Solve Circle Technology

Solve Circle Technology Application Software Development Software Development & Computer Programming Training Center

Web Java with Spring MVCBatch-3Training Support for NTT DATA Myanmar
25/11/2019

Web Java with Spring MVC
Batch-3
Training Support for NTT DATA Myanmar




Graphic Design Industry တစ်ခုမှာ Adobe illusrator ကမရှိမဖြစ်လိုအပ်တဲ့ software တစ်ခုပဲ ဖြစ်ပါတယ်....Adobe illustrator နဲ...
31/07/2019

Graphic Design Industry တစ်ခုမှာ Adobe illusrator က
မရှိမဖြစ်လိုအပ်တဲ့ software တစ်ခုပဲ ဖြစ်ပါတယ်....

Adobe illustrator နဲ့ ပုံတွေဆွဲမယ်...logo တေ ဖန်တီးမယ်...illustration တွေ
ဆွဲဖို့ စိတ်အားထက်သန်တယ်ဆိုရင်တော့ ဒီသင်တန်းလေးကနေပြီး
ကြိုဆိုပါတယ်....

သင်တန်းမှာ ဘာတွေ သင်မလဲဆိုတော့-
Ai နဲ့ ပတ်သတ်သမျှ၊သိသင့်သိထိုက်တာမှန်သမျှကို သင်ကြားပေးမှာ ဖြစ်ပြီး
computer အခြေခံတက်ထားယုံနဲ့တင် တက်ရောက်လို့ရပါတယ်...

Graphic Designer အနေနဲ့ ရပ်တည်ချင်သူတွေအတွက် Photoshop သင်တန်းလေးပါ။ အသုံးပြုမဲ့ SoftwareAdobe Photoshop CCဒီသင်တန်းကို ...
27/07/2019

Graphic Designer အနေနဲ့ ရပ်တည်ချင်သူတွေအတွက် Photoshop သင်တန်းလေးပါ။

အသုံးပြုမဲ့ Software
Adobe Photoshop CC

ဒီသင်တန်းကို ဘယ်လိုလူတွေတက်သင့်လဲ ?
Graphic Design နဲ့ပတ်သတ်ပြီး Professional တစ်ယောက်အဖြစ်ရပ်တည်လိုသူများ ၊
အခြေခံကနေစပြီး တတ်ကျွမ်းနားလည် သည်အထိ သင်ပေးတာကြောင့် Design ကို စိတ်ဝင်စားပြီး Computer အခြေခံရှိသူများ
တံဆိပ်ရိုက် လုပ်ငန်း လုပ်ကိုင်ကြသူများ၊ Graphic Design နဲ့ပတ်သတ်ပြီး မိမိကိုယ်ကို ယုံကြည်မှူနည်းနေသူတွေ တတ်ရောက်နိုင်ကြပါတယ်။
သင်တန်းပြီးဆုံးသွားရင် အရင်ကထက် Graphic Design Field မှာ ကျွမ်းကျင်ပိုနိုင်စွာနဲ့ ရှေ့ဆက်လျှောက်လှမ်းနိုင်ကြမှာပါ။

ဘယ်လို အကြောင်းအရာတွေ ပါဝင်မှာလဲ ?

1.Getting Started (Installation)
2.Introduction Software
3.Fundamental of Graphic Designs
4.Color Theory
5.Typography
6.Layout And Composition
7.Color Grading
8.Branding Identity
9.Logo Creation
10.Advertising Design
11.Visiting Card Design
12.Pamphlet/Brochure/Flyer Design
13.Photo Retouching
14.Old Photo Restoration
15.Photo Manipulation
16.Camera Raw
17.Smudge Painting
18.Printing Knowledge
19.Design Thinking Knowledge

သင်တန်းစမည့်ရက် - သြဂုတ်လ (၁၀) ရက်နေ့
သင်တန်းချိန် - စနေ၊ တနင်္ဂနွေ (ညနေ ၃ : ၃၀ မှ ၅ : ၃၀)
သင်တန်းကာလ - ၂ လ
သင်တန်းကြေး - ၂၀၀,၀၀၀ ကျပ်

Hot Line : 09791983338

25/04/2019

Web Application Development Course

ဒီသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကတော့ လက်ရှိ Software Development လောကမှာ နည်းပညာ အရသော်လည်းကောင်း၊ အလုပ်အကိုင်အခွင့်အလမ်းအရသော်လည်းကောင်း လိုအပ်ချက်အမြင့်ဆုံး Trend တွေဖြစ်တဲ့ Mobile Application Development နှင့် Web Application Development စတဲ့အမျိုးအစားများထဲမှ Web Application Development ကို Microsoft ASP.Net,C #.net, HTML, CSS, JavaScript စတဲ့ Language များဖြင့် သင်ကြားပေးမှာဖြစ်ပါတယ်။

Programming ၏ အခြေခံသဘောတရားများကို နားလည်ပြီး Programming Language တစ်မျိုးမျိုးကို လေ့လာ ထားသူများ အနေဖြင့် Web Application Developer တစ်ဦးအဖြစ် လုပ်ငန်းခွင်ဝင်နိုင်သည်အထိ Server Side & Client Side ရဲ့ သဘောတရားများမှစပြီး မိမိကိုယ်တိုင် Dynamic Website တစ်ခုကို ကောင်းစွာဖန်တီးနိုင်အောင် ရိုးရှင်း လွယ်ကူသော နည်းလမ်းများဖြင့် အသေးစိတ်သင်ကြားပြသပေးသွားမှာဖြစ်ပါတယ်။

Back-end Coding များ ရေးသားခြင်းနှင့် Database တည်ဆောင်ခြင်းများကို Software Development လောကမှာ ၁၀နှစ်ကျော် အတွေ့အကြုံရှိပြီးသား ဆရာများမှ သင်ကြားပြသပေးမှာဖြစ် ပြီး Front-end Design Concept များကိုလည်း လက်ရှိ Design နယ်ပယ်မှ ၀ါရင့် Web Design ပညာရှင်များမှ အနီးကပ် သင်ကြားပြသပေးမှာ ဖြစ်ပါတယ်။

ဒီ Web Application Development Course ဟာ အရိုးရှင်းဆုံး Web Page တစ်ခု စတင်ဖန်တီးပုံမှစပြီး နောက် ဆုံးအဆင့် ကိုယ်တိုင်ဖန်တီးထားသော Web Application တစ်ခုလုံးကို Microsoft IIS Web Server ပေါ်သို့ Deployment လုပ်သည်အထိ လက်တွေ့လေ့ကျင့်ခန်းများ၊ နမူနာ Program များကို အသုံးပြုပြီး ပြည့်စုံစွာ သင်ကြားပြသပေးမည့် သင်တန်းတစ်ခုဖြစ်ပါတယ်။

နေရာ ။ ။ အမှတ်(၃၅) ရတနာသိင်္ခလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း ။ ။ ၀၉ ၇၉၁၉ ၈၃၃၃၈ ။
အချိန်။ ။ စနေ၊ တနင်္ဂနွေ - နေ့လည် (2:30) နာရီ မှ (5:30) နာရီ ။
စုစုပေါင်းကြာချိန် ။ ။ ၄၈ နာရီ ။
သင်တန်းကြေး ။ ။ ကျပ် ၂၅၀,၀၀၀ ။
လူဦးရေ ။ ။ ၈ ဦး ။
သင်တန်းစမည့်နေ့ ။ ။ မေလ (၄)ရက်နေ့ (စနေနေ့) ။
မှတ်ချက် ။ ။ သင်တန်းရှိ Computer များဖြင့်လည်းအသုံးပြုနိုင်သလို၊ ကိုယ်ပိုင် Laptop များလည်း ယူဆောင်လာ နိုင်ပါတယ်။

