FatherFamer

FatherFamer Selling Agricultural Products @ Services @ Shareing Agricultural Knowledges

05/09/2025
24/11/2024

ဆောင်းငရုတ်အထွက်ကောင်းဖို့ ဘယ်လိုနည်းလမ်းကောင်းတွေနဲ့ စိုက်ပျိုးမလဲ။
======================================

ငရုတ်ကို သာမန်အားဖြင့် ငရုတ်အစပ်မျိုးနဲ့ ငရုတ်အချိုမျိုးဆိုပြီး ခွဲခြားနိုင်ပါတယ်။ မျိုးအလိုက် အချို့ငရုတ်သီး တွေဟာ မိုးပေါ်ကိုထောင်ပြီး အချို့က အောက်ကို ငိုက်ပြီးသီးပါတယ်။ ငရုတ်သီးပုံသဏ္ဍာန်မှာလည်း အရှည်၊ အပု၊လုံးဝိုင်းပုံအမျိုးမျိုးရှိကြပါတယ်။ ငရုတ်ကို စိုက်ပျိုးတဲ့ရာသီအလိုက် မိုးကြိုငရုတ်၊ မိုးငရုတ်၊ ဆောင်းငရုတ်ဆို ပြီးရှိပါတယ်။ မိုးကြိုငရုတ်ကို ဖေဖော်ဝါရီ၊ မတ်လမှာ ပျိုးထောင်ပြီး ဧပြီ၊မေလမှာပြောင်းရွှေ့စိုက်ပျိုးကာ ဇူလိုင်၊ သြဂုတ်မှာ ခူးပါတယ်။ မိုးငရုတ်ကိုတော့ ဧပြီ၊မေလမှာ ပျိုးထောင်၊ ဇွန်လမှာ ပြောင်းရွှေ့စိုက်ပျိုးပြီးရင် စက်တင် လမှာခူးဆွတ်ပါ တယ်။ ဆောင်းငရုတ်ကိုတော့ အောက်တိုဘာလမှာပျိုးထောင်ပြီး နိုဝင်ဘာမှာ စိုက်ပျိုးကာ ဖေဖော်ဝါရီနဲ့ မတ်လတွေမှာ ခူးဆွတ်ပါတယ်။

ကြိုက်နှစ်သက်သောရာသီဥတုနှင့်မြေအမျိုးအစား
---------------------------------------------------------------------------
ငရုတ်ဟာ ပူနွေးတဲ့ရာသီဥတုကို ကြိုက်နှစ်သက်ပြီး မိုးရေချိန် (၂၅-၅၀)လက်မရွာသွန်းတဲ့ဒေသမှာ စိုက်ပျိုးဖြစ် ထွန်းပါတယ်။ ပူပြင်းတဲ့ဒဏ်ကို ခံနိုင်ပေမယ့် အသီးဖြစ်ထွန်းမှုနည်းပါတယ်။ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေ မှာ ရာသီမရွေးစိုက်ပျိုးကြပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသမှာတော့ ဆောင်းရာသီမှာ စိုက်ပျိုးနိုင်ပါတယ်။ အပူချိန်(၂၀-၃၀)ဒီဂရီစင်တီဂရိတ်မှာ အကောင်းဆုံးဖြစ်ထွန်းပြီး (၁၅)ဒီဂရီစင်တီဂရိတ်ထက်နိမ့်ပြီး (၃၂)ဒီဂရီ စင်တီဂရတ်ထက်မြင့်ရင် အပင်ကြီးထွားမှုနှေးပြီး သီးထွက်လျော့နိုင်ပါတယ်။
ငရုတ်ကို မြေအမျိုးအစားမရွေးစိုက်ပျိုးနိုင်ပြီး သဲနုန်းမြေဟာ အကောင်းဆုံးဖြစ်ပါတယ်။ အသင့် တော်ဆုံး မြေချဉ်ငန်ဓာတ်က (၅.၅-၇) အတွင်းဖြစ်ပါတယ်။

မျိုးစေ့နှုန်း
----------------
စိုက်ပျိုးတဲ့ စနစ်ပေါ်မူတည်ပြီး တစ်ဧကကို မျိုးစေ့ (၁၀၀-၂၀၀)ဂရမ်လိုအပ်ပါတယ်။

မြေသြဇာအသုံးပြုနှုန်း
--------------------------------
တစ်ဧကကို နွားချေး (၁၅)တန် ယူရီးယား (၅၀)ကီလိုဆန့် (၂)အိတ်၊ တီစူပါ (၅၀)ကီလိုဆန့် (၁)အိတ်နဲ့ ပိုတက်ရှ် (၅၀)ကီလိုဆန့် (၁)အိတ် ထည့်သွင်းအသုံးပြုသင့်ပါတယ်။

ပျိုးထောင်ခြင်း
-----------------------
ပျိုးဘောင်ကို သေချာပြုပြင်ပြီး (၆)လက်မကွာ အတန်းလိုက်အစေ့ချပျိုးထောင်ပါ။ ပူပြင်းတဲ့ရာသီတွေမှာ ပျိုးဘောင်ကို အမိုးပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ပုရွက်ဆိတ်ရန်မှကင်းဝေးဖို့ ပျိုးဘောင်မှာ မြေအောင်းပိုး သတ်ဆေးထည့်သွင်းအသုံးပြုခြင်း ဒါမှမဟုတ် မျိုးစေ့လူးနယ်ပြီး စိုက်ပျိုးသင့်ပါတယ်။ အစိုဓာတ်မပြတ်စေဖို့ ရေမှန်မှန်လောင်းပေးဖို့ လိုအပ်ပါတယ်။

မြေပြုပြင်ခြင်း
-----------------------
စိုက်ခင်းမြေကို နွားချေးချထယ်ထိုးပြီး ထွန်ရေးကောင်းရတဲ့အထိ ထွန်မွှေပါ။ အစိုဓာတ် ထိန်းထားနိုင်ဖို့အတွက် ကြမ်းရိုက်ပါ။ မြေခံအဖြစ် ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ် (၁)အိတ်စီထည့်သွင်းအသုံးပြူပါ။

