Ei Ei ABlover

Ei Ei ABlover All bill and data များ ဝယ်ယူအားပေးနိုင်ပါပြီ

08/02/2023

ပြတ် သား တတ် သွား တဲ့ မိန်း မ တစ် ယောက်

အရင်ကဆိုလေ … အဲ့ဒီမိန်းမက သိပ်အတာ ။ ခွင့်လွှတ်ပေးလိုက်ရင် တချိန်ကျ အမှားတွေသိလာမှာပါဆိုပြီး အဲ့ဒီ ဖြစ်မလာတော့တဲ့ နေ့တွေကို ထိုင်နေရတွက်နေတတ်တာလေ ။ နားလည်မှုမပေးရင် မပျော်ပဲနေမှာဆိုပြီး ကိုယ်အဆင်မပြေတဲ့အရာတွေကို သူအဆင်ပြေပါစေဆိုတဲ့အတွေးနဲ့ နားလည်မှုတွေပေးခဲ့တာ ။ ဘယ်သူ့ကိုမဆို သိပ်တွယ်တာတတ်ပြီး ဘယ်နေရာမှာမဆို ငါရှိနေမှ ဖြစ်မှာဆိုပြီး ကိုယ့်ကိုကိုယ်ကျမေ့ထားပြီး တစ်လောကလုံး သိပ်စိတ်ပူပေးတတ်တဲ့ မိန်းမပေါ့ ။ အဲ့ဒီမိန်းကလေးက ဘာကြောင့်ပြတ်သားတတ်သွားတာလဲလို့မေးရင် နာတတ်သွားလို့လို့ ဖြေရမှာပေါ့ ။

မျက်ရည်တွေကျနေရုံနဲ့ … ရှင့်ကို မချစ်ချင်တော့ဘူးဆိုပြီး ရေရွှတ်တတ်တဲ့ မိန်းကလေးမဟုတ်ဘူးလေ … နာကျင်စေခဲ့တဲ့ ရက်တွေမှာတောင် ရှင့်ကို ချစ်ပါတယ်ဆိုတဲ့စကားကိုပဲ ထပ်ခါထပ်ခါ ပြောနေမိတာ ။ ရှင်မှ မကြင်နာရင်ဆိုပြီး မတွေးရဲပဲ တစ်ချိန်လုံး နေခဲ့တာ ။ ဘယ်သူမှမလိုပါဘူးဆိုတဲ့အတွေးနဲ့ ကျွန်မသိပ်ချစ်တဲ့ ရှင့်တစ်ယောက်တည်းရဲ့ မျက်နှာကိုပဲ ကြည့်နေခဲ့မိတာ ။ ဒါပေမယ့် မေတ္တာတွေပေးပြီး ပြန်ရလာတဲ့ ဒဏ်ရာတွေက များလာတဲ့အခါ မနာချင်ပါပဲနဲ့ စိတ်တွေက နာတတ်သွားတယ် ထင်ပါတယ် ။

အရင်ကဆိုလေ … တစ်ခုခုဆို ကျွန်မက ရှင်အဆင်ပြေရဲ့လားဆိုတာလောက်ပဲ တွေးပူနေတတ်တာ … ကျွန်မကို အဆင်ပြေရဲ့လားဆိုပြီး မေးဖို့ မေ့နေတဲ့နေ့တွေမှာတောင် အလုပ်များနေတာဖြစ်မှာပါဆိုပြီး ကိုယ့်အတွေးနဲ့ ကိုယ် ရှင့်ကို ကာဗာပေးနေမိတာ ကျွန်မကိုယ်ကျွန်မ ညာနေမိတာလေ ။ ဖုန်းဆက်မလာရင် မျှော်ရတယ် ဒါပေမယ့် ရှင်က မျှော်မှ မမျှော်ခဲ့ဖူးပဲလေ အမြဲတစေကျွန်မက အသင့်ရှိနေခဲ့တာကိုး ညတွေ ရှင်က အိပ်မက်လှလှမက်နေတဲ့အချိန်မှာတောင် ဖုန်းတကြည့်ကြည့်နဲ့ ငုတ်တုတ်ထိုင်နေမိတာကိုး ။

