U-Link Salin

U-Link Salin U-Link ဟာ လူငယ်တွေစုပေါင်းပြီး ISP လုပ်ငန်းကိုသီးသန့်ရပ်တည် လုပ်ကိုင်နေတာဖြစ်ပါတယ်။

ဝန်ထမ်းခေါ်ယူခြင်း.............U-Link ဝိုင်ဖိုင်ရုံး (ကျောင်းတော်ရာ) မှ အောက်ပါ ရာထူး အလုပ်အကိုင်များ ခေါ်ယူခြင်းNetwork...
02/01/2025

ဝန်ထမ်းခေါ်ယူခြင်း.............

U-Link ဝိုင်ဖိုင်ရုံး (ကျောင်းတော်ရာ) မှ အောက်ပါ ရာထူး အလုပ်အကိုင်များ ခေါ်ယူခြင်း

Network Technician-On Job Trainning
(အိမ်သုံးဝိုင်ဖိုင်တပ်ဆင်/ပြုပြင် အလုပ်သင်)
---------------------------------------------------------------
-အသက်(၃၀) အောက် အထက်တန်းအောင်မြင်ပြီး ကိုယ်ကျင့်စာရိတ္တကောင်းမွန်ရမည်။
- ကျောင်းတော်ရာနယ်ခံ(သို့) ကျောင်းတော်ရာရုံးတွင် နေထိုင်နိုင်ရမည်။
-အလုပ်ချိန် ကို လေးစားတတ်သူဖြစ်ရမည်။
-အမြင့်တက်နိုင်ရမည်။
-သင်ယူလိုစိတ်ရှိရမည်။
-လုပ်ငန်း လိုအပ်ချက်အရ လိုအပ်ခဲ့ပါက အချိန်ပို ဆင်းနိုင်ရမည်။(အလုပ်ပါးလျှင်ရုံးတွင် နားနေရမည်)

#အခြေခံလစာ - 180000
-------------------------------------------------------------
လျှောက်ထားလိုပါက
၁။မှတ်ပုံတင်မိတ္တူ။
၂။အိမ်ထောင်စုမိတ္တူ။
၃။ပြစ်မှု/နိုင်ငံရေး ကင်းရှင်းကြောင်းထောက်ခံစာ နှင့်တကွလျှောက်ထားရန်။

ဆက်သွယ်လျှောက်ထားရန်-
#စလင်းရုံးလိပ်စာ
မြင်တင်ရပ်ကွက်၊ ကောင်းတုံစတိုးမျက်နာချင်းဆိုင်လမ်း၊
ဥိးမောင်မြင့်ရွှေ သစ်စက်ဘေး၊ စလင်းမြို့။
09963709090

#ကျောင်းတော်ရာရုံးလိပ်စာ
ကျောင်းတော်ရာ(၁)၊ တက်နေဝင်းလက်ဖက်ရည်ဆိုင်လမ်းကြား၊ လမ်းအဆုံးကအိမ်။
09798808540

Wifi မပွင့်ရင် ၊ Data နဲ့ အင်တာနက် သုံးလို့ မရရင် VPN ပြောင်းသုံးပါ .. Wifi ဖွင့်လို့ ရတယ် ချိတ်လည်း ချိတ်တယ် ဒါပေမဲ့ ic...
30/05/2024

Wifi မပွင့်ရင် ၊ Data နဲ့ အင်တာနက် သုံးလို့ မရရင်
VPN ပြောင်းသုံးပါ ..

Wifi ဖွင့်လို့ ရတယ် ချိတ်လည်း ချိတ်တယ်
ဒါပေမဲ့ icon မပေါ်တာဆို ကြိမ်းသေပါတယ် ..
1111 VPN ချိတ်ထားလို့ပါ ..

Wifi icon လေး မှိန်နေတာ မဟုတ်ဘူး ဆို
Wifi ချိတ်လို့ မရတဲ့ ပြသနာ ဟာ VPN ကြောင့်ပါပဲ ..

