23/11/2024
What is Al ?
==========
* AI ဆိုတာ (Artificial Intelligence) လူသားတွေဖန်တီး တီထွင်ထားတဲ့( ဉာဏ်ရည်တု) ကွန်ပြူတာစနစ်တွေပါဝင်တဲ့ နည်းပညာတစ်ခုပဲဖြစ်ပါတယ်။
History of AI (AI ရဲ့ သမိုင်းကြောင်း)
==========
ယနေ့ခေတ်လူသားတွေရဲ့ပါးစပ်ဖျားမှာ ခေတ်စားကျယ်ပြန့်နေတဲ့ AI နည်းပညာ တွေ ဟာဆိုရင် 1950 ခုနှစ်ဝန်းကျင်လောက်ကတည်းက စတင် မွေးဖွားလာခဲ့တာဖြစ်ပြီး၊ (Fathers of Al ) တွေဖြစ်ကြတဲ့ Alan Turing ( UK သိပ္ပံပညာရှင်) နဲ့ John McCarthy လိုခေါ်တဲ့ ( US သိပ္ပံပညာရှင်) နှစ်ဦးက AI နည်းပညာတွေ စတင်မျိုးစေ့ချခဲ့ကြတဲ့ AI ရဲ့ ဖခင်တွေပဲဖြစ်ပါတယ်။
1950 ခုနှစ်မှာ Alan Turing က Turing Machine နဲ့ Turing Test (AI တစ်ခုခုဟာ လူလိုဖြစ်နိုင်မလား စမ်းသပ်ရေး) တွေကို စတင်မိတ်ဆက်ခဲ့ပြီး “Computing Machinery and Intelligence” ဆိုတဲ့ စာတမ်းတစ်ခုကိုရေးသားခဲ့ပါတယ်။
1956 ခုနှစ်မှာ ကျင်းပခဲ့တဲ့ Dartmouth Conference (အထွေထွေသိပ္ပံဆိုင်ရာ အစည်းအဝေး) မှာ John McCarthy က “Artificial Intelligence” ဆိုတဲ့ စကားလုံးကို သုံးစွဲပြီး AI နည်းပညာကို စတင်အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါတယ်။
ဒီလိုနဲ့ 1966 ခုနှစ်မှာ Joseph Weizenbaum လို့ခေါ်တဲ့ (ဂျာမန်သိပ္ပံပညာရှင်) က ELIZA လို့ခေါ်တဲ့(နာမည်ကြီး စကားပြော AI Chatbot) တစ်ခုကိုစတင်တီထွင်ခဲ့ပါတယ်။
2000 ခုနှစ်နောက်ပိုင်း AI နည်းပညာတွေက ပိုမိုတိုးတက်လာခဲ့ပြီးတော့ ယနေ့ခေတ် ကျွန်တော်တို့ အသုံးပြုနေကြတဲ့ ChatGPT, DALL-E, AlphaGo တို့လို
Al နည်းပညာသုံး Website တွေ app တွေအထိ ကျယ်ပြန့်ထွန်းကားလာခဲ့ပါတယ်။
Types of Al (AI အမျိုးစားများ)
=========
AI နည်းပညာကို ယေဘုယျအားဖြင့် အမျိုးစား (၃) မျိုးခွဲခြားထားပါတယ်။
1. Narrow AI (Weak AI)
Narrow AI က သီးသန့်လုပ်ငန်းများအတွက် ရည်ရွယ်ထားသည့် AI ဖြစ်ပြီး Siri, Google Translate ကဲ့သို့သော day-to-day tools တွေမှာ တွေ့ရှိရပါတယ်။
2. General AI (Strong AI)
General AI က လူသား တွေလို ဆင်ခြင်နိုင်စွမ်းနှင့် စဉ်ဆက်မပြတ်လေ့လာနိုင်စွမ်းရှိသော AI ဖြစ်ပါတယ်။ ယင်းနည်းပညာကို တော့ ယနေ့အထိ အပြည့်အဝ တီထွင်ထားခြင်းမရှိသေးပါဘူး။
3. Superintelligence
Super intelligence ကတော့ အနာဂတ်မှာ မြန်ဆန်စွာ တိုးတက်လာနိုင်မည့် အဆင့်ဖြစ်ပြီး လူသား တွေထက် ပိုမိုထက်မြက်လာနိုင်ပါတယ်။
အကောင်းနဲ့အဆိုး ဒွန်တွဲဖြစ်ပေါ်တက်တာက လောကသဘာဝဖြစ်တာကြောင့် AI နည်းပညာတွေတိုးတက်ဖွံ့ဖြိုးလာချင်းက ကျွန်တော်တို့လူသားတွေအတွက် အချိန်ကုန် ၊ စွမ်းအင်ကုန် သက်သာ စေပေမယ့်
နောင်အနာဂတ်မှာ တော့ Al နည်းပညာသုံး စက်ရုပ်တွေပိုမိုထွန်းကားလာနိုင်ပြီး လူသားတွေရဲ့ အလုပ်ကိုင်အခွင့်လမ်းတွေကိုလည်း ထိခိုက်စေလာနိုင်ပါတယ်။