ရခိုင့်နည်းပညာအစီအစဥ်

  • Home
  • Myanmar
  • Sittwe
  • ရခိုင့်နည်းပညာအစီအစဥ်

ရခိုင့်နည်းပညာအစီအစဥ် Arakan Tech Page.com

လျှပ်စစ်ကားတိစော် လောင်စာဆီသုံးကားတိထက် လေထုညစ်ညမ်းမှုကို ပိုဖြစ်စီရေလို့ စစ်တမ်းက ဖော်ပြစစ်တမ်း တစ်ခု အရ လျှပ်စစ်ကားတိစ...
08/03/2024

လျှပ်စစ်ကားတိစော် လောင်စာဆီသုံးကားတိထက် လေထုညစ်ညမ်းမှုကို ပိုဖြစ်စီရေလို့ စစ်တမ်းက ဖော်ပြ

စစ်တမ်း တစ်ခု အရ လျှပ်စစ်ကားတိစော် လောင်စာဆီသုံးကားတိထက် လေထုညစ်ညမ်းမှု ပိုဖြစ်စီရေလို့ သိရပါရေ။ လျှပ်စစ်ကားတိစော် လစ်သီယမ် အိုင်းယွန်း ဘက်ထရီကြောင့် လောင်စာဆီသုံးကားတိထက် ပိုမို လေးလံရေအတွက် တာယာပွတ်တိုက်မှု ပိုများပြီးကေ လေထုကိုညစ်ညမ်းစီရေ အမှုန်တိ ထုတ်လွှင့်မှုများရေလို့သိရပါရေ။ ခေတ်ပေါ် လောင်စာဆီသုံးကားတိမှာတော့ခါ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှုကို လျှော့ချပီးရေ Filter တိကိုထည့်သွင်းထားကက်ပါရေ။ လျှပ်စစ်ကားတိစော် ပျမ်းမျှအားဖြင့် လောင်စာဆီသုံးကားတိထက် ၃၀ ရာခိုင်နှုန်းပိုမို လေးလံကက်ပါရေ။ Virginia Tech မှ ပါမောက္ခ Hesham Rakha က ၎င်းစော် "လူတွေ လျှပ်စစ်ကားတွေကို မဝယ်သင့်ဘူးလို့ တရားသေ ပြောတာ မဟုတ်ပါဘူး။ လျှပ်စစ်ကားတွေဟာ ကာဘွန်ထုတ်လုပ်မှု လုံးဝ မရှိပါဘူး။ ဒါပေမယ့် အားသွင်းနေချိန်မှာ ကာဘွန် ထုတ်လွှင့်ကြတယ်"လို့ သူက ပြောပါရေ။လျှပ်စစ်ကား ဘက်ထရီတိစော် ပျမ်းမျှအားဖြင့် ပေါင် ၁,၀၀၀ လောက် လေးလံကက်ပြီး ကေ အမှုန်ထုတ်လွှင့်မှုက လောင်စာဆီသုံးကားတိထက် အဆ ၄၀၀ နီးပါး ပိုများပါရေ။ အမှုန်တိကြောင့် လေထုညစ်ညမ်းမှုစော် နှလုံး၊ ပန်းနာရင်ကြပ်၊ အဆုတ် ရောဂါ၊ ကင်ဆာနဲ့ အရွယ်မတိုင်ခင် သေဆုံးရရေအထိ ဖြစ်တတ်ပါရေ။ လျှပ်စစ်ကားတိစော် လေထုညစ်ညမ်းမှု မဟိလို့ဆိုရေ ၎င်း အယူအဆကို ဒေစစ်တမ်းက ပြောင်းပြန်လှန်ပစ်ဖို့လားဆိုစော်က စိတ်ဝင်စားဖို့ကောင်းလာပါရေ။ ပညာရှင်တိက ဒေကိစ္စနဲ့ ပတ်သက်ပြီးကေ ဆက်လက် သုတေသနပြုလုပ်လားဖို့လို့ ပြောထားပါရေ။

