Rakhine Link

Rakhine Link Connecting Rakhine

12/01/2024

ညိုးငယ်စွာတောင်းပန်အပ်ခြင်း

လက်နက်ကိုင်ပဋိပက္ခ‌ဧရိယာ (War Zone) အတွင်း ပင်မဖိုင်ဘာကြိုးကြီးများပြတ်‌တောက်မှု‌ကြောင့် ယခုအချိန်တွင် မိမိတို့ရခိုင်လင့်စစ်တွေ အင်တာနက် January 8 ရက်မှစတင်ပြီး လိုင်း ပြတ်တောက်လျှက်ရှိပါသည်။ လိုင်းပြတ် တောက်မှု‌ကြောင့်မိမိ၏ Customer များအကျိုးစီးပွားထိခိုက်နေကြောင်းကိုသိရှိနားလည်ပြီး အနူးအညွတ်တောင်းပန် အပ်ပါသည်။ ‌

အင်တာနက်လိုင်းများပြန်လည်ရရှိနိုင်ရန် အစွမ်းကုန်လုပ်ဆောင်နေကြောင်းအသိပေးအပ်ပြီး

လိုင်းပြတ်တောက်ပြီး Customer များ
ထိခိုက်နစ်နာမှုအား ကြိုတင်ပေးဆောင်
ထားသည့်လစဉ်‌ကြေးမှ အသုံးမပြုလိုက်ရသည့်ရက်များကို အချိုးကျပြန်လည် ပေးလျော်သွားပါမည်။

စစ်တွေရခိုင်လင့်ဖုန်း-
09408811118, 09671881118

Telegram Channel
https://t.me/rakhinelink

သာလီစွပါ အမျိုးရို့Wifi Bill ဆောင်ရန်အတွက် လွယ်ကူသက်သာအောင်လစဉ်ကြေးများကို KBZ QuickPay မှတဆင့်ပေးသွင်းနိုင်ပြီဖြည့်ကြော...
03/01/2024

သာလီစွပါ အမျိုးရို့

Wifi Bill ဆောင်ရန်အတွက် လွယ်ကူသက်သာအောင်လစဉ်ကြေးများကို KBZ QuickPay မှတဆင့်ပေးသွင်းနိုင်ပြီဖြည့်ကြောင်းအသိပေးအပ်ပါသည်။

၁။ KPay App ထဲမှ Quick Pay ကိုနှိပ်ပါ။

၂။ Quick Pay ၏ အထက်ဆုံးမှာ ရှာရန် နေရာသို့သွားပါ။

၃။ Quick Pay ထဲတွင် Rakhine Link ဟုရိုက်ထည့်ပါ။ (အဆုံးထိရိုက်စရာမလိုပါ။ Rak ဟုရိုက်လိုက်ရုံဖြင့် အောက်တွင်ပေါ်ပါသည်။) နှိပ်လိုက်ပါ။

၄။ ယင်းနောက် ကျလာသောဖောင်တွင် ပုံတွင်ပြထားသည့်အတိုင်း စက်နံပါတ်၊ ပေးဆောင်သော လ၊ ဖုန်းနံပတ် နှင့် ငွေပမာဏ ကိုရိုက်ထည့်ပီး ပေးဆောင်နိုင်ပါပြီ။

အကူအညီလိုအပ်ပါက

စစ်‌တွေဖုန်းနံပါတ်-
09408811118, 09671881118

ပုဏ္ဏားကျွန်းဖုန်း-
09458843488, 09670001015

မင်းပြားဖုန်း-
09694444549, 09404210141

တောင်ကုတ်ဖုန်း-
09408665588, 09768343000

Vacancy AnnouncementBilling and Customer Relation Assistant ( 2 ) Position - Femaleစစ်တွေရုံးချုပ်Job Description- နေ့စဉ...
05/12/2023

