Arrow Computer Training Center

Arrow Computer Training Center အပြင်တွင် ဆရာနှင့်တိုက်ရိုက်သင်နေရသည့်အတိုင်း ရှင်းပြသင်ကြားထားပါသည် Computer Technology

🙏🙏 ကွန်ပျူတာပညာရပ်ကိုလေ့လာနေကြတဲ့ ကျွန်တော်တို့ရဲ့ customer အဟောင်းများကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ 🙏🙏❇️ကွန်ပျူတာအခြေခံနဲ...
08/09/2022

🙏🙏 ကွန်ပျူတာပညာရပ်ကိုလေ့လာနေကြတဲ့
ကျွန်တော်တို့ရဲ့ customer အဟောင်းများကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ 🙏🙏
❇️ကွန်ပျူတာအခြေခံနဲ့ Word , Excel , PowerPoint တို့ကို သေချာတတ်မြောက်အောင် စနစ်တကျသင်ကြားပေးထားတဲ့ ✅ Online သင်တန်းလေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ
✳️စတစ် သို့ download link ဝယ်ယူအားပေးထားသူ customer များအနေနဲ့ Online သင်တန်းလေးကို join မယ်ဆိုရင် အထူးလျှော့စျေးအနေနဲ့ 3000ks ထဲနဲ့ သင်တန်းတက်လို့ရပါမယ်👌
✳️အပြင်မှာ သင်တန်းကြေး 50000 ပေးပြီးတက်ရတဲ့ သင်ခန်းစာတွေကို 3000ks ထဲနဲ့ တက်ရမှာမလို့ အရမ်းကိုတန်တဲ့ အခွင့်အရေးလေးပါဗျ
✅ Facebook Private Group ကနေ ဆရာကိုယ်တိုင်ရှင်းပြထားတဲ့ Video သင်ခန်းစာတွေကိုလေ့လာရမှာပါ
✅ မရှင်းတာရှိရင် ဆရာ့ဆီကိုတိုက်ရိုက်စာမေးလို့ရအောင် စီစဉ်ထားပါတယ်
✅ Group သက်တန်းကုန်သွားတာမျိုးမရှိတဲ့အတွက်ကြောင့် မတတ်မခြင်းလေ့လာလို့ရပါမယ်
💡စတစ်ဝယ်ယူထားခြင်းမရှိပဲ တက်ရောက်ဖို့စိတ်ဝင်စားတဲ့ customer များကတော့ ✅ ပုံမှန်သင်တန်းကြေး 5000 နဲ့တက်ရောက်နိုင်ပါတယ်ခင်ဗျာ
👉အသေးစိတ်ထပ်သိချင်ရင် ဒီ link မှာဝင်ပြီးဖတ်နိုင်ပါတယ်ခင်ဗျ
https://m.facebook.com/story.php?story_fbid=777070967078756&id=115517426567450&mibextid=kchjpu
💡စိတ်ဝင်စားတယ်ဆိုရင် comment မှာ Yes လို့ရေးပေးသွားပါဗျ
💡CB ကနေ ဆက်သွယ်ပြီးရှင်းပြပေးပါမယ်

ကွန်ပျူတာအတွက်သုံးတဲ့ Zapya (For Windows) ဆော့ဝဲလ်လေးပါ Free Download လုပ်နိုင်ပါတယ်
05/02/2022

ကွန်ပျူတာအတွက်သုံးတဲ့ Zapya (For Windows) ဆော့ဝဲလ်လေးပါ
Free Download လုပ်နိုင်ပါတယ်

Zapya (For Windows) Free Download ဖိုင်များ သီချင်းများ ဓာတ်ပုံများ Video များ စသော media ဖိုင်များသာမက အလုပ်ဖိုင်များ Application

Adobe Pagemaker 7.0 install လုပ်နည်း၊ Software & Serial Keys
03/02/2022

Adobe Pagemaker 7.0 install လုပ်နည်း၊ Software & Serial Keys

အားလုံးပဲ မင်္ဂလာပါ ... MMTH ကနေ ကြိုဆိုပါတယ်... ။ ဒီတစ်ခါတော့ Adobe Pagemaker 7.0 အတွက် install လုပ်နည်း video

ကွန်ပြူတာလေးနေတာကို ပေါ့သွားအောင် အလွယ်တကူ ရှင်းနည်း
27/01/2022

ကွန်ပြူတာလေးနေတာကို ပေါ့သွားအောင် အလွယ်တကူ ရှင်းနည်း

MMTH ကနေ ကြိုဆိုပါတယ်။ ဒီတစ်ခါတော့ ကွန်ပြူတာလေးနေတာကို မြန်သွားအောင် Temp files တွေကို အလွယ်တကူ ရှင်းနည်းလေး တင်ပေးလ...

Computer တစ်လုံးမှာ မရှိမဖြစ်တဲ့ WinRAR software အကြောင်းနဲ့ အသုံးပြုနည်း အကျဉ်းချုပ်WinRAR software ကို-File/ Folder မျ...
31/12/2021

Computer တစ်လုံးမှာ မရှိမဖြစ်တဲ့ WinRAR software အကြောင်းနဲ့ အသုံးပြုနည်း အကျဉ်းချုပ်

