AGENDA

AGENDA AGENDA is the young tech startup and providing Social CRM (Digital Marketing), Web, Graphic and Soft

AGENDA is the software & digital service startup to digitalize your business by providing Social CRM (Digital Marketing), Web, Graphic and Software development supports for your business. We have a strong commitment to synergize your company with latest technologies and our greatest services.

Digital Account Executive needed 💥‼️E-commerce website & Digital Marketing Client Service / ဒီ ၂ခုကို တာဝန်ယူပြီး လုပ...
02/08/2019

Digital Account Executive needed 💥‼️
E-commerce website & Digital Marketing Client Service / ဒီ ၂ခုကို တာဝန်ယူပြီး လုပ်ကိုင်နိုင်မယ့် Full-time / Digital Account Executive တစ်ယောက်လိုနေပါတယ်. E-commerce (CMS - WordPress) နဲ့ Digital Account Executive နှစ်မျိုးပေါင်း တာဝန်ယူရမှာဖြစ်ပြီး Digital Marketing ပိုင်းကို စိတ်ဝင်စားပြီး လေ့လာသင်ယူရင်း လုပ်ကိုင်ရမှာမို့ Junior တွေအတွက်ပိုမို သင့်တော်ပါတယ်.

// Send your latest resume to - [email protected]

RESPONSIBILITIES:
Monitor & develop continuous improvements of the client social media account and website.
Closely work with creative to develop engaging, creative, innovative content for regularly scheduled posts, which enlighten audiences and promote brand-focused messages.
Constantly acquire new clients and building/maintaining client relationships.
Assist the team for Face-to-face sales pitches and client meetings.
Monitor and develop reports on client social media activities and take out key learning for further improvements as monthly reports.

REQUIREMENTS:
Any graduate, preferred Diploma or Certificate in Digital Marketing.
Good knowledge with e-commerce website development, WordPress & WooCommerce.
1 to 2 years of experience in CMS website developments or in Digital Marketing field.
If you don't have any of these experiences, // Fresh Graduates are also welcomed.
Proficiency in English Four Skills and Microsoft Office Skills
Must be excellent team player with excellent Communication Skills and Problem-solving skills

What We offer:
Since we are the rising Digital Agency as a startup. We can grantee the significant growth of so much learning and self-improvement progress in your career.
Year-end performance bonus, Thingyan bonus and other benefits

Job Details:
Job Category: Web Development, Digital Marketing & Creative Content work
Company Industry: Content Marketing, Digital Marketing, Web Development
Full-Time: YES
Working Hours: 9:00AM to 5:30PM
Off Days: Saturday & Sunday
Salary: Negotiate
Work Place: No.203, Nyanung Tan Housing, Lower Puzuntaung Road, Yangon.

နှိမ့်ချခြင်း (humility) ဆိုတာ လူရဲ့ ရှားရှားပါးပါး အရည်အချင်းကောင်းတစ်ခုပါ။ နှိမ့်ချခြင်းကို ကောင်းကောင်း အသုံးချတတ်မယ်...
04/12/2017

နှိမ့်ချခြင်း (humility) ဆိုတာ လူရဲ့ ရှားရှားပါးပါး အရည်အချင်းကောင်းတစ်ခုပါ။ နှိမ့်ချခြင်းကို ကောင်းကောင်း အသုံးချတတ်မယ်ဆိုရင် အင်မတန် အစွမ်းထက်ပါတယ်။
ဒါပေမဲ့ ဒီခေတ်ကြီးမှာ လူအတော်များများက နှိမ့်ချခြင်းဆိုတာ မကောင်းဘူး။ နှိမ့်ချခြင်းဆိုတဲ့ စကားလုံးကို ကြားတာနဲ့ နှာခေါင်းရှုံ့ချင်ကြတယ်။ နှိမ့်ချခြင်းဆိုတာ အောက်ကျို့ခြင်း၊ အရှုံးပေးခြင်း၊ အညံ့ခံခြင်း၊ ကြောက်လန့်ခြင်းစတာတွေနဲ့ အဓိပ္ပာယ်အတူတူပဲလို့ ယူဆတတ်ကြပါတယ်။ အဲဒီအဓိပ္ပာယ် မဟုတ်ဘူးဆိုတာ သိရအောင် ဆက်ဖတ်ကြည့်လိုက်ပါ။
အင်တာနက်ကနေ စာအုပ်တွေ ဝယ်ယူနိုင်တဲ့ အာမေဇုံ Amazon ဆိုတဲ့ ဝက်ဆိုက်မှာ “humility” ဆိုတဲ့ စာလုံးကို ရိုက်ထည့်လိုက်ရင် စာအုပ်ပေါင်း ၁၂၀၀ ကျော် စာရင်းကို တွေ့ရပါလိမ့်မယ်။ အဲဒီစာအုပ်တွေထဲက အများစုဟာ ဘာသာရေးနဲ့ ဝိညဉ်ရေးဆိုင်ရာ အမျိုအစားမှာ ပါဝင်ပြီး စီးပွားရေးလုပ်ငန်းဆိုင်ရာနဲ့ ကြီးပွားအောင်မြင်ရေး (တက်ကျမ်း) စာအုပ်အမျိုးအစားမှာတော့ အုပ်ရေ နည်းနည်းလေးလောက်ပဲ ပါဝင်တာကို တွေ့ရတယ်။ နှိမ့်ချခြင်းဆိုတဲ့ စကားလုံးဟာ စီးပွားအောင်မြင်ရေးအတွက် မဟုတ်ဘူးလို့ ယူဆကြလို့ ထင်ပါတယ်။

နှိမ့်ချခြင်းဟာ လူရဲ့ ကောင်းတဲ့ အရည်အချင်းဖြစ်တယ်ဆိုပေမယ့် ဘာကြောင့် အခု လူတွေ အလေးမထားကြတာလဲ။ အကြောင်းက ဒီလိုပါ။ မိဘ ဆရာတွေနဲ့ ပတ်ဝန်းကျင်က အောင်မြင်သူကိုပဲ ချီးကျူးတတ်ကြတယ်။ ဦးစားပေးတတ်ကြတယ်။ အရှုံးသမားဆိုရင် လူပျော့လူညံ့လို့ သတ်မှတ်ကြတယ်။ ဒီတော့ လူတွေဟာ ပညာရေး၊ စီးပွားရေး၊ လူမှုရေးကအစ တစ်ဦးထက်တစ်ဦးသာအောင် အပြိုင်အဆိုင် ကြိုးစားလာကြတယ်။ ပိုပြီး ဆိုးတာက အာဏာ၊ ငွေနဲ့ ဥစ္စာဓန အားလုံး (သို့မဟုတ်) အဲဒါတွေထဲက တစ်ခု ပိုင်ဆိုင်သူကို အောင်မြင်သူလို့ သတ်မှတ်လာကြတယ်။ အောင်မြင်ကြီးပွားသူတို့က သူတို့ဘယ်လောက်ချမ်းသာကြောင်း သူတို့မှာ အာဏာ ဘယ်လောက်ရှိကြောင်း စတာတွေ ထုတ်ဖေါ်ကြွားဝါတာကို လူတွေက အထင်ကြီးလာကြတယ်။ အဲဒါကို အမှန်လို့ ထင်လာကြတယ်။ သဘောကျလာကြတယ်။ ဒီတော့ နိမ့်ချခြင်းဆိုတာ အောင်မြင်သူတွေ၊ ကြီးပွားသူတွေအတွက် အရေးမပါဘူး၊ မလိုအပ်ဘူးလို့ ထင်လာကြတယ်။

အမှန်တကယ်က အောင်မြင်သူတွေမှာ နှိမ့်ချမှု ရှိကြတယ်ဆိုတာကို အောက်က တကယ့်အဖြစ်အပျက်လေး နှစ်ခုနဲ့ ဥပမာတင်စား ရေးပြပါမယ်။
အမေရိကန်နိုင်ငံမှာ တော်လှန်ရေးတပ်ဖွဲ့တွေက အုပ်ချုပ်သူ ဗြိတိသျှကိုလိုနီအစိုးရကို တွန်းလှန်တိုက်ခိုက်တဲ့ စစ်ပွဲတွေ ဆင်နွဲနေချိန်တုန်းကပါ။ တနေ့မှာ အမေရိကန် တော်လှန်ရေးသမား စစ်သားတစ်စုဟာ လေပြင်းမုန်တိုင်းကျလို့ လမ်းမပေါ်မှာ လဲကျနေတဲ့ သစ်ပင်ကြီးတစ်ပင်ကို အားစိုက်တွန်းပြီး ဖယ်ရှားနေကြတယ်။ သစ်ပင်ကြီးကြောင့် လူတွေ မြင်းလှည်းတွေ လမ်းသွားလို့မရတဲ့အတွက် လမ်းပွင့်သွားစေဖို့်ပါ။ သစ်ပင်ကြီးဟာ ကြီးမားပြီး လေးလံလွန်းသလို စစ်သားဦးရေကလဲ နည်းတော့ သူတို့ဟာ သစ်ပင်ကြီးကို ဖြည်းဖြည်းချင်းပဲ ရွှေ့နိုင်ကြတယ်။ နေပူကျဲကျဲအောက်မှာ စစ်သားတွေဟာ ချွေးသံတရွှဲရွှဲနဲ့ ကြိုးစားပြီး သစ်ပင်ကြီးကို တွန်းရွှေ့နေကြတယ်။ သူတို့အနားမှာ တပ်ကြပ်တစ်ယောက်ဟာ မတ်တတ်ရပ်ပြီး စစ်သားတွေကို သစ်ပင်ကြီးကို ရွှေ့ဖို့ အော်ဟစ်အမိန့်ပေးနေတယ်။ သူကတော့ ၀င်ကူပြီး မတွန်းဘူး။
သူတို့အနားကို မြင်းစီးလာတဲ့ လူတစ်ယောက် ရောက်လာတယ်။ မြင်းပေါ်ကလူက တပ်ကြပ်ကို ဘာကြောင့် စစ်သားတွေကို ဝင်ကူပြီး မတွန်းပေးတာလဲလို့ မေးလိုက်တယ်။ တပ်ကြပ်က သူ့ကို ပြန်အော်ပြောလိုက်တယ်။ “ကျုပ်က တပ်ကြပ်တစ်ယောက်ပါ။ ကျုပ်အလုပ်က ဝင်လုပ်ပေးဖို့ မဟုတ်ဘူး။ အမိန့်ပေး စေခိုင်းဖို့ပါ” တဲ့။
မြင်းပေါ်က လူဟာ ဘာမှ ပြန်မပြောပဲ မြင်းပေါ်က ဆင်းပြီး စစ်သားတွေကို ဝင်ကူပြီး အပင်ကြီးကို ရွှေ့ပေးတယ်။ မကြာခင် သစ်ပင်ကြီးကို လမ်းဘေးထိ ရွှေ့ပေးနိုင်လို့ လူတွေ မြင်းလှည်းတွေ သွားလာဖို့ လမ်းပွင့်သွားတယ်။ သူလဲ မြင်းပေါ် ပြန်တက်ရင်း တပ်ကြပ်ကို လှမ်းအော်ပြောလိုက်တယ်။ “နောက်တစ်ခါ မင်းလူတွေမှာ အကူအညီလိုရင် ကာကွယ်ရေးဦးစီးချုပ်ကို လူလွှတ်ခေါ်ခိုင်းလိုက်ပါ” တဲ့။
အဲဒီ မြင်းနဲ့ လူဟာ ဘယ်သူလဲ။ အမေရိကန်တော်လှန်ရေးတပ်ပေါင်းစုရဲ့ ကာကွယ်ရေးဦးစီးချုပ် ဂျော့ဝါရှင်တန်ပါ။ နောင်မှာ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး သမ္မတကြီး ဖြစ်လာခဲ့သူပါ။ တခုတော့ ရှိတာပေါ့။ သူက ရာထူးတံဆိပ်တွေတပ်ထားတဲ့ စစ်ယူနီဖေါင်း ဝတ်မထားပဲ အရပ်ဝတ်နဲ့ဆိုတော့ တပ်ကြပ်က သူ့ကို ဦးစီးချုပ်မှန်း ဘယ်သိပါ့မလဲ။ အခု ပြောပြချင်တာက ခေါင်းဆောင်တစ်ယောက်မှာ နှိမ့်ချခြင်းရှိတယ် ဆိုတာပါ။ ဂျော့ဝါရှင်တန်ဟာ “ငါ ဘာကောင်လဲဆိုတာ သိလား၊ ငါ ကာကွယ်ရေးဦးစီးချုပ်ကွ” လို့ သူ့ပါးစပ်က တစ်ခွန်းမှ ပြောမသွားပါဘူး။