Vacancy Announcement
Billing and Customer Relation Assistant ( 2 ) Position - Female
စစ်တွေရုံးချုပ်
Job Description
- နေ့စဉ် Billing များကို စာရင်းသွင်းကာ ကျန်သော Technical Team များနှင့် ချိတ်ဆက်လုပ်ကိုင်ရမည်။
- Finance Manager ၏ ညွှန်ကြားမှုများကို လိုက်နာရမည်။
- Installation Team အတွက် တပ်ဆင်ရန်စာရင်းများကို နေ့စဉ် စီမံ ပေးနိုင်ရမည်။
- Complaint Management ကို Office Manager ၏ ညွှန်ကြားမှူအတိုင်း လုပ်ဆောင်နိုင်ရမည်။
- Complaint စာရင်းသွင်းခြင်း၊ Technical Team ကို နေ့စဉ် Complaint ဖြေရှင်းရန် စာရင်း ထုတ်ပေးခြင်း နှင့် ဖြေရှင်းပြီး Complaint များကို System ထဲတွင်မှတ်သားခြင်းများပြုလုပ်ရမည်။
Preferences
- ဘွဲ့တစ်ခုခုရပြီး အလားတူ လုပ်ငန်းအတွေ့အကြုံ ရှိသူများကို ဦးစားပေးမည်။
- အချိန်ပို နှင့် ပိတ်ရက်များတွင် လုပ်ငန်းလိုအပ်ချက်ရှိပါက အလုပ်ဆင်းပေးနိုင်သူဖြစ်ရမည်။
- Company နှင့် ရေရှည်လက်တွဲလုပ်ကိုင်နိုင်သူကို ဦးစားပေးမည်။
- စိတ်ဝင်စားသူများအနေဖြင့် [email protected] နှင့် [email protected] သို့ Subject Line တွင် Billing and Customer Relation Assistant ဟု ရေးသားကာ CV ကို 30 December ရက်နေ့နောက်ဆုံးထားပြီး Email ပို့ရပါမည်။

လက်ရှိ အခြေအနေတိကြောင့် ရခိုင်လင့် ဝန်ဆောင်မှူပီးနီရေ မြို့တစ်ချို့မှာ ဝန်ထမ်းတိ ဘေးကင်းရေးအတွက် ရုံးတိကိုပိတ်ထားဖို့ဖြစ...
25/11/2023

လက်ရှိ အခြေအနေတိကြောင့် ရခိုင်လင့် ဝန်ဆောင်မှူပီးနီရေ မြို့တစ်ချို့မှာ ဝန်ထမ်းတိ ဘေးကင်းရေးအတွက် ရုံးတိကိုပိတ်ထားဖို့ဖြစ်ပါရေ။

အင်တာနက်လိုင်း အနေနဲ့လည်း တစ်ချို့ ပင်မဖိုင်ဘာဆက်ကြောင်းတိကနီ ပျက်လားပြတ်လားစော်တိရှိနီလို့ လိုင်းအနည်းငယ်နှေးကွေးကေလေ့ သည်းခံပီးကတ်ပါလို့မေတ္တာရပ်ခံအပ်ပါရေ။

အင်တာနက်ဝန်ဆောင်မှူတိကိုတော့ ပီးလို့ရရေအခြေအနေအထိ ဖွင့်ထားပီးလားဖို့ဖြစ်ပါရေ။ တစ်ချို့မြို့တိမှာ ရုံးတိကိုပိတ်ထားသော်ငြားလည်း ရုံးဖုန်းနဲ့ page ကနီ တဆင့်ဆက်သွယ်နိုင်ပါကြောင်း အသိပီးလိုပါရေ။

Rakhine Link သုံးစွဲရေ မိဘပြည်သူတိ ဘေးကင်းကတ်ပါစီ။

ရခိုင်လင့်ခ် (Rakhine Link Co. Ltd) မှ အောက်ပါ ရာထူးအတွက် လျှောက်လွှာခေါ်ယူခြင်း General Manager ( HR + General Manageme...
10/11/2023

