24/08/2022
ကိုယ်တိုင်က Digital Learning ဘက်ကို ပြောင်းဖြစ်မှာလားလို့ မေးရမဲ့ အချိန်မဟုတ်တော့ပါဘူး ..
"ဘယ်တော့ ပြောင်းမှာလဲ" "ဘယ်လို ပုံစံပြောင်းမှာလဲ" "ဘယ်လောက် Invest လုပ်မှာလဲ" ဆိုတာတွေကို ကိုယ့်ကိုယ်ကို ပြန်မေးရမဲ့ အချိန်ကာလကို ရောက်နေပါပြီ ..
လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့် စာသင်ကျောင်းတွေ ၊ သင်တန်းကျောင်းတွေ ရပ်နားထားရပေမယ့် တိုးတက်လာတဲ့ နည်းပညာရဲ့ အကူအညီကြောင့် ကျောင်းသားတွေအနေနဲ့ လေ့လာမှုတွေကို နှောင့်နှေးမသွားစေပဲ ဆက်လက်လေ့လာနိုင်နေဆဲပဲ ဖြစ်ပါတယ်။ ဒီလို စဉ်ဆက်မပျက် လေ့လာနိုင်တဲ့ အဓိက အကြောင်းအရင်းကတော့ Digital - Learning ကို အသုံးပြုပြီး သင်ကြားမှု ၊ သင်ယူမှုတွေ ပြုလုပ်လာလို့ပဲ ဖြစ်ပါတယ်… ⭐
⠀
💎 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 ဆိုတာ…⠀
ခေတ်မီနည်းပညာနဲ့ Electronic Device တွေကို အသုံးပြုပြီး သင်ယူမှု ပြုလုပ်နိုင်စေတာ ဖြစ်ပါတယ်။ဒီလို သင်ယူမှု ပြုလုပ်နိုင်ခြင်းကို Technology Enhanced Learning (TEL)၊ Digital Learning (သို့) E-Learning လို့လည်း လူသိများပါတယ်။ တစ်နည်းအားဖြင့် အမြဲတမ်း အသုံးပြုလေ့ရှိတဲ့ Computer , Mobile Phone တို့မှာ Internet ရှိနေရုံနဲ့ နေရာဒေသမရွေး အလွယ်တကူ သင်ကြားမှု ၊ သင်ယူမှုတွေ ပြုလုပ်နိုင်တာကို ဆိုလိုတာ ဖြစ်ပါတယ်။⠀
⠀
⠀
ဒီလို Digital Learning ကနေ သင်ယူလာနိုင်တာကြောင့် ကျောင်းသားတွေအတွက် ဘာသာရပ်တစ်ခုကိုလေ့လာနိုင်ဖို့ သီးသန့် အချိန် ၊ သွားလာရတဲ့နေရာ ၊ သင်ယူမှုလမ်းကြောင်း စတာတွေကိုပါ ကိုယ်တိုင် Control လုပ်ပြီး သင်ယူလာနိုင်စေပါတယ်။ ဒီအချက်တွေ အပြင် Digital Learning ကနေ သင်ယူလာနိုင်ခြင်းကြောင့် ရရှိနိုင်တဲ့ အခြားသော အကျိုးကျေးဇူးများစွာကိုပါ ဖော်ပြပေးလိုက်ပါတယ်။ ⬇️⬇️⬇️
⠀
💠 𝐈𝐧𝐝𝐢𝐯𝐢𝐝𝐮𝐚𝐥𝐢𝐳𝐞𝐝 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞:⠀
