NOIX

NOIX We are a brand and design studio with a family of creative members. We offer to our clients a wide r

STILL WATCHING ...
03/03/2021

STILL WATCHING ...

Today, 20th Feb 2021, Myanmar military intentionally shot at many peaceful protesters, volunteers in Mandalay. They’ve b...
20/02/2021

Today, 20th Feb 2021,
Myanmar military intentionally shot at many peaceful protesters, volunteers in Mandalay. They’ve become terrorists.
I sincerely request to all the governments around the world, we really need your help to protect people in Myanmar
They brutally attack not only at the protesting area but also at residential areas and shot to ambulance cars also. This is not civil war. This is just brutality of the armed forces to the unarmed civilians. This is happening in Myanmar.

၁ယောက်မှ အဖမ်းမခံရအောင် စည်းလုံးကြပါ။
12/02/2021

၁ယောက်မှ အဖမ်းမခံရအောင် စည်းလုံးကြပါ။

✴️ သင်ဟာ SME လုပ်ငန်းရှင်တစ်ယောက်ဆိုရင်တော့ ဒီပို့စ်က သင့်အတွက်ပါပဲ။ကိုဗစ်ကာလမှာ စီးပွားရေးလုပ်ငန်းတွေ အားလုံးနီးပါးအထိန...
03/01/2021

✴️ သင်ဟာ SME လုပ်ငန်းရှင်တစ်ယောက်ဆိုရင်တော့ ဒီပို့စ်က သင့်အတွက်ပါပဲ။
ကိုဗစ်ကာလမှာ စီးပွားရေးလုပ်ငန်းတွေ အားလုံးနီးပါးအထိနာကြပါတယ်။ အဲ့ထဲကမှကျွန်တော်တို့ ပြည်တွင်းက SME လုပ်ငန်းရှင်တွေက အထိအနာဆုံးပါပဲ။
SME လုပ်ငန်းတွေဆိုတာ နဂိုကမှ အရင်းအနှီး နည်းနည်းနဲ့ တစ်နိုင်တစ်ပိုင်လေး လုပ်ကြတာဖြစ်တဲ့အပြင် လုံလောက်တဲ့ နည်းပညာကျွမ်းကျင်မှုလည်းမရှိတော့ ခုလို ကိုဗစ်ကာလမှာအားလုံးနီးပါး ဒစ်ဂျစ်တယ်ချန်နယ် တွေကနေရောင်းဝယ်ဖောက်ကားနေကြပေမယ့် SME တွေကတော့ ကျန်နေခဲ့ရပါတယ်။
SME လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့လုပ်ငန်းကို
ဒစ်ဂျစ်တယ်မားကက်တင်းလုပ်ချင်ပေမယ့် ဘတ်ဂျက်ကြောင့်ရော နည်းပညာကြောင့်ရော စဖို့ တွန့်ဆုတ်နေတာတွေကို ဖြေရှင်းပေးဖို့အတွက် Digital Marketing for SMEs Package လေးရှိပါတယ်။
✅ အသေးစိတ်ကို Page Messenger link m.me/noixdesignstudio မှာ ဝင်ရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်။

🔷 သင့်စီးပွားရေးလုပ်ငန်းအတွက် Facebook Marketing ဆိုတာဘာလဲ ၊ ဘာကြောင့်လုပ်သင့်လဲ ?ကျွန်တော် ဒီနေရာမှာ Social Media Marke...
29/12/2020

🔷 သင့်စီးပွားရေးလုပ်ငန်းအတွက် Facebook Marketing ဆိုတာဘာလဲ ၊ ဘာကြောင့်လုပ်သင့်လဲ ?

