AKZ Electronics

AKZ Electronics Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AKZ Electronics, Electronics, Sadaung.

06/05/2023
မြန်မာသက္ကရာဇ် (၁၃၈၅) ခုနှစ် ၊ {ကဆုန်လပြည့် - ဗုဒ္ဓနေ့}🙏🙏🙏🙏🙏🙏🙏🙏🙏🙏ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ နေ့ထူး ၊ နေ့မြတ်ဖြစ်တဲ့ ကဆုန်လပြည...
03/05/2023

မြန်မာသက္ကရာဇ် (၁၃၈၅) ခုနှစ် ၊ {ကဆုန်လပြည့် - ဗုဒ္ဓနေ့}
🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ နေ့ထူး ၊ နေ့မြတ်ဖြစ်တဲ့ ကဆုန်လပြည့်နေ့မှာ (၇)ရက် သားသမီးအပေါင်း စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာနဲ့ ကုသိုလ်ကောင်းမှုများပြုနိုင်ကြပါစေ
အန္တရာယ်ခပ်သိမ်းကင်းငြိမ်းလို့ ကျန်းမာ ချမ်းသာကြပါစေကြောင်း AKZ Electronics မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင့်။

မီးပျက်သွားလည်း အဆက်မပြတ်အေးနေဖို့🍃🍃🍃အားသွင်းဖို့အတွက်ဆိုလာပြားသီးသန့်ပါတဲ့ အပြင်ကိုမှPower bankနဲ့ပါ တွဲပြီးသုံးလို့ရတေ...
01/05/2023

မီးပျက်သွားလည်း အဆက်မပြတ်အေးနေဖို့🍃🍃🍃

အားသွင်းဖို့အတွက်ဆိုလာပြားသီးသန့်ပါတဲ့ အပြင်ကိုမှ
Power bankနဲ့ပါ တွဲပြီးသုံးလို့ရတော့ အဆင်ပြေနေရောပဲ

" အောင်ကျော်ဇော "လျှပ်စစ်ပစ္စည်းရောင်၀ယ်ရေး
ဆားတောင်မြို့။
09940937013

🏝🏖🏝Happy Summer Promotion🏝🏖🏝ဒီနွေမှာ လေအေးပေးစက်(Air conditioner)တပ်ဖို့စဥ်းစားထားသူတိုင်း လုံး၀ လက်လွတ်မခံသင့်တဲ့အခွင့်...
15/03/2023

🏝🏖🏝Happy Summer Promotion🏝🏖🏝

ဒီနွေမှာ လေအေးပေးစက်(Air conditioner)
တပ်ဖို့စဥ်းစားထားသူတိုင်း လုံး၀ လက်လွတ်မခံသင့်တဲ့အခွင့်အရေးနော်🫣

၂၀၂၃မတ်လ (၁၅) မှ မတ်လ(၃၀) ရက်နေ့အထိ
အောင်ကျော်ဇော လျှပ်စစ်ပစ္စည်းဆိုင်မှ
ပထမဆုံး Summer Sale ပြုလုပ်ပေးသွားမှာပါ

🏝Promotionမှာ ပါ၀င်မယ့်ပစ္စည်းလေးတွေကတော့...

TCL Airconditioner(1Hp, 1.5 Hp )
Midea PortableAirconditioner(1Hp),Symphony Aircooler,Nakami Aircooler,TCL Smart TV, 81 Smart TV အစရှိတဲ့ အီလက်ထရောနစ်ပစ္စည်းများကို
( Up to 10%)အထိ လျှော့စျေးတွေနဲ့ ရောင်းပေးမှာဖြစ်လို့ လာရောက်အားပေးဖို့ဖိတ်ခေါ်ပါတယ်နော်☺️☺️

🏢ဆိုင်လိပ်စာလေးက
" အောင်ကျော်ဇော "လျှပ်စစ်ပစ္စည်းရောင်း၀ယ်ရေး
ဆားတောင်မြို့၊ စျေးမြောက်ဘက်။
☎️09940937013, 09787459574.

🎁🎁Giveaway plan🎁🎁

16" MD T-8 Stand Fan တစ်ခု ရယူရန်

1️⃣.Page ကို Like လုပ်ထားပြီးတော့

2️⃣.အခု promotion post ရဲ့ comment မှာ
ကိုယ့်ရဲ့ သူငယ်ချင်း(၃)ယောက်ကို mention ခေါ်ပေးရမယ်နော်

🔰Page Like👍 1k ပြည့်တာနဲ့ comment မန့်ထားတဲ့
သူတွေထဲတစ်ယောက်ကို
comment picker နဲ့
ကံထူးရှင်ရွေးချယ်​ပေးသွားမှာ ဖြစ်ပါတယ်ရှင့်

ကဲ အခုပဲသူငယ်ချင်းတွေကိုmention ခေါ်ပြီး
Like ပေးလိုက်တော့နော်👍👍

Air Con oယ်မယ်ဆို သိထားသင့်တဲ့ အချက်များ1. Cooling CapacityAir Con တစ်လုံးရဲ့ အေးနိုင်စွမ်း(Cooling Capacity) ကို Btu pe...
04/03/2023

Air Con oယ်မယ်ဆို သိထားသင့်တဲ့ အချက်များ

1. Cooling Capacity
Air Con တစ်လုံးရဲ့ အေးနိုင်စွမ်း(Cooling Capacity) ကို Btu per hour(Btu/hr) ဒါမှမဟုတ် kilo Watt(kW) နဲ့ တိုင်းတာပါတယ်။ 1Btu ဆိုတာ 1pound ရှိတဲ့ ရေကို Temperature 1'Fahrenheit(F) တိုးစေဖို့အတွက် လိုအပ်တဲ့ အပူပမာဏပါ။
Btu/hr များလာတဲ့အလျောက် Air Con ရဲ့စျေးနှုန်းကလဲလိုက်ပြီး များလာမှာပါ။
Horsepower(hp) က အအေးနှုန်းကို တိုင်းတဲ့ unit မဟုတ်ပါဘူး။
hp က Air Con compressor ကို မောင်းတဲ့ electric motor ရဲ့ Rotational Power ကိုသာ ညွှန်းဆိုတာပါ။
1hp ရှိတဲ့ Air Con မှာ နည်းပညာပိုမြင့်မားလာလေ Cooling Capacity ပိုများလာလေပါ။

