Techno Learn

Techno Learn Empowering the next generation of IT
professionals in Myanmar.

Our Mission :

Providing individuals and businesses in Myanmar with practical, high-quality technology education, equipping them with the skills needed to thrive in the digital era. Our Vision :

Becoming the leading provider of technology education in Myanmar, fostering a generation of skilled professionals and empowering communities to succeed in the digital world.

"Ethical Hacking & Cyber Security" ပိုင်းကို စိတ်ဝင်စားတဲ့ သူတွေ /ဝါသနာကနေ အလုပ်ခွင်ဝင်တဲ့ အထိ အထောက်အကူပြုစေဖို့ နဲ့ သိ...
25/04/2026

"Ethical Hacking & Cyber Security" ပိုင်းကို စိတ်ဝင်စားတဲ့ သူတွေ /ဝါသနာကနေ အလုပ်ခွင်ဝင်တဲ့ အထိ အထောက်အကူပြုစေဖို့ နဲ့ သိအိုရီကော လက်တွေ့ပါ တတ်မြောက်လိုသူတွေအတွက် ယခု အတန်းမှာ လုံးဝ "အခြေခံကနေ" သင်ကြားပေးထားပါတယ်။

⚠️ယခု သင်တန်းမှာ "အခြေခံ" ကနေ သင်ကြားပေးသွားမှာဖြစ်ပြီး Cybersecurity နဲ့ သက်ဆိုင်တဲ့ နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲများဖြေဆိုနိုင်ဖို့ နဲ့

Bank/Telecom/ISP/Network Infrastructure စသည့် နယ်ပယ်များမှာ Junior Level အနေနဲ့ အလုပ်ခွင်ဝင်နိုင်ရန် အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။

✨သင်တန်းစမည့်နေ့ : May 9, 2026

💻"Ethical Hacking & Cyber Security :Theory + Pratical " (Zoom Class) - Batch 24

👨‍🏫Course Outline
==============
📗 Introduction to Information Technology and Ethical Hacking
📗Information Technology Career Paths
📗Essential Networking Knowledge for Ethical Hackers
📗Essential Linux Knowledge for Ethical Hackers
📗Ethical Hacking and Cybersecurity Theory
📗Phases of Ethical Hacking and Pe*******on Testing Pe*******on Testing Strategies
📗 Information Gathering and Attack Techniques
📗Information Gathering, Footprinting, and Reconnaissance
📗Scanning and Enumeration
📗DoS and DDoS Attacks
📗Vulnerability Analysis
📗Buffer Overflow
📗Malicious Programs
📗Live Boot Systems
📗 Social Engineering and Exploitation Techniques
📗Social Engineering (Human Hacking)
📗Brute Force Attacks (Using Wordlists)
📗Wireless Hacking (Wi-Fi)
📗Network Mapper and Nessus
📗Metasploit and Port Forwarding
📗Exploitation of Network Systems
📗 Advanced System Exploitation
📗Device Hacking (Theory and Practical)
📗Android Exploitation
📗Windows Exploitation
📗Linux Exploitation
📗Post-Exploitation and Privilege Escalation
📗Advanced Exploitation (Theory and Practical)
📗 Attacks on Network Infrastructure
📗DNS Spoofing, ARP Poisoning, and DHCP Spoofing
📗Network Sniffing
📗Pivoting and Lateral Movement
📗Maintaining Access (Theory and Practical)
📗 Introduction to Defensive Security
📗Firewall
📗Honeypots
📗Cryptography
📗Steganography
📗IDS (Intrusion Detection System)
📗IPS (Intrusion Prevention System)
📗SIEM (Security Information and Event Management)
📗EDR (Endpoint Detection and Response)
📗SOAR (Security Orchestration, Automation, and Response)
📗 Practical Labs and Certifications
📗Capture the Flag (CTF) Challenges
(Theory and Practical)
📗Virtualization Technology
📗Cloud Computing and Cloud Storage
📗TechnoLearn Exams and Certifications
📗Web Security and Cryptography
📗 Web Security Learning Paths
📗 VulnerHub Labs
📗 Career Guidance
📗Certification Paths for Ethical Hackers
📗Discussion: Recognized Certifications and Cybersecurity Jobs
📗Securing Yourself and Covering Tracks (Theory and Practical)

💻သင်ကြားမူ ပုံစံ
============
"Zoom Class " နဲ့ တိုက်ရိုက် သင်ကြားနိုင်မှာဖြစ်တဲ့ အပြင် သင်ခန်းစာ "Record " ရရှိနိုင်ပြီး စာဆွေးနွှေးဖို့ "Telegram Group " ပါရရှိမှာဖြစ်ပါတယ်။
•••••••••••••••••••••••••••••••••••••••••••••••••••

🔺Class Information ✨

သင်တန်းကြေး - 300000 Mmk (သုံးသိန်းကျပ်)
သင်တန်းကာလ - 2 Months ( နစ်လ)
သင်တန်းအချိန် - စနေ/တနင်္ဂနွေနေ့ (ည 8:00 PM - 10:00 PM)

💻 Special Limited Offer :

💢 သင်တန်းကြေးကို အရစ်ကျခွဲသွင်းနိုင်ပါတယ်
••••••••••••••••••••••••••••••••••••••••••••••••••

💡 အသေးစိတ်သိရှိလိုပါက

Page Messenger: m.me/technolearn
Phone : 09 766799336

💻Techno Learn မှာ လက်ရှိ Zoom Class  One On One (1) ဦးတည်း အတန်းတွေ အနေနဲ့(i)Ethical Hacking and Cybersecurity Course(C...
15/04/2026

💻Techno Learn မှာ လက်ရှိ Zoom Class One On One (1) ဦးတည်း အတန်းတွေ အနေနဲ့

(i)Ethical Hacking and Cybersecurity Course

(Cybersecurity Theory + Pratical ကို အခြေခံကနေ သင်ပေးထားပြီး Network System Device Pentesting ကို စတင်လေ့လာလိုသူတွေ အတွက် သင့်တော်ပါတယ်။)

(ii)Websecurity and Web Hacking Course

(Programming အခြေခံကနေ Theory + Pratical ကို အခြေခံကနေ သင်ပေးထားပြီး Websecurity ကို စတင်လေ့လာလိုသူတွေ အတွက် သင့်တော်ပါတယ်။)

(iii)Comptia Security+701 ($400 တန် Premium Dump Free ရပါမယ်။)

(ပြည်တွင်း/ပြည်ပ အသိအမှတ်ပြု ဆိုက်ဘာလုံခြုံရေး လက်မှတ်ရလိုသူတွေ အတွက် သင့်တော်ပါတယ်။)

(iv) Elarn Junior Pentester(EJPT)