WinRAR software ကို
-File/ Folder များကို တစ်နေရာမှတစ်နေတစ်နေရာ သို့ ရွှေ့ပြောင်းသည့်အချိန် အဆင်ပြေစေရန် အတွက် သော်လည်းကောင်း (ဥပမာ- Computer တစ်လုံးမှအခြား Computer တစ်လုံးသို့ File ကူးသည့်အခါ နှင့် Internet ပေါ်သို့ Upload တင်မည့် File Size သည် ကြီးနေခြင်းကြောင့် အခက်အခဲမဖြစ်စေရန်)
- File/ Folder များကို File size ချုံ့ပြီး စနစ်တကျသိမ်းဆည်းရန် အတွက်သော်လည်းကောင်း
-မိမိ၏ File/ Folder များကို လုံခြုံရေးအရ Password ခတ်ထားရန် အတွက်သော်လည်းကောင်း (WinRAR ၏ Password Security သည် AES-256 bit Encryption ကိုအသုံးပြုထားသဖြင့် လုံခြုံရေးအပိုင်းတွင် များစွာစိတ်ချရပါသည်)
- File/ Folder များကို Computer Virus ရန်မှ ကာကွယ်ရန်အတွက်သော်လည်းကောင်း (Ransomware ရန်မှ ကာကွယ်ပေးခြင်း မရှိသေးပါ)
- Software File/ Folder များ၏ Crack, Keygen, Patch File များကို Windows Defender, Kaspersky စသည့် Anti-Virus Software များ ဖျက်ချပစ်ခြင်းမှကာကွယ်ရန်အတွက်သော်လည်းကောင်း
စသည့်အချက်များကြောင့် အဓိကအသုံးပြုကြပါသည်။

WinRAR ဖြင့်ချုံ့ပြီးပို့ထားသည့် RAR extension File များကို နဂိုမူလ File/ Folder အတိုင်းဖြစ်စေရန် ဖြည်နည်း

၁။ မိမိကူးယူလာသည့် RAR file ကို Right-Click ထောက်ပါ။ Extract to (RAR File အမည်) ကိုနှိပ်လိုက်ပါက ၎င်း RAR file ရှိသည့်နေရာတွင်ပင် ၎င်း RAR File အမည်ဖြင့် Folder ပေါ်လာပါမည်။

File/ Folder များကို WinRAR ဖြင့်ချုံ့ပြီးစနစ်တကျသိမ်းဆည်းနည်း နှင့် Password ခံနည်း

၁။ မိမိသိမ်းဆည်းလိုသော File/ Folder များကို Select ရွေးပြီး Right-Click ထောက်ပါ။ Add to Archive ကိုနှိပ်ပါ။
၂။ မိမိသိမ်းဆည်းလိုသောနေရာကို Browse ကိုနှိပ်၍ ရွေးပေးပြီး Ok ကိုနှိပ်လိုက်ပါက ၎င်းနေရာတွင် မိမိပြုလုပ်လိုက်သည့် RAR Archive File ကို တွေ့ရပါမည်။ Password ခံလိုပါက Set password… ကိုနှိပ်ပါ။ Password (၂) နေရာလုံးတွင်ပုံစံတူဖြည့်ပြီး Ok ကိုနှိပ်ပါ။ Password ထားသည့်နေရာတွင် Encrypt file names ကိုအမှန်ခြစ်ပေးလိုက်ပါက File အမည်များကိုပါ Password ခတ်ထားလျှင်မမြင်ရစေရန်ပြုလုပ်ပေးမည်ဖြစ်သည်။

Internet ပေါ်သို့ Upload တင်မည့် Size ကြီးသည့် File များကို Split လုပ်ပြီး File များခွဲခြင်း

၁။ မိမိသိမ်းဆည်းလိုသော File/ Folder များကို Select ရွေးပြီး Right-Click ထောက်ပါ။ Add to Archive ကိုနှိပ်ပါ။ မိမိသိမ်းဆည်းလိုသောနေရာကို Browse နှိပ်၍ ရွေးပေးပါ။
၂။ Split to volumes, size နေရာတွင်မိမိခွဲထုတ်လိုက်သော File တစ်ခုချင်းစီ၏ ဖြစ်စေလိုသည့် File Size ကိုရေးပေးပါ။ ဘေးနားတွင် B, KB, MB, GB ကို မိမိထားလိုသည့် ပမာဏယူနစ်ကိုရွေးပေးပါ။ Password ခတ်ထားလိုပါက Password ပေး၍ရပါသည်။ ပြီးလျှင် Ok ကိုနှိပ်ပါ။
ထိုသို့ ခွဲလိုက်သဖြင့် မိမိသိမ်းဆည်းရန်ရွေးထားသည့်နေရာတွင် မိမိပြုလုပ်လိုက်သည့် RAR Archive File အား
(RAR File အမည်).part1, (RAR File အမည်).part2, (RAR File အမည်).part3 စသဖြင့်တွေ့မြင်ရမည်ဖြစ်သည်။
Internet ပေါ်သို့ Upload ပြုလုပ်လိုပါက ၎င်း File များကိုတစ်ခုချင်းစီ Upload တင်နိုင်မည်ဖြစ်သည်။
Download ပြန်ဆွဲပါက (RAR File အမည်).part1 မှအစပြု၍ ကျန်အပိုင်းအကုန်အထိ Download တစ်ခုချင်းစီဆွဲရမည်ဖြစ်သည်။ တစ်ခုချင်းစီ Download ဆွဲပြီးရလာသည့် RAR File များကို Folder တစ်ခုထဲတွင်စုပြီးထည့်ထားလျှင် ပို၍ကောင်းပါသည်။
၎င်း Archive File များအားတစ်ခုတည်းပြန်လည်ဖြစ်လိုပါက (RAR File အမည်).part1 ကစတင်ပြီး Right-Click ထောက်ပါ။ Extract to (RAR File အမည်) ကိုနှိပ်လိုက်ပါက ၎င်း RAR File အခွဲများ ရှိသည့်နေရာတွင်ပင် နဂိုမူလအတိုင်း ၎င်း RAR File အမည်ဖြင့် Folder ပေါ်လာပါမည်။ RAR File အပိုင်းတစ်ခု Download ဆွဲရန်ကျန်နေခြင်း၊ File မစုံခြင်းဖြစ်နေပါက Extract ကိုပြီးဆုံးအောင်ဖြည်၍ရမည်မဟုတ်ပါ။

