BIG EASY Computer Services

BIG EASY Computer Services ကြိုးစားမှုမှ အောင်မြင်မှု ဆီသို့

15/12/2023

AI Feature တွေအများအပြားပါဝင်တဲ့ Windows 12 ကို ၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်မှာ မိတ်ဆက်မယ်။

Microsoft ဟာ လက်ရှိအချိန်မှာ Windows 11 ကို ကွန်ပျူတာတွေအတွက် ထုတ်ပေးထားပြီးဖြစ်ပါတယ်။ မကြာသေးခင်တုန်းက Microsoft ရဲ့ AI Chatbot တစ်ခုဖြစ်တဲ့ Bing Chat ကို Microsoft Copilot နာမည်နဲ့ Windows 11 အသုံးပြုသူတွေအတွက် မိတ်ဆက်ခဲ့ပါသေးတယ်။

ဒါပေမယ့် အဆိုပါ Microsoft Copilot ဟာ Windows Operating System အသုံးပြုထားတဲ့ ကွန်ပျူတာတွေအတွက် ပထမဆုံး AI Feature တစ်ခုဖြစ်ပြီး Microsoft က လာမယ့် ၂၀၂၄ ခုနှစ်မှာ ပိုပြီး AI Feature တွေကို Windows အတွက် မိတ်ဆက်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ အခုလို AI Feature အသစ်တွေဟာ လက်ရှိ Windows 11 မှာ ထည့်သွင်းသွားမယ့်အစား Windows 12 Operating System အသစ်အနေနဲ့ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

လောလောဆယ်မှာ Microsoft ကနေ Windows 12 ကို Codename အနေနဲ့ Hudson Valley ဆိုပြီး နာမည်ပေးထားပြီး ၂၀၂၄ ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်အတွင်းမှာ မိတ်ဆက်သွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ Codename Hudson Valley တဖြစ်လဲ Windows 12 ရဲ့ အဓိကပြောင်းလဲမှုတွေက လက်ရှိ Windows 11 နဲ့ နှိုင်းယှဥ်ရင် AI Feature တွေအများအပြားပါဝင်လာတာပဲ အဓိကကွာခြားသွားမှာဖြစ်ပါတယ်။

လက်ရှိပေါက်ကြားထားတဲ့သတင်းတွေအရ Windows 12 မှာ လက်ရှိ Microsoft AI Copilot ထက်ပိုအဆင့်မြင့်တဲ့ Advanced Co-pilot Feature အပြင် AI Windows Shell Feature တွေပါဝင်မှာဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုသူတွေဟာ AI ပိုင်းကို လိုအပ်မှ ခိုင်းစေတာမျိုးမဟုတ်ဘဲ အသုံးပြုနေတဲ့ Software တွေကို Background မှာ အလုပ်လုပ်နိုင်အောင် Optimized ပြုလုပ်တာမျိုးတွေ၊ Search ၊ Application Launch နဲ့ Workflow Managment ပိုင်းတွေကိုပါ နောက်ကွယ်က ဆောင်ရွက်နေမှာဖြစ်ပြီး အသုံးပြုနေတဲ့ပုံစံကိုလည်း သိရှိပြီး အကူအညီရယူနိုင်မယ်လို့ သိရပါတယ်။

အခုလိုမျိုး Microsoft ကနေ Windows 12 ကို AI Feature တွေအများအပြားဖြင့် Upgrade လုပ်လာမယ့်အပြင် လောလောဆယ်မှာ AMD နဲ့ Intel လိုမျိုး ကွန်ပျူတာတွေအတွက် Processor ထုတ်လုပ်သူတွေကလည်း AI ပိုင်း ဦးစားပေးထားတဲ့ Processor Generation အသစ်တွေကို မိတ်ဆက်ဖို့ရှိနေတာကြောင့် လာမယ့် ၂၀၂၄ ခုနှစ်ဟာ AI နှစ်လို့တောင် ပြောနိုင်မှာပါ။






13/04/2023

RTX Video Super Resolution ကို အထောက်အပံ့ပေးလာသည့် VLC
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

