TTA Computer Sales & Service Center

TTA Computer Sales & Service Center Computer Sales & Service Center,Network Solution,CCTV installation & Service,Wireless Solution

  Computer Service Center 💯 Sales Post 💯 ဝယ်ရောင်းမဟုတ်ပါ ။ Office used စျေးအတန်နဲ့ ကောင်းကောင်း အသုံးပြုလို့ရပါမယ်။ Goo...
25/03/2024

Computer Service Center 💯 Sales Post 💯 ဝယ်ရောင်းမဟုတ်ပါ ။ Office used စျေးအတန်နဲ့ ကောင်းကောင်း အသုံးပြုလို့ရပါမယ်။ Good second မရတောဘူလာလို့မေးမေးတယ် Users များအတွက်
💻 Lenovo Thinkpad L13
-CPU / Intel Core i5-10210U
-RM / 8G
-M2 / 256GB
-Battery Good
-Original Adapter / Bag
-Windows New Install and Hardware Clean

🤗All Fine 👌 လက်တင်သုံးယုံပါ။ သားသား မီမီတို့ Online သင်တန်းတက်မလား ၊ ဦးဦး ဒေါ်ဒေါ် ကိုကို မမ တို့ Office used အသုံးပြုမလာ အားလုံးအဆင်ပြေပါတယ်။

📱0942100567

💰900000///

💻 မတော်တဆ Laptop ပေါ်ရေ၊ ကော်ဖီ စတဲ့ အရည်တစ်မျိုးမျိုးဖိတ်ကျသွားတဲ့အခါမှာလုပ်ရမဲ့အချက်လေးတွေကိုပြောပြပေးပါမယ် ဒီအချက်လေး...
02/02/2024

💻 မတော်တဆ Laptop ပေါ်ရေ၊ ကော်ဖီ စတဲ့ အရည်တစ်မျိုးမျိုးဖိတ်ကျသွားတဲ့အခါမှာ

လုပ်ရမဲ့အချက်လေးတွေကိုပြောပြပေးပါမယ်

ဒီအချက်လေးတွေကတော့

👍 Laptop ကို ချက်ခြင်းပိတ်ပစ်ရပါမယ်

👍 Battery ကို ဖြုတ်ပစ်ရပါမယ်။ ရေက လျှပ်ကူးစေလို့ Battery ကို ရေထိသွားရင် Laptop တစ်ခုလုံးက သုံးမရအောင် ဖြစ်သွားတတ်ပါတယ်။

👍 Plug တပ်ထားတဲ့ Charger, Mouse, Keyboard စတဲ့ အရာတွေကိုလည်း ဖြုတ်ပစ်ရပါမယ်

👍Laptop ကို ခြောက်သွေ့အောင် အချိန်အတန်ကြာပစ်ထားလိုက်ပါ။

👍Laptop Service center တစ်ခုခုမှာ အမြန်ဆုံးပြုပြင်ပေးမှာပါ။

ဒီအချက်လေးတွေအတိုင်းသာလုပ်လိုက်နိုင်ရင်တော့ Laptop က အပျက်အဆီးအရမ်းမများနိုင်ပါဘူး 😇

❗❗❗ ဒါပေမဲ့ Laptop ကို ရေချိုးပေးလိုက်သလို အရမ်းစိုနေပြီး ဆိုင်ကိုရောက်မလာရင်တော့

ပြင်လို့မရလောက်တဲ့အထိကို ထိခိုက်ပျက်ဆီးမှုတွေဖြစ်သွားနိုင်ပါတယ် ❗❗❗ Service Center တစ်ခုခုကိုမရောက်နိုင်သေရင်လဲ လျှပ်စစ်မဝင်းအောင်ထာပါ။
လူကြီးမင်းများ မင်္ဂလာပါ။ post မတင်တာကြာလို့မေ့မသွားနဲ့နော်။ လက်ရှိအချိန်ထိ ယုံကြည်စွာ services အပ်သူများ ပစ္စည်းဝယ်ယူပေးကျသော customer အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ TTA Computer Sales & Service Center

လူကြီးမင်းတို့ရဲ့တန်ဖိုးရှိသော laptops 💻 , Desktop 🖥️ Computer များ အကောင်းဆုံးနဲ့ အဆင်ပြေဆုံးဖြစ်အောင် မှာ Services ပေးနေပါတယ်🧑‍💻

Services ပြုလုပ်ဖို့အတွက် ယုံကြည်စွာခေါ်ပေးတဲ့ customerများ ကိုလဲအထူးကျေးဇူးတင်ပါတယ်။

🙋🏻‍♂️Services များကိုပိတ်ရက်မရှိဝန်ဆောင်မူပေးနေပါတယ်။ 🤳🏻 ဖုန်းလေးသာ ဆက်လိုက်ပါ လူကိုယ်တိုင်လာရောက်၍လဲ ဝန်ဆောင်မှုပေး‌ေနပါတယ်။ Remote Services လဲရှိပါတယ်။