WinRAR Software ကိုရယူလိုပါက အောက်ဖော်ပြပါ Link များမှ တစ်ဆင့် 32Bit နှင့် 64Bit Windows များအတွက် Download ရယူနိုင်ပါသည်။

Link (64Bit) – https://1drv.ms/u/s!AvYioJ4tdx3FgXjq1tCGzBsYMM6F?e=zOSgfh

Link (32Bit) – https://1drv.ms/u/s!AvYioJ4tdx3FgXnYUzphCK-gKCNw?e=qaT7k8

Installation ပြုလုပ်ပုံအဆင့်ဆင့်

၁။ Download ဆွဲထားသည့် File ကို Double-Click နှိပ်ပါ။ Extract နှိပ်ပါက Folder ပေါ်လာမည်။
၂။ ၎င်း Folder အတွင်းရှိ WinRAR Installation File ကို Double-Click နှိပ်ပါ။ ပြီးလျှင် Install> Finished
၃။ Crack Version အသုံးပြုလိုပါက Crack Folder အတွင်းရှိ rarreg.key ကို Copy ကူးပြီးလျှင် "C:\Program Files\WinRAR\ " (သို့) "C:\ Program Files (x86)\WinRAR\ " ၏ File Location ထဲတွင် Paste ချပြီး Copy and replace လုပ်ပါ။

အားလုံးအဆင်ပြေကြပါစေ။

Crd to owner
မူရင်းရေးသားသူဆရာအားကျေးဇူးတင်ပါတယ်ခင်ဗျာ

💻Computer Typing လေ့ကျင့်ချင်တဲ့ သူများအတွက် Mavis Beacon Typing software installation လေး ပါ။-Tutorial စာလေးတွေ၊လက်ကွက်...
09/12/2021

💻Computer Typing လေ့ကျင့်ချင်တဲ့ သူများအတွက်
Mavis Beacon Typing software installation လေး
ပါ။
-Tutorial စာလေးတွေ၊လက်ကွက်တွေ၊ game တွေနဲ့
Typing လေ့ကျင့်တာတွေစုံစုံလင်လင်ပါဝင်ပါတယ်။

Software download link (96.8MB)

https://my.pcloud.com/publink/show?code=XZ3L4W7Z1zRlx01iD9kfCJceVVchzVIoOCzV

Install လုပ်နည်း video လေးပါ

https://www.facebook.com/100024788446112/posts/242728616563418/?d=n

Credit to Saya Ye Myat Oo

ကွန်ပျူတာမှာ မြန်မာစာ ရိုက်ရင်မဖြစ်မနေသိရမယ့် အခြေခံ စာရိုက်နည်းလေးပါလက်ကွက်တွေက keyboard မှာပါပေမယ့် စာလုံးဆင့်တွေကိုကျ...
08/12/2021

ကွန်ပျူတာမှာ မြန်မာစာ ရိုက်ရင်
မဖြစ်မနေသိရမယ့် အခြေခံ စာရိုက်နည်းလေးပါ
လက်ကွက်တွေက keyboard မှာပါပေမယ့်
စာလုံးဆင့်တွေကိုကျတော့
keyboardကနေ ရိုက်လို့မရလို့
Alt ဆိုတဲ့ဟာနဲ့ ပုံမှာပြထားတဲ့အတိုင်း
နံပါတ်လေးတွေ တွဲရိုက်ပြီး ကိုယ်ရိုက်ချင်တဲ့
မြန်မာစာလုံးဆင့်ကို ရိုက်နိုင်ပါတယ်နော်
Alt key လို့လဲ ခေါ်ကြပါတယ် ။

ဒီpostက computer ကို စတင်လေ့လာနေတဲ့ သူတွေအတွက် တင်ပေးလိုက်ပါတယ်။

Credit.....

Keyboard Shortcuts လေးတွေပါ  လိုအပ်သူများ share ထားနိုင်ပါတယ်💢💢💢💢💢💢💢💢💢💢💢Start(Windows Key)  + M – ဖွင့်ထားတဲ့ windows တွ...
04/12/2021