#ရခိုင့်နည်းပညာ အစီအစဥ်

အတွင်းဘက်ကို ဖောက်ထွင်းမြင်ရတဲ့ ဒီဇိုင်းနဲ့ ထွက်လာရေ Nothing Phone (2a)Nothing က အနောက်ဘက်မှာ အတွင်းဘက်ကို ဖောက်ထွင်းမြင...
08/03/2024

အတွင်းဘက်ကို ဖောက်ထွင်းမြင်ရတဲ့ ဒီဇိုင်းနဲ့ ထွက်လာရေ Nothing Phone (2a)

Nothing က အနောက်ဘက်မှာ အတွင်းဘက်ကို ဖောက်ထွင်းမြင်ရရေ ဒီဇိုင်းကို အသုံးပြုထားရေ Phone (2a) ကို ကြေညာလိုက်ပါရေ။ ဖုန်းရဲ့ အနောက်ဘက်စော် ထောင့်စွန်းတိ အထိ ဖောက်ထွင်းမြင်ရပြီးကေ ဖုန်းအရောင်တိအတွက် Black , White နဲ့ Milk တိကိုထုတ်လုပ်ထားပါရေ။ Nothing Phone (2a) မှာ Dimensity 7200 Pro Chip ကိုထည့်သွင်းမောင်းနှင်ထားပြီးကေ TSMC ရဲ့ 4nm Process နဲ့ တည်ဆောက်ထားပါရေ။ Processor စော် 2.8GHz အမြန်နှုန်း ဟိပါရေ။ Screen 6.78” 10-bit AMOLED 1084x2412p မျက်နှာပြင် တပ်ဆင်ထားပြီးကေ 1,300 Nits Peak Brightness နဲ့ Variable 30-120Hz Refresh Rate ထောက်ပံ့ထားပါသိမ်းရေ။ Android 14 အခြေပြု Nothing OS 2.5 မောင်းနှင်ထားပြီးကေ Android Update ၃ နှစ်နဲ့ Security Update ၄ နှစ်ထိရဖို့လို့သိရပါရေ။အနောက်ဘက်မှာ 50MP ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 32MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါရေ။ အနောက်ကင်မရာတိက 50MP Wide Angle (OIS) နဲ့ 50MP Ultrawide ရို့ဖြစ်ပါရေ။ Nothing Phone (2a) မှာ 5,000mAh Battery ကိုထည့်သွင်းထားပြီးကေ 45W Charging ပါလာပနာ ၂၃ မိနစ်အတွင်း ၅၀ ရာခိုင်နှုန်း၊ ၅၉ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်းထိ အားသွင်းပီးနိုင်ပါရေ။ ၎င်းကို Nothing က မတ်လ ၁၂ ရက်နိမှာ စတင် ရောင်းချလားဖို့ ဖြစ်ပြီးကေ 8/128GB ကို ၃၂၉ ယူရိုနဲ့ 12/256GB ကို ၃၇၉ ယူရို သတ်မှတ်ထားပါရေ။

#ရခိုင့်နည်းပညာ အစီအစဥ်

Flagship Killer ထဲမှာ အကောင်းဆုံး ဖြစ်နီရေ Redmi K70Eစမတ်ဖုန်းတိရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်စစ်ဆီးရေ AnTuTu ရဲ့ ဖေဖော်ဝါ...
05/03/2024

Flagship Killer ထဲမှာ အကောင်းဆုံး ဖြစ်နီရေ Redmi K70E

စမတ်ဖုန်းတိရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်စစ်ဆီးရေ AnTuTu ရဲ့ ဖေဖော်ဝါရီလအတွက် စာရင်းထွက်လာရာ ဖြစ်ပြီးကေ ယင်းမှာ အကောင်းဆုံး Flagship Killer ဖုန်းတိကို ဖော်ပြထားပါရေ။ ၎င်းစာရင်းမှာ Redmi K70E က အကောင်းဆုံး ဖြစ်နီပြီးကေ ယင်းဖုန်းစော် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကပင် နံပါတ် ၁ နေရာကို သိမ်းပိုက်ထားစော်လည်း ဖြစ်ပါရေ။ အဂုဖေဖော်ဝါရီလရဲ့ အကောင်းဆုံး Flagship Killer ၁၀ လုံးနဲ့ ရမှတ်တိကို အောက်မှာ ဖော်ပြလိုက်ပါရေ။