(ပြည်တွင်း/ပြည်ပ အသိအမှတ်ပြု ဆိုက်ဘာလုံခြုံရေး လက်မှတ်ရလိုသူတွေ အတွက် သင့်တော်ပါတယ်။)

(V) ECPPT

(ပြည်တွင်း/ပြည်ပ အသိအမှတ်ပြု ဆိုက်ဘာလုံခြုံရေး လက်မှတ်ရလိုသူတွေ အတွက် သင့်တော်ပါတယ်။)

စတဲ့ One on One အတန်းတွေ စတင် အပ်လို့ရပါပြီခင်ဗျာ။

‼️အသေးစိတ်ကိုတော့ Page Messenger မှာ အခမဲ့ စုံစမ်းနိုင်ပါပြီ။

‼️သင်တန်းချိန် နဲ့ သင်တန်းကာလ ကတော့ ကျောင်းသား/သူ အဆင်ပြေတဲ့ချိန် ညှိနိူင်းလို့ရပါတယ်။

စိတ်တိုင်းကျ အတန်းချိန် ရွေးနိုင်ဖို့ ကြိုစာရင်း ပေးထားဖို့်လိုပါမယ်။

13/04/2026

💻မြန်မာ နှစ်သစ်ကူး သကြန် အခါ သမယမှာ လူသားအားလုံး ဘေးကင်း အေးချမ်း ကြပါစေကြောင်း "Techno Learn IT Solutions & Trainings " မှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

💻ဒီနေ့မှာတော့ နည်းပညာရဲ့ အမှောင်ဘက်ခြမ်းက ပိုမိုကြောက်စရာကောင်းလာတဲ့ Deepfake AI နည်းပညာအကြောင်းနဲ့ အဲဒီကနေ ပေါ်ပေါက်လာတ...
08/04/2026

💻ဒီနေ့မှာတော့ နည်းပညာရဲ့ အမှောင်ဘက်ခြမ်းက ပိုမိုကြောက်စရာကောင်းလာတဲ့ Deepfake AI နည်းပညာအကြောင်းနဲ့ အဲဒီကနေ ပေါ်ပေါက်လာတဲ့၊ သင်တို့မသိသေးတဲ့ Online အန္တရာယ်တွေကို Techno Learn ကနေ သတိပေး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Deepfake ဆိုတာ လူတစ်ယောက်ရဲ့ ပုံရိပ်ကို နောက်လူတစ်ယောက်ရဲ့ ဗီဒီယို ဒါမှမဟုတ် ဓာတ်ပုံထဲမှာ သဘာဝကျကျ အစားထိုးနိုင်တဲ့ နည်းပညာဖြစ်ပါတယ်။အခုအခါမှာတော့ ဒီနည်းပညာက ရိုးရိုးနောက်ပြောင်တာမျိုးထက် ပိုမိုဆိုးရွားတဲ့ အကျိုးဆက်တွေကို သယ်ဆောင်လာပါပြီ🔍-

🚨ဒီနည်းပညာကို သုံးပြီး သဘောတူညီချက် (Consent) မပါဘဲ အမျိုးသမီးတွေရဲ့ ပုံရိပ်တွေကို မဖွယ်မရာ ဗီဒီယိုတွေ ဒါမှမဟုတ် ပုံတွေအဖြစ် ဖန်တီးတာဟာ နောက်ပြောင်ခြင်းသက်သက် မဟုတ်ပါဘူး။ ဒါဟာ တစ်ဖက်လူရဲ့ သိက္ခာကို ချခြင်း၊ Privacy (ကိုယ်ပိုင်အခွင့်အရေး) ကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခြင်းနဲ့ Online Harassment (အွန်လိုင်း နှောင့်ယှက်ခြင်း) ကို ကျူးလွန်ခြင်းပဲ ဖြစ်ပါတယ်။

Deepfake နည်းပညာကို သုံးပြီး မဖွယ်မရာ ဗီဒီယိုတွေ ဒါမှမဟုတ် ပုံတွေအဖြစ် ဖန်တီးတာဟာ (Deepfake po*******hy) အမျိုးသမီးတွေအတွက် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာကြီးကြီးမားမား ရစေပါတယ်။

ဒါ့အပြင် ဒီနည်းပညာဟာ နိုင်ငံရေးသမားတွေ သို့မဟုတ် နာမည်ကြီးသူတစ်ယောက်ရဲ့ Deepfake Video သုံးပြီး သတင်းမှားတွေ ဖြန့်ဝေတာ၊ လူမှုရေး မတည်ငြိမ်မှုတွေ ဖြစ်စေတာမျိုး လုပ်နိုင်ပါတယ်။

Deepfake ပုံတွေကို သုံးပြီး ပိုပြီး ကြောက်စရာကောင်းတဲ့ လိမ်လည်မှု (Fraud) နဲ့ ငွေညှစ်မှု (Extortion/Blackmail) တွေလည်း ပေါ်ပေါက်လာပါတယ်။

ဒါတွေတင် မဟုတ်ပဲ ကိုယ်သိတဲ့လူ ဒါမှမဟုတ် နာမည်ကြီးသူတစ်ယောက်ရဲ့ Deepfake Video Call သုံးပြီး ငွေလိမ်တောင်းတာမျိုးတွေ လုပ်တတ်ပါတယ်။

မဖွယ်မရာ Deepfake ပုံတွေ၊ ဗီဒီယိုတွေနဲ့ ခြိမ်းခြောက်ပြီး ငွေညှစ်တာမျိုးတွေ ထိပါ ဖြစ်လာပါတယ်။

Deepfake နည်းပညာဟာ Online ပေါ်မှာ တခြားဆိုးကျိုးတွေလည်း ပေးနိုင်ပါသေးတယ်။

ဥပမာ - လူတစ်ယောက်ရဲ့ အသံကို cloning လုပ်ပြီး Video Call မှာ အသံထည့်တာမျိုးတွေ လုပ်နိုင်ပါသေးတယ်။

ကိုယ့်ရဲ့ ပုံရိပ်ကို သုံးပြီး အကောင့်အတုတွေ ဖွင့်တာ၊ ကိုယ့်ကိုယ်ယောင်ဆောင်ပြီး လိမ်လည်တာမျိုးတွေ
လုပ်နိုင်ပါတယ်။

ဒါကြောင့် ဒီလို တွေ လုပ်တာက သာမာန် စနောက်ခြင်း ကိစွ မျိုးတင် မဟုတ်ပဲ။မိမိရဲ့ လုံခြုံရေးကိုပါ များစွာ ထိခိုက်နိုင်တာမို့ မိမိ ရဲ့ Online အချက်အလက်တွေကို ဖြစ်နိုင်မယ်ဆိုရင် အတတ်နိုင်ဆုံး လုံခြုံအောင် ထိန်းသိမ်းသင့်ပါတယ်။

Techno Learn ပရိသတ်ကြီးကော... Deepfake နည်းပညာရဲ့ အခုလို ဆိုးကျိုးတွေအပေါ် ဘယ်လိုမြင်ကြလဲ?