RTX 4070 ကို မိတ်ဆက်မှုနဲ့အတူ Video Lan Organization ဟာ သူတို့ရဲ့နောက်ဆုံးထွက် VLC Media Player မှာ RTX Video Super Resolution ကိုအထောက်အပံ့ပေးမှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ ဒါဟာ နာမည်အကျော်ကြားဆုံး media player ကနေ အထောက်အပံ့ပေးလာတာကြောင့် သတင်းကောင်းလို့ဆိုနိုင်ပါတယ်။ RTX Video Super Resolution ကို ယခင်က Chrome နဲ့ Edge browser တွေမှာအထောက်အပံ့ပေးခဲ့ပြီးဖြစ်ပါတယ်။ VLC မှာ RTX Video Super Resolution ကိုအသုံးပြုဖို့ RTX 30 သို့ 40 Series GPU နဲ့ နောက်ဆုံးထွက် VLC version 3.0.18 ကိုသွင်းထားရမှာပါ။ VSR ကိုဖွင့်ဖို့ရာ NVIDIA driver ရဲ့ Adjust Video Image Settings ထဲက RTX video enhancement ကို အမှန်ခြစ်ပေးဖို့ရာလိုအပ်ပါတယ်။ VSR Quality ကို အဆင့်၄ခုနဲ့ရွေးချယ်နိုင်ပါတယ်။ VSR ကိုဖွင့်ထားတဲ့အခါ Tensor Core တွေကိုအသုံးပြုမှာမို့ ပါဝါစားသုံးမှုမဆိုစလောက်တိုးလာမှာဖြစ်ပြီး quality မြင့်လေလေ ပါဝါစားတာပိုများလေဖြစ်ပါတယ်။

Source: wccftech





Blog
https://enthuetech.blogspot.com/2023/04/rtx-video-super-resolution-vlc.html

Battery Change
20/02/2023

Battery Change

ယုံကြည်စွာ အပ်နှံပေးတဲ့ Customer ၁ယောက်ချင်းဆီတိုင်း ကျေးဇူးပါ။Battery change, Keyboard change,Window install,Software i...
25/01/2023

ယုံကြည်စွာ အပ်နှံပေးတဲ့ Customer ၁ယောက်ချင်းဆီတိုင်း ကျေးဇူးပါ။
Battery change, Keyboard change,Window install,Software install.......... etc...
BIG EASY Computer Services ကို သတိရလိုက်ပါ

Soe D (Shwebo)
09 962308887
09 4315 4361

11/01/2023

13th Gen CPU အသစ်များ ထပ်မံမိတ်ဆက်လိုက်သည့် Intel
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

Intel ဟာ သူတို့ရဲ့ 13th Gen Core CPU တွေထံကို 65W နဲ့ 35W(T-Series) CPU မော်ဒယ်အသစ်တွေထံမံပေါင်းထည့်ခဲ့ပါတယ်။ ဒီမှာ Core i9၊ i7၊ i5 နဲ့ i3 တွေပါဝင်ကာ DDR4 နဲ့ DDR5 memory ၂မျိုးလုံးကို အထောက်အပံ့ပေးပါတယ်။

ယခင်မျိုးဆက်တွေနဲ့ဆိုရင် 13th Gen မှာ clock speed နဲ့ cores တွေပိုမြင့်မားလာကာ i5, i7 နဲ့ i9 မော်ဒယ်တွေမှာဆိုရင် ယခင်မျိုးဆက်ထက် E-Cores ၄ခုထပ်ဆောင်းပါဝင်လာပါတယ်။ i7 နဲ့ i9 မော်ဒယ်တွေမှဆိုရင် L2 တွေပိုထည့်ပေးလာတာကြောင့် ဂိမ်းမာတွေအကြိုက်တွေ့စေမှာပါ။