Keyboard Shortcuts လေးတွေပါ လိုအပ်သူများ share ထားနိုင်ပါတယ်

💢💢💢💢💢💢💢💢💢💢💢

Start(Windows Key) + M – ဖွင့်ထားတဲ့ windows တွေက ချုံ့ပြီး tast bar ပေါ်မှာ နေရာချပေး ပါလိမ့်မယ်။
Start + Shift + M – task bar ပေါ်မှာချုံ့ပြီး ခဏ နေရာ ချထားတဲ့
windows တွေကို size ကြီး ပြန်ချဲ့ပေးပါတယ်။
Start + E – Windows ရဲ့ အင်ဂျင် စက်ခန်းလို့ ခေါ်ဆို နိုင်တဲ့ windows explorer ကို ဖွင့်ပေး ပါတယ်။
Start + R – Start menu မှာရှိတဲ့ ‘Run’ box ကို ဖွင့် ပေးပါတယ်။
Start + F – windows search dialog box ကို ဖွင့် ပေးပါတယ်။
Start + Ctrl + F – search box ကိုဖွင့် ပေးပါတယ်။ တကယ်လို့
computer ဟာ network ချိတ်ဆက် ထားရင် computer dialog box
ကို ဖွင့်ပေး ပါတယ်။
Start + Pause ( Break ) – Systerm properties dialog box ကို
ဖွင့်ပေး ပါတယ်။
F1 – အကူအညီ တစ်စုံ တစ်ရာ လိုအပ်ရန် နှိပ်ပါ။
Ctrl + Esc – Start Menu ကို ဖွင့်ပေး ပါတယ်။
Alt + Tab – ဖွင့်ထားတဲ့ ပရိုဂရမ်တွေ တစ်ခုနဲ့ တစ်ခု အကြားကို
ကူးပြောင်း အလုပ်လုပ် စေနိုင် ပါတယ်။
Alt + F4 – ဖွင့် ထားတဲ့ ပရိုဂရမ် ကနေ ထွက်ခွာ စေပါတယ်။
အလုပ် လုပ်လျက် သား ဖြစ် နေရင် သာမန် ပုံစံအတိုင်း save လုပ်
မလားလို့ မေးပါ လိမ့်မယ်။
ှ့Shift + Del – select ပေးပြီး ရွေးချယ် ထားတဲ့ ဖိုင်တစ်ခုကို
အပြီးတိုင် ဖျက်ဆီး ပစ်ပါလိမ့်မယ်။
Windows program key combination
Ctrl + C – မိတ္တူ ပွားပေး ပါမယ်။
Ctrl + X – တစ်နေရာမှ တစ်နေရာကို ကူးပြောင်း နေရာ ရွှေ့ဖို့
အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်တဲ့ လုပ်ငန်းစဉ်ပါ။
Ctrl + past – မိတ္တူပွားပြီးသား ဖိုင်တစ်ခုကို ပြန်လည် နေရာ ချထား
ပေးပါတယ်။
Ctrl + Z – undo. လုပ်ဆောင် ခဲ့သော အလုပ်ကို မနှစ် သက်တဲ့ အခါမှာ
မူလ အခြေအနေ အတိုင်း ပြန်ရောက် ရှိစေပါတယ်။
Ctrl +B – document အတွင်းမှာရှိတဲ့ tast တွေကို ပိုမို ထင်ရှား
အောင် ပြုလုပ် ပေးပါတယ်။
Ctrl + U – document အတွင်းမှာရှိတဲ့ tast အောက်ခြေမှာ မျဉ်းသား
လိုတဲ့အခါ သုံးကြပါတယ်။
Ctrl + I – Italic- text တွေကို စောင်းပေးပါတယ်။
Mouse/ Keyboard Modifier
Shift + right click (တစ်ချက်) – Rice click နဲ့တူတယ်။
active windows ရဲ့ display menu ကို ဖွင့်ပေးတယ်။
ှShift + Left Click (နှစ်ချက်)
Alt + Left Click (နှစ်ချက်) – ဖိုင်သို့မဟုတ် folder ရဲ့ properties
ကိုပြပေးမယ်။
General Keyboard
F 10 – mune bar မှာရှိတဲ့ options တွေကို အဆင်သင့် ဖြစ်နေအောင်
လုပ်ဆောင် ပေးပါတယ်။
Ctrl + Esc – Start Menu ကိုဖွင့်ပေးပါတယ်။
Shift + F 10 – ရွေးချယ်ထားတဲ့ဖိုင် တစ်ခုအတွက် ’short-cut’
ဖိုင်ငယ်လေး တစ်ခု ပြုလုပ် ပေးထား ပါတယ်။
Alt + down arrow – drop-down list box ကျလာစေပါတယ်။
ဆော့ဖ်ဝဲတစ်ခု အတွင်းမှာပဲဖြစ်စေ၊ တစ်ခြား တစ်နေရာ တစ်ခု
မှာပဲဖြစ်စေ features တိုင်း လုပ်ဆောင် နိုင်စွမ်း box ငယ်ကလေးများ
ကိုယ်စီ ရှိကြသည်။
Alt + Tab – ဖွင့်ထားတဲ့လုပ်ငန်းစဉ်တိုင်းအား တစ်ခုနှင့်တစ်ခု အကြား
ကူးပြောင်း စေနိုင်ပါတယ်။ တစ်ကယ်လို့ Alt Key ကိုဖိထားပြီး
Tab Key ကို လွတ်လိုက်မယ် ဆိုရင် လုပ်ဆောင်ဆဲ လုပ်ငန်းစဉ်
မှန်သမျှကို အလွယ်တကူ ကြည့်ရှု နိုင်ပြီး လုပ်ငန်း ပြောင်းလဲ နိုင်ပါတယ်။
Shift + ? – တကယ်လို့ shift key ကိုဖိနှိပ်ထားပြီး CD-ROM ဒါမှမဟုတ် DVD တစ်ချက်ကို ထည့်သွင်း လိုက်မယ် ဆိုရင် အဲဒီ CD/DVD ရဲ့
‘Auto Run’ box တက်လာ ပါမယ်။ CD မှာ virus ပါဝင် လာမှုရှိ၊ မရှိ
စစ်ဆေး လိုတဲ့အခါမှာ အသုံးဝင်ပါတယ်။
Alt + Space – Restore, move, size, minimize, maximize စတဲ့ command တွေပါ ဝင်တဲ့ system restore box ကိုပြ ပေးတယ်။
Alt + hypen – Multiple Document Interface ကို ပြသ ပေးတယ်။
Alt + underlined letter – ဆော့ဖ်ဝဲတစ်ခုအတွင်းမှာ သတိထားကြည့်မိရင် options bar ရဲ့ feature တွေမှာ မျဉ်းသား ထားတဲ့ စာသား လေးတွေ မျိုးစုံ တွေ့ရ ပါလိမ့်မယ်။ Alt ကို ဖိနှိပ် ထားပြီး အခုန စာသား လေးကို နှိပ်လိုက်တဲ့့ အခါမှာ အဲဒီ ‘feature’ ရဲ့’drop down box’
( = ပါဝင်တဲ့ လုပ်ဆောင် ချက်တွေ ) ပွင့်လာ ပါမယ်။
Ctrl + F4 – address bar ကိုဖွင့်ပေးတယ်။
Alt + F6 – Alt + Tab အလုပ်လုပ်ပုံ အတိုင်းဖြစ်ပါတယ်။
Selected objects & shell objects
F2 – ရွေးချယ်ထားတဲ့အရာဝတ္တုကို နာမည်အသစ် ပြန်ပေးဖို့