စာအဆုံးထိဖတ်ပေးတဲ့ Customer များ 🙏🙏🙏 like and Share Review လေးများလုပ်ပေးပါနော်😁
No.56(G/F), Mau Pin Street, Sanchaung Township, Yangon.
📱09790137255,0942100567

𝗖𝗮𝘀𝗵 𝗕𝗮𝗰𝗸 "၅သိန်းကျော်" ဝန်းကျင်‌လောက်ထိ ပြန်လည်ရရှိနိုင်မယ့် 𝙃𝙋 𝙒𝙞𝙣𝙩𝙚𝙧 𝙎𝙖𝙡𝙚🥳၂၀၂၄ နှစ်အစမှာ 𝐋𝐚𝐩𝐭𝐨𝐩 အသစ်ဝယ်ဖို့ ပလန်ထားတဲ...
26/01/2024

𝗖𝗮𝘀𝗵 𝗕𝗮𝗰𝗸 "၅သိန်းကျော်" ဝန်းကျင်‌လောက်ထိ ပြန်လည်ရရှိနိုင်မယ့် 𝙃𝙋 𝙒𝙞𝙣𝙩𝙚𝙧 𝙎𝙖𝙡𝙚🥳

၂၀၂၄ နှစ်အစမှာ 𝐋𝐚𝐩𝐭𝐨𝐩 အသစ်ဝယ်ဖို့ ပလန်ထားတဲ့ 𝐇𝐏 ဖန်လေးတွေအတွက် အတန်ဆုံးဈေးနဲ့ဝယ်ယူရရှိနိုင်မယ့် ပရိုမိုးရှင်းလေးကို
🗓️ ဇန်နဝါရီလ ၁၆ ရက်နေ့ကနေ ၃၁ရက်နေ့ထိ ပြုလုပ်ပေးထားပါတယ်။

🪪𝗠𝗼𝗯𝗶𝗹𝗲 𝗯𝗮𝗻𝗸𝗶𝗻𝗴 - AYA, CB, KBZ, YOMA နဲ့ KBZ Pay
🚛 မြို့တွင်း_နယ်ဝေး ဒေသအလိုက် အမြန်ချောပို့များ/ ကားဂိတ်များမှ ပို့ဆောင်ပေးလျှက်ရှိပါသည်။

09790137255

Laptop ဘက်ထရီ ကြာကြာသုံးနိုင်ဖို့ သတိထားရမည့် အချက်များ==========================Laptop နဲ့ သုံးနေရတဲ့သူတွေအတွက် တစ်ခါတစ...
24/12/2023