စာသင်ခန်းတွေမှာ သင်ယူတဲ့အခါ ကြုံတွေ့ရလေ့ ရှိတဲ့ အဓိက အားနည်းချက်က လူအများနဲ့သင်ယူရတဲ့အတွက် ကိုယ်တိုင်လိုက်မမှီတဲ့ သင်ခန်းစာတွေကို နားလည်သည်အထိ မသင်ယူနိုင်ပဲ ပြီးဆုံးသွားတာပါ။ ကိုယ်တိုင် နားမလည်တော့တာကြောင့် ဒီသင်ခန်းစာမှာ စိတ်ဝင်စားမှု အားနည်းလာတာ ၊ မသင်ချင်တော့တာ မျိုးတွေ ရှိလာတက်ကြပါတယ်။ Digital - Learning မှာဆိုရင်တော့ ကျောင်းသားအနေနဲ့ရော ၊ ဆရာဆရာမတွေအနေနဲ့ပါ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ တက်မြောက်မှု ၊ သင်ယူနိုင်မှုတွေကို သိလာစေပါတယ်။ ဒါ့အပြင် ကျောင်းသားတစ်ယောက်ချင်းစီရဲ့ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး လေ့လာမှု ပုံစံတွေကို ပြောင်းလဲ သင်ကြားနိုင်စေမှာ ဖြစ်ပါတယ်။⠀
⠀
💠 𝐔𝐧𝐥𝐢𝐦𝐢𝐭𝐞𝐝 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧: ⠀
စာသင်ခန်းထဲက သင်ကြားမှုမဟုတ်တဲ့အတွက် ဆရာပြောသလောက် အချက်အလက်ကိုသာ သိနိုင်တာ မဟုတ်ဘဲ ကိုယ်တိုင် လေ့လာစူးစမ်းနိုင်လာမှာ ဖြစ်ပါတယ်။ ဆရာအနေနဲ့ကလည်း အသေးစိတ်တစ်ခုချင်း ရှင်းပြစရာမလိုတော့ဘဲ ကျောင်းသားတွေကို လေ့လာနိုင်မယ့် Website ၊ ဘယ်လိုပုံစံ လေ့လာမှတ်သားနိုင်မယ်ဆိုတာကို Guide လုပ်ပေးရုံသာလိုအပ်လာပါတယ် ။ ကျောင်းသားတွေအတွက်လည်း ကိုယ်လိုချင်တာ ၊ သိချင်တာ စတဲ့ အချက်အလက်မှန်သမျှကို အကန့်အသတ်မရှိ ရှာဖွေလေ့လာနိုင်မှာပဲ ဖြစ်ပါတယ်။⠀
⠀
⠀
💠 𝐒𝐦𝐚𝐫𝐭 𝐂𝐥𝐚𝐬𝐬𝐫𝐨𝐨𝐦𝐬:⠀
မြေဖြူခဲနဲ့ သင်ကြားခြင်းက လက်ရှိအချိန်နဲ့ ယှဉ်လိုက်ရင် ယခင်ကအရာတစ်ခု ဖြစ်နေပြီဖြစ်ပြီး သင်ယူမှုပြုလုပ်ရတာ ဆန်းသစ်ပြီး ပျော်စရာကောင်းတယ်ဆိုတာ ကျောင်းသားတွေ နားလည်စေဖို့အတွက် Digital စနစ်များကို ပိုမိုအသုံးပြုလာကြတာကို တွေ့မြင်နိုင့်ပါတယ်။ လက်ရှိစာသင်ခန်း တချို့မှာဆိုရင်လည်း Projector ၊ Laptop စတာတွေကို အသုံးပြုသင်ကြားလာနေကြပါပြီ။ စာသင်ခန်းစာတွေမှာ ဒီလို Digital နည်းပညာ အကူအညီနဲ့ပါ ယှဉ်တွဲသင်ယူလာနိုင်တာကြောင့် ကျောင်းသားတွေ သင်ခန်းစာပေါ်မှာ အာရုံစူးစိုက်မှု နည်းပါးလာတာတွေ ကိုပါ လျော့နည်းလာစေပြီး Smart Classroom တစ်ခု ဖြစ်လာစေမှာ အမှန်ပါပဲ။⠀
⠀
⠀
💠 𝐃𝐢𝐠𝐢𝐭𝐚𝐥𝐥𝐲 𝐔𝐩𝐝𝐚𝐭𝐞𝐝:⠀
