Friend Computer Sale, Service, Accessories, Software & Game

Friend Computer Sale, Service, Accessories, Software & Game computer service & computer အပိုပစ္စည်း & software and game DVDs ဖြန်?

26/09/2025

How to install General Zero Hour to pc ကွန်ပျူတာထဲသို့ ထည့်သွင်းခြင်း
Comment box မှာ 👇 download link

18/09/2025

💻Laptop CPU နဲ့ Generation ဆိုတာကိုလွယ်လွယ်နဲ့ နားလည်ရအောင်Knowlegde Sharing လေးမျှဝေပေးပါမယ်ဗျ🤩

---

1. Laptop CPU ဆိုတာ

CPU (Central Processing Unit) ကို “ကွန်ပျူတာရဲ့ ဦးနှောက်” လို့ခေါ်လေ့ရှိတယ်။
Laptop CPU လုပ်တာတွေက—

Program တွေကို ဆောင်ရွက်ပေးခြင်း (Word, Excel, Browser စတာ)

Data တွေကို တွက်ချက်ခြင်း (Calculation, Rendering)

Instruction တွေကို လိုက်နာပြီး အလုပ်လုပ်ပေးခြင်း

Laptop CPU တွင် core (processing unit) များစွာပါတယ်။

Core ပိုများရင် → တစ်ချိန်တည်းမှာ အလုပ်များကို ပိုမြန်စွာလုပ်နိုင်တယ် (multitasking သာလွန်)

Clock Speed (GHz) → တစ် core ရဲ့ လုပ်နိုင်ချင်စွမ်း (Hz = Hertz)

Cache Memory → frequently used data ကို CPU အတွင်းမှာ သိမ်းထားပေးတယ်၊ မကြာခဏအသုံးပြုတာမြန်တယ်

---

2. Generation ဆိုတာ

Generation ဆိုတာ CPU ရဲ့ မျိုးဆက် ကိုပြောတာ။
သင့် CPU က ဘယ်နှစ်နှစ်က ထုတ်လုပ်တာ၊ ဘယ်နည်းပညာအသစ်တွေ ထည့်ထားလဲ ဆိုတာကိုဖော်ပြတယ်။

Intel Example

Core i5-8250U

8 → 8th Generation (2017~2018)

250U → Model Number (power efficiency & performance အမျိုးအစား)

Core i7-1355U

13 → 13th Generation (2023)

နည်းပညာပိုကောင်း၊ energy efficiency ပိုကောင်း၊ core ပိုများ

Generation အဆင့်များတက်လာတာနဲ့အမျှ—

Architecture ပိုကောင်းလာတယ် (data process မြန်တယ်)

Power consumption လျော့လာတယ် (battery life တိုးတယ်)

New features (AI acceleration, better graphics, faster RAM support)

---

3. Laptop CPU & Generation အလုပ်လုပ်ပုံ အကျဉ်းချုပ်

1. User က instruction ပေး → CPU ရဲ့ core တွေက process လုပ်တယ်

2. RAM နဲ့ storage ထဲက data ကို ဖတ်/ရေး လုပ်တယ်

3. CPU Generation အဆင့် မြင့်ရင် → အလုပ်ဆောင်ရွက်မှု (performance) မြန်၊ battery life ပိုကောင်းစေတယ်။

4. CPU Architecture လည်း အဆင့်မြင့်လာလို့ တစ်ချိန်တည်းမှာ အလုပ်ပိုများလုပ်နိုင်တယ်။
crd

ကွန်ပျူတာကိုင်သူတိုင်းကြုံရတတ်တဲ့-အပြာရောင်‌သေမင်းမျက်နှာပြင် သို့မဟုတ် (BSOD)=========================Windows ကွန်ပျူတာ...
14/09/2025