Laptop ဘက်ထရီ ကြာကြာသုံးနိုင်ဖို့ သတိထားရမည့် အချက်များ
==========================
Laptop နဲ့ သုံးနေရတဲ့သူတွေအတွက် တစ်ခါတစ်လေမှာ ကြိုးတပ်ပြီး အားသွင်းဖို့ အဆင်ပြေချင်မှပြေပါလိမ့်မယ်... ကိုယ်လုပ်လက်စအလုပ်ကို ဘက်ထရီရဲ့ ကျန်တဲ့အားလေးနဲ့ ပြီးတဲ့အထိ အသုံးပြုသွားနိုင်ဖို့ လိုတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို လုပ်ဆောင်ထားသင့်ပါတယ်... ဒီအချက်တွေဟာ သင့် laptop battery ကို ကြာကြာသုံးနိုင်ဖို့အတွက် အလွန်ထိရောက်တဲ့ အခြေခံအချက်လေးတွေဖြစ်ပါတယ်...
၁) Screen Brightness ကို လျှော့ချထားပါ သင်အလုပ်လုပ်နေတဲ့ ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီး သင့် Laptop Screen ရဲ့ brightness ကို ချိန်ညှိအသုံးပြုဖို့လိုပါမယ်... သင့် laptop ဟာ LED screen မဟုတ်ဘူးဆိုရင် back light ကို လျှော့ချလိုက်ခြင်းဟာ အားအကုန်ကို သိသိသာသာ သက်သာစေပါလိမ့်မယ်....
၂) Background program များကို ပိတ်ထားပါ သင်မသိဘဲနဲ့ Window စနစ်ကနေ နောက်ကွယ်မှာ run နေတဲ့ background program အများကြီးရှိပါတယ်... user အများစုဟာ program တွေကို install လုပ်တဲ့အခါ စက်စဖွင့်တာနဲ့ အလိုအလျောက် run ဖို့ ခွင့်ပြုထားမိလိုက်တာ များပါတယ်.... ဒီလို program တွေကို task manager ကနေတစ်ဆင့် ပိတ်လိုက်ခြင်းဖြင့် သင့် laptop လုပ်နေရတဲ့အလုပ်ကို လျှော့ချပေးနိုင်သလို ဘက်ထရီကိုလည်း ကြာကြာသုံးနိုင်စေမှာဖြစ်ပါတယ်... ဖြစ်နိုင်မယ်ဆိုရင်တော့ သင်တကယ်သုံးမယ့် program တစ်ခုကိုပဲ ဖွင့်ပြီးသုံးဖို့ ကြိုးစားသင့်ပါတယ်...
၃) External Device များကို ဖယ်ရှားပါ USB flash drive တွေ ဒါမှမဟုတ် external CD drive တွေဟာ သင့် ဘက်ထရီကနေ အားအများကြီးယူသုံးပါတယ်... ဒီ device တွေကို ဖယ်ထုတ်လိုက်ခြင်းအားဖြင့် သင့် laptop ဘက်ထရီကနေ စွမ်းအင်စီးထွက်မှု ကျဆင်းသွားမှာဖြစ်တဲ့အတွက် အချိန်အတော်ကြာအောင် ပိုမိုအသုံးပြုနိုင်ပါလိမ့်မယ်...
၄) CD drive ကို အသုံးမပြုပါနဲ့ Optical Disk drives တွေဟာ အားအတော်စားပါတယ်... ဒီ drive တွေဟာ သူတို့ကိုမသုံးတဲ့အချိန်မှာတောင် အားကို ဖြုန်းပစ်ပါတယ်... ဂိမ်းကစားတာမျိုး CD ထည့်ပြီးသုံးဖို့ရှိမယ်ဆိုရင် virtual drive software တစ်ခုခုကို install လုပ်ထားလိုက်ပါ... ဒါဆိုရင် optical drive ထဲက data တွေကို virtual drive အနေနဲ့ သိမ်းထားပြီးယူသုံးနိုင်ပါပြီ... Optical drive ကို အသုံးပြုတဲ့အချိန်ကို အတတ်နိုင်ဆုံး လျှော့ချခြင်းဟာ သင့်ဘက်ထရီကို ကြာရှည်သုံးစွဲဖို့ အထောက်အကူပြုပါလိမ့်မယ်...
၅) Hard disk ကို Defragment လုပ်ပါ Defragment ပုံမှန်မလုပ်တဲ့ hard disk ဟာ data တွေအကို အသုံးပြုတဲ့အခါမှာ အလုပ်ပိုလုပ်ရပါတယ်... ဒါကြောင့် သင့် hard disk ကို defragment ပုံမှန်လုပ်ခြင်းအားဖြင့် hard disk ရဲ့ လည်ပတ်လုပ်ဆောင်မှုကို လျှော့ချပေးနိုင်ပါတယ်... hard disk အလုပ်လုပ်တာနည်းလေလေ သင့်ဘက်ထရီကိုလည်း အချိန်ကြာကြာဆွဲသုံးနိုင်လေလေဖြစ်ပါတယ်....
၆) သင့်ဘက်ထရီကို ဂရုစိုက်ပါ ဘက်ထရီတွေဟာ ပြုပြင်ထိန်းသိမ်းမှု အများကြီးလိုအပ်ပါတယ်.... ရိုးရိုးရှင်းရှင်းသာဖြစ်တဲ့ ဒီနည်းလမ်းလေးတွေကိုလိုက်နာလိုက်ရုံနဲ့ သင့်ဘက်ထရီရဲ့သက်တမ်းကို ပိုရှည်ကြာပါစေလိမ့်မယ်... ပထမဆုံး သင့်ဘက်ထရီကို အချိန်အကြာကြီးအားသွင်းထားတာမျိုး... အားသွင်းရင်း အသုံးပြုတာမျိုးကို ရှောင်ရပါမယ်... ဒီလိုမျိုးတွေလုပ်ဆောင်ခြင်းဟာ ဘက်ထရီအတွက် မကောင်းပါဘူး... ဘက်ထရီကို အားသွင်းမယ် ပြီးမှအသုံးပြုမယ်ဆိုတာမျိုးကသာ သင့်ဘက်ထရီကို ပုံမှန်လုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်...
၇) Standby အစား Hibernate မှာထားပါ သင်အလုပ်လုပ်တာက ခဏနားမယ်ဆိုရင် Standby မှာ မထားဘဲ Hibernate မှာထားပါ... Standby mode ဟာ သင့်ဘက်ထရီကို ဆက်သုံးနေမှာဖြစ်ပါတယ်... လူအများစုဟာ ဒီ mode နှစ်ခုရဲ့ ခြားနားချက်ကို ကောင်းကောင်းမသိကြပါဘူး... ဒါကြောင့် အလုပ်ကို ချက်ချင်းပြန်စလို့ရတဲ့ Standby ကိုပဲ သုံးဖြစ်ကြတာများပါတယ်... Standby mode ကို မသုံးခြင်းအားဖြင့် သင့်ဘက်ထရီ သုံးနိုင်မယ့်အချိန်ကို ထပ်ပြီးဆွဲဆန့်ထားနိုင်ပါလိမ့်မယ်...
၈) Graphic ကို လျှော့သုံး graphic များများတောင်းတဲ့ game တွေကို ကစားတာဟာ အချိန်အနည်းငယ်အတွင်း သင့်ဘက်ထရီကို မြန်မြန်ကုန်စေပါတယ်... ဒါကြောင့် ဂိမ်းကစားတဲ့အခါလည်း အနိမ့်ဆုံး setting တွေနဲ့ ကစားခြင်းဖြင့် သင့် laptop ဘက်ထရီကို ချွေတာနိုင်ပါတယ်...
၉) အသံတိုး Laptop ရဲ့ speaker နဲ့ သီချင်းခဏခဏဖွင့်နားထောင်တာမျိုးမလုပ်ပါနဲ့.... Headphone ဒါမှမဟုတ် earphone တစ်ခုခုနဲ့ ချိတ်သုံးပါ... ဒီနည်းအားဖြင့် ဘက်ထရီကို ကြာကြာခံစေပါလိမ့်မယ်...
၁၀) မလိုအပ်ဘဲ WiFi နဲ့ Bluetooth မသုံးနဲ့ WiFi တို့ Bluetooth တို့ဟာ ဘက်ထရီက အားတော်တော်ဆွဲသုံးပါတယ်... သင့် laptop ဘက်ထရီကို ကြာကြာခံစေချင်ရင် မသုံးတဲ့အချိန်တိုင်း အဲ့ဒီ features တွေကို ပိတ်ထားဖို့ လိုပါလိမ့်မယ်...
၁၁) အပူလွန်တာကိုရှောင် ဘက်ထရီတွေဟာ အေးတဲ့ပတ်ဝန်းကျင်မှာ အကောင်းဆုံးစွမ်းဆောင်ရည် ရှိကြပါတယ်... အပူလွန်ကဲမှုကတော့ ဘက်ထရီသက်တမ်းအပေါ် ဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်ပါတယ်... အလုပ်များများခိုင်းတဲ့အခါ ဘက်ထရီတွေက ပိုပူလာပါလိမ့်မယ်... ဒါကြောင့် laptop ကို ပန်ကာအောက်မှာ သုံးသင့်ပါတယ်... ဒါ့အပြင် laptop အတွင်းပိုင်းနဲ့ ဘက်ထရီတွေက အပူတွေကို အပြင်ပျံ့နှံ့သွားစေနိုင်တဲ့ cooling pad လေးတွေကိုလည်း သုံးနိုင်ပါတယ်...
ဘက်ထရီသက်တမ်းကြာရှည်ဖို့အတွက် မဖြစ်မနေဆောင်ထားရမယ့် ပစ္စည်းတွေထဲမှာ laptop cooling pad လေးတွေလည်း အပါအဝင်ဖြစ်ပါတယ်.