စိုက်ပျိုးခြင်း
--------------------
ပျိုးသက် (၃၀-၄၅)ရက်သားအရွယ်မှာ ပြောင်းရွှေ့စိုက်ပျိုးပါ။ မိုးကာလမှာ ပျိုးသက်ကို (၂)လအထိ ထားနိုင်ပါ တယ်။ မျိုးအလိုက် အပင်အကွာအဝေးကွာခြားပါတယ်။ တန်းကြားပင်ကြား (၂)ပေနဲ့ တစ်ဧက အပင်ဦးရေ (၁၀၀၀၀) ဝင်အောင် စိုက်ပျိုးပါ။ ညနေခင်းနေအေးချိန်မှာ ရွှေ့ပြောင်းစိုက်ပျိုးပါ။ အပင်စိုက်ပျိုးစဉ်မှာ အမြစ်ကို မြေထဲဖြောင့်တန်းနေအောင် ထည့်သွင်းစိုက်ပျိုးဖို့ လိုပါတယ်။

အပင်ပြုစုခြင်း
-----------------------
ရွှေ့စိုက်ပြီး (၂၀) ရက်သားမှာ ပေါင်းလိုက်ပါ။ စိုက်ပျိုးပြီး (၁)လသားမှာ ယူရီးယားအိတ်ဝက်ထပ်ထည့်ပြီး ပေါင်းလိုက်မြေတောင်မြှောက်ပါ။ အသီးတင်အားကောင်းဖို့ ပထမဆုံးပွင့်တဲ့ ပန်းပွင့်ကို ခြွေပေးသင့်ပါတယ်။

ရေသွင်းခြင်း
--------------------
မြေတွင်းအစိုဓာတ်နည်းသွားရင် အပွင့်အသီးတွေ ကြွေကျတတ်တာကြောင့် ရေသွင်းပေးပါ။

ပိုးမွှားရောဂါကာကွယ်ခြင်း
-----------------------------------------
ပျိုးခင်းမှာ မျိုးကြောင့်ဖြစ်တဲ့ ခါးရိရောဂါကာကွယ်ဖို့ ပျိုးဘောင်တွေကို မစိုက်ပျိုးခင် ပိုးသတ်ပေးဖို့ လိုအပ်ပါ တယ်။ စိုက်ခင်းမှာအဓိကကျတာက သီးထိုးကျိုင်း၊ သီးထိုးယင်တွေကျရောက်ပြီး ယင်မတွေဟာ အသီးနုပေါ်မှာ ဥဥချပြီး ဥမှပေါက်လာတဲ့ အကောင်ငယ်တွေဟာ သီးတောင့်တွေကို ဖျက်ဆီးပါတယ်။ ကာကွယ်ရမှာက ပါရာသီယွန်ဆေးကို တစ်ပတ်တစ်ကြိမ် ဒါမှမဟုတ် (၁၀) ရက်တစ်ကြိမ် ဆေး (၃၀)စီစီကို ရေ (၄)ဂါလံနဲ့ဖျော်ပြီး အသီးတွေစတင်ဖြစ်ပေါ်ချိန်မှစပြီး ပက်ဖျန်းကာကွယ်နိုင်ပါတယ်။

ခူးဆွတ်ခြင်းနှင့်အထွက်နှုန်း
-------------------------------------------
အစိမ်းအဖြစ်ခူးမယ်ဆိုရင် အသီးအရွယ်ရောက်ပြီး အစိမ်းရင့်ချိန် ဒါမှမဟုတ် အရောင်ပြောင်းစချိန်မှာ ခူးရမှာဖြစ်ပါတယ်။ အခြောက်အဖြစ်ခူးမယ်ဆိုရင်တော့ အနီရောင်ကို ကောင်းကောင်းပြောင်းပြီးမှ ခူးရမှာဖြစ်ပါတယ်။ အသီးတွေကို (၅) ရက်တစ်ကြိမ် ခူးဖို့ လိုအပ်ပါတယ်။
မိုးနှောင်းစိုက်တစ်ဧက ငရုတ်ခြောက် (၁၅၀-၂၀၀)ပိဿာ၊ ငရုတ်အစိုဟာ အခြောက်ထက် (၃-၄)ဆခန့် ပိုပြီး ထွက်နိုင်ပါတယ်။ ငရုတ်အစိုတွေကို အပူချိန် (၅၀)ဒီဂရီစင်တီဂရိတ်ရှိ ရေနွေးမှာ (၃-၅)မိနစ်ခန့် အထိ စိမ်ပေးပြီး နေလှန်းအခြောက်ခံခြင်းအားဖြင့် ငရုတ်သီးအရောင်တောက်ပစေပြီး ထားသိုချိန်မှာ လည်း ကြာရှည်ခံစေမှာဖြစ်ပါတယ်။ ငရုတ်သီးကို အခြောက်ပြုလုပ်ပြီးမှ သိုလှောင်ရတာဖြစ်ပါတယ်။ အခွံပါးပြီး အတောင့်သေးတဲ့မျိုးတွေကို အများအားဖြင့် နေရောင်နဲ့ အခြောက်ခံပြီး အခွံပွပြီး အတောင့် ကြီးတဲ့ မျိုးကိုတော့ ရေနွေးဖျောပြီးမှ အခြောက်ခံကြပါတယ်။ အထူးသဖြင့် ပုလိပ်ငရုတ်ချိုကို ရေနွေး ဖျောပြီးမှသာ အခြောက်ခံကြပါတယ်။

မျိုးစေ့ထုတ်ယူနည်း
--------------------------------
မျိုးစေ့ခံမယ့် အပင်ကိုရွေးပြီးနောက် အသီးကောင်းကောင်းရင့်မှည့်ချိန်မှာခူးဆွတ်ပြီး အစိုအတိုင်းမျိုးစေ့ ထုတ်ယူပါ။ အခန်းတွင်းအရိပ်အောက်မှာ အခြောက်ခံပါ။ တိုက်ရိုက်နေရောင်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။
Source; စိုက်ပျိုးရေးဦးစီးဌာန

လယ်ယာစိုက်ပျိုးရေးကဏ္ဍ
Agriculture

ဆောင်းငရုတ်အထွက်ကောင်းဖို့ ဘယ်လိုနည်းလမ်းကောင်းတွေနဲ့ စိုက်ပျိုးမလဲ
============================