1/Redmi K70E
Score: 1,405,360
Configuration: 16GB RAM + 1TB Storage
2/realme GT Neo 5 SE
Score: 1,155,230
Configuration: 16GB RAM + 1TB Storage
3/Redmi Note 12 Turbo
Score: 1,138,654
Configuration: 16GB RAM + 1TB Storage
4/OPPO Reno11 5G
Score: 1,004,001
Configuration: 12GB RAM + 512GB Storage
5/IQOO Z8
Score: 954,705
Configuration: 12GB RAM + 512GB Storage
6/iQOO Neo7 SE
Score: 952,739
Configuration: 12GB RAM + 512GB Storage
7/Redmi Note 12T Pro
Score: 892,823
Configuration: 12GB RAM + 512GB Storage
8/OnePlus Ace Racing Edition
Score: 885,960
Configuration: 12GB RAM + 256GB Storage
9/Redmi K60E
Score: 879,974
Configuration: 12GB RAM + 512GB Storage
10/realme GT Neo 3
Score: 867,224
Configuration: 12GB RAM + 256GB Storage

ယင်းရို့က အရင်လက အဆင့်သတ်မှတ်ချက်အတိုင်း မပြောင်းလဲဘဲ ထွက်လာစော်ကိုတွိရပါရေ။ ပြီးခရေ လတိအတွင်းမှာ ၎င်းက စွမ်းရည်သင့် ဖုန်း အသစ်တိ မထွက်လာခရေ အတွက်ကြောင့် ဖြစ်နိုင်ပါရေ။ သို့ပေမဲ့လည်း မကြာခင်မှာတော့ခါ ယင်းစာရင်းမှာ ယှဉ်ပြိုင်ဖို့ Xiaomi CIVI 4 ထွက်လာဖို့ရာလို့ သတင်းထွက်နီပါရေ။

#ရခိုင့်နည်းပညာ အစီအစဥ်

Samsung Galaxy Ring ကို iOS Device တိနဲ့ တွဲဖက် သုံးနိုင်မှာ မဟုတ်Samsung ရဲ့ ဒုတိယ ဥက္ကဌ Hon Pak က MWC မှာ နောက်ထွက်လာဖ...
05/03/2024

Samsung Galaxy Ring ကို iOS Device တိနဲ့ တွဲဖက် သုံးနိုင်မှာ မဟုတ်

Samsung ရဲ့ ဒုတိယ ဥက္ကဌ Hon Pak က MWC မှာ နောက်ထွက်လာဖို့ Galaxy Ring ကို iPhone တိနဲ့ တွဲဖက် သုံးနိုင်ဖို့ မဟုတ်လို့ ပြောပါရေ။ Hon Pak က Samsung စော် Android/iOS ပြိုင်ပွဲကို သိနားလည်ကေလေ့ ကုမ္ပဏီရဲ့ Device တိစော် Apple ရဲ့ Device တိထက် မနိမ့်ကျ လို့ ပြောထားပါရေ။ Samsung ရဲ့ Ecosystem ကို အသုံးပြုသင့်ရေ အကြောင်းအရင်းများစွာ ရှိပါရေ။ သူက Samsung စော် Galaxy Ring ကို Samsung ဖုန်းတိနဲ့သာမကဘဲတခြား Android Device တိနဲ့ပါ တွဲဖက် သုံးနိုင်အောင် ကြိုးစားနီရေလို့ ပြောပါရေ။Galaxy Ring ကို အရွယ်အစားအများကြီး ထုတ်လုပ်ထားဖို့ ဖြစ်ပြီး အငယ်ဆုံးမော်ဒယ်မှာ 14mAh Battery နဲ့ အရွယ်ကြီး မော်ဒယ်မှာ 21.5mAh Battery ကို အသုံးပြုထားဖို့ ဖြစ်ပါရေ။ Battery သက်တမ်းက ၅ ရက်ကနေ ၉ ရက် အသုံးခံဖို့ ဖြစ်ပါရေ။
Galaxy Ring ကို ရောင်းချဖို့ အချိန်ကို မသိရသိမ်းကေလေ့ ဇူလိုင်လ Unpacked Event မှာ Galaxy Z Fold6 , Z Flip6 ရို့နဲ့အတူ ရောင်းချနိုင်ရေလို့ သတင်းထွက်နီပါရေ။