25/04/2019

အခြေခံ Computer Programming သင်တန်း (အပတ်စဉ် ၃)

ဒီ Course ရဲ့ရည်ရွယ်ချက်ကတော့ Computer Science လောကမှာ Programming အတွေ့အကြုံ မရှိသေးသူများအတွက် Programming ရဲ့အခြေခံသဘောတရားများကို မိတ်ဆက်ပေးခြင်း ဖြစ်ပါတယ်။
Programming ရေးသားမှုကိုလေ့လာခြင်းဟာ ယနေ့ခေါတ် နည်းပညာအဆောက်အအုံရဲ့ အလုပ်အကိုင်ဈေးကွက်ထဲမှာ အရေးကြီးဆုံး Trend တစ်ခုဖြစ်လာမယ့် Skill ကိုဖြည့်ဆည်းထား ခြင်းလည်းဖြစ်ပါတယ်။

ဒီသင်တန်းမှာ အခြေခံ Programming ရဲ့ စဉ်းစားပုံများနှင့် ရေးသားပုံများကို နားလည်ရန် အလွယ်ကူဆုံးနည်းလမ်းများဖြင့် သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ဒီ Course ရဲ့ ပထမဆုံးအပိုင်းမှာတော့ သင်တန်းသူ/သား များအနေနဲ့ Computer science အခြေခံနည်းပညာများ အကြောင်းနှင့် Programming ရဲ့အခြေခံသဘောတရားများကို သင်ကြားပေးမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ထိုအခြေခံသဘောတရားတွေကို လက်တွေ့အသုံးချပြီး Program များရေးသားလေ့ကျင့်ရမှာဖြစ်ပါတယ်။

သင်တန်းသူ/သား များဟာ ရိုးရှင်းလွယ်ကူတဲ့ နမူနာ အခြေခံ Program လေးများဖြင့် စတင်လေ့လာရမှာဖြစ်ပြီး ဒီ course မှာ C++ နှင့် Java programming language နှစ်မျိုးဖြင့် Programming အခြေခံသဘောတရားများကို လေ့လာသင်ကြားရမှာဖြစ်ပါတယ်။

ဒီ Course ကိုတက်ရောက်သင်ကြားရုံဖြင့် သင့်ကို Programming Expert တစ်ယောက် ဖြစ်စေမှာ မဟုတ်ပေမယ့် အခြေခံ Programming ရဲ့ စိတ်ဝင်စားစရာ၊ စိတ်လှုပ်ရှားစရာ အတွေ့အကြုံကောင်းတွေကို ရရှိမှာဖြစ်ပြီး ရှေ့ဆက်လျှောက်ရမယ့် လမ်းကြောင်းအတွက် ခိုင်မာတဲ့ အခြေခံကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

နေရာ ။ ။ အမှတ်(၃၅) ရတနာသိင်္ခလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း ။ ။ ၀၉ ၇၉၁၉ ၈၃၃၃၈ ။
အချိန်။ ။ စနေ၊ တနင်္ဂနွေ - နံနက် (9) နာရီ မှ (12) နာရီ ။
စုစုပေါင်းကြာချိန် ။ ။ ၂၄ နာရီ ။
သင်တန်းကြေး ။ ။ ၈ သောင်းကျပ် ။
လူဦးရေ ။ ။ ၈ ဦး ။
သင်တန်းစမည့်နေ့ ။ မေလ (၄)ရက်နေ့ (စနေနေ့) ။

02/12/2018

အခြေခံ Computer Programming သင်တန်း (အပတ်စဉ်-၂)

ဒီ Course ရဲ့ရည်ရွယ်ချက်ကတော့ Computer Science လောကမှာ Programming အတွေ့အကြုံ မရှိသေးသူများအတွက် Programming ရဲ့အခြေခံသဘောတရားများကို မိတ်ဆက်ပေးခြင်း ဖြစ်ပါတယ်။
Programming ရေးသားမှုကိုလေ့လာခြင်းဟာ ယနေ့ခေါတ် နည်းပညာအဆောက်အအုံရဲ့ အလုပ်အကိုင်ဈေးကွက်ထဲမှာ အရေးကြီးဆုံး Trend တစ်ခုဖြစ်လာမယ့် Skill ကိုဖြည့်ဆည်းထား ခြင်းလည်းဖြစ်ပါတယ်။

ဒီသင်တန်းမှာ အခြေခံ Programming ရဲ့ စဉ်းစားပုံများနှင့် ရေးသားပုံများကို နားလည်ရန် အလွယ်ကူဆုံးနည်းလမ်းများဖြင့် သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ဒီ Course ရဲ့ ပထမဆုံးအပိုင်းမှာတော့ သင်တန်းသူ/သား များအနေနဲ့ Computer science အခြေခံနည်းပညာများ အကြောင်းနှင့် Programming ရဲ့အခြေခံသဘောတရားများကို သင်ကြားပေးမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ထိုအခြေခံသဘောတရားတွေကို လက်တွေ့အသုံးချပြီး Program များရေးသားလေ့ကျင့်ရမှာဖြစ်ပါတယ်။

သင်တန်းသူ/သား များဟာ ရိုးရှင်းလွယ်ကူတဲ့ နမူနာ အခြေခံ Program လေးများဖြင့် စတင်လေ့လာရမှာဖြစ်ပြီး ဒီ course မှာ C++ နှင့် Java programming language နှစ်မျိုးဖြင့် Programming အခြေခံသဘောတရားများကို လေ့လာသင်ကြားရမှာဖြစ်ပါတယ်။

ဒီ Course ကိုတက်ရောက်သင်ကြားရုံဖြင့် သင့်ကို Programming Expert တစ်ယောက် ဖြစ်စေမှာ မဟုတ်ပေမယ့် အခြေခံ Programming ရဲ့ စိတ်ဝင်စားစရာ၊ စိတ်လှုပ်ရှားစရာ အတွေ့အကြုံကောင်းတွေကို ရရှိမှာဖြစ်ပြီး ရှေ့ဆက်လျှောက်ရမယ့် လမ်းကြောင်းအတွက် ခိုင်မာတဲ့ အခြေခံကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

နေရာ ။ ။ အမှတ်(၃၅) ရတနာသိင်္ခလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း ။ ။ ၀၉ ၇၉၁၉ ၈၃၃၃၈ ။
အချိန်။ ။ စနေ၊ တနင်္ဂနွေ နေ့လည် (၁) နာရီ မှ (၃) နာရီ ။
စုစုပေါင်းကြာချိန် ။ ။ ၂၄ နာရီ ။
သင်တန်းကြေး ။ ။ ၈ သောင်းကျပ် ။
လူဦးရေ ။ ။ ၈ ဦး ။
သင်တန်းစမည့်နေ့ ။ ။ ဒီဇင်ဘာလ (၈)ရက်နေ့ (စနေနေ့) ။

31/07/2018

Android Application Development - Level 1 (Batch 1)

Android application တစ်ခု ဖန်တီး တည်ဆောက်ပုံကို အခြေခံမှ စတင်၍ သဘောတရားနှင့် လက်တွေ့ coding ရေးသားမှုများ တွဲဖက်သင်ကြားပေးမည့် အခြေခံ Android application development သင်တန်း ဖြစ်ပါသည်။