ရခိုင်လင့်ခ် (Rakhine Link Co. Ltd) မှ အောက်ပါ ရာထူးအတွက် လျှောက်လွှာခေါ်ယူခြင်း
General Manager ( HR + General Management) လစာ ၈ သိန်း နှင့်အထက် )
---------------------------------------------------------------
စစ်တွေရုံး
- ဝန်ထမ်းရေးရာပိုင်နိုင်ကျွမ်းကျင်ရမည်။
- ဝန်ထမ်းများအတွက် လိုအပ်သောစည်းကမ်းချက်များ ချမှတ်ခြင်း သဘောတူစာချုပ်များ ရေးဆွဲခြင်းတို့ ပြုလုပ်နိုင်ရမည်။
- မြို့ ၄ မြို့ရှိ ရုံးခွဲများမှ ဝန်ထမ်းများအား ကြပ်မတ် ကြီးကြပ် အကူအညီပေးရမည်။
- လိုအပ်ပါက ရုံးခွဲများသို့ ခရီးသွားနိုင်ရမည်။
- General Management အနေဖြင့် Office Manager များအား လိုအပ်သလိုနေရာချထားကာ လိုအပ် သော စည်းကမ်းသတ်မှတ်မှုများလုပ်ဆောင်နိုင်ရမည်။
- လုပ်ငန်းဆောင်တာများ လိုအပ်ချက်များ ပြီးစီးမှုများကို BOD သို့ အချိန်နှင့်တပြေးညီ Report တင်နိုင်ရမည်။
- အရည်အချင်းအနေဖြင့် ဘွဲ့ရဖြစ်ရမည်။ လုပ်ငန်းအတွေ့အကြုံ ၅ နှစ်နင့်အထက်ရှိရမည်။ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတွင် Management Level အတွေ့အကြုံရှိသူများကို ဦးစားပေးမည်။
- ကွန်ပျူတာ Microsoft Office နှင့် Email အခြေခံကျွမ်းကျင်ရမည်။
- လစာအပြင် သတ်မှတ်ထားသော Key Performance Indicators (KPI) များပြည့်မီပါက Bonus + ထပ်တိုး User များအတွက် ကော်မရှင်ပါ ခံစားခွင့်ရရှိမည်။
စိတ်ဝင်စားသူများအနေဖြင့် မိမိ၏ CV ကို [email protected] ကိုလိပ်မူကာ Subject တွင် HR & General Manager ဟုရေးပြီး ဒီဇင်ဘာ 30 ရက် မွန်းတည့် ၁၂ နာရီမတိုင်ခင် Email ပို့နိုင်ပါသည်။ Email body တွင် မိမိ၏ အတွေ့အကြုံက ယခု ရာထူးနှင့် မည်သို့မည်ပုံ သင့်လျော်ကြောင်းရေးပေးပါ။ Shortlisted ဖြစ်သူများကိုသာပြန်လည်ဆက်သွယ်သွားပါမည်။
email ဖြင့်သာပေးပို့ပါရန်

ရခိုင်လင့်ခ် သုံးစွဲရေ မိဘပြည်သူတိအားလုံး ဝါကျွတ်အခါသမယမှာ စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းတိနဲ့ပြည့်စုံပါစီလို့ ရခို...
28/10/2023

ရခိုင်လင့်ခ် သုံးစွဲရေ မိဘပြည်သူတိအားလုံး ဝါကျွတ်အခါသမယမှာ စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းတိနဲ့ပြည့်စုံပါစီလို့ ရခိုင်လင့်ခ် မိသားစုက ဆုတောင်းမေတ္တာပို့သလိုက်ပါရေ။

ရခိုင်လင့်ခ်

စစ်တွေရုံး
အမှတ် ၁ ကျောင်းကြီးလမ်းနှင့် အောင်ထွန်းဦးလမ်းထောင့်
09408811118
09783322210

မင်းပြားရုံး
အမှတ် ၆၆ မြောင်းဘွေလမ်း မင်းပြားမြို့။
09694444549
09404210141

တောင်ကုတ်ရုံး
အမှတ် ၅၇၇ ပညာသုခလမ်း
ကံပိုင်ရပ်ကွက်၊တောင်ကုတ်မြို့။
09408665588
09768343000

ပုဏ္ဏားကျွန်းရုံး
စိုးမဲကျီလမ်းနှင့် မင်းဖလောင်း ၄ လမ်းထောင့်။
09458843488
09670001015

Ponnagyun မှာ Rakhine Link ကိုပြန်လည်အသုံးပြုလို့ရပါဗျာလ် ---------------------------------------------------------Rakhi...
15/07/2023

Ponnagyun မှာ Rakhine Link ကိုပြန်လည်အသုံးပြုလို့ရပါဗျာလ်
---------------------------------------------------------

Rakhine Link ကို စောင့်မျော် အားပီးကတ်တယ်အမျိုးတိအလုံးကို

ဝမ်းသာစရာ စကားဆိုလိုလိုက်ရပါရေ

ကြန့်ကြာမှူ့တိ ရှိခရေ အတွက်

Rakhine link မှ ညိုးနွမ်းစွာ တောင်းပန်အပ်ပါရေ

အလယ်စု ရပ်ကွက်
မြို့သစ် ရပ်ကွက်
ရွာဟေင်းရပ်ကွက်
ကျေးလက်ရုံး အနီး /စံပြ
ဗလီပြင် /စံပြ
စံပြ ဘုန်းကြီးကျောင်းအနီး
လိပ်ကုန်းပြင်ရပ်ကွက်