ကျွန်တော် ဒီနေရာမှာ Social Media Marketing လို့မသုံးဘဲ Facebook Marketing လို့ပဲသုံးပါ့မယ်။
ဘာလို့လည်းဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့ လူသုံး
အများဆုံးလူမှုကွန်ယက်က Facebook ဖြစ်နေလို့ပါ။မိတ်ဆွေလည်း အခု Facebook ပေါ်ကနေ
ကျွန်တော့်ရဲ့ပို့စ်ကိုဖတ်နေတယ်မဟုတ်လား 😁

Facebook Marketing ဆိုတာဘာလဲဆိုတော့
Facebook ကိုအသုံးပြုပြီး ကိုယ့်ရဲ့ ကုန်ပစ္စည်းကို
ကိုယ့်ဝယ်သူတွေသိရှိလာအောင် ၊ စိတ်ဝင်စားလာအောင် ၊ သူတို့နဲ့ အပြန်အလှန်ဆက်သွယ်နိုင်အောင် ၊ ကိုယ့်ရဲ့ကုန်ပစ္စည်းကို
သူတို့ဝယ်ချင်လာအောင် ပြုလုပ်ခြင်းလို့ပဲ ကျွန်တော် အတိုချုံးပြောပါရစေ။

🔹ဒါဆိုရင် Facebook Marketing ဘာကြောင့်လုပ်သင့်သလဲ?

မြန်မာနိုင်ငံမှာ Facebook အသုံးပြုသူ (၂၂) သန်းကျော်ရှိနေပြီးတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ လူဦးရေရဲ့ 40.4% လောက် Facebook ကိုအသုံးပြုနေကြပါတယ်။ဒါဟာ စီးပွားရေးလုပ်ငန်းတွေအတွက် အင်မတန်ကို အကျိုးရှိတဲ့ အချက်ပါ။ဒီလောက် များပြားတဲ့ Customers ဟာ ဈေးတွေထဲမှာလည်း မရှိနိုင်ပါဘူး ၊ စူပါမားကတ်တွေမှာလည်း မရှိနိုင်ပါဘူး။

ဒါပေမယ့် Facebook ပေါ်မှာရှိပါတယ်။ဒါကြောင့်လည်းမြောက်များစွာသော Brand တွေဟာ သူတို့ရဲ့ ကိုယ်ပိုင် Page တွေကို တစ်လတစ်လ ငွေကြေးသိန်းနဲ့ချီအကုန်အကျခံပြီး Facebook ပေါ်မှာ သူတို့ရဲ့ပုံရိပ်ကောင်းကိုရရှိအောင် တည်ဆောက်ထားတာဖြစ်ပါတယ်။

Facebook ရဲ့အားသာချက်‌က ကြော်ငြာတွေကို
မိမိပြလိုတဲ့လူတွေရဲ့ အသက်အရွယ်အပိုင်းအခြား ၊ နေထိုင်ရာဒေသ ၊ အလုပ်အကိုင် ၊ အမူအကျင့် ၊ သုံးနေတဲ့ ဖုန်းအမျိုးအစားကအစ အသေးစိတ်တွက်ချက်ပြီးပြပေးနိုင်လို့ အခြားသော ရှေးဟောင်းကြော်ငြာနည်းတွေဖြစ်တဲ့ ရုပ်မြင်သံကြား ၊ သတင်းစာ ဂျာနယ် ၊ လက်ကမ်းစာစောင်အစရှိတဲ့ ကြော်ငြာနည်းလမ်းတွေထက် ပိုပြီး တိကျပါတယ်။

ဒါ့အပြင်အကျိုးရလဒ်ပိုင်းကလည်း ပိုမိုထိရောက်ပြီးတော့ ကုန်ကျစားရိတ်ကလည်း အများကြီးသက်သာပါတယ်။ဒါကြောင့် မိတ်ဆွေရဲ့ လုပ်ငန်းအတွက် အကောင်းဆုံးသော Facebook Marketing ဝန်ဆောင်မှုကိုလိုချင်တယ်ဆိုရင်တော့ 📳 09 960 7575 51 ကို ဆက်သွယ်လိုက်ပါဗျ။

⚠️ မိတ်ဆွေတို့ရဲ့လုပ်ငန်းကို Facebook အပြင်တခြားသော Digital Channel တွေအပေါ်မှာအရောင်းမြှင့်တင်လိုတယ်ဆိုရင် အောက်က Surve...
25/12/2020