ဒီနှစ်တွေမှာ ငါဘာတွေလုပ်နေမိလဲဆိုတာမတွေးမိခင်အထိတော့ ရှင့်ကို တစ်စိုက်မတ်မတ်ချစ်ခဲ့ပါတယ် ။ ဒါပေမယ့် နေ့တိုင်းရက်တိုင်း မျက်ရည်နဲ့ ဖြတ်သန်းလာရတဲ့အခါ ကျွန်မဘ၀ကို ကျွန်မမုန်းလာမိတယ် ကျွန်မကို ကျွန်မ ဘာလို့လဲဆိုပြီး စိတ်တွေကုန်လာတတ်တယ် ။ အဲ့ဒီနေ့တွေမှာ ရှင်သာရှိနေရင် ကျွန်မ တစ်ယောက်တည်းနေဖို့ ခက်ခဲနေဦးမှာ တစ်ခုခုဆို ကျွန်မ အစအဆုံးရှင့်ကို ပြောပြနေမိဦးမှာ ။ ကျွန်မ တကယ်ပဲ လမ်းတွေပျောက်နေတဲ့ရက်တွေမှာတောင် အဆင်ပြေရဲ့လားဆိုတဲ့ မေးခွန်းလေးတစ်ခုတောင် ရမလာခဲ့ဘူး ။ ကျွန်မ မေတ္တာ ဘယ်လောက်ပဲပေးပေး ပြန်ရလာတဲ့ ဥပေက္ခာတွေက သိပ်ကို အထီးကျန်စရာကောင်းလွန်းတယ် ။ ငါ ဘယ်သူ့ကို ပြောပြရမလဲဆိုပြီး ငေးကြည့်မိတော့ တစ်လောကလုံးမှာ ရှင်တစ်ယောက်တည်း ရှိသလိုမျိုး ရူးမိုက်ခဲ့ခြင်းတွေကြောင့် ကျွန်မနား ဘယ်သူမှ ရှိမနေခဲ့တော့ဘူးလေ ။ အဲ့ဒီရက်တွေမှာ ကျွန်မသာ ကိုယ့်စိတ်နဲ့ ကိုယ်သာဆိုရင် ဘာဖြစ်သွားမလဲ တကယ် မသေချာဘူး ။

မျက်ရည်တွေကျရလို့ စိတ်ပျက်တတ်သွားတာမဟုတ်ဘူးနော် ရှင်ရဲ့ … ကျနေမိတဲ့မျက်ရည်တွေ အများကြီးကို နည်းနည်းလေးမှ ဂရုစိုက်မခံရတဲ့ရက်တွေမှာ ငါငိုနေလဲ ဘာထူးမှာလဲဆိုပြီး တွေးတတ်လာတာ ။ ငါပြောပြနေလဲ နားလည်ပေးတာမှ မဟုတ်တာဆိုတဲ့ အတွေးတွေဝင်လာတဲ့အခါ စကားတွေကျဲသွားခဲ့တာ ။ ထင်မှာပေါ့ … အရင်လိုဟုတ်မနေတော့ဘူးဆိုပြီး ထင်လိမ့်မယ် အရင်လိုမဟုတ်တော့အောင် ရှင်ကိုယ်တိုင်ပဲ သင်ပေးခဲ့တာပါ ။ အရင်လိုပဲ ရပ်နေရင်း အရင်အတိုင်းပဲ နာကျင်နေရတဲ့ဘ၀မှာ နေရမှာပေါ့ မဟုတ်ဘူးလား …

ချစ်ခြင်းမေတ္တာဆိုတာ တစ်ခါတစ်လေတော့ အပြန်အလှန်ရှိဖို့ သင့်ပါရဲ့ ။ ကိုယ်ကပဲချစ် ကိုယ်ကပဲ နားလည် ကိုယ်ကပဲ ရပ်စောင့်နေရင်း ကိုယ်ပဲ ကျန်ရစ်နေရမယ့်အဖြစ်တွေကို တွေးကြည့်တိုင်း စိတ်ကုန်နေခဲ့မိတာ ။ စိတ်ကုန်နေမိတဲ့အချိန်တောင် ချစ်တဲ့စိတ်ကလေးနဲ့ ရပ်စောင့်နေခဲ့သေးတယ်နော် ဒါပေမယ့် အဲ့ဒီရက်တွေမှာ ကျွန်မတစ်ယောက်တည်း ရှင်သန်ခဲ့ရတာလေ ။ တစ်ယောက်တည်း ရှင်သန်တတ်သွားတဲ့ မိန်းမတစ်ယောက်ရဲ့ ဘ၀မှာ ဘာလို့ တခြားတစ်ယောက်ထပ်လိုတော့မှာလဲ ဘာလို့ ဒဏ်ရာတွေကို မျက်ရည်တွေန့ ရင်းပြီး ဝယ်နေတော့မှာလဲ အများကြီး ငိုပြီးသွားတဲ့အခါ မျက်ရည်တွေကြားက ပြုံးတတ်လာခဲ့ပြီဖြစ်သလို ကျွန်မလဲ ပြတ်သားတတ်လာပါပြီ ။