ကိုယ့်ရဲ့ ပုံရိပ်တွေကို Online ပေါ်မှာ ဘယ်လိုတွေ ကာကွယ်ထားသင့်လဲဆိုတာ ဆွေးနွေးသွားကြပါဦးနော်။ 👇

‼️ ဒီလို နည်းပညာတွေကို အကောင်းဘက်မှာ အသုံးချနိုင်ဖို့နဲ့ Cyber အန္တရာယ်တွေကို ကာကွယ်နိုင်တဲ့ IT Skill တွေ လေ့လာထားဖို့ လိုအပ်ပါတယ်။
Techno Learn မှာ တက်ရောက်နိုင်တဲ့ သင်တန်းတွေ အနေနဲ့ကတော့ -

✅ Computer Basic To Advance (A+)
✅ Network Engineering
✅ Essential Linux & Security
✅ Ethical Hacking and Cybersecurity
✅ Web hacking & Web Security တို့ဖြစ်ပါတယ်။

💡 မိမိလေ့လာလိုတဲ့ လမ်းကြောင်းအတွက် အခမဲ့ တိုင်ပင်ဆွေးနွေးလိုပါက

📩 Page Messenger: m.me/technolearn မှာ စာပို့ပြီးလည်း မေးမြန်းနိုင်ပါတယ်။


💻 Google ရဲ့ သမိုင်းတစ်လျှောက် မှာ အကြီးမားဆုံး Bug Bounty ငွေပေးချေမှု အနေနဲ့  $17 Million အထိ ရှိခဲ့ပြီဖြစ်ပါတယ်။ဒီနေ့...
07/04/2026

💻 Google ရဲ့ သမိုင်းတစ်လျှောက် မှာ အကြီးမားဆုံး Bug Bounty ငွေပေးချေမှု အနေနဲ့ $17 Million အထိ ရှိခဲ့ပြီဖြစ်ပါတယ်။

ဒီနေ့မှာတော့ နည်းပညာလောကရဲ့ Guruကြီးလို့ တင်စားရတဲ့ Google ဆီကနေ စိတ်လှုပ်ရှားစရာ သတင်းကောင်းတစ်ခုကို Techno Learn ကနေ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Google ရဲ့ Vulnerability Reward Program (VRP) ဟာ ၂၀၂၅ ခုနှစ်မှာ သူ့ရဲ့ ၁၅ နှစ်မြောက် နှစ်ပတ်လည်ကို သမိုင်းဝင် စံချိန်သစ်တစ်ခုနဲ့ စတင်ခဲ့ပါတယ်။

အဲဒါကတော့ ကမ္ဘာတစ်ဝှမ်းက ဆိုက်ဘာလုံခြုံရေး သုတေသီ (Security Researchers) တွေကို ဒေါ်လာ ၁၇ သန်း (17 Million) အထိ ဆုကြေးငွေ ပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါဟာ ၂၀၂၄ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၄၀% အထိ အံ့ဩစရာကောင်းလောက်အောင် မြင့်တက်လာတာဖြစ်ပြီး Google ရဲ့ သမိုင်းမှာ အများဆုံး ပေးချေမှုလည်း ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်က စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေ အနေနဲ့ကတော့🔍

Ethical Hackers တွေရဲ့ အခန်းကဏ္ဍ: ကမ္ဘာအနှံ့က ကျင့်ဝတ်သိက္ခာရှိတဲ့ ဟက်ကာ (Ethical Hackers) ပေါင်း ၇၀၀ ကျော်ဟာ Google ရဲ့ စနစ်တွေထဲက အားနည်းချက်တွေကို ရှာဖွေဖော်ထုတ်ပေးခဲ့ကြပါတယ်။

✨ဒါဟာ အရေးပါတဲ့ အခြေခံလုံခြုံရေးတွေကို ကာကွယ်ဖို့အတွက် Community ကဦးဆောင်တဲ့ လုံခြုံရေးသုတေသနတွေရဲ့ လိုအပ်ချက်ကို ပြသနေတာပါ။

AI ပေါ်မှာ အလေးထားလာခြင်း: ပြီးခဲ့တဲ့နှစ်မှာ Google က AI (Artificial Intelligence) ကို အဓိကထားပြီး လုံခြုံရေး ဆောင်ရွက်ခဲ့ပါတယ်။

‼️Machine Learning model တွေရဲ့ တိုးတက်လာတဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်ဖို့အတွက် သီးသန့် AI Vulnerability Reward Program တစ်ခုကိုလည်း တရားဝင် စတင်ခဲ့ပါတယ်။

Live Hacking Events (bugSWAT): Google ဟာ မြို့ကြီးတွေမှာ bugSWAT လို့ခေါ်တဲ့ အထူးဖိတ်ကြားထားသူတွေပဲ တက်ရောက်နိုင်တဲ့ Live Hacking ပွဲစဉ်တွေကို ပြုလုပ်ခဲ့ပါတယ်။

ဥပမာ- Sunnyvale Cloud bugSWAT ပွဲမှာတင် Report ပေါင်း ၁၃၀ ကနေ ဒေါ်လာ ၁.၆ သန်းအထိ ပေးချေခဲ့ပါတယ်။

ဒါ့အပြင် Google ဟာ Open-source tool တစ်ခုဖြစ်တဲ့ OSV-SCALIBR မှာ အားနည်းချက်တွေ ရှာဖွေပေးတဲ့သူတွေကိုလည်း ဆုကြေးငွေပေးတဲ့ အစီအစဉ်အသစ်ကိုပါ မိတ်ဆက်ခဲ့ပါသေးတယ်။

Google ရဲ့ VRP အဖွဲ့ဟာ ၂၀၂၆ ခုနှစ်မှာလည်း ကမ္ဘာတစ်ဝှမ်းမှာ bugSWAT ပွဲစဉ်အသစ်တွေနဲ့ ESCAL8 ကွန်ဖရင့်တွေကို ထပ်မံပြုလုပ်ဖို့ စီစဉ်နေပါတယ်။

Techno Learn ပရိသတ်ကြီးကော... နည်းပညာကုမ္ပဏီကြီးတွေက သူတို့ရဲ့စနစ်တွေကို ပိုမိုလုံခြုံအောင်လုပ်ဖို့အတွက် ပြင်ပက Ethical Hackers တွေကို အခုလို ဒေါ်လာသန်းချီ ပေးပြီး အသုံးချနေတဲ့အပေါ် ဘယ်လိုမြင်ကြလဲ?

