Future Computer Training Center

Future  Computer Training Center သင်တန်းတက်ဖို့အချိန်ပေးစရာမလိုပဲ ကိုယ်တိုင်လေ့လာနိုင်မည့်ကွန်ပျူတာသင်ခန်းစာများ

🙏🙏 ကွန်ပျူတာပညာရပ်ကိုလေ့လာနေကြတဲ့ ကျွန်တော်တို့ရဲ့ customer အဟောင်းများကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ 🙏🙏❇️ကွန်ပျူတာအခြေခံနဲ...
08/09/2022

🙏🙏 ကွန်ပျူတာပညာရပ်ကိုလေ့လာနေကြတဲ့
ကျွန်တော်တို့ရဲ့ customer အဟောင်းများကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ 🙏🙏
❇️ကွန်ပျူတာအခြေခံနဲ့ Word , Excel , PowerPoint တို့ကို သေချာတတ်မြောက်အောင် စနစ်တကျသင်ကြားပေးထားတဲ့ ✅ Online သင်တန်းလေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ
✳️စတစ် သို့ download link ဝယ်ယူအားပေးထားသူ customer များအနေနဲ့ Online သင်တန်းလေးကို join မယ်ဆိုရင် အထူးလျှော့စျေးအနေနဲ့ 3000ks ထဲနဲ့ သင်တန်းတက်လို့ရပါမယ်👌
✳️အပြင်မှာ သင်တန်းကြေး 50000 ပေးပြီးတက်ရတဲ့ သင်ခန်းစာတွေကို 3000ks ထဲနဲ့ တက်ရမှာမလို့ အရမ်းကိုတန်တဲ့ အခွင့်အရေးလေးပါဗျ
✅ Facebook Private Group ကနေ ဆရာကိုယ်တိုင်ရှင်းပြထားတဲ့ Video သင်ခန်းစာတွေကိုလေ့လာရမှာပါ
✅ မရှင်းတာရှိရင် ဆရာ့ဆီကိုတိုက်ရိုက်စာမေးလို့ရအောင် စီစဉ်ထားပါတယ်
✅ Group သက်တန်းကုန်သွားတာမျိုးမရှိတဲ့အတွက်ကြောင့် မတတ်မခြင်းလေ့လာလို့ရပါမယ်
💡စတစ်ဝယ်ယူထားခြင်းမရှိပဲ တက်ရောက်ဖို့စိတ်ဝင်စားတဲ့ customer များကတော့ ✅ ပုံမှန်သင်တန်းကြေး 5000 နဲ့တက်ရောက်နိုင်ပါတယ်ခင်ဗျာ
👉အသေးစိတ်ထပ်သိချင်ရင် ဒီ link မှာဝင်ပြီးဖတ်နိုင်ပါတယ်ခင်ဗျ
https://m.facebook.com/story.php?story_fbid=777070967078756&id=115517426567450&mibextid=kchjpu
💡စိတ်ဝင်စားတယ်ဆိုရင် comment မှာ Yes လို့ရေးပေးသွားပါဗျ
💡CB ကနေ ဆက်သွယ်ပြီးရှင်းပြပေးပါမယ်

ကွန်ပျူတာအတွက်သုံးတဲ့ Zapya (For Windows) ဆော့ဝဲလ်လေးပါ Free Download လုပ်နိုင်ပါတယ်
05/02/2022

ကွန်ပျူတာအတွက်သုံးတဲ့ Zapya (For Windows) ဆော့ဝဲလ်လေးပါ
Free Download လုပ်နိုင်ပါတယ်

Zapya (For Windows) Free Download ဖိုင်များ သီချင်းများ ဓာတ်ပုံများ Video များ စသော media ဖိုင်များသာမက အလုပ်ဖိုင်များ Application

Adobe Pagemaker 7.0 install လုပ်နည်း၊ Software & Serial Keys
03/02/2022

Adobe Pagemaker 7.0 install လုပ်နည်း၊ Software & Serial Keys

အားလုံးပဲ မင်္ဂလာပါ ... MMTH ကနေ ကြိုဆိုပါတယ်... ။ ဒီတစ်ခါတော့ Adobe Pagemaker 7.0 အတွက် install လုပ်နည်း video