#ကျေးကို

18/01/2023

ဘယ်လောက်ထိပဲ အဆင်မပြေမပြေ
ခင်ဗျားအသံကြားရတာနဲ့ အလိုလိုပြုံးမိတဲ့သူပါ။

ကြမ်းတယ်ဆိုတဲ့ လောကဓံကြားမှာ
ခင်ဗျားအပြုံးတွေကြောင့် နေ့ရက်တိုင်းကို အဆင်ပြေပြေဖြတ်သန်းနိုင်ခဲ့တာပါ။

မနက်ဖြန်ဆိုတာ ဘာဖြစ်မယ်မှန်းမသိတဲ့လောကကြီးမှာ အနွေးထွေးဆုံးသော မေတ္တာတရားများကို ခင်ဗျားကိုပဲ ပေးပါရစေ။

အေးပါတယ်ဆိုတဲ့ ဆောင်း ရာသီမှာတောင် ခင်ဗျားအကြောင်းတွေးရုံနဲ့ အနွေးဓါတ်ပြည့်နေသူပါ။

တစ်ချို့သူတွေ အနိုင်ကျင့်တယ်လို့ ခံစားရတဲ့အခါ ခင်ဗျားကို အရင်ဆုံး အားကိုးတကြီးတိုင်ပြောချင်တာ။

ငွေကြေးဥစ္စာ မပြည့်စုံပေမဲ့
ခင်ဗျားသာ အနားမှာရှိရင် အရာရာပြည့်စုံပါပြီ။

#သဟာဆွေလှိုင်း

18/01/2023
16/01/2023

တကယ်လို့များ သင်ဟာ တစ်ယောက်ယောက်နဲ့ လမ်းခွဲတော့မယ်ဆိုရင် ပထမဆုံးအချက်က ဘာကို စဉ်းစားမိလဲ?
ဘယ်လိုလမ်းခွဲရမလဲ၊ဘယ်လိုစပြောရမလဲ၊ ဘယ်လို ပြောရင် သူ့ဘက်က စိတ်သက်သာမလဲဆိုတာ စဉ်းစားကြပါတယ်(ဒါက အတတ်နိုင်ဆုံး တစ်ဖက်သားအပေါ် သမားညှာတာစိတ်ရှိသေးတဲ့ လူတွေပဲတွေးကြတာပါ)

သနားညှာတာစိတ်မရှိတော့တဲ့လူ၊အစတည်းကလည်းတစ်ဖက်သားကိုတကယ်တမ်း စိတ်ရင်းမမှန်ခဲ့တဲ့လူကတော့ လမ်းခွဲစကားပြောဖို့တောင် မစဉ်းစားပါဘူး၊ရုတ်တရတ်အဆက်ဖြတ်ခြင်းဆိုတာတွေလုပ်မှာပါ(အဲ့ဒါမျိုးမလုပ်ပါနဲ့နော် သိပ်ဆိုးပါတယ်။)