တိမှာ Customer အဟောင်းများလိုင်းပြန်ရပြီးကေ အသစ်တပ်ဆင်လိုသူ Customer တိလည်း ဖုန်းဆက် စာရင်းသွင်းနိုင်ပါဗျလ်။

စိတ် ရှည် သည်းခံပြီးကေ စောင့် ပီးကတ်တယ်
အမျိုးတိ အားလုံးကို ကျေးဇူး အများကြီး တင်ပါရေနန်း🙏🙏🙏

09458843488
09670001015

ရခိုင်လင့်ခ် Customer များကိုအသိပေးမေတ္တာရပ်ခံအပ်ပါရေရခိုင်နဲ့ပြည်မကြား မှာဟိရေ ဆက်သွယ်‌ရေးကွန်ရက် ပင်မဖိုင်ဘာကြိုးကြီးပ...
02/07/2023

ရခိုင်လင့်ခ် Customer များကိုအသိပေးမေတ္တာရပ်ခံအပ်ပါရေ

ရခိုင်နဲ့ပြည်မကြား မှာဟိရေ ဆက်သွယ်‌ရေးကွန်ရက် ပင်မဖိုင်ဘာကြိုးကြီးပြတ်တောက်လာ‌ရေအတွက် အကျွန်ရို့ ရခိုင်လင့်ခ် ဖိုင်ဘာအင်တာနက် အပါအဝင် တချို့မိုဘိုင်းနဲ့ဖိုင်ဘာအင်တာနက်တိပါ လိုင်းပြတ်တောက်လျှက်ရှိ‌နီရေ အကြောင်းကို အသိပီးတောင်းပန်အပ်ရေ။ မကြာခင်မှာ ပြန်လို့အသုံးပြုနိုင်ဖို့ကို ကြိုးစားလုပ်ဆောင်နီကတ်‌ပါရေ ဆိုစွာကိုလည်း ထပ်‌လောင်းအသိပေးအပ်ပါရေ။
Rakhine Link Wi-fi ကို သုံးစွဲရေ မိဘ၊ပြည်သူတိကိုလည်း ကျေးဇူးအများကြီးတင်ပါရေ။

သာလီစွပါ  မုန်တိုင်းအလွန် စစ်တွေမြို့မှာ Rakhine Link Wifi တပ်ဆင်လို့ရဗျလ်ဖြစ်တေ ရပ်ကွက်များကို Update!!!!! လုပ်ပီးလိုက်...
28/06/2023

သာလီစွပါ
မုန်တိုင်းအလွန် စစ်တွေမြို့မှာ Rakhine Link Wifi တပ်ဆင်လို့ရဗျလ်ဖြစ်တေ ရပ်ကွက်များကို Update!!!!! လုပ်ပီးလိုက်ပါရေ

အကြားကြီးစောင့်လိုက်ရရေ Rakhine Link Customers များကိုလည်း တောင်းပန်လျှက်ပါ။

အခုဆိုကေအောက်ပါရပ်ကွက်တိကို အလျင်မြန်ဆုံးလာရောက်တပ်ဆင်ပီးနီပါဗျာလ်။

- မိဇံရပ်ကွက်
- ကျေးပင်ကြီးရပ်ကွက်
- အိုးတန်းရပ်ကွက်
- ရူပတောင်
- ရူပမြောက်
- လမ်းမတော်မြောက်
- ရွှေပြားရပ်ကွက်
- လမ်းသစ်ရပ်ကွက်
- မောလိပ်ရပ်ကွက်
- အနောက်စံပြ
- မြောက်စံပြ
- ဖိုးသာရွာ
- လောကနန္ဒာဘုရား အနီးတစ်ဝိုက်
- မေယုလမ်းမကြီး

အဆိုပါရပ်ကွက်များမှာ နေထိုင်သော လူကြီးမင်းများအနေဖြင့် မိမိအိမ်တွင် ဝိုင်ဖိုင် အသစ်တပ်ချင်လို့ဖြစ်စီ၊ ရှိပြီးသော Rakhine Link လိုင်းများကို ပြန်လည်အသုံးပြလိုသည်ဖြစ်စီ Rakhine Link ရုံးသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်းကို အသိပေးတင်ပြအပ်ပါရေ။
ဖုန်းလိုင်းတိ မအားလို့ရှိကေလေ့ page ကို စာပို့ထားလို့လေ့ရပါရေ ရုံးကိုလာဗျာလ် စာရင်းပီးလို့လေ့ရပါရေ။