အမြဲတိုးတက်ပြောင်းလဲနေတဲ့ Digital ခေတ်မှာ သင်ယူနေတဲ့ သင်ခန်းစာတွေက အမြဲ Out of Date ဖြစ်သွားတက်ပါတယ်။ ယခုအခါမှာ Digital-Learning နဲ့ ပြောင်းလဲ သင်ယူနိုင်ခြင်းကြောင့် အမြဲ Up to Date ဖြစ်နေတဲ့ အကြောင်းအရာတွေ ကို စဉ်ဆက်မပျက်လေ့လာနိုင်အောင် စီစဉ်ဆောင်ရွက်ပေးလာနိုင်တာပဲ ဖြစ်ပါတယ်။ ကျောင်းသားတွေအနေနဲ့လည်း Up to Date ဖြစ်နေတဲ့အကြောင်းအရာတွေကို အချိန်နဲ့တပြေးညီ သင်ယူလာနိုင်တဲ့အပြင် တိုးတက်လာတဲ့ နည်းပညာနဲ့လည်း စိမ်းနေမှာ မဟုတ်တော့ပါဘူး။ ⠀
⠀
⠀
💠 𝐄𝐚𝐬𝐞 𝐨𝐟 𝐒𝐡𝐚𝐫𝐢𝐧𝐠:⠀
လက်ရှိသင်ယူနေတဲ့ Learning ပုံစံတွေမှာ ထုတ်ဝေထားတဲ့ ပြဋ္ဌာန်းစာအုပ် ၊ ဆရာရဲ့ လက်ရေးမှတ်စုနဲ့ သင်ကြားတဲ့ စာအုပ်များထဲက အကြောင်းအရာတွေကိုသာ မှီခိုပြီး သင်ယူနေကြရတာကြောင့် ဒီစာအုပ်တွေပျက်စီးမသွားဖို့ ၊ ပျောက်ပျက်မသွားဖို့ ဂရုစိုက်နေကြရတာပဲ ဖြစ်ပါတယ် ။ Digital Learning မှာ ဆိုရင်တော့ သင်ခန်းစာ အချက်အလက်တွေကို ကိုယ်သင်ယူနေတဲ့ Learning Platform မှာ ၊ ကိုယ်ရဲ့ Mobile Phone (သို့) Laptop မှာ သိမ်းဆည်းထားနိုင်တာကြောင့် ပျောက်ပျက်မှာ စိုးရိမ်ဖို့မလိုအပ်တော့သလို ၊ သင်ယူနေတဲ့ သင်ခန်းစာအကြောင်းကိုပါ Click တချက်နှိပ်ရုံနဲ့ လိုအပ်သလို တစ်ယောက်နဲ့ တစ်ယောက် Sharing ပြုလုပ်ပြီးပါ သင်ကြားလာနိုင်စေပါတယ်။⠀
⠀
⠀
💠 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐚𝐛𝐢𝐥𝐢𝐭𝐲 𝐢𝐧 𝐒𝐭𝐮𝐝𝐞𝐧𝐭𝐬:
ကျောင်းသားတစ်ယောက်ချင်းစီရဲ့ သင်ယူတိုးတက်မှုကို အကဲဖြတ်တဲ့ နေရာမှာ Digital စနစ်ကို အသုံးပြုလာတာကြောင့် ဘက်လိုက်မှု မရှိဘဲ ပွင့်လင်းမြင်သာပြီး မှန်ကန်တဲ့ အကဲဖြတ်မှတ်တမ်းတွေ ရရှိလာစေပါတယ်။ ဒါ့အပြင် ကျောင်းသားတွေအနေနဲ့ ကိုယ်ရဲ့ စွမ်းဆောင်ရည်ကို ကိုယ်တိုင် ပိုင်းခြားစိတ်ဖြာနိုင်ပြီး လိုအပ်တဲ့ ဖြေရှင်းချက်တွေကိုပါ သိရှိနိုင်စေနိုင်တာကြောင့် Digital Learning ရဲ့ အဓိကအားသာချက်လို့ပြောရင်လည်း မမှားပါဘူး။⠀
⠀
Digi-Learn Service Package ကို အသေးစိတ် သိရှိနိုင်ဖို့ https://digi-learn.com.mm/ မှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။⠀