ကွန်ပျူတာကိုင်သူတိုင်းကြုံရတတ်တဲ့-
အပြာရောင်‌သေမင်းမျက်နှာပြင် သို့မဟုတ် (BSOD)
=========================
Windows ကွန်ပျူတာအသုံးပြုသူ အများစု ကွန်ပျူတာသုံးနေရင်း စာတမ်းတွေပါတဲ့ အပြာရောင်မျက်နှာပြင်ကြီးပေါ်လာပြီး ကွန်ပျူတာရပ်ဆိုင်းသွားတာကြုံဖူးကြမှာပါ။ စာတန်းတွေနဲ့ အပြာရောင် မျက်နှာပြင်ကြီးပေါ်လာပြီးရင် Windows ဟာ ရပ်သွားပြီး စက္ကန့်အနည်းငယ်အကြာ ပြန်စ Restart သွားတတ်ပါတယ်။
ဝင်းဒိုးပြန်တက်လာတဲ့အခါ Windows 10 ဆိုရင် Advance Boot Options ဆိုတဲ့ အပြာရောင် Software တစ်ခုတက်လာသလို တခြား Windows တွေမှာဆို အမည်းရောင်စာတမ်းတွေနဲ့ Safe Mode တက်လာပါတယ်။
အဲဒီလို အပြာရောင်မျက်နှာပြင်ကြီးပေါ်လာပြီး ကွန်ပျူတာရပ်ဆိုင်းသွားတဲ့ဖြစ်စဥ်ကို နိုင်ငံတကာ ကွန်ပျူတာ ပညာရှင်တွေက သေမင်းရဲ့ အပြာရောင်မျက်နှာပြင် ( Blue Screen Of Seath-BSOD) လို့ခေါ်ကြပါတယ်။
အလွယ်ခေါ်ရင်
အပြာရောင် သေမင်းမျက်နှာပြင်ပေါ့။
-
အဲဒီဖြစ်စဉ်ဟာ ကွန်ပျူတာထဲက Windows နဲ့ တခြား Software တွေအလုပ်လုပ်နေစဉ် RAM ဆိုတဲ့ ကျပန်းမှတ်ဥာဏ် ဆားကစ်ပြားပေါ်မှာ မှတ်သားနေတဲ့ Physical Memory မှတ်ဥာဏ်ပေါ်က အချက်အလက်တွေ ပြိုကွဲမှု Physical Memory Dump ဖြစ်သွားတာကြောင့်ပါ။
-
ကွန်ပျုတာတစ်လုံးအလုပ်လုပ်နေစဉ်မှာ မှတ်သားနေတဲ့ မှတ်ဉာဏ် Memory စနစ် (၂) မျိုးရှိပါတယ်။
Physical Memory နဲ့ Virtual Memory ပါ။
Phisic‌‌al Memory ရုပ်မှတ်ဉာဏ် ဆိုတာ ကွန်ပျူတာထဲမှာတပ်ဆင်ထားတဲ့ RAM Module ဆိုတဲ့ Memory ချောင်းလေး‌ေတွက အလုပ်လုပ်မှတ်သားပေးတာဖြစ်ပါတယ်။
Virtual Memory ဆိုတာကွန်ပျူတာကိုင်သူတိုင်းသိကြတဲ့ H‌ard Disk Drive ထဲက သတ်မှတ်ထားတဲ့ အပိုင်းတွေ (ဥပမာ C:/D:) ထဲက လွတ်နေတဲ့နေရာမှာ ယာယီမှတ်သားအလုပ်လုပ်တဲ့ မှတ်ဉာဏ်တုယောင် ဖြစ်ပါတယ်။ အချက်အလက်တွေသိမ်းဆည်းတဲ့ Hard Disk ရဲ့နေရာလွတ်ကို လိုအပ်သလိုငှားယူပြီး အလုပ်လုပ်ရတဲ့အတွက် Virtual Memory မှတ်ဉာဏ်တုယောင်လို့ခေါ်တာပါ။
အဲဒီလို မှတ်ဉာဏ်ပြိုကွဲမှု Physical Memory Dump ဖြစ်ရတဲ့ အကြောင်းအရင်းများစွာရှိပါတယ်။
အဲဒီထဲကမှ အဖြစ်အများဆုံးအကြောင်းအရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
-
(၁) RAM
ကွန်ပျုတာထဲက Physical Memory မှတ်ဉာဏ်ကို မှတ်သားပေးတဲ့ RAM Memory ချောင်း လေးကိုယ်တိုင် ထိခိုက်ပျက်စီးလာတဲ့အခါ အဲဒီလို BSOD အဖြစ်များပါတယ်။ ပျက်စီးရတဲ့အကြောင်းကတော့ ၎င်းရဲ့ သက်တမ်းအရဖြစ်စေ အပူအအေးကြောင့်ဖြစ်စေ လျှပ်စစ်စီးဆင်းမှုပြဿနာကြောင်ဖြစ်စေ Memory နဲ့မမျှသော Software များအား အသုံးပြုခြင်းကြောင့်ဖြစ်စေ RAM ကိုထိခိုက်စေပါတယ်။
-
(၂) Hard Disk
ကွန်ပျူတာထဲက Harddisk ဟာ ၎င်းထဲမှာရှိတဲ့ Windows စနစ်လုပ်ဆောင်တဲ့အခါ လိုအပ်တဲ့ Software ‌အချက်အလက်တွေကို ရေးဖတ်လည်ပတ်ပေးရပြီး ၄င်းအချက်အလက်တွေအသုံးပြုဖို့ RAM ကိုပို့ဆောင်‌ေပးရတဲ့အတွက် Harddisk ထဲက အချက်အလက်တွေရုတ်တရက်ပြိုကွဲသွားတဲ့အခါ RAM ကမှတ်သားနေတဲ့မှတ်ဉာဏ်တွေလည်းပြိုကွဲတာ‌ေကြာင့် Physical Memory Dump ဖြစ်ပြီး BSOD အပြာရောင် သေမင်းမျက်နှာပြင်ကြီးပေါ်လာတာဖြစ်ပါတယ်။
-
(၃) Software
မိမိအသုံးပြုနေတဲ့ Software ထဲက ဖိုင်စနစ်တွေ ရုတ်တရက်ပျက်စီးတဲ့အခါ ပြဿနာ Error ဖြစ်လာတဲ့အခါလည်း RAM ဆီကို ပို့တဲ့ မှတ်ဉာဏ်စီးဆင်းမှုပြိုကွဲတဲ့အတွက် Physical Memory Dump ဖြစ်ပြီး ထုံးစံအတိုင်း အပြာရောင်‌ေသမင်းမျက်နှာပြင်ပေါ်တတ်ပါတယ်။ အထူးသဖြင့် 3D ပုံတွေရေးဆဲွနေချိန် Video တည်းဖြတ်ပြုလုပ်နေချိန်မှာ မနိုင်ဝန်ထမ်းသလိုဖြစ်လာတဲ့အတွက် Software ပြဿနာ ဖြစ်ပြီး BSOD ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အသစ်ထည့်သွင်းလိုက်တဲ့ Software တွေနဲ့ Windows System နဲ့ ပြဿနာဖြစ်တဲ့အခါတိုင်းလည်း BSOD ဖြစ်တတ်ပါတယ်။
-
Hardware
မိမိအသုံးပြုနေဆဲ RAM/CPU/Motherboard Chipset/ Graphic Card အစရှိတဲ့ Hardware တွေ အကြောင်းကြောင်းကြောင့် ပြဿနာဖြစ်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာပျက်စီးတဲ့အခါလည်း BSOD ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အသစ် တပ်ဆင်လိုက်တဲ့ Hardware တွေနဲ့ Windows နဲ့မကိုက်ညီတဲ့အခါ သို့မဟုတ် အဲဒီ Hardware အသစ်တွေကို စွမ်းဆောင်ရည်ပြည့် အလုပ်လုပ်ခိုင်းတဲ့အခါ ကွန်ပျုတာရပ်‌ဆိုင်းပြီး BSOD ဖြစ်တတ်ပါတယ်။
-
BSOD အပြာရောင်သေမင်းမျက်နှာပြင် ဖြစ်ပေါ်ခြင်းနဲ့ပတ်သက်လို့ အကြောင်းရင်းပေါင်းများစွာရှိတဲ့အတွက် ဒီပြဿနာကို ဖြေရှင်းဖို့ အပြာရောင်မျက်နှာပြင်မှာ ဖော်ပြလာတဲ့ စာတွေထဲက အကြောင်းအရင်းတစ်ခုချင်းစီကို Debug လုပ်အချိန်ယူစစ်ဆေးပြီး ဖြစ်နိုင်ခြေနဲ့ပြုပြင်ရပါတယ်။ ကွန်ပျူတာတစ်လုံးဟာ နည်းပညာမြင့်မားပြီး စနစ်ကျသော Hardware နဲ့ Software ပေါင်းများစွာနဲ့ဖွဲ့စည်းတည်‌ေဆာက်ထားတဲ့အတွက် ဒီလိုအပြာ‌ေရာင်ပေါ်လာရင် ဒီလိုပြင်လိုက်လို့ ကောင်းသွားတယ်ဆိုတဲ့ တစ်ချက်ကောင်းတစ်ပွဲထိုး ဖြေရှင်းမှုမျိုး မရှိပါဘူး။
-
အဲဒါကြောင့် အသုံးပြုသူတွေအနေနဲ့လည်း သေမင်းမျက်နှာပြင်ဖြစ်နိုင်ချေတွေကို မပေါ့ဆပဲ ဂရုတစိုက်ဆင်ခြင်အသုံးပြုကြစေချင်ပါတယ်။

