Dhamma Yay Sin

Dhamma Yay Sin တရားအသိ တရားသတိများရကြပါစေ

19/03/2026

ကံကောင်းချင်လျှင် စိတ်ဓာတ်ကိုပြင်

#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး

17/03/2026

အဓိက နဲ့ သာမည ခွဲခြားသိပါစေ

#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး

16/03/2026

လောကဓံ နဲ့ကြုံတွေ့လာတဲ့အခါ


#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး

15/03/2026

ကိုယ့်အမှားကို ပြင်ဆင်ပါ


#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး

မြတ်စွာဘုရားကဟောတယ်“သစိတ္တ ပရိယောဒပနံ” ကိုယ့်စိတ်ကလေးကို ဖြူစင်အောင်ထားတဲ့။ စိတ်ဖြူစင်တယ် ဆိုတာညစ်နွမ်းတဲ့စိတ်တွေမရှိသင့...
13/03/2026

မြတ်စွာဘုရားကဟောတယ်“သစိတ္တ ပရိယောဒပနံ” ကိုယ့်စိတ်ကလေးကို ဖြူစင်အောင်ထားတဲ့။
စိတ်ဖြူစင်တယ် ဆိုတာညစ်နွမ်းတဲ့စိတ်တွေမရှိသင့်ဘူး။ညစ်နွမ်းတဲ့ စိတ်ဆိုတာ ဘာတုန်း
လောဘဆိုတဲ့ အညစ်အကြေး၊ဒေါသဆိုတဲ့ အညစ် အကြေး၊မောဟဆိုတဲ့ အညစ်အကြေး၊မာန်မာနဆိုတဲ့ အညစ်အကြေး၊ ဣသာဆိုတဲ့ အညစ်အကြေး၊ မစ္ဆရိယဆိုတဲ့ အညစ်အကြေး၊ အဲဒီတရားတွေ စိတ်ထဲမှာ ပေါ်လာပြီဆိုရင် စိတ်ဟာ ညစ်နွမ်းသွားတယ်လို့ ခေါ်တယ်။
အဲဒီညစ်နွမ်းသွားတဲ့ စိတ်ကို ဖြူစင်အောင် လုပ်ရမယ်။(စိတ်ဆိုတာ သဘာဝအားဖြင့် ဖြူစင်နေတာဖြစ်လို့ညစ်နွမ်းသွားတဲ့စိတ်ကိုပြန်ဖြူအောင်လုပ်လို့ရတယ်)
ဆိုပါစို့ အဝတ်ဟာ နဂိုကတည်းက အမဲရောင် ဆိုးထားတဲ့ အဝတ်၊အဲဒီ အမဲရောင်၊ အနက်ရောင် ဆိုးထားတဲ့ အဝတ်ကိုဖြူအောင် လုပ်ပါလို့ဆိုလို့၊ဖြစ်နိုင် ပါ့မလား?မဖြစ်နိုင်ဘူး။စိတ်က နဂိုကအဖြူရောင်၊အဲဒီ အဖြူပေါ်မှာတခြား အရောင်တွေကြောင့်ညစ်နွမ်းလာတယ်။
မဖြူစင်ဘူးဆိုရင်နောက်မှပေါ်လာတဲ့ အရောင်တွေကို အရောင်ချွတ်ဆေး၊ဆပ်ပြာစသည်ဖြင့် ဖွတ်လျှော်လိုက်မယ် ဆိုရင်နောက်မှပေါ်လာတဲ့ အရောင်တွေဟာ ကျွတ်သွားပြီးတော့ ပကတိ အရောင်ဖြစ်တဲ့ဖြူစင်မှုကိုရတယ်။
မြတ်စွာဘုရားက စိတ်ဟာ ပင်ကိုယ်က အနက်မဟုတ် ဘူး၊ပင်ကိုယ်သဘာဝအားဖြင့် ဖြူစင် တယ်။
“ပဘဿရမိဒံ ဘိက္ခဝေ စိတ္တ”တဲ့။စိတ် ဆိုတာသန့်ပြန့် ဖြူစင်နေတဲ့ သဘာဝတရားတဲ့ဘာဖြစ်လို့လဲဆိုရင် သူက အာရုံကို သိရုံသိတာ။စိတ်ရဲ့သဘာဝက အာရုံကို သိရုံပဲသိတယ်။
တွယ်တာမှုဆိုတာ မဖြစ်ဘူး။မုန်းတီးမှုဆိုတာလည်း မဖြစ်ဘူး။သိရုံမျှ သက်သက်သာ သိတာဆိုတော့ဖြူစင်တယ်။
