16/08/2022
ဒီနေ့မှာ ETL Page ကို Follow လုပ်ထားကြတဲ့ ကွန်ပျူတာအသုံးပြုနည်းသင်ယူနေတဲ့သူတွေ ၊ ကွန်ပျူတာနဲ့ အလုပ်လုပ်နေတဲ့သူတွေအတွက် လျှင်မြန်လွယ်ကူ စေမယ့် Shortcuts လေးတွေကို မိတ်ဆက်ပေးချင်ပါတယ်။ Shortcut တွေကို အသုံးပြုတာဟာ တကယ်တမ်းကျတော့ ထင်သလောက်မခတ်ခဲပါဘူး။ Mouse ကို တကူးတကလှမ်းမကိုင်ချင်တော့တဲ့ အခါ Mouse ကို ကိုင်လောက်အောင် အချိန်မပေးနိုင်တော့တဲ့ အခါကျရင် Shortcuts Key တွေဟာ အရမ်းအလုပ်ဖြစ်တာကို တွေ့ရပါတယ်။ ဒါကြောင့် အလုပ်တွေကို မြန်မြန်ဆန်ဆန်ပြီးမြောက်စေမယ့် Shortcut တွေကို ကြည့်ရင်း လက်တွေ့ပြုလုပ်နိုင်ပြီးဖြစ်ပါတယ်။
Shortcut တွေကို အသုံးပြုတာဟာ တကယ်တမ်းကျတော့ Control လိုခေါ်တဲ့ Ctrl ကီးရယ်။ Alternate လိုခေါ်တဲ့ Alt ကီးရယ်၊ Shift ကီး နှင့် Windows ကီးရယ် လေးမျိုးကိုပဲ အခြေခံ အသုံးပြုထားတာပဲဖြစ်ပါတယ်။
မသိမဖြစ်သိထားရမဘ့် Shortcut ကီးများကတော့
Ctrl + C : ဟိုက်လိုက်လုပ်ထားသည်များကို Copy ကူး
Ctrl + X : ဟိုက်လိုက်လုပ်ထားသည်များကို ဖြတ်တောက်ပြီးကူး
Ctrl + V : Copy ကူးထားသော၊ ဖြတ်တောက်ထားသော စာသား၊ ဖိုင် စသည်တို့ကို Paste လုပ်
Ctrl + Z : ပြောင်းလဲသွားသည်များ၏ရှေ့ကိုပြန်သွား
Ctrl + Y : ပြောင်းလဲခဲ့သည်များကိုပြန်သွား
Ctrl + F : ရှာဖွေခြင်းပြုလုပ်နိုင်
Ctrl + S : Save လုပ်
Ctrl + A : Page တစ်ခုလုံးကို Select လုပ်
Ctrl + O : File တစ်ခုကို ဖွင့်
Alt + Tab : ဖွင့်ထားတဲ့ Program များကိုပြောင်းလဲရွေးချယ်နိုင်
Ctrl + Tab : ဖွင့်ထားတဲ့ Program ထဲက Tab များကို ရှေ့သို့သွား
Ctrl + Shift + Tab : ဖွင့်ထားတဲ့ Program ထဲက Tab များကို နောက်သို့သွား
Ctrl + ► (or) Ctrl + ◄ : စကားစုတစ်စုနဲ့ တစ်စုကြားသွားနိုင်
Shift + ► (or) Shift + ◄ : စာတစ်လုံးချင်းစီကို Select ပေးနိုင်
Ctrl + Shift + ► (or) Ctrl + Shift + ◄: စာလုံးတစ်လုံးကို Select ပေးနိုင်
ဖိုင်များကို Copy ကူးရန်အတွက် Ctrl ကီးကိုဖိထားပြီး ကူးလိုတဲ့ဖိုင်ရှိတဲ့ Folder ထဲက ဖိုင်ကို တခြား Folder တစ်ခုကိုဆွဲထည့်လိုက်ရင်ရပါပြီ။ အဲ့ဒါတွေအပြင် ဒီအောက်မှပြထားတဲ့ ဇယားထဲမှာလည်း ကီးတွေကို ထပ်မံလေ့လာနိုင်ပါသေးတယ်။
Window System ပေါင်းစပ်ကီးများ
F1: ကိုအကူအညီရယူဖို့သုံးနိုင်
F2 : ဖိုင်တွေကိုနာမည်ပေးနိုင်
F4 : ရှာဖွေရေး Tools (Same with Ctrl + F)
F5: လက်ရှိဖွင့်ထားတဲ့ Window ကို Refreshes လုပ်