တကယ်လို့ မိတ်ဆွေကိုယ်တိုင်က ယခုလို Bug Bounty Program တွေမှာ ပါဝင်လိုရင်တော့ Techno Learn ရဲ့ Websecurity and Web Hacking အတန်းကို စတင်တက်ရောက်လို့ရပါပြီ။

ကိုယ့်ရဲ့ IT Skill တွေကို အသုံးချပြီး အခုလို ဝင်ငွေကောင်းတဲ့ Bug Bounty အစီအစဉ်တွေမှာ ပါဝင်နိုင်ဖို့ စိတ်ဝင်စားကြလား? Comment မှာ စကားလက်ဆုံ ပြောသွားကြပါဦးနော်။ 👇

‼️ အနာဂတ်မှာ နည်းပညာနဲ့အတူ တိုးတက်လာမယ့် Cyber Threat တွေကို ရင်ဆိုင်နိုင်ဖို့နဲ့ ဝင်ငွေကောင်းတဲ့ IT ပညာရှင်တစ်ယောက်ဖြစ်ဖို့ ခိုင်မာတဲ့ Skill တွေ လေ့လာထားဖို့ လိုအပ်ပါတယ်။

Techno Learn မှာ ထက်မံ တက်ရောက်နိုင်တဲ့ သင်တန်းတွေ အနေနဲ့ကတော့ -

✅ Computer Basic To Advance (A+)
✅ Network Engineering
✅ Essential Linux & Security
✅ Ethical Hacking & Cybersecurity
✅ Web hacking & Web Security တို့ဖြစ်ပါတယ်။

💡 မိမိလေ့လာလိုတဲ့ လမ်းကြောင်းအတွက် အခမဲ့ တိုင်ပင်ဆွေးနွေးလိုပါက

📩 Page Messenger: m.me/technolearn မှာ စာပို့ပြီးလည်း မေးမြန်းနိုင်ပါတယ်။

💻 ဖိုင်တွေ မှားဖျက်မိတာတွေ , USB Stick ထိုးလိုက်တာနဲ့ Format ချခိုင်းနေတာတွေကြောင့် စိတ်ညစ်နေရပြီလား ။ တကယ်တော့ ပျက်သွား...
04/04/2026

💻 ဖိုင်တွေ မှားဖျက်မိတာတွေ , USB Stick ထိုးလိုက်တာနဲ့ Format ချခိုင်းနေတာတွေကြောင့်

စိတ်ညစ်နေရပြီလား ။

တကယ်တော့ ပျက်သွားတဲ့ Data တွေက Hard Drive ဒါမှမဟုတ် Pendrive ထဲမှာ ရှိနေသေးတာဖြစ်လို့ နည်းမှန်လမ်းမှန်နဲ့ ပြန်ယူရင် ၈၀% လောက်က ပြန်ရနိုင်ခြေရှိပါတယ်။

ဒီနေ့မှာတော့ Techno Learn က လေ့လာနေသူတွေအတွက် Data Recovery နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ပထမဆုံး သိထားသင့်တာကတော့ Data ပျက်သွားပြီဆိုတာနဲ့ အဲဒီ Device ထဲကို ဘာဖိုင်မှ ထပ်မထည့်သင့်ပါဘူး။အသစ်ထည့်လိုက်တဲ့ Data တွေက ပျက်သွားတဲ့ နေရာဟောင်းတွေမှာ ထပ်ရေး (Overwrite) မိသွားရင် ဘယ်လို Tool နဲ့မှ ပြန်ယူလို့ မရတော့လို့ပါ။

Data Recovery လုပ်ဖို့အတွက် အခမဲ့သုံးလို့ရပြီး အထိရောက်ဆုံး Tool တစ်ခုကတော့ Recuva ပဲ ဖြစ်ပါတယ်။ သူက CCleaner ကို ထုတ်တဲ့ Piriform က လုပ်တာဖြစ်လို့ ယုံကြည်လို့ ရပါတယ်။

Tool အသုံးပြုပုံကတော့ Recuva Software ကို Download ဆွဲပြီး Install လုပ်ပေးပါ။ပြီးရင်တော့ Software ဖွင့်ပြီးတာနဲ့ Scan ဖတ်မယ့် Drive (ဥပမာ- Drive D သို့မဟုတ် USB Stick) ကို ရွေးရမှာပါ။နောက်ပြီး "Deep Scan" ကို Enable လုပ်ပေးပါ။ (အချိန်ကြာပေမဲ့ ဖိုင်တွေ ပိုစုံစုံလင်လင် ရှာပေးနိုင်ပါတယ်)

တကယ်လို့ Scan ဖတ်ပြီးရင်တော့ ပေါ်လာတဲ့ ဖိုင်တွေထဲမှာ အစိမ်းရောင်ပြနေတဲ့ ဖိုင်တွေက ပြန်ယူဖို့ ၁၀၀% အဆင်ပြေတဲ့ ဖိုင်တွေပါပဲ။

နောက်ဆုံးအနေနဲ့ကတော့ Recover ကိုနှိပ်ပြီး အခြား Drive တစ်ခုထဲမှာ သိမ်းဆည်းလိုက်ရုံပါပဲ။

Techno Learn က Learner တွေကော... အရေးကြီးတဲ့ ဖိုင်တွေ ပျောက်ဆုံးသွားလို့ စိတ်ညစ်ခဲ့ရတဲ့ အတွေ့အကြုံမျိုး ရှိဖူးလား?

ဘယ်လိုနည်းလမ်းတွေနဲ့ ပြန်ယူခဲ့ကြလဲဆိုတာ Comment မှာ ပြောပြပေးသွားပါ အုန်း ...

‼️ အနာဂတ်မှာအလုပ်လုပ်ကိုင်ဖို့ ခိုင်မာတဲ့ IT Skill တွေ လေ့လာထား လိုသူတွေ အနေနဲ့ Techno Learn မှာ တက်ရောက်နိုင်တဲ့ သင်တန်းတွေ အနေနဲ့ကတော့ -

✅ Computer Basic To Advance (A+)

✅ Network Engineering

✅ Essential Linux & Security

✅ Ethical Hacking and Cybersecurity

✅ Web hacking & Web Security တို့ဖြစ်ပါတယ်။

💡 မိမိလေ့လာလိုတဲ့ လမ်းကြောင်းအတွက် အခမဲ့ တိုင်ပင်ဆွေးနွေးလိုပါက

📩 Page Messenger: m.me/technolearn မှာ စာပို့ပြီးလည်း မေးမြန်းနိုင်ပါတယ်။

03/04/2026

💻 Cyber Security ကို ဘယ်ကစရမလဲ ဝေခွဲမရဖြစ်နေပြီလား?