#ရခိုင့်နည်းပညာ အစီအစဥ်

Tecno က HiOS မှာ ထည့်သွင်းပေးမယ့် AI စွမ်းရည်တိကို ကြေညာ  Tecno က HiOS အတွက်ဖုန်းပြောရေအခါ ဘာသာပြန်ပီးရေ Live Translatio...
05/03/2024

Tecno က HiOS မှာ ထည့်သွင်းပေးမယ့် AI စွမ်းရည်တိကို ကြေညာ

Tecno က HiOS အတွက်ဖုန်းပြောရေအခါ ဘာသာပြန်ပီးရေ Live Translation နဲ့ ဓါတ်ပုံထဲက မလိုအပ်တေ အရာဝတ္ထုတိကို ဖယ်ရှားပီးနိုင်ရေ Object Erasing ပိုင် စမတ်ကျရေလုပ်ဆောင်ချက်တိ ကိုကြေညာလိုက်ပါရေ။ ယင်းအပြင် Ella ကိုယ်ရေးလက်ထောက်ကို ထည့်သွင်းပီးဖို့ ဖြစ်ပြီးကေ Ella က အစည်းအဝေး စီစဉ်ခြင်း၊ သတင်း ပြသခြင်းနဲ့ မေးခွန်းတိကို ဖြေပီးခြင်းပိုင် အလုပ်တိကို ပါလုပ်ပီးနိုင်ဖို့လို့သိရပါရေ။ ယင်းအပြင် Ella က ဓါတ်ပုံတိကိုလည်း ဖန်တီးပီးနိုင်ဖို့လို့ပြောထားပါရေ။ ၎င်းအပြင် တခြားသော နည်းပညာတိဖြစ်တေ Call Translation နဲ့ Social Media Translation စော် Tecno User တိအတွက် အသုံးဝင်လာဖို့ ဖြစ်ပြီးကေ Video Subtitle လည်း ပါလာဖို့ဖြစ်ပါရေ။ ဓါတ်ပုံတိကို Generative AI အသုံးပြုပြီးကေ ပိုကောင်းအောင်လုပ်နိုင်လာပါရေ။
Tecno က အရှေ့တောင်အာရှ၊ တောင်အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ ဥရောပနဲ့ အမေရိက ရို့ပိုင် မတူညီရေ ဒေသတိအလိုက် ဓါတ်ပုံတိကို AI က ဖန်တီးပီးနိုင်ရေလို့ ပြောပါရေ။ ဓါတ်ပုံ နောက်ခံက လူစိမ်းတိနဲ့ စတစ်ကာတိကိုလည်း ဖယ်ရှားနိုင်ပါရေ။ ဖုန်းရဲ့ Gallery မှာ စာရိုက်ထည့်ပြီးကေ ဓါတ်ပုံတိကိုပါ ရှာနိုင်ပါရေ။
Tecno က HiOS မှာ AI စွမ်းရည်တိ ထည့်သွင်းလားဖို့ အချိန်ကို မပြောသိမ်းဘဲ အစောဆုံး အနေနဲ့ အေနွေရာသီမှာ ရနိုင်ပါတယ်။

#ရခိုင့်နည်းပညာ အစီအစဥ်

Apple Vision Pro ကိုဝယ်ယူထားသူများမှ ၎င်းကိုကုမ္မဏီသို့ပြန်အပ်Apple ကုမ္မဏီကနီ ထုတ်လုပ်လိုက်တေ တန်ဖိုးကြီး AR Hedset တစ်...
22/02/2024