နောက်တစ်ယောက် ရှိပါသေးတယ်။ နဲလ်ဆင်မန်ဒဲလားပါ။ သူဟာ တောင်အာဖရိကနိုင်ငံမှာ လူဖြူအစိုးရရဲ့ ၂၇ နှစ်ကြာ ထောင်သွင်းအကျဉ်းချ ခံခဲ့ရတယ်။ ထောင်က လွတ်မြောက်လာပြီးချိန်မှာ သူဟာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကြီးကို ရခဲ့သလို တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတလည်း ဖြစ်လာခဲ့တယ်။
သူ သမ္မတဖြစ်ပြီး မကြာခင်မှာ တရုတ်နိုင်ငံသမ္မတရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်တယ်။ တရုတ်အစိုးရက သမ္မတကြီးမန်ဒဲလားတို့အဖွဲ့ကို ရှန်ဟိုင်းမြို့က အကောင်းဆုံး ဟိုတည်ကြီးမှာ တည်းခိုနေထိုင်စေတယ်။
မန်ဒဲလားဟာ ညဦးပိုင်းရောက်တော့ အိပ်ရင် အဆင်သင့်ဖြစ်အောင် သူ့အိပ်ယာကို ကိုယ်တိုင်ခင်းဖို့ လုပ်တယ်။ သူဟာ ငယ်စဉ်ကလေးဘဝကတဲက ညတိုင်း အိပ်ယာမဝင်ခင် သူ့အိပ်ယာကို ကိုယ်တိုင်ခင်းတဲ့ အကျင့်ပါနေလို့ပါ။ သူ့ရဲ့ကိုယ်ရေးအရာရှိက အိပ်ယာခင်းတာကို ဟိုတယ်ဝန်ထမ်းတွေ လုပ်ပါစေ၊ သမ္မတကြီးကိုယ်တိုင် အိပ်ယာခင်းတာဟာ တရုတ်အစိုးရအတွက် မျက်နှာပျက်စရာ ဖြစ်နေပါမယ်လို့ မန်ဒဲလားကို ပြောပြတယ်။
ဒီတော့ သမ္မတကြီးမန်ဒဲလားက ဟိုတယ်မန်နေဂျာနဲ့ ဝန်ထမ်းတွေကို ခေါ်ခိုင်းလိုက်တယ်။ သူတို့အားလုံး အခန်းထဲကို ရောက်လာတော့ မန်ဒဲလာက သူဟာ သူ့အိပ်ယာကို ကိုယ်တိုင်ခင်းရမှ အိပ်ပျော်တတ်ကြောင်းနဲ့ သူကို ကိုယ်တိုင်အိပ်ယာ ခင်းခွင့်ပြုဖို့ ဝန်ထမ်းတွေကို တောင်းပန်လိုက်တယ်။ သူ ခုလိုရှင်းပြရတာက သူကိုယ်တိုင် အိပ်ယာခင်းလို့ ဟိုတယ်ဝန်ထမ်းတွေကို တရုတ်အစိုးရက အရေးယူမှာ စိုးရိမ်လို့ပါ။ သူကြောင့် အောက်ခြေလူတန်းစားတွေကိုတော့ မထိခိုက်စေချင်ဘူး။ နှိမ့်ချခြင်းဆိုတာ အဲဒါပါပဲ။

အခု နှိမ့်ချခြင်းဆိုတာ ဘာအကျိုးရှိသလဲဆိုတာ သုံးသပ်ကြည့်ကြရအောင်ပါ။
နှိမ့်ချစိတ်ရှိသူဟာ မန်ဒဲလားလိုပဲ ကိုယ့်အကျိုးရှိဖို့ထက် သူများအကျိုးကို မထိခိုက်စေချင်ကြဘူး။ ဒါကြောင့် သူတို့ကို မနာလို မုန်းတီးသူ နည်းပါးတယ်။ ဒီတော့ သူတို့မှာ စိုးရိမ်ကြောင့်ကြမှု ကင်းတယ်။ ပျော်ပျော်ရွှင်နေနိုင်ကြတယ်။ နှိမ့်ချသူတွေဟာ ဒေါသ မောဟကင်းစင်နေလို့ သူတို့စိတ်ဟာ အမြဲ ကြည်လင်သန့်စင်နေတယ်။ လူချစ်လူခင် ပေါများတယ်။
သူတို့ဟာ ကိုယ်ကျိုးထက် အများအကျိုးကို အမြဲစဉ်းစားလုပ်တတ်သူတွေမို့ လူတွေရဲ့ လေးစားချစ်ခင်မှုကို ရကြတယ်။ လူတွေဟာ နှိမ့်ချတတ်တဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ ဦဆောင်မှုနောက်ကနေ လိုက်ပါကြဖို့ ဝန်မလေးကြပါဘူး။ နှိမ့်ချသူတို့ဟာ လွယ်လွယ်ကူကူနဲ့ ခေါင်းဆောင်အဖြစ်က ကျဆုံးဖို့ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ နှိမ့်ချတဲ့ ခေါင်းဆောင်ကို လူအများက ချစ်ခင်လေးစားကြလွန်းလို့ပါ။

နောက်ဆုံးပြောပြချင်တာက နှိမ့်ချသူမို့ လုပ်သင့်၊ ပြောသင့်တာကို ပြတ်ပြတ်သားသား ရဲရဲဝံ့ဝံ့ မဆုံးဖြတ်ရဲ၊ မပြောရဲ၊ မလုပ်ရဲဘူးလို့ မထင်ပါနဲ့။ အဲဒါတွေဟာ တစ်ကဏ္ဍစီဆိုတာ နားလည်ထားဖို့ လိုပါတယ်။ သင်လည်း နှိမ့်ချတတ်တဲ့ နှလုံသားရှိသူ တစ်ယောက်ဖြစ်အောင် ကြိုးစားပါလား။
Author - ဗန်းမော်သိန်းဖေ


Thank you guys for reading.😊 We hope you had an amazing day. we believe in you can do the great things and we hope you continue to believe in yourself.
M U C H ❤️ L O V E see you again in the next post>>>👋😉

"ဟျောင့်... သတ္တိရှိရင် တစ်ယောက်ချင်း ထိုးမလား?"စိန်ခေါ်ခံရတဲ့ လူငယ်ဟာ ကွက်ခနဲ မျက်နှာပျက်သွားတယ်။ စိတ်ထဲမှာလည်း ပူကနဲ ရှက...
03/12/2017

"ဟျောင့်... သတ္တိရှိရင် တစ်ယောက်ချင်း ထိုးမလား?"

စိန်ခေါ်ခံရတဲ့ လူငယ်ဟာ ကွက်ခနဲ မျက်နှာပျက်သွားတယ်။ စိတ်ထဲမှာလည်း ပူကနဲ ရှက်သွားတယ်။ လူမိုက်အဖြစ်ထင်ရှားသူ၊ လက်သွက်သူ၊ လက်ရဲသူအဖြစ်ထင်ရှားသူ တစ်ယောက်ကို ယှဉ်ထိုးဖို့  နိုင် နိုင်ချေက နည်းပါးလွန်းတယ်။ ရှောင်ထွက်ဖို့ ကလည်း ခက်နေတယ်။ ကြောက်ရွံ့ နေသလိုလည်း ခံစားရတယ်။ ဒေါသလည်း ထွက်တယ်။
“ဟေ့ကောင် ငါပြောတာကြားလား။ ငါ မင်းကို မျှမျှတတ စိန်ခေါ်တာ မထိုးရဲဘူးလား။ မင်းအခြောက်လား?”