ဘယ်လိုလမ်းခွဲကြမလဲ ။

သင့်ဘက်ကစပြီး လမ်းခွဲချင်တယ်ဆိုတာလည်း ဆက်ဆံရေးတစ်ခုကို ဒီမှာပဲရပ်တန့်ချင်တယ်၊ငါတို့က မကိုက်ညီလို့ ကိုယ့်လမ်းကို ဆက်သွားကြပါစို့ ဆိုတာပါပဲ ဒီထက့်အများကြီးပိုမတွေးပါနဲ့။သို့ပေမယ့် စတင်တုန်းကလည်း နှစ်ဦးသဘောတူစတင်ခဲ့တာဖြစ်လို့ အဆုံးသတ်တဲ့အခါလည်း နှစ်ဦးသဘောတူ ဖြစ်ရပါမယ်။ဒါကြောင့် တစ်ဖက်လူကို သတိပေးပြောပြဖို့လိုပါတယ် ။ထိုအခါတွင်လည်း နင့်အပြစ်ကြောင့်၊နင့်ကဘာလိုအပ်နေလို့၊နင်ကဘာဖြစ်လို့ဆိုတာတွေမပြောပါနဲ့တော့ သင်တို့ကမကိုက်ညီကြရုံပါ။ ဒါကြောင့် မကိုက်ညီကြောင်းပဲ ပြောပြပါ ။ ကိုယ်ကလမ်းခွဲချင်တာ တစ်ဖက်လူအပြစ်ရှာလိုက်ခြင်းက တစ်ဖက်သားကို တစ်ဘဝစာ စိတ်ဒဏ်ရာပေးမိသည်အထိ ဖြစ်သွားစေနိုင်ပါတယ် ။ ဒါကြောင့် လမ်းခွဲရာမှာဘယ်တော့မှ အပြစ်ရှာခြင်းတွေမလုပ်ပါနဲ့။ ငါတို့နှစ်ယောက်ဟာ မကိုက်ညီကြောင်း၊ရှေ့ဆက်ဖို့ရာ မဖြစ်ကြောင်းပဲ ပြောပါ၊(မချစ်တော့တဲ့အခါလည်းမချစ်တော့ဘူး၊ဒီအတွက်လည်းတောင်းပန်ကြောင်း)လမ်းခွဲတဲ့အခါ ကိုယ့်စိတ်လုံခြုံစေမှုအတွက်တစ်ဖက်လူကို အပြစ်မတင်ပါနဲ့၊ တစ်ယောက်ယောက်ကိုအပြစ်တင်မှအဆင်ပြေမယ်ဆိုရင် မိမိဘက်ကိုပဲ အပြစ်လုပ်ပေးလိုက်ပါ ။

အကြောင်းပြချက်မပေးဘဲ လမ်းခွဲခြင်းဟာ ရိုင်းပြပါတယ်။ ငယ်စဉ်ဘဝကတော့ကျွန်တော်တို့လည်းဒါမျိုးလုပ်ဖူးမယ်ထင်ပါတယ်။အဓိကကတော့ ပြောမထွက်လို့ ၊မပြောချင်လို့ စတဲ့အကြောင်းပြချက်အမျိုးမျိုးနဲ့ပေါ့ အရွယ်လေးရလို့ ဆင်ခြင်တတ်မှသိရတယ် ။ ဒါဟာတော်တော်ကို ယဉ်ကျေးမှုမရှိတဲ့ လုပ်ရပ်ပါလား ဆိုတာ ကိုပေါ့ ။ တစ်ဖက်လူက ကိုယ်ထုတ်မပြောဘဲ လမ်းခွဲချင်တယ်ဆိုတာကို သိမှာမှမဟုတ်တာ၊ပြီးတော့ဘယ်လိုပဲဖြစ်စေ လမ်းခွဲခံရတယ်ဆိုအကြောင်းပြချက်တစ်ခုခုတော့လိုချင်ကြတာပေါ့ အဲ့အရာကိုမသိရတဲ့အခါ တစ်ဖက်က ဗျာတွေများနေရော ငါပဲမှားလား၊သူပဲမှားလားပေါ့။ဒါကြောင့် တစ်စုံတစ်ယောက်နဲ့လမ်းခွဲတဲ့အခါ အမှိုက်တစ်ခုကိုပစ်ချသလိုမျိုး လက်လွှတ်စပယ် မစွန့်ပစ်ပါနဲ့ ။ အပြန်အလှန်လေးစားမှုရှိစွာကောင်းမွန်ရင့်ကျက်စွာ လမ်းခွဲပါ ။

(ခြုံငုံပြီးရေးရတဲ့ဖြစ်တဲ့အတွက် လမ်းခွဲမှုတိုင်း
အတွက်တော့ ကိုက်ညီနိုင်မှ ကိုက်ညီပါလိမ့်မယ် )

စာအုပ်ဝယ်ယူရရှိနိုင်သောဆိုင်များ

https://www.facebook.com/100023970820816/posts/1152534082222275/

16/01/2023

ကျန်ခဲ့တာလား
ချန်ခဲ့တာလား
ကိုယ်တိုင်တောင် ဝေခွဲမရခင်လေးမှာပဲ
တဖြည်းဖြည်း ငါတို့ ဝေးသွားလိုက်ကြတာ
ကမ္ဘာခြားသွားသလိုပါပဲ

မြဲလှပြီထင်တဲ့ သံယောဇဉ်ကြိုး
နှစ်ဖက်လုံး ဆွဲထားလည်း တင်းလွန်းရင် ပြတ်တာပါပဲလေ

ဒါတင်ပဲ မဟုတ်ပါဘူး
တစ်ဖက်က မဆွဲဘဲ လွှတ်ချပြန်ရင်လည်း
ကျန်တစ်ဖက် အားနဲ့ဆွဲရင် ပက်လက်လန်ရတာပဲလေ…