မိမိအခန်းအတွက် လိုအပ်တဲ့ Btu/hr ကို "အကြမ်းဖျင်း" တွက်ကြည့်နိုင်ပါတယ်။ တွက်နည်းများစွာ ရှိတဲ့ထဲကမှ လွယ်ကူမယ့် "အကြမ်းဖျင်း" တွက်နည်းတစ်ခုပါ။
မိမိ သုံးမယ့်အခန်းရဲ့ အလျား x အနံ square feet ကို 35 နဲ့ မြှောက်ပါ။ ရလာတဲ့အဖြေက မိမိ အခန်းအတွက် လိုအပ်တဲ့ Btu/hr ပါပဲ။
ဥပမာ 12 ပေx 15 ပေ အခန်းဆိုရင် square feet က 180 ပါ။ 180 x 35 = 6300 Btu ခန့် လိုအပ်ပါတယ်။
အရိပ်ကျတဲ့အခန်းမှာဆို ရလာတဲ့ Btu/hr ကို 10% နှုတ်ပါ။
နေရောင်တိုက်ရိုက်ကျတဲ့ အခန်းမှာဆို ရလာတဲ့ Btu/hr ကို 10% ထပ်ပေါင်းပေးပါ။
မီးဖိုချောင်မှာ သုံးမယ်ဆိုရင် ရလာတဲ့ Btu/hr ကို 4000 ထပ်ပေါင်းပေးပါ။
အခန်းထဲမှာ လူ ၁ ယောက်ထပ် ပိုနေမယ်ဆိုရင် အခန်းဧရိယာအတွက် တွက်ထားတဲ့ Btu/hr အပြင် လူတစ်ဦးအတွက်ကို 600 Btu/hr စီ ထပ်ပေါင်းပေးပါ။

2. Energy Efficiency Ratio (EER)
EER ဆိုတာ Cooling Capacity(Btu/hr) ကို သုံးစွဲတဲ့ မီးအား Power Consumption(Watt) နဲ့ စားထားတဲ့ အချိုးပါ။
EER များတဲ့ Air Con တွေက ရေရှည်မှာ မီတာခ ကုန်ကျစရိတ် သက်သာပါတယ်။
EER များလာရင် Air Con စျေးလဲ လိုက်များလာပါတယ်။
Air Con အများစုကတော့ EER 8.9 ကနေ 10.7 ကြားမှာ ရှိကြပါတယ်။
Inverter type တွေမှာဆို EER 12 ကနေ15 ဝန်းကျင် ရှိကြပါတယ်။
24 နာရီ 7 ရက်လုံး ဆက်တိုက် အချိန်ကြာကြာ သုံးရမယ့်နေရာမျိုးမှာဆို EER မြင့်တဲ့ Air Con ကို ရွေးချယ်၀ယ်ယူသင့်ပါတယ်။

3. Air Flow Rate
Indoor unit က ထွက်တဲ့ လေထွက်နှုန်း ကို cubic meter per hour (m³/h) နဲ့ တိုင်းတာပါတယ်။ လေထွက်နှုန်းများလေ အအေးမြန်လေပါ။

4. Noise
ဆူညံမှုဆိုတဲ့နေရာမှာ indoor unit နဲ့ outdoor unit ရဲ့ဆူညံမှုဆိုပြီး ၂ မျိုး ရှိပါတယ်။
Indoor unit ရဲ့ ပန်ကာက တော်တော်ဆူညံနေတယ်ဆိုရင် သင်ညအိပ်ရင် အနှောင့်အယှက် ဖြစ်နေမှာပါ။
Outdoor unit ကလည်း ပြတင်းပေါက်နဲ့ နီးပြီး အသံကျယ်နေမယ်ဆိုရင် အတွင်းကပင် ဆူညံသံကို ကြားနေရနိုင်ပါတယ်။
ဆူညံမှုကို decibel(dB) နဲ့ တိုင်းတာပါတယ်။ dB များလေ အသံပိုကျယ်လေပါ။

5. Inverter Type ၀ယ်မှာလား Non-Inverter Type ၀ယ်မှာလား

-Non-Inverter Type Air Con (Fixed Compressor Speed)
Non-Inverter type Air Con ရဲ့compressor က သူ့ရဲ့ maximum speed တစ်မျိုးတည်းနဲ့ အလုပ်လုပ်တာပါ။ အလုံပိတ်အခန်းမှာ ကိုယ်လိုချင်တဲ့ အပူချိန်ကို ရောက်ပြီဆိုရင် compressor ခဏ ရပ်သွားပါတယ်။ အပူချိန် အနည်းငယ်ပြန်တက်လာပြီဆိုရင် compressor က သူ့ရဲ့အများဆုံး speed တစ်မျိုးတည်း နဲ့ပဲ ပြန်အလုပ်လုပ်ခြင်းဖြင့် အခန်းအပူချိန်ကို ထိန်းပေးပါတယ်။ Non-Inverter မှာ compressor ရပ်လိုက် ဖွင့်လိုက် လုပ်တဲ့အတွက် အပူချိန် အတက်အကျ ပိုသိသာပါတယ်။