အဲ့ဒီအချိန်မှာ လူတစ်ယောက်က ဝင်ပါလာတယ်။
“စိန်ခေါ်တဲ့ ညီလေး။ မိတ်ဆက်ရဦးမယ်၊ ကိုယ်က ဒီက နယ်ထိန်းပါ။”
စကားမဆုံးခင် လူမိုက်ဆိုသူ မျက်နှာ အမူအရာပြောင်းသွားတယ်။
''မကြောက်ပါနဲ့ ကွ၊ အရေးယူဖို့ မဟုတ်ဘူး။ ညှိုနှိုင်းပေးမလို့ တားတာမျိုးလည်း မဟုတ်ဘူး။
မင်းက ပြောတယ် သတ္တိရှိရင် တစ်ယောက်ချင်း ထိုးမလား။ မင်းဆိုလိုတာက သတ္တိရှိသူက တစ်ယောက်ချင်းထိုးတယ်ပေါ့။
အဲ့ဒါ မျှတမှုမဟုတ်ဘူး။ ငါ့စကားနွားရပြောနည်း လို့ခေါ်တယ်။ မင်းကချီးကြိုက်တယ် ဆိုပါတော့ကွာ။ သတ္တိရှိရင် ချီးပြိုင်စားမလားလို့ စိန်ခေါ်တာ မျှတရဲ့လား?
ရန်ဖြစ်တယ်ဆိုတာလည်း မင်းလုပ်နေကျ အလုပ်တစ်ခု၊ မင်းကျွမ်းကျင်တဲ့အရာ တစ်ခု၊ မင်းစိန်ခေါ်တဲ့လူက ကျွမ်းချင်မှ ကျွမ်းမှာပေါ့။ ယဉ်ပါးချင်မှ ယဉ်ပါးမှာပေါ့။ မင်းနယ်ထဲ မင်းဆွဲခေါ်ပြီး မျှတတယ်လို့  မထင်နဲ့။
‘ကဲ ဟိုညီလေး မင်းကျွမ်းကျင်တဲ့ အားကစားဘာရှိလဲ?’
‘ကျနော် စစ်တုရင် ကောင်းကောင်းထိုးတတ်ပါတယ်’
ကဲ ဒီညီလေးဘက်က ငါနေမယ်ကွာ။ စစ်တုရင် ပြိုင်ထိုးကြ။ မျက်နှာကို သုံးချက်ထိုးကြေး လောင်းမယ်။
၅မိနစ်အမြန်ပွဲကွာ…''

လူမိုက်ဆိုသူက ခေါင်းရမ်းတယ်။
“ကျနော်စစ်တုရင် မထိုးတတ်ဘူး”
“သတ္တိရှိရင် ထိုးလေကွာ တစ်ယောက်ချင်းထိုးရတာပဲကို”
“ဘာဆိုင်လို့ လဲဗျ”
“ဒါမင်းပြောတဲ့ လောဂျစ်(Logic) ပဲလေ။ သတ္တိရှိရင်ဆိုတဲ့ စကားခံပြီး စိန်ခေါ်တာ မျှတရဲ့လား?” . .
“မင်းသိလား? ငါလည်း လူမိုက်ဆိုတဲ့သူတွေနဲ့ ပတ်သတ်နေရတဲ့ ရဲတစ်ယောက်။ လူမိုက်တွေကို အပြစ်မြင်တာထက် သနားတာက ပိုတယ်။ လူအထင်ကြီးခံစရာ အခြားအစွမ်းအစမရှိတော့ မိုက်ဂုဏ်လေး ပြချင်ကြတယ်။ တောတွင်း ဥပဒေဆန်ဆန် ဖြေရှင်းကြတာကို အမှန်လို့  ထင်နေကြတယ်။ တကယ်တော့ မင်းတို့ လက်သီးချက်တွေမှာ ခံရသူဟာ ပြင်ပဒဏ်ရာတင်မက သိက္ခာတွေပါ အလွှာလိုက်ကွာကျတာကို မင်းတို့  သတိမထားမိဘူး။ မင်းတို့ ကတော့ ငါဆော်လိုက်တာ ငါတီးလိုက်တာဆိုပြီး ဂုဏ်ယူချင်ကြတယ်။
ထိုးရဲကြိတ်ရဲတာ သတ်ရဲဖြတ်ရဲတာကို ယောကျာ်းတစ်ယောက်ရဲ့ စံလို့တော့ လာမသတ်မှတ်နဲ့။ တိရိစ္ဆာန်တွေမှာတောင် အဲ့ဒီ စိတ်ရှိတယ်။ သတ္တိတော့ မဟုတ်ဘူး။ အဲ့ဒါ ကြီးနိုင်ငယ်ညှင်းစိတ်။
ယောကျာ်းရယ်လို့  genderခွဲမနေတော့ဘူး။ လူမှန်ရင် ထားရှိရမယ့်စိတ်က တရားမျှတမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုပဲ။ အေး… ငါလေကြောရှည်နေရတာ ဒီနယ်ရဲ့ နယ်ထိန်းအဖြစ် လာထိန်းတဲ့ သဘောပဲ....။
ထောင်ထဲသွားမလားလို့  ငါမခြောက်ချင်ဘူး။ ထောင်ဆိုတာ ဆုံးမတဲ့နေရာ မဟုတ်ပဲ လူမိုက်ဖြစ်ကြောင်း certificate ထုတ်ပေးတဲ့နေရာဖြစ်နေပြီ။ ထောင်ထွက်ကွဆိုရင် တရားဝင် မိုက်ခွင့်ပေးထားတာလိုလိုနဲ့။
ငါသိတယ် အခုငါပြောတဲ့စကားတွေ။ မင်းနားဝင်ဦးမှာ မဟုတ်ဘူး။ မင်းကို သုံးသပ်ဖို့ပဲ ငါတောင်းဆိုတယ်။
အကယ်၍များ မင်းက one by one ထိုးတာကိုမှ သတ္တိလို့ ထင်ရင်
မင်းနဲ့ ငါနဲ့ ထိုးမယ်။ လက်ဗလာနဲ့ ထိုးမယ်။ အထိအခိုက်နည်းတာပေါ့။ အနိုင်အရှုံး အဖြေပေါ်ရင် ရပ်မယ်။ တစ်လအတွင်း မင်းထိုးချင်တဲ့ အချိန် ဖုန်းခေါ်လိုက် ရိုးရာလက်ဝှေ့ထိုးမယ်။ ဖုန်းနံပါတ် ပေးထားခဲ့မယ် ဟေ့ကောင်.. ။

အဲ... အဲ့ဒါ သတ္တိရှိလို့ စိန်ခေါ်တာတော့ မဟုတ်ဘူး…။
ငါ မင်းကို နိုင်မယ်ထင်လို့”

သူရဲကောင်းဝါဒ စံလွဲတဲ့ခေတ်မို့  နိုင်ငံအနှံ ကမ္ဘာအနှံ့ မှာ လူငယ်တွေရဲ့ ရင်ထဲဒီလို လက်နဲ့ ရှင်းတာကို အမှန်တရားလို့ ထင်နေကြတယ်။ ရန်ပွဲတွေ ဖြစ်ခဲ့တယ်။ ဖြစ်နေကြဆဲ၊ ဖြစ်လိမ့်ဦးမယ်။
ဒီအတွေးအခေါ်တွေ ရှိနေသမျှတော့ ရန်ပွဲတွေမှာ အောင်နိုင်သူတွေ လက်မထောင်ကြလိမ့်မယ်။
အနိုင်ကျင့်တယ် လို့ပဲခေါ်ရမယ်။ အနိုင်ကျင့်တာ နည်းအမျိုးမျိုးပေါ့။ ကာယသာသူက ကာယဗလနဲ့  အနိုင်ကျင့်တယ်၊ ဥာဏသာသူက ဥာဏဗလနဲ့ အနိုင်ကျင့်တယ်၊ ငွေရှိသူက ဘောဂဗလနဲ့ အနိုင်ကျင့်တယ်၊ အာဏာရှိသူက မိတ္တဗလနဲ့  အနိုင်ကျင့်တယ်၊ ကြောက်ရွံ့တတ်သူတွေရယ် အားနည်းသူတွေရယ်ဟာ အနိုင်ကျင့် ခံရတတ်တယ်။ ချစ်သူက ဆုံရှုံးရမှာကြောက်လွန်းတော့ ချစ်သူက အနိုင်ကျင့်တယ်။
ကျနော်ကတော့ အနိုင်ကျင့်တာတို့ အကျပ်ကိုင်တာတို့ကို သိပ်မုန်းတဲ့ လူတန်းစားပေါ့။ မကြောက်ချင်ပေမယ့် အားနည်းလို့  ခံခဲ့ရတာတွေရှိတယ်။

ဒီဇာတ်လမ်းမှာ လူငယ်နှစ်ယောက် ဘာကြောင့် ပြဿနာဖြစ်လဲဆိုတာကို မဖော်ပြထားဘူး။ ဝင်ထိန်းသူကိုကျတော့ ရဲအဖြစ်ထားတာက ရဲမှသာ ဒီစကားတွေ ဖော်ပြဖို့  အဆင်ပြေမှာမို့ပါ။
စကားပြောခန်းလေးနဲ့  ကျနော့်အတွေးကို မျှဝေခြင်းမျှသာ . . .
Author - Error (Sithu)
Edited by AGENDA


Thank you guys for reading.😊 We hope you had an amazing day. we believe in you can do the great things and we hope you continue to believe in yourself.
M U C H ❤️ L O V E see you again in the next post>>>👋😉

လူငယ်တွေဆီက ဘာစာအုပ်ဖတ်ရမလဲဆိုတဲ့ မေးခွန်းကို အကြိမ်ကြိမ် အမေးခံနေရပါတယ်။ကျနော့်အနေနဲ့ ဘာစာအုပ်ဖတ်သင့်တယ်လို့ မညွှန်းခဲ့ပ...
02/12/2017

လူငယ်တွေဆီက ဘာစာအုပ်ဖတ်ရမလဲဆိုတဲ့ မေးခွန်းကို အကြိမ်ကြိမ် အမေးခံနေရပါတယ်။
ကျနော့်အနေနဲ့ ဘာစာအုပ်ဖတ်သင့်တယ်လို့ မညွှန်းခဲ့ပါဘူး။ မညွှန်းရတဲ့ အကြောင်းက ပြည်ပမှာ အနေကြာလို့ မြန်မာပြည်က စာအုပ်တွေနဲ့ အထိအတွေ့နည်းတာရယ်၊ မေးသူရဲ့ ပညာအရည်အချင်း၊ စာဖတ်သက် ဘယ်လောက်ရှိပြီကို မသိပဲ ရမ်းသန်းမဖြေချင်လို့ပါ။
နောက်တစ်ခုက သူ ဘာကြောင့် စာဖတ်ချင်တယ်ဆိုတာကို သိမှ ဖြေလို့ကောင်းပါတယ်။ ခေါင်းဆောင်လုပ်ချင်ရင် ခေါင်းဆောင်မှုပညာနဲ့ ပတ်သက်တဲ့ စာအုပ်၊ စတော့ရှယ်ယာအကြောင်း သိချင်ရင် အဲဒါနဲ့ပတ်သက်တဲ့ စာအုပ်၊ စသဖြင့် ညွန်းလို့ရပါတယ်။

အခု ကြီးပွားချမ်းသာချင်လို့ ဘာစာအုပ်တွေ ဖတ်ရမလဲလို့ မေးလာသူတွေအတွက် အမေရိကန်နိုင်ငံက မီလျံနာသူဋ္ဌေးတွေ အများဆုံး ဖတ်ကြတဲ့ စာအုပ် အမျိုးအစားတွေကို ရေးပြပေးလိုက်ပါတယ်။