ချည်ပြီး မြဲနေလည်း
တစ်ဖက်က
ချစ်လို့ ချည်တယ်ပဲ မြင်ရင်တော်တယ်
ချုပ်နှောင်တယ်ထင်ရင် ပိုခက်လိမ့်မယ်

ချစ်စက ရစ်နှောင်တာ ကြိုက်သလောက်
အချိန်ကြာလာတာနဲ့အမျှ
တွယ်တာတာကို အပြစ်ရှာလာတဲ့အခါ
ရစ်နှောင်ဖွဲ့တဲ့သူကိုပဲ အပြစ်မဆိုပါနဲ့

မင်းသာ အစက တွယ်ရစ်ခွင့် မပေးခဲ့ရင်
ငါလည်း
အချိန်ကြာလာတာနဲ့အမျှ
ခိုင်ခိုင်မြဲမြဲ
ခုလို ငြိတွယ်မှာ မဟုတ်ခဲ့ပါဘူးကွယ်….။

ဆြာချစ်
(၂၀၂၃ ဇန်နဝါရီ ၁၅)

15/01/2023

ကြာတော့သည်လည်း မောင့်စကား -ဂျူး

လောကမှာ ယောင်္ကျားတွေက အချစ်နဲ့ပတ်သတ်လာရင် ပုံစံနှစ်မျိုးရှိကြတယ်၊ တစ်ခုက ကိုယ်ချစ်နဲ့လူကို ပိုင်ဆိုင်ဖို့မတွန့်မဆုတ်ကြိုးစားတတ်တဲ့လူနဲ့ ကိုယ်က ချစ်ပေမဲ့လည်း ပိုင်ဆိုင်ဖို့မကြိုးစားတတ်လူဆိုပြီးတော့ပေါ့...။


နန္ဒ - သူက ပထမအမျိုးစားထဲကယောင်္ကျားတစ်ယောက် သူဘာလိုချင်လဲဆိုတာကို သူသိတယ် ပြီးတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့ယောင်္ကျားတစ်ယောက် ပြောရရင် ကိုယ်လိုချင်တာကိုရအောင်ကြိုးစားတတ်တဲ့လူတယောက်..။

ဖြိုးကျော် - သူကကြတော့ ဒုတိယအမျိုးစားထဲကတယောက် သူက ဇော့်ကို ငယ်ငယ်လေးကတည်းက‌နေ ဘေးမှာနေပြီး ဇော်လိုအပ်တာမှန်သမျှဖြည့်ဆည်းပေးပြီး အရိပ်တကြည့်ကြည့်ချစ်လာခဲ့တဲ့လူတစ်ယောက်ဖြစ်ပေမဲ့ ဇော်ဟာ သူထက်သာတဲ့လူနဲ့ထိုက်တန်တယ်လို့အမြဲထင်မှတ်နေပြီး ဇော့်ကို ပိုင်ဆိုင်ဖို့မကြိုးစားတတ်တဲ့ ယောင်္ကျားတယောက်

‌တင်တင်ဇော် - သူမကိုယ်တိုင်က ဘာကိုလိုချင်မှန်းမသိ ဆုံးဖြတ်ချက်ကိုပြတ်သားစွာမချနိုင်ခဲ့တဲ့မိန်းက‌လေးအထူးသဖြင့် သူမကို ငယ်ငယ်လေးကတည်းက သံယောဇဉ်ကြီးစွာ ချစ်လာခဲ့တဲ့ဖြိုးကို မှတစ်သက်လုံး သူမနဲ့မထိုက်တန်ဘူးဆိုတဲ့အတွေးမျိုး၀င်အောင်သွားအောင် စကားကိုလက်လွတ်စပယ်ပြောထွက်ခဲ့တဲ့သူမ နောက်ဆုံးအချိန်ထိ သူမဟာ မှန်ကန်တဲ့ရွေးချယ်မှုတခုတောင်မလုပ်နိုင်ခဲ့တဲ့သူမ