သင်တန်းကို software engineering နယ်ပယ်၌ ပြည်တွင်းနှင့် နိုင်ငံတကာ အတွေ့အကြုံ ၁၀ နှစ်အထက်ရှိသော ဆရာများမှ ကြီးကြပ် သင်ကြား ပို့ချပေးသွားမည်။

သင်တန်းပြီးဆုံးပါက Junior Android Developer တစ်ယောက်အနေဖြင့် လုပ်ငန်းခွင် ဝင်နိုင်သည်အထိ ကျွမ်းကျင် တတ်မြောက်အောင် သင်ကြားပေးမည်။

သင်တန်းတက်ရောက်ရန် လိုအပ်ချက်

1. အခြေခံ programming skills (Java or C # with .Net Framework)
2. ကိုယ်ပိုင် laptop ယူဆောင်လာရန် လိုအပ်ပါသည်။

သင်တန်းနေရာ - Solve Circle Technology ၃၅ ရတနာ သိင်္ခလမ်း၊ စမ်းချောင်း
သင်တန်းကာလ - 24 hours
သင်တန်းချိန် - 9am - 12pm, Sat, Sun
သင်တန်းကြေး - 250,000 MMK (ကွန်ပြူတာ တက္ကသိုလ်နှင့် နည်းပညာ တက္ကသိုလ်မှ ကျောင်းသူ ကျောင်းသားများ အတွက် ၁၀% discount ပေးပါမည်)

သင်တန်းသား/သူ ဦးရေ အများဆုံး ၁၀ ယောက်ထိသာ လက်ခံပါမည်။

သင်တန်း စတင်မည့်နေ့ – August 18, 2018

ဆက်သွယ်ရန် - 09240004216, 09791983338

Course contents
* Introduction to mobile application development
* Setting up Android development environment
* Introduction to Android Framework
* Activity lifecycle basics, single view applications
* User interface components, multi-view applications
* Basic database concepts with SQLite
* Listview with custom list adapter
* Basic back-end web services integration with REST APIs
* Final project

သင်တန်း ပြီးဆုံးအောင် တက်ရောက်၍ final project တင်ပြနိုင်သူများအား လုပ်ငန်းခွင် ဝင်ရန် အထောက်အကူပြု နိုင်သည့် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးသွားပါမည်။

----------------- zawgyi --------------------Passion ဘယ်လိုရှာမလဲ?————————————————————————Friend တစ်ယောက်ရဲ့ career နဲ့ ...
24/05/2018

----------------- zawgyi --------------------

Passion ဘယ်လိုရှာမလဲ?
————————————————————————














//AST (Fri May 11, 2018)

--------------- (Unicode) ---------------------

Passion ဘယ်လိုရှာမလဲ?
————————————————————————

Friend တစ်ယောက်ရဲ့ career နဲ့ ပတ်သက်တဲ့ ပိုစ့်တစ်ခုက‌နေ passionate ဖြစ်တဲ့ အလုပ်အကိုင် လမ်းကြောင်းပေါ် ရောက်အောင် ပေးထားတဲ့ အကြံလေးတွေ့ပါတယ်။ ကိုယ်တိုင်လည်း self-development အတွက် တစ်ခါတစ်လေ စာအုပ်တွေဖတ် ဗီဒီယို‌တွေကြည့်နဲ့ လေ့လာဖြစ်ပါတယ်။ လောလောဆယ် ကြိုက်နေတာက YouTube က Improvement Pill ဆိုတဲ့ channel ပါ။ သူ့ဗီဒီယိုတွေထဲက passion အကြောင်းလေး ရှင်းပြထားတာ စိတ်ဝင်စားဖို့ ကောင်းလို့ ပြန်ရှဲပါမယ်။ အချိန်ရရင်တော့ ကိုယ်တိုင်သွားကြည့်ကြပါ။ ခုချိန်ထိ ကိုယ်ဘာလုပ်ချင်တယ် ဘာဝါသနာပါလဲ ဘာကို passionate ဖြစ်လဲ ထက်သန်တဲ့ ပြင်းပြတဲ့ စိတ်ဓာတ်နဲ့ ထမင်းမေ့ ဟင်းမေ့ လုပ်နိုင်တဲ့ အလုပ်က ဘာလဲဆိုတာ မသိသေးရင်တော့ ဒီ essay လေးက နည်းနည်း ကူညီနိုင်မယ် ထင်ပါတယ်။

ကိုယ့် passion ကို သိဖို့က အရမ်း အရေးကြီးပါတယ်။ Passion မရှိတဲ့ ဝါသနာမပါတဲ့ အလုပ်ကို လုပ်နေရရင် မအောင်မြင်နိုင်ဘူးလို့ ပြောကြတာ ကြားဖူးမှာပါ။ ကျွန်တော့် အမြင်မှာတော့ passion ဆိုတာ ငွေရေး ကြေးရေးထက် ပိုအရေးကြီးပါတယ်။ ကိုယ်ပိုင် passion မရှိတဲ့ အခါမှာ ကိုယ့်စိတ်ချမ်းသာ ပျော်ရွှင်မှုကို ကိုယ်တိုင် မဖန်တီးနိုင်ကြတော့ပါဘူး။ အဲဒီတော့ ကိုယ်နဲ့ ပတ်သက်တဲ့ လူတွေ relationship ရှိတဲ့လူတွေဆီကနေ စိတ်ချမ်းသာမှုကို မျှော်လင့် ရှာဖွေပါတယ်။ ကိုယ့်စိတ်ချမ်းသာမှုကို ကိုယ်ကိုယ်တိုင် တာဝန်မယူနိုင်သရွေ့ စိတ်ဆင်းရဲစရာတွေ အမြဲရှိနေမှာပါ။ ဒီတော့ အခုခေါတ်စားနေတဲ့ “ဂရုမစိုက်ခြင်း အနုပညာ” စာအုပ်ထဲကလို အသေးအဖွဲ အရေးမပါတဲ့ ကိစ္စလေးတွေကအစ အကြီးအမား ဂရုတွေ စိုက်ပြီး စိတ်ဆင်းရဲစရာတွေ ထပ်ကြုံရတတ်ပါတယ်။ Passion ရှိတဲ့ လူကတော့ တန်ဖိုးရှိတဲ့ အချိန်တွေကို သူစိတ်ရောကိုယ်ပါ ဝါသနာပါတဲ့ အလုပ်တွေ လုပ်ရင်း စိတ်ချမ်းသာမှုကို ကိုယ်တိုင် ရှာဖွေနိုင်ပါတယ်။

Passion အကြောင်း မပြောခင် အရင်ဆုံး ရှင်းရမှာက လူအများစုက passion၊ ဝါသနာ ဆိုတာ လူတစ်ယောက်အတွက် တစ်ခုတည်း ရှိတဲ့ အရာ၊ အဲ့ဒီ တစ်ခုတည်းကို တွေ့အောင်ရှာပြီး တစ်သက်လုံး လုပ်သွားရင် ပျော်ရွှင်တဲ့ ဘဝတစ်ခု ရနိုင်မယ်လို့ ထင်တာပါ။ ဒါက ဖြစ်‌တော့ဖြစ်နိုင်ပေမယ့် တစ်ကယ်တမ်း အောင်မြင် ပျော်ရွှင် ချမ်းသာတဲ့ လူတွေကြည့်ရင် passion ဆိုတာ သူတို့မှာ တစ်ခုမက ရှိကြတာကို တွေ့ရပါတယ်။ အဲဒီတော့ passion တွေ အများကြီးရှိခြင်းဟာလည်း ပုံမှန်ပဲဆိုတာ အရင်ပြောပါရစေ။