ကွန်ပြူတာလေးနေတာကို ပေါ့သွားအောင် အလွယ်တကူ ရှင်းနည်း
27/01/2022

ကွန်ပြူတာလေးနေတာကို ပေါ့သွားအောင် အလွယ်တကူ ရှင်းနည်း

MMTH ကနေ ကြိုဆိုပါတယ်။ ဒီတစ်ခါတော့ ကွန်ပြူတာလေးနေတာကို မြန်သွားအောင် Temp files တွေကို အလွယ်တကူ ရှင်းနည်းလေး တင်ပေးလ...

Photoshop CS 3 Download & Install ပြုလုပ်နည်း၊ Software Download(Cracked)
13/01/2022

Photoshop CS 3 Download & Install ပြုလုပ်နည်း၊ Software Download(Cracked)

အားလုံးပဲ မင်္ဂလာပါ ... MMTH ကနေ ကြိုဆိုပါတယ်... ။ ဒီတစ်ခါတော့ Photoshop CS 3 အတွက် install လုပ်နည်း video နဲ့ အတူ software download link နဲ့ serial keys လေးတ...

ကွန်ပျူတာ ၀ယ်ရာတွင် ဂျင်းထည့်မခံရစေရန်ယနေ့ခေတ်မှာ ကွန်ပျူတာတွေ အလွန့်အလွန် စျေးပေါလာပါပြီ။သောင်းဂဏန်းကနေ သိန်းပေါင်းဆယ်ခ...
25/12/2021

ကွန်ပျူတာ ၀ယ်ရာတွင် ဂျင်းထည့်မခံရစေရန်

ယနေ့ခေတ်မှာ ကွန်ပျူတာတွေ အလွန့်အလွန် စျေးပေါလာပါပြီ။
သောင်းဂဏန်းကနေ သိန်းပေါင်းဆယ်ချီတဲ့အထိ ရှိပေမဲ့
သုံးစွဲသူရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ကြိုက်တဲ့ အမျိုးအစားကို ရွေးချယ်၀ယ်ယူနိုင်ပါတယ်။
ဆိုင်ရောက်တာနဲ့ မိမိကြိုတင်စုံစမ်းထားတဲ့စျေးနှုန်းနှင့် ရောင်းစျေးနှုန်း ဘယ်လောက် ကွာနေသည်ကို ချိန်ဆ ပါ။ အလွန်အမင်း ကွာဟနေလျင် မ၀ယ်ပါနဲ့။
တတ်နိုင်သမျှတော့ ဆိုင်ပေါင်းစုံမှ ကိုယ်လိုချင်သော အမျိုးအစား၏ စျေးနှုန်းများကို အင်တာနက်ဂျာနယ် စသည်တို့မှ ဖတ်ကာ ပျမ်းမျှ ဘယ်လောက်တန်သည်ကို သိအောင် လေ့လာသင့်ပါတယ်။
စျေးနှုန်း အဆင်ပြေပြီဆိုရင် ကွန်ပျူတာကို
ဘာမှ မကြည့်သေးခင် ဆိုင်၀န်ထမ်းကို
အဓိကအကျဆုံး အချက်ဖြစ်တဲ့
CPU ဘာအမျိုးအစားလဲ။
CPU ဘယ် Generation လဲ။
CPU GigaHartz (GHz) ဘယ်လောက်လဲ။
RAM ဘယ်လောက်ပါသလဲ။
Graphic Card ဘာအမျိုးအစား စိုက်ထားသလဲ။
Graphic Memory ဘယ်လောက်ပါသလဲ။
Hard Disk ဘယ်လောက်ပါသလဲ။
အဲဒီအချက်တွေ အရင်ဆုံးမေးပါ။
သူဖြေနိုင်ရင် ဖြေလိမ့်မယ်။ မဖြေနိုင်ရင် ရှိပြီးသားအချက်အလက်တွေ ပါတဲ့ စာရွက်(သို့မဟုတ်)ကဒ်ပြား ပေးပါလိမ့်မယ်။
သူကတော့ ဘယ်လောက်ကောင်းကြောင်း၊ ဘယ်သူတွေတောင် ဒီအမျိုးအစားကို သုံးကြောင်း ကရားရေလွှတ် ပြောပါလိမ့်မယ်။
အဲဒါတွေကို စိတ်မ၀င်စားနေပါနဲ့။