ငရုတ်ကို သာမန်အားဖြင့် ငရုတ်အစပ်မျိုးနဲ့ ငရုတ်အချိုမျိုးဆိုပြီး ခွဲခြားနိုင်ပါတယ်။ မျိုးအလိုက် အချို့ငရုတ်သီး တွေဟာ မိုးပေါ်ကိုထောင်ပြီး အချို့က အောက်ကို ငိုက်ပြီးသီးပါတယ်။ ငရုတ်သီးပုံသဏ္ဍာန်မှာလည်း အရှည်၊ အပု၊လုံးဝိုင်းပုံအမျိုးမျိုးရှိကြပါတယ်။ ငရုတ်ကို စိုက်ပျိုးတဲ့ရာသီအလိုက် မိုးကြိုငရုတ်၊ မိုးငရုတ်၊ ဆောင်းငရုတ်ဆို ပြီးရှိပါတယ်။ မိုးကြိုငရုတ်ကို ဖေဖော်ဝါရီ၊ မတ်လမှာ ပျိုးထောင်ပြီး ဧပြီ၊မေလမှာပြောင်းရွှေ့စိုက်ပျိုးကာ ဇူလိုင်၊ သြဂုတ်မှာ ခူးပါတယ်။ မိုးငရုတ်ကိုတော့ ဧပြီ၊မေလမှာ ပျိုးထောင်၊ ဇွန်လမှာ ပြောင်းရွှေ့စိုက်ပျိုးပြီးရင် စက်တင် လမှာခူးဆွတ်ပါ တယ်။ ဆောင်းငရုတ်ကိုတော့ အောက်တိုဘာလမှာပျိုးထောင်ပြီး နိုဝင်ဘာမှာ စိုက်ပျိုးကာ ဖေဖော်ဝါရီနဲ့ မတ်လတွေမှာ ခူးဆွတ်ပါတယ်။

ကြိုက်နှစ်သက်သောရာသီဥတုနှင့်မြေအမျိုးအစား
------------------------------------------------------ ငရုတ်ဟာ ပူနွေးတဲ့ရာသီဥတုကို ကြိုက်နှစ်သက်ပြီး မိုးရေချိန် (၂၅-၅၀)လက်မရွာသွန်းတဲ့ဒေသမှာ စိုက်ပျိုးဖြစ် ထွန်းပါတယ်။ ပူပြင်းတဲ့ဒဏ်ကို ခံနိုင်ပေမယ့် အသီးဖြစ်ထွန်းမှုနည်းပါတယ်။ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေ မှာ ရာသီမရွေးစိုက်ပျိုးကြပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသမှာတော့ ဆောင်းရာသီမှာ စိုက်ပျိုးနိုင်ပါတယ်။ အပူချိန်(၂၀-၃၀)ဒီဂရီစင်တီဂရိတ်မှာ အကောင်းဆုံးဖြစ်ထွန်းပြီး (၁၅)ဒီဂရီစင်တီဂရိတ်ထက်နိမ့်ပြီး (၃၂)ဒီဂရီ စင်တီဂရတ်ထက်မြင့်ရင် အပင်ကြီးထွားမှုနှေးပြီး သီးထွက်လျော့နိုင်ပါတယ်။
ငရုတ်ကို မြေအမျိုးအစားမရွေးစိုက်ပျိုးနိုင်ပြီး သဲနုန်းမြေဟာ အကောင်းဆုံးဖြစ်ပါတယ်။ အသင့် တော်ဆုံး မြေချဉ်ငန်ဓာတ်က (၅.၅-၇) အတွင်းဖြစ်ပါတယ်။

မျိုးစေ့နှုန်း
-------------
စိုက်ပျိုးတဲ့ စနစ်ပေါ်မူတည်ပြီး တစ်ဧကကို မျိုးစေ့ (၁၀၀-၂၀၀)ဂရမ်လိုအပ်ပါတယ်။

မြေသြဇာအသုံးပြုနှုန်း
-------------------------
တစ်ဧကကို နွားချေး (၁၅)တန် ယူရီးယား (၅၀)ကီလိုဆန့် (၂)အိတ်၊ တီစူပါ (၅၀)ကီလိုဆန့် (၁)အိတ်နဲ့ ပိုတက်ရှ် (၅၀)ကီလိုဆန့် (၁)အိတ် ထည့်သွင်းအသုံးပြုသင့်ပါတယ်။

ပျိုးထောင်ခြင်း
--------------------
ပျိုးဘောင်ကို သေချာပြုပြင်ပြီး (၆)လက်မကွာ အတန်းလိုက်အစေ့ချပျိုးထောင်ပါ။ ပူပြင်းတဲ့ရာသီတွေမှာ ပျိုးဘောင်ကို အမိုးပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ပုရွက်ဆိတ်ရန်မှကင်းဝေးဖို့ ပျိုးဘောင်မှာ မြေအောင်းပိုး သတ်ဆေးထည့်သွင်းအသုံးပြုခြင်း ဒါမှမဟုတ် မျိုးစေ့လူးနယ်ပြီး စိုက်ပျိုးသင့်ပါတယ်။ အစိုဓာတ်မပြတ်စေဖို့ ရေမှန်မှန်လောင်းပေးဖို့ လိုအပ်ပါတယ်။

မြေပြုပြင်ခြင်း
----------------
စိုက်ခင်းမြေကို နွားချေးချထယ်ထိုးပြီး ထွန်ရေးကောင်းရတဲ့အထိ ထွန်မွှေပါ။ အစိုဓာတ် ထိန်းထားနိုင်ဖို့အတွက် ကြမ်းရိုက်ပါ။ မြေခံအဖြစ် ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ် (၁)အိတ်စီထည့်သွင်းအသုံးပြူပါ။

စိုက်ပျိုးခြင်း
--------------
ပျိုးသက် (၃၀-၄၅)ရက်သားအရွယ်မှာ ပြောင်းရွှေ့စိုက်ပျိုးပါ။ မိုးကာလမှာ ပျိုးသက်ကို (၂)လအထိ ထားနိုင်ပါ တယ်။ မျိုးအလိုက် အပင်အကွာအဝေးကွာခြားပါတယ်။ တန်းကြားပင်ကြား (၂)ပေနဲ့ တစ်ဧက အပင်ဦးရေ (၁၀၀၀၀) ဝင်အောင် စိုက်ပျိုးပါ။ ညနေခင်းနေအေးချိန်မှာ ရွှေ့ပြောင်းစိုက်ပျိုးပါ။ အပင်စိုက်ပျိုးစဉ်မှာ အမြစ်ကို မြေထဲဖြောင့်တန်းနေအောင် ထည့်သွင်းစိုက်ပျိုးဖို့ လိုပါတယ်။

အပင်ပြုစုခြင်း
-------------------
ရွှေ့စိုက်ပြီး (၂၀) ရက်သားမှာ ပေါင်းလိုက်ပါ။ စိုက်ပျိုးပြီး (၁)လသားမှာ ယူရီးယားအိတ်ဝက်ထပ်ထည့်ပြီး ပေါင်းလိုက်မြေတောင်မြှောက်ပါ။ အသီးတင်အားကောင်းဖို့ ပထမဆုံးပွင့်တဲ့ ပန်းပွင့်ကို ခြွေပေးသင့်ပါတယ်။