Apple Vision Pro ကိုဝယ်ယူထားသူများမှ ၎င်းကိုကုမ္မဏီသို့ပြန်အပ်

Apple ကုမ္မဏီကနီ ထုတ်လုပ်လိုက်တေ တန်ဖိုးကြီး AR Hedset တစ်ခုဖြစ်တေ Apple Vision Pro ကို ဝယ်ယူထားရေ Customer တိက၎င်းကိုကုမ္မဏီသို့ပြန်ပို့ကာ ငွေပြန်တောင်းနီကက်ရေလို့သိရပါရေ။ Apple က ၎င်းကိုလွန်ခရေ 2023 မှာထုတ်လုပ်ပီးခပြီးကေ အေနှစ်အစောပိုင်းမှာ ရောင်းချလိုက်ပါရေ။ Apple က ၎င်းကိုဝယ်ပြီး ၁၄ ရက်အတွင်းအဆင်မ​​ပြေ​မှုတိဟိ​ကေ ပစ္စည်းအားကုမ္မဏီသို့ပြန်ပို့ပီးနိုင်ပြီးကေ ငွေပြန်အမ်းဖို့လို့ပြောထားပါရေ။ အဂုက ၁၄ ရက် မပြည့်ခင် အသုံးပြုသူတိက ကုမ္ပဏီကို ပြန်ပို့နီကက်ရာလို The Verge မှာလည်း ဖော်ပြလာပါ​ရေ။ အကြောင်းအရင်းကတော့ခါ ၎င်းကိုအသုံးပြုရေနောက်ပိုင်း ခေါင်းကိုက်ခြင်း၊ မျက်စိကိုက်ခြင်းရို့နဲ့ Hedset က အလိုလိုလေးလံ လာခြင်း ရို့ကြောင့်ဖြစ်တေလို့သိရပါရေ။

#ရခိုင့်နည်းပညာ အစီအစဥ်

Xiaomi 14 Ultra ရဲ့ ဒီဇိုင်းပုံစံ ပေါက်ကြားလာတရုတ်ထိပ်တန်းစမတ်ဖုန်းကုမ္မဏီကြီးတစ်ခုဖြစ်တေ Xiaomi ကနီ လွန်ခရေလတိတုန်းက ၎င...
15/02/2024

Xiaomi 14 Ultra ရဲ့ ဒီဇိုင်းပုံစံ ပေါက်ကြားလာ

တရုတ်ထိပ်တန်းစမတ်ဖုန်းကုမ္မဏီကြီးတစ်ခုဖြစ်တေ Xiaomi ကနီ လွန်ခရေလတိတုန်းက ၎င်းရဲ့
Flaship Smartphone တိဖြစ်တေ Xiaomi 14 Series ကိုမိတ်ဆက်ပီးခရာဖြစ်ပါရေ။ အဂုလည်း ၎င်း Xiaomi 14 Series ရဲ့ နောင်တော်ကြီးဖြစ်တေ Xiaomi 14 Ultra ကို လာဖို့ 25 ရက်နိမှာမိတ်ဆက်လားဖို့လို့သတင်းတိထွက်နီပါရေ။ သေချာစော်တစ်ခုက ၎င်းဖုန်းစော် Xiaomi အတွက် High End Feature တိပါဝင်ရေ ဖုန်းတစ်လုံးဖြစ်လာဖို့အပြင် အကြမ်းစား Specs တိနဲ့ နည်းပညာတိပါဝင်ရေ ဖုန်းတစ်လုံးဖြစ်လာဖို့ဆိုစော် သေချာနီပါရာ။

#ရခိုင့်နည်းပညာ အစီအစဥ်

Caviar ကနီ Valentine's day အတွက် Iphone 15Pro နဲ့ 15Pro Max ရဲ့ "Garden of Eden" Edition (4)မျိုးကိုမိတ်ဆက်နာမည်ကြီး ဇိမ...
15/02/2024

Caviar ကနီ Valentine's day အတွက် Iphone 15Pro နဲ့ 15Pro Max ရဲ့ "Garden of Eden" Edition (4)မျိုးကိုမိတ်ဆက်