- Carrier related books (မိမိလုပ်ငန်းနဲ့ သက်ဆိုင်သောစာအုပ်များ)
- How-to books (ဘယ်လိုလုပ်ရမလဲဆိုတဲ့ စာအုပ်များ ဥပမာ - ဟင်းချက်နည်း၊ ကားပြင်နည်းစတာမျိုးပါ)
- History books (သမိုင်းစာအုပ်များ)
- Biographies of successful people (အောင်မြင်သူတွေအကြောင်းရေးထားတဲ့ အထုပ္ပတိစာအုပ်များ)
- Self-help books (ကိုယ်ရည်ကိုယ်သွေး မြင့်မားတိုးတက်ရေးစာအုပ်များ - မြန်မာအခေါ် တက်ကျမ်းမျိုးပေါ့)
- Health-related books (ကျန်းမာရေးဆိုင်ရာစာအုပ်များ)
- Current events books (လတ်တလောအဖြစ်အပျက်တွေအကြောင်း ရေးထားတဲ့စာအုပ်များ)
- Books on memory improvement and learning (မှတ်ဉာဏ် ထက်သန်စေဖို့ လေ့ကျင့်ရေးစာအုပ်များ)
- Psychology books (စိတ်ပညာဆိုင်ရာစာအုပ်များ)
- Leadership books (ခေါင်းဆောင်မှုပညာစာအုပ်များ)
- Science books (သိပ္ပံဆိုင်ရာစာအုပ်များ)
- New age books that offer inspiration and create a positive mental outlook (စိတ်ဓါတ်တက်ကြွစေရေးနဲ့ အကောင်းမြင်ဝါဒဆိုင်ရာ ခေတ်သစ်စာအုပ်များ)

တနေ့ကို အနည်းဆုံး နာရီဝက်လောက်တော့ စာအုပ်ကို ဖတ်ဖြစ်အောင် ဖတ်ပါ။ အဲဒါကို မပျက်မကွက် လုပ်လို့ရှိရင် သင်ဟာ နှစ်အနည်းငယ်အကြာမှာ သင့်ပါတ်ဝန်းကျင်က လူတွေထက် ခေါင်းတလုံး သာလာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ စာဖတ်သူတွေ မဟုတ်ကြလို့ပါ။ နောက်ပြီး သင်ဟာ ထိပ်ဆုံးကလူ ၅ ရာခိုင်နူန်းထဲက တစ်ယောက် ဖြစ်လာပါလိမ့်မယ်။
သင်ဖတ်နေတဲ့စာအုပ်တွေမှာ အဲဒီအထဲက ဘယ်နှစ်မျိုးပါနေပါသလဲ။

မှတ်ချက်။ အင်တာနက်မှာ ဖတ်ရတဲ့ Tom Corley ရေးတဲ့ "How Many Books Does the Average Self-Made Millionaire Read?" ဆိုတဲ့ ဆောင်းပါးတိုလေးကို မှီးရေးလိုက်တာပါ။
Author - ဗန်းမော်သိန်းဖေ


Thank you guys for reading.😊 We hope you had an amazing day. we believe in you can do the great things and we hope you continue to believe in yourself.
M U C H ❤️ L O V E see you again in the next post>>>👋😉

မတ်စောက်တဲ့ ကျောက်တောင်ပေါ်မှာ တောင်ဆိတ်တွေ နောက်ကို အမဲလိုက်မုဆိုးတွေ လိုက်ကြရင်းနဲ့ ချောက်ကမ်းပါးတစ်ခုရဲ့ ထိပ်မှာတောင်ဆ...
01/12/2017

မတ်စောက်တဲ့ ကျောက်တောင်ပေါ်မှာ တောင်ဆိတ်တွေ နောက်ကို အမဲလိုက်မုဆိုးတွေ လိုက်ကြရင်းနဲ့ ချောက်ကမ်းပါးတစ်ခုရဲ့ ထိပ်မှာတောင်ဆိတ်အုပ်ကြီး ပြေးပေါက်မရှိတော့ပဲ၊ ပိတ်မိသွားတယ်။
သူတို့ ခုန်ကူးနိုင်တာထက် ချောက်ကမ်းပါးက ပိုကျယ်နေတယ်။ အောက်မှာကလဲ ရေစီး သန်တဲ့ ချောင်းနက်ကြီး။
တောင်ဆိတ်တွေက အလွန်ဆုံးမှ ခြောက်မီတာလောက်ပဲ ခုန်နိုင်တာ။ ချောက်ကမ်းပါးက တစ်ဆယ် မီတာ ကျော်ကျော်လောက် ကျယ်နေတယ်။

မုဆိုးတွေက တောင်ဆိတ်အုပ်ကြီး ဘယ်လိုမှ ပြေးမလွတ်တော့ဘူး။ လွယ်လွယ်နဲ့ အကုန်ဖမ်းမိပြီလို့ တွက်ကြတယ်။ သူတို့ဟာ တဖြည်းဖြည်းနဲ့ တောင်ဆိတ်အုပ်ဆီ တိုးသွားကြရင်း တောင်ဆိတ်တွေ ဘာလုပ်မလဲ ကြည့်နေကြတယ်။
သူတို့ကြည့်နေတုံးမှာ တောင်ဆိတ်တစ်ကောင်က အရဲစွန့်ပြီး လွှားကနဲ ခုန်ကူးလိုက်တယ်။ အလှမ်းကျယ်လွန်းလို့ တစ်ဖက်ကမ်းဆီ မရောက်ပဲ ချောက်ကမ်းပါးနက်ထဲ ပြုတ်ကျသွားပြီး၊ ရေစီးထဲမျောပါသွားတယ်။
နောက်ထပ်တစ်ကောင်မှ ထပ်မခုန်ရဲတော့ဘူး ။ကြောက်လန့်တုန်လှုပ် နေကြတယ်။

အဲဒီအချိန်မှာပဲ မယုံနိုင်စရာ မြင်ကွင်းကို မုဆိုးတွေ တွေ့လိုက်ရတယ်။
တောင်ဆိတ်ခေါင်းဆောင်ဟာ ကြောက်လန့်တကြား ဖြစ်နေတဲ့ သူ့အုပ်စုကို အသံကျယ်ကျယ် နဲ့ အချက်ပေးလိုက်တယ်။

သူ့အသံကြားတော့ တုန်လှုပ်နေတဲ့ တောင်ဆိတ်တွေ ငြိမ်သွားကြပြီး အုပ်စု နှစ်ခုခွဲလိုက်ကြတယ်။
တစ်အုပ်စုက အသက်ကြီးရင့်နေတဲ့ တောင်ဆိတ်အိုတွေ၊ နောက်တစ်အုပ်စုက တောင်ဆိတ်ငယ်တွေ တောင်ဆိတ်ပျိုလေးတွေ။ ဒီလို တောင်ဆိတ်တွေ အုပ်စုနှစ်ခု ခွဲလိုက်တဲ့အချိန်မှာ တောင်ဆိတ်အိုနဲ့ တောင်ဆိတ်ပျို အဖွဲ့ရဲ့အရည်အတွက်က ၂ ကောင်လို ၂ ကောင်ပို ဖြစ်နေတယ်။ အဲ့ဒီအချိန်မှာပဲ တောင်ဆိတ်ပျိုအဖွဲ့ဘက်က ၂ ကောင်ဟာ မဆိုင်းမတွပဲ တောင်ဆိတ်အိုတွေ အဖွဲ့ဘက်ကို ပူးပေါင်းလိုက်ကြတယ်။ မုဆိုးတွေကလဲ သူတို့ ဘာဆက်လုပ်ကြမလဲလို့ စိတ်ဝင်တစား စောင့်ကြည့်နေကြတယ်။

နောက်တစ်ခါ တောင်ဆိတ်ခေါင်းဆောင်က အချက် ထပ်ပေးလိုက်တော့ တောင်ဆိတ်အုပ်ကြီးဟာ ချောက်ကမ်းပါးကြီးကို စပြီးခုန်ကူးကြတယ်။
တောင်ဆိတ်အိုတွေက အရင်ဆုံး စပြီးခုန်တယ်။ စက္ကန့်ပိုင်းခြားပြီး တောင်ဆိတ်ငယ်လေးတွေက သူတို့နောက်မှာ လိုက်ခုန်ကြတယ်။ အဲ့လို အရင်ခုန်လိုက်လို့ နဲနဲလေးရှေ့ကို ကြိုရောက်ပြီး အောက်မှာ ရောက်နေတဲ့ တောင်ဆိတ်အိုတွေရဲ့ ကိုယ်ပေါ်ကိုနင်းပြီး နောက်တစ်ဆင့်အားယူပြီး ထပ်ခုန်လိုက်တော့ တောင်ဆိတ်ငယ်လေးတွေဟာ တစ်ဖက်ကမ်းကို လွတ်လွတ်ကျွတ်ကျွတ် ရောက်သွားကြတယ်။

တောင်ဆိတ်အိုတွေကတော့ ချောက်ကမ်းပါး ထဲ အကျခံပြီး စတေးခံသွားကြရှာတယ်။
တောင်ဆိတ်ခေါင်းဆောင်ကြီးကလဲ သူ့အုပ်စုအကုန်ခုန်ကူး ပြီးသွားတဲ့အထိ အချိန်ရအောင်ထင်ပါတယ်။ မုဆိုးတွေဆီ တည့်တည့်ကြီး ရင်ဆိုင်ပြီး တိုးဝင်လာလို့ သေနတ်နဲ့ ပစ်ရတယ်။ သေနတ်တစ်ချက်မှန် သွားတာတောင် ယိုင်ရုံပဲ ယိုင်သွားပြီး ရှေ့ဆက်တိုးဝင်လာလို့ ထပ်ပစ်ရတယ်။
နှစ်ချက်သုံး ချက်မှန်သွားမှပဲ ချောက်ထဲပြုတ်ကျသွားတယ်။