Passion ဘယ်လိုရှာမလဲ ဆိုတာ ပြောဖို့အတွက် ကျွန်တော်တို့တွေ dopamine ဆိုတဲ့ ဦး‌နှောက်က ထုတ်ပေးတဲ့ chemical တစ်ခု‌အကြောင်း နည်းနည်းလေးပြောဖို့ လိုပါမယ်။ Dopamine ဆိုတာ တစ်ခုခုလုပ်ဖို့အတွက် စိတ်ဓါတ်လှုံ့ဆော်ပေးတဲ့ chemical ဖြစ်သလို dopamine ရရင် စိတ်ကျေနပ် ပျော်ရွှင်မှု‌တွေကိုလည်း တွဲစပ်ပြီး ဖြစ်ပေါ်စေပါတယ်။ Dopamine က အရမ်းအရေးကြီးပါတယ်၊ သူမရှိရင် ပျော်ရွှင်မှုလည်း မရှိနိုင်သလို ဘာအလုပ်အကိုင်မှလည်း လုပ်ချင်စိတ်မရှိ စားချင်သောက်ချင်စိတ်လည်းမရှိ ဒီလိုတွေ ဖြစ်နိုင်ပါတယ်။ အဲဒီတော့ dopamine များများရတဲ့ အလုပ်တွေဆိုရင် လူတွေက စွဲလမ်းသွားတတ်ပါတယ်။ အပြေးသမားတွေ ဆေးလိပ်သမား‌တွေ မူးယစ်သမား အားလုံးဟာ ဒီအလုပ်‌တွေကနေ ရတဲ့ dopamine ကြောင့် မလုပ်ရ မနေနိုင်အောင် ဖြစ်သွားတတ်ပါတယ်။ စကားမစပ် တရားထိုင်ရင်လည်း စိတ်ငြိမ်တဲ့ level တစ်ခု ရောက်ရင် dopamine ရပါတယ်။

ကိုယ်ရဲ့ ဝါသနာ passion ကို သိဖို့ဆိုရင် ကိုယ်ဟာ လောလောဆယ် dopamine အများစုကို ဘယ်လိုရနေလဲဆိုတာ ပြန်ဆန်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ ဒီနေ့ခေါတ်မှာ dopamine ရစရာ source တွေက အများကြီး ဖြစ်လာပြီး ပေါပေါလောလော ရနေလို့ပါ။ ဟိုးခေါတ်ကဆိုရင် လူ‌တစ်ယောက်က အချိန်မရွေး dopamine ရချင်လို့ရှိရင် သူကိုယ်တိုင် တစ်ခုခုလုပ်မှ ဖန်တီးမှ ရပါတယ်။ ဥပမာ ပန်းချီဆွဲမလား၊ တူရိယာ တစ်ခုခုတီးမလား၊ ပရိဘောဂ DIY လက်လုပ်ပစ္စည်း‌တွေ လုပ်မလား၊ ပန်းစိုက်မလား စသဖြင့် တစ်ခုခုကို ကိုယ်တိုင် လုပ်ရပါတယ်။ ဒီလိုလုပ်ရင်းနဲ့ အလုပ်ပြီးသွားတဲ့ အခါမှာ dopamine release ဖြစ်ပြီး စိတ်ကျေနပ်မှုပါ ရပါတယ်။ ဒီလိုနဲ့ပဲ ဒီလိုအလုပ်တွေထဲက တစ်ခုခုဟာ သူတို့ရဲ့ passion ဝါသနာ ဖြစ်လာပါတယ်။

ဒါပေမယ့် ဒီနေ့အချိန်မှာတော့ Facebook ပေါ်က post လေးဖတ် ဟာသလေးဖတ် ဗီဒီယိုလေး ကြည့်လိုက်ရုံနဲ့လည်း dopamine ရပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတွဲတွေ ကိုရီးယားစီးရီးတွေ ထိုင်ကြည့်ရင်လည်း ရပါတယ်။ ဂိမ်းဆော့မလား p**n တွေကြည့်မလား စိတ်ကို pleasure ဖြစ်‌စေတဲ့ dopamine source တွေ အားလုံး ကိုယ့်လက်ထဲက screen သေးသေးလေးပေါ်မှာ ရောက်နေပြီး အချိန်မရွေး ရယူလိုက်လို့ရတဲ့ အ‌ခြေအနေပါ။ ဒီအခြေအနေ နှစ်ခုကို ယှဉ်ကြည့်ရင် ကွာခြားချက်က ဒီနေ့ခေါတ်မှာ dopamine ရဲ့ အဓိက အရင်းအမြစ်က ရယူသုံးစွဲမှု consumption ပေါ်အခြေခံနေပြီး ဟိုတုန်းက လူတွေမှာတော့ ဖန်တီးမှု creation ပေါ်မှာ အခြေခံနေပါတယ်။ ဒါက အဓိကကျတဲ့ ကွာခြားမှု တစ်ခုဖြစ်ပါတယ်။ တစ်ခုခုကို သုံးစွဲမှ dopamine ရပြီး မသုံးစွဲရ မနေနိုင်‌အောင် ဖြစ်လာရင် ဒါကို စွဲလမ်းမှု addiction လို့ ခေါ်ပါတယ်။ ဒါပေမယ့် တစ်ခုခုကို ဖန်တီးရာကနေ ရတဲ့ ကျေနပ်မှုနဲ့ ဆက်လက်ဖန်တီးဖို့ စိတ်ဝင်စားလာရင်တော့ ဒါကို ဝါသနာ passion လို့ ခေါ်ပါတယ်။

Facebook လို social media တွေဟာ ဒီအချက်တွေကို ကောင်းကောင်းကြီး အသုံးချပါတယ်။ ဒီ social media ‌တွေဟာ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အ‌ခြေခံ လိုအပ်ချက် သည်းခြေကြိုက်တစ်ခု ဖြစ်တဲ့ feedback ရယူလိုစိတ်ကို အခြေခံထားပါတယ်။ လူတွေဟာ ကိုယ်ပြောလိုက်တာ ကိုယ်တင်လိုက်တာ တစ်ခုခုကို ဘယ်သူက ဘာပြောမလဲဆိုတာ အရမ်းစိတ်ဝင်စားပါတယ်။ တစ်ခုခု တစ်ယောက်ယောက်က ပြောလိုက်တယ် feedback ပေးလိုက်တယ်ဆိုတဲ့ noti လေးရရင်တောင် ဘာပေးလိုက်မှန်းမသိသေးပဲ dopamine ရပြီး ကျေနပ်မှုရပါတယ်။ ချက်ချင်းဖွင့်ကြည့်ပြီး တစ်ခုခုပြန်ပြော လိုက်ချင်ပါတယ်။ ဒီလိုနဲ့ ကိုယ်က feedback ပြန်ပေး သူများက ပြန်ပေးနဲ့ အရမ်းရုန်းထွက်ဖို့ခက်တဲ့ feedback loop တစ်ခု ဖြစ်သွားပါတယ်။ ဒါကို Facebook စတင်စဉ်ကာလက ပါဝင်ခဲ့တဲ့ ပူးတွဲ တည်ထောင်သူတွေ ကိုယ်တိုင် ဝန်ခံထားကြတာပါ။ ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ dopamine ရယူတဲ့ source က ရယူသုံးစွဲတဲ့ consumption ပုံစံနဲ့ပဲ ပိုများလာပြီး ဘဝကို အကျိုးပြုတဲ့ ဝါသနာ passion တွေ မဖြစ်လာပဲ စွဲလမ်းမှုနဲ့ ပြဿနာတွေကိုပဲ ပိုတိုးပွားလာစေပါတယ်။