# #မူရင်းပိုင်ရှင်အား Credit ပေးပါသည်...။

Laptop တစ်လုံးအားမှားယွင်းသောအသုံးပြုနည်းများ။========================(၁) Laptop တစ်လုံးဟာ ကျဉ်းမြောင်းတဲ့လေစီးကြောင်းသာ...
13/09/2025

Laptop တစ်လုံးအား
မှားယွင်းသောအသုံးပြုနည်းများ။
========================
(၁) Laptop တစ်လုံးဟာ ကျဉ်းမြောင်းတဲ့လေစီးကြောင်းသာရှိတဲ့အတွက် Desktop တစ်လုံးထက် အပူထုတ်လွှတ်မှုပိုများပါတယ်။ အဲဒါကြောင့် Laptop အသုံးပြုချိန်မှာ အပူစွန့်ထုတ်မှု ကို ပိတ်ဆို့စေတဲ့ ဆီလီကွန် Keyboard ကာဗာများဖုံးအုပ်အသုံးပြုခြင်း။ မွေ့ရာ/စောင် ခေါင်းအုံး/ပေါင်/ အစရှိတဲ့ လေကြောင်းပိတ်ဆို့စေသော ပျော့ပြောင်းသည့်မျက်နှာပြင်များပေါ်တင်ပြီးအသုံးပြုခြင်းများဟာ Laptop ကို ပိုမိုပူပြင်းစေပြီး CPU, RAM, GPU အစရှိတဲ့ Chipset တွေကို မကြာခဏပျက်စီးစေပါတယ်။
-
(၂) Laptop တစ်လုံးကို Battery အားကုန်သည်အထိ အသုံးပြုခြင်းဟာလည်း Battery ကို ပျက်စီးစေပါတယ်။ လက်တော့ကို ပလပ်ထိုးပြီး အမြဲတမ်းအသုံးပြုခြင်းဟာ Battery ကိုပျက်စီးစေတယ်ဆိုတဲ့ မှားယွင်းတဲ့အယူအဆကြောင့် Laptop ကို Battery နဲ့သာ အမြဲသုံးသူတွေရှိပါတယ်။ Battery ဖြင့် စွမ်းဆောင်ရည်မြင့်သော Software များအသုံးပြုခြင်း Game များဆော့ကြခြင်းဟာ မှားယွင်းမှုပါ။ ကမ္ဘာပေါ်မှ ရှိသမျှသော Laptop အားလုံးဟာ AC အိမ်မီးဖြင့် အသုံးပြုချိန်မှာ၎င်းရဲ့ Hardware များကို စွမ်းဆောင်ရည်ပြည့်အသုံးပြုနိုင်ရန်ထုတ်လုပ်ထားပြီး Battery နဲ့ အသုံးပြုချိန်မှာ စွမ်းဆောင်ရည်ကို ပုံမှန်ထက် လျှော့ချထားတဲ့စနစ်ပါဝင်ပါတယ်။ မလိုအပ်တဲ့ Graphic ဆိုင်ရာ Chip တွေနဲ့ Network ဆိုင်ရာ လျှပ်စီးပတ်လမ်း တွေကို မီးအားသက်သာစေရန် အလိုလျောက် ဖြုတ်ချထားပါတယ်။ USB ကဲ့သို့သော IO စနစ်တွေကို ပေးထားတဲ့ ဗို့အားတွေကို လျှော့ချထားပါတယ်။ Laptop ကို Battery နဲ့အသုံးပြုခြင်းဟာ ရုံး ပိုင်းဆိုင်ရာ App တွေ နဲ့ Social Community ဆိုင်ရာ App တွေမှာသာ အသုံးပြုသင့်ပြီး စွမ်းဆောင်ရည်မြင့်အသုံးပြုလိုတဲ့အခါ မီးပလပ်ထိုးအသုံးပြုသင့်ပါတယ်။
Laptop တစ်လုံးကို Battery သက်တမ်းကြာကြာခံစေချင်ရင် သာမန် Software များကို ၂ ရက်တစ်ခါလောက် Battery အား ၇၅ ရာနှုန်းအထိ ကုန်အောင်သုံးပေးပါ။
-
(၃) Laptop တစ်လုံးဟာ ဖုန် ကြောက်ပါတယ်။ ဒါပေမယ့် ဖုန်ထက် အပူကို ပိုကြောက်ပါတယ်။
ပူထက် စိုထိုင်းမှုကို ပိုကြောက်ပါတယ်။
အဲဒါကြောင့် Laptop တစ်လုံးကို ခြောက်သွေ့ပြီး သန့်ရှင်းတဲ့ ညီညာမာ‌ကြောတဲ့ မျက်နှာပြင်မှာတင်ပြီးသာမန်အပူချိန်မှာ အသုံးပြုတာဟာ Laptop ရဲ့ သက်တမ်းကို ပိုမိုကြာရှည်ခံပါတယ်။
အမြဲတမ်း အထုိင်ချသံုးမယ်ဆိုရင် Laptop Cooling Fan အသုံးပြုခြင်းဟာ အကောင်းဆုံးပါ။
-
(၄) Laptop သယ်ဆောင်ရာမှာ အရေးကြီးဆုံးက Laptop Bag အိတ်ဖြစ်ပါတယ်။ များသောအားဖြင့် Laptop တွေကို သုံးပြီးတာနဲ့ အိတ်ထဲထည့်ကြတဲ့အတွက် အိတ်ဟာ အပူစုပ်ယူမှုရှိတဲ့ အိတ်အမျိုးအစားဖြစ်ရပါမယ်။ သုံးထားပြီး အပူလည်ပတ်မှုကျန်နေတဲ့ Laptop တစ်လုံးကို အိတ်ထဲ ရုတ်တရက်ထည့်လိုက်တဲ့အခါ ထွက်လာတဲ့ အပူကို အိတ်ကမစုပ်ယူနိုင်ခဲ့ရင် Laptop အတွင်းမှာ အပူကြောင့် ရေ‌ေငွ့အောင်းပြီး မလိုလားအပ်တဲ့ ပျက်စီးမှုတွေဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် RAM နဲ့ LCD Screen ပျက်စီးမှုတွေပါ။ အဲဒါကြောင့် Laptop Bag ရဲ့အရည်အသွေးဟာ အရေးကြီးပါတယ်။
-
ဒါဟာ Laptop တစ်လုံးကို ထားသိုအသုံးပြုရမယ့် အခြေခံတွေထဲက အဓိကအချက်တချို့ဖြစ်ပါတယ်။

# #မူရင်းပိုင်ရှင်အား Credit ပေးပါသည်...။

17/02/2024

General zero hour Reborn 8 ထည့်သွင်းနည်း

BSoD (Blue Screen of Death) အကြောင်းနဲ့ ဘာကြောင့်ဖြစ်ရလဲ? Blue Screen of Death ဆိုတာဘာလဲ?👉Blue Screen of Death ဆိုတာ Mic...
29/12/2023

BSoD (Blue Screen of Death) အကြောင်းနဲ့ ဘာကြောင့်ဖြစ်ရလဲ?
Blue Screen of Death ဆိုတာဘာလဲ?