⚠️ မိတ်ဆွေတို့ရဲ့လုပ်ငန်းကို Facebook အပြင်တခြားသော Digital Channel တွေအပေါ်မှာအရောင်းမြှင့်တင်လိုတယ်ဆိုရင် အောက်က Survey Form လေးကိုဖြည့်ပေးပါခင်ဗျာ။

အခုကာလမှာ စီးပွားရေးလုပ်ငန်းတွေအားလုံးရဲ့အဓိကရပ်တည်မှုဟာ Digital Channel တွေအပေါ်မှာ မှီခိုနေပါတယ်။

ခေတ်နဲ့အညီပြောင်းလဲလာတဲ့ Digital Trends တွေကို လိုက်မမီလို့ ကိုယ့်လုပ်ငန်းကို ပြိုင်ဘက်တွေက နောက်ကောက်ချသွားတာမခံရအောင် Digital Marketing လုပ်လိုတယ်ဆိုရင်တော့ အောက်ကလင့်လေးမှာ ဝင်ရောက်ဖြေဆိုပေးကြပါခင်ဗျာ။
👇🏼👇🏼👇🏼
https://forms.gle/Zeqpes99afL86Jac9

2020 X’masWishing you and your family health, happiness, peace and prosperity this Christmas and in the coming New Year....
14/12/2020

2020 X’mas

Wishing you and your family health, happiness, peace and prosperity this Christmas and in the coming New Year.

ဒီနှစ်တော့ အိမ်ထဲမှာပဲနေရင်း သီချင်းနားထောင်ပြီးဖြတ်သန်းကြတာပေါ့ ❤️💚

𝗙𝗮𝗺𝗼𝘂𝘀 𝗟𝗼𝗴𝗼 𝗙𝗼𝗻𝘁𝘀 (𝗽𝘁.𝟮)
08/12/2020

𝗙𝗮𝗺𝗼𝘂𝘀 𝗟𝗼𝗴𝗼 𝗙𝗼𝗻𝘁𝘀 (𝗽𝘁.𝟮)

𝗙𝗮𝗺𝗼𝘂𝘀 𝗟𝗼𝗴𝗼 𝗙𝗼𝗻𝘁𝘀 (𝗽𝘁.𝟭)ကျွန်တော်တို့ မျက်လုံးထဲမှာရင်းနှီးနေတဲ့ လိုဂိုအမှတ်တံဆိပ်တွေရယ် သူတို့မှာသုံးထားတဲ့ font တွေနဲ့...
05/12/2020

𝗙𝗮𝗺𝗼𝘂𝘀 𝗟𝗼𝗴𝗼 𝗙𝗼𝗻𝘁𝘀 (𝗽𝘁.𝟭)

ကျွန်တော်တို့ မျက်လုံးထဲမှာရင်းနှီးနေတဲ့ လိုဂိုအမှတ်တံဆိပ်တွေရယ် သူတို့မှာသုံးထားတဲ့ font တွေနဲ့တွဲပြီး မြင်ရမှာဖြစ်ပါတယ်။

part-2 comin’ soon ✌🏼

စိတ်ညစ်စရာ Like & Share Campaign များအကြောင်းAgency တစ်ခုအနေနဲ့ ၊ အထူးသဖြင့် Marketer တစ်ယောက်အနေနဲ့ စိတ်အညစ်ရဆုံး တစ်ခု...
08/11/2020

စိတ်ညစ်စရာ Like & Share Campaign များအကြောင်း

Agency တစ်ခုအနေနဲ့ ၊ အထူးသဖြင့် Marketer တစ်ယောက်အနေနဲ့ စိတ်အညစ်ရဆုံး တစ်ခုကိုပြောပါဆိုရင် facebook ပေါ်က Like & Share Campaign တွေပဲဖြစ်ပါလိမ့်မယ်။

ကျွန်တော်တို့ကိုယ်တိုင်လည်း Client ရဲ့ တောင်းဆိုမှုအရ ရံဖန်ရံခါ Like & Share Campaign တွေ Run ပေးရတာမျိုး ရှိခဲ့ပါတယ်။ပုံမှန်အားဖြင့်တော့ Like & Share Campaign တွေဟာ Awareness မြန်မြန်ရတယ်။Reach ကောင်းတဲ့အတွက် သဘောကျစရာဆိုပေမယ့်
နောက်ပိုင်းက စိတ်ပျက်စရာဖြစ်လာပါတယ်။

