28/02/2020
ဟုတ်ကဲ့ပါ
ကျွန်တော်တို့ service သမားတွေကိုအထင်မလွဲစေချင်တာရယ်
ပေးရတာမတန်ဘူးထင်နေတာလေးတွေ တစ်ချို့သောသူတွေမှာ ရှိနေလို့
ဒီ post လေးတင်ရတာပါ
ဘာအကြောင်းလဲဆိုတော့
စမ်းသပ်ခ စစ်ဆေးခ ပါပဲ
ကျွန်တော့်စက်ကလေးဘာဖြစ်မှန်းမသိလို့
စစ်ပေးပါအုံး တဲ့ ဟုတ်ကဲ့ စစ်ပေးပါတယ်
ကျွန်တော့်ဆီမှာမပြင်လည်း စစ်ပေးပါတယ်
စစ်ဆေးတဲ့အခါ ဘယ်ကပျက်တယ်
ဘယ်ကတော့မကောင်းဘူး ဆိုတာ သေချာအောင် စမ်းသပ်ပေးရတာ
ကျွန်တော်တို့တာဝန်ပါ
ကျွန်တော်တို့စစ်ဆေးပြီးတဲ့အခါ
ဘာဖြစ်မှန်းမသိဘူးကနေ ဘာဖြစ်တယ်ဆိုတာ (တိတိကျကျ)သိသွားပါပြီ
မပြင်ပဲပြန်ယူသွားတာလည်း ကျေနပ်တယ်
ပြင်မှာမို့ထားခဲ့လည်းကျေနပ်တယ်
မပြင်ပဲ ယူသွားရင်တော့ စမ်းသပ်ခတောင်းပါတယ်
ပြင်ရင်တော့ ပြင်ခ ပဲယူပါတယ် (စမ်းသပ်ခ) မယူပါဘူး
တစ်ချို့ကမပြင်ပဲစမ်းသပ်ခပေးရတာမတန်ဘူးထင်နေပါတယ်
တန်ပါတယ်ဗျ
ဘာဖြစ်နေမှန်းမသိဘူးကနေ ဘာဖြစ်နေတယ်ဆိုတာသိသွားပါပြီ
အဖြေတစ်ခုရသွားပါပြီ
ဘယ်နေရာကပပျက်နေတာလဲ ဘယ်ပစ္စည်းလဲရမလဲ သေသေချာချာသိသွာဂပပါပပြီ
နောက်ထပ် ဘယ်လောက်ကုန်မလဲ သိပြီ
လဲသင့်သလားမလဲသင့်သလားစဉ်းစားလို့ရပါပြီ
အဲ့တော့ဗျာ တန်ပါတယ်ဗျာ
မတန်ဘူးထင်ရင်တော့ သဘောပါပဲ
ကျွန်တော်တောင်းတဲ့ စမ်းသပ်ခက မြန်မာငွေ ၃၀၀၀ ထဲပါ
မများပါဘူး😃
စာဆုံးအောင်ဖတ်ပေးလို့ကျေးဇူးပါ။