အဆင်သင့် ဖြစ်နေ စေပါမယ်။
F3 – ဖိုင်တွေအကုန်လုံးကို ရှာမေးမယ်။
Alt + Enter – ရွေးချယ်ထားတဲ့ အရာဝတ္တုရဲ့ properties’
ကို ဖော်ပြ ပေးပါတယ်။
ဖိုင်တစ်ခုမိတ္တူပွားရန် – Ctrl Key ကိုနှိပ်ထားပြီး အဲဒီဖိုင်ကို မတူညီတဲ့
တခြား နေရာကို ရွှေ့ပေးပါတယ်။ အပေါင်း လက္ခဏာ ပေါ်လာပြီး
မိတ္တူပွား ပေးပါလိမ့်မယ်။
Shortcut တစ်ခုဖန်တီးရန် – Ctrl နဲ့ Shift Key တွေကို ဖိနှိပ်ထားရင်
ဖန်တီးချင်တဲ့ folder ဒါမှမဟုတ် အရာဝတ္တုကို ဖန်တီးလိုတဲ့ နေရာဆီကို
drag ဆွဲယူပါ။
F4 – object ကို select ပေးထားရင်းနဲ့ F4 ကို နှိပ်ရင် address bar
ကို ဖွင့်ပေးပါတယ်။
General folder/shortcut control
F5(Refresh) – လုပ်ဆောင်နေတဲ့ အလုပ်တွေကို ပြန်လည်
လန်းဆန်း စေပါ။
F6 – Windows Explorer အတွင်းဟိုဘက် ဒီဘက် cursor
ရွှေ့နိုင် ပါတယ်။
Ctrl + A – အရာဝတ္တုများအားလုံးကို select လုပ်ပေးပါမယ်။
တကယ်လို့ desktop ပေါ်မှာ item တစ်ခု ကို click နှိပ်ပြီး ‘Ctrl + A’ command သုံးလိုက်ရင် ကျန်တဲ့ item တွေကိုပါ ရွေးချယ်
ပြီးသား ဖြစ်သွား ပါလိမ့်မယ်။
Shift + Click + closebutton – ဖွင့်ထားတဲ့ folder တွေမှန်သမျှ parten folder ကိုရော root folder တွေရော ပိတ်ပေးသည်။
Windows explorer အတွင်း
*(keypad) – ရှိရှိသမျှ root folder တွေအကုန်ဖွင့်ပေးတယ်။
+(keypad) – root floder တခုအတွင်းရှိ ရှိရှိသမျှ file တွေဖွင့်ပေးတယ်။
-(keypad) – root flolder တခုအတွင်းရှိ ရှိရှိသမျှ file တွေပိတ်ပေးတယ်။
Right Arrow – ‘+’ နဲ့အလုပ်လုပ်ပုံချင်းတူတယ်။
Left Arrow – ‘-’ နဲ့အလုပ်လုပ်ပုံချင်းတူတယ်။
Properties control
Ctrl + Tab သို့မဟုတ် Ctrl + Tab + Shift – Mouse မသုံးဘဲ
Keyboard နဲ့ခုန်ပျံကျော်လွှားသွား နိုင် တယ်။ (Mouse အသုံးမပြုလိုပါ
က mouse properties တချို့ကို disable လုပ်ထားလျှင် ပိုကောင်း၏။)
Accessibliity Short-cuts
Shift ကိုငါးကြိမ်နှိပ်တဲ့အခါ – Control panel ထဲမှာရှိတဲ့ Accessibility options ကို select ပေးပါ။ Shift ကို PC ထဲကနေ ‘ကွိ’ ဆိုတဲ့
အသံကလေး ပေါ်လာ ပါလိမ့်မယ်။ ပြီးရင်တော့ Shift Key ကို save
မလုပ် ချင်ရင် cancel လုပ်ပါ။
ညာဘက် Shift ကို ရှစ်စက္ကန့်အကြာ ဖိထားတဲ့အခါမှာ – ညာဘက်
Shift ကို ရှစ်စက္ကန့် ကြာအောင် ကိုင်နှိပ် ထားရင် filter key box
လေး ပေါ်လာ ပါလိမ့်မယ်။
‘Number Lock’ Key ကိုငါးစက္ကန့်ကြာ အောင်ဖိထားတဲ့အခါမှာ –
Number lock Key ကိုငါးစက္ကန့် ကြာ အောင် ဖိထားတဲ့အခါမှာလည်း
ထိုနည်း လည်းကောင်းပါပဲ၊ အလုပ် လုပ်ပုံ ချင်းသာ ကွဲပြား သွားမှာပါ။
ဘယ်ဘက် Alt + ဘယ်ဘက် Shift =+ Number Lock – PC ထဲက’ကွိ’
အသံလေးအတွက် function ပဲဖြစ်ပါတယ်။ အဓ်ိကအားဖြင့်ကတော့
mouse key တွေကို အပိတ်အဖွင့် လုပ်စေချင်တာပါ။
ဘယ်ဘက် Alt + ဘယ်ဘက် Shift + print screen preview
– မြင့်မားတဲ့ ပုံရိပ်တွေကို ရယူလိုတဲ့ အခါမှာ အဆိုပါ keyboard
တွဲတွေကို တွဲဘက် နှိပ်ပေး ရပါလိမ့်မယ်။
Keyboard Keys
Start (Windows logo) + D – Window တွေကို task bar ပေါ်ကိုခဏ
တင်ပေးတယ်။
Ctrl + Start + F – Search box ကိုဖွင့်ပေးပါမယ်။ ခွေးလေးကို
မလိုချင်ရင် ပယ်ဖျက် ထားလို့ရပါတယ်။
Ctrl + Start + Tab – address bar ဆီကို ချက်ချင်း cursor ချပေးတယ်။
Start + Tab – Taskbar ပေါ်မှာစုပြုံ ပြီး ဖွင့်ထားတဲ့ folder တွေဆီကို
တခုကနေ တခု ကူးပြောင်းနိုင်တယ်။
Start + Pause (Break) – System properties ကိုချက်ချင်း ဖွင့်ပေးတယ်။
Application Key – File သိုမဟုတ် folder ရဲ့ properties ကိုဖွင့်ပေးတယ်။
Dialog box command
Tab – dialog box ထဲမှာဆိုရင် နောက်တခုကို သွားဘို့
အဆင်သင့် ဖြစ်နေတယ်။
Shift + Tab – လာခဲ့တဲ့ control ဆီကို ပြန်သွားပေးတယ်။
Space-bar – ရွေးချယ်ပြီးလုပ်မယ်။ ( ဥပမုာ button တခုကို ရွေးထားတယ်။ အဲဒီ button ကို click နှိပ်ရုံပါပဲ။ ဥပမာ check box တခုကို ရွေးမယ်ဆိုရင် space bar တချက်ပုတ်ရုံပဲ။ ဥပမာ နှစ်ခု ပြပေး ထားတယ်။ တခုကို ရွေးမယ် ဆိုတဲ့ နေရာမှာ Enter နဲ့တူတယ်။
Esc – အရာအားလုံးရဲ့ ၉၀ရာခိုင်နှူန်းဟာ ‘cancel’ ရဲ့ အလုပ် လုပ်ပုံနဲ့
တူတယ်။
Alt + Underline Letter – Alt ကို ဖိထားပြီး underline သားထားတဲ့
အက္ခရာကို နှိပ်မယ်ဆိုရင် အဲဒီ command အတွက် short-cut တခုပါပဲ။
Enter – object တခုကို select ပေးပြီး OK button နှိပ်လိုက်တာနဲ့
ဆင်တူတယ်။