ဒါဆိုရင်တော့ အခြေခံကနေ Professional အဆင့်ထိ အခမဲ့ လေ့လာလို့ရမယ့် Website ၃ ခုကို Techno Learn ကနေ မျှဝေပေးလိုက်ပါတယ်။

ဒီ Website တွေကတော့ Cyber Security လောကထဲ စတင်မယ့်သူတွေအတွက် "ရွှေတွင်း" တွေပါပဲ။ 🔍

TryHackMe (Beginner Friendly) Cyber Security ကို စာတွေ့တင်မကဘဲ Game ဆော့ရသလိုမျိုး Lab တွေထဲမှာ တစ်ဆင့်ချင်း လက်တွေ့စမ်းသပ်ချင်သူတွေအတွက် အကောင်းဆုံးပါ။ အခြေခံ Level အတွက် အရမ်းသင့်တော်ပါတယ်။

Hack The Box (Advanced Practical Labs) ကိုယ့်မှာ အခြေခံ Skill ရှိနေပြီ၊ တကယ့်ဆိုက်ဘာစိန်ခေါ်မှုတွေကို ရင်ဆိုင်ချင်တယ်ဆိုရင်တော့ Hack The Box ကို သုံးသင့်ပါတယ်။ သူကတော့ တကယ့် Hacker တစ်ယောက်လို Machine တွေကို ထိုးဖောက်ရတဲ့ Experience မျိုး ပေးနိုင်ပါတယ်။

Cybrary (Video Courses & Certifications)

Video သင်ခန်းစာတွေနဲ့ စနစ်တကျ လေ့လာချင်သူတွေအတွက်က်ဖြစ်ပါတယ်။ Certificate တွေပါ ရနိုင်တဲ့ သင်တန်းအများအပြားကို အခမဲ့ရော၊ အခပေးရော တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီ Website တွေက အင်္ဂလိပ်စာ အခက်အခဲရှိသူတွေ ဒါမှမဟုတ် လမ်းပြပေးမယ့် ဆရာမရှိဘဲ တစ်ယောက်တည်း လေ့လာရတာ ခက်ခဲနေသူတွေအတွက်တော့ အဆင်မပြေလှပါဘူး။

‼️ ဒါကြောင့် မိမိရဲ့ Career အတွက် Cyber Security နဲ့ Ethical Hacking နယ်ပယ်ကို အခြေခံကစပြီး မြန်မာလို စနစ်တကျနဲ့ အမြန်ဆုံး လေ့လာပြီး Certifocation ပါ ရယူလို ချင်တယ်ဆိုရင်တော့...

Techno Learn မှာ အခုပဲ သင်တန်းကြေး သက်သာစွာဖြင့် စတင်လေ့လာနိုင်ပါပြီ။ အနာဂတ်ရဲ့ ကျွမ်းကျင်တဲ့ နည်းပညာရှင်တစ်ယောက်ဖြစ်ဖို့ ကျွန်တော်တို့က အနီးကပ် လမ်းညွှန်ပေးသွားမှာပါ။

✅ တက်ရောက်နိုင်သော သင်တန်းများကတော့
* Ethical Hacking and Cybersecurity
* Web Security & Web Hacking
* Essential Linux & Security
* Network Engineering
* Computer Basic To Advance (A+) တို့ဖြစ်ပါတယ်။

Video Class , Zoom Group Class , Zoom One On One Class တွေ စတင် လေ့လာလို့ရပါပြီ။

💡 မိမိလေ့လာလိုတဲ့ လမ်းကြောင်းအတွက် အခမဲ့ တိုင်ပင်ဆွေးနွေးလိုပါက 📩 Page Messenger: m.me/technolearn မှာ စာပို့ပြီး "အခုပဲ အခမဲမေးမြန်းနိုင်ပါပြီခင်ဗျာ။

💻 တရုတ်ပြည်က ပိုက်ဆံပေးပြီး "အလုပ်သွားချင်ယောင်ဆောင်" လို့ရတဲ့ ကုမ္ပဏီများဒီနေ့မှာတော့ နည်းပညာနဲ့ လူမှုစီးပွားဘဝတွေကြားက...
03/04/2026

💻 တရုတ်ပြည်က ပိုက်ဆံပေးပြီး "အလုပ်သွားချင်ယောင်ဆောင်" လို့ရတဲ့ ကုမ္ပဏီများ

ဒီနေ့မှာတော့ နည်းပညာနဲ့ လူမှုစီးပွားဘဝတွေကြားက ထူးထူးဆန်းဆန်း ဝန်ဆောင်မှုတစ်ခုအကြောင်းကို Techno Learnကနေ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ လူငယ်အလုပ်လက်မဲ့နှုန်း (Youth Unemployment) ဟာ ၂၀၂၅ - ၂၀၂၆ အတွင်း ၁၆% ကျော်အထိ မြင့်တက်လာတဲ့အတွက် အလုပ်မရှိတာကို မိဘတွေမသိအောင် ဖုံးကွယ်ချင်တဲ့ လူငယ်တွေအတွက် "Pretend to Work Companies" တွေ ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။

ဒီလုပ်ငန်းတွေက ဘယ်လိုဝန်ဆောင်မှုပေးတာလဲ? 🔍

တစ်ရက်ကို တရုတ်ယွမ် ၃၀ ကနေ ၅၀ (မြန်မာငွေ ၁၅,၀၀၀ ဝန်းကျင်) ပေးရုံနဲ့ ရုံးခန်းအစစ်လို ပြင်ဆင်ထားတဲ့ နေရာမှာ ထိုင်ခုံ၊ Wi-Fi၊ ကော်ဖီနဲ့ နေ့လယ်စာပါ ရရှိမှာပါ။ ဒါဟာ အိမ်မှာနေရင်း အားနေတာမျိုးမဟုတ်ဘဲ အပြင်မှာ တကယ်အလုပ်လုပ်နေသယောင် ပုံစံမျိုး ဖန်တီးပေးတာပါ။

ဒါ့အပြင် ဒီဝန်ဆောင်မှုထဲမှာ ဝန်ထမ်းကတ် (ID Card) ထုတ်ပေးတာ၊ ရုံးခန်းထဲမှာ အလုပ်လုပ်နေတဲ့ပုံစံ (Staged Photo Ops) ရိုက်ပေးတာတွေအပြင်၊ ပိုပြီးပိုက်ဆံပေးရင် "အလုပ်ရှင်အစစ်လို ဟန်ဆောင်ဆူပူပေးမယ့် Boss" တွေကိုပါ ငှားလို့ရပါတယ်။ မိဘတွေကို ဖုန်းဆက်ပြတဲ့အခါ ဒါမှမဟုတ် Video Call ပြောတဲ့အခါ ဘေးမှာ အလုပ်ရှုပ်နေတဲ့ ရုံးခန်းမြင်ကွင်းမျိုး ရအောင် ဖန်တီးပေးတာပါ။