Alt + Tab : ဖွင့်ထားတဲ့ Program တွေကိုရွေးချယ်နိုင်
Alt + F4 : ပရိုဂရမ်တစ်ခုလုံးကိုပိတ်
Shift + Delee: အပြီးတိုင်ဖျက်
Window + L : ကွန်ပျူတာကို Lock လုပ်
Window Program ပေါင်းစပ်ကီးများ
ဒီကီးတွေမှာလည်း အပေါ်မှာဖော်ပြခဲ့တဲ့ မသိမဖြစ်သိထားရမယ့်ကီးများထဲက အကုန်လုံးလိုလိုပါဝင်ပြီး ထပ်တိုးအနေနဲ့
Ctrl + B : Select လုပ်ထားသော စကားလုံးများကို Bold လုပ်နိုင်
Ctrl + U : Select လုပ်ထားသော စကားလုံးများကို Underline လုပ်နိုင်
Ctrl + I : Select လုပ်ထားသော စကားလုံးများကို Italic လုပ်နိုင်
Ctrl + A: Page တစ်ခုလုံးကို Select လုပ်
Browser ကီးများ
Browser တွေမှာလည်း ကျွန်တော်တို့အနေနဲ့ Shortcut တွေသုံးလို့ရပါသေးတယ်။
Ctrl + J : Download လုပ်ထားတဲ့စာရင်းကိုပြသ
Ctrl + H : Browser ရဲ့ History ကိုပြသ
Ctrl + T : New Tab ဖွင့်
Ctrl + Shift + T : ပိတ်ခဲ့သော Instant Tab ကိုပြန်လည်ပြသ
Ctrl + N : New Browser Window
Ctrl + Shift + N : New Incognito Browser Window
Ctrl + P : Print လုပ်
အထွေထွေအမိန့်ပေးကီးများ
Ctrl + Shift+ Esc : Windows Task Manager ကိုဖွင့်
Alt + F4 : လက်ရှိ Window တစ်ခုလုံးကိုပိတ်
Ctrl + F4 : လက်ရှိ Multiple Document Interface (MDI) ကိုပိတ်
Shift + Delete : အပြီးတိုင်ဖျက်သိမ်း
Alt + Enter : Select လုပ်ထားသော File/Folder ၏ Properties ကိုပြသပေး
Microsoft Natural ကီးဘုတ်ကီးများ
Windows Logo : Start Menu
Window Logo + R : Dialog Box ကိုဖွင့်ခြင်း
Window Logo + M : Window အားလုံးကို Minimize လုပ်
Window Logo + Shift + M : Window အားလုံးကို Undo Minimize လုပ်
Window Logo + F1 : Help
Window Logo + E : Window Explorer ကိုဖွင့်
ကဲကျွန်တော့်အနေနဲ့ ပရိတ်သတ်ကြီးအတွက် Windows ကွန်ပျူတာတွေအတွက်အသုံးဝင်နိုင်စေမယ့် Shortcuts ကီးတွေကို သိနိုင်အောင် အတတ်နိုင်ဆုံး စုံစုံလင်လင်တင်ပြထားပေးပြီးပါပြီ။ ဒီ Shortcuts တွေက သင့်ကို လုပ်ငန်းခွင်မှာ ကျောင်းမှာ အများကြီးအထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ တကယ်အသုံးဝင်နိုင်တယ်ဆိုရင်တော့ ဒီ Article ရှိတဲ့ Facebook Post ကို မိမိကိုယ်တိုင်လည်းအချိန်မရွေးပြန်ကြည့်နိုင်အောင်၊ မိတ်ဆွေသူငယ်ချင်းတွေလည်း ဗဟုသုတတိုးပွားနိုင်အောင် Share လုပ်သွားနိုင်ပါတယ်။