နာမည်ကြီး ဇိမ်ခံအသုံးအဆောင်တိနဲ့ Luxuary ပစ္စည်းတိကိုထုတ်လုပ်နီရေ Caviar ကုမ္မဏီ ကနီ
Iphone 15 Pro နဲ့ Pro Max အတွက်တန်ဖိုးကြီး Limited Edition လေးမျိုးကိုမိတ်ဆက်လိုက်ပါရေ။ ၎င်းရို့ကို
- Bird of Paradise
- Wonderful Orchid
- Lovely Butterflies &
- Mystical Panther ဆိုပြီးကေ နှာမည်တပ်ထားပြီးကေ အသဲပုံ Air Tag နဲ့အတူ
မိတ်‌ဆက်လိုက်ပါရေ။ ယင်းတစ်ခုစီမှာ ပါဝင်​ရေအရောင်ကိုယ်စီအတွက် ရတနာတိကို
ကြွေလွှာပုံ ဖန်တီးထားပနာ 24-karat gold plating နဲ့ စိန်တိကိုပါ စီ​ခြယ်ထားပါရေ။ ယင်း luxury iPhone တိအမျိုးအစားအလိုက် တစ်လုံးကို $9,000 ကျော် ဝန်းကျင်က အထက် ကျသင့်ဖို့ဖြစ်ပြီးကေ 15 Pro နဲ့ Pro Max နှစ်မျိုးအတွက်ရာမှာယူနိုင်ဖို့လို့သိရပါရေ။

#ရခိုင့်နည်းပညာ အစီအစဥ်

AQUAGR အမည်နဲ့စမတ်ဖုန်းအသစ်ကို မိတ်ဆက်လိုက်တေ CHERRYCHERRY ကနီ AQUAGR ဆိုရေ အမည်နဲ စမတ်ဖုန်းတလုံးကို မိတ်ဆက်လိုက်ပါရေ။ ယ...
07/02/2024

AQUAGR အမည်နဲ့စမတ်ဖုန်းအသစ်ကို မိတ်ဆက်လိုက်တေ CHERRY

CHERRY ကနီ AQUAGR ဆိုရေ အမည်နဲ စမတ်ဖုန်းတလုံးကို မိတ်ဆက်လိုက်ပါရေ။ ယင်းဖုန်းမှာ 6.8" လက္မ မျက်နှာပြင်ကွေးကိုတပ်ဆင်ထားပြီးကေ FHD+ Screen နဲ့ 120Hz Screen Refresh Rate ရို့ပါဝင်လာပါရေ။ Camera ပိုင်းကို Main 108 MP(Super Pixel) အပြင် 8MP (Ultra Wide) နဲ့ 2MP (Depth) ဆို​​ပြီး​ကေနောက်ဘက်မှာသုံးလုံးထည့်သွင်းထားပါရေ။ Selfic ကင်မရာအတွက် အရှေ့ဘက်မှာ 16MP Camera ကိုတပ်ဆင်ထားပါရေ။ Soc အနီနဲ့ MediaTek Dimensity 7050 Chips ကိုထည့်သွင်းထားပြီးကေ Android 13 ကိုမောင်နှင်ဖို့ဖြစ်ပါရေ။ Storage ပိုင်းမှာ RAM 8+8/256(UFS2.2) ကိုထည့်သွင်းအသုံးပြုထားပါရေ။ Battery ပိုင်းမှာ 4700mAh အရွယ်ဟိ ဘက်ထရီကိုထည့်သွင်းထားပြီးကေ USB Type C နဲ့ အမြန်အားသွင်းစနစ်ကို 66W ကိုအသုံးပြုထားပါရေ။ အရောင်အနီနဲ့ အမည်းရောင်ကိုရာ ထုတ်လုပ်ထားပြီးကေ ကျန်အရောင်တိကိုပါထုတ်လုပ်လားဖို့လားဆိုစာကိုမသိရသိမ်းပါ။

#ရခိုင့်နည်းပညာ အစီအစဥ်

Caviar က Samsung Galaxy 24 Ultra Chinese New Year Edition ကိုမိတ်ဆက်နှာမယ်ကြီးဇိမ်ခံပစ္စည်း လက်ဝတ်ရတနာတိကို ထုတ်လုပ်ရောင...
01/02/2024