ရေသွင်းခြင်း
---------------
မြေတွင်းအစိုဓာတ်နည်းသွားရင် အပွင့်အသီးတွေ ကြွေကျတတ်တာကြောင့် ရေသွင်းပေးပါ။

ပိုးမွှားရောဂါကာကွယ်ခြင်း
-------------------------------
ပျိုးခင်းမှာ မျိုးကြောင့်ဖြစ်တဲ့ ခါးရိရောဂါကာကွယ်ဖို့ ပျိုးဘောင်တွေကို မစိုက်ပျိုးခင် ပိုးသတ်ပေးဖို့ လိုအပ်ပါ တယ်။ စိုက်ခင်းမှာအဓိကကျတာက သီးထိုးကျိုင်း၊ သီးထိုးယင်တွေကျရောက်ပြီး ယင်မတွေဟာ အသီးနုပေါ်မှာ ဥဥချပြီး ဥမှပေါက်လာတဲ့ အကောင်ငယ်တွေဟာ သီးတောင့်တွေကို ဖျက်ဆီးပါတယ်။ ကာကွယ်ရမှာက ပါရာသီယွန်ဆေးကို တစ်ပတ်တစ်ကြိမ် ဒါမှမဟုတ် (၁၀) ရက်တစ်ကြိမ် ဆေး (၃၀)စီစီကို ရေ (၄)ဂါလံနဲ့ဖျော်ပြီး အသီးတွေစတင်ဖြစ်ပေါ်ချိန်မှစပြီး ပက်ဖျန်းကာကွယ်နိုင်ပါတယ်။

ခူးဆွတ်ခြင်းနှင့်အထွက်နှုန်း
-------------------------------
အစိမ်းအဖြစ်ခူးမယ်ဆိုရင် အသီးအရွယ်ရောက်ပြီး အစိမ်းရင့်ချိန် ဒါမှမဟုတ် အရောင်ပြောင်းစချိန်မှာ ခူးရမှာဖြစ်ပါတယ်။ အခြောက်အဖြစ်ခူးမယ်ဆိုရင်တော့ အနီရောင်ကို ကောင်းကောင်းပြောင်းပြီးမှ ခူးရမှာဖြစ်ပါတယ်။ အသီးတွေကို (၅) ရက်တစ်ကြိမ် ခူးဖို့ လိုအပ်ပါတယ်။
မိုးနှောင်းစိုက်တစ်ဧက ငရုတ်ခြောက် (၁၅၀-၂၀၀)ပိဿာ၊ ငရုတ်အစိုဟာ အခြောက်ထက် (၃-၄)ဆခန့် ပိုပြီး ထွက်နိုင်ပါတယ်။ ငရုတ်အစိုတွေကို အပူချိန် (၅၀)ဒီဂရီစင်တီဂရိတ်ရှိ ရေနွေးမှာ (၃-၅)မိနစ်ခန့် အထိ စိမ်ပေးပြီး နေလှန်းအခြောက်ခံခြင်းအားဖြင့် ငရုတ်သီးအရောင်တောက်ပစေပြီး ထားသိုချိန်မှာ လည်း ကြာရှည်ခံစေမှာဖြစ်ပါတယ်။ ငရုတ်သီးကို အခြောက်ပြုလုပ်ပြီးမှ သိုလှောင်ရတာဖြစ်ပါတယ်။ အခွံပါးပြီး အတောင့်သေးတဲ့မျိုးတွေကို အများအားဖြင့် နေရောင်နဲ့ အခြောက်ခံပြီး အခွံပွပြီး အတောင့် ကြီးတဲ့ မျိုးကိုတော့ ရေနွေးဖျောပြီးမှ အခြောက်ခံကြပါတယ်။ အထူးသဖြင့် ပုလိပ်ငရုတ်ချိုကို ရေနွေး ဖျောပြီးမှသာ အခြောက်ခံကြပါတယ်။

မျိုးစေ့ထုတ်ယူနည်း
------------------------------
မျိုးစေ့ခံမယ့် အပင်ကိုရွေးပြီးနောက် အသီးကောင်းကောင်းရင့်မှည့်ချိန်မှာခူးဆွတ်ပြီး အစိုအတိုင်းမျိုးစေ့ ထုတ်ယူပါ။ အခန်းတွင်းအရိပ်အောက်မှာ အခြောက်ခံပါ။ တိုက်ရိုက်နေရောင်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။
Source; စိုက်ပျိုးရေးဦးစီးဌာန

လယ်ယာစိုက်ပျိုးရေးကဏ္ဍ
Agriculture

24/11/2024
24/11/2024

စိုက်ပျိုးမြေကောင်း/မကောင်းစမ်းသပ်နည်း
===============================
ကိုယ့် မြေကြီးဘယ်လောက်ပျက်စီးနေသလဲ သိချင်ရင်လက်ရှိစိုက်ပျိုးလုပ်ကိုင်နေတဲ့ ၄၊ ၅ နေရာကမြေကြီး လက်တဆုပ် ကျုံးပါ။ ရေသန့်ဗူးလွတ်ထဲထည့်ရေအပြည့်ထပ်ဖြည့်ပြီး အဖုံးကို မတင်းမလျော့ ဖုံးပေးပါ။အရိပ်ရပြီး ခြောက်သွေ့တဲ့နေရာမှာ ထားလိုက်ပါ။
ဗူးကို လုံးဝမလှုပ်စေရပါ။

မြေကြီးကျုံးတဲ့နေရာဟာမြေသြဇာ တိရိစ္ဆာန်ချေး၊ ဘိုကာချီ အီးအမ်၊ အင်ဇိုင်း နဲ့ အမိုင်နို ၊ဟော်မုန်းဆေးတွေ ဖျန်းထားတဲ့နေရာ မဖြစ်ရပါဘူး
(၂၁) ရက် ကျော်ကြာလာရင် ပုံစံပြောင်းလာရပါမယ်။
အောက်ပါတို့ဟာ အဖြေ ဖြစ်ပါတယ်။

၁။ အရောင်မပြောင်းဘူးကြည်လင်နေတယ် ဆိုရင် သင့်ခြံမှာ မြေဆီ မြေနှစ် မရှိတော့သလောက်ဖြစ်နေပါပြီ။

၂။ အနည်းငယ်နောက်ကျိနေမယ်ဆိုရင်
သင့်ခြံဟာ အလယ်အလတ် အဆင့်ပါ။

၃။ နီညိုရောင် စိမ်းပြာပုပ်ရောင်ဆိုရင်တော့ သင့်ခြံ ဟာ GOOD ပါ။

မြန်မာနိုင်ငံ ရဲ့ လယ်မြေတွေကို
စမ်းသပ်ကြည့်လိုက်ရာ ရေအရောင်ဟာ
အကြည်လင်ဆုံး ဖြစ်နေတာကို ဝမ်းနည်းစရာ တွေ့ရပါတယ်