1111 ကြောင့်ရယ် မှ မဟုတ်ဘူး ..
တစ်ခြား VPN တွေ ချိတ်ထားတာမျိုးဆိုလည်း

Wifi , Name တွေ ပေါ်ပြီး ချိတ်လို့ ရတယ် ..
Noti Bar မှာ Wifi icon လေး မပေါ်တာဟာ

VPN တွေ ကြောင့်ပါ ..
VPN တစ်ခုပြီး တစ်ခု ပြောင်းချိတ်ကြည့်တယ်ဆို

အဲ့ ပြသနာ ဖြေရှင်းလို့ ရပါတယ် ..
ဖုန်း Error ဖြစ်တာ မဟုတ် သလို
Wifi Error လဲ မဟုတ်ပါဘူး။

အဆင်မပြေမှုများရှိပါက
ဖုန်း 09949117771 / 09949117772/ 09949117773 / 09949117774 / 09949117775 သို့ ဆက်သွယ်နိုင်ပါတယ်ရှင့်

24/05/2024

📍📍📍ဝမ်းနည်းစွာဖြင့်အသိပေးခြင်း

မင်္ဂလာပါရှင့် U-Link အနေဖြင့် စလင်းမြို့တွင် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန် ကြိုးစားလျှက်ရှိပါတယ်ရှင်

ယခုအခါ မြန်မာနိုင်ငံနှင့် ချိတ်ဆက်ထားသောအင်တာနက် လမ်းကြောင်းများထဲမှ တာချီလိတ်မှ ဆက်သွယ်ထားသော လမ်းကြောင်းသည် 24.5.2024 ညနေ ၅နာရီဝန်းကျင်မှာ ပြတ်တောက်သွားပါသည်တယ်ရှင့်😭😭😭

သို့ဖြစ်သောကြောင့် ထိုလမ်းကြောင်းကိုအသုံးပြုသော မြန်မာနိုင်ငံအတွင်းရှိ Telecomများနှင့် ISP ကုမ္ပဏီများအားလုံးသည် လိုင်းကျခြင်းနှင့် လိုင်းကျပ်ခြင်းများဖြစ်ပေါ်နေပါတယ်ရှင့်

ထို့အတွက်ကြောင့် U-link(Salin)သည်လည်း ယခုအချိန်တွင် အင်တာနက်လိုင်းများ နှေးနေပြီး အမြန်ဆုံးပြန်လည်ကောင်းမွန်ရန် ညှိနှိုင်းဆောင်ရွက်နေပါတယ်ဆိုတဲ့အကြောင်း အားနာစွာဖြင့် အသိပေးအပ်ပါတယ်ရှင့်

🌕 တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့) 🏮တန်ဆောင်တိုင်ကာလ အခါသမယမှာစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်...
27/11/2023

🌕 တန်ဆောင်မုန်းလပြည့်
(သာမညဖလ အခါတော်နေ့)

🏮တန်ဆောင်တိုင်ကာလ အခါသမယမှာ

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်

ပြည့်စုံပြီး စီးပွါးလာဘ်လာဘများ အောင်မြင်

တိုးတက်ကြပါစေလို့🙏🙏🙏

ကျွန်တော်တို့ U-Link မိသားစုမှ
ဆုတောင်း​မေတ္တာပို့သပါတယ် ခင်ဗျား::::::

#တန်ဆောင်မုန်းလပြည့်

Happy Full Moon Day
29/10/2023

Happy Full Moon Day

Send blessing to more friends and find who's the luckiest By KBZPay Pocket Money

သီတင်းကျွတ်လပြည့် နေ့ထူးနေ့မြတ် အခါသမယတွင်-ကမ္ဘာသူကမ္ဘာသားများအားလုံးနှင့်တကွမြန်မာပြည်သူအပေါင်း-ကိုယ်စိတ်နှစ်ဖြာ ကျန်းမ...
29/10/2023

သီတင်းကျွတ်လပြည့် နေ့ထူးနေ့မြတ် အခါသမယတွင်-

ကမ္ဘာသူကမ္ဘာသားများအားလုံးနှင့်တကွမြန်မာပြည်သူအပေါင်း-

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာ ရွှင်လန်းအေးချမ်းသာယာမှုရရှိနိုင်ကြပါစေ

ကြောင်း U-Link Wifi မိသားစုမှ

ဆုမွန်ကောင်းတောင်းအပ်ပါသည်။

🌝 ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့☸️မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ကြာသပတေးနေ့။ဂေါတမမြတ်စွာဘုရားရှင်သည် ဇေတဝန်ရွှေကျောင်းတော်၌ ...
31/08/2023

🌝 ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့☸️
မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ကြာသပတေးနေ့။