ဒီစာအုပ်ကို ကျွန်တော့်အနေနဲ့ပြောရမယ်ဆိုရင် ကျွန်တော် ဖြိုးကျော်ကို ဇော်နဲ့မညားစေချင်ပါဘူး ဘာလို့လဲဆိုတော့ ဇော်က ဖြိုးနဲ့ မထိုက်တန်တာပါ
( ဖြိုးက ဇော်နဲ့မထိုက်တန်တာမဟုတ်ဘူးနော် )
သူမကို ဘေးမှာ‌ငယ်ငယ်လေးကတည်းကနေ အရိပ်တကြည့်ကြည့်ချစ်လာခဲ့တဲ့ လူကိုမှ " ငါက ငါထက်ပညာတော်တဲ့ လူကိုပဲရွေးချယ်မှာ " ဆိုတဲ့စကားနဲ့ တစ်သက်လုံး ဖြိုးကို သိမ်ငယ်စိတ်၀င်အောင်ပြောခဲ့တယ် အဲစကားကို ဇော်ကတချိန်မှာ ပြန်ပြီး ဖြိုးကိုရှင်းပြခဲ့ပေမဲ့ နောက်ကျသွားခဲ့ပါပြီ အဲစကားက ဖြိုးရဲ့စိတ်ထဲမှာ အမြစ်တခုလိုတွယ်နေခဲ့ပြီလေ
ပြီးတော့ ကျွန်တော်စိတ်အချဉ်ပေါက်စရာဇာတ်ကောင်ဖြစ်တဲ့ နန္ဒ အဲဘဲက တော်တော်စိတ်ကြီး၀င်တဲ့ယောင်္ကျားတယောက်ဖြစ်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်ချက်အပြည့်ရှိတဲ့ယောက်ျားတယောက်လို့ပြောရမယ်
သူလည်းဇော့်ကို ချစ်ပေမဲ့ ကျွန်တော်အမြင်ပြောရရင် ဖြိုးရဲ့အချစ်ကိုတော့မမှီဘူးလို့ပြောရမယ်
ဘာကြောင့်မမှီနိုင်တာလဲနဲ့ နောက်ဆုံး ဇော်ကရော ဘယ်သူ့ကိုရွေးချယ်ခဲ့လဲဆိုတာ ဒီစာအုပ်ကိုဖတ်ကြည့်ဖို့တိုက်လိုက်ပါတယ်။

ဒီစာအုပ်က ဂျူးရဲ့ စာအုပ်ဖြစ်တာကြောင့် ဒီစာအုပ်ထဲက စကားလုံးတချို့က ကျွန်တော်တို့အမျိုးသားထုကို နည်းနည်းလောက်ဖဲ့ထားတဲ့စကားလုံးတချို့ပါပေမဲ့ စာအုပ်က ၀ယ်ရတာနဲ့ ဖတ်ရတာတော်တော်တန်လွန်းတဲ့စာအုပ်တစ်အုပ်ပါလို့ ပြောပါရစေ
(စာအုပ်ကထူနေပေမဲ့လည်း ပျင်းစရာကောင်းတဲ့အမျိုးအစားထဲမှာ မပါပါဘူး )

ပြီးတော့ကျွန်တော်ဒီစာအုပ်ကိုဖတ်ပြီး ရလာတဲ့အသိတခုတော့ရှိပါတယ် အဲဒါက လောကမှာ ဇော့်လိုမိန်းကလေးတွေတော်တော်များများရှိပါလားလို့ ဘာလို့လဲဆိုတော့ သူတို့က ရွေးချယ်စရာခက်ခဲနေတဲ့အရာနှစ်ခုထဲက တစ်ခုကိုစိတ်ပျက်သားစွာမရွေးချယ်နိုင်ရုံသာမက လောဘကြီးစွာ နှစ်ခုလုံးလိုချင်နေကြတယ်လေ။

----
စာအုပ်ကောင်းတစ်အုပ်မို့ ကိုယ်တိုင်ဖတ်ကြည့်ဖို့ ညွှန်းပါရစေ ❤🌿

---
Review by-Tun Lin Khine
(ခွင့်ပြုချက်ယူပြီး)
--------

စာအုပ်တန်ဖိုး-5000ကျပ်
စာအုပ်ကို သဘောကျဖတ်ရှုလို၍မှာယူလိုပါက
Page cbတွင် မှာယူနိုင်ပါတယ်💌

ဆရာမဂျူး စာအုပ်အစုံကို ဒီမှာကြည့်မယ်❣👇
https://m.facebook.com/story.php?story_fbid=1195034347748953&id=229759750943089&mibextid=Nif5oz

#ဂျူး
#ကြာတော့သည်လည်းမောင့်စကား

14/01/2023

ကျွန်မနေရာကို ဝင်ကြည့်ပေးပါ...