-Inverter Type Air Con (Variable Compressor Speed)
Inverter Type Air Con ရဲ့ compressor က speed အမျိုးအမျိုးနဲ့ အလုပ်လုပ်နိုင်ပါတယ်။ သူက compressor ကို ရပ်မပစ်ပါဘူး။ Speed အတိုးအလျှော့လုပ်ခြင်းဖြင့် အခန်း အပူချိန်ကို ထိန်းပေးတာပါ။Inverter Type Air Con က Non-Inverter Type Air Con ထက် လျှပ်စစ်မီတာခ 30% ကနေ 50% ထိ (Brand နဲ့ Model ပေါ် မူတည်ပြီး) သက်သာစေပါတယ်။ Inverter Type Air Con က စဖွင့်ဖွင့်ခြင်း ကိုယ်လိုချင်တဲ့ အပူချိန်ကို ပိုမြန်မြန် ရရှိစေပါတယ်။Inverter Type Air Con က အခန်းတွင်းအပူချိန် အတက်အကျ နည်းစေပါတယ်။
ဥပမာ Non-Inverter Type Air Con သုံးလို့ Air Con သီးသန့်အတွက် တစ်လစာ မီတာခ 10,000 ကျပ် ကျသင့်မယ်ဆိုရင် Inverter Type Air Con သုံးမယ်ဆို 5000 နဲ့ 7000 ကျပ် ကြားပဲ ကျသင့်မှာပါ။

6. Refrigerant Type
Air Con outdoor unit ထဲမှာနဲ့ ကြေးပိုက်စနစ်ထဲမှာ သုံးတဲ့ Gas ပါ။ အမျိုးအစားကွဲအများကြီး ရှိပါတယ်။ စျေးကွက်ထဲမှာ အသုံးများတာကတော့ R22 hydro-chlorofluorocarbon (HCFC) နဲ့ R410A hydro-fluorocarbon (HFC) ပါ။
R410A က အလုပ်လုပ်ဖို့အတွက် R22 သုံးတာထက် ပိုများတဲ့ pressure လိုအပ်ပါတယ်။ ဒါကြောင့် R410A သုံးတဲ့ Air Con မှာ ကြေးပိုက် ပိုထူတာ သုံးဖို့ လိုအပ်ပါတယ်။ R410A သုံးရင် တပ်ဆင်တဲ့ ကုန်ကျစရိတ်က R22 သုံးတာထက် ပိုများပါတယ်။ R22 ကတော့ Ozone လွှာကို ပျက်စီးစေတဲ့ Gas အမျိုးအစားဖြစ်ပြီး R410A ကတော့ Ozone လွှာကို မပျက်စီးစေပါဘူး။

7. Copper Pipe Quality
Air Con မှာ Outdoor unit ထဲမှာရော Indoor unit ထဲမှာရော ၂ခုကို ဆက်ပေးထားတဲ့ ပိုက်မှာရော ကြေးနီကို အသုံးပြုရပါတယ်။ တကယ်လို့ သုံးထားတဲ့ ကြေးနီက မစစ်ရင်တော့ Compressor ဘယ်လောက်ကောင်းကောင်း full quality အအေးကို မရရှိနိုင်ပါဘူး။ တစ်ချို့Air Con တွေမှာ ကြေးနီ အစား အလူမီနီယမ် သို့မဟုတ် အလူမီနီယမ် ကြေး နှစ်မျိုး ရောစပ်ပြီး သုံးထားပါတယ်။ ကုန်ကြမ်း၀ယ်စရိတ်မှာ ကြေးက ၂ဆ ပိုကုန်ကျပါတယ်။ နောက်ပြီး ကြေးက အလူမီနီယမ်ထက် ပွတ်တိုက်စားနှုန်း ပိုခံနိုင်ပါတယ်။ အပူချိန် ပြောင်းလဲပေးတဲ့ အမြန်နှုန်းမှာလဲ ကြေးက ၂ဆ ပိုမြန်စွာ ပြောင်းလဲ ပေးနိုင်ပါတယ်။ Air Con ဘယ်လောက်ကောင်းတာပဲ ၀ယ်၀ယ် ကြေးပိုက် စနစ်မှာ ချို့ယွင်းနေရင်တော့ အလကားဖြစ်သွားမှာပါ။

Post credit to Toshiba Airconditioner Myanmar.

Capacitor အမျိုးအစားနှင့် အသုံးပြုသောနယ်ပယ်များ၁။ Capacitor တွေဟာFrequency နဲ့ပတ်သက်တဲ့နယ်ပယ်တွေမှာ မဖြစ်မနေအသုံးပြုရပါတ...
23/02/2023

Capacitor အမျိုးအစားနှင့် အသုံးပြုသောနယ်ပယ်များ

၁။ Capacitor တွေဟာFrequency နဲ့ပတ်သက်တဲ့နယ်ပယ်တွေမှာ မဖြစ်မနေအသုံးပြုရပါတယ်။ Frequency တန်ဖိုးမြင့်မြင့်သုံးလေ Capacitance တန်ဖိုးနည်းလေဖြစ်ပါတယ်။ UPS၊ Inverter ကဲ့သို့သော Power နဲ့ပတ်သက်တဲ့ Application မှာသုံးတဲ့ Capacitor တန်ဖိုးနဲ့ TV တွေရဲ့ Antenna ပိုင်းမှာ အသုံးပြုတဲ့ Capacitor တန်ဖိုးများသည်
အများအားဖြင့်မတူပါ။Frequency မတူသောကြောင့်ဖြစ်ပါသည်။

၂။Smart Phoneတွေမှာအသုံးများတဲ့ Capacitor တန်ဖိုးတွေဟာ nF ၊ pF တန်ဖိုးရှိတဲ့ SMD Capacitor အမျိုးအစားတွေဖြစ်ကြပါတယ်။ Power ပိုင်းနဲ့ပတ်သက်တဲ့ပစ္စည်းတွေမှာတော့ uF တန်ဖိုး Capacitorတွေကို အသုံးများကြပါတယ်။