အဲဒါတွေ မေးပြီးတာနဲ့ ကွန်ပျူတာကို ဖွင့်ပါ။
ဖွင့်ဖွင့်ချင်း BIOS ထဲကို တန်း၀င်သွားပါ။ အများအားဖြင့် Windows မတက်ခင် အမည်းရောင် Screen (POST) ကြီး တက်နေချိန်မှာ Delete သို့မဟုတ် Enter
သို့မဟုတ် F1 ကို နှိပ်ပြီး ၀င်ရလေ့ရှိပါတယ်။
ကိုယ်မ၀င်တတ်ရင် ဆိုင်ကို လုပ်ခိုင်းပါ။
ဘာမှ အားမနာပါနဲ့။ ပိုက်ဆံပေးပြီး ၀ယ်တာပါ။
BIOS(Basic Input Output System) ထဲ ရောက်သွားတာနဲ့ ကွန်ပျူတာရဲ့ အရေးကြီး အချက်အလက် အချို့ကို
ပြထားပါတယ်။
အဲဒီမှာ သူတို့ပြောတဲ့ CPU အမျိုးအစားနဲ့
GHz မှန် မမှန် တိုက်စစ်ပါ။
CPU နဲ့ RAM ဘာတွေပါတယ်ဆိုတာ ပြထားပါတယ်။
CPU i7 ဆိုရင် အဲဒီမှာ i7 ဆိုတာလေး ပါရပါမယ်။
ဥပမာ Intel Core (TM) i7 940 လို့ပါတယ်ဆိုပါစို့။
အဲဒီ ဂဏန်း သုံးလုံးတွဲ ပါတယ်ဆိုရင်
အဲဒါ ပထမဆုံးထုတ်ထားတဲ့ First Generation ဖြစ်ပါတယ်။
i7 ချင်း တူပေမဲ့ စွမ်းဆောင်ရည်မတူပါဘူး။ တည်ဆောက်ထားပုံတွေလည်း မတူပါဘူး။
အနိမ့်ဆုံး ဖြစ်ပါတယ်။
ဥပမာ Intel Core(TM) i7 5775 လို့ပါတယ်ဆိုပါစို့။ အဲဒါဆိုရင် အဲဒီCpuက 5th Generation ပါ။
အလွယ်မှတ်ထားရမှာက ဂဏန်းတွဲ (၃)လုံးပဲ ပါတယ်ဆိုရင် First Gen ဖြစ်ပြီး လေးလုံး ငါးလုံး ပါလာတယ်ဆိုရင် နောက်က သုံးလုံးတွဲကိုဖယ် ရှေ့က တစ်လုံး၊ နှစ်လုံး
က သူ့ရဲ့ Generation ဖြစ်ပါတယ်။
10 နဲ့ စရင် 10th Generation ပေါ့ဗျာ။
10th ကစပြီး ဂဏန်း ၅ လုံးတွဲတွေ ဖြစ်ပါတယ်။
သူ့ရဲ့အောက်ကတော့ 2 ကနေ 9 အထိ လေးလုံးတွဲပါပဲ။
ဘယ်နှလုံးတွဲဆိုတာရယ်၊ ရှေ့ဆုံးဂဏန်း ဘယ်လောက်ဆိုတာရယ် ကြည့်လိုက်ရင် ဒီ CPU ဘယ်လောက် Generation လဲဆိုတာ သိပါတယ်။
မမှန်ရင် ဆက်မကြည့်နေပါနဲ့တော့။
သင့်ကို ရောင်းနေတာ သူတို့ပြောတဲ့ အစိတ်အပိုင်းတွေပါတဲ့ စျေးနှုန်းနဲ့ ရောင်းနေတာပါ။
အဲဒါထက် နိမ့်နေတယ် ဆိုရင် မ၀ယ်ဘဲ လှည့်ပြန်သွားပါ။ ဒါ့ကြောင့်မ၀ယ်ဘူးဆိုတာလည်း ပြောခဲ့လိုက်ပါ။