Caviar က Samsung Galaxy 24 Ultra Chinese New Year Edition ကိုမိတ်ဆက်

နှာမယ်ကြီးဇိမ်ခံပစ္စည်း လက်ဝတ်ရတနာတိကို ထုတ်လုပ်ရောင်းချနီရေ ကုမ္မဏီကြီးတခုဖြစ်တေ Caviar က အဂုလည်း Samsung Galaxy S24 Ultra Chinese New Year Edition ကိုထုတ်လုပ်လိုက်ပါရေ။ ၎င်းကို အရီအတွက်အကန့်အသတ် (၁၄)လုံးရာ ထုတ်လုပ်ရောင်းချလားဖို့လို့လည်းသိရပါရေ။

#ရခိုင့်နည်းပညာ အစီအစဥ်

Nintendo က Switch 2 ကိုအေနှစ်ထဲ မိတ်ဆက်မည်Nintendo ကSwitch 2 ကိုအေနှစ်အကုန်မှာမိတ်ဆက်လားဖို့​​​ဖြစ်​ပြီး​ကေ ​အရီအတွက် ၁၀...
31/01/2024

Nintendo က Switch 2 ကိုအေနှစ်ထဲ မိတ်ဆက်မည်

Nintendo ကSwitch 2 ကိုအေ
နှစ်အကုန်မှာမိတ်ဆက်လားဖို့​​​ဖြစ်​ပြီး​ကေ ​အရီအတွက် ၁၀ သန်းအထိ
ရောင်းချနိုင်ဖို့ ရည်ရွယ်ထား​ရေလို့သိရပါ​ရေ။
၎င်းမှာ ၈ လက္မ display ကို OLED မဟုတ်သိမ်းဘဲ LCD နဲ့ရာထွက်လာဖို့လို့သိရပါရေ။ Memory ပိုင်းကို 8GB RAM, 64GB storage နဲ ထွက်လာဖို့ဖြစ်ပြီးကေ (5nm or 8nm) ပေါ် အခြေခံရေ Nvidia Tegra SoC အသစ်အပြင် Ray Tracing support ပါဝင်လာဖို့လို့လည်း သိရပါ​ရေ။ Rumor တိအရ $400 ကနီအထက်ထိ ပေါက်စျီးနဲ့ထွက်လာဖို့လို့ သိရပါရေ။

#ရခိုင့်နည်းပညာ အစီအစဥ်

Content moderators အယောက် 100 လောက်ကို ခန့်ဖို့ စီစဉ် နီရေ အီလွန်မက်စ်ရဲ့ XX ရဲ့ CEO ဖြစ်​တေ Elyon Musk က X ရဲ့ Ustin က ...
30/01/2024

Content moderators အယောက် 100 လောက်ကို ခန့်ဖို့ စီစဉ် နီရေ အီလွန်မက်စ်ရဲ့ X

X ရဲ့ CEO ဖြစ်​တေ Elyon Musk က X ရဲ့ Ustin က ရုံးခန်းအသစ်မှာ Content moderators အယောက် 100 ကိုခန့်ဖို့ စီစဉ် နီပါ​ရေ​။ ၎င်းရို့ကကလေးသူငယ် ဆိုင်ရာ အခွင့်အရေး နဲ့ တခြား ထိလွယ် ရှလွယ် ကိစ္စရပ်တိနဲ့ ပတ်သက်ပြီး content တိကို ထိန်းချုပ်နိုင်ဖို့ ဖြစ်​တေလို့သိရပါ​ရေ။ ပြီးခရေ နှစ်က အကောင့်ပေါင်း 12.4 million စော် ကလေးငယ်တိရဲ့ အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်တိကို ချိုးဖောက်ခကက်​တေလို့သိရပါ​ရေ။

#ရခိုင့်နည်းပညာ အစီအစဥ်

Address

23/1334
Sittwe
5689

Telephone

+959250949043

Website

Alerts

Be the first to know and let us send you an email when ရခိုင့်နည်းပညာအစီအစဥ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရခိုင့်နည်းပညာအစီအစဥ်:

Share