၃။ Power Supply အတွက်ဆိုရင် Electrolyte Capacitor တွေကို Smoothing လုပ်ဆောင်ချက်အတွက် အသုံးပြုလေ့ရှိပါတယ်။

၄။ Audio Frequency နှင့်ပတ်သက်ရင် Coupling လုပ်ဆောင်ချက်အနေနဲ့ Tantalum၊ Electrolyte Polyester စတဲ့ Capacitor တွေကို အသုံးပြုလေ့ရှိပါတယ်။

၅။ RF (Radio Frequency) ပိုင်းမှာ Coupling လုပ်ဆောင်ချက်အတွက်ဆိုရင် Ceramic ၊
Poly- styrene စတဲ့ Capacitor တွေကိုအသုံးပြုလေ့ရှိကြပါတယ်။ မြန်မာ့အသံ၊ City FM စတာတွေနားထောင်တဲ့ ရေဒီယိုလေးတွေကို ဖွင့်ကြည့်ပြီး
လေ့လာနိုင်ပါတယ်။

၆။ Smart Phone တွေမှာလည်း Capacitor တွေကိုအသုံးပြုကြပါတယ်။ သို့သော် Smart Phone တွေမှာ အသုံးပြုကြတဲ့ Capacitor တွေကတော့ SMD (Surface Mounted Device) အမျိုးအစားတွေ
ဖြစ်ပါတယ်။

၇။ uF တန်းဖိုးရှိတဲ့ Capacitor တစ်လုံးနဲ့ pF တန်ဖိုးရှိတဲ့ Capacitor တစ်လုံးရဲ့ Charge and Discharge ပြုလုပ်နိုင်မှုဆိုတဲ့ အခြေအနေမှာ uF တန်ဖိုးရှိတဲ့ Capacitor ရဲ့ Charge and Discharge တန်ဖိုးဟာပိုများပါတယ်။ ဒါကြောင့် Electrolyte Capacitor တစ်လုံးရဲ့ Charge and Discharge တန်ဖိုးဟာ Disc Capacitor တစ်လုံးရဲ့ Charge and Discharge တန်ဖိုးထက်ပိုများပါတယ်။

၈။ Electrolyte Capacitor တွေဟာ uF Level တန်ဖိုးတွေရှိကြပါတယ်။ Disc Capacitor တန်ဖိုးတွေဟာ 1pF to 1000pF တန်ဖိုးတွေရှိကြပါတယ်။ Disc တွေဟာ အ၀ိုင်းပုံစံရှိပြီးတော့ Non-Polarity အမျိုးအစားဖြစ်ပါတယ်။

၉။ နောက်ထပ် Film Capacitor တွေဟာ uF တန်ဖိုးအနည်းငယ်ကနေ uF တန်ဖိုးထောင်ဂဏန်း အထိရှိပါတယ်။ Film Capacitor တွေဟာ လေးထောင်ပုံစံဖြစ်ပါတယ်။

၁၀။Electrolyte Capacitor တွေဟာများသောအားဖြင့် ထုလုံးရှည်ပုံစံတွေအဖြစ် အတွေ့များပါတယ်။ အရောင်အနေနဲ့လည်း အမျိုးမျိုးရှိနိုင်ပါတယ်။

BASIC ELECTRONIC ENGINEERING [ DEVICES ]
ကိုမျိုး(အီလက်ထရောနစ်)

23/02/2023
14/02/2023
သုံးဖူးသူတိုင်း အကြိုက်တွေ့လို့ နှစ်ခါပြန်မေးကြတဲ့ CHO CHO တံဆိပ်နဲ့ပေါင်းအိုးလေးပြန်ရောက်လာပီနော်သူ့ရဲ့ ထူးခြားချက်က အတ...
08/02/2023

သုံးဖူးသူတိုင်း အကြိုက်တွေ့လို့
နှစ်ခါပြန်မေးကြတဲ့ CHO CHO တံဆိပ်နဲ့ပေါင်းအိုးလေး
ပြန်ရောက်လာပီနော်
သူ့ရဲ့ ထူးခြားချက်က အတွင်းအိုးဆံနှစ်လုံးပါပါတယ်ရှင့်

အိုးဆံနှစ်လုံးပါတော့လေ
ထမင်းနှစ်အိုးပဲချက်ချက်🍚🍚
ဆန်ပြုတ်၊စွတ်ပြုတ်လေး ချက်ချက်🥘🥘
တစ်အိုးအပိုပါတော့ လွယ်ကူအဆင်ပြေနေရောပဲ

Ricecooker.
"အောင်ကျော်ဇော" လျှပ်စစ်
ဆားတောင်မြို့။
09940937013,09787459574.

Earthing အကြောင်း စကားစမြည် ( ၂ )_____________________ မြေဓာတ်ချရတဲ့ အကြောင်းအရင်းကို ဘယ်လို နားလည်သလဲ   လို့ မေးခွန်းတခ...
07/02/2023

Earthing အကြောင်း စကားစမြည် ( ၂ )
_____________________

မြေဓာတ်ချရတဲ့ အကြောင်းအရင်းကို ဘယ်လို နားလည်သလဲ
လို့ မေးခွန်းတခု ရှိခဲ့မယ် ဆိုပါစို့။
ကိုယ်နားလည်သလို ပြောရမယ် ဆိုရင်
- မိုးကြိုးဒဏ် (LPS) ကာကွယ်ဖို့ အတွက် လည်းကောင်း
- လျှပ်စစ် ဓာတ်အားကို သုံးစွဲတဲ့နေရာမှာ လူ (သက်ရှိ) နဲ့
လျှပ်စစ် ပစ္စည်း (သက်မဲ့) တွေ အန္တရာယ် မကြုံရအောင်၊
ပျက်စီးမှုမရှိ အောင် လို့ အန္တရာယ်ပေးနိုင်မယ့် အခြေအနေ
ကို ကာကွယ်ထားတယ်လို့ ပြောရင် ယေဘုယျ ဆန်ပေမယ့်
ဒါဟာ အခြေခံ အကြောင်းတရား ပါပဲ။
[ လူပြိန်းစကား ဆိုပါတော့၊ ဒါပေမယ့် နားလည်လွယ်မယ်
ထင်ပါရဲ့ ]