မုဆိုးတွေဟာ တောင်ဆိတ် ခေါင်းဆောင် ရဲ့ခေါင်းဆောင်ကောင်း ပီသမှုနဲ့ တောင်ဆိတ်အိုတွေရဲ့ စွန့်လွတ်အနစ်နာခံတတ်တဲ့ စိတ်ကို အခုထိ လက်ဆင့်ကမ်းပြောပြနေကြတယ်။
“မျိုးဆက်သစ် တစ်ကောင်ရှင်သန်ဖို့အတွက်
မျိုးဆက်ဟောင်း တစ်ကောင်အနစ်နာခံသွားတယ်”
ဒီပုံပြင်ဟာ တခြားတိရိ စ္ဆာန်တွေ ရှင်သန်ဖို့ ခက်ခဲလှတဲ့ မတ်စောက်တဲ့ ကျောက်တောင်တွေပေါ်မှာ ဘာကြောင့် တောင်ဆိတ်တွေက ရှင်သန်ကျန်ရစ် နေနိုင်တာလဲဆိုရဲ့ အဖြေပါပဲတဲ့။ . . . ။
Author - မောင်စိန်ဝင်း (ပုတီးကုန်း)


Thank you guys for reading.😊 We hope you had an amazing day. we believe in you can do the great things and we hope you continue to believe in yourself.
M U C H ❤️ L O V E see you again in the next post>>>👋😉

စာတတ်တာသည် ပညာတတ်တာနဲ့ မတူပါဘူး။ တစ်နည်းအားဖြင့် စာတော်တိုင်း ပညာမတော်ပါဘူး။ ရိုးရိုးရှင်းရှင်း ဥပမာ တစ်ခုပေးရရင် ရွာတစ်...
01/12/2017

စာတတ်တာသည် ပညာတတ်တာနဲ့ မတူပါဘူး။ တစ်နည်းအားဖြင့် စာတော်တိုင်း ပညာမတော်ပါဘူး။ ရိုးရိုးရှင်းရှင်း ဥပမာ တစ်ခုပေးရရင် ရွာတစ်ရွာမှာ စာရေးတတ် ဖတ်တတ်တဲ့လူ တစ်ယောက်ပဲ ရှိတယ် ဆိုပါဆို့, စာတစ်စောင် ရောက်လို့ ဖတ်ချင်ရင် သူ့ဆီပဲ ချည်းကပ်နေရတယ်, သူက စာတတ်တဲ့လူလား ပညာတတ်တဲ့လူလား?
စာနဲ့ ပညာ ဘာကြောင့် မတူသလဲ? စာဆိုတာ ပညာရဖို့ရာ လေ့လာဖို့ ကြားခံနယ် တစ်ခုပဲ။ ပညာဆိုတာ အမှား အမှန်ကို ခွဲခြားဝေဖန် ကျိုးကြောင်း ဆင်ခြင်နိုင်ခြင်းပဲ။
ဒါပေမယ့် စာနဲ့ ပညာ မဆိုင်ဘူးလို့ ကျွန်တော် မပြောပါ။ စာမဖတ်နဲ့လို့ မပြောပါ။ ဒီခောတ်မှာ ပညာရပ်ဆိုင်ရာ အချက်အလက် တော်တော်များများကို စာပေနဲ့ မှတ်တမ်းတင်ထားတာ ဖြစ်လို့ စာကို လေ့လာဖို့လိုပါတယ်။ စာများများ ဖတ်ရမယ်။ ဒါပေမယ့် စာကို ဖတ်ရုံ မှတ်ရုံ ကျက်ရုံ မဟုတ်ဘဲ တွေးခေါ် ဝေဖန် ဆင်ခြင်ပြီး အမှားအမှန်ခွဲခြမ်း စိတ်ဖြာနိုင်မှ ပညာဖြစ်ပါမယ်။
ကျောင်းတွေ တက္ကသိုလ်တွေမှာ စာသာမဟုတ် ပညာတတ်အောင် သင်ဖို့လိုနေပြီ။ ကျောင်းသားတွေကို ပညာတတ်ဖို့ ရည်ရွယ်ရင် ဖတ် မှတ် ကျက် ရေး (knowledge, understanding & comprehension) အဆင့်ထက် တစ်ဆင့်တက်ဖို့ လိုပြီ။ စနစ်တကျ ဝေဖန် တွေးခေါ် (critical thinking), ခွဲခြမ်း စိတ်ဖြာ (critical analysis), အသုံးချ (application), ဝေဖန် သုံးသပ် (evaluation), တီထွင် ဖန်တီး (creation) နိုင်အောင် အခွင့်အရေးပေး သင်ပေးရပါမယ်။
စာတတ်ရုံမက ပညာတတ်အောင် ဘယ်လိုသင်ကြမလဲ? မြန်မာနိုင်ငံက ကျောင်းတွေမှာ အခု အများဆုံးသုံးနေတဲ့ ဒါကျက် ဒါမေး ဒါဖြေ ဆိုတဲ့ စနစ်ကို ပြင်ပြစ်ရပါမယ်။ ဥပမာ သမိုင်းမှာ ကျူးကျော်စစ် ဘယ်လိုဖြစ်တယ်ဆိုတာ ကျက်ပြီး ပြန်ရေးခိုင်းတာထက် ဘာကြောင့်ဆိုတာ ဝေဖန်ခိုင်းဖို့လိုတယ်။
အတန်းတင် စာမေးပွဲဆိုတာ လုံးဝ အဓိပ္ပာယ်မရှိပါ။ စာမေးပွဲဆိုတာ တစ်ချို့ဘာသာရပ်တွေမှာ လိုပါတယ်။ ဒါပေမယ့် စာမေးပွဲ အမှတ်တစ်ခုတည်းကြည့်ပြီး အောင်တယ် ကျတယ် အတန်းတင်မယ် ဆုံးဖြတ်တယ် ဆိုတာတော့ မဟုတ်သေးပါ။ ဥပမာ စာမေးပွဲရက် နေမကောင်းလို့ စာမေးပွဲ မဖြေနိုင်တာနဲ့ အတန်းမတက်ရဘူးဆိုတာ အဓိပ္ပာယ်ရှိပါသလား? ကျောင်းသားရဲ့ ပညာအရည်အချင်းကို စာမေးပွဲ အပြင် တခြားနည်းတွေနဲ့ပါ စစ်ဆေးဖို့လိုပါတယ်။
ကိုယ့်သားသမီးကို အဆင့်တစ် ရစေချင်သေးလား? စာရတာကိုပဲစစ်တဲ့ စာမေးပွဲအမှတ်ပေါ်မူတည်ပြီးပေးတဲ့ အဆင့်ကိုပဲ ဂုဏ်ယူစရာ လုပ်နေတာကို ပြန်ဆန်းစစ်သင့်ပါပြီ။ ကိုယ့်သားသမီး စာတော်တာထက် ပညာတော်ဖို့ကိုသာ အားပေးသင့်ပါပြီ။ ရှင်းအောင်ပြောရရင် ငယ်ငယ်က စာတော်လို့ အဆင့်တစ်ဆိုတဲ့ ဘယ်နှစ်ယောက်ကများ အခုအချိန်မှာ ပညာတတ်တစ်ယောက် အနေနဲ့ ရပ်တည်နေနိုင်သလဲဆိုတာ ကြည့်ရင် သဘောပေါက်နိင်ပါတယ်။
ကျောင်းထဲမှာ အဆင့်ခွဲတဲ့ စနစ်ကို ဖျက်သိမ်းဖို့လိုပြီ။ စာရတာပေါ်မူတည်ပြီး အဆင့် တစ် နှစ် ခွဲခြားတဲ့ အလုပ်, report card ထဲ ရေးတဲ့အလုပ်, ပညာရည်ချွန်ဆုပေးပွဲ (အမှန်တော့ စာဆုပေးပွဲ) ဆိုတာတွေပါ ဖျက်ပစ်ရမယ်။ မိဘတွေက ကိုယ့်သားသမီး အဆင့်ကောင်းစေချင်တာနဲ့ ကျူရှင်ဖိထား, ဂိုက်သင်, ဆရာတွေဖား, အချင်းချင်းဂုဏ်ပြိုင်နဲ့ ကလေးတွေ ပင်ပန်းပြီး တတ်သင့်တဲ့ ပညာ မတတ်တာပဲ အဖတ်တင်တယ်။ အမှန်တော့ အမှတ်တွေ အောင်ကျ ဆိုတာတွေက ဆိုင်တဲ့ကလေး မိဘကိုသာ ပေးသိရမယ့် confidential တွေပဲ။
ပြောင်းလဲချိန်တန်ပြီ။ ... အဲဒါတွေပြောလို့ ပြင်လို့ရှိရင် အရင်ဆုံး ဝိုင်းကန့်ကွက်မှာက မိဘတွေ ဆရာတွေ လူကြီးတွေပဲ။ (ရိုင်းသွားရင် ခွင့်လွှတ်ပါလို့ တောင်းပန်ပါရစေ) ရှင်းရှင်းပြောရရင် သူတို့တွေ ကိုယ်တိုင်က ပညာရေး အမှားစနစ်ကြီးနဲ့ ကြီးလာရတော့ အမှားကြာ အမှန်ထင်နေလို့ပဲ။ လူကြီးတွေ ကိုယ်မှားတာကို မှားတယ်လို့ လက်ခံပြီး ရဲရဲပြင်လိုက်ပါလို့ တိုက်တွန်းပါရစေ။
Author - Aung Ko Win


Thank you guys for reading.😊 We hope you had an amazing day. we believe in you can do the great things and we hope you continue to believe in yourself.
M U C H ❤️ L O V E see you again in the next post>>>👋😉

ဗဟုသုတဆိုတာ စွမ်းအားကြီးပါ။ဒီစာသားလေးကို ကြားဖူး ဖတ်ဖူးကြမှပါ။ ဒီစာသား မှန် မမှန် သုံးသပ်ကြည့်ပါရစေပါ။တကယ်တော့ ဗဟုသုတဆို...
24/11/2017

ဗဟုသုတဆိုတာ စွမ်းအားကြီးပါ။
ဒီစာသားလေးကို ကြားဖူး ဖတ်ဖူးကြမှပါ။ ဒီစာသား မှန် မမှန် သုံးသပ်ကြည့်ပါရစေပါ။
တကယ်တော့ ဗဟုသုတဆိုတာ စွမ်းအား မဟုတ်သေးပါဘူး။ အလားအလာရှိသော စွမ်းအား (potential power) ပါ။

ဘယ်အခါမှာ စွမ်းအားဖြစ်လာမှာလဲ။ အဲဒီဗဟုသုတကို အသုံးချမှသာ စွမ်းအားဖြစ်လာမှာပါ။
ဥပမာ တချို့ပေးရမယ်ဆိုရင် ကျောင်းမှာ စာအရမ်းတော်သူတွေဟာ ကိုယ်ပိုင်စီးပွားရေး လုပ်တဲ့အခါ အောင်မြင်သူ အလွန်နည်းပါးကြပါတယ်။ ဘာဖြစ်လို့လဲ။ သူတို့ဟာ စာတွေ အများကြီး တတ်ထားကြပေမယ့် အသုံးချမှု နည်းပါးကြလို့ပါ။ စာတွေ အများကြီးတတ်တိုင်းသာ ကြီးပွားချမ်းသာကြမယ်ဆိုရင် တက္ကသိုလ်က ဆရာတွေ၊ ပါမောက္ခတွေ အားလုံးဟာ သန်းကြွယ်သူဌေးကြီးတွေ ဖြစ်နေကြမှာပါ။