နာကျင်နေတာပါလို့ မအော်ချင်တော့လို့ အဆင်ပြေပါတယ်လို့ ဖြေနေပေမယ့်လေ နည်းနည်းလေးတော့ စာနာစေချင်သေးတယ် ။ ကျွန်မ ဘာဖြစ်နေသလဲဆိုတာကိုတော့ သိစေချင်သေးတယ် ။

ဒီနေရာမှာ ငါမရှိရင် မဖြစ်ပါဘူးဆိုတဲ့ စိတ်နဲ့ တွယ်တာနေခဲ့မိတာက နောက်ဆုံကျတော့ လူပိုကြီး တစ်ယောက်လို အဆုံးသတ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ ။ ကိုယ် ပုခုံးထမ်းတင်ပေးလိုက်တဲ့ အတောင်ပံတွေက အမြင့်ရောက်သွားမှ ကိုယ့်ကို မထီလေးစားလုပ်လိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ ။

အိပ်မက်တွေ အများကြီးရှိခဲ့ဖူးတာပေါ့... မျှော်လင့်ချက်တွေ အများကြီးထားခဲ့ဖူးတာပေါ့... ဖြစ်ချင်ခဲ့တာတွေလဲ အများကြီးပေါ့ ။ ဒါပေမယ့် ဖြစ်သင့်တာတွေနဲ့ ယှဥ်လာတဲ့အခါ ကိုယ်ဖြစ်ချင်ခဲ့တာတွေကို ကိုယ်ကိုယ်တိုင် ချိုးနှိမ်ပြီး ဘာမှ မဖြစ်ပါဘူးဆိုတဲ့ စကားလေး သုံးခဲ့ရတာပါပဲ ။

ငါမရှိတော့ရင်လို့ တွေးမိပြီး... တွယ်ကပ်နေမိတဲ့ ကိုယ်က တစ်ခါတစ်လေကျတော့ ဟိုးအဝေးကြီးက လူတွေလောက် လွမ်းစရာကောင်းမနေတတ်ဘူးလေ ။ လူတွေက မရှိတဲ့အရာကို ​အမြဲတမ်းတောင့်တနေပြီး အမြဲတမ်းရနေတာတွေကိုကျ တန်ဖိုးထားရကောင်းမှန်း တကယ်ကို နားမလည်ကြဘူး ။

ကျွန်မ နေရာကို ခဏလောက် ဝင်ကြည့်ပေးပါ ။ ခကိုယ်ကိုယ်တိုင်မက်ပြီး ကိုယ်ကိုယ်တိုင်ဖျက်ခဲ့တဲ့ အိပ်မက်တွေမှာလေ မျက်ရည်တွေမှ အများကြီးပါတယ် ။ ငါ ပြောလိုက်ရင် အဆင်ပြေမှ ပြေပါ့မလားဆိုတဲ့ အတွေးနဲ့ မြိုသိပ်လိုက်ခြင်းတွေမှာ ကိုယ့်ကြောင့်ခက်ခဲသွားမှာစိုးတဲ့ ငဲ့ညှာမှုတွေ ပါတယ် ။

ဘာများအသုံးကျလို့လဲဆိုတဲ့ စကားတွေ အပြောခံနေရတဲ့ ကျွန်မကလေ တချိန်တုန်းက ကိုယ်လုပ်နိုင်တဲ့အရာတွေအားလုံးကို ဒီနေရာမှာပဲ အချိန်တွေ ဖြုန်းခဲ့မိတာပါ ။

တချို့အရာတွေက ပေးလိုက်ရတာနဲ့ ပြန်ရတာတွေက တကယ်ကို မတန်ပါဘူး ။ ကျွန်မ နေရာကိုတော့ ဝင်ကြည့်စေချင်သေးတယ် ။ တစ်ရက်လောက်ဖြစ်ဖြစ် ပျော်ပါတယ်ဆိုတဲ့ စကားလုံးကိူ သုံးပြီး ကိုယ့်ကိုယ်ကိုယ် အားမလို အားမရခြင်းတွေမှ အများကြီးပါ ။ ဘာများအသုံးကျလို့လဲ ကျွန်မက ဘာကြောင့် ဒီနေရာမှာပဲ ရပ်နေရတယ်ဆိုတာ တချို့ကို သိစေချင်သေးတယ် ။