Credit….original Writer

  လူကြီးမင်းများ မင်္ဂလာပါ။ post မတင်တာကြာလို့မေ့မသွားနဲ့နော်။ လက်ရှိအချိန်ထိ ယုံကြည်စွာ services အပ်သူများ ပစ္စည်းဝယ်ယူ...
18/12/2023

လူကြီးမင်းများ မင်္ဂလာပါ။ post မတင်တာကြာလို့မေ့မသွားနဲ့နော်။ လက်ရှိအချိန်ထိ ယုံကြည်စွာ services အပ်သူများ ပစ္စည်းဝယ်ယူပေးကျသော customer အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ TTA Computer Sales & Service Center

လူကြီးမင်းတို့ရဲ့တန်ဖိုးရှိသော laptops 💻 , Desktop 🖥️ Computer များ အကောင်းဆုံးနဲ့ အဆင်ပြေဆုံးဖြစ်အောင် မှာ Services ပေးနေပါတယ်🧑‍💻

Services ပြုလုပ်ဖို့အတွက် ယုံကြည်စွာခေါ်ပေးတဲ့ customerများ ကိုလဲအထူးကျေးဇူးတင်ပါတယ်။

🙋🏻‍♂️Services များကိုပိတ်ရက်မရှိဝန်ဆောင်မူပေးနေပါတယ်။ 🤳🏻 ဖုန်းလေးသာ ဆက်လိုက်ပါ လူကိုယ်တိုင်လာရောက်၍လဲ ဝန်ဆောင်မှုပေး‌ေနပါတယ်။ Remote Services လဲရှိပါတယ်။

စာအဆုံးထိဖတ်ပေးတဲ့ Customer များ 🙏🙏🙏 like and Share Review လေးများလုပ်ပေးပါနော်😁
No.56(G/F), Mau Pin Street, Sanchaung Township, Yangon.
📱09790137255,0942100567

🚨🚨 အားလုံးပဲ သတိထားပေးပါ 🚨🚨MPT SIM Card အသုံးပြုသူများ သတိထားပေးပါရန် MPT ရုံး Message လိုမျိုး User တွေရဲ့ ဖုန်းထဲကို ထ...
19/09/2023

🚨🚨 အားလုံးပဲ သတိထားပေးပါ 🚨🚨

MPT SIM Card အသုံးပြုသူများ သတိထားပေးပါရန်
MPT ရုံး Message လိုမျိုး User တွေရဲ့ ဖုန်းထဲကို
ထောပြီ ကံစမ်းမဲအစီအစဉ်မှာ
အသုံးပြုသူအနေနဲ့ ၃ သိန်း ကံထူးပါတယ်ဆိုတဲ့ ပုံစံနဲ့
လင့်တစ်ခု ပါတဲ့ Message တစ်စောင် ဝင်လာပါလိမ့်မယ်။