ပုံတွေထဲမှာ နမူနာပြထားပါတယ်။ အဲဒါမျိုး တက်မှာပါ။
အဲဒီမှာ မှန်သွားပြီဆိုတာနဲ့ Esc ကို နှိပ်ပြီး ပြန်ထွက်လိုက်ပါ။ ပုံမှန်အတိုင်း Windows တက်လာပါလိမ့်မယ်။
တက်လာပြီဆိုတာနဲ့ ကြည့်ရအလွယ်ဆုံး
My Computer ထဲကို ၀င်လိုက်ပါ။
Windows 10 တင်ထားတာဆိုရင်တော့
This Computer ထဲပေါ့။
အဲဒီထဲမှာ Right Click ထောက်လိုက်ပြီး
System Properties ထဲ ၀င်လိုက်ပါ။
ခုန အချက်အလက်တွေ ပြန်စစ်ပါ။
BIOS မှာ ပြထားတာနဲ့ ဒီမှာ ပြထားတာနဲ့
ကွဲလွဲနေပြီဆိုရင် သေချာတယ်။
ဆိုင်က ဂျင်းထည့်ထားပါပြီ။
ဘာ့ကြောင့်လဲဆိုတော့ BIOS သာ အမှန်ဆုံးဖြစ်ပြီး Windows ရဲ့ System Properties
ကတော့ Registry ထဲကနေ i7 မက လို့ i9 တို့ i199 တို့ ကြိုက်တာလုပ်လို့ရတဲ့အပြင် CPU အချက်အလက်တွေကိုလည်း သွားပြောင်းထားလို့ ရနေလို့ပါပဲ။
နောက်တော့ ဘယ်လိုဂျင်းထည့်ရတယ်ဆိုတဲ့ ဟာလေးတွေ ပြောပြပါ့မယ်။
အခုတော့ထားလိုက်ပါဦး။
အပြင် အတွင်း ကိုက်ညီသွားပြီဆိုရင် Win Key နဲ့ R ကို တွဲနှိပ်ပြီးRun Box ကို ခေါ်လိုက်ပါ။
Run Box ထဲမှာ dxdiag လို့ ရိုက်ပြီး Enter ခေါက်ချလိုက်ပါ။
တက်လာပါပြီ။
Dialog Box ကြီး။ အဲဒီထဲမှာ CPU နဲ့ Graphic Card
ရဲ့ အချက်အလက်တွေ ပြထားပါလိမ့်မယ်။ အဲဒီမှာ Intel လား Nvidia လား စသည်ဖြင့်
Graphic Card ရဲ့ အမျိုးအစားနဲ့အတူ Approximate.Memory ဆိုတာမှာ ဘယ်လောက်
ပါသလဲဆိုတာ တွေ့ရပါလိမ့်မယ်။
ကိုင်း... ဟုတ်ပြီဗျာ..
အားလုံးလည်း ကိုက်သွားပြီ။ အတွင်းပိုင်းကို ကျွန်တော်တို့ စစ်ဆေးပြီးပြီ။
အပြင်ကို ပြန်စစ်ပါ။
ကွဲနေလား၊ အက်နေလား၊ မှန်အစင်းထင်နေလား စသည်ဖြင့်။
ကီးတွေကို တစ်လုံးချင်း လိုက်ရိုက်ကြည့်ပါ။
ကီးတွေ အားလုံး အလုပ်လုပ်ရဲ့လား။
Touch-Pad ကို ပွတ်ကြည့်ပါ။ Mouse Pointer ရွေ့ရဲ့လား။ Right Click,Left Click
ခေါက်လို့ ရရဲ့လား။ Web-Cam ကောင်းရဲ့လား။