👉Blue Screen of Death ဆိုတာ Microsoft Windows operating system ရဲ့ Error ပြသပေးတဲ့ screen ဖြစ်ပါတယ်။ အဲသည် Screen ပေါ်မှာ Windows operating system ရဲ့ System conflicts တွေနဲ့ ပြဿနာဖြစ်နိုင်ချေတွေကိုဖော်ပြပေးပါတယ်။

Blue screen လို့ခေါ်ရတဲ့အကြောင်းကတော့ အဲသည်လိုမျိုး Error တွေတက်လာတဲ့အခြေအနေမှာ Error message တွေကို အပြာရောင် Screen မျက်နှာပြင်နဲ့ ပြသပေးလို့ပဲဖြစ်ပါတယ်။ ပြီးတော့ Blue Screen ဆိုတာ Computer နဲ့ System ပျက်စီးတာတွေကို နောက်ထပ်တိုးပြီးမဖြစ်ပွားအောင် ကာကွယ်ဖို့ သတိပေးချက်တစ်ခုဖြစ်တဲ့အတွက် Blue screen တက်ပြီဆိုရင် Blue Screen က Windows ကိုလုံးဝဆက်သုံးလို့မရအောင် ရပ်တန့်လိုက်ပါတယ်။ ပြန်ပြီးဆက်သုံးမယ်ဆိုရင်တော့ Computer ကို Reboot ပြန်လုပ်ပေးရပါတယ်။

👉Blue Screen ဘာကြောင့်တက်ရတာလဲ?
Blue Screen တက်ရတဲ့အကြောင်းအရင်းတွေကတော့ -
(အဖြစ်အများဆုံးကနေ အနည်းဆုံးကိုစဉ်ထားပါတယ်)

၁။ Software ပိုင်း Error ဒါမှမဟုတ် Software ပိုင်းမကိုက်ညီမှု
(က) Driver – Computer မှာကိုယ်မောင်းလိုက်တဲ့ Driver က Computer ရဲ့ Hardware နဲ့ကိုက်ညီမှုမရှိရင် Blue Screen တက်နိုင်ပါတယ်။
(ခ) Virus - ကိုယ့်ရဲ့ Computer မှာ Virus ဝင်ထားမယ်ဆိုရင် အဲသည် Virus က Windows Process တစ်ခုခု၊ Registry ဒါမှမဟုတ် System File တစ်ခုခုကို သွားပြီးအနှောင့်အယှက်ပေးနေမယ်ဆိုရင်လည်း Blue Screen တက်တတ်ပါတယ်။
(ဂ) Third-Party Software – Computer ထဲမှာ ကိုယ်အသစ်သွင်းလိုက်တဲ့ Software က Computer ရဲ့ စက်ပိုင်းဆိုင်ရာ ဒါမှမဟုတ် Driver Signature တွေနဲ့ ကိုက်ညီမှုမရှိခဲ့ရင်လည်း Blue Screen တက်နိုင်ပါတယ်။

၂။ Hardware ပိုင်း Error ဒါမှမဟုတ် Hardware ပိုင်းမကိုက်ညီမှု
Computer ရဲ့ Hardware ပိုင်းဖြစ်တဲ့အတွက် Hardware ပိုင်းအနေနဲ့ -
(က) RAM – ကိုယ့် Computer မှာစိုက်ထားတဲ့ RAM က ပျက်နေမယ်၊ RAM ကြေးသွားတွေက ချေးတက်နေမယ်၊ Slot လွတ်နေမယ် ဒါမှမဟုတ် Motherboard ပေါ်က RAM Slot က ပျက်နေမယ်ဆိုရင် Blue Screen တက်နိုင်ပါတယ်။ RAM Error ဟုတ်မဟုတ်သိရဖို့အတွက် RAM လှဲစမ်းကြည့်နိုင်ပါတယ်။ RAM ကြေးသွားတွေချေးတက်နေရင်တော့ ခဲဖျက်နဲ့တိုက်ပြီး သန့်ရှင်းရေးပြုလုပ်နိုင်ပါတယ်။

(ခ) Hard disk drive - ကိုယ်သုံးနေတဲ့ Hard disk မှာ မကောင်းတဲ့အပိုင်း Bad sectors တွေရှိတဲ့အခါ အဲသည် Bad sector အပေါ်မှာ Windows ရဲ့ System file တစ်ခုခု Write လုပ်မိရင် Blue Screen တက်တတ်ပါတယ်။ Hard disk ရဲ့ Health မကောင်းရင်လည်း Blue Screen တက်တတ်ပါတယ်။

(ဂ) Power supply unit – Power Supply က သူနဲ့တွဲဖက်ချိတ်ဆက်ထားတဲ့ Hardware တွေကိုပေးတဲ့ Voltage မလောက်တာ၊ Wattage မပြည့်တာ၊ တပ်ဆင်အသုံးပြုတဲ့ Hardware တွေက Power supply ရဲ့သတ်မှတ်ထားတဲ့ Wattage ကိုကျော်လွန်သွားတာတွေကြောင့် Blue Screen တက်တတ်ပါတယ်။

(ဃ) Motherboard – Motherboard ပေါ်က Sound controller, Network controller, USB Controller စတဲ့ Component တစ်ခုခုရဲ့ Error ကြောင့်လည်း Blue Screen တက်နိုင်ပါတယ်။ Motherboard ပေါ်မှာဆားပေါက်တာ၊ သံချေးကိုက်တာ၊ အစိုပြန်တာ၊ Circuit ပတ်လမ်းကြောင်းတွေမှာ ပြင်းထန်ခြစ်ရာရှိမရှိစစ်ဆေးရပါမယ်။ အဲတာတွေရှိနေရင် Warranty ရှိမယ်ဆိုရင်တောင် Warranty မရနိုင်တဲ့အတွက် အသစ်လှဲလှယ်ရတာမျိုးရှိပါတယ်။