👇👇👇👇👇👇
ပုံထဲမှာပါတဲ့ လင့် ပါ
☝️☝️☝️☝️☝️☝️

အဆိုပါ လင့်ကို နှိပ်လိုက်လျင် MPT Website အတုတစ်ခု ဆီ ရောက်သွားမှာ ဖြစ်ပြီး
User တွေရဲ့ ကိုယ်ရေးအချက်အလတ်တွေတောင်းပြီး ဖြည့်ခိုင်းပါလိမ့်မယ်။
နည်းပညာ အားနည်းတဲ့ User တွေကို Hacking လုပ်နိုင်တဲ့ Phishing လင့်လို့ ခေါ်ပါတယ်။
မိမိရဲ့ ကိုယ်ရေးအချက်အလတ်များအပါအဝင် အသုံးပြုနေသော ဖုန်း/ ကွန်ပျူတာများရှိဒေတာများနှင့် အရေးကြီး Information များဖြစ်သော (Banking Information) များအထိ ဆုံးရှုံးနစ်နာမှုများရှိနိုင်ပါတယ်။

ထို့ကြောင့်
ပုံထဲမှာပါတဲ့ လင့်ကို လုံးဝမနှိပ်မိကြဖို့
မိတ်ဆွေးများအား သတိပေး
အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

  Computer Service.🙏လူကြီးမင်းတို့ လို့အပ်သော Computer accessories များကို တစ်နေရာထဲမှာ ဈေးနှုန်းချိုးသာစွာနှင့်ရှိနိုင်...
17/09/2023

Computer Service.
🙏လူကြီးမင်းတို့ လို့အပ်သော Computer accessories များကို တစ်နေရာထဲမှာ ဈေးနှုန်းချိုးသာစွာနှင့်ရှိနိုင်ပါတယ်။🙏

လူကြီးမင်းတို့ရယ် တန်းဖိုးရှိသော laptops 💻 , Desktop 🖥️ Computer များ အကောင်းဆုံနဲ့ အဆင်ပြေဆုံဖြစ်အောင် မှာ Services ပေးနေပါတယ်🧑‍💻

Services ပြုလုပ်ဖို့အတွက် ယုံကြည်စွာခေါ်ပေးတယ် customer ကိုလဲအထူးကျေးဇူးတင်ပါတယ်။

🙋🏻‍♂️Services များကိုပိတ်ရက်မရှိဝန်ဆောင်မူပေးနေပါတယ်။ 🤳🏻 ဖုန်းလေးသာ ဆက်လိုက်ပါ လူကိုတိုင်းလာရောက်၍လဲ ဝန်ဆောင်ပေးပါတယ်။ Remote Services လဲရှိပါတယ်။

စာအဆုံးထိဖတ်မိတယ် Customer များ 🙏🙏🙏 like and Share Review လေးများလုပ်ပေးပါနော်😁
No.56(G/F), Mau Pin Street, Sanchaung Township, Yangon.
📱09790137255,0942100567

Shortcut virus သတ်နည်း with bat file and cmdUSB Stick ထဲမှ Shortcut virus သတ်နည်း(တကယ်စိတ်၀င်စားပါကသေချာဖတ်ပေးပါခင်ဗျာ န...
06/09/2023