ကျွန်‌တော်တို့ အရွယ်မှာတောင် ငယ်ငယ်ကဆိုရင် သူငယ်ချင်းအိမ်မှာ ဂစ်တာစုတီးတာ၊ သူငယ်ချင်းတွေစုပြီး အလုပ်လေးတွေ ပေါင်းလုပ်ကြတာတွေရှိပါတယ်။ ပြန်စဉ်းစားကြည့်ရင် ပိုက်ဆံရှာဖို့ထက် အဓိကကတော့ စိတ်ကျေနပ်မှုရဖို့ dopamine source ရှာကြတဲ့ သဘောပါပဲ။ အခုချိန်မှာတော့ လက်ဖက်ရည်ဆိုင် ထိုင်ကြရင်တောင် အတူတူထိုင်နေတဲ့ သူငယ်ချင်းကို ဂရုမစိုက်နိုင်ပဲ ဖုန်းပဲပွတ်နေကြတဲ့ မြင်ကွင်းက သိပ်မထူးဆန်းတော့ပါဘူး။

အဲဒီတော့ passion ကို ရှာဖို့ ပထမဆုံး အဆင့် အရေးကြီးဆုံး လုပ်သင့်တာကတော့ consumption ကြောင့် ရတဲ့ dopamine ကို လျှော့ချဖို့ပါပဲ။ Facebook သုံးတာများရင် Facebook ကို လျှော့မယ်၊ ရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေ p**n တွေ ကြည့်တာများရင် ဒါတွေကို လျှော့မယ်၊ ဂိမ်းဆော့တာများရင် ဂိမ်းကိုလျှော့မယ်။ ဒီနေရာမှာ အလွန်အကျွံ သုံးစွဲမှုကို လျှော့ပြီး ဖန်တီးတဲ့ အပိုင်းကို သွားဖို့ ဆိုလိုတာပါ။ Meme တွေ ဖတ်တာများပြီး meme တွေကို ကြိုက်တယ်၊ အဲ့ဒီကနေ ကိုယ်ပိုင် meme တွေကို ဖန်တီးပြီး Facebook ပေါ်တင်တယ်။ ဒါဆိုလည်း passion တစ်ခုလို့ ပြောလို့ရပါတယ်။ နိုင်ငံခြားက ဟာသဗီဒီယိုတွေကြည့်ပြီး ကိုယ်တိုင်ဖန်တီးချင်လာတယ်၊ ရုပ်ရှင်‌တွေ ကြည့်ရင်းနဲ့ ဇာတ်ညွှန်း‌တွေ ရေးချင်လာတယ်၊ ဂိမ်း‌တွေဆော့ရင်းနဲ့ ဂိမ်းတွေ ဖန်တီးချင်လာတယ်၊ ဘယ်လို ဖန်တီးလဲ သိချင်လာတယ်ဆိုရင် အရမ်းကောင်းပါတယ်။ ကိုယ့် passion တစ်ခုကို တွေ့ဖို့ နီးစပ်လာပါပြီ။

ဒီလိုမျိုး ကိုယ်သုံးစွဲနေတဲ့ အရာ‌တွေထဲကနေ ဖန်တီးချင်စိတ် ဖြစ်လာတဲ့အရာ မရှိဘူး ဆိုရင်တော့ ဒုတိယအဆင့် အနေနဲ့က ဖန်တီးမှု အမျိုးမျိုးနဲ့ ထိတွေ့ စမ်းသပ်ကြည့်ဖို့ လိုပါတယ်။ ဒါကတော့ ဖြတ်လမ်းမရှိပါဘူး။ ကိုယ်ကြီးပြင်းခဲ့တဲ့ မိသားစု အသိုင်းအဝိုင်းနဲ့ မိဘရဲ့ ပျိုးထောင်‌ပေးမှုပေါ်မူတည်ပြီး တီထွင်ဆန်းသစ် ဖန်တီးမှု အမျိုးမျိုးကို ငယ်ငယ်ကတည်းက ထိတွေ့ခဲ့ရလို့ ကိုယ့်ဝါသနာကို စောစောစီးစီး တွေ့ထားပြီးသားလည်း ဖြစ်နိုင်ပါတယ်။ တစ်ခြား ဘာတွေဝါသနာ ပါဦးမလဲဆိုတာ သိချင်တာလည်း ဖြစ်နိုင်သလို ခုချိန်ထိ ကိုယ့်ရဲ့ passion ကို မသိသေးတာလဲ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ဘာကို ဝါသနာပါလဲ သိချင်ရင် ဖန်တီးမှုနဲ့ သတ်ဆိုင်တဲ့ အလုပ်တွေကို စမ်းသပ်လုပ်ကြည့်မှပဲ တကယ် ဝါသနာ ပါမပါကို သိနိုင်မှာပါ။

လောကကြီးမှာ သူများတွေ ဘယ်လို ဝါသနာတွေရှိလဲ ဘာတွေလုပ်စရာရှိလဲ သိချင်ရင် အလွယ်ဆုံးကတော့ Google ကနေပြီး list of hobbies Wikipedia လို့သာ ရိုက်ထည့်ကြည့်လိုက်ပါ။ တွေ့တဲ့ စာရင်းထဲက‌နေ လိုက်ဖတ်ကြည့်ပြီး စိတ်ကလေး နည်းနည်းဝင်စားမယ် ထင်တဲ့ ဝါသနာလေး တွေ့မိရင် မှတ်ထား ကိုယ်ပိုင် စာရင်းလေး တစ်ခု လုပ်ထားပါ။ ၄-၅ ခုလောက်ရှိပြီဆိုရင် အဲဒီ စာရင်းထဲက စိတ်အဝင်စားဆုံးနဲ့ စမ်းသပ်ကြည့်ဖို့ အဖြစ်နိုင်ဆုံး အ‌ခြေအနေရှိတဲ့ ဝါသနာတစ်ခုကို စစမ်းကြည့်ပါ။ ဥပမာ ကိုယ့်စာရင်းထဲမှာ ပန်းချီ၊ ဓါတ်ပုံရိုက်၊ ကာတွန်းဆွဲ၊ ဂစ်တာတီး အစရှိသဖြင့် ရှိမယ်ဆိုရင် ကိုယ်စမ်းသပ်ဖို့ စိတ်အဝင်စားဆုံး တစ်ခုကို စစမ်းကြည့်ပါ။ စမ်းလုပ်ကြည့်လို့ တကယ် စိတ်မပါဘူးဆိုရင်‌တော့ နောက်တစ်ခုကို ဆက်စမ်းကြည့်ပါ။ တော်တော်များများ ‌စမ်းသပ်ပြီးတဲ့ အချိန်အထိ ဘာမှဝါသနာ မပါသေးဘူး ဆိုရင်တော့ ပထမအဆင့်အနေနဲ့ သုံးစွဲမှုကနေ ရယူတဲ့ dopamine ကို ဒီထက် ပိုလျှော့ချဖို့ လိုအပ်ပါမယ်။