(1500) တန် SIM Card များ ပေါများလာခြင်းနဲ့အတူ တစ်ချို့လူတွေဟာ Facebook ပေါ်က Like & Share Campaign တွေ Giveaway တွေအတွက် သီးသန့်အကောင့်ဖွင့်ထားတာမျိုးတွေရှိပါတယ်။တစ်ချို့ဆို အကောင့် (၅) ခုလောက်အထိ ဖွင့်ထားပြီးတော့ အားနေ ထိုင် share နေတာပါ။အဲ့လိုလူတွေက များလာတဲ့အခါကျ ကိုယ် target ထားတဲ့ Customer တွေဆီတကယ်မရောက်တာတွေဖြစ်လာပါတယ်။

အဲ့လို like & share အတွက် ဖွင့်ထားတဲ့ အကောင့်တွေကရော potential customers မဖြစ်လာနိုင်ဘူးလားမေးရင်တော့ ကျွန်တော့်အနေနဲ့ 100 မှာ 1% တောင်ရှိဖို့ခက်မယ်မြင်ပါတယ်။တကယ် ဝယ်သုံးချင်မှဖြင့် တကယ်ဝယ်သုံးမှာပေါ့ဗျာ၊ အခုဟာက အလကားလိုချင်လို့ မြင်သမျှ Give Away ထိုင် Share နေတဲ့ကိစ္စ ၊အဲ့လိုလူတွေကရော ကိုယ့် Brand ကို ဘာတွေမှတ်မိနေမှာမို့လဲ လို့ပဲဖြေရပါလိမ့်မယ်။

အဲ့ဒီတော့ ဒီလိုလူတွေရန်ကလည်း ဝေးချင်တယ် ၊ ကိုယ့် Brand ကိုလည်း လူတွေရင်ထဲ စွဲကျန်နေစေချင်တယ်ဆိုရင်တော့ NOIX နဲ့သာလက်တွဲလိုက်ပါ။
Social Media Marketing ဟာ တကယ်အလုပ်ဖြစ်ကြောင်း သက်သေပြပါရစေ။


Engagement တွေကောင်းတိုင်းအလုပ်ဖြစ်သလား?ကျွန်တော်တို့ Facebook ပေါ်မှာ campaign တွေ Run တဲ့အခါ အတော်များများက engagement...
06/11/2020

Engagement တွေကောင်းတိုင်းအလုပ်ဖြစ်သလား?

ကျွန်တော်တို့ Facebook ပေါ်မှာ campaign တွေ Run တဲ့အခါ အတော်များများက engagement ကောင်း/မကောင်းဆိုတာကိုကြည့်ပြီးပဲ အပေါ်ယံဆုံးဖြတ်လေ့ရှိကြပါတယ်။ဒါပေမယ့် engagement တွေ ကောင်းတိုင်းရော တကယ်အလုပ်ဖြစ်ကြပါရဲ့လား ?

နောက်တစ်ခုက brand တွေအနေနဲ့ influencer တွေ ရွေးချယ်တဲ့အခါ Follower အရေအတွက် ၊ Reach ဘယ်လောက်ဆိုတာမျိုးတွေနဲ့ပတ်သက်ပြီးတော့ပဲ Client တွေဘက်က စိတ်ဝင်စားကြတာမျိုးတွေလည်း တွေ့ရပါတယ်။ ဒါကလည်းမှားတယ်လို့ မဆိုသာပေမယ့် တကယ်အရေးကြီးတဲ့အချက်က ဒီ influencer ဟာကိုယ့် brand နဲ့ ကိုက်ညီမှုရှိရဲ့လား ၊ သူ့ရဲ့Follower တွေဟာ ကိုယ့်ရဲ့ Potential Customer ဖြစ်လာနိုင်ရဲ့လားဆိုတာတွေကလည်း အရေးကြီးပါတယ်။