Shortcut virus သတ်နည်း with bat file and cmd
USB Stick ထဲမှ Shortcut virus သတ်နည်း
(တကယ်စိတ်၀င်စားပါကသေချာဖတ်ပေးပါခင်ဗျာ နားမလည်တာရှိရင်လည်းပြန်မေးပါ)
++++++++++++++
လူတိုင်းကိုသိစေချင်လို့ပါ
bat ကတော့ချန်ထားခဲ့လိုက်ပေါ့ code တွေပြင်တတ်ရင် ပြင်ပြီးကြိုက်သလိုရှဲပါ
shortcut virus မကိုက်ခံဖူးတဲ့လူကတော့မရှိသလောက်ပဲထင်တယ်
ကျွန်တော်တို့ webpage တွေကို download ချတာများရင် shortcut virus ထိပါတယ်
formatချလည်းမသေပါဘူး shortcut 1shortcut2....ဆိုပြီးပြန်ထွက်လာတာပဲ
ပြောရင်ယုံမလားမသိဘူးကျွန်တော်ကွန်ပျူတာကိုအန်တီဗိုင်းရပ်မသုံးတော့ဘူးဗျ
ဒင်းကဗိုင်းရပ်ထက်တောင်ပိုဆိုးနေတယ် setup ဖိုတွေ တစ်ခုမှဖွင့်မရတော့ဘူးးး 🙁
တစ်နေ့က ၀င်းဒိုးပြန်တင်တော့စော့ဝဲလေးတွေတစ်ခုမှသွင်းမရတော့ဘူး
virus ဆိုတာကautorunကနေ စေခိုင်းချက်အရလုပ်နေရတာပါ ဒီ autorun
သာပိတ်ထားရင် မသွားနိုင်ပါဘူး
(တခြားကောင်တွေတော့ဘယ်လိုလည်းတားလည်းတိဝူး မပိတ်ချင်လည်းရတယ်နော်
အဲ့လိုသာဆိုရင်ဥဥ တိုတို မမတို့ကွန်ပူတာကိုကူးကုန်မှာ :))
autorun ကိုအရင်ပိတ်လိုက်ရအောင်
for window 7
+++++
start>search box မှာ autoplayလို့ရိုက်ပါ ထိပ်ဆုံးမှာပဲ autoplay
လို့ထွက်လာပါလိမ့်မယ်
အဲ့မှာdouble click လိုက်ပါ ထိပ်ဆုံးမှာUSe AutoPlay for all media and devices
မှာအမှန်ချစ်ဖြုတ်ပေးလိုက်ပါ
အောက်ဆုံးက save မှာကလစ်ရင်ရပါပီ
နောက်တစ်နည်း
+++++
run box မှာ >gpedit.msc လို့ရိုက်အန်းတားခေါက်Anministrative
Templates>Windows Componentsမှာ double click လိုက်ပါ
ညာဘက်မှာ Autoplay policies ကိုdouble click ထပ်ပေးပါ
အဲ့မှာ Enabled ကိုရွေးပေးပီးအောက်ဆုံးက apply >OK ကိုကလစ်ပေးပါ
User Configuration မှာလည်းအထက်ပါအတိုင်းလုပ်ဆောင်ပေးပါ
for window XP
+++++++++
ဒါက XP ပိတ်နည်းပါ 8ကတော့မသုံးဖူးလို့မသိပါခင်ဗျာ
၁။ပထမဆုံး run ထဲကိုသွားပြီးGpedit.mscလို့ရိုက်လိုက်ပါ။
၂။Computer Configuration ထဲက Administrative Templates ကိုကလစ်ပြီးexpand
လုပ်
လိုက်ပါ။အောက်မှာပုံပါ ပါတယ်။
၃။Systemကို double ကလစ်ပါပြီးရင်Settings pane ထဲရောက်သွားပါလိမ့်မယ်။
အဲဒီထဲကမှ Turn off Autoplay ရွေးပါ။
၄။ပြီးရင် setting ထဲက disabled ကိုရွေးပြီးရင် apply ၊ ok နှိပ်ထွက်ပါ။
အဆိုautorun ပိတ်သွားပါပြီ
ကျွန်တော်အစက bat လေးပဲပေးမလို့သတ်နည်းကောတစ်ခါထည်းပြောပြပါ့မယ်
တခြားဗိုင်း၇ပ်တွေလည်းဒီနည်းနဲ့ပဲသတ်နိုင်ပါတယ်
stick ကိုထိုးထားနော်
အရင်ဆုံး C:(window တင်ထားသည့်drive)>windows>System32 ထဲကCMD မှာ
right click ထောက်ပါ
run as administrator ကိုကလစ်ပီးဖွင့်ပေးပါ
ကဲစပြီအမဲရောင် screen ကနေအလုပ်လုပ်ရမှာပါ
(တချို့လူတွေရှိတယ်ဗျ ဒီလိုကွန်မန်းတွေကိုရိုက်ရမှာအရမ်းပျင်းကြတာပဲ
ဘာဖြစ်လို့လည်းတော့မသိဘူး ကျတော်ကတော့ပျော်တယ်..ဟဲဟဲ)
အရင်ဆုံး
attrib -r -h -s /s /d /l F:\*.tmp
(/l အယ်နော် အိုင်မဟုတ်ဘူးဗျ)
လို့ရိုက်ပီးအန်းတားခေါက်ပါ(Fနေရာမှာ memory stick ရဲ့ Drive ကိုထည့်ပေးပါ
အောက်မှကွန်မန်းများအားလုံးတွင်လည်းပြောင်းပေးပါ)
ပြီးရင် mycomputer ထဲက memory stick ကိုသွားကြည့်လိုက်ပါ နာမ်မည်နောက်ဆု့ံးမှာtmp ပါတဲ့ဖိုင်တွေထွက်လာပါလိမ့်မယ်
အဲ့ကောင့် shift delete နဲ့ရဲရဲသာဖြတ်ပလိုက်ပါ
(ရှင်းလင်းချက်(မဖတ်ချင်ရင်ကျော်သွားနိုင်ပါတယ်)။ ။ attrib ကattribute
လုပ်တာပါ သိချင်ရင် dectionary ၀ယ်ဖတ်ပါ 🙂 -r ဆိုတာက read only ကိုဖြုတ်တာပါ
တခြားလူတစ်ယောက်က read only လုပ်ထားတဲ့ဖိုင်ကိုပြင်လို့မရပါဘူး +r ဆိုရင်တော့
read only သတ်မှတ်လိုက်တာပေါ့ဗျာ
-h ဆိုတာ က hidden ဖြစ်နေတဲ့ ဖိုင်ကိုပြန်ဖော်တာပါ +hဆိုရင် hidden
ဖြစ်အောင်လုပ်လိုက်တာပါ foloder and search option
ကနေပြင်ရင်လည်းမမြင်နိုင်တော့ပါဘူး
-s ဆိုတာက system file လို့သတ်မှတ်လိုက်တာပါ system file
ကိုယူစာကဖြတ်လို့မရပါဘူးး
ဟုတ်ကောဟုတ်လားမသိဘူးအရင်ကအလွတ်ကျက်ထားတာလေးတွေဟီးဟီးးး
အပေါ်ကလို my computer ကနေသွားမဖျက်ချင်ရင်အောက်ကလိုရိုက်လို့ရပါတယ်
del F:\*.tmp /s /f /a
လို့ရိုက်ပြီးအန်းတားခေါက်လိုက်ပါ
(ရှင်းလင်းချက်(မဖတ်ချင်ကကျော်သွားနိုင်ပါတယ်)။ ။del ဆိုတာကဖြတ်ဖို့
ပြောတာပါ *.tmp က .tmp နဲ့ဆုံးတဲ့နာမ်မည်အကုန်လို့ဆိုလိုပါတယ်
*.exe ဆိုရင် နောက်ဆုံး .exe နဲ့ဆုံးတာအကုန်ပြတ်သွားပါမယ် မလုပ်နဲ့နော်.ဟီးး /s /f
/a ကတော့ကျတော်ရှင်းပြတာထက်ကိုတိုင်ပဲ ဖတ်လိုက်နော်
[ဒါကိုအားလုံးပြီးမှစမ်းနော်]del /? လို့ရိုက်ပီးအန်းတားခေါက်လိုက်ပါ အဆိုရင် /s /f /a
အကြောင်းရှင်းပြထားပါလိမ့်မယ်)
အောက်ကcommand တွေဆက်ရိုက်ပါဦး မရှင်းပြတော့ဘူးနော်
attrib -r -h -s /s /d /l F:\*.db
ရိုက်ပီးအန်းတားခေါက်ပါ
del F:\*.db /s /f /a
ရိုက်ပီးအန်းတားခေါက်ပါ
attrib -r -h -s /s /d /l F:\*.db
ရိုက်ပီးအန်းတားခေါက်ပါ
del F:\*.lnk /s /f /a
ရိုက်ပီးအန်းတားခေါက်ပါ
ဒါဆိုရင် shortcut ရဲ့ source လေးတွေပြတ်လောက်ပီထင်ဒယ်..ခိခိ
(တားလည်းတေချာတိဝူးရမ်းရွှီးတာ)
နောက်ဆုံးတစ်ကြောင်း
attrib -r -h -s /s /d /l F:\*.*
ရိုက်ပီးအန်းတားခေါက်ပါ
အပေါ်ကအကြောင်းကိုရိုက်လိုက်ရင်ပြောက်နေတဲ့ဖိုင်တွေထွက်လာပါလိမ့်မယ်
*.* ဆိုတာရှိသမျှဖိုင်အကုန်လုံးလို့ဆိုလိုပါတယ်
ဒါဆိုရင်သေလောက်ပီထင်တယ်ဗျာ...
အောက်မှာ bat program လေးရေးထားကြတာပေါ့
ဆြာတွေကတော့ရီနေတော့မယ်ဟဲ..တားကခုမှစလို့ပါညော်