သစ်တောကြီးတွေရဲ့အောက်ကမြေကို
စမ်းကြည့်ရာ နီညိုစိမ်းပြာမဲပုပ်နေတာတွေ့ရပါတယ်

Credit; တောင်သူတွေအကြောင်းပြောမယ်

24/11/2024

#မျက်မှောက်ခေတ်ကာလ ကမ္ဘာ့ စိုက်ပျိုးရေးမှ ဓာတု ပစ္စည်းများ

ဓာတု ပစ္စည်းများ အသုံးပြုရာတွင် အမှား (၂)ခု အထင်အရှား ရှိနေသည်။ ပထမ တစ်မျိုးမျာ အသုံးများခြင်း (over use) ဖြစ်သည်။ ဒုတိယအမှားကား အသုံးမှားခြင်း (miss use) ပင် ဖြစ်သည်။ ယနေ့ကမ္ဘာ့ စိုက်ပျိုးရေးတွင် အသုံးပြုသော အမျိုးမျိုးသော ဓာတုပစ္စည်းများကြောင့် အခက်အခဲ မျိုးစုံ ကြုံတွေ့နေရသည်မှာ အများ အသိဖြစ်သည်။ သို့သော် အဘယ့်ကြောင့် ဓာတု ပစ္စည်းများကို တိုး၍ တိုး၍ အသုံးပြုနေကြပါသနည်း။ ထိုဓာတုပစ္စည်းများတွင် အားနည်းချက်များ ရှိသကဲ့သို့၊ အားသာချက်များ ရှိနေခြင်းကြောင့် ဆက်လက် အသုံးပြုနေရခြင်း ဖြစ်သည်။ သဘာဝ ပစ္စည်းများ၊ ဇီဝ ပစ္စည်းများနှင့် အပြည့်အဝ အစားမထိုးနိုင်သေး၍ ဓာတု ပစ္စည်းများကို ဆက်လက် အသုံးပြုနေရခြင်း ဖြစ်သည်။ ဓာတုချစ်သော သံယောဇဉ် သက်သက်ဖြင့် အသုံးပြုနေခြင်း မဟုတ်ပါ။ မကင်းနိုင်သော ဓာတု ပစ္စည်းများကို အသုံးမပြုမီ ကောင်းစွာ လေ့လာပြီး အသုံးပြုပါက အောင်မြင်မှုများ ရရှိနိုင်ပါသည်။ ဓာတု ပစ္စည်းများကို လိုအပ်မှ မလွဲမရှောင် အသုံးပြုမည်ဆိုလျှင် သဘာဝ ပစ္စည်းများကို ဦးစားပေး အသုံးပြုရန် လိုအပ်သည်။

သို့သော် စိုက်ပျိုးသူ အများစုက အာနိသင်ပြ မြန်သော၊ ဝန်ကျစ်သော ဓာတုပစ္စည်းများ အပေါ်၌သာ အားထား အသုံးပြုလျက် ရှိသည်။ ထို့ကြောင့် သဘာဝ ပစ္စည်းအဖြစ် အစားထိုး အသုံးပြုနိုင်သော ပစ္စည်းများနှင့် နည်းပညာများကို လုံလောက်စွာ ရှာဖွေ မထားခြင်းကလည်း ပြဿနာ တစ်ရပ် ဖြစ်သည်။

အကယ်၍ စိုက်ပျိုးသူ တစ်ဦးသည် မိမိ သီးနှံများအား အာဟာရ ထောက်ပံ့ရန် ငွေကျပ် တစ်သိန်း သုံးရန် လျာထားပါက ထိုငွေအားလုံးကို ဓာတ်မြေသြဇာ ဝယ်ယူ အသုံးပြုမည် ဖြစ်သည်။ သာမန်အားဖြင့် စိုက်ပျိုးသူ တစ်ဦးသည် မိမိ အသုံးပြုမည့် မြေသြဇာ တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကျော်ကို မိမိလက်ဖြင့် ပြုလုပ်အသုံးပြုရန် လိုအပ်သည်။ ဤအယူအဆကို ခိုင်ခိုင်မာမာ လက်ခံ ကျင့်သုံးရန် လိုအပ်သည်။ အကယ်၍ သဘာဝ မြေသြဇာများဖြစ်သော နွားချေး၊ ကြက်ချေး၊ ပဲဖတ်၊ နှမ်းဖတ်များသာမက သစ်ဆွေးမြေ (compost) များကို ပြုလုပ် သုံးစွဲပါက ဓာတ်မြေသြဇာ ဝယ်ယူ အသုံးပြုမှု လျော့နည်းသွားမည် ဖြစ်သည်။ စိုက်ပျိုးရေး လုပ်ငန်းများတွင် သဘာဝ မြေသြဇာများ နေရာတွင် ဓာတ်မြေသြဇာများဖြင့် အစားမထိုးနိုင်သည်ကို စိုက်ပျိုးသူများက သဘောပေါက်ရန် လိုအပ်ပါသည်။

မြေဆီလွှာ၏ ရုပ်ပိုင်း၊ ဓာတုပိုင်း၊ ဇီဝပိုင်း (၃) မျိုးလုံးကို ကောင်းမွန်စေသာ သစ်ဆွေးမြေကဲ့သို့သော သဘာဝမြေသြဇာမျိုးများကို ဓာတ်မြေသြဇာများဖြင့် အစားမထိိုးနိုင်သည်ကို လက်ခံပေးသင့်သည်။ ဤသို့ လက်ခံလာပါက မိမိလက်ဖြင့် လုပ်ယူထားသော သဘာဝ မြေသြဇာများကြောင့် စိုက်ပျိုးရေး လုပ်ငန်းကို အကျိုးကြီးမားစွာ ဖြစ်ပေါ်စေမည် ဖြစ်သည်။