စပီကာ အသံထွက်ရဲ့လား။
စပီကာပေါက်တွေရော ကောင်းရဲ့လား။
USB အပေါက်အားလုံး အလုပ်လုပ်ရဲ့လား။
အားလုံး စစ်ဆေးပါ။
Wifi စမ်းချိတ်ခိုင်းကြည့်ပါ။
Network Card အလုပ် လုပ်မလုပ် သိရပါလိမ့်မယ်။
အချို့တွေ ဝိုင်ဖိုင် မပါဘဲ ပါတယ်ဆိုပြီး လိမ်ရောင်းတာတွေ ရှိတယ်။
ပြီး ရင် CD, DVD Drive ကောင်းရဲ့လား စစ်ပါ။
Drive ရဲ့ ဘေးမှာ ရေးထားပါတယ်။
CD ROM ဆိုရင် CD ဖတ်ရုံပဲ ရမယ်။
အခွေဘန်းလို့ မရပါ။ DVD လည်း မဖတ်နိုင်ပါ။
DVD ROM ဆိုရင်တော့ CD, DVD နှစ်မျိုးလုံး ဖတ်နိုင်ပါတယ်။ ဘန်းလို့မရပါ။
DVD COMBO ဆိုရင် DVD ကို ဖတ်ရုံပဲ ရပြီး CD ကိုတော့ ရေး/ဖတ် လုပ်လို့ရပါတယ်။
CD RW ဆိုရင် CD ရေးနိုင်ဖတ်နိုင်ပြီး DVD အရေးအဖတ် လုပ်လို့မရပါ။
DVD RW ဆိုရင်တော့ အားလုံးကို ရေးနိုင် ဖတ်နိုင်ပါလိမ့်မယ်။
Bluetooth ချိတ်ကြည့်ပါ။ မပါပဲ ပါတယ် လိမ်လို့မရအောင်ပါ။
အဲဒါတွေကို စမ်းလို့ မရတဲ့ အခါကျရင် ဆိုင်က အဲဒါ ဒရိုက်ဘာ မတင်ထားရသေးလို့ ဘာညာ ပြောပါလိမ့်မယ်။ သူတို့ကို တင်ခိုင်းပါ။ ပြီးရင် ပြန်စမ်းပါ။
Warrenty Card ပေးတဲ့ ဆိုင်တွေမှာ၀ယ်ရင်တော့ အခြေခံလောက်ကို စစ်ဆေးကြည့်ပြီးရင် အဆင်ပြေပါတယ်။ အရေးကြီးတဲ့ အချက်လောက်ပဲပေါ့။
Warrenty Card အကြောင်းကိုလည်း သေချာလေးမေးပါ။ Hardware လား။ Software လား။
ဘယ်နှလ ပေးသလဲ။ ပျက်စီးရင် ပစ္စည်းဖိုး လက်ခ အခမဲ့လား။ လက်ခအခမဲ့လား စစ်စစ်ပေါက်ပေါက်
မေးပါ။
ကိုယ်တိုင်လည်း Warrenty Card ရဲ့ စည်းမျဉ်းတွေကို ဖတ်ကြည့်ပါ။
အချို့မှာ Screen မှာ အစက်အပြောက် ဘယ်နှခု ပေါ်လာမှ လဲပေးမယ် ဆိုတာမျိုး
ရှိတတ်တယ်။
အဲဒါတွေ အကုန် စစ်ဆေးပြီးတာနဲ့ ဖင်လှန်လိုက်ပါ။ (ကွန်ပျူတာကို ပြောင်းပြန်
လှန်ခိုင်းတာနော်)
၀က်အူစုပ်တဲ့ အပေါက်တွေမှာ Warrenty Seal လို့ ခေါ်တဲ့ စက္ကူလေးတွေ ကပ်ထား ပါလိမ့်မယ်။
