13/04/2023
ရွှင်လန်းကြည်နူး မြန်မာ့နှစ်သစ်ကူး💦🪣
မြူးကြွတဲ့တေးသံ ပြန့်လွင့်လို့နေ ~
ဂါဂါတို့ရဲ့ ငယ်ဘဝတွေကို တေးသွားလေးတစ်ခုကြားရုံနဲ့ အမှတ်ရစေတယ်ဆိုရင် ဒီတေးသွားလေးရဲ့ လေးနက်မှုကိုတော့ စာဖွဲ့မရနိုင်အောင်ပါပဲ။
ဂါဂါတို့ရဲ့ မြန်မာနှစ်သစ်ကူး အခါတော်လေးမှာ ကိုယ်ချစ်ရသူတွေနဲ့ နီးစပ်စေဖို့ ကိုယ့်ရဲ့ ပျော်ရွှင်စရာအခိုက်အတန့်တွေကို မျှဝေခံစားဖို့ဟာလည်း သိပ်ကိုအရေးကြီးပါတယ်😚
နေ့ရက်တိုင်းမှာ ချစ်ရသူတွေနဲ့ ပိုမိုနီးစပ်စေဖို့ဆိုရင်တော့ လိပ်စာတစ်ကဒ်ကြောင့် မဏ္ဍပ်တစ်ကာ ရှာပုံတော် မဖွင့်ရလေအောင် NFC Tag လေးက တာဝန်ယူပေးပါလိမ့်မယ်😎
မြန်မာတို့ရဲ့ အထွဋ်အမြတ်ပွဲတော်ဖြစ်တဲ့ နှစ်သစ်ကူးပွဲတော်မှာ နှစ်ဟောင်းရဲ့ အကြွင်းအကျန်တွေကို အတိတ်မှာထားခဲ့ပြီး နေ့ရက်တိုင်းမှာ ကိုယ်စိတ်နှစ်ဖြာချမ်းသာ သုခပြည့်စုံပြီး ချစ်ရသူတွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဂါဂါတို့ AGGA-T Team ကနေဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်🤩💦