ယနေ့ ကမ္ဘာ့စိုက်ပျိုးရေးတွင် ဓာတုပစ္စည်းများ ကြီးမားစွာ နေရာရနေသော်လည်း ကမ္ဘာ့စိုက်ပျိုးရေး လမ်းကြောင်းမှာ ဇီဝ ပစ္စည်းများဘက်သို့ ဦးတည် ရွေ့လျားနေသည်။ အပင်များကို အာဟာရ စားသုံးရာတွင် လည်းကောင်း၊ ပိုးမွှား ရောဂါများမှ ကာကွယ်ရာတွင် လည်းကောင်း ဇီဝ ဘက်ဆီသို့ ဦးတည် ရွေ့လျားနေပါသည်။ မြန်မာပြည်သည် အဆင့်မြင့် ဓာတု ပစ္စည်းများနှင့် အလှမ်းကွာနေဆဲ ဖြစ်သည်။ သို့သော် ရုက္ခ သယံဇာတ ကြွယ်ဝသော မြန်မာနိုင်ငံအတွက် ဇီဝနှိုးဆွ ပစ္စည်းများ(Biositmulant)များစွာကို အသုံးပြုနိုင်သည့် အခြေအနေကောင်းများ ဖြစ်သည်။ အကယ်၍ အပင်စစ်ရည်များ (Vegetal extract) များ၊ ပင်လယ်ရေမှော် စစ်ရည် (Seaweed Extract )နှင့် ရေနည်းခံ အပင် အချို့၏ စစ်ရည်ကို အသုံးပြုခြင်းဖြင့် ငွေကုန် သက်သာစွာဖြင့် စိုက်ပျိုးရေး လုပ်ငန်းများကို အကျိုးများစွာ ဖြစ်ထွန်းနိုင်ပါသည်။ ယနေ့ ကမ္ဘာ့ စိုက်ပျိုးရေး လမ်းကြောင်းသစ်များ၌ ထင်ရှားသော ဇီဝထိန်းကျောင်း (Biocontrol)များကို လေ့လာခြင်းဖြင့်လည်း မြန်မာ့ စိုက်ပျိုးရေးကို အကျိုးပြုနိုင်ပါလိမ့်မည်။

ဓာတုပစ္စည်းများကို သုံးသပ်ခြင်း- လွန်ခဲ့သော (၁၀) နှစ် နီးပါးက စတင် အသုံးပြုခဲ့သော ဓာတု ပစ္စည်းများတွင် ဓာတ်မြေသြဇာကဲ့သို့သော ဓာတု ပစ္စည်းများကို တစေ့တစောင်း လေ့လာကြည့်လျှင် အဆင့် (၃) ဆင့် ရှိနေသည်ကို မြင်တွေ့နိုင်ပါသည်။ ယူရီးယား၊ အမိုးနီးယမ်း ဆာလ်ဖိတ်၊ တီစူပါ၊ မြူရိတ်အော့ ပိုတက်(ရှ်)ကဲ့သို့သော ဓာတ်မြေသြဇာများမှာ အများသုံး၊ အများသိသည့် ဓာတု ပစ္စည်းများသာ ဖြစ်ပါသည်။ ထိုပစ္စည်းများကို ပစ်ပယ်၍ မဟုတ်ပဲ၊ ပို၍ အကျိုးရှိစွာ အသုံးပြုခြင်း၊ အလေ့အလွင့် နည်းပါးစွာ အသုံးပြုခြင်းအတွက် စိုက်ပျိုးသူအနေနှင့် လေ့လာရန် လိုအပ်ပါသည်။

တောင်ကိုးရီးယား နိုင်ငံနှင့် ဘရာဇီးနိုင်ငံ နှစ်နိုင်ငံသည် ဆယ်စုနှစ် တစ်ခုအတွင် စိုက်ပျိုးရေး လုပ်ငန်းကို အံ့မခန်း တိုးတက်စေခဲ့သည်။ ဤသို့ တိုးတက်မှုတွင် သာမန် ဓာတ်မြေသြဇာများမှ ပို၍ အစွမ်းထက်သော အာနိသင် ကောင်းသော မြေသြဇာများ (Better Performing Fertilizer)များကို ပြောင်းသုံးခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုမြေသြဇာများမှာ ပိုတက်စီယမ် နိုက်ထရိတ်၊ ဖော့စဖောရစ် အက်ဆစ်၊ မိုနို အမိုနီးယမ်းဖော့စဖိတ်၊ ဒိုင်ပိုတက်စီယမ် ဖော့စဖိတ်၊ မိုနို ပိုတက်စီယမ် ဖော့စဖိတ်၊ ကယ်စီယမ် နိုက်ထရိတ် စသည်တို့ ဖြစ်သည်။ မြန်မာ့ စိုက်ပျိုးသူများအနေနှင့် ထိုမြေသြဇာများကို လွယ်ကူစွာ ဝယ်ယူ အသုံးပြုနိုင်သည်။ စျေးအနည်းငယ် ပိုသော်လည်း အသုံးပြုရသော ပမာဏ လျော့နည်းခြင်းကြောင့် ကုန်ကျ စရိတ် သက်သာခြင်းနှင့် ဝန်းကျင် အဆိပ်သင့်မှုကို လျော့ကျစေသည်။ မြေချ မြေသြဇာ အဖြစ်သာမက အရွက်ဖြန်း မြေသြဇာအဖြစ်ပါ ကောင်းစွာ အသုံးပြုနိုင်သည်။ နိုင်ငံခြား တိုင်းပြည်မှ သွင်းလာသော အရွက်ဖျန်း မြေသြဇာများကို အသုံးပြုခြင်းထက် အဆပေါင်းများစွာ စျေးသက်သာစေသည်။

ဓာတု ပစ္စည်းများတွင် အလွန် အဆင့်မြင့်သော ပစ္စည်းမျိုးမှာ Fine Chemical ဟုခေါ်သော အနုစား ဓာတုပစ္စည်များ ဖြစ်သည်။ ပမာဏ အနည်းငယ်ဖြင့် ဧကလိုက် စိုက်ခင်းများတွင် အသုံးပြုနိုင်သည်။ ဝယ်ယူရသည့် စျေးကြီးသော်လည်း စီးပွားရေးအရ အကျိုးကြီးမားစွာ ဖြစ်ပေါ်စေသော ပစ္စည်း ဖြစ်သည်။

မြန်မာ့ စိုက်ပျိုးသူများ အနေနှင့် ကမ္ဘာ့စျေးကွက်တွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန်မှာ အထွက်နှုန်းနှင့် သီးနှံ အရည်အသွေး ကောင်းမွန်ရန် လိုအပ်သည်။ အိမ်နီးချင်း တရုတ်ပြည်၊ အိန္ဒိယပြည်တို့ထက် ပို၍ စျေးကောင်း ရနိုင်သော အမေရိကန်၊ ဥရောပနှင့် ဂျပန်ကဲ့သို့သော နိုင်ငံများဆီသို့ ထိုးဖောက် ဝင်ရောက်နိုင်ရန်မှာ အရည်အသွေး လိုအပ်ချက်များ ရှိနေပါသေးသည်။ ကမ္ဘာ့ စျေးကွက်တွင် မျက်နှာပန်းလှလှနှင့် ယှဉ်ပြိုင်နိုင်ရန်မှာ လိုအပ်ချက်များ ရှိနေပါသည်။ ဤလိုအပ်ချက်ကို ဖြည့်မှီရန်မှာ ဇီဝပစ္စည်းများနှင့် ပိုကောင်းသော ဓာတု ပစ္စည်းများကို မလွဲမသေ အသုံးပြုရမည်သာ ဖြစ်သည်။