ဂေါတမမြတ်စွာဘုရားရှင်သည် ဇေတဝန်ရွှေကျောင်းတော်၌ သီတင်းသုံး စံတော်မူနေစဉ် ရဟန်းတော်အပါးငါးရာတို့ကို အကြောင်းခံ၍ မေတ္တာသုတ္တန်ကို ဟောကြားတော်မူခဲ့သောကြောင့် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ဟု အမည်တွင်ခဲ့ခြင်းဖြစ်ပါသည်။

💞🍀 မေတ္တာဟူသည်
သူတစ်ပါး၏ အကျိုးစီးပွားကိုလိုလားသော၊ အငြိုးအာဃာတတို့ကို ပယ်ဖျောက်တတ်သော၊ သူတစ်ပါး၏ကောင်းကျိုးကိုသာ လိုလားသောအရာဖြစ်သောကြောင့် ...

ယနေ့ကျရောက်လာသော ဝါခေါင်လမြတ် မေတ္တာအခါတော်နေ့မှစ၍ မြတ်ဗုဒ္ဓ၏ မေတ္တာအရိပ်မှာ လူ၊ နတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့သည် ဘေးဆိုးကပ်ဆိုး အန္တရာယ်ဆိုးခပ်သိမ်းမှ အမြန်ဆုံးကင်းလွတ်၍ စီးပွားဥစ္စာလိုအင်ဆန္ဒများ ဒီရေအလား တိုးတက်ကြီးပွားပြည့်စုံကြပါစေကြောင်း " ကျနော်တို့
U-Link Salin မိသားစု" မှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။
#ဝါခေါင်လပြည့်

#မေတ္တာအခါတော်နေ့

-Link Salin

15/05/2023

အင်တာနက်လိုင်းပုံမှန်အတိုင်းပြန်သုံးလို့ရနေပါပြီ ခင်ဗျာ။

U-Link (Salin) အား အင်တာနက်ပို့ဆောင်ပေး သော
တာဝါတိုင်ဘက်မှ ရာသီဥတု ဒဏ်များကြောင့် အင်တာနက် လိုင်းပြတ်တောက်မှုဖြစ်နေပါသည်။ ရာသီဥတုဒဏ်ကြောင့်ဖြစ်ပေါ်လာသော ပြစ်ချက်များကို အမြန်ဆုံးရှာဖွေ ဖြေရှင်းပေးနိုင်ရန် ကျနော်တို့ Service Team ဘက်ကနေ Ooredoo နှင့် လက်တွဲ၍ အတတ်နိုင်ဆုံးကြိုးစားလျက်ရှိပါသည်။
အင်တာနက်လိုင်း ပုံမှန် ပြန်လည် အသုံးပြုလို့ရမယ့် အချိန်ကိုလည်း ကျွန်တော်တို့ အခု page လေးကနေ အချိန်နဲ့တပြေးညီ ထပ်မံအကြောင်းကြားပေးသွားပါမယ် ခင်ဗျာ။
လတ်တလော အင်တာနက်သုံးစွဲရာတွင် အဆင်မပြေမှုများ ဖြစ်ခဲ့လျှင်လည်း အနူးအညွှတ်ပင် အားနာ တောင်းပန် အပ်ပါသည် ချစ်ရတဲ့ စလင်းသူ၊ စလင်းသားများ ခင်ဗျာ။

  လိုင်းပြန်ရပါပြီဗျာ။အသုံးပြုလို့မရသေးရင် ကျနော်တို့ Customer service phone number - 09949117775 သို့ ဆက်သွယ်ပေးပါဗျာ။ ...
21/04/2023

လိုင်းပြန်ရပါပြီဗျာ။အသုံးပြုလို့မရသေးရင် ကျနော်တို့ Customer service phone number - 09949117775 သို့ ဆက်သွယ်ပေးပါဗျာ။ အစဉ်တစိုက်အားပေးလာကြသော လူကြီးမိဘရောင်းရင်းအပေါင်းတို့ကို ကျေးဇူးတင်ပါတယ်ဗျာ။
U-Link သုံးစွဲသူ customer များခင်ဗျာ။
ကျနော်တို့ U-Link wifi မှ Internet လိုင်းရယူထားသော အဓိက Main Uplink ၌ အင်တာနက်လိုင်းများ ပြတ်တောက်နေပါသဖြင့် ယနေ့ည အင်တာနက်လိုင်းများခေတ္တပြတ်တောက်မည်ဖြစ်ကြောင်း ညှိုးငယ်သောစိတ်ဖြင့် အသိပေးတောင်းပန်အပ်ပါသည် ခင်ဗျာ။