share လုပ်ပေးကြပါဦးနော်
အားလုံးအဆင်ပြေပါစေခင်ဗျာ
for the official page

😜😜😜 နောက်ကဘူနော်🤣🤣🤣
11/08/2023

😜😜😜 နောက်ကဘူနော်🤣🤣🤣

🙏 မင်္ဂလာပါ🙏✅ SSD နဲ့ HDD ဆိုတာ IT users တွေအတွက်တော့ မရှိမဖြစ်   တွေဖြစ်ပါတယ်။✅ အဲ့ဒါကြောင့်မို့လို့ အဲ့ဒါတွေနဲ့ပတ်သက်ပ...
20/07/2023

🙏 မင်္ဂလာပါ🙏
✅ SSD နဲ့ HDD ဆိုတာ IT users တွေအတွက်တော့ မရှိမဖြစ် တွေဖြစ်ပါတယ်။

✅ အဲ့ဒါကြောင့်မို့လို့ အဲ့ဒါတွေနဲ့ပတ်သက်ပီးတော့ သိထားသင့်တဲ့ အားနည်ချက် အားသာချက်လေးတွေကို ဖေပေးလိုက်ပါတယ်နော်

ပထမဆုံး ကျွန်တော်တို့ SSD လို့ခေါ်တဲ့ /Disk ဆိုတာက HDD ( ) ဖြစ်တဲ့ တွေနဲ့ တည်ဆောက်ပုံချင်း ကွဲပြားတာကတော့ အားလုံးအသိပဲဖြစ်ပါတလ်။