ဦးဖရက်သိန်းဖေ

မင်္ဂလာပါ မိတ်ဆွေတို့။ ဒီနေ့မှာတော့ AI နဲ့ရေးထားတဲ့ စာတွေကို စစ်ဆေးတဲ့ tools တွေအကြောင်းနဲ့ AI နဲ့ရေးထားတဲ့ စာတွေကို လူရ...
02/11/2024

မင်္ဂလာပါ မိတ်ဆွေတို့။ ဒီနေ့မှာတော့ AI နဲ့ရေးထားတဲ့ စာတွေကို စစ်ဆေးတဲ့ tools တွေအကြောင်းနဲ့ AI နဲ့ရေးထားတဲ့ စာတွေကို လူရေးသလိုဖြစ်အောင် ပြောင်းပေးတဲ့ tools တွေအကြောင်း ပြောပြပေးချင်ပါတယ်။

AI ရေးထားတာကို စစ်ဆေးတဲ့ နည်းပညာများအကြောင်း

AI content detection tools တွေဆိုတာ စာတစ်ပုဒ်ကို AI နဲ့ရေးထားတာလား၊ လူကိုယ်တိုင်ရေးထားတာလားဆိုတာ စစ်ဆေးပေးတဲ့ ကိရိယာတွေပါ။ သူတို့က AI ရေးထားတတ်တဲ့ ပုံစံတွေ - ဥပမာ ထပ်ခါထပ်ခါသုံးတဲ့ စကားလုံးတွေ၊ တင်းကျပ်လွန်းတဲ့ ဖွဲ့စည်းပုံတွေ၊ ရိုးရှင်းလွန်းတဲ့ အသုံးအနှုန်းတွေကို ရှာဖွေစစ်ဆေးပေးပါတယ်။ Turnitin နဲ့ Copyleaks လို tools တွေက ပညာရေးနဲ့ အလုပ်ခွင်တွေမှာ AI နဲ့ လူရေးတဲ့စာကို ခွဲခြားဖို့အတွက် အထူးအသုံးဝင်ပါတယ်။

ဒါပေမယ့်လည်း AI humanizer tools တွေကိုသုံးပြီး AI နဲ့ရေးထားတဲ့စာကို လူရေးသလိုဖြစ်အောင် ပြင်ဆင်လို့ရပါတယ်။ Humanize AI နဲ့ Junia AI လို tools တွေက AI output တွေကို ပိုသဘာဝကျအောင် ပြုပြင်ပေးပါတယ်။ လူတွေနဲ့ ဆက်စပ်တဲ့ ဘာသာစကား၊ သင့်တော်တဲ့ အသုံးအနှုန်းတွေ၊ ပိုချောမွေ့တဲ့ စာစီစာကုံးပုံစံတွေနဲ့ ပြင်ဆင်ပေးလို့ AI detection တွေကို ကျော်ဖြတ်နိုင်ပါတယ်။

AI Content စစ်ဆေးတဲ့ ထိပ်တန်းကိရိယာ ၁၀ ခု

၁။ Turnitin
- ပညာရေးနယ်ပယ်မှာ စံထားရတဲ့ plagiarism checker ဖြစ်ပါတယ်
- အဆင့်မြင့် AI detection ပါဝင်ပါတယ်
- https://www.turnitin.com/ မှာ လေ့လာနိုင်ပါတယ်

၂။ Copyleaks
- AI-generated နဲ့ copy ကူးထားတဲ့စာတွေကို စစ်ဆေးပေးပါတယ်
- ဘာသာစကားပေါင်းစုံ ထောက်ပံ့ပါတယ်
- LMS တွေနဲ့ ချိတ်ဆက်နိုင်ပါတယ်
- https://copyleaks.com/ မှာ လေ့လာနိုင်ပါတယ်

၃။ GPTZero
- GPT နဲ့ရေးထားတဲ့ content တွေကို အဓိကစစ်ဆေးပါတယ်
- ဆရာ၊ဆရာမတွေအတွက် အထူးသင့်တော်ပါတယ်
- https://gptzero.me/ မှာ လေ့လာနိုင်ပါတယ်

၄။ Originality.AI
- ပညာရေးနဲ့ ပရော်ဖက်ရှင်နယ်လိုအပ်ချက်တွေအတွက် ပြည့်စုံတဲ့ plagiarism နဲ့ AI content detectorဖြစ်ပါတယ်
- အသုံးပြုရလွယ်ကူပါတယ်
- https://originality.ai/ မှာ လေ့လာနိုင်ပါတယ်

၅။ Winston AI
- တိကျမှုမြင့်မားတဲ့ AI content detectionဖြစ်ပါတယ်
- ပညာရေးနယ်ပယ်မှာ အများအပြားသုံးနိုင်တဲ့ credit system ပါဝင်ပါတယ်
- https://winston.ai/ မှာ လေ့လာနိုင်ပါတယ်

၆။ Quetext
- ပညာရေးနဲ့ freelance စာရေးသားမှုတွေမှာ သုံးနိုင်ပါတယ်
- Plagiarism နဲ့ AI detection နှစ်မျိုးလုံးပါဝင်ပါတယ်
- https://www.quetext.com/ မှာ လေ့လာနိုင်ပါတယ်

၇။ ZeroGPT
- GPT ကနေထွက်လာတဲ့ AI content တွေကို အခမဲ့စစ်ဆေးပေးပါတယ်
- ဆရာ၊ဆရာမတွေနဲ့ ကျောင်းသားတွေအတွက် လွယ်ကူမြန်ဆန်ပါတယ်
- https://zerogpt.com/ မှာ လေ့လာနိုင်ပါတယ်

၈။ Crossplag
- LMS တွေနဲ့ ချိတ်ဆက်နိုင်ပါတယ်
- ပညာရေးဆိုင်ရာ ရိုးသားမှုကို စောင့်ကြည့်ဖို့ ဆရာတွေကို ကူညီပါတယ်
- https://crossplag.com/ မှာ လေ့လာနိုင်ပါတယ်