09408811118
09783322210

အမှတ် (၁)၊ ကျောင်းကြီးလမ်း နှင့် အောင်ထွန်းဦးလမ်းထောင့်၊ တက္ကသိုလ် အဟောင်ဘေး။
အချိန်မရွေး စာရင်းပီးသွင်းနိုင်ပါရေ။

ညိုးငယ်စွာနဲ့ မိတ်ဟောင်း ‌customer ဟောင်းများကို မေတ္တာရပ်ခံအပ်ပါ‌ရေ။စစ်တွေမြို့ မုန်တိုင်းဝင်‌ရောက်တိုက်ခတ်ခံရပြီး‌ ‌ လ...
11/06/2023

ညိုးငယ်စွာနဲ့ မိတ်ဟောင်း ‌customer ဟောင်းများကို မေတ္တာရပ်ခံအပ်ပါ‌ရေ။

စစ်တွေမြို့ မုန်တိုင်းဝင်‌ရောက်တိုက်ခတ်ခံရပြီး‌ ‌ လောက်ကပင် ပင်မအင်တာနက်လိုင်းများ၊လျှပ်စစ်မီးများပြတ်တောက်လားပြီး‌ကေ မိမိအကျွန်ရို့ ရခိုင်လင့်ခ် ဖိုင်ဘာကြိုးလိုင်းများလည်း 100% နီးပါးဆုံးရှုံးလားပါရေ။ အခုအချိန်မှာ ပြည်သူလူထုကို အကျွန်ရို့ technician များက အပြင်းအထန်ကြိုးစားပြီးကေ ဝန်ဆောင်မှုစတင်ပီးနီပါဗျာလ်။

ယကေလည်းသင့် မသာမာသူလူတစုက အကျွန်ရို့ အသစ်ပြန်ခင်းထား‌ရေ ပင်မဖိုင်ဘာကြိုးကြီးတိကို အကြိမ်ကြိမ်ဖြတ်တောက်ခြင်း၊ ဖိုင်ဘာဆက်စပ်ပစ္စည်းများဖြစ်တေ (optical distribution box) ဖြုတ်ခိုးခြင်းများကို ဆက်တိုက်ပြုလုပ်နီရေ အတွက်ကြောင့် စစ်တွေမြို့မှာ အင်တာနက်လိုင်းပြတ်တောက်မှုတိ နာရီအနည်း‌ချေ ကြုံနိုင်ပါကြောင်း အသိပီး တောင်းပန်အပ်ပါရေ။

ရည်ရွယ်ချက်ဟိဟိ ဖျက်ဆီးခံနေရရေ စစ်တွေမြို့ ရခိုင်လင့်ခ် ဖိုင်ဘာလမ်းကြောင်းအစိတ်အပိုင်းများကို အချိန်နဲ့တပြေးညီ ပြန်လည်ပြုပြင် အစားထိုးနီ‌ရေဆိုစွာကို မိတ်ဟောင်း‌ customer တိကို အသိ‌ပေးမေတ္တာရပ်ခံအပ်ပါရေ။

ရခိုင်လင့်ခ် တောင်ကုတ်နဲ့ ရခိုင်လင့်ခ် မင်းပြားဝန်ဆောင်မှုတိကိုလည်း ပုံမှန်လည်ပတ်လို့ရှိ‌ရေအကြောင်းကို အသိပေးအပ်ပါရေ။

မိုခါမုန်တိုင်းအလွန် ရခိုင်လင့်ခ် ဝိုင်ဖိုင်ဝန်ဆောင်မှုကို စစ်တွေမြို့ တချို့ရပ်ကွက်တိမှာစလို့ service ပီးနီပါဗျာလ် ဖြစ်...
10/06/2023

မိုခါမုန်တိုင်းအလွန် ရခိုင်လင့်ခ် ဝိုင်ဖိုင်ဝန်ဆောင်မှုကို စစ်တွေမြို့ တချို့ရပ်ကွက်တိမှာစလို့ service ပီးနီပါဗျာလ် ဖြစ်ကြောင်း အသိပီးအပ်ပါရေ။ မကြာခင် စစ်တွေတစ်မြို့လုံးကိုဝန်ဆောင်မှုပီးနိုင်ပါဖို့ဗျာလ်။