အဲဒါတွေ ပေါက်ပြဲနေ မနေ စစ်ပါ။ အဲဒါပေါက်ရင် အထဲက ၀က်အူမှာ ပွန်းရာခြစ်ရာရှိမရှိ စစ်ဆေးပြီး အသစ်ပြန်ကပ်ခိုင်းပါ။ ပြီးရင် အဲဒီမှာ ခုနှစ်၊ လ၊ ရက် တွေကို
မင်နဲ့ ခြစ်ရတဲ့နေရာမှာ ကိုယ်၀ယ်တဲ့လ ဟုတ်မဟုတ် သေချာ ခြစ်ပါ။ တစ်ခါတလေမှာ
အဲဒါကို စောပြီး ခြစ်ထားတာ ရှိတယ်။
သက်တမ်းမစေ့ခင် သက်တမ်းကုန်သွားပါလိမ့်မယ်။
အကုန်လုံး စစ်ပြီးလို့ စိတ်ကျေနပ်ပြီဆိုရင် ကွန်ပျူတာပက်ကင်ပုံးထဲက Manual Book
ကို ထုတ်ကြည့်ပြီး နောက်မှာ ပါတဲ့ ပါ၀င်တဲ့အစိတ်အပိုင်းတွေ စုံမစုံ တိုက်စစ်ပါ။
အဓိကကျတဲ့ဟာတွေက အားသွင်းကြိုး၊ ဒရိုက်ဘာခွေ၊ ကဒ်ပေါက်အဖုံး၊ PCMCIA ကဒ်အဖုံး စတဲ့ဟာတွေ ဖြစ်ပါတယ်။ အဲဒါတွေ မဖြစ်မနေ စုံလင်စွာ ရှိမရှိ စစ်ပါ။
သူတို့ဆီက လက်ဆောင်ပေးမဲ့ နားကြပ်တို့၊ မောက်စ်တို့၊ အိတ်တို့ ထီးတို့ကို မက်မော
မနေပါနဲ့။ အကုန်လုံးပေါင်းမှ တစ်သောင်းလောက်ပဲ တန်တာပါ။
အချို့ Used Computer တွေ ၀ယ်သုံးတာဆိုရင်တော့ Driver ခွေ မပါတာတော့ ရှိတယ်။
အဲဒါဆိုရင်တော့ တောင်းမနေပါနဲ့။ အနည်းဆုံး အော်ရီဂျင်နယ် အားသွင်းကြိုးတော့
ရှိရမယ်။
အကုန်စုံလင်စွာ စစ်ဆေးပြီးပြီ ဆိုမှ ငွေရှင်းပြီး ဆိုင်ကနေ ထွက်ခွာပါ။
ဒါကတော့ ကွန်ပျူတာတစ်လုံး ၀ယ်တဲ့နေရာမှာ Professional ကျကျ စစ်ဆေးနည်း ဖြစ်ပါတယ်။
ဆိုင်ထဲကို တောဂိုက်ဖမ်းပြီး သွား၀ယ်ချင်၀ယ်ကြည့်ပါ။
အချို့ဆိုင်တွေ ဂျင်းထည့်ဖို့ ကျိန်းသေပေါက် ကြံစည်ပါလိမ့်မယ်။
အဲ... BIOS ထဲကို တစ်ချက်၀င်ကြည့်၊ Run Box ထဲကနေ dxdiag နဲ့ တစ်ချက် ၀င်ကြည့်။ အဲဒီဆိုင်က အလိုလို
ရှိန်သွားလိမ့်မယ်။ လိမ်ဖို့ မဝံ့မရဲ ဖြစ်သွားပါလိမ့်မယ်။
ကွန်ပျူတာဆိုင်တွေကို အထင်သေးလို့ ဒီပို့စ်ကို တင်တာမဟုတ်ဘဲ.. အချို့ မသမာတဲ့ ဝိသမလောဘသားဆိုင်တွေနဲ့ တိုးမှာစိုးလို့ တင်ပေးတာ ဖြစ်ပါတယ်။
အချင်းချင်း အဟောင်း အရောင်းအ၀ယ် လုပ်ရင်လည်း ဒီနည်းနဲ့ပဲ စစ်ပါ။
မှားနေတာလေးတွေ ရှိရင်လည်း ဝေဖန်နိုင်ပါတယ်။