ဝါသနာတွေ passion တွေကို ဦးစားမပေးနိုင်တဲ့ အခြေအနေမှာ ရောက်နေတဲ့ လူတွေလည်း ရှိနိုင်ပါတယ်။ လက်ရှိ အခြေအနေမှာ ဦးစားမပေးနိုင်သေးပေမယ့် ကိုယ့်ဝါသနာကို သိတယ်ဆိုရင် တစ်ချိန်မှာ အကောင်အထည် ဖော်ချင်တဲ့စိတ်က ခုလက်ရှိ လုပ်သင့်လို့လုပ်နေရတဲ့ အလုပ်အပေါ်မှာလည်း ကြိုးစားလုပ်ဖို့အတွက် ခွန်အားပေးနိုင်ပါတယ်။ မိဘတွေဆိုရင်လည်း ကိုယ့်သားသမီးကို ငယ်ငယ်လေးကတည်း ငြိမ်နေရင် ပြီးရောဆိုပြီး ဖုန်းတစ်လုံးနဲ့ ကာတွန်းကား ပြထားတာမျိုး လုပ်မယ်ဆိုရင် ကလေးက ငယ်ငယ်ကတည်းက consumption ဘက်မှာပဲ ပျော်သွားနိုင်ပါတယ်။ အဲဒီအစား mobile ပေါ်ကနေ ဖန်တီးမှုကို အသားပေးတဲ့ app မျိုးတွေနဲ့ မိတ်ဆက်ပေးသင့်ပါတယ်။ ကျွန်‌တော့် ကိုယ်ပိုင်အမြင်ဆိုရင်‌တော့ ဖုန်းပေါ်မှာ ဖန်တီးတာထက် အပြင် physical ကမ္ဘာမှာ လက်တွေ့လုပ်ရတဲ့ ဖန်တီးမှုတွေက အထူးသဖြင့် ငယ်သေးတဲ့ ကလေးတွေမှာ လိုအပ်တဲ့ physical strength ကိုပါပေးနိုင်လို့ ပိုအကျိုးရှိနိုင်ပါတယ်။ ငယ်ငယ်ကတည်းက ဖန်တီးမှု အမျိုးမျိုးနဲ့ ထိတွေ့ဖူးတဲ့အခါ ကြီးလာတော့ တစ်ကယ့် ဝါသနာကို စောစောစီစီး တွေ့နိုင်ပါတယ်။ ဒါဆိုရင် စိတ်မဝင်စားတဲ့ အလုပ်တွေ သူများလုပ်လို့ လိုက်လုပ်တာတွေလည်း နည်းလာနိုင်ပြီး အချိန်ကုန် ငွေကုန်တွေလည်း သက်သာလာနိုင်ပါတယ်။

ဒီကနေတစ်ဆင့် ဝါသနာပါရာ passionate ဖြစ်တဲ့ အလုပ်နဲ့ ရပ်တည်နေထိုင် နိုင်‌အောင် ကြိုးစားမလား။ စီးပွားရေးအရ လုပ်သင့်တဲ့ အလုပ်ကို လုပ်ကိုင်ပြီး ဝါသနာကို အားလပ်ချိန်အတွက်ပဲ သဘောထားမလား။ ဒါကတော့ ကိုယ်ပိုင်ရွေးချယ်မှုပါပဲ။ ဘယ်လောက်ဝါသနာပါတဲ့ အလုပ်ပဲဖြစ်ဖြစ် အလုပ်တစ်ခုလို သဘောထားလုပ်ရပြီး အချိန်တွေငွေတွေ ပါလာပြီဆိုရင်‌တော့ ထင်ထားသလို ဝါသနာပါတာလေး အချိန်ပြည့်လုပ်ရရင် ပျော်မှာပဲဆိုတဲ့စိတ်လေးလည်း‌ ပြောင်းလဲသွားနိုင်တာလည်း ထည့်စဉ်းစားရမှာပေါ့။

//AST (Fri May 11, 2018)

24/10/2017

ကောင်းမွန်တဲ့ Web Hosting တစ်ခုရွေးချယ်ဖို့ဆိုတာ

Programmer တွေ၊ Web Admin တွေ၊ Network Admin တွေအနေနဲ့ ဒီအခြေခံအချက်တချို့ကိုတော့ သိဖို့လိုအပ်ပါတယ်လို့ ကျနော်ယူဆပါတယ်
အများအားဖြင့် Hosting တစ်ခုကို ဘယ်လိုရွေးကြလဲ
တော်တော်ရှင်းပါတယ်
တော်တော်များများကတော့ ကျနော် မြင်တွေ့တာ ကိုယ့်အနီးအနားက ပုဂ္ဂိုလ်တွေကို မေးကြည့်ကြတယ်
Open Source Platform လား Microsoft လားကြည့်တယ်
ဈေးမေးကြည့်တယ်
ပီးရင် ၀ယ်လိုက်ပါတယ်

Web Hosting Company တွေအများကြီးထဲမှာမှ ဘယ်ကောင်က အကောင်းဆုံးလဲဆိုတာကို ရွေးချယ်ရတာက အမြဲခက်ခဲလေ့ရှိပါတယ်။ အားလုံးလိုလိုဟာ 99% Uptime ဖြစ်တယ်၊ Features ကန့်သတ်ချက်တွေ သတ်မှတ်မထားဘူးဆိုတဲ့ ကမ်းလှမ်းချက်တွေ၊ ကောင်းစွာတတ်သိနားလည်တဲ့ Technical Support Team တွေ၊ စွဲမက်ဖွယ်ရာ ဈေးနှုန်းတွေနဲ့ တကယ်ကို ဆုံးဖြတ်ရခက်ခဲလွန်းလှပါတယ်
အဲ့တော့ ကျနော်တို့ ငြင်းပယ်လို့မရတဲ့ အခြေခံ စဉ်းစားရမယ့် အချက်တချို့ကို ဆွဲထုတ်ဆွေးနွေးလိုက်ရအောင်

1. Price
Web Hosting တစ်ခုရွေးချယ်တော့မယ်ဆိုရင် ကျနော်တို့ ပထမဦးဆုံး ချဉ်းကပ်ကြတဲ့ ရှုထောင့်ကတော့ ဈေးနှုန်းပါ။ ဒါပေမယ့် ဒီတစ်ခုထဲအပေါ်မှာ မူတည်ပြီးမှာတော့ ကျနော်တို့တတွေ ဆုံးဖြတ်ချက်မချသင့်ပါဘူး။ အထူးသဖြင့် ကျနော်တို့ဟာ ကျနော်တို့ရဲ့ Website တွေကနေတဆင့် ပိုက်ဆံရှာကြမယ်ဆိုရင်ပေါ့ …
မြန်ဆန် ကောင်းမွန်တဲ့ Support Team နဲ့ အရည်အသွေးမြင့် Hardware တွေအသုံးပြုဖို့ဟာ တစ်လကို ၂ ဒေါ်လာ ၃ ဒေါ်လာလောက်ယူထားယုံမျှနဲ့တော့ လုံးဝကိုမဖြစ်နိုင်ပါဘူး
Hosting တစ်ခုခြင်းဆီကနေ ကျနော်တို့တွေဟာ Features တွေနဲ့ ဈေးနှုန်းတွေအသေးစိတ်လိုက်ပြီး နှိုင်းယှဉ်မှရပါလိမ့်မယ်