အချို့သော ဝန်ဆောင်မှုတွေကတော့ တက္ကသိုလ်ကျောင်းဆင်းတွေအတွက် အလုပ်သင် (Internship) ဆင်းထားပါတယ်ဆိုတဲ့ အထောက်အထားအတုတွေနဲ့ ကုမ္ပဏီတစ်ခုခုမှာ တကယ်အလုပ်ဝင်နေပါတယ်ဆိုတဲ့ အထောက်အထားတွေကိုပါ ငွေကြေးနဲ့ ဝယ်ယူလို့ရအောင် လုပ်ဆောင်ပေးနေကြပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် တရုတ်လူငယ်တွေကြားမှာ အလုပ်လက်မဲ့ဖြစ်ရတာကို "အရှက်ရစရာ" တစ်ခုလို ခံယူထားကြတဲ့ လူမှုရေးဖိအား (Social Pressure) ဘယ်လောက်ကြီးမားသလဲဆိုတာ သိနိုင်ပါတယ်။ အလုပ်အစစ်မရခင်မှာ ပတ်ဝန်းကျင်ကို ဟန်ပြဖို့အတွက် "ပိုက်ဆံပြန်ပေးပြီး အလုပ်လုပ်နေရတဲ့" ဘဝတွေ ဖြစ်နေကြတာပါ။

နည်းပညာတွေ တိုးတက်လာပေမဲ့ တစ်ဖက်မှာလည်း စီးပွားရေးအကြပ်အတည်းတွေကြောင့် အခုလို ထူးဆန်းတဲ့ ဝန်ဆောင်မှုတွေက ခေတ်စားလာရတာဖြစ်ပါတယ်။

Techno Learn ပရိသတ်ကြီးကော... တကယ်လို့ ကိုယ့်နိုင်ငံမှာရော ဒီလိုမျိုး အလုပ်ရှိသယောင် ဟန်ဆောင်ပေးတဲ့ ဝန်ဆောင်မှုတွေရှိလာရင် အသုံးဝင်မယ်လို့ ထင်ကြလား?

ဒါမှမဟုတ် ဒါဟာ ရေရှည်မှာ ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်မယ်လို့ ထင်မိပါလဲ ... ?

‼️ အနာဂတ်မှာ အလုပ်လက်မဲ့ဖြစ်မှာ မစိုးရိမ်ရအောင် ခိုင်မာတဲ့ IT Skill တွေ လေ့လာထားဖို့ လိုအပ်ပါတယ်။ Techno Learn မှာ တက်ရောက်
နိုင်တဲ့ သင်တန်းတွေ အနေနဲ့ကတော့ -

✅ Computer Basic To Advance (A+)
✅ Network Engineering
✅ Essential Linux & Security
✅ Ethical Hacking and Cybersecurity
✅Web hacking & Web Security တို့ဖြစ်ပါတယ်။

💡 မိမိလေ့လာလိုတဲ့ လမ်းကြောင်းအတွက် အခမဲ့ တိုင်ပင်ဆွေးနွေးလိုပါက 📩 Page Messenger: m.me/technolearn မှာ စာပို့ပြီးလည်း မေးမြန်းနိုင်ပါတယ်။

💻 နည်းပညာနဲ့ အာကာသလောကရဲ့ "အကြီးမားဆုံး" အပြောင်းအလဲ တစ်ခု ကို Techno Learn ကနေ အမြန်ဆုံး တင်ဆက်ပေးလိုက်ပါတယ်။Elon Musk ...
03/04/2026

💻 နည်းပညာနဲ့ အာကာသလောကရဲ့ "အကြီးမားဆုံး" အပြောင်းအလဲ တစ်ခု ကို Techno Learn ကနေ အမြန်ဆုံး တင်ဆက်ပေးလိုက်ပါတယ်။

Elon Musk ရဲ့ နာမည်ကျော် SpaceX ကုမ္ပဏီဟာ လူထုထံ ရှယ်ယာတွေ ပထမဆုံးအကြိမ် ရောင်းချဖို့ (IPO) အတွက် စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်းရင်းမြစ်တွေအရ သိရပါတယ်။ 🛰️

ဒါဟာ ရင်းနှီးမြှုပ်နှံသူတွေအတွက်ရော၊ နည်းပညာဝါသနာရှင်တွေအတွက်ပါ ဘာကြောင့် ဒီလောက်ထိ စိတ်လှုပ်ရှားဖို့ ကောင်းနေတာလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

SpaceX ရဲ့ အောင်မြင်မှုတွေက အားလုံးမြင်တွေ့ရတဲ့အတိုင်းပါပဲ ။

ပထမဆုံး ဥပမာ အနေနဲ့ Starlink ဆိုရင် ကမ္ဘာအနှံ့ကို ဂြိုဟ်တုကနေတစ်ဆင့် အင်တာနက် အမြန်နှုန်းမြင့် ပေးဝေနိုင်ခဲ့ပြီး အခုဆိုရင် အာကာသထဲမှာ ဂြိုဟ်တုပေါင်း ထောင်ချီ ရှိနေပြီ ဖြစ်ပါတယ်။

နောက်ထက်အနေနဲ့ Reusable Rockets တွေလို့ဆိုရမှာပါ။ဒုံးပျံတွေကို ပစ်လွှတ်ပြီးရင် အောက်ကို ပြန်လည် ဆင်းသက်စေနိုင်တဲ့ နည်းပညာကြောင့် အာကာသခရီးစဉ် ကုန်ကျစရိတ်ကို အဆပေါင်းများစွာ လျှော့ချနိုင်ခဲ့ပါတယ်။

ဒါ့အပြင် Mars Ambition အနေနဲ့လည်း လူသားတွေကို အင်္ဂါဂြိုဟ်ပေါ် ပို့ဆောင်ဖို့ဆိုတဲ့ Elon Musk ရဲ့ အိမ်မက်က အခုဆိုရင် တဖြည်းဖြည်း လက်တွေ့နဲ့ နီးစပ်လာနေလာပြီ ဖြစ်ပါတယ်။

ဒီလို IPO တက်လာတာဟာ SpaceX အနေနဲ့ ပိုမိုကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရရှိလာမှာဖြစ်သလို၊ အနာဂတ်ရဲ့ "Space Economy" (အာကာသ စီးပွားရေး) ကို အရှိန်အဟုန်နဲ့ မြှင့်တင်ပေးလိုက်သလို ဖြစ်သွားမှာပါ။

ဒါပေမဲ့ စိန်ခေါ်မှုတွေကတော့ ရှိနေဆဲပါပဲ။ အာကာသ ခရီးစဉ်တွေမှာ ဖြစ်လေ့ရှိတဲ့ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ၊ လွှတ်တင်မှု ကျရှုံးတာတွေက ရှယ်ယာဈေးကွက်ပေါ်မှာ ဘယ်လို သက်ရောက်မှုတွေ ရှိမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

Techno Learn ပရိသတ်ကြီးကော...