U-Link(Salin) နှင့် လက်တွဲလုပ်ကိုင်ရန် အောက်ပါဌာနများအတွက် လုပျဖောျကိုငျဖက်မြား အလိုရှိသည်။(1)  Junior NOC Engineer(Fema...
30/03/2023

U-Link(Salin) နှင့် လက်တွဲလုပ်ကိုင်ရန် အောက်ပါဌာနများအတွက် လုပျဖောျကိုငျဖက်မြား အလိုရှိသည်။

(1) Junior NOC Engineer(Female)

- သက်ဆိုင်ရာဘွဲ့(သို့)Certificate ရရှိထားသူဖြစ်ရမည်။ ဘွဲ့မရသေးသော်လည်း သက်ဆိုင်သည့်နယ်ပယ်ဖြစ်နေပါကလည်း လျှောက်ထားနိုင်သည်။
-လုပ်ငန်းအတွေ့အကြုံမရှိသေးပါကလည်း လျှောက်ထားနိုင်ပါသည်။
- Networking ပတ်သန်၍ ဗဟုသုတရှိလျှင်ပိုအဆင်ပြေသည်။
- မိမိSenior များထံမှ သင်ကြားမှုများကို နာခံနိုင်ပြီး သင်ယူလိုစိတ်ရှိသူဖြစ်ရမည်။
- ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်ဖြစ်ပြီး U-Linkမှ စေလွှတ်သော လေ့လာရေးခရီးစဥ်များနှင့် သင်တန်းများကိုလည်း တက်ရောက်နိုင်သူဖြစ်ရမည်။

(2) Junior Fiber Technican(Male)
- အနိမ့်ဆုံး(၁၀)တန်းအောင်ရမည်။ (လုပ်ငန်းအတွေ့အကြုံရှိပါက လျော့ပေါ့ပေးမည်။)
- ကျန်းမာသန်စွမ်းသူဖြစ်ရမည်။
- အများနှင့်လိုက်လျောညီထွေစွာနေတက်ရမည်။
- သင်ယူလိုစိတ်ရှိသူဖြစ်ရမည်ဖြစ်ပြီး အထက်လူကြီးမှဆိုဆုံးမမှုအား လက်ခံနိုင်သူဖြစ်ရမည်။
- အတွေ့အကြုံမရှိသူများလည်းလျောက်ထားနိုင်ပြီး ရေရှည်လုပ်ကိုင်နိုင်သူ ဦးစားပေးမည်။

(3) Office Staff (Female)

- Computer Microsoft Office (Excel,Word) သုံးနိုင်ရ
မည်။
- အနိမ့်ဆုံး(၁၀)တန်းအောင်ရမည်။
- ကျန်းမာသန်စွမ်းသူဖြစ်ရမည်။
- အများနှင့်လိုက်လျောညီထွေစွာနေတက်ရမည်။
- သင်ယူလိုစိတ်ရှိသူဖြစ်ရမည်ဖြစ်ပြီး အထက်လူကြီးမှဆိုဆုံးမမှုအား လက်ခံနိုင်သူဖြစ်ရမည်။
- အတွေ့အကြုံမရှိသူများလည်းလျောက်ထားနိုင်ပြီး ရေရှည်လုပ်ကိုင်နိုင်သူ ဦးစားပေးမည်။

(4) Sale and Bill collect (Male)

- စလင်းမြို့အတွင်း ကျွမ်းကျင်စွာသွားလာ နိုင်ရမည်။
- အနိမ့်ဆုံး(၁၀)တန်းအောင်ရမည်။
- ကျန်းမာသန်စွမ်းသူဖြစ်ရမည်။
- အများနှင့်လိုက်လျောညီထွေစွာနေတက်ရမည်။
- မိမိလုပ်သည့် လုပ်ငန်းအပေါ် တာဝန်အပြည့်အဝယူရ
မည်။
- ချမှတ်မည့် Sale Target ပြည့်အောင် ကြိုးစားနိုငိရမည်။
- အတွေ့အကြုံမရှိသူများလည်းလျောက်ထားနိုင်ပြီး ရေရှည်လုပ်ကိုင်နိုင်သူ ဦးစားပေးမည်။
အထက်ပါနေရာများကိုလျှောက်ထားသူများသည်
(၁)သက်ဆိုင်ရာ လတ်မှတ်(သို့)အထောက်အထား
(၂) မှတ်ပုံတင်မိတ္တူ
(၃)အိမ်ထောင်စုမိတ္တူ
(၄)Passportပုံတစ်ပုံ
(၅)ကိုယ်ရေးအကျဥ်း(CV Form) နှင့်တကွတွဲ၍