2. Area of Focus / Specialties
Web Hosting တွေဟာ ကျနော်တို့တွေရဲ့ မတူညီတဲ့ လိုအပ်ချက်တွေတိုင်းအတွက် ကိုက်ညီသင့်တော်တယ်လို့ ထင်ထားလို့မရပါဘူး။
တချို့ Hosting တွေဟာ ကောင်းမွန်တဲ့ Shared Hosting Plan တွေရှိပေမယ့် အရွယ်အစားကြီးမားလာတဲ့ ကိုယ့်ရဲ့ လုပ်ငန်းလိုအပ်ချက်တွေအတွက် ကောင်းမွန်ချင်မှ ကောင်းမွန်ပါလိမ့်မယ်။ အဲ့လိုပဲ တချို့ Hosting တွေဟာ Enterprise Solution တွေအတွက် ကိုက်ညီပြည့်စုံပြီး၊ ရိုးရှင်းတဲ့ Web Blog လေးတစ်ခုလို Website မျိုးအတွက်ကတော့ သင့်တော်မှာတော့ မဟုတ်ပါဘူး။

3. Tech Specs / Limitations
နောက်တစ်ခု လုပ်ရမှာက ကိုယ့်ရဲ့ လိုအပ်ချက်ကို သေသေချာချာဆန်းစစ် ကြည့်မြင်ပါ။
ရိုးရှင်းတဲ့ Blog လေးတစ်ခုလား၊ ဒါမှမဟုတ် E-Commerce Site၊ Contents အတွေအများကြီးနဲ့ Videos တွေပါနေတယ်ဆိုရင်တော့ ကျနော်တို့တွေ ဈေးနှုန်းသက်သာတဲ့ Hosting Package တွေကိုရွေးချယ်လို့မရပါဘူး။ အဲ့ဒီ Hosting တွေဟာ ကိုယ့်လုပ်ငန်းလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ RAM, Processing Power, Disk Storage လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ပါဘူး။ အချိန်တော်တော်များများမှာ ကျနော်တို့တွေဟာ Downtime တွေ၊ Load မနိုင်နင်းတဲ့ ပြသနာတွေနဲ့ တွေ့ကြုံနေရပါလိမ့်မယ်။

4. Tech Support
အကြောင်းအရင်း တခုခုကြောင့်များ ကျနော်တို့ရဲ့ Website တွေဟာ Down သွားခဲ့မယ်ဆိုရင် ကျနော်တို့ Phone နဲ့ဆက်သွယ် လုပ်လို့ရသလား၊ အဲ့တာထက်ပိုအရေးကြီးတာက သူတို့တွေဟာ အဲ့ဒီပြသနာကို ရှာဖွေနိုင်ရဲ့လား ဖြေရှင်းနိုင်ရဲ့လား၊ နောက်ပြီး ကျနော်တို့ Website တွေပြန်ပြီး Online ဖြစ်လာဖို့အတွက် သူတို့တွေ ပံ့ပိုးဖြေရှင်းပေးနိုင်ရဲ့လားဆိုတာ သိဖို့လိုအပ်ပါတယ်။

Hosting တစ်ခုအပေါ် မဆုံးဖြတ်ခင်မှာ ကျနော်တို့တွေဟာ သူတို့ရဲ့ Customer Support Reputation ကောင်းမွန်တဲ့ သတင်း၊ ကျော်ကြားမှုတွေကို အရင်လိုက်ရှာရပါမယ်။ E-Mail, တယ်လီဖုန်းခေါ်ဆိုခ မကောက်ခတဲ့ Toll-Free phone, Chat, 24/7 သူတို့ဖြေရှင်းပေးရဲ့လား၊ နောက်ပြီး Support ကို Outsource ပေးထားလားဆိုတဲ့ဟာတွေအထိ ကျနော်တို့ လိုက်ကြည့်ဖို့ လိုအပ်ပါတယ်။

ပြသနာတစ်ခုဖြစ် Service Ticket ဖွင့်၊ ဘယ်သူမှ စောက်ဖက်မလုပ်၊ Management ကကိုယ့်ကိုထောင်းနေပီ၊ အဲ့တာနဲ့ Support ကိုဖုန်းဆက်၊ ကုလားသံနဲ့ ဟိုဖက်ကပြော၊ ဘာပြောမှန်းမသိနဲ့ ဘယ်လိုမှ Communication လုပ်မရလို့ Hosting ပြောင်းလိုက်ရတဲ့ အဖြစ်မျိုးတွေ မဖြစ်ဖို့ရာလိုပါတယ်


5. Features / Add-Ons
ဘာကြောင့် ဒီ Hosting ကနာမည်ကြီးတာလဲ၊ ဘယ်လိုအားသာချက်တွေကြောင့် ရွေးချယ်ရမှာလဲဆိုတဲ့ မေးခွန်းကိုမေးကြည့်ဖို့လဲ လိုပါတယ်။ Multiple Data Centres တွေ၊ ပုံမှန်အပတ်စဉ် Data Backup လုပ်ပေးတာတွေ၊ Free Domain Privacy ပေးတာမျိုးတွေကို ကျနော်တို့လိုက်ကြည့်ဖို့လိုပါတယ်။ တကယ်တော့ Hosting Compay တွေဆိုတာ Servers တွေထောက်ပံ့ပေးထားယုံထက်တော့ ပိုပြီးကောင်းမွန်တဲ့ ၀န်ဆောင်မှုတွေရှိနေလို့ လိုအပ်ပါတယ်။

6. Hardware
သူတို့အနေနဲ့ ဘယ်လို Hardware အမျိုးအစားနဲ့ Model တွေသုံးထားလဲဆိုတာ သေသေချာချာကို စာလိုက်ဖတ်ပြီး လိုအပ်ရင် သူတို့ကိုမေးမြန်းရမယ့် အပိုင်းပါ။ ဥပမာအနေနဲ့ ပြောရရင် လွန်ခဲ့တဲ့ နှစ်ကာလ (၁၀) စုနှစ်လောက်မှာ မြန်မာနိုင်ငံ ကွန်ပြူတာဈေးကွက်မှာ Cheap Custom-Built Computer တွေလွှမ်းမိုးခဲ့ပါတယ်။ ဈေးပေါတဲ့ တရုတ်ပြည်ကနေ ၀င်တဲ့ အရည်အသွေးလျော့ Mothterboard တွေ၊ CPU တွေ၊ Memory တွေနဲ့ ကျနော်တို့ ကြုံတွေ့ခဲ့ရပါတယ်။ ဒီအပိုင်းမှာ ကျနော်ပြောချင်တာက အကြမ်းအားဖြင့် (၄)မျိုးပါ
1. Cheap Custom-Built Server
2. Expensive Custom-Built Server
3. Pre-Built Tower Server
4. Pre-Built Rack Server Units
တကယ်လို့က ကိုယ်ကသာ အပေါ်က ၁ နဲ့ ၂ ကလို Hosting မျိုးကိုရွေးချယ်မိပြီဆိုရင်တော့ သေချာပေါက်ဒုက္ခရောက်မယ့် အပေါက်တွေပါ။ အထူးသဖြင့် India, Bangladesh တို့လိုနိုင်ငံတွေကသုံးပါတယ်။