(င) CPU – CPU က Computer ထဲမှာ Reliable အဖြစ်ဆုံး Hardware ဖြစ်တဲ့အတွက် CPU မကောင်းလို့ Blue Screen တက်တာက ရှားတော့ရှားပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ချေလည်းရှိပါတယ်။ CPU ကို Overclocking လုပ်တဲ့အချိန်တွေမှာဖြစ်တတ်လေ့ရှိပါတယ်။ ပြီးတော့ CPU အောက်ခြေက ကြေးသွားတွေချေးကပ်နေရင်လည်းဖြစ်နိုင်ပါတယ်။

(စ) Peripherals – Computer မှာချိတ်ဆက်အသုံးပြုနေတဲ့ ဆက်စပ်ပစ္စည်း Accessories တွေဖြစ်တဲ့ Keyboard, Mouse, Memory Stick, External Hard Drive, Scanner, Printer စတာတွေမှာ Error ရှိရင်လည်း ဖြစ်တတ်ပါတယ်။

(ဆ) System Temperature – Computer ထဲက CPU နဲ့ GPU လိုမျိုး သက်ဆိုင်ရာ Component တွေကို အအေးပေးတဲ့ ပန်ကာ (Fan) တွေကကောင်းကောင်းအလုပ်မလုပ်ဘူး၊ ပြီးတော့ Fan အောက်က Heat sink နဲ့ CPU, GPU ကြားမှာရှိတဲ့ Thermal compound တွေကလည်း ခြောက်နေမယ်ဆိုရင် အပူစီးကူးနိုင်မှု မရှိတော့တဲ့အတွက် System Temperature တက်လာပြီး Blue Screen တက်တတ်ပါတယ်။

BSoD တက်တဲ့ Error က ဖြစ်နိုင်ချေတွေအများကြီးရှိတဲ့အတွက် ဘယ်အပိုင်းကနေ စတင်ပြီးစစ်ဆေးရမလဲ?
Computer မှာ မကြာခဏ Blue screen တက်နေပြီဆိုရင်တော့ စစ်ဆေးရမယ့်အပိုင်း အနေနဲ့ Software ပိုင်းနဲ့ Hardware ပိုင်းဆိုပြီး (၂) ပိုင်းရှိပါတယ်။

Blue Screen တက်နေတဲ့ Computer တစ်လုံးကို Software ပိုင်းကနေ ပထမဆုံးစပြီးစစ်ဆေးရပါမယ်။ Software ပိုင်းစစ်ဆေးပြီး အဆင်မပြေတော့မှပဲ Hardware ပိုင်းကိုပြောင်းပြီး စစ်ဆေးရပါမယ်။ Software ပိုင်းကို စပြီးစစ်ဆေးတဲ့အချိန် Software ပိုင်းနဲ့ပတ်သတ်ပြီး Error ကိစ္စတွေရှင်းအောင် Windows ကိုအသစ်ပြန်တင်ပြီးမှ ကျန်တဲ့ Hardware အစိတ်အပိုင်းတွေကို စစ်ဆေးရတာမျိုးရှိပါတယ်။
Credit……

Windows 11 ကို ပြောင်းလဲအသုံးပြုသင့်တဲ့ အကြောင်းပြချက် ၁၁ ချက်(1) MacOS နဲ့ ပိုဆင်တူလာတဲ့ User InterfaceWindows 11 ဟာ ယခ...
29/12/2023

Windows 11 ကို ပြောင်းလဲအသုံးပြုသင့်တဲ့ အကြောင်းပြချက် ၁၁ ချက်

(1) MacOS နဲ့ ပိုဆင်တူလာတဲ့ User Interface
Windows 11 ဟာ ယခင်တုန်းက Windows 10 အပြင် Windows တွေအားလုံးထက် UI Design ပိုင်းကို လုံးဝပြောင်းလဲထားတာဖြစ်ပါတယ်။ အဓိကပြောင်းလဲမှုကတော့ Screen ရဲ့ အောက်ဖက် Task Bar ကို MacOS ရဲ့ Dock ပုံစံမျိုးပြောင်းလဲလိုက်တာဖြစ်ပါတယ်။ Application Menu ပုံစံကိုလည်း ပြောင်းလဲထားပြီး ယခင်ထက် ပိုပြီး သုံးရတာ ရိုးရှင်းလှပနေစေမှာဖြစ်ပါတယ်။

(2) Universal Media Control
Windows 11 ဟာ သီချင်းနဲ့ Media Playback ကို System Level ထိန်းချုပ်နိုင်မယ့် Universal Media Control Feature ကိုလည်း ထည့်သွင်းလာမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့်ဖွင့်ထားတဲ့ Music နဲ့ Media Control တွေအကုန်လုံးကို Action Center မှာ Notification အနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါက Spotify သုံးတာပဲဖြစ်ဖြစ်၊ YouTube Video ပဲကြည့်နေတာပဲဖြစ်ဖြစ် ပိုပြီး အဆင်ပြေသွားမှာဖြစ်ပါတယ်။

(3) New Microsoft Store
ယခင်တုန်းက Windows ပေါ်မှာ Application တွေကို အသုံးပြုဖို့အတွက် သီးသန့် .exe File တွေကို Download ပြုလုပ်ပြီး Install ပြုလုပ်ရတာဖြစ်ပါတယ်။ Microsoft Store ရှိတယ်ဆိုပေမယ့် ရရှိနိုင်တဲ့ Application တွေနည်းပါးနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Windows 11 မှာတော့ Microsoft Store Design ကို လုံးဝပြောင်းလဲလိုက်ပြီဖြစ်သလို ယခင်ထက်လည်း Application တွေအများအပြားရရှိနိုင်ပြီဖြစ်ပါတယ်။ နောက်ပိုင်းမှာ Windows 11 ကို အသုံးပြုမယ်ဆိုရင် လိုချင်တဲ့ Application တွေကို .exe File Install ပြုလုပ်မယ့်အစား Microsoft Store မှာပဲ Download ရယူနိုင်တော့မှာပါ။

(4) Android App Support
Windows 11 ဟာ Microsoft Store အသစ်ရရှိလာတဲ့အပြင် နောက်ထပ်အားသာချက်တစ်ခုကတော့ Android App တွေကိုပါ Windows 11 ပေါ်မှာ Install ပြုလုပ်ပြီး အသုံးပြနိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုး Android App ကို အသုံးပြုနိုင်ဖို့အတွက် Microsoft ကနေ Amazon App Store နဲ့ ပူးပေါင်းခဲ့တာဖြစ်ပြီး Amazon Account ရှိဖို့ လိုအပ်မယ်လို့ သိရပါတယ်။