အဲဒီသဘာဝအားဖြင့်ဖြူစင်နေတဲ့စိတ်ကလေးဟာ “တဉ္စ ခေါ အာဂန္တုကေဟိ ဥပက္ကိလေသေဟိဥပတ္တိ လိ”၊ အခိုက်အတန့် ဖြစ်ပေါ်လာတဲ့လောဘ ကြောင့် စိတ်ကလေးဟာ ညစ်နွမ်း သွားရတယ်။ဒေါသကြောင့် စိတ်ကလေးဟာ ညစ်နွမ်း သွားရတယ်။
မာန်မာနတွေ၊ ဣဿာ မစ္ဆရိယတွေကြောင့်အဲဒီအညစ်အကြေးတွေကိုစနစ်တကျသန့်စင်ဆေး ကြော ပစ်လိုက်မယ်ဆိုရင်ပင်ကိုယ်ကအနေအထားအတိုင်း ပြန်ရောက်သွား နိုင်တယ်။ကိုယ့်စိတ်ကလေးကို စင်ကြယ်အောင် လုပ်ရမယ်ဆိုတာ ဒါကိုပြောတာဖြစ်တယ်။
စဉ်းစားကြည့်လေ လူတွေဟာ စိတ်ကြည်နေတဲ့ အချိန် ဒေါသဆိုတာလာမှမလာတာဘဲ။
ဒေါသဆိုတာ အာရုံကြောင့် မိမိရဲ့ နှလုံးသွင်းမှု မှားယွင်း မှုကြောင့်အခိုက်အတန့်ပေါ်လာတဲ့သဘော တရားပဲဖြစ်တယ်။ဒါကို သန့်စင်အောင်ဆေးကြောပစ်ရမှာပေါ့။
ဆေးကြောပစ်လိုက်တဲ့ အခါကျတော့ဒေါသမရှိတဲ့ စိတ်ဟာ တည်ငြိမ်တဲ့ စိတ်၊ဖြူစင်တဲ့စိတ် ပြန်ပြီးတော့ဖြစ်လာတယ်။
ထို့အတူပဲ လောဘဆိုတာ အမြဲဖြစ်နေတာ မဟုတ်ဘူး။အာရုံနဲ့တွေ့လို့လိုချင်မှုတွေ တပ်မက်မှုတွေ လွှမ်းမိုးလာတဲ့အခါတရား နည်းလမ်းကျတဲ့ဆေးနဲ့ ဖြေပေးပြီးတော့သန့်စင် ပေးလိုက်မယ်ဆိုရင် နဂိုငြိမ်းအေး ငြိမ်သက်တဲ့ဖြူစင်တဲ့ စိတ်ကလေးကို ပြန်ပြီးတော့ ရနိုင်တာပေါ့။
လူတွေရဲ့ စိတ်ထဲမှာ အမြဲတမ်း သူများအပေါ်မှာ မနာလိုတဲ့စိတ်တွေ ဖြစ်တာမှမဟုတ်ဘဲ။ ကိုယ်သာရချင်တယ်ဆိုတဲ့စိတ်ဟာလည်းအမြဲတမ်း ဖြစ်တာမှမဟုတ်ဘဲ။
သူများစည်းစိမ်ကို စဉ်းစား လိုက်တဲ့အခါကျမှ မနာလိုစိတ်ဆိုတာ ဝင်လာတာ ဖြစ်တယ်။ကိုယ့်ထက်သာမနာလို၊ကိုယ့်ထက်သာသွား မှာမကျေနပ်တဲ့စိတ်ကလေးကတွေးကြည့်လိုက်မှပေါ်လာတာ။
ကိုယ်ရထားတဲ့ အခွင့်အရေး တစ်ခုကို သူတပါးကို မပေးလိုတဲ့ မစ္ဆရိယ စိတ်ကလေးဟာလည်း မတွေးဘဲနေတဲ့အခါပေါ်တာမှ မဟုတ်ဘဲ၊ တွေးလိုက်တဲ့အခါကျမှပေါ်လာတာ ဖြစ်တယ်။
အဲဒီတော့ အကြောင်းရှိမှ ဝင်လာတဲ့ဒီစိတ်ရဲ့အညစ် အကြေး တွေကိုမှန်ကန်တဲ့ အတွေးတစ်ခုနဲ့ သန့်စင်ဆေးကြောလိုက်မယ်ဆိုရင် ဖြူစင်သွားမယ်တဲ့။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

နေ့စဉ်တရားတော်များ နာယူနိုင်ရန် Follow ထားပကြပါဦး ဓမ္မ မိတ်ဆွေ သူတော်စင်အပေါင်းတို့ခင်ဗျာ🙏

#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

ဘုရားကို ... အသိဉာဏ်‌ရှိရှိ  ကိုးကွယ်ဖို့ လိုအပ်တယ် ...ဒီဘုရားကတော့ ... လာဘ်ကောင်းလို့ ကိုးကွယ်ရဦးမယ်ဆိုတာတွေ  ရှိတယ်နော...
13/03/2026

ဘုရားကို ... အသိဉာဏ်‌ရှိရှိ ကိုးကွယ်ဖို့ လိုအပ