၉။ Grammarly
- သဒ္ဒါအမှားပြင်ဆင်ပေးရင်း plagiarism ကိုပါ အခြေခံစစ်ဆေးပေးပါတယ်
- အသုံးပြုရလွယ်ကူပါတယ်
- https://www.grammarly.com/ မှာ လေ့လာနိုင်ပါတယ်

၁၀။ PlagiarismDetector.net
- လုပ်ငန်းနယ်ပယ်အမျိုးမျိုးအတွက် AI content နဲ့ plagiarism စစ်ဆေးပေးပါတယ်
- AI စွမ်းအားသုံး စစ်ဆေးရေးစနစ်ပါပါတယ်
- https://plagiarismdetector.net/ မှာ လေ့လာနိုင်ပါတယ်

AI စာကို လူရေးသလိုဖြစ်အောင် ပြောင်းပေးတဲ့ ထိပ်တန်းကိရိယာ ၁၀ ခု

၁။ Humanize AI
- စာထဲမှာ စိတ်ခံစားမှုတွေ ထည့်သွင်းပေးပါတယ်
- ဖတ်ရလွယ်ကူအောင် စာစီစာကုံးပုံစံ ပြင်ဆင်ပေးပါတယ်
- https://humanizeai.pro မှာ လေ့လာနိုင်ပါတယ်

၂။ Junia AI Humanizer
- SEO နဲ့ readability ကို မြှင့်တင်ပေးပါတယ်
- AI content ကို သဘာဝကျပြီး စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြင်ဆင်ပေးပါတယ်
- https://junia.ai မှာ လေ့လာနိုင်ပါတယ်

၃။ WriteHuman
- AI ရေးထားတာကို ရှာမတွေ့နိုင်အောင် ပြောင်းလဲပေးပါတယ်
- ဘလော့ဂ်၊ မားကတ်တင်းနဲ့ ပညာရေးဆိုင်ရာ အကြောင်းအရာတွေအတွက် အထူးသင့်တော်ပါတယ်
- https://writehuman.ai မှာ လေ့လာနိုင်ပါတယ်

၄။AItoHuman.ai
- AI နဲ့ရေးထားတဲ့စာတွေကို လူရေးသလို ချောမွေ့အောင် ပြင်ဆင်ပေးပါတယ်
- အသုံးပြုရလွယ်ကူရိုးရှင်းပါတယ်
- https://aitoHuman.ai မှာ လေ့လာနိုင်ပါတယ်

၅။ AISEO
- စာသားတွေကို ပိုရှင်းလင်းစေပြီး tone of voice ကို ပြင်ဆင်ပေးပါတယ်
- ပုံမှန်ရေးသားမှုနဲ့ ပရော်ဖက်ရှင်နယ်ရေးသားမှု နှစ်မျိုးလုံးအတွက် အသုံးဝင်ပါတယ်
- https://aiseo.ai မှာ လေ့လာနိုင်ပါတယ်

၆။ Humanize.im
- NLP နည်းပညာသုံးပြီး စိတ်ခံစားမှုနဲ့ ယဉ်ကျေးမှုဆိုင်ရာ အသိအမြင်တွေ ထည့်သွင်းပေးပါတယ်
- လူတွေနဲ့ ပိုဆက်စပ်မှုရှိတဲ့ content ဖြစ်စေပါတယ်
- https://humanize.im မှာ လေ့လာနိုင်ပါတယ်

၇။ Copy.ai Humanizer
- စက်ရုပ်ဆန်တဲ့ စကားလုံးအသုံးအနှုန်းတွေကို ပြင်ဆင်ပေးပါတယ်
- Customer-facing နဲ့ မားကတ်တင်း content တွေအတွက် အထူးသင့်တော်ပါတယ်
- https://copy.ai မှာ လေ့လာနိုင်ပါတယ်

၈။ HumanizeText.ai
- "ရိုးရှင်းအောင်လုပ်" သို့မဟုတ် "ချဲ့ထွင်" စတဲ့ modes တွေပါဝင်ပါတယ်
- AI text ရဲ့ tone နဲ့ style ကို စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်
- https://humanizetext.ai မှာ လေ့လာနိုင်ပါတယ်

၉။ Humanize AI Text by AISEO
- ယဉ်ကျေးမှုကို လေးစားတဲ့၊ စိတ်ခံစားမှုပါဝင်တဲ့ content တွေ ဖန်တီးပေးပါတယ်
- လူသားဆန်တဲ့ ရေးသားမှုပုံစံရအောင် အထူးပြုပြင်ဆင်ပေးပါတယ်
- https://aiseo.ai မှာ လေ့လာနိုင်ပါတယ်

၁၀။ Writesonic's Free AI Humanizer**
- AI text တွေကို ပြောစကားဆန်ဆန်ဖြစ်အောင် ချောမွေ့အောင်လုပ်ပေးပါတယ်
- Creative writing နဲ့ ပုံမှန်ရေးသားမှုတွေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်
- https://writesonic.com မှာ လေ့လာနိုင်ပါတယ်

၁။ AI Detection Tools သုံးတဲ့အခါ
- တစ်ခုထက်ပိုပြီး နှိုင်းယှဉ်သုံးကြည့်ပါ
- Tool တစ်ခုချင်းစီရဲ့ အားသာချက်၊ အားနည်းချက်တွေကို လေ့လာပါ
- မိမိလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ tool ကို ရွေးချယ်ပါ

၂။ AI Humanizer Tools သုံးတဲ့အခါ
- သဘာဝကျတဲ့ အသုံးအနှုန်းတွေဖြစ်အောင် ဂရုစိုက်ပါ
- စာရေးရတဲ့ ရည်ရွယ်ချက်နဲ့ ပရိသတ်ကို ထည့်သွင်းစဉ်းစားပါ
- မူရင်း message ပျောက်မသွားအောင် သတိထားပါ

ဒီ tools တွေကို မှန်မှန်ကန်ကန်သုံးတတ်ရင် AI နဲ့ရေးသားထုတ်လုပ်တဲ့ content တွေကို ပိုမိုထိရောက်အောင် စီမံနိုင်မှာ ဖြစ်ပါတယ်။ အားလုံးပဲ အကျိုးရှိစွာ အသုံးချနိုင်ကြပါစေ။

Credit KyawTun from FB

02/11/2024

အားလုံးပဲမင်္ဂလာပါခင်ဗျာ....

Address

Tatkon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

09797359984

Website

Alerts

Be the first to know and let us send you an email when FatherFamer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to FatherFamer:

Shortcuts

Share