(5) Widget
Windows 11 ဟာ Widget တွေကိုပါ သီးသန့် Panel အနေနဲ့ ပြန်လည်ပြီး ဦးစားပေးထည့်သွင်းလာပြီဖြစ်ပါတယ်။ ပုံမှန် Clock ၊ Calendar နဲ့ To-Do List တွေအပြင် လက်ရှိနောက်ဆုံးသတင်းတွေကိုပါ လက်ရှိအချိန်မှာ ဖော်ပြပေးနိုင်ပြီဖြစ်ပါတယ်။ နောက်ပိုင်းမှာ Third-party Widget တွေကိုပါ အလွယ်တကူထည့်သွင်းနိုင်မယ်လို့လည်း ယူဆရပါတယ်။

(6) Auto HDR & Dynamic Refresh Rate For Gaming
Windows 11 ဟာ Gamer တွေအတွက်လည်း ပိုပြီးကောင်းမွန်တဲ့ OS Upgrade ဖြစ်လာမှာပါ။ ဘာကြောင့်လဲဆိုရင် ဂိမ်းဆော့နေတဲ့အချိန်မှာ HDR ကို အလိုအလျောက် Enable ပြုလုပ်ပေးနိုင်တဲ့ Auto HDR Feature ပါဝင်လာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Screen Refresh Rate ကို အသုံးပြုတဲ့ Content ပေါ်မှုတည်ပြီး အလိုအလျောက်ပြောင်းလဲပေးနိုင်တဲ့ Dynamic Refresh Rate လည်းပါဝင်မှာဖြစ်ပါတယ်။

(7) Redesigned File Explorer
Windows File Explorer ဟာ Windows 7 နောက်ပိုင်းမှာ ပြောင်းလဲမှုအနည်းဆုံး Feature တစ်ခုလို့တောင် ပြောနိုင်ပါတယ်။ ဒါပေမယ့် Windows 11 မှာတေ့ာ Microsoft ကနေ Windows File Explorer ကို လုံးဝ Design ပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့် File တွေကို ပိုပြီးအလွယ်တကူမြင်နိုင်ပြီဖြစ်သလို Manage ပြုလုပ်နိုင်တဲ့ Option တွေကိုလည်း ပိုပြီး အလွယ်တကူအသုံးပြုနိုင်မှာပါ။

(8) Faster Windows Update
Microsoft ကနေ Windows 11 မှာ Windows Update ကိုလည်း ယခင်ထက် ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ အဆင်ပြေပြေ Update ပြုလုပ်နိုင်အောင် ပြောင်းလဲပေးထားတယ်လို့ ပြောကြားခဲ့ပါတယ်။ Update ပြုလုပ်ရမယ့် File Size တွေဟာ ယခင်ထက် ၄၀ ရာခိုင်နှုန်းပိုသေးငယ်သွားမယ့်အပြင် Background မှာ Install ပြုလုပ်တဲ့အချိန်မှာလည်း ယခင်ထက် ပိုပြီး CPU ကို Workload ပိစေမှာမဟုတ်တော့ဘူးလို့ သိရပါတယ်။

(9) Redesign User Interface
Windows 11 ဟာ MacOS နဲ့ အပြင်ပိုင်း User Interface တင်ပြောင်းလဲထားတာမဟုတ်ဘဲ Setting Menu တွေအပြင် အသေးစိတ်ကိုပါ လိုက်ပြီး Design ပြောင်းလဲထားတာဖြစ်ပါတယ်။ ဥပမာ Laptop တွေအတွက် Battery Section သီးသန့်ပါဝင်လာမှာဖြစ်ပြီး အသုံးပြုမှုပုံစံနဲ့ Battery ဘယ်လောက်ထိအသုံးပြုနိုင်ဦးမလဲဆိုတာကို စမတ်ဖုန်းတစ်လုံးအသုံးပြုနေသလိုမျိုး မြင်ရမှာဖြစ်ပါတယ်။

(10) Integrated Microsoft Teams
အခုလိုမျိုး Work From Home ပြုလုပ်ရတဲ့အချိန်မှာ အလုပ် Meeting တွေအတွက် Microsoft Teams ဟာလည်း အောင်မြင်တဲ့ Software တစ်ခုဖြစ်ပါတယ်။ ယခင် Windows 10 တုန်းက Microsoft Teams ကို အသုံးပြုနိုင်ဖို့အတွက် သီးသန့် Download ပြုလုပ်ထားရပေမယ့် အခုအချိန်မှာတော့ Windows 11 မှာ Microsoft Teams ကို Integrate ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့် Microsoft Teams ကို အသုံးပြုချင်တယ်ဆိုရင် Taskbar ကနေ တိုက်ရိုက်အသုံးပြုနိုင်မှာပါ။

(11) Improved Virtual Desktop Support
Windows 11 မှာ Virtual Desktop တွေကို အသုံးပြုချင်တဲ့သူတွေအတွက်လည်း ပိုပြီးလွယ်ကူအောင် ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ Virtual Desktop တွေကို Windows 11 မှာ စိတ်ကြိုက် နာမည်ပြောင်းလဲနိုင်သလို Reorder လည်းပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Desktop တစ်ခုစီမှာ Wallpaper တစ်ခုစီလည်း ထားနိုင်တာကြောင့် လုံးဝကို သီးသန့် Workspace တစ်ခုကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

အခုပြောသွားတဲ့ Feature တွေကတော့ လက်ရှိ Windows 10 ကနေ Windows 11 ကို ပြောင်းလဲ Upgrade ပြုလုပ်သင့်တဲ့အချက် ၁၁ ချက်ပဲဖြစ်ပါတယ်။
.._to_owner

07/09/2023

license software

Engineering Software တွေသုံးဖို့ Laptop ဝယ်ရင် စဉ်းစားရတဲ့အချက်တွေကိုအနည်းငယ်ရှင်းပြပါမယ်။Laptop တစ်လုံးမှာအရေးပါတဲ့အစိတ...
30/07/2023

Engineering Software တွေသုံးဖို့ Laptop ဝယ်ရင် စဉ်းစားရတဲ့အချက်တွေကိုအနည်းငယ်ရှင်းပြပါမယ်။
Laptop တစ်လုံးမှာအရေးပါတဲ့အစိတ်အပိုင်းတွေဖြစ်တဲ့
1) CPU
2) RAM
3) Harddrive
4) Graphic card
5) Battery