တချို့က စာအုပ်တွေ အများကြီး ဖတ်ထားကြတယ်။ စာအုပ်ထဲက စာသားတွေကိုတောင် အလွတ်ရွတ်ပြနိုင်ကြတယ်။ ဒါပေမဲ့ သူတို့ဟာ ဘဝမှာ အောင်မြင်မှု မရကြပါဘူး။ ဘာဖြစ်လို့လဲ။ သူတို့ဖတ်ထားတာတွေကို လက်တွေ့ အသုံးမချကြလို့ပါ။
ဘီလျံနာသူဌေးကြီး ဆာရစ်ချတ်ဘရင်ဆန်ဟာ မွေးကတဲက dyslexia စာရေးစာဖတ်ခက်တဲ့ ရောဂါရှိလို့ အထက်တန်းကျောင်းမှာ စာမလိုက်နိုင်လို့ ၁၇ နှစ်သားမှာ ကျောင်းထွက်လိုက်ရတယ်။ အသက် ၄၁ နှစ်မှာ ဘီလျံနာ သူဌးကြီး ဖြစ်လာခဲ့တယ်။ သူ ဘွဲ့မရပါဘူး။ ပညာမတတ်ပါဘူး။ ဒါပေမဲ့ သူဟာ သူ့အတွေ့အကြုံတွေကနေ ရတဲ့ သင်ခန်းစာတွေကို အသုံးချပြီး ကြီးပွားအောင်မြင်သွားတာပါ။

ဒီစာရဲ့ ရည်ရွယ်ချက်က ပညာတတ်ဖို့၊ ဘွဲ့ရဖို့ မလိုဘူးလို့ ပြောတာ မဟုတ်ပါ။ မိမိတတ်ထားတဲ့ ပညာဗဟုသုတကို အသုံးချပြီး အောင်မြင်အောင် လုပ်စေချင်တာပါ။ မိမိသိထား တတ်ထားတာကို အပြည့်အဝအသုံးချတတ်မယ်ဆိုရင် ဘွဲ့ရသူက ဘွဲ့မရသူထက် ပိုပြီး အောင်မြင်နိုင်ပါတယ်။
အခုခေတ်မှာ အများဆုံး ကြားနေရတဲ့ စကားတစ်ခွန်းရှိပါတယ်။ စာဖတ်ပါ။ စာအုပ်တွေ အများကြီးဖတ်ကြပါတဲ့။

ကျွန်တော် အဲဒီစကားကို ထပ်မံဖြည့်စွက်ပေးချင်ပါတယ်။
- "စာဖတ်ပါ။ စာဖတ်ပြီး စာအုပ်ကရတဲ့ အသိပညာကို လက်တွေ့အသုံးချပါ။
- သင် စာအုပ်တစ်အုပ်ကို ဖတ်လိုက်ရင် အဲဒီစာအုပ်ထဲမှာ ငါ့အတွက် ဘာအသုံးချစရာ ပါမလဲဆိုတဲ့ အသိနဲ့ ဖတ်ပါ။
- စာအုပ်က အခန်းတစ်ခန်းဖတ်ပြီးတိုင်း အသုံးချစရာအချက်တွေကို မှတ်စုထုတ်တဲ့အကျင့် လုပ်ပါ။
- ဒါဟာ သင့်အတွက် အောင်မြင်ကြီးပွားစေမယ့် အကြောင်းတစ်ချက်ပါ။

မှတ်ချက်။ သုတစာအုပ်များအတွက် စာဖတ်နည်းပါ။
Credit - ဗန်းမော်သိန်းဖေ


Thank you guys for reading. We hope you had an amazing day. we believe in you can do the great things and we hope you continue to believe in yourself.
M U C H ❤️ L O V E see you again in the next post>>>

တစ်ခါတစ်လေမှာ တစ်ချို့ကိစ္စတွေဟာ ကျွန်တော်တို့ ထင်မြင်ယူဆထားသလို ဖြစ်မလာတတ်ပါဘူး။ ဒါပေမယ့် တစ်ချို့လူတွေကတော့ အားလုံးရဲ့ထ...
23/11/2017

တစ်ခါတစ်လေမှာ တစ်ချို့ကိစ္စတွေဟာ ကျွန်တော်တို့ ထင်မြင်ယူဆထားသလို ဖြစ်မလာတတ်ပါဘူး။ ဒါပေမယ့် တစ်ချို့လူတွေကတော့ အားလုံးရဲ့ထင်မြင်ယူဆချက်တွေနဲ့ ဆန့်ကျင့်ပြီး အောင်မြင်မှုတွေကို သိမ်းပိုက်သွားနိုင်ကြပါတယ်။ ဥပမာပြောရရင် နည်းပညာလုပ်ငန်းချင်းအတူတူမှာ Apple က ဘာကြောင့်များ ဆန်းသစ်တီထွင်မှုတွေ ရှိနေတာလဲ၊ လူမဲတန်းတူအခွင့်အရေးရဖို့ တိုက်ပွဲဝင်ခဲ့သူတွေ အများကြီးထဲကမှ Martin Luther King ကို ဘာကြောင့် လူသိများရတာလဲ။ လေယာဉ်ပျံတီထွင်နိုင်တဲ့ အခြားအဖွဲ့အစည်းတွေရှိခဲ့ပေမယ့် ဘာကြောင့်များ Wright ညီနောင်က ထင်ရှားကျော်ကြားရတာလဲ ဆိုတာက စဉ်းစားစရာပဲ ဖြစ်ပါတယ်။
တကယ်တော့ Apple၊ Martin Luther King နဲ့ Wright ညီနောင်တို့သာမက ကမ္ဘာမှာရှိတဲ့အခြားသော လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုဟ်တွေအားလုံးဟာ နည်းလမ်းတစ်ခုတည်းနဲ့ပဲ တွေးခေါ်ပြုမူ၊ ပြောဆိုဆက်သွယ်လေ့ရှိကြပါတယ်။ ဒီနည်းလမ်းကလည်း ကမ္ဘာမှာ အရိုးရှင်းဆုံးနည်းလမ်းတစ်ခုပါပဲ။

Golden Circle လို့ ခေါ်ပါတယ်။
Why ဘာကြောင့်လဲ ? How ဘယ်လိုလဲ ? What ဘာလဲ ? တို့နဲ့ ဖွဲ့စည်းထားတဲ့ Golden Circle ဖြစ်ပါတယ်။
ဒီ Golden Circle ကို မှန်မှန်ကန်ကန်အသုံးပြုပြီး တစ်ချို့သော ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေဟာ လူတွေရဲ့စိတ်ကို လွှမ်းမိုးရယူနိုင်ကြတာ ဖြစ်ပါတယ်။ ဒီ Golden Circle သဘောတရားမှာ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် သူတို့ဘာလုပ်တာလဲ?၊ ဘာရောင်းလဲ?၊ ဘာဝန်ဆောင်မှု ပေးလဲ? ဆိုတဲ့ What* ကို (၁၀၀)ရာခိုင်နှုန်း သိကြပါတယ်။ တချို့ကတော့ ဘယ်လို သူများထက်သာအောင်၊ ကောင်းအောင် လုပ်မှာလဲဆိုတဲ့ How* ကိုသိကြပါတယ်။ ဒါပေမယ့် ဘာကြောင့်လုပ်ရတာလဲဆိုတဲ့ အဓိကကျတဲ့ ဇစ်မြစ်ကို Why* ကို သိတဲ့ လူပုဂ္ဂိုဟ်နဲ့ အဖွဲ့အစည်းကတော့ အရမ်းကို နည်းပါတယ်။
ဘာပဲလုပ်လုပ် အကျိုးအမြတ်ရချင်လို့ ဆိုတဲ့ Why မျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ အကျိုးအမြတ်သာ ကြည့်မယ်ဆိုရင် What အဆင့်ထဲမှာပဲ ရှိပါတယ်။ ကျွန်တော်ဆိုလိုတဲ့ Why က သင့်ရည်ရွယ်ချက်က ဘာလဲ? အကြောင်းရင်း၊ ယုံကြည်မှုက ဘာလဲ? သင့်အဖွဲ့အစည်း ဘာအတွက်ရပ်တည်နေတာလဲ? သင် ဘာအတွက် မနက်တိုင်း အိပ်ရာထဲက ထလာတာလဲ? စတဲ့ သင်လုပ်နေတာကို ဘာကြောင့်လုပ်နေရတာလဲ ဆိုတဲ့ အကြောင်းရင်းပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ အများစုက အရိုးရှင်းဆုံး What ကနေစပြီး အရှုပ်ထွေးဆုံး Why ဆီကိုသွားတဲ့ “အပြင်မှ အတွင်းသို့” ပြောင်းပြန် ချဉ်းကပ်မှုကိုပဲ လုပ်ဆောင်လေ့ရှိပါတယ်။ ဥပမာ ကိုယ်စိတ်ဝင်တစား လုပ်ချင်တဲ့ ကိုယ်ဝါသနာပါတဲ့ အလုပ်မဟုတ်ပဲ နဲ့ . . . ဘာလုပ်ရင်ကောင်းမလဲ ဘာလုပ်ရင်မြတ်မလဲ ဆိုတဲ့ အတွေးမျိုးနဲ့ လုပ်တဲ့ အလုပ်မျိုးတွေပါ။ ဒါပေမယ့် အခြားလူတွေကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေကတော့ ကျွန်တော်တို့နဲ့ ပြောင်းပြန် နည်းလမ်းဖြစ်တဲ့ “အတွင်းမှ အပြင်သို့” ချဉ်းကပ်မှု၊ ဘာအတွက်လဲ? ဘာကြောင့်လဲ? ဆိုတာကို ပထမဆုံး ဦးစာပေး သုံးလေ့ရှိပါတယ်။