အားလုံးအဆင်ပြေကြပါစေ

မူရင်းရေးသားသူဆရာအားကျေးဇူးတင်ပါတယ်ခင်ဗျာ

ကွန်ပျူတာမှာ မြန်မာစာ ရိုက်ရင်မဖြစ်မနေသိရမယ့် အခြေခံ စာရိုက်နည်းလေးပါလက်ကွက်တွေက keyboard မှာပါပေမယ့် စာလုံးဆင့်တွေကိုကျ...
08/12/2021

ကွန်ပျူတာမှာ မြန်မာစာ ရိုက်ရင်
မဖြစ်မနေသိရမယ့် အခြေခံ စာရိုက်နည်းလေးပါ
လက်ကွက်တွေက keyboard မှာပါပေမယ့်
စာလုံးဆင့်တွေကိုကျတော့
keyboardကနေ ရိုက်လို့မရလို့
Alt ဆိုတဲ့ဟာနဲ့ ပုံမှာပြထားတဲ့အတိုင်း
နံပါတ်လေးတွေ တွဲရိုက်ပြီး ကိုယ်ရိုက်ချင်တဲ့
မြန်မာစာလုံးဆင့်ကို ရိုက်နိုင်ပါတယ်နော်
Alt key လို့လဲ ခေါ်ကြပါတယ် ။

ဒီpostက computer ကို စတင်လေ့လာနေတဲ့ သူတွေအတွက် တင်ပေးလိုက်ပါတယ်။

Credit.....

ပြည်ထောင်စု ဖောင့် လက်ကွက်လေးပါ
04/12/2021

ပြည်ထောင်စု ဖောင့် လက်ကွက်လေးပါ

Photoshop အခြေခံ PDF စာအုပ်လေးပါခင်ဗျာ။ စာအုပ်မှာ အခန်း(၂)ခန်းပါဝင်ပါတယ်။ Chapter (1) မှာတော့ Menu တွေအကြောင်းကို အသေးစိ...
03/12/2021

Photoshop အခြေခံ PDF စာအုပ်လေးပါခင်ဗျာ။
စာအုပ်မှာ အခန်း(၂)ခန်းပါဝင်ပါတယ်။
Chapter (1) မှာတော့ Menu တွေအကြောင်းကို အသေးစိတ် နမူနာပုံလေးတွေနဲ့ ရှင်းပြထားပါတယ်။
Chapter (2) မှာ Tools တွေအကြောင်းကို ရှင်းပြထားပါတယ်။
အသုံးများတဲ့ Shortcut keys တွေကိုလဲ နောက်ဆက်တွဲအနေနဲ့ ထည့်ပေးထားပါတယ်။
ရေးသားပြုစုပေးထားတဲ့ #ပါရမီပညာဒါနကို ကျေးဇူးတင်ရှိပါတယ်။

https://www.mediafire.com/file/ibr4t21p8naopp9/Ps%2528cs6%2529_Basic_%25282020%2529.pdf/file

ကွန်ပျူတာကို မဟန်းအောင် အသုံးပြုမယ်ဆိုရင်‌နေ့တိုင်း ကွန်ပျူတာ အသုံးပြုသူတိုင်း သိသင့်တယ်ထင်လို့ မျှဝေလိုက်ရပါတယ်။ တစ်ချိ...
29/02/2020

ကွန်ပျူတာကို မဟန်းအောင် အသုံးပြုမယ်ဆိုရင်‌

နေ့တိုင်း ကွန်ပျူတာ အသုံးပြုသူတိုင်း သိသင့်တယ်ထင်လို့ မျှဝေလိုက်ရပါတယ်။ တစ်ချို့ကလည်း သိပြီးသား ဖြစ်ပါတယ်။ ကွန်ပျူတာ ဟန်းနေရင် အတော်လေး အလုပ်လုပ်ရတာ အဆင်မပြေပါဘူး။

(၁) Window + R ကို တွဲပြီး နှိပ်ပါ။

(၂) ပေါ်လာတဲ့ အကွက်ထဲမှာ recent ကိုနှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။

(၃) Window + R ကို တွဲပြီးနှိပ် တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ temp နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။

(၄) Window + R ကို တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ prefetch နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။

(၅) Window + R ကို တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ %temp% နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။ နေ့တိုင်းမလုပ်နိုင်ဘူးဆိုရင် တစ်ပတ်မှာ သုံးကြိမ် လေးကြိမ်လောက် လုပ်ပေးပါက စက် ဟန်းခြင်းကို သက်သာပါလိမ့်မယ်။

Address

Pyay
08151

Alerts

Be the first to know and let us send you an email when Future Computer Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Future Computer Training Center:

Share