1) CPU
အများစုကတော့ i3 i5 i7 ဆိုပြီးသိပြီးသားပါ။
ဒါပေမယ့် i7 ဆိုပြီးဝယ်ချလိုက်လို့မရသေးပါဘူး။
သူ့ရဲ့ generation ကိုကြည့်ရပါဦးမယ်။
တတ်နိုင်သမျှကိုယ့် budget ထဲဝင်တဲ့ အမြင့်ဆုံး generation ကိုဝယ်စေချင်ပါတယ်။
ဉပမာ
အကြမ်းဖျင်းအားဖြင့် i5 8th gen က i7 6th gen ထက်သာနေနိုင်ပါတယ်။
i5 8th gen နဲ့ i7 8th gen ယှဉ်ရွေးရင် ဈေးသက်သာတဲ့ i5 8th ကိုရွေးပြီး RAM တို့ SSD တို့ထပ်စိုက်လိုက်တာပိုကောင်းပါတယ်။
ဒါ့ကြောင့် i7 ဆိုတိုင်းမပြီးပါဘူး generation ကလည်းအရေးကြီးပါတယ်။

2) RAM
RAM ဆိုတာက ကျွန်တော်တို့အလုပ်လုပ်သမျှကို save မလုပ်ရမချင်း သိမ်းပေးထားတဲ့ နေရာပါ။
RAM နည်းနေရင် ကိုယ်သုံးတာများလာတာနဲ့အမျှ လေးလာမှာပါ။
Chrome မှာ tabs တွေအများကြီးဖွင့်မယ်
AutoCAD ဆွဲနေမယ်။
Excel တွေ PDF တွေဖွင့်ထားမယ်။
အဲ့လိုဆို စက်ကလေးလာမှာပါ။
အဲ့ဒါကြောင့် RAM နည်းနေတဲ့သူတွေက save ကို ခဏခဏလုပ်ရင် လေးတာသက်သာသွားမှာပါ။

3) Harddrive
အရင်ကတော့ HDD တွေသုံးကြတယ်။ 500GB 1TB စသဖြင့်။ သူက Memory Card အကြီးစားပါ။ ကျွန်တော်တို့ထည့်သမျှအရာတွေ HDD ထဲမှာသိမ်းထားတာပါ။
Window ‌OS အတွက်drive ကို partition ခွဲပြီး ကျန်တာ ကျွန်တော်တို့သိမ်းချင်တာသိမ်းကြတယ်။

RAM & Harddrive
ကျွန်တော် youtube က video တစ်ခုမှာရှင်းပြတာလေးတွေ့မိတယ်။ နားလည်လွယ်လို့ပြန်မျှဝေပေးချင်ပါတယ်။

Harddrive ဆိုတာ ရေခဲသေတ္တာ နဲ့တူပြီး RAM ဆိုတာက စဉ့်တီတုံးနဲ့တူပါတယ်။
ကျွန်တော်တို့က ရှိသမျှအရာတွေကို ရေခဲသေတ္တာထဲသိမ်းထားကြမယ်။
ချက်ပြုတ်ခါနီးမှ ရေခဲသေတ္တာထဲကထုတ်ပြီး စဉ့်တီတုံးပေါ်တင် ခုတ်ထစ်တာမျိုးလုပ်ကြမယ်။
အဲ့ဒီမှာ ရေခဲသေတ္တာကတော့အတော်ကြီးပြီး တော်တော်ကာပေမယ့် စဉ့်တီတုံးကသေးရင် အလုပ်မတွင်ပါဘူး။
စဉ့်တီတုံးမှာကာသလောက်လေးကိုပဲရေခဲသေတ္တာထဲကထုတ်ပြီးအလုပ်လုပ်လို့ရမှာပါ။
စဉ့်တီတုံးကတော်တော်ကြီးပေမယ့် ရေခဲသေတ္တာကသေးနေပြန်တော့လည်းအလုပ်မဖြစ်ပြန်ပါဘူး။
ရေခဲသေတ္တာလေးထဲရှိသလောက်ကိုပဲထုတ်ပြီးအလုပ်လို့ရမှာပါ။

အဲ့သဘောပါပဲ။
Harddrive ကကြီးနေပေမယ့် RAM ကနည်းတော့အလုပ်သိပ်မတွင်သလို RAM ကများပြီး Harddrive ကနည်းပြန်ရင်လည်းထို့နည်းတူပါပဲ။

ခုနောက်ပိုင်းက SSD တွေခေတ်စားလာပါတယ်။ အားသာချက်က HDD ထက်အဆတော်တော်များများကို မြန်တာပါ။
File တွေ copy ကူးတာ software run တာမျိုးတွေမှာအရမ်းမြန်ပါတယ်။

ဆိုတော့ SSD တွေစိုက်ဖို့လာအကြံတောင်းကြပါတယ်။
SSD တော့တိုးလိုက်ပြီး RAM နည်းနေရင် SSD ရဲ့ performance အပြည့်ကိုရမှာမဟုတ်ပါဘူး။
အပေါ်က ဉပမာလိုပဲ ရေခဲသေတ္တာကြီးနေတာပါ စဉ့်တီတုံးကသေးနေလို့အလုပ်မဖြစ်တာပါ။
နောက်တစ်ခုသိရမှာက SSD စိုက်လိုက်တိုင်း အကုန်မြန်ကုန်တာမျိုးမဟုတ်ပါဘူး။
Software တွေကို SSD ပေါ်တင်ပြီး run မှသာ ခံစားရမှာပါ။
Window OS လည်း အဲ့လိုပါပဲ SSD ပေါ်မှာ window တင်ထားမှသာ window တက်တာမြန်မှာပါ။
အဲ့တော့ SSD တော့စိုက်တယ် 128GB ပဲဆိုရင်
သူ့မှာကာသလောက်ပဲ software တင်လို့ရမှာမို့ တခြား software တွေကိုကျတော့ HDD ပေါ်မှာပဲထပ်တင်ကြတော့မှာပါ။
အဲ့ဒါဆို SSD ပေါ်က software ကသာမြန်မှာပါ။
Engineering software တွေကနေရာတော်တော်ယူပါတယ်။ အဲ့ဒါကြောင့် SSD စိုက်ရင်လည်း 256GB လောက်ကိုအနည်းဆုံးထားစိုက်စေချင်ပါတယ်။
Software တွေတင်တာများပြီး SSD ဘက်မှာပြည့်သွားလို့ AutoCAD တို့ Revit တို့ကို HDD ဘက်မှာတင်သုံးတာမျိုးတော့မလုပ်ကြနဲ့နော်။
အဲ့လိုလုပ်ရင်တော့ SSD ရဲ့ performance ကိုခံစားရမှာမဟုတ်ပါဘူး။
အဲ့ဒါကြောင့် SSD ရော ‌RAM ရော storage များနိုင်သလောက်များဖို့လိုပါတယ်။