မြေဓာတ် ချခြင်း Earthing စနစ်တွေကို ခြုံငုံလေ့လာ
ကြည့်ရင် ထုံးစံအတိုင်း အဓိက ရည်ရွယ်ချက်တွေကတော့
အတူတူပဲ ဖြစ်နေပြီး ဒီဇိုင်း နဲ့ စံနှုန်းသတ်မှတ်ချက်၊ စည်းမျဉ်း စည်းကမ်း တွေကတော့ သက်ဆိုင်ရာ နယ်ပယ်နဲ့ လုပ်နည်း လုပ်ဟန်တွေအရ အနည်းငယ် ကွဲလွဲတာမျိုးလည်း ရှိကောင်း
ရှိနေနိုင်ပါတယ်။ IEEE နဲ့ IEC စံနှုန်းတွေကတော့ လုပ်ငန်း လုပ်ဆောင်ကြတဲ့ အခါမှာ လိုက်နာဆောင်ရွက်ကြရတဲ့ နိုင်ငံ တကာ စံနှုန်း ဖြစ်တယ်။ အခြေခံ သဘောတရား ကိုပဲ လေ့လာတဲ့သူ တွေ အတွက်ကတော့ Code of practice တွေ၊၊Standard တွေ ဘာတွေကို သိပ်စိတ်ဝင်စားကြဦးမယ် မထင်ဘူး။ လုပ်နည်း လုပ်ဟန် နဲ့ အသုံးချ တွက်ချက်မှုတွေ ကို လေ့လာရင်း တဖြည်းဖြည်း ပိုမိုသဘောပေါက် နားလည်လာနိုင် ကြမယ် ထင်ပါတယ်။

ဥပမာ ပြောရရင် စံနှုန်း တခု မှာ Safety factor ယူထားတာမျိုး ပါဝင်လာတယ် ဆိုပါစို့။ မပါမဖြစ်၊ မသိမဖြစ် ထည့်သွင်းစဉ်းစားရတဲ့ Fundamental အချက်အလက်တွေ နဲ့ သီအိုရီ အရ ချဉ်းကပ်မှု ဟာ အတူတူပဲ စဉ်းစား လုပ်ဆောင်
တွက်ချက်ကြပြီး Factor ထည့်သွင်းမှု မတူတာမျိုးသာ ဖြစ်တတ်တာမျိုး ရှိတယ် မဟုတ်လား ။ အဲဒီ Factor အရ လုပ်ဆောင်တဲ့ လုပ်ငန်းရဲ့ လုံခြုံစိတ်ချရမှု အနေအထားတွေ၊
စွမ်းဆောင် ပေးနိုင်တဲ့ အရည်အသွေး တွေ ကွာခြားသလို၊ တဘက်မှာလည်း Factor ကြောင့် ဖြစ်လာတဲ့ ကုန်ကျစရိတ် ကွာခြားမှုတွေ၊ အပိုဆာဒါး ပါဝင်လာမယ့် လုပ်ငန်း ဝေယျာဝစ္စ တွေ စသဖြင့် ကွာခြားသွားနိုင်တာပါပဲ။

အဓိက ပြောချင်တာ ကတော့ အခြေခံ မသိမဖြစ်
အကြောင်းအရာ နဲ့ သီအိုရီ တွေကို ပစ်ပယ်မထားပဲ၊
(မေ့လျော့မထားပဲ) စုံလင်အောင် အမြဲချဉ်းကပ်
လေ့လာနေဖို့က ပထမဦးဆုံး အရေးကြီးတာ ဖြစ်ပြီး
လုပ်ငန်းလုပ်ဆောင်တဲ့ အခါမှာတော့ STANDARD စံနှုန်း ဆိုတာ ရှိကို ရှိနေရမှာ ဖြစ်ပါတယ်။ အခြေခံကို နားလည် ထားပြီးပြီ ဆိုရင် စံနှုန်းတွေ ဘယ်လို သတ်မှတ်ထားသလဲ ဆိုတာနဲ့ သင့်တော်တဲ့ ရှိပြီးသားစံနှုန်းတခုကို Adopt လုပ်တဲ့ အခါ မှာလည်း ရွေးချယ်တတ်လာမှာ ဖြစ်ပါတယ်။
[ ဒါဟာ Earthing ကိစ္စ တခုတည်းမှာ ပြောလိုတာ မဟုတ်ပဲ နည်းပညာ နဲ့ ပတ်သက်တဲ့ နယ်ပယ်တိုင်းမှာ ဒီသဘောတရား အတိုင်းပဲလို့ ယူဆထားပါတယ်။ ]