တစ်ခြားသူတွေလည်း လေ့လာရန် လိုအပ်နိူင်တာကြောင့် Shareလုပ်ခြင်းဖြင့် လက်ဆင့်ကမ်း မျှဝေပေးကြပါ။☺️😁

နောက်လည်း Computerနဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေ တင်ပေးမှာမို့ Pageကို Like&See First လုပ်ထားကြပါ။😉

Credit.....မူရင်းရေးသားသူ

(မြန်မာလိုလေ့လာနိုင်မည့်Tech YouTubeများစုစည်းမှု)Programming, Web Development, Android Development, Networking နှင့် အခ...
04/01/2021

(မြန်မာလိုလေ့လာနိုင်မည့်Tech YouTubeများစုစည်းမှု)
Programming, Web Development, Android Development, Networking နှင့် အခြားနည်းပညာဘာသာရပ်များကို မြန်မာလိုအခမဲ့လေ့လာနိုင်ပါသည်
💻 Saturngod
https://m.youtube.com/playlist...
ပရိုဂရမ်ပြုလုပ်ခြင်း အခြေခံ
💻 အစီအစဉ်ဆွဲခြင်း 72 Coder
https://www.youtube.com/channel/UCj1ZB1mpD3LPmVZZBekE7zg
PHP, Node js, Angular4, Boostrap4, HTML, AndroidEclipse
💻 ဝေဖာ ခိုလာ.
https://www.youtube.com/channel/UCQTRh2PEveE1JHR0_JFDLUA
HTML5, Kotlin, Android Development, Boostrap, Python Basic, JavaSE, Javascript, PHP Basic, C Form
💻 အစီအစဉ်ဆွဲခြင်း MM
https://www.youtube.com/channel/UC63ZBuWS1lH6kQaQIwcz8Lw
စီ / စီ ++ အစီအစဉ်ရေးဆွဲခြင်း
💻 ပို ၍ တောက်ပသော မြန်မာပြည်
https://www.youtube.com/cha.../UCG2rjWL2i6_KfCtjkQ9PKKQ/feed
Kotlin, Nodejs, JavaEE, Android, PHP, HTML, CSS, Angular, Bootstrap, JavaSE, Javascript
💻 Soe Thiha Naung
https://www.youtube.com/.../UCfDwRJEsmL1deODPPn.../playlists
Flutter Collection, Vuejs 2.0, Android (Kotlin), Laravel, Javascript နှင့် အခြားသော စကားပြောများ
💻 Code with Htet Lin Maung
https://www.youtube.com/.../UCYd3z7M-8DWEFxokRynlzNg/videos
Vuejs, Laravel 7 နှင့်အတူ အနားယူနိုင်သော API ဝန်ဆောင်မှုများ, တုံ့ပြန်မှု
💻 ဒေတာ ကမ္ဘာ
https://www.youtube.com/channel/UCOxNrLqf1P2odrrWiAkszww
ဝက်ဘ်ဒီဇိုင်း ၊ ဂရပ်ဖစ်ဒီဇိုင်း ၊ ဗီဒီယို တည်းဖြတ်မှု ၊ အော်တိုကတ် ၊ ဂျာဗားနှင့် အခြားအရာများ
💻 သင်းဘရှိန်း
https://www.youtube.com/channel/UCQm58nOLArHOfC5dF9zCxHg
Web Security, Linux Privilege Escalation နှင့် အခြား ဗီဒီယိုများ
💻 ရဲလင်းအောင် - Open Lab
https://www.youtube.com/channel/UC-rWSvp5bb0Q-4kngUKI15Q
Linux
💻 Sithu Paing
https://www.youtube.com/channel/UCvTD16yo_lMvoIb7_tl4gMQ
Java, HTML, Python, Git, MySQL, DOM Manipulation, Android Database နှင့် အခြားအရာများ
💻 အစိမ်းရောင် ဟက်ကာများ ပရိုဂရမ်မိုင်း ချန်နယ်
https://www.youtube.com/.../UCaxyVU-hrGgN9TdhV_3wNkQ/videos
Javascript
💻 Phyo Wai Lin MVP
https://www.youtube.com/user/kophyowailin2010/featured
Azure Cloud Administration, AWS, Linux, VMware နှင့် အခြားသူများ
💻 RHC နည်းပညာများ
https://www.youtube.com/channel/UCW0hWTCdvUYjXJUx_dIG7eQ
ကွန်ယက်ချိတ်ဆက်ခြင်း
💻 နစ်ခ်ကို ပေါလ် ဗလော့
https://m.youtube.com/channel/UCuDwXphjhSSN69yxW_KzVqg
HTML, CSS, Javascript, PHP, WordPress, UI / UX
💻koyee chin
https://www.youtube.com/cha.../UCn6z13QW5B5FYnUfJfY0Crw/feed
DNS, Pe*******on စမ်းသပ်ခြင်း
💻 Myanmar IT အကယ်ဒမီ
https://www.youtube.com/channel/UCBenI6XqH7OoEq5BFRCBREg
Cisco, Wordpress, VMware workstation နှင့် အခြားသော သင်ကြားမှု
မူရင်းတင်ထားသူအား credit ပေးပါသည်