💁‍♂️ HDD မှာဆိုရင် အခြေခံအားဖြင့် လို့ခေါ်တဲ့ မှတ်ဉာဏ်သိုလှောင်တဲ့နေရာရယ် လို့ခေါ်တဲ့ ရေးမှတ်ပေးတဲ့မောင်းတံရယ် ပေါင်းစပ်တည်ဆောက် ထားပေမယ့် SSD မှာတော့ ဘာသံလိုက်ရုပ်ဝတ္တုပစ္စည်း တစ်ခုမှမပါဘူးဗျ ကိုသုံးထားတဲ့ Circuit ပြားလေးတွေပဲ ထည့်ထားပြီးတော့ အဲဒီထဲက လေးတွေထဲမှာ Data တွေကို သိမ်းဆည်းပေးပါတလ်။

💁‍♀️ ဒါပေမဲ့ SSD ကတိုတောင်းတဲ့အချိန် အတွင်းမှာ လုပ်ငန်းဆောင်တာတွေကို နှောင့်နှေးကြန့်ကြာမှု နည်းနည်းနဲ့ လျင်လျင်မြန်မြန် ဆောင်ရွက်ပေးနိုင်တယ်ဗျ HDDထက် အဆတော်တော်များများ မြန်ပါတယ်။

Operating System Boot Time ဟာဆိုရင် SSDမှာ average bootup time ရှိပြီး HDDက average bootup time ရှိပါတလ်။

SSD ရဲ့ Read Speed က HDD ထက် #30% ပိုမြန်ပါတယ်၊ Write Speed ဟာဆိုရင်လည်း ယေဘုယအားဖြင့် /s_550MB/s တောင်ရှိပေမဲ့ HDD ကတော့
#50 MB/s_120 MB/s ထိပဲရှိတယ်ဗျ

😉 အရေအတွက်ထက် အရည်အချင်းက ပိုအရေးကြီးတာဟုတ် (😉မဟာဗန္ဓုလ ကပြောတာနော်)
အဲလိုပဲ အရည်အချင်းက ဈေးလည်းကြီးတယ်ဗျ 😉 နည်း.နည်း...များများလေးပါ

အကြမ်းအားဖြင့် ပြောရမယ်ဆိုရင် 1TB ကို #၁သိန်း ဝန်းကျင်ရှိပြီးတော့ ကတော့ 1TB ကို #၅သောင်း ဝန်းကျင်လောက်သာရှိတယ်ဗျ

🙇 ဒါပေမဲ့ ကိုယ်ကွန်ပြူတာအသုံးပြုနေတုန်းမှာ နှောင့်နှေးမှုမရှိ မြန်ဆန်မှုအတိနဲ့ ပီတိတွေအပြည့်ရနိုင်တယ် ဆိုတဲ့ အရည်အသွေးနဲ့ လှဲရမယ်ဆိုတော့ကား ဒီဈေးက ဘာအရေးလဲနော်…

နောက်ဆုံး Sharing လုပ်ချင်တာကတော့ SSDကို Boost လုပ်ဖို့အတွက် သုံးပြီး HDDကို Storage အတွက် တွဲသုံးမယ်ဆိုရင်တော့ အဆင်ပြေဆုံးအတွဲအစပ်ကိုရနိုင်မှာပါ…

💁 အဲ့လို တွဲပီးသုံးချင်တဲ့သူတွေ comment မှာ လို့ ရေးခဲ့ပေးပါ။ အသက်သာဆုံးလေးကို တွက်ပေးပါ့မလ် 🤔🤔🤔

😎😎 အဲ့လို HDD နဲ့ SSD ကို တွဲသုံးတဲ့အခါ ဖွင့်လိုက်တာနဲ့ မြန်မြန်ဆန်ဆန် တက်လာမှာဖြစ်သလို တွေ အသုံးပြုတဲ့အခါမှာလည်း သွားတာတွေ လေးနေတာတွေ မဖြစ်တော့ပါဘူး။ Storage အတွက် HD ကို သုံးရင်းနဲ့လည်း smart ကျကျလေး ချွေတာနိုင်ပြီပေါ့ဗျာ…

နောက်နေ့မှာလည်း Wifi အတွက်သုံးတဲ့ Access Point က ဘာလဲ❓ဆိုတာ ပြောပြပေးမှာမို့လို့ အားရှိအောင်
ကွန့်မန့်မှာ Access Point လို့ မန့်ပေးခဲ့ကြပါအုန်း။

ယခုတင်ပြပေးထားသော အကြောင်းအရာသည်
မှ ကူးယူဖော်ပြပေးထားခြင်းဖြစ်ပါတလ်...

#လေးစားစွာဖြင့်
Computer Services

Address

Mau Pin Street, Yangon, Myanmar (Burma)
Sanchaung
1111

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 10:00 - 20:00

Telephone

+959790137255

Website

Alerts

Be the first to know and let us send you an email when TTA Computer Sales & Service Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TTA Computer Sales & Service Center:

Share