7. Customer Reviews, Satisfaction / Reputation
ကျနော်အနေနဲ့ အလေးအနက် အထားစေချင်ဆုံးအပိုင်းပါ
- Google မှာရှာဖတ်ပါ၊ Blog တွေမှာရှာဖတ်ပါ၊ Twitter မှာရှာပါ၊ Facebook မှာရှာဖတ်ပါ၊ Survey Website တွေ အွန်လိုင်းစစ်တမ်းတွေမှာ လိုက်ကြည့်ပါ
- အရေးကြီးတာတစ်ခုက အလိမ်မခံရဖို့လိုပါတယ်
- Rating တွေကောင်းတိုင်း စွတ်ရမ်းပြီး မရွေးချယ်လိုက်ပါနဲ့
- Comment တွေ Review တွေကို သေသေချာချာလိုက်ဖတ်ပါ
အရင် Customers တွေက ဘယ်လိုမှတ်ချက်တွေပေးခဲ့လဲ
လက်ရှိအချိန်မှာ လက်ရှိအသုံးပြုနေတဲ့ Customer တွေကရော ဘာတွေပြောနေသလဲဆို မိအောင်ဖမ်းနိုင်ဖို့လိုပါတယ်
Tech Support ကိုအလွယ်တကူ ဆက်သွယ်လို့ရသလား
ကိုယ်က Service Ticket တစ်ခုဖွင့်လိုက်လို့ ဘယ်လောက်ကြာမှ သူတို့အကြောင်းပြန်သလဲ
အကြောင်းပြန်တော့လဲ FAQ တွေတက်ဖတ်ခိုင်းနေတာမျိုးတွေ၊ အတွေ့အကြုံမရှိတဲ့ Tech Support ကသူတွေရဲ့ စောက်တလွဲ ဖြေရှင်းချက်တွေနဲ့ မရင်ဆိုင်ရအောင်လို့ စာသေသေချာချာလိုက်ဖတ်ပါလို့ ပြောချင်တာပါ

8. Email Features / Security
တကယ်လို့များ ခင်ဗျားဟာ Admin တစ်ယောက်အဖြစ် တာဝန်ယူထားရတဲ့သူတစ်ယောက်အနေနဲ့ဆိုရင် သေချာပေါက် ခင်ဗျားအလုပ်ပြုတ်သွားနိုင်တဲ့ အရာပါ
အဲ့တော့ ထွေထွေထူးထူး အလေးပေးစရာတော့ မလိုဘူးထင်ပါတယ်
ခင်းဗျားကို တစ်သက်တာလုံး ဒုက္ခလိုက်ပေးနေမှာက SPAM ပြသနာပါ
သူတို့ကြောင့် Security တွေပိုမိုကောင်းမွန်လာတာလား၊ Security တွေပိုမိုမြင့်လာတာကြောင့်ပဲ သူတို့ကပါ လိုက်ပြီးတက်လာတာလားဆိုတာကတော့ ကိုယ့်ဟာကိုယ်ပဲ စဉ်းစားကြည့်ကြပါ
ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တို့ နေစဉ်ရင်ဆိုင်ရမှာပါ
တခါတလေ ကျနော်တို့ ကိုယ်တိုင်တောင် Inbox ထဲမှာ ဘယ်ဟာက SPAM Mail လဲဆိုတာ ခွဲခြားဖို့ခက်လွန်းပါတယ်
အဲ့တော့ တခြား User တယောက်အနေနဲ့ မှားယွင်းပြီး Click နှိပ်မိတာမျိုးတွေ၊ ပိုက်ဆံလွဲမိတာမျိုးတွေ၊ ကြော်ငြာတွေ တချိန်လုံးဝင်နေတာမျိုးတွေ အဲ့လိုအရာတွေ မဖြစ်စေဖို့ရာ Hosting ရဲ့ Email Security အရေးကြီးပါတယ်
(ကျနော်နောက် Post တစ်ခုနဲ့ အသေးစိတ်ပြန်ရှင်းပါဦးမယ်)

9. Control Panel / User Interface
တကယ်လို့များ ခင်ဗျားဟာ နည်းပညာနဲ့ပတ်သက်ပြီး ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အားနည်းနေတဲ့သူဖြစ်ပါစေ အနည်းဆုံးတော့ ခင်ဗျားအနေနဲ့ WordPress လေး Install လုပ်တာ၊ Email Setup လုပ်တာ၊ FTP Setup လုပ်တာမျိုးတွေကို Tech Support ကိုမဆက်သွယ်ပဲ လုပ်နိုင်ဖို့ ခင်ဗျား Hosting ရဲ့ Control Panel / User Interface ကြီးဟာ ရိုးရှင်းလွယ်ကူနေဖို့လိုပါတယ်။ အဲ့တော့ ခင်ဗျားရွေးချယ်မယ့် Hosting က cPanel, Plesk Interface, Version တွေကိုလဲ လိုက်ကြည့်လို့လိုအပ်ပါတယ်။

အရင်ကတော့ ရိုးရှင်းခဲ့ပါတယ်
ဘယ်မှာဝယ်ရမလဲ ဘာမှမလုပ်နဲ့ ကိုယ့်အနီးအနား သူငယ်ချင်း၊ ဆရာသမားကိုမေးဝယ်လိုက်တယ်
ပြသနာတစ်ခုတက် Complaint လုပ် မိနစ် ၃၀၊ ၁ နာရီ ပြန်ပီးဟိုဖက်က ဖြေရှင်း၊ ဘာမှမဖြစ်ပါဘူး ဘာမှမဖြစ်ရင်တော့၊ အဲ့တာကတော့ ကိုယ့်လုပ်ငန်းရဲ့ အပေါ်မှာလဲ မူတည်မယ်ထင်ပါတယ်
နောက်တစ်ခုက တော်တော်များများက Hosting တစ်ခု နှစ်ခုလောက်နဲ့ပဲ ဆက်ဆံကြဘူးတော့ ရွေးချယ်မှု အားသာမှုတွေကို မသိကြတာလဲ ပါမှာပါ
(ရည်းစားတယောက်ထဲ ထားဘူးတဲ့သူတွေကို ဒီနေရာကနေ တခါတည်း အကြံပေးလိုက်ချင်ပါတယ်၊ တယောက်ထဲထားဘူးပြီးတော့ မပြောပါနဲ့ ခင်ဗျားတို့ ချစ်သူအကောင်းဆုံးဆိုတာ)
ကျနော်တို့အနေနဲ့ ပိုမိုပြီး စဉ်းစားဖို့အကြောင်းအရာတွေ သိလာလေလေ၊ ဆုံးဖြတ်ချက်ချဖို့ရာ ခက်ခဲလေလေ၊ တွေဝေလာလေလေ၊ စိတ်တိုင်းမကျ လာလေလေ ဖြစ်လာတတ်ကြပါတယ်
ဘယ်လိုပဲ ဖြစ်ပါစေ ဒီအချက်အလက်တွေကိုတော့ ကျနော်တို့ ရှောင်လွဲလို့ မရတာတော့ အသေအချာပါ
တကယ်လို့များ ကျနော်တို့တွေဟာ အပေါ်ကအချက်တွေကို မသိရင်ဖြစ်ဖြစ်၊ မလုပ်ခဲ့ရင်ဖြစ်ဖြစ် ကျနော်တို့တွေဟာ တာဝန်မကျေတဲ့ သူတစ်ယောက်၊ အလုပ်ကို သေချာစေ့စပ်စွာမလုပ်တဲ့ သူတစ်ယောက်အဖြစ် ဖြစ်သွားပါလိမ့်မယ်
နောက်ဆုံးအနေနဲ့ စာများများဖတ်ဖို့ တိုက်တွန်းချင်ပါတယ်

-HLN-

Address

35, Yadana Theinkha Street
Sanchaung

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

09791983338

Alerts

Be the first to know and let us send you an email when Solve Circle Technology posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Solve Circle Technology:

Share