တကယ်လို့ SpaceX ရှယ်ယာတွေကို ဝယ်ယူခွင့်ရမယ်ဆိုရင် Elon Musk ရဲ့ အင်္ဂါဂြိုဟ်သွားမယ့် အိမ်မက်မှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားကြလား?

ဒါမှမဟုတ် ဒါက အရမ်း စွန့်စားရလွန်းတယ်လို့ ထင်ကြလား?

ကွန်မန့်မှာ ဆွေးနွေးသွားကြပါဦး။

💡 နည်းပညာတွေက ဒီလောက်အထိ ကမ္ဘာပြင်ပအထိ ထိုးဖောက်နေပြီဆိုတော့ ကျွန်တော်တို့ကော နည်းပညာနယ်ပယ်မှာ နောက်ကျမကျန်ခဲ့အောင် ဘယ်လိုတွေ ပြင်ဆင်ထားကြမလဲ?

အနာဂတ်ရဲ့ ကျွမ်းကျင်တဲ့ နည်းပညာရှင်တစ်ယောက်ဖြစ်ဖို့ အခြေခံကစပြီး စနစ်တကျ လေ့လာချင်တယ်ဆိုရင်တော့ Techno Learn မှာ တက်ရောက်နိုင်တဲ့ သင်တန်းတွေ ရှိပါတယ် -
✅ Computer Basic To Advance (A+) Course
✅ Network Engineering Course
✅ Essential Linux & Security Course
✅ Ethical Hacking and Cybersecurity
✅Web Security & Web Hacking Course

အသေးစိတ် သိရှိလိုပါက Techno Learn Page Messenger မှာ (m.me/technolearn) စာပို့ပြီး အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။

💻 Oracle ရဲ့ AI အပေါ် ထားတဲ့ လောင်းကြေးOracle အနေနဲ့ ဝန်ထမ်းထောင်ချီ အလုပ်ထုတ်ပြီး ဒေါ်လာ ဘီလီယံ ၅၀ Ai အပေါ် ပုံအောလိုက်...
03/04/2026

💻 Oracle ရဲ့ AI အပေါ် ထားတဲ့ လောင်းကြေး

Oracle အနေနဲ့ ဝန်ထမ်းထောင်ချီ အလုပ်ထုတ်ပြီး ဒေါ်လာ ဘီလီယံ ၅၀ Ai အပေါ် ပုံအောလိုက်ပြီလား?

ဒီနေ့မှာတော့ နည်းပညာလောကကို လှုပ်ခတ်သွားစေတဲ့ Oracle ကုမ္ပဏီကြီးရဲ့ အကြီးစား အပြောင်းအလဲအကြောင်းကို Techno Learn ကနေ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Oracle ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ (မတ်လ ၃၁ ရက်) မှာ ဝန်ထမ်းပေါင်း ထောင်နဲ့ချီကို အလုပ်ထုတ်ပယ်ကြောင်း (Layoffs)စတင်အသိပေးခဲ့ပါတယ်။ ကုမ္ပဏီဘက်ကတော့ ဒါဟာ "လက်ရှိ စီးပွားရေး လိုအပ်ချက်အရ" လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။

ထူးခြားတာက Oracle ဟာ ဝန်ထမ်းပေါင်း ထောင်နဲ့ချီကို အလုပ်ထုတ်ပယ်လိုက်တယ်လို့ ကြေညာလိုက်ပေမဲ့၊ တစ်ဖက်မှာတော့ ကုမ္ပဏီရဲ့ ရှယ်ယာဈေးနှုန်းက ၂.၅% အထိ ထိုးတက်သွားတာပဲ ဖြစ်ပါတယ်။ ဒါဟာ ရင်းနှီးမြှုပ်နှံသူတွေက Oracle ရဲ့ "AI ဘက်ကို အကုန်ပုံအောမယ့်" ဗျူဟာကို သဘောကျနေကြတာကို ပြနေတာပါ။ ✨

ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်က စိတ်ဝင်စားဖို့ကောင်းတဲ့ အချက် တွေ အနေနဲ့ကတော့

ကုန်ကျစရိတ်လျှော့ချပြီး AI မှာ ရင်းနှီးမြှုပ်နှံခြင်းဟာ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ Oracle က ဝန်ထမ်း ၃၀,၀၀၀ ခန့်အထိ လျှော့ချနိုင်ရင် တစ်နှစ်ကို ဒေါ်လာ ၁၀ ဘီလီယံလောက်အထိ အပိုထွက်လာမှာဖြစ်တာကြောင့် အဲဒီငွေတွေကို AI Computing အတွက် လိုအပ်တဲ့ Hardware တွေနဲ့ Data Center တွေဆောက်ဖို့ နေရာပြန်ချထား (Reallocation) လုပ်နေတာလည်း ဖြစ်ပါတယ်။

Oracle က ၂၀၂၆ ခုနှစ်အတွက် သူတို့ရဲ့အသုံးစရိတ်ကို $35 Billion ကနေ $50 Billion အထိ တိုးမြှင့်လိုက်ပါတယ်။ အဓိကကတော့ OpenAI လို ကုမ္ပဏီကြီးတွေနဲ့ ချုပ်ဆိုထားတဲ့ ဒေါ်လာ ဘီလီယံ ၃၀၀ တန် Project တွေကို အကောင်အထည်ဖော်ဖို့အတွက် Cloud အခြေခံအဆောက်အအုံတွေကို အပြင်းအထန် တည်ဆောက်နေရလို့ပဲ ဖြစ်ပါတယ်။

ဒါက Oracle တစ်ခုတည်း မဟုတ်ပါဘူး။ Amazon က ဝန်ထမ်း ၁၆,၀၀၀၊ Meta ကလည်း ရာနဲ့ချီတဲ့ ဝန်ထမ်းတွေ အစရှိသဖြင့် လျှော့ချပြီး ရရှိလာတဲ့ ဘတ်ဂျက်တွေကို လည်း AI နည်းပညာ ဖွံ့ဖြိုးရေးဘက်ကိုပဲ အားစိုက်နေကြတာပါ။

ဒီဖြစ်ရပ်ကနေ ကျွန်တော်တို့ မြင်လိုက်ရတာကတော့ အခုခေတ်မှာ "ရိုးရိုးအလုပ်အကိုင်တွေထက် AI နဲ့ ပတ်သက်တဲ့ Skill တွေကသာ ရှေ့တန်းရောက်လာတော့မယ်" ဆိုတာပါပဲ။ နည်းပညာကုမ္ပဏီကြီးတွေဟာ လူသားအရင်းအမြစ်ထက် AI အခြေခံအဆောက်အအုံတွေကို ပိုပြီး တန်ဖိုးထားလာကြတာကို တွေ့ရပါတယ်။

နည်းပညာတွေက ဒီလောက်အထိ မြန်မြန်ဆန်ဆန် ပြောင်းလဲနေပြီဆိုတော့ ကျွန်တော်တို့ကော နောက်ကျမကျန်ခဲ့အောင် ဘယ်လိုတွေ ပြင်ဆင်ထားကြမလဲ?