4) Graphic Card
သူကတော့ ရုပ်ထွက်ပိုင်းကိုတာဝန်ယူတာပါ။ Render မချခင် preview stage မှာတည်းက တိကျတဲ့ reflection တွေနဲ့သေချာမြင်ရအောင်ကသူကတာဝန်ယူပေးပါတယ်။
ခုနောက်ပိုင်း software တွေက အရမ်းကောင်းလာတာနဲ့အမျှ requirement တွေလည်း မြင့်လာပါတယ်။ တစ်ချို့ software တွေထဲမှာဆို graphic card က RTX series မှာမဟုတ်ရင် ဘယ် function ကအလုပ်မလုပ်ဘူးဆိုတာမျိုးတွေရှိလာပါတယ်။
နောက်တစ်ခါ visual style မှာ shaded တို့ realistic တို့ပြောင်းတဲ့အခါ graphic card မကောင်းရင် လေးသွားမှာပါ။
ပြီးတော့ ခုပြောနေတဲ့ graphic card ဆိုတာ intergrated လို့ခေါ်တဲ့ built in card ကိုပြောတာမဟုတ်ပါဘူး။
ဒါအရေးကြီးပါတယ်။ တစ်ချို့က ဒီ laptop မှာ graphic card ပါလားဆို ပါတယ်လုပ်တာ။ တကယ်က integrated ပဲရှိတာ။
အဲ့ဒါက ပုံမှန် software တွေလောက်သာ support ပေးနိုင်တာပါ။
Engineering software တွေသုံးမယ်ဆို သူနဲ့ လုံးဝမလုံလောက်တာပါ။
Graphic card ကိုလည်း 8GB လောက်အနည်းဆုံးမှသုံးရတာအဆင်ပြေမှာပါ။
Gaming laptop တွေမှာက Graphic card ကောင်းတာတွေသုံးပေးထားတာမို့ gaming laptop တွေအသုံးများကြတာပါ။
Gaming laptop တွေကိုသုံးမယ်ဆိုရင်တော့ များသောအားဖြင့် battery မခံတာများပါတယ်။
သုံးထားတဲ့ hardware တွေကို support ရလွန်းလို့ပါ။
Battery ခံတဲ့ gaming laptop တွေလည်းရှိပါတယ် ဒါပေမယ့် ဈေးလည်းကြီးသွားနိုင်ပါတယ်။

5) Battery
သူကတော့ ကျွန်တော်တို့အများကြီးရွေးချယ်လို့မရပါဘူး။ အပေါ်မှာပြောခဲ့သလိုပဲ hardware အကောင်းတွေသုံးထားရင် အကုန်မြန်မှာပါပဲ။
Battery ခံတာရှာဝယ်နိုင်ရင်လည်း တစ်မျိုးပေါ့။

အကျဉ်းချုပ်ရရင်တော့
CPU မှာ generatin ကိုလည်းသတိထားပါ။
RAM နဲ့ SSD ကိုလည်း မျှမျှတတရှိအောင်စဉ်းစားပြီးဝယ်ပါ။
Graphic card ကိုလည်း storage များတာလေးဝယ်ဖို့စဉ်းစားပါ။
Battery ကတော့ စိတ်ကိုကြိုပြင်ဆင်ထားနိုင်ဖို့ပါ။ 😂😂

အပေါ်ကအချက်တွေနဲ့စဉ်းစားပြီး အကောင်းဆုံးတွေဝယ်လိုက်ပြီ။
ကောင်းပါတယ်။
ဒါပေမယ့် ခုလတ်တလောက excel လောက်ပဲသုံးမှာ AutoCAD 2D လောက်ပဲဆွဲမှာမျိုးဆိုရင်တော့ အားမပေးချင်ပါဘူး။
ကိုယ်ကနောက်သုံးနှစ်လေးနှစ်လောက်မှ rendering တွေလုပ်မယ် animation တွေလုပ်မှာကိုခုတည်းကဝယ်ထားမိရင် laptop performance ကျချိန်မှသုံးရမယ်ဆိုရင် မတန်တော့ပါဘူး။
အဲ့ဒါကြောင့်ခုကနေ နောက် သုံးနှစ်လောက်ကိုကြိုစဉ်းစားပြီး အဲ့အတောအတွင်းကိုသုံးမှာတွေနဲ့အဆင်ပြေမယ့်ဟာကိုရွေးဝယ်ရင်ရပါပြီ။
Just my opinion.

AutoCAD နဲ့ Revit ကိုလေ့လာချင်တဲ့သူတွေအနေနဲ့ ကျွန်တော့်ရဲ့Phoenix95 youtube channel လေးမှာသွားရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။

အားလုံးပဲ ကိုယ်နဲ့အသုံးတည့်မယ့် laptop သေချာရွေးဝယ်နိုင်ကြပါစေခင်ဗျာ။

crd

“ 🙋🏻ကျောင်းသုံး / ရုံးသုံး / online class / zoom meeting /  Office / photoshop တွေလည်းသုံးချင်တယ် စျေးလည်းအများကြီးမသုံး...
29/07/2023

“ 🙋🏻ကျောင်းသုံး / ရုံးသုံး / online class / zoom meeting /
Office / photoshop တွေလည်းသုံးချင်တယ်
စျေးလည်းအများကြီးမသုံးချင်ဘူးဆိုတဲ့
သူတွေအတွက် Dell လေးတလုံးနဲ့
မိတ်ဆက်ပေးပါမယ်ဗျ🤗👨🏻‍💻❤️ “

Brand >>> Dell lattitude E5520
CPU >>> i5 2gen
Ram >>> 4GB
SSD >>> SSD 128GB
Display >>> 15.6”
graphic >>> intel HD graphics 3000
With WiFi / We**am
All fine / No error

❤️ Price >>> 350000 Ks❤️

__________________________________

#လက်ဆောင်(5)မျိုး❤️

Laptop အိတ်
Mouse
Mousepad
Myanmar font sticker
အားသွင်းကြိုး



❤️Hardware ( 6 )month❤️
&
❤️Software (1)year time❤️

#ဖုန်း☎️☎️☎️ - 09 444 00 7283

#ဆိုင်လိပ်စာ🏡
👇
✅ ဧရာဝတီဘဏ်မျက်နှာချင်းဆိုင်
ပန်းဘဲတန်းရပ်,စျေးလမ်း,စစ်ကိုင်းမြို့✅
___________________________________
computer

Address

စစ်ကိုင်းမြို့ ပန်းဘဲတန်းရပ် ဧရာဝတီဘဏ်မျက်နှာချင်းဆိုင်
Sagaing

Telephone

09444007283

Website

Alerts

Be the first to know and let us send you an email when Friend Computer Sale, Service, Accessories, Software & Game posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share