စွမ်းအင်သုံးစွဲမှုသက်သာသည့် 13th Gen T-Series CPU များ

Intel ဟာ စွမ်းအင်သုံးစွဲမှုနည်းပါးတဲ့ CPU ကို လိုချင်သူတွေအတွက် TDP 35W နဲ့ အခြား 13th Gen CPU တွေထက် turbo power level သိသိသာသာလျော့နည်းတဲ့ T-Series CPU တွေကိုမိတ်ဆက်လိုက်ပါတယ်။ ဒီ CPU တွေဟာ Cooling ပိုင်းနဲ့ ပါဝါပိုင်းလိုအပ်ချက်နည်းပါးလို့ ပိုနည်းတဲ့ cooling ပုံစံ၊ PSU တွေသာလိုအပ်တာမို့ ဈေးသက်သာပြီး စွမ်းအင်သုံးစွဲမှုနည်းတဲ့ စက်တွေကိုဖန်တီးနိုင်ပါတယ်။

Source: OC3D





Join us on Telegram
https://t.me/EnThueTech

Blog
https://enthuetech.blogspot.com/2023/01/13th-gen-cpu-intel.html?m=1

Happy New Year
01/01/2023

Happy New Year

Customer First
27/12/2022

Customer First

Sold out ဝယ်ယူအားပေးတဲ့ Customer ကျေးဇူးပါခင်ဗျာ။
17/12/2022

Sold out
ဝယ်ယူအားပေးတဲ့ Customer ကျေးဇူးပါခင်ဗျာ။

အခုလိုတိုးတက်လာတဲ့ ခေတ်ကြီးမှာ အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ် Game ဆော့ဖို့ပဲဖြစ်ဖြစ် Baby  လေးများအတွက် Online learning လုပ်ဖိ...
15/12/2022

အခုလိုတိုးတက်လာတဲ့ ခေတ်ကြီးမှာ

အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ်

Game ဆော့ဖို့ပဲဖြစ်ဖြစ်

Baby လေးများအတွက် Online learning လုပ်ဖို့ပဲဖြစ်ဖြစ်

တခြားဘာပဲသုံးသုံး

Computer တစ်လုံးကတော့လိုအပ်လာပါပြီ
ဒါကြောင့် အခုလို ကုန်စျေးနှုန်းတွေ အစစအရာရာ
စျေးမြင့်နေတဲ့ အချိန်မှာ ချွေတာနိုင်ဖို့ အတွက်
Computer အသစ်ဝယ်မယ့်အစား ဝိတ်လျော့တဲ့ အနေနဲ့
စျေးနှုန်းသင့်ပြီး ပစ္စည်းကောင်းလေးတွေရနိုင်ဖို့အတွက်

ကျွန်တော်တို့ BIG EASY Computer Services မှ လူကြီးမင်းတို့ အတွက် အကောင်းဆုံးဆောင်ရွက်ပေးနေပါပြီ

အဟောင်းဝယ်တာ အကောင်း ဖြစ်ဖို့ပဲ လိုပြီး အသစ် ဖြစ်ဖို့ထက် အစစ်ဖြစ်ဖို့ပဲ အရေးကြီးပါတယ်။အဟောင်းက စစ်ပြီး သစ်နေရင်တော့ ပေးရတဲ့စျေးနဲ့ ထိုက်တန်နေမှာပါ။

ဒါကြောင့်မို့ လူကြီးမင်းတို့ Computer Second နဲ့ ပတ်သက်လာရင် ကျွန်တော်တို့ BIG EASY Computer Services ကိုသာ Hello လုပ်လိုက်ပါခင်ဗျာ။

ဆက်သွယ်ရမယ့် Phone number
Soe D (Shwebo)
0943154361
09962308887

ဘာပဲလိိုလို BIG EASY Computer Services ကို ဆက်သွယ်လိုက်ပါ။                             SoeD(Shwebo)                     ...
04/12/2022

ဘာပဲလိိုလို BIG EASY Computer Services ကို ဆက်သွယ်လိုက်ပါ။
SoeD(Shwebo)
09 43154361
09 962308887

26/11/2022

Computer အသုံးပြုရတာ အဆင်မပြေ ဖြစ်နေလား? စိတ်မပူပါနဲ့ ဖုန်းလေးတချက်ဆက်လိုက်ရုံနဲ့ လူကြီးမင်းတို့ကို အိမ်အရောက် ဝန်ဆောင်မှု ပေးနေပါပြီ။

Soe D(Shwebo)
09 43154361
09 962308887

Address

Shwebo

Telephone

+43154361

Website

Alerts

Be the first to know and let us send you an email when BIG EASY Computer Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share