အင်ဂျင်နီယာ နယ်ပယ်၊ နည်းပညာနယ်ပယ် တွေမှာ ယနေ့ခေတ် အနေအထားအရ တိုးတက်ပြောင်းလဲမှု တွေက မြန်ဆန် နေသလို နောက်ကျနေတဲ့ ကျနော်တို့လို နိုင်ငံက အင်/ယာ တွေ၊ လူငယ်တွေ အနေနဲ့လည်း လေ့လာဖို့ အခွင့်အလမ်းတွေ ပိုမို ရရှိလာနေပြီ ဖြစ်ပါတယ်။ Up to date ဖြစ်နေဖို့အတွက် တော့ စာဖတ်ခြင်း လေ့လာခြင်းတွေ စဉ်ဆက်မပြတ် လုပ်နေကြဖို့ လိုမယ်ထင်ပါတယ်။
[ခေတ်စား လာနေတဲ့ Capacity Building ဆိုတာ
ဘာကို ပြောတာလဲ လေ့လာကြည့်ကြပါ။ နောက်တခုက
Confidance Building ဆိုတဲ့ အသုံးအနှုန်း .....စသဖြင့်]

လေ့လာရင်း ဆည်းပူးရင်း နဲ့ပဲ ကိုယ်သိထားတဲ့ မမ်မိုရီ တွေ၊
အသိဉာဏ် နဲ့ knowledge တွေက အဆင့် တခု၊ level တခု ကို တိုးတက်သွားစေပါလိမ့်မယ်။ ကိုယ် လေ့လာ မှတ်သား ထားတာ တွေက မှန် သ လား ၊ မှား သ လား ဆိုတာ ကို လည်း ပြန်လည် သုံးသပ် စစ်ဆေး သွားသင့်ပါတယ်။ အမှား တွေကို
မှားယွင်းပြီး မှတ်ထားတာမျိုး၊ အမှားချည်းကိုပဲ တရားသေ မှတ်ထားတာမျိုး မဖြစ်စေသင့်ပါဘူး။ 'ယူဆချက် ' တွေဟာ
'ယာယီ အမှန်' လို့ထားပြီး တိကျတဲ့ အဖြေတခု ၊ ယုတ္တိကျနမှု ရှိတဲ့ အနေအထားရောက်မှသာ အမှန် (သို့) အသုံးချ အမှန်
လို့ သုံးသပ် လက်ခံ ကျင့်သုံး သင့်ပါတယ်။

[အခု ပြောခဲ့တာတွေက ကျနော် ရေးတဲ့စာ ကို ဖတ်သူတွေ အတွက် စကားပလ္လင် ခံတယ် ပဲ ဆိုဆို၊
စကား လက်ဆောင် ပါးတယ် ပဲ ဆိုဆို ရပါတယ်
ဆရက လုပ်သည်ဟု မထင်စေလိုပါ။]
[တော်တော် လျှာရှည်တဲ့ အင်ထရိုပဲ :-P ]

အရင် ရေးလက်စ Earthing အကြောင်း ကိုပဲ
ပြန်ကောက်ပြီး Earthing နဲ့ ပတ်သက်ပြီး လေ့လာမှတ်သား ထားတဲ့ အချက်တချို့ကို (ရေးနိုင်သမျှ) ဆက်ပြီး
မျှဝေသွားပါ့မယ် ။

အရင် ရေးလက်စ မှာ Earth lead တွေ
Earth electrode တွေ အကြောင်း ပြောခဲ့တာမှာ Earth Electrode အကြောင်း ရောက်ပြီး ဖြစ်တဲ့အတွက် အဲဒီနေရာ ကပဲ ပြန်စ ပြီး ရေးလိုက်ပါတယ်။

Earthing Electrode (သို့မဟုတ်) Earth Plate
===========================
မြေဓာတ်ချဖို့ အတွက် သတ္ထ ုချောင်း တချောင်း (သို့)
သတ္ထ ုပြား တပြား ကို မြေကြီး ထဲ မြှုပ်ထားခြင်း ဟာ လျှပ်စစ်ပိုင်းဆိုင်ရာ မြေဓာတ်ချ စနစ် ရဲ့ နောက်ဆုံး အပိုင်းပဲ။
[ စာလို ပြောရရင် Earthing lead နှင့် ဆက်သွယ်ထားသော
မြေဓာတ်ချ စနစ်၏ နောက်ဆုံး မြေအောက် သတ္ထ ု အစိတ်
အပိုင်း သည် မြေဓာတ်ချ သတ္ထ ုပြား (သို့မဟုတ်) သတ္ထ ု
ချောင်း ဖြစ်သည်။ ]

ခုခံမှု အလွန်နည်းပါးတဲ့ မြေဓာတ်ချ သတ္ထ ုပစ္စည်းအဖြစ်
သတ္ထ ုပြား ၊ သတ္ထ ုပိုက် ဒါမှမဟုတ် သတ္ထ ုချောင်း တခုခု ကို Fault current သယ်ဆောင်ဖို့ (စီးသွားဖို့) အတွက် အသုံးပြုလို့ ရတယ်။ အပြစ် ဖြစ်ပေါ်တဲ့ လျှပ်စီး Fault current ဟာ အဲဒီ မြေဓာတ်ချ သတ္ထ ု ပစ္စည်း ကနေ မြေကြီး
ဆီကို ဘေးကင်းအောင် စီးသွားတယ်။

မြေဓာတ်ချ သတ္ထ ု ပြား၏ အရွယ်အစား
======================
မြေဓာတ်ချဖို့ အတွက် သတ္ထ ု ပြားကို အသုံးပြုရာမှာ
ကြေးပြား ( သို့မဟုတ်) သံပြား ကို အသုံးပြုနိုင်တယ်။
အရွယ်အစားကတော့ ၂ ပေ ပတ်လည် သတ္ထ ုပြားကို သုံးရမယ်

ကြေးပြား (Copper) ဆိုရင် ၆၀၀×၆၀၀×၃ မီလီ မီတာ
[ ဆိုလိုတာက ၂ ပေ ပတ်လည်၊ ၁/၈ လက်မ အထူ ကြေးပြား]

သံပြား (Galvanized Iron ) ဆိုရင် ၆၀၀ × ၆၀၀× ၆ မီလီမီတာ
[ဆိုလိုတာက ၂ ပေ ပတ်လည်၊ ၁/၄ လက်မ အထူ သံပြား] ကို သုံးရမယ်။