တစ်ရက်လောက်ပဲ ဖြစ်ဖြစ် ကျွန်မနေရာကို ဝင်ကြည့်ပေးပါ ချိုးနှိမ်ပစ်ခဲ့တဲ့ အိပ်မက်တွေကို ပြန်ရှာကြည့်ပေးပါ ။ မြိုသိပ်ခဲ့ရတဲ့ စကားလုံးတွေကို ရေတွက်ကြည့်ပါ ။ ဒီနေရာမှာ ငါမရှိတော့ရင် အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်စိတ်လေးကို ဖျောက်ခဲ့ပေးပါ ။ ပြီးတော့မှ ကျွန်မကို အပြစ်တင်ပါ ။

အသုံးမကျလိုက်တာပဲ ဖြစ်ဖြစ် ၊ တခြားတစ်ယောက်နဲ့ ယှဥ်ပြီးပဲ ဖြစ်ဖြစ်ပေါ့။

#ကျေးကို

12/01/2023

အချိန်တန်တော့လည်း ပြီးသွားတာပဲနော်

တညလုံး ငိုခဲ့ရတဲ့ ညတွေ ..
သတိရစိတ်ကို မထိန်းချုပ်နိုင်လို့
အရူးလို ဖုန်းခေါ်ခဲ့ဖူးတာတွေ ..
မထားခဲ့ပါနဲ့ တောင်းပန်ဖူးတာတွေ ..
နှစ်ယောက်တွဲလည်း လက်ခံပါတယ်
မဖြတ်ပါနဲ့နော် ဆိုပြီး အောက်ကျခံဖူးတာတွေ ..

ဒီအချိန်ပြန်တွေးမိတော့
ငါ တော်တော် ရူးခဲ့တာပဲ လို့ ရယ်မိတယ် ။

အလုပ်လုပ်နေရင်း မျက်ရည်ကျလာလို့
Toliet ထဲ သွားငိုခဲ့ဖူးတယ် ။

တလုံးငိုထားတော့ မျက်စိ ယောင်နေလို့
ခွင့်ယူခဲ့ရဖူးတယ် ။

နာကျင်ရလွန်းလို့ သေသွားရင်ကောင်းမယ် တွေးပြီး
အိပ်ဆေးတွေ သောက်ဖူးတယ် ။

မကိုင်ချင်တဲ့ ဖုန်းကို ဆက်တိုက်ခေါ်ဖူးတယ်
မဖတ်ချင်သူဆီ စာတွေ အများကြီးရေးပို့ရင်း
အသနားခံဖူးတယ် ။

အခုပြန်‌တွေးကြည့်တော့ အတိတ်တစ်ခုပဲနော်
မနာကျင်ရဘူး
မခံစားရဘူး
ကိုယ့်အဖြစ်ကို ရယ်မိတယ် ။

အားရအောင်ငိုပြီးရင်
စိတ်နာအောင်လေ့ကျင့်လိုက်တယ်
အဲ့ဒီအချိန်က ခွန်အားအပြည့်ဆုံးပဲ
ကြိုးစားလို့အကောင်းဆုံး အချိန်ပဲ ။

ငါ့ကို ချန်ထားခဲ့တဲ့ နင်
နောင်တ ရစေရမယ် ဆိုတဲ့ စိတ်နဲ့ အလူးအလဲထပြီး
ရုန်းခဲ့တာ ။

အခု သူတို့ နောင်တ ရလား မရလား မသိဘူး
သိလည်း မသိချင်ဘူး
ကိုယ်က ကိုယ်လမ်းကြောင်းနဲ့ကိုယ်
နေရာတစ်ခုရောက်နေပြီမို့
သူတို့ကို လိုက်မစုံစမ်းဘူး ။
မုန်းလည်း မမုန်းဘူး ။
သူတို့နဲ့ ပတ်သတ်ခဲ့သမျှကို အတိတ်မှာပဲ ထားတတ်ခဲ့ပြီ ။

အကြောင်းတိုက်ဆိုင်လာရင်တောင်
သူတို့ကို အပြစ်မမြင်တဲ့အပြင် ကျေးဇူးတင်မိတယ်
နောက်...
ကိုယ့်အဖြစ်ကိုလည်း ရယ်ချင်မိတယ်
အဲ့လောက် ရူးခဲ့ရသလား ‌ဆိုပြီးပေါ့ ။

#သက်ထားခင်(THK)
#အချိန်ကကုစားပေးသွားမှာ
Jan7,2022
Photo - Pinterest

Address

Pyawbwe

Telephone

+959755595007

Website

Alerts

Be the first to know and let us send you an email when Ei Ei ABlover posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ei Ei ABlover:

Share