တစ်လောက တွေ့လိုက်ရတဲ့ နာမည်ကြီး Brand တစ်ခုရဲ့ influencer campaign မှာဆိုရင် Brand က ဖြစ်စေချင်တာက သူတို့သုံးလိုက်တဲ့ influencer ရဲ့ Fan တွေကို သူတို့ Product နဲ့ ဓာတ်ပုံရိုက်ပြီး influencer ရဲ့ post အောက်မှာ comment ပေးစေချင်တာ ၊ ဒါပေမယ့် အဲ့ဒီPost အောက်က comment တွေက အဲ့ဒီ Influencer ရဲ့ ex အကြောင်း ၊ မမရေ Add ပေးပါဦးဆိုတဲ့ comment တွေပဲမန့်နေကြတာ။ ကျွန်တော့်အမြင်ပြောရရင် တကယ်ကိုစိတ်ပျက်စရာကောင်းတဲ့ campaign ပါပဲ။

အဲ့ဒီ celebrity အစား ဓာတ်ပုံဆရာတစ်ယောက်ယောက်ကိုသုံးပြီး ဓာတ်ပုံဆရာက product ကိုဓာတ်ပုံရိုက်ပြီးတင် ၊ သူ့ Fan တွေကိုလည်းဘယ်လိုရိုက်လို့ရတယ်ဆိုတဲ့ Tips လေးတွေပေးပြီး သူတို့ wall ပေါ် hashtag နဲ့ ပြန်တင်ခိုင်းတာမျိုးဆိုရင်တောင် product photoကောင်းကောင်းလေးတွေ ရနိုင်ပါသေးတယ်။

အနှစ်ချုပ်ပြောချင်တာကတော့ Campaign တစ်ခု run မယ်ဆိုရင် Campaign ရဲ့ objective ရယ်၊ အဲ့ဒီ Campaign ရဲ့ Goal ကို ထိမယ့် Target Audience ရှိနိုင်တဲ့ influencer ကို သေချာရွေးချယ်နိုင်ဖို့က အရေးကြီးပါတယ်။ Client တွေ ဘက်ကလည်း Follower ဘယ်လောက် reach ဘယ်လောက်ဆိုတာတွေနဲ့တင် လမ်းမဆုံးနေဖို့ အရေးကြီးဆုံးပါပဲ။ဒါမှမဟုတ်ရင်တော့ ပိုက်ဆံကုန်တာသာ အဖက်တင်ပြီး ကိုယ့် Brand က ဘယ်သူ့ ရင်ထဲမှ မရောက်တာမျိုးဖြစ်သွားရင် ဝမ်းနည်းစရာပါပဲ။


နာရီပိုင်းအတွင်း ဘဏ်စာရင်းထဲကငွေတွေတိုးပွားအောင်လုပ်နည်း ‼️💵💰အရမ်းလွယ်ပါတယ်။Multi Level Marketing လည်း လုပ်စရာ မလိုသလို ...
29/10/2020

နာရီပိုင်းအတွင်း ဘဏ်စာရင်းထဲက
ငွေတွေတိုးပွားအောင်လုပ်နည်း ‼️💵💰

အရမ်းလွယ်ပါတယ်။

Multi Level Marketing လည်း လုပ်စရာ မလိုသလို ၊
တရားမဝင်တဲ့ အလုပ်တွေလည်း လုပ်စရာမလိုပါဘူး။

NOIX ရဲ့ messenger ကို လာပြီးတော့သာ နာရီပိုင်းအတွင်း ဘဏ်စာရင်းထဲက ငွေတွေ တိုးပွားအောင်လုပ်ပေးပါဆိုပြီး Message ပို့ထားလိုက်ပါ။

ကျွန်ုပ်တို့ဘက်က Photoshop ကိုအသုံးပြုပြီး
လူကြီးမင်းတို့ ဘဏ်အကောင့်ထဲကို လိုချင်သလောက်
ငွေပမာဏရောက်ရှိအောင်လုပ်ဆောင်ပေးနေပါပြီ။

Address

Sanchaung Township
Sanchaung
1111

Telephone

+959960757551

Website

Alerts

Be the first to know and let us send you an email when NOIX posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NOIX:

Share