ကိုယ့်ရဲ့ လုပ်ငန်းခွင်ထဲမှာ AI တွေ နေရာယူလာတဲ့အခါ အစားထိုးမခံရအောင် ဘယ်လို Skill မျိုးတွေ ထပ်ဖြည့်ထားသင့်လဲဆိုတာ စဉ်းစားကြည့်ရင်း...

Techno Learn ပရိသတ်ကြီးကော... Oracle လို ကုမ္ပဏီကြီးတွေက ဝန်ထမ်းလျှော့ချပြီး AI ဘက်ကို အကုန်ပုံအောနေတဲ့အပေါ် ဘယ်လိုမြင်ကြလဲ? Comment မှာ စကားလက်ဆုံ ပြောသွားကြပါဦးနော်။ 👇

‼️ အနာဂတ်ရဲ့ ကျွမ်းကျင်တဲ့ နည်းပညာရှင်
တစ်ယောက်ဖြစ်ဖို့ Techno Learn မှာ တက်ရောက်
နိုင်တဲ့ သင်တန်းတွေ အနေနဲ့ကတော့

✅ Computer Basic To Advance (A+)
✅ Network Engineering
✅ Essential Linux & Security
✅ Ethical Hacking & Cybersecurity
✅ Web Security & Web Hacking တို့ဖြစ်ပါတယ်။

💡 မိမိလေ့လာလိုတဲ့ လမ်းကြောင်းအတွက် အခမဲ့ တိုင်ပင်ဆွေးနွေးလိုပါက Page Messenger: m.me/technolearn မှာ စာပို့ပြီးလည်း မေးမြန်းနိုင်ပါတယ်။

💻 AI နည်းပညာ ခေတ်သစ်တစ်ခု ရောက်လာပြီလား? $10 Billion တန် "Mythos" ဆိုတာ ဘာလဲ?Claude Opus ထက် ပိုမိုအစွမ်းထက်တယ်လို့ သတင်...
31/03/2026

💻 AI နည်းပညာ ခေတ်သစ်တစ်ခု ရောက်လာပြီလား? $10 Billion တန် "Mythos" ဆိုတာ ဘာလဲ?

Claude Opus ထက် ပိုမိုအစွမ်းထက်တယ်လို့ သတင်းထွက်နေတဲ့ "Mythos" AI Model အသစ်
အကြောင်းကို Techno Learn ကနေ တင်ဆက်
ပေးလိုက်ပါတယ်။

ဒီ Model ကို Train ဖို့အတွက် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ အထိ အသုံးပြုထားတယ်လို့ သိရပါတယ်။

ဒါဟာ လက်ရှိရှိနေတဲ့ AI စွမ်းဆောင်ရည်တွေကို အဆင့်သစ်တစ်ခုဆီ တွန်းတင်လိုက်တာဖြစ်သလို၊ အထူးသဖြင့် Cybersecurityနယ်ပယ်အတွက်တော့ တကယ့်ကို "ဂိမ်းအပြောင်းအလဲ" ဖြစ်လာနိုင်ပါတယ်။

Mythos ရဲ့ စွမ်းဆောင်ရည်က ဘယ်လောက်ထိ ကြမ်းသလဲဆိုရင် - သူ့ရဲ့ အန္တရာယ်ရှိနိုင်ခြေကို ချင့်ချိန်တဲ့အနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ Public ကို ထုတ်ပေးရမလဲဆိုတာကို တီထွင်သူတွေဘက်က အသေအချာ စဉ်းစားနေရတဲ့အထိပါပဲ။

ဘာတွေ ထူးခြားလာနိုင်လဲ?

🛡️ Cybersecurity: Vulnerability တွေကို စက္ကန့်ပိုင်းအတွင်း ရှာဖွေဖော်ထုတ်နိုင်စွမ်း ရှိလာမှာဖြစ်သလို၊ တစ်ဖက်မှာလည်း အဆင့်မြင့် Cyber attack တွေ ပြုလုပ်လာနိုင်တဲ့အတွက် စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ရပါတော့မယ်။

💰 Accessibility: အစပိုင်းမှာ လူတိုင်းကို ပေးသုံးဦးမှာ မဟုတ်ဘဲ လုပ်ငန်းစုကြီးတွေနဲ့ Research ပိုင်းမှာပဲ ကန့်သတ်ပြီး ထုတ်ပေးဖို့ ရှိပါတယ်။

နည်းပညာတွေက ဒီလောက်အထိ တိုးတက်လာပြီဆိုတော့ ကျွန်တော်တို့ကော နောက်ကျမကျန်ခဲ့အောင် ဘယ်လိုတွေ ပြင်ဆင်ထားကြမလဲ?

ကိုယ့်ရဲ့ Website တွေ၊ System တွေကို အခုလို အဆင့်မြင့် AI တွေရဲ့ အန္တရာယ်ကနေ ဘယ်လိုကာကွယ်မလဲဆိုတာ အခုကတည်းက စတင်လေ့လာထားဖို့ လိုအပ်နေပါပြီ။

Techno Learn ပရိသတ်ကြီးကော...

AI နည်းပညာတွေက လူသားတွေရဲ့ လုံခြုံရေးအပေါ် ဘယ်လောက်အထိ သက်ရောက်မှုရှိလာမယ်လို့ ထင်ကြလဲ? Comment မှာ စကားလက်ဆုံ ပြောသွားကြပါဦးနော်။ 👇

‼️ အနာဂတ်ရဲ့ ကျွမ်းကျင်တဲ့ နည်းပညာရှင်
တစ်ယောက်ဖြစ်ဖို့ Techno Learn မှာ တက်ရောက်
နိုင်တဲ့ သင်တန်းများ -

✅ Ethical Hacking and Cybersecurity
✅ Web Security and Web Hacking
✅ Essential Linux & Security
✅ Network Engineering
✅ Computer Basic To Advance (A+)

💡 မိမိလေ့လာလိုတဲ့ လမ်းကြောင်းအတွက် အခမဲ့ တိုင်ပင်ဆွေးနွေးလိုပါက -

📩 Page Messenger: m.me/technolearn

Address

Near MICT Park Area
Sanchaung

Alerts

Be the first to know and let us send you an email when Techno Learn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Techno Learn:

Share