စစ်တွေမြို့ အခုဝန်ဆောင်မှုပီးနီ‌ရေ ရပ်ကွက်တိမှာ-

ဆင်ကူးလမ်း
မြို့သူကြီး
တရားသီးစု
လမ်းမတော်တောင်
ဘောက်သီးစု
ဘောင်းဒွတ်သားစု
ကျောင်းကြီးလမ်း
အောင်မဂ်လာရပ်ကွက်
အဝေးပြေးကားဝင်းနားတဝိုက်
ဝေသာလီရပ်ကွက်
မင်းဂံ

(ONU) စက်တိမှာ မီးနီ နီကေ စစ်တွေ ရုံးဖုန်း တိကိုဆက်လို့ complain တင်ထားကတ်ဖို့ အသိပီးအပ်ပါ‌ရေ။

တခြားရပ်ကွက်တိကိုလည်း မကြာခင်မှာ service ပီးနိုင်ဖို့ ရခိုင်လင့်ခ် အဖွဲ့သားများက အစွမ်းကုန်ကြိုးစားနီကတ်ပါ‌ရေ။

တောင်ကုတ်မြို့တိမှာလည်း ရခိုင်လင့်ခ် ဝန်ဆောင်မှု အယင်အတိုင်းလည်ပတ်နီပါ‌ရေ၊ ရခိုင်လင့် မင်းပြားမှာတော့ခါ တမြို့လုံးနီးပါးပြန်လည်ရရှိနီပါဗျာလ်။

ရခိုင်လင့်ခ် ပုဏ္ဏားကျွန်းမြို့ ကတော့ခါ လာဖို့အပတ်ထဲမှာ စလို့ဝန်ဆောင်မှုပေးလားဖို့ဖြစ်ပါရေ။

အသုံးမပြုလိုက်ရ‌ရေ ရက်တိကိုလည်း အစားထိုးပီးအပ်လားဖို့အပြင် ရက်ရှည်စောင့်ဆိုင်းလိုက်ရရေ customer တိအတွက်လည်း bonus ပလန် များစီစဉ်ထားလို့ဟိပါကြောင်း အသိပီးအပ်ပါရေ။

ရခိုင်လင့်ခ် ကိုရွေးချယ်သုံးစွဲ ပီးကတ်တေ customer တိကိုလည်း ကျေးဇူးအများကြီးတင်ပါရေ။

သာလီစွပါ ကျိန်းရိပ်မြီက အမျိုးရို့ -----------------------------ရခိုင်လင့်ခ် ဝိုင်ဖိုင် ဝန်ဆောင်မှူတိကို မင်းပြားမြို့နယ...
01/06/2023

သာလီစွပါ ကျိန်းရိပ်မြီက အမျိုးရို့
-----------------------------

ရခိုင်လင့်ခ် ဝိုင်ဖိုင် ဝန်ဆောင်မှူတိကို မင်းပြားမြို့နယ် မှာ ပုံမှန်အတိုင်း ပြန်လည်ရရှိနီဗျလ်ဖြစ်ကြောင်း သတင်းကောင်းပီးချင်ပါရေ။

အသုံးပြုလိုရေ မိဘပြည်သူတိ ရခိုင်လင့် မင်းပြားရုံးမှာ စာရင်ပီးဗျလ် တပ်ဆင်လို့ရပါရေ။

ယခင် Customer အဟောင်းတိအနေနဲ့လေ့ မိုခါမုန်တိုင်းကြောင့် ကြိုးပြတ်/စက်ပျက် ရေ အခက်အခဲတိရှိကေ Rakhine Link မင်းပြားရုံး ကိုဆက်သွယ်ပြီးနာ အသုံးပြုလို့ရပါဗျလ်။

ဖုန်း - 09694444549, 09404210141

လိပ်စာ - အမှတ် ၆၆၊ မြောင်းဘွေလမ်း၊ မြောက်ဦးကားဂိတ်ရှေ့၊ မင်းပြားမြို့နယ်။

Address

ကျောင်းကြီးလမ်း နှင့် အောင်ထွန်းဦးလမ်းထောင့်၊ ကောလိပ်ကျောင်းဟောင်းဘေး
Sittwe
07011

Telephone

+959408811118

Website

Alerts

Be the first to know and let us send you an email when Rakhine Link posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Rakhine Link:

Share