ကွန်ပျူတာသင်ခန်းစာတွေကို မြန်မာလို အခမဲ့လေ့လာနိုင်မယ့် App ဖြစ်ပါတယ်   Credit to Internet Journal
06/10/2020

ကွန်ပျူတာသင်ခန်းစာတွေကို မြန်မာလို အခမဲ့လေ့လာနိုင်မယ့် App ဖြစ်ပါတယ်

Credit to Internet Journal

Myanmar Computer Basic 2

🔑 ကွန်ပျူတာသင်တန်းတတ်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား ??Arrow ကွန်ပျူတာသင်တန်းရဲ့ 💻အခြေခံနှင့် ရုံးသုံးကွန်ပျူတာသင်ခန်းစ...
28/09/2020

🔑 ကွန်ပျူတာသင်တန်းတတ်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား ??
Arrow ကွန်ပျူတာသင်တန်းရဲ့ 💻အခြေခံနှင့် ရုံးသုံးကွန်ပျူတာသင်ခန်းစာ (Basic + Microsoft Office ) Stick ကိုဝယ်ယူလေ့လာလိုက်ပါ
☑32GB Memory Stick + Bonus DVD = 25000ks ☑
✳သင်တန်းတွင် လက်ရှိသင်ကြားနေသော 40000 ကျပ်တန် Computer Basic Course ကို အထူးလျှော့ဈေး 25000 ထဲနဲ့လေ့လာလို့ရမယ့်အပြင်
✳️ Bonus အနေနဲ့ ကွန်ပျူတာနည်းပညာဆိုင်ရာ
➡️ Ebooks 1000 ကျော် + Video 300 ⬅️ကိုထည့်ပေးထားတာမလို့ အရမ်းကိုတန်နေပါပြီခင်ဗျာ
▶️တသက်တာအာမခံပါတဲ့ Sandisk စတစ်ကို သုံးထားတဲ့အပြင် OTG လက်ဆောင်လည်းပါတာမလို့ ဖုန်းနဲ့လည်းလေ့လာနိုင်ပါတယ်
▶️ ကွန်ပျူတာအတွက် မရှိမဖြစ်လိုအပ်တဲ့ Software တွေ အပြင် Microsoft Office 2010 ကိုပါ Bonus DVD ခွေထဲမှာ ထည့်ပေးထားပါတယ်
Arrow ကွန်ပျူတာသင်တန်းကသင်တဲ့ Basic + Microsoft Offic Course မှာပါဝင်တဲ့သင်ခန်းစာများက တော့⬇⬇⬇
✅Chapter (1)Window Basic
▪️ကွန်ပျူတာအကြောင်းမိတ်ဆက်
▪️ကီးဘုတ် နှင့် အခြေခံလက်ကွက် training
▪️Keyboard ပေါ်မှ ခလုတ်များအကြောင်း
▪️Function Key များ Lock key များ အလုပ်လုပ်ပုံ
▪️Mouse အသုံးပြုပုံ
▪️Window 10 အသုံးပြုနည်း
▪️ဖိုင်များ ကူးခြင်း နေရာရွှေ့ခြင်း ဖျက်ခြင်း
▪️Software သွင်းခြင်းများ
✅Chapter (2) Paint
▪️Paint မှာ Computer Software တိုင်းရဲ့ အခြေခံ အလုပ်လုပ်ပုံအဆင့်များပါဝင်ပါတယ် Paint ကိုကျွမ်းကျင်စွာ အသုံးပြုတတ်တာနဲ့ Mouse အသုံးပြုမှုအပိုင်းမှာ ဆရာလုံးဝကျသွားမှာ ဖြစ်သလို Word Excel PowerPoint Software များ Photoshop နှင့် Video Edit စသော Software များသုံးတဲ့အခါမှာလည်း အခက်အခဲမရှိပဲ အလွယ်တကူ အသုံးပြုနိုင်သွားမှာ ဖြစ်ပါတယ်
✅Chapter (3) Microsoft Word 2010
▪️English နှင့် Myanmar နှစ်ပိုင်းခွဲပြီးသင်ကြားထားပါတယ်
▪️ရုံးစာတွေ | ကုမ္ပဏီစာတွေရိုက်နည်း l အလှဆင်နည်း
▪️Menu Bar l Title Bar l Tool Bar l တွေရဲ့
အကြောင်း
▪️Word ထဲမှာပါတဲ့ Symbols တွေအသုံးပြုပုံ
▪️Calendar ဆွဲနည်း ,Period ,Cash Book ရေးနည်းတွေ ဆောင်းပါးရေးနည်းတွေကို ဆရာနဲ့အတူ လေ့ကျင့်ခန်းလိုက်လုပ်ရင်း သင်ယူရမှာပါ
❇️မြန်မာစာအတွက်ကတော့ Pyihtaungsu Font,Win Myanmar , Myanmar Unicode , Zawgyi Unicode အားလုံးကို ကျွမ်းကျင်စွာရိုက်တတ်အောင် နဲ့ ပါဠိ တွေ ပါတ်ဆင့်တွေ စာလုံးတွဲတွေ အတွက်လည်း လေ့ကျင့်ခန်းတွေနဲ့ သင်ကြားပေးထားပါတယ်
✅Chapter (4) Microsoft Excel 2010