အဲဒီ သတ္ထ ုပြားကို စိုထိုင်းဆ ရှိတဲ့ မြေကြီးထဲမှာ
မြှုပ်ပေးရမယ်။ စိုထိုင်းဆ မရှိဘူး ဖြစ်နေရင် GI ပိုက် (သွပ်ရည်စိမ် သံပိုက်လုံး )ထဲမှာ ရေထည့်ပြီး မြေကြီး စိုထိုင်းဆ ရအောင်
ဖန်တီး ပေးရမယ်။

နောက်ထပ် ဘာလုပ်ပေးရမလဲ ဆိုတော့ မီးသွေး နဲ့ ထုံး ရောထားတဲ့ အမှုန့်တွေကို ၁ ပေ ခန့် အထိ မြေဓာတ်ချထားတဲ့ ပလိပ်ပြား (သို့မဟုတ်) Earth electrode ရဲ့ ပတ်ပတ်လည်မှာထည့်ပေးရမယ်။
အဲဒီလို လုပ်ပေးတာက earth electrode ရဲ့ အရွယ်အစားကို ပိုကြီးလာအောင် လုပ်ပေးသလို ဖြစ်ပြီး မြေကြီးထဲမှာ
ကွန်တင်နြူ တီ ပိုကောင်းလာစေတယ်။ ဒိအပြင် earth electrode/ earth plate ရဲ့ ဘေး ပတ်လည်မှာ moisture ကို ထိန်းထားပေးတယ်။

အသေးစားတပ်ဆင်ခြင်းအတွက်မြေဓာတ်ချသတ္ထုပစ္စည်း
=============================
အသေးစား မြေဓာတ်ချ စနစ် တခုအတွက် အရှေ့မှာ ပြောခဲ့တဲ့ သတ္ထ ုပြား အရွယ်အစားနေရာမှာ အရှည် ၆ ပေ၊ လုံးပတ်အချင်း ၁ လက်မ ရှိတဲ့ သတ္ထ ုချောင်း (Metallic rod) ကို သုံးလို့ရတယ်။
သတ္ထ ုပိုက် ဟာ မြေမျက်နှာပြင်ကနေ အောက်ဘက် ၆ ပေ
ဖြစ်သင့်တယ်။ Moisture ထိန်းဖို့ အတွက် မီးသွေးနဲ့ ထုံး ရောပြီး ပတ်လည်မှာ ၁ လက်မ လောက် ထည့်ထားပေးရမယ်။

ပိုပြီး ကောင်းအောင်လုပ်မယ် ဆိုရင်တော့ ကြေးချောင်း အသုံးပြုရမယ်။ မူးလုံး ကနေ ကျပ်လုံး အရွယ်အစား
အချင်းလုံးပတ် ရှိပြီး ၁၂ ပေ ရှည်တဲ့ Copper rod ကို သုံးရမယ်။ ကြေးချောင်း ဆိုပေမယ့် လက်ရှိအသုံးပြုနေတာ
အများစုကတော့ Copper clad ခေါ်တဲ့ အပေါ်ယံ ကြေးရည်လောင်း ထားတဲ့ Copper coating သတ္ထ ုချောင်းပါပဲ။

မြေဓာတ်ချခြင်းအမျိုးအစားနှင့်နည်းလမ်းများ
==========================
မြေဓာတ်ချခြင်း ပြုလုပ်တဲ့ နည်းတွေက အများကြီးပါပဲ။
နေအိမ် အဆောက်အဦ ဝါယာရင်း (သို့) စက်ရုံ (သို့) အခြား လျှပ်စစ် ပစ္စည်း နဲ့ စက်ပစ္စည်း တွေကို ဆက်သွယ်ရာမှာ အသုံး ပြုကြတဲ့ နည်းလမ်းတွေ အမျိုးမျိုး ရှိကြတယ်။

မြေဓာတ်ချတဲ့နည်း/အမျိုးအစားတွေကို လေ့လာကြည့်ရင်
၁။ Plate Earthing
၂။ Pipe Earthing
၃။ Rod Earthing
၄။ Earthing through the waterman
၅။ Strip or Wire Earthing ဆိုပြီး တွေ့ရပါတယ်။

အမှတ်စဉ် (၁ ) ( ၂) ( ၃ ) ကတော့ အတော်များများ ကြားဖူး သိထားပြီးသား ၊ လုပ်ကိုင်ကြဖူးတဲ့ အမျိုးအစား တွေ ဖြစ်ပါလိမ့်မယ်။ (၄) နဲ့ (၅) ကတော့ အတွေ့ရ နည်းတဲ့ နည်းတွေ လို့ ပြောလို့ရမယ်ထင်တယ်။

၁။ Plate Earthing
ဒီ စနစ်က အရှေ့မှာ ပြောခဲ့တဲ့ အတိုင်းပါပဲ။ ကြေးပြား သုံးမလား ၊ သံပြား (GI) သုံးမလား ရွေးတယ်။ ကြေးပြား ရော သံပြားရော ၂ ပေ ပတ်လည်ပါပဲ။ ကွာတာက အထူ thickness ကွာတယ်။ ကြေးပြားက ၃ မီလီ အထူဆိုရင် ရပြီ၊ သံပြား ဆိုရင် ၆ မီလီမီတာ အထူ ရှိရမယ်။ မြေမြှုပ်မယ့် ကျင်း Earth pit က ၁၀ ပေ အောက် မနည်းရဘူး။
(moisture ထိန်းဖို့ လိုရင်တော့ အရှေ့က ပြောခဲ့တဲ့ လုပ်ရိုး လုပ်စဉ် အတိုင်း ပေါင်ဒါ ရိုက် ပေး လိုက်ပေါ့။ )

