော့ မြန်မြန်အော်ဒါမှာထားကြနော်




ယနေ့ အမှန်တရားတစ်ခု ၊😟😟😟😟😟😟😟
23/05/2024

ယနေ့ အမှန်တရားတစ်ခု
၊😟😟😟😟😟😟😟

ဟိုက်.....
23/05/2024

ဟိုက်.....

ဒီနေ့ ကလေးကျောပိုးအိတ်လေးတင်မယ်နော် လိုချင်တဲ့ သူများ အော်ဒါ ကြိုတင်ထားလို့ရတယ်နော် ပစ္စည်းရောက်ရင်လည်း အကုန်မြန်လို့ မြ...
23/05/2024

ဒီနေ့ ကလေးကျောပိုးအိတ်လေးတင်မယ်နော် လိုချင်တဲ့ သူများ အော်ဒါ ကြိုတင်ထားလို့ရတယ်နော် ပစ္စည်းရောက်ရင်လည်း အကုန်မြန်လို့ မြန်မြန်မှာထားပေးပါနော်
အခုပစ္စည်းက သားသားမီးမီးအကြိုက်နော်

Address

No. 83, Payae Ngwe Taung Street
Taunggyi
11051

Opening Hours

Monday 16:00 - 22:00
Tuesday 00:00 - 22:00
Wednesday 00:00 - 22:00
Thursday 00:00 - 22:00
Friday 00:00 - 22:00
Saturday 00:00 - 21:30
Sunday 00:00 - 21:30

Telephone

+959252627030

Website

Alerts

Be the first to know and let us send you an email when Austin Baby Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category