စလင်းမြို့ U-Link Salin Office သို့လည်းကောင်း
Page Messenger မှ လည်းကောင်း
Viber No - 09785731090 သို့ ပေးပို့၍လည်းကောင်း

03.04.2023 နောက်ဆုံး ထား၍ ပေးပို့လျှောက်ထားနိုင်ပါသည်။

U-Linkမှ ရောက်ရှိလာမယ့် လုပ်ဖော်ကိုင်ဖက် အသစ်များကို နွေးထွေးစွာ စောင့်ကြိုနေပါ့မယ်ရှင့်။

ယနေ့ မနက်ပိုင်းတွင် ဓာတ်တိုင်ကျိုး၍ ကြိုးပြတ်ကျခြင်း အား ပြင်ဆင်ပြီးလျှင်ပြီးချင်းပင်လျှင် မြဧရာ စက်သုံးဆီ ဆိုင်အကျော်တွ...
30/03/2023

ယနေ့ မနက်ပိုင်းတွင် ဓာတ်တိုင်ကျိုး၍ ကြိုးပြတ်ကျခြင်း အား ပြင်ဆင်ပြီးလျှင်ပြီးချင်းပင်လျှင် မြဧရာ စက်သုံးဆီ ဆိုင်အကျော်တွင် သစ်ပင်အကြီး ကိုင်းကျိုးကျပါသဖြင့်
ကူတို ရွာဘက်သို့ ပြေးဆွဲထားသော မိန်းကြိုး ပျက်ကျခ့ဲပါသည်။ ယခု အချိန်နှင့်တပြေးညီ ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိပြီး မကြာမီ အချိန်အတွင်းပြန်လည် အသုံးပြုနိုင်ရန် ကြိုးစားလျက်ရှိပါသည် ခင်ဗျာ။

  အင်တာနက်ပုံမှန်အတိုင်း ပြန်လည် အသုံးပြုနိုင်ပါပြီ ခင်ဗျာ။U-Link (Salin) ကိုတပ်ဆင် သုံးစွဲနေကြသူ ညီအကို မောင်နမ များခင်...
25/03/2023

အင်တာနက်ပုံမှန်အတိုင်း ပြန်လည် အသုံးပြုနိုင်ပါပြီ ခင်ဗျာ။

U-Link (Salin) ကိုတပ်ဆင် သုံးစွဲနေကြသူ ညီအကို မောင်နမ များခင်ဗျာ။

ယခု ရက်ပိုင်းအတွင်း အင်တာနက် သုံးစွဲရာတွင်အဆင်မပြေမှုများ ဖြစ်ပေါ်ရခြင်းအတွက် အနူးအညွှတ်တောင်းပန်အပ်ပါသည် ခင်ဗျာ။

အဆင်မပြေဖြစ်ရသည့်အကြောင်းအရင်းမှာ Tower တိုင်ဘက် မှ နည်းပညာ ချို့ယွင်းချက္များအပြင် တခြားလိုအပ်ချက် များကိုနောက်ရက်ပိုင်းများတွင် အဆင်မပြေမှုများ မရှိရလေအောင် သေချာအချိန်ယူ ပြင်ဆင်နေသည့်အတွက် ကြောင့်ဖြစ်ပါသည် ခင်ဗျာ။

သုံးစွဲသူတို့ အင်တာနက်သုံးစွဲရာတွင် အဆင်မပြေဖြစ်ခဲ့ရသည့် အချိန်များအတွက်ကိုလည်း ကျွန်တော်တို့ဘက် မှ
တောင်းပန်စွာဖြင့်တာဝန်ယူပေးသွားပါမည် ခင်ဗျာ။

U-Link (Salin) ကို သုံးစွဲနေကြသူ ညီကို မောင်နှမ များ
အားလုံး ကျေးဇူးအထူးပင်တင်ရှိပါသည် ခင်ဗျာ။

Address

မြင်တင်ရပ်၊ကောင်းတုံစတိုး မျက်နှာချင်းဆိုင်လမ်း၊ မန်ကြည်းတော လမ်းခွဲ။
Salin

Alerts

Be the first to know and let us send you an email when U-Link Salin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to U-Link Salin:

Share