▪️Excel မှာပါတဲ့အကြောင်းအရာတွေ | လူစာရင်း lငွေစာရင်း l စာရိုက်နည်း l Lock ချနည်း Commission တွက်နည်းlTable ဆွဲနည်း l Number Graph ဆွဲနည်း lပျမ်းမျှ ,အများဆုံး,အနည်းဆုံး ရှာနည်း , ဘောင်ချာတွက်နည်း ထုတ်နည်း တွေနဲ့ Sheet တွေ l Equation တွေ l Functions တွေကို လေ့ကျင့်ခန်းတွေနဲ့ အသေး
စိတ်ရှင်းပြပေးမှာဖြစ်ပါတယ်။
✅Chapter (5) Microsoft PowerPoint 2010
▪️စာရင်းဇယားတွေ ရုံးဖွဲ့စည်းပုံတွေ Project တွေ Plan တွေကို လူကြီးတွေ ဖောက်သည်တွေ ရှေ့မှ ချပြနိုင်အောင် Video File လုပ်နည်း Effects တွေထည့်နည်း စာအုပ်လုပ်နည်းတွေ နဲ့ Presentation အတွက်လိုအပ်တာမှန်သမျှ သင်ကြားပေးထားပါတယ်
▶အခန်းတိုင်းမှာ သင်ထောက်ကူ စာအုပ်(pdf)များကိုလည်း တပါထဲ ထည့်သွင်းပေးထားပါတယ်
▶သင်ခန်းစာမာတိကာလေးကတော့ ဒီ link မှာဝင်ရောက်ဖတ်နိုင်ပါတယ်
https://bit.ly/36i1PlE
ကွန်ပျူတာ အခြေခံသင်ခန်းစာ နဲ့ Office Course ကိုပိုင်နိုင်သွားတာနဲ့ ဆက်လက်လေ့လာနိုင်ဖို့အတွက်
✳️ Window 10 အသုံးပြုရာတွင် ဖြစ်ပေါ်တတ်သည့် ပြသနာတိုင်းကို ဖြေရှင်းတက်စေရန် Software သွင်းနည်း ၊ မြန်မာစာမှန်အောင် ထည့်နည်း ၊ Window 10 ရဲ့ features များကို အဆင့်မြင့်အသုံးချနည်း ၊ Window အသစ်ပြန်တင်နည်း Installation သင်ခန်းစာများ
✳️Adobe Page Maker အသုံးပြုနည်းသင်ခန်းစာများ
✳️Advanced Excel အဆင့်မြင့် Excel အသုံးပြုနည်းသင်ခန်းစာများ
✳️ A+ ကွန်ပျူတာကို ကိုယ်တိုင်ပြုပြင်နည်း သင်ခန်းစာများ
✳️Photoshop နဲ့ ဓါတ်ပုံပြုပြင်နည်းသင်ခန်းစာများ
✳️Video Edit ရုပ်သံနှင့် ဗီဒီယိုတည်းဖြတ်နည်းသင်ခန်းစာများ
✳️ Autocad ဖြင့်အဆောက်အဦးပုံများ ရေးဆွဲနည်း သင်ခန်းစာများ
စတဲ့ ဗီဒီယိုသင်ခန်းစာများကိုမေတ္တာလက်ဆောင် ထည့်ပေးထားပါတယ် ခင်ဗျာ
မြန်မာတနိုင်ငံလုံးကို ပစ္စည်းရောက်မှငွေချေစနစ်နဲ့ အိမ်အရောက်ပို့ပေးပါတယ်
မြို့အလိုက်ပို့ခ/တန်ဆာခ လေးတော့ကျသင့်ပါမယ်
မှာယူလိုသူများ
-အမည်
-ဖုန်းနံပါတ်
-နေရပ်လိပ်စာ တို့ကို Comment မှာချန်ထားခဲ့လို့ပါတယ် Chat Box ကနေလည်းဆက်သွယ်မှာယူလို့ရပါတယ်
☎Hot Line :09 780 913 180

ကွန်ပျူတာအခြေခံ သမားတွေအတွက်မြန်မာလက်ကွက်လေ့ကျင့်ရန် တင်ပေးလိုက်ပါတယ်လိုချင်သူများ အောက်ကLinkမှာDownloadသွားပါ။Win Rar F...
28/09/2020


ကွန်ပျူတာအခြေခံ သမားတွေအတွက်
မြန်မာလက်ကွက်လေ့ကျင့်ရန် တင်ပေးလိုက်ပါတယ်
လိုချင်သူများ အောက်ကLinkမှာDownloadသွားပါ။

Win Rar File Size (957 KB)

Password >>> theinhlaing

MEGA Link...
https://mega.nz/ #!4IMVACCS!vfuVgCrjTN4bSMqcE6SjFIH6QjWsMOxmmMxY9girtBE


ကွန်ပျူတာအခြေခံ သမားတွေအတွက်
မြန်မာလက်ကွက်လေ့ကျင့်ရန် တင်ပေးလိုက်ပါတယ်
လိုချင်သူများ အောက်ကLinkမှာDownloadသွားပါ။

Win Rar File Size (957 KB)

Password >>> theinhlaing

MEGA Link...
https://mega.nz/ #!4IMVACCS!vfuVgCrjTN4bSMqcE6SjFIH6QjWsMOxmmMxY9girtBE

Address

No. 327 13th Street East, Na Win Kwat Thit
Pyay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959780913180

Alerts

Be the first to know and let us send you an email when Arrow Computer Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share