အားလုံးကသိကြတဲ့ Apple ကုမ္ပဏီကို ဥပမာထားပါရစေ။
အကယ်၍ Apple ကုမ္ပဏီက အခြားကုမ္ပဏီတွေလိုပဲ “ကျွန်တော်တို့ဆီက အကောင်းဆုံး ကွန်ပျူတာတွေ ထုတ်လုပ်ပါတယ်။ ဒီကွန်ပျူတာတွေက ဒီဇိုင်းသေသပ်လှပပြီး အသုံးပြုရလွယ်ကူပါတယ်။ တစ်လုံးလောက် ၀ယ်ယူသုံးစွဲကြည့်ပါ” လို့ ကြော်ငြာမယ်ဆိုရင် သင်ဝယ်ချင်ပါသလား? သင့်စိတ်ကို ထူးထူးခြားခြား မဆွဲဆောင်နိုင်ဘူးဆိုတာ သေချာပါတယ်။ ကျွန်တော်တို့ အများစုက ဒီလိုပဲ ဆက်သွယ်လေ့ရှိကြပါတယ်။ ကျွန်တော်တို့ ဘာလုပ်ထားတယ်။ ဘယ်လို ကွဲပြားတယ် ဆိုတာလောက်ကိုပဲ အလေးပေး ဖော်ပြနေကြပါတယ်။ ဒီနည်းလမ်းက လူတွေရဲ့စိတ်ကို လွှမ်းမိုးနိုင်စွမ်းမရှိပါဘူး။

Apple ရဲ့ဆက်သွယ်ပုံကတော့ဒီလိုပါ။
“ကျွန်တော်တို့ဘာပဲလုပ်လုပ် အခြေအနေတစ်ရပ်ကို ပြောင်းလဲနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကွဲပြားခြားနားတဲ့ တွေးခေါ်မှုတွေကို ကျွန်တော်တို့ ယုံကြည်လက်ခံထားပါတယ်။ လက်ရှိအခြေအနေကို ပြောင်းလဲပစ်လိုက်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို ဒီဇိုင်းဆန်းသစ်ပြီး သုံးစွဲသူအဆင်ပြေအောင် ဖန်တီးထုတ်လုပ်ရပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ အကောင်းဆုံး ကွန်ပျူတာတွေကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ တစ်လုံးလောက် စမ်းသုံးကြည့်ပါ။”
ဆက်သွယ်ပုံခြားနားချက်ကို သင်မြင်ပါသလား။ ကွန်ပျူတာတစ်လုံးလောက် ၀ယ်သုံးကြည့်ချင်စိတ်ပေါ်သွားမှာ သေချာပါတယ်။ အဓိကအချက်ကတော့ လူတွေက သင်ဘာလုပ်လဲဆိုတာက ကြည့်တာမဟုတ်ပါဘူး။ သင်ဘာကြောင့်လုပ်လဲဆိုတာကိုပဲ ကြည့်တတ်ကြတယ်ဆိုတာပါပဲ။

ဒီလိုဆက်သွယ်လွှမ်းမိုးနိုင်မှုကြောင့်ပဲ ကျွန်တော်တို့အားလုံးက Apple ကွန်ပျူတာတွေကို ၀ယ်ချင်ကြသလို Apple ထုတ်လုပ်တဲ့ MP3 player နဲ့ မိုဘိုင်းလ်ဖုန်းတွေကိုလည်း ယုံယုံကြည်ကြည် ၀ယ်ယူသုံးစွဲလိုစိတ်ရှိကြပါတယ်။ တကယ်တော့ Apple က သူ့ရဲ့ပြိုင်ဖက်တွေနည်းတူ ကွန်ပျူတာကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ အခြားနည်းပညာကုမ္ပဏီတွေလည်း Apple ထုတ်ကုန်တွေလောက် အရည်အသွေးရှိတဲ့ ပစ္စည်းတွေကို ထုတ်လုပ်နိုင်ကြပါတယ်။ Dell ကုမ္ပဏီက MP3 player တွေနဲ့ PDA စက်တွေ ထုတ်လုပ်ရောင်းချခဲ့ဖူးပါတယ်။ ဒါပေမယ့် ၀ယ်ယူသုံးစွဲသူ အလွန်နည်းပါတယ်။ ဘာကြောင့်များ Dell ကုမ္ပဏီထုတ် MP3 ကို မ၀ယ်ချင်ရတာလဲ စဉ်းစားကြည့်ပါဦး။ အဖြေက ရှင်းပါတယ်။ ဘယ်သူကများ ကွန်ပျူတာထုတ်တဲ့ ကုမ္ပဏီကနေ MP3 player တွေကို ဝယ်မှာလဲ? Dell က ကွန်ပျူတာထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်နေလို့ပါ။ ဒါပေမဲ့ ကျနော်တို့ အားလုံး ဝယ်ခဲ့မိကြပါသေးတယ်... အဲ့ဒါကတော့ iPod ပါ။ MP3 player ကို နာမည်ပြောင်းထားပြီး အင်္ကျီအိတ်ကပ်ထဲကို ထည့်လို့ရတဲ့ sizeနဲ့ ပစ္စည်းသေးသေးလေး။ လုပ်ဆောင်ချက်တွေ quality ပိုင်းတွေ ကတော့ Dell က ထုတ်တဲ့ MP3 player နဲ့တော့ သိပ်မကွာပါဘူး၊ အဓိက ကွဲပြားသွားတာက သူတို့ ဒီ iPod ကို ဘာကြောင့်ထုတ်ခဲ့လဲဆိုတာနဲ့ ဈေးကွက်ထဲ ဘယ်လိုတင်ဆက်ပြီး ကြော်ငြာသလဲဆိုတာက ကြီးမားတဲ့ ခြားနားမှုသမိုင်းကို ဖြစ်စေခဲ့ပါတယ်။ ကြားဖူးကြမှာပါ "I'm gonna put a thousand songs in your pocket" - Steve Jobs
ဒီလောက်ဆိုရင် လူတွေက သင်ဘာလုပ်လဲ၊ ဘာပစ္စည်းထုတ်လဲ၊ ဘာဝန်ဆောင်မှုပေးလဲ ဆိုတာထက် သင့်မှာ ဘာယုံကြည်ချက်ရှိပြီး ဘာကြောင့်လုပ်တာလဲ ဆိုတာကို ပိုစိတ်ဝင်စားတတ်ကြတာကို သဘောပေါက်မှာပါ။

Golden Circle ကို အတွင်းကနေ အပြင်ကို ပြောင်းပြန်ဆက်သွယ်တဲ့ နည်းလမ်းဟာ အယူအဆ သက်သက် မဟုတ်ပါဘူး။ ကျွန်တော်တို့ ဦးနှောက်ဖွဲ့စည်းပုံနဲ့ ဆိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဦးနှောက်ကို Golden Circle ရဲ့ ပါဝင်အစိတ်အပိုင်းတွေအတိုင်း အပိုင်း(၃)ခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ Neocortex လို့ ခေါ်တဲ့ ဦးနှောက်ရဲ့ အပြင်ဖက်ဆုံးအလွှာဟာ What ကို ကိုယ်စားပြုပါတယ်။ ကျိုးကြောင်းဝေဖန်မှုတွေ၊ ဘာသာစကား ဆန်းစစ်မှုတွေကို တာဝန်ယူလုပ်ဆောင်ပေးတဲ့ အပိုင်းဖြစ်ပါတယ်။ အတွင်းဖက်အပိုင်း (၂)ခုဖြစ်တဲ့ How နဲ့ Why ကတော့ Limbic brains လို့ခေါ်ပြီး ယုံကြည်မှု၊ သစ္စာတရား စတဲ့ခံစားချက်တွေကို သိရှိတဲ့အပိုင်းဖြစ်ပါတယ်။ ဒီအတွင်းပိုင်း (၂)ခုက လူတွေရဲ့အပြုအမူ၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း တွေကို တာဝန်ယူ လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ အပြင်ကနေ အတွင်းကို ဆက်သွယ်မယ်ဆိုရင် လူတွေက အကျိုးရှိမရှိ၊ ကောင်းမကောင်း အချက်အလက်တွေကို နားလည်နိုင်မှာဖြစ်ပေမယ့် သူတို့ရဲ့အပြုအမူကိုတော့ လှုံ့ဆော်နိုင်စွမ်းမရှိပါဘူး။ “အတွင်းမှ အပြင်သို့” ဆက်သွယ်ရာမှာတော့ ကျွန်တော်တို့ဟာ အပြုအမူတွေကို တာဝန်ယူထားတဲ့ အပိုင်းနဲ့ တိုက်ရိုက်ဆက်သွယ်ပြောဆိုတာဖြစ်ပါတယ်။ ပြီးတော့မှ ဒီအချက်ကို ခိုင်မာစေနိုင်တဲ့ အရာတွေနဲ့ ထပ်လောင်းပြီး ယုံကြည်မှုကို ရယူတာဖြစ်ပါတယ်။ ဒါ့ကြောင့် “အတွင်းမှ အပြင်သို့” ဆက်သွယ်မှုကို လူတွေက ပိုပြီး ယုံကြည်သက်ဝင်တတ်ကြတာဖြစ်ပါတယ်။