၂။ Pipe Earthing
မြေဓာတ်ချစနစ်မှာ ဒီအမျိုးအစားက အများဆုံး သုံးတယ် လို့ ဆိုထားတာကို တွေ့ရပါတယ်။ စိုစွတ်တဲ့မြေတခုမှာ
အတည်ပြု ထား တဲ့ အလျား နဲ့ အချင်း ရှိတဲ့
သွပ်ရည်စိမ်စတီးပိုက် (Galvanized Steel )နဲ့ ပိုက်တချောင်းကို ထောင်လိုက်အနေအထား အသုံးပြုတယ်။
ပိုက်အရွယ်အစားက မြေအမျိုးအစားနဲ့ လျှပ်စီးပမာဏ
အပေါ်မှာ မူတည်ပြီး အသုံးပြုတယ်။ ပိုက်ရဲ့အတိုင်းအတာက များသောအားဖြင့် အချင်း ၁လက်မခွဲ (၁.၅ လက်မ) ၊ အရှည် ၉ ပေ ရှိတယ်။ အဲဒါက သာမာန် မြေ မှာ သုံးတာ။
ခြောက်သွေ့မာကျောလွန်းတဲ့မြေ နဲ့ ကျောက်သားပေါတဲ့ မြေ အမျိုးအစားမှာတော့ ပိုကြီးသွားမယ်။ မြေကြီးထဲ ရိုက်ဖို့/မြေမြှုပ်ဖို့ ပိုက်ရဲ့ အလျားကို မြေအမျိုးအစား စိုထိုင်းဆ အရ ဖြစ်လိမ့်မယ်။ ဒါပေမယ့် များသောအားဖြင့် ၁၅ ပေ ခွဲ လောက်ပဲ ဖြစ်သင့်တယ်။

၃။ Rod Earthing
ဒီနည်းကလည်း Pipe Earthing အတိုင်းပါပဲ။
လက်မဝက်(၁/၂ လက်မ) အချင်း ရှိတဲ့ Copper rod (သို့မဟုတ်) ၁၆ မီလီမီတာ အချင်း ရှိတဲ့ စတီးပိုက် (Galvanized steel) (သို့မဟုတ်)
၁ လက်မ GI ပိုက် ကို မြေကြီးထဲမှာ အရှည် ၂.၅ မီတာ
( ၈.၂ ပေ) အထိ လူနဲ့ဖြစ်ဖြစ် တူ နဲ့ဖြစ်ဖြစ် ထည့်သွင်းတာပါပဲ။ မြေထဲမှာ မြှုပ်ထားတဲ့ Electrode ဟာ လိုချင်တဲ့ earth resistance တန်ဘိုးကို လျော့စေပါတယ်။

၄။ Earthing through the waterman
ဒီ နည်းလမ်းမှာ GI ပိုက် ကို မြေဓာတ်ချဖို့ ရည်ရွယ်ပြီး သုံးတယ်။ GI ပိုက်ရဲ့ ခုခံမှု Resistance ကို သေချာအောင် စစ်ဆေးရမယ်။ သင့်လျော်တဲ့ မြေဓာတ်ချ ဆက်သွယ်မှု ဖြစ်လာဖို့ အတွက် resistance တန်ဘိုးကို လျော့ချဖို့ earthing clamps တွေကို သုံးတယ်။ Earth wire အဖြစ်
အလွန်း(strand ) ပါတဲ့ Conductor ကို သုံးမယ်ဆိုရင် အဖျားပိုင်း အလွန်းတွေကို သန့်ရှင်းအောင် လုပ်ပေးရမယ်။
ဖြောင့် တန်း ပြီး အပြိုင် အ နေအ ထား နဲ့
GI ပိုက် ( Waterman pipe) မှာ မြဲမြံ တင်းကြပ်နေအောင်
ပြုလုပ်ပေးထားရပါမယ်။

၅။ Strip or Wire Earthing
ဒီ နည်းလမ်းမှာ မြေဓာတ်ချမယ့် Strip electrode က ကန့်လန့်ဖြတ် အတိုင်းအတာ ( ၂၅ မီလီမီတာ×၁.၆ မီလီ ) အောက် မငယ်ရဘူး။ ( ၁လက်မ အပြား ဆိုပါတော့)

အဲဒီ Strip ကို ၁ ​ပေ ခွဲ ( ၀.၅ မီတာ) အနက်​ အနိမ့်​ဆုံး
ရှိတဲ့ ရေပြင်ညီ မြောင်းထဲ မှာ မြှုပ် ရတယ်။

ကြေးပြား ဆိုရင် ၁ လက်မ အကျယ် ၊ ၄ မီလီ မီတာ အထူ
Strip ကို သုံးတယ်။

Round Conductor သုံးမယ် ဆိုရင် ကန့်လန့်ဖြတ် ဧရိယာ ဟာ ၂ လောက် အထိ မငယ်သင့်ဘူး။
[ ဆိုကြပါစို့ GI သို့မဟုတ် Steel သုံးတယ် ဆိုရင် ၆.၀ မီလီမီတာ နှစ်ထပ်ကိန်း 6.0mm2 အောက် မငယ်ဘူး]
မြေထဲမှာ မြှုပ်ထားတဲ့ conductor အလျားက လုံလောက်တဲ့
earth resistance ကို ပေးမှာဖြစ်ပြီး အဲဒီ အလျား (အရှည်) သည် ပေ ၅၀ (50 feet) အောက် မနည်းသင့်ဘူး။

ဆက်ပါမည်။
Thank for your interesting.
IMAGE CRD> Internet links​
Credit ~Ko Lay

Address

Sadaung

Telephone

+959940937013

Website

Alerts

Be the first to know and let us send you an email when AKZ Electronics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AKZ Electronics:

Share

Category