သင့်ရဲ့ Why ကို သင်ကိုယ်တိုင်မသိရင် အခြားလူတွေကလည်း သိမှာမဟုတ်ပါဘူး။ ဒါဆို လူတွေကို သင်ပြောတာလက်ခံလာအောင် ဘယ်လိုပြောပြော ရမှာမဟုတ်သလို သင်ဖြစ်စေချင်တာကို ဖြစ်လာဖို့လည်း တတ်နိုင်မှာမဟုတ်ပါဘူး။ အဓိကဆိုလိုရင်းက လူတွေကို သင်ယုံကြည်တဲ့အတိုင်း ထပ်တူယုံကြည်လာစေဖို့ပဲ ဖြစ်ပါတယ်။ ယုံကြည်ချက်တူတဲ့ သူတွေနဲ့အတူ အလုပ်တွဲလုပ်ဖို့ပါ။ အကယ်၍ အလုပ်လိုအပ်သူ တစ်ယောက်ကို အလုပ်ပေးလိုက်တယ်ဆိုပါစို့။ သူက ငွေကြေးအတွက်ပဲ အလုပ်လုပ်မှာဖြစ်ပါတယ်။ ဒါပေမယ့် သင်နဲ့ ယုံကြည်ချက်တူသူ တစ်ယောက်ကို အလုပ်ပေးလိုက်တယ်ဆိုရင်တော့ သွေးချွေးနဲ့ရင်းပြီး သင့်အတွက် အလုပ်လုပ်ပေးပါလိမ့်မယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး Wright ညီနောင်က ဥပမာကောင်းတစ်ခုဖြစ်ပါတယ်။
၂၀ ရာစုနှစ်အစပိုင်းမှာတုန်းက လူတွေကောင်းကင်မှာ ပျံသန်းသွားနိုင်ဖို့ လူတိုင်းက စိတ်ဝင်စားကြပါတယ်။ ဒီကိစ္စအောင်မြင်ဖို့အတွက် Samuel Pierpont Langley ဆိုသူက လုပ်နိုင်လိမ့်မယ်လို့ ထင်ခဲ့ကြပါတယ်။ Samuel ကို ကောင်းကင်မှာပျံသန်းနိုင်တဲ့ ယန္တရားတီထွင်ဖို့အတွက် စစ်ဘက်က ဒေါ်လာ(၅၀၀၀၀) ပံပိုးပေးပါတယ်။ ဒါ့ကြောင့် သူက အတော်ဆုံးပုဂ္ဂိုဟ်တွေကို ငှားယမ်းပြီး လုပ်ဆောင်ခဲ့ပါတယ်။ နာမည်ကျော် သတင်းစာတွေကလည်း သူနောက်ကို တစ်ကောက်ကောက်လိုက်ပြီး သတင်းတွေ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ကျွန်တော်တို့ အများစုက သူ့အကြောင်းကို မကြားဖူးကြတာ ဘာလိုဖြစ်လို့ပါလဲ?
ဒီလို Samuel Pierpont Langley ကို အားလုံးက အာရုံစိုက်နေကြတဲ့အချိန်မှာ Orville Wright နဲ့ Wilbur Wright တို့ ညီအစ်ကို နှစ်ဦးကို သိတောင်မသိကြပါဘူး။ သူတို့မှာ ငွေကြေးလည်း မရှိပါဘူး။ သူတို့ရဲ့ စက်ဘီးဆိုင်လေးက ရတဲ့ အကျိုးအမြတ်နဲ့ အိပ်မက်ကို အကောင်အထည် ဖော်နေခဲ့ကြတာဖြစ်ပါတယ်။ သူတို့ ညီအစ်ကိုနှစ်ယောက်အပြင် သူတို့နဲ့ အတူတွဲလုပ်ခဲ့သူတွေကလည်း ဘွဲ့ရပညာတတ်တွေ မဟုတ်ပါဘူး။ ဘယ်သတင်းစာကမှလဲ သူတို့အကြောင်းကို ဖော်ပြတာမျိုး မရှိပါဘူး။ ဒါပေမယ့် ကွဲပြားခြားနားချက်ကတော့ Wright ညီနောင်က ရည်ရွယ်ချက်၊ ယုံကြည်ချက်ရှိရှိနဲ့ လုပ်ခဲ့တာဖြစ်ပါတယ်။ ပျံသန်းနိုင်တဲ့ စက်ပစ္စည်းတစ်ခုကို တီထွင်နိုင်ရင် ကမ္ဘာကြီး ပြောင်းလဲသွားမယ် ဆိုတာကို ညီအစ်ကိုနှစ်ယောက်စလုံးက ယုံကြည်ခဲ့ပါတယ်။ Samuel Pierpont Langley ကတော့ သူအောင်မြင်ဖို့ သူချမ်းသာဖို့ စတဲ့ ရလဒ်တွေကိုပဲ အာရုံစိုက်ခဲ့တာဖြစ်ပါတယ်။ ဒီလို ရည်ရွယ်ချက် အကြောင်းရင်းချင်း မတူညီတာကြောင့် Wright ညီနောင်နဲ့ နောက်လိုက်အဖွဲ့က သွေးရောချွေးရော ရင်းပြီး အိပ်မက်ကို ၀ိုင်းဝန်းအကောင်အထည် ဖော်နိုင်ခဲ့ကြပေမယ့် Samuel ရဲ့ အတော်ဆုံးအဖွဲ့ကတော့ ငွေကြေးအတွက်ပဲ လုပ်ခဲ့တာကြောင့် ဘာမှဖြစ်မလာခဲ့တာဖြစ်ပါတယ်။

လူတွေဟာ ရည်ရွယ်ချက်ချင်း၊ ယုံကြည်ချက်ချင်း တူမှ လက်တွဲတတ်ကြတာကို Martin Luther King ကို ဘာလို့ ထောက်ခံခဲ့ကြတာလဲဆိုတာကြည့်ရင် သိနိုင်ပါတယ်။
၁၉၆၃ခုနှစ် နွေရာသီမှာ ၀ါရှင်တန်မြို့က Martin Luther King ရဲ့ ဟောပြောပွဲကို တက်ဖို့ လူပေါင်း ၂၅၀,၀၀၀ ရောက်လာခဲ့ပါတယ်။ ဒီဟောပြောပွဲအတွက် ဖိတ်စာတွေလဲ မကမ်းထားပါဘူး။ နေ့စွဲနဲ့ အချိန်သိဖို့ အင်တာနက်မှာ တက်ကြည့်စရာ ၀က်ဘ်ဆိုက်လည်း မရှိသေးပါဘူး။ ဒီလောက်လူအများကြီး တစ်ချိန်တည်း ဘာကြောင့်ရောက်လာခဲ့တာလဲဆိုတာ အံ့သြစရာပါပဲ။ Martin Luther King တစ်ယောက်တည်း လူမဲတန်းတူအခွင့်အရေးအတွက် တိုက်ပွဲဝင်နေတာမဟုတ်ပါဘူး။ သူပြောတဲ့ တစ်ချို့စိတ်ကူးတွေက မကောင်းပါဘူး။ ဒါပေမယ့် သူမှာ အစွမ်းတစ်ခုတော့ရှိပါတယ်။ သူက အမေရိကန်ပြည်ထောင်စုက ပြောင်းလဲဖို့ လိုနေပြီလို့ လူတွေကို မပြောပါဘူး။ သူ့ရဲ့ ယုံကြည်ချက်ကိုပဲပြောပါတယ်။ သူ့ယုံကြည်ချက်ကို တစ်ထပ်တည်း ယုံကြည်သူတွေက သူ့လမ်းကြောင်းကို လိုက်လျှောက်ကြပါတယ်။ သူတို့ရဲ့ ယုံကြည်ချက်ကို အခြားလူတွေကို ပြောပါတယ်။ ဒီလိုနဲ့ ယုံကြည်ချက်ထပ်တူကျတဲ့ လူပေါင်း ၂၅၀,၀၀၀ ဟာ တစ်ချိန်တည်း တစ်နေရာတည်း ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနေရာမှာ တစ်ခုစဉ်းစားရမှာက ရောက်ရှိလာကြတဲ့ လူတွေထဲမှာ Martin Luther King ကို အားပေးဖို့ လာရောက်ကြသူ ဘယ်နှစ်ယောက်ရှိမယ်ထင်ပါသလဲ? တစ်ယောက်မှမရှိပါဘူး။ ဒီလူတွေအားလုံးဟာ သူတို့ရဲ့ ယုံကြည်ချက်ကို ချပြဖို့ တကူးတကအချိန်ပေးပြီး လာရောက်ကြတာဖြစ်ပါတယ်။ Martin Luther King ပြောတဲ့ “I have a dream” မိန့်ခွန်းတွေထဲမှာ သူတို့ရဲ့ ယုံကြည်ချက်၊ ရည်ရွယ်ချက်ကို သူတို့ရှာဖွေတွေ့ရှိပြီး ကိုယ်ပိုင်ယုံကြည်ချက်အတွက် ရပ်တည်ကြတာဖြစ်ပါတယ်။
ခေါင်းဆောင်နဲ့ ဦးဆောင်သူ မတူပါဘူး။ ခေါင်းဆောင်ဆိုတဲ့သူတွေက လုပ်ပိုင်ခွင့် အာဏာတစ်ခုကို ကိုင်စွဲထားပြီး ဦးဆောင်သူတွေကတော့ ကျွန်တော်တို့ကို လွှမ်းမိုးနိုင်ပါတယ်။ တစ်ယောက်ချင်းပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းလိုက်ပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ဦးဆောင်သူနောက်ကို လိုက်ကြပါတယ်။ လိုက်ချင်လို့ကို လိုက်တာဖြစ်ပါတယ်။ လိုက်သင့်လို့ လိုက်တာမဟုတ်ပါဘူး။ ဒါ့ကြောင့် အကြောင်းရင်း ရည်ရွယ်ချက် Why နဲ့ စတင်သူတွေကသာ ပတ်ဝန်းကျင်ကို လွှမ်းမိုးနိုင်စွမ်းရှိပြီး အားလုံးကို ဦးဆောင်နိုင်မှာ ဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးနဲ့ အကောင်းဆုံး ဥပမာကတော့ လက်ရှိမြန်မာနို်င်ငံက ကိုယ်ကျိုးမကြည့် အများအကျိုးအတွက် ရည်မှန်းချက်ကြီးကြီးနဲ့ ပြည်သူတွေ ကောင်းစားရေးအတွက် ခြေလှမ်းမတွန့်ပဲ လုပ်ဆောင်ပေးနေတဲ့ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်လိုက်ပါ။ သူ့နေနဲ့ What ဆိုတာကို ရှေ့တန်းမတင်ထားပါဘူး။ နိုင်ငံရေးသမား ဖြစ်ချင်တာ မဟုတ်ပါဘူး။ သမ္မတလည်းဖြစ်ဖို့ အဓိက မဟုတ်ပါဘူး။ သူ့အနေနဲ့ မြန်မာပြည်က လူသားတိုင်း တန်းတူအခွင့်အရေးရရှိရမယ်။ ပြည်သူတွေ အားလုံး စည်းလုံးညီညွတ်ပြီး ခေတ်မှီတိုးတက် သာယာလှပတဲ့ နိုင်ငံတော်သစ်ကြီးမှာ လူတိုင်း တန်းတူညီတူ နေထိုင်နိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက် (သူ့ရဲ့ WHY) ကြောင့်သာ ငြိမ်းချမ်းရေး နိုပယ်ဆုကို ရရှိခဲ့ပြီး နိုင်ငံသား အားလုံးရဲ့ စစ်မှန်တဲ့ယုံကြည်ချက်တွေ ရရှိပြီး နိုင်ငံ့ခေါင်းဆောင်အဖြစ် သာမကပဲ နိုင်ငံ့ဦးဆောင်သူအဖြစ် ပြည်သူနှင့်အတူ ငြိမ်းချမ်းသော ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်နေနိုင်တာပါ။
Idea by Simon Sinek - How great leaders inspire action
Referenced - Gentleman Magazine
Edited* by AGENDA


Thank you guys for reading. We hope you had an amazing day. we believe in you can do the great things and we hope you continue to believe in yourself.
M U C H . L O V E see you again in next article>>>

Address

Lower Puzuntaung Road, Puzuntaung Township
Pazundaung

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30

Website

Alerts

Be the first to know and let us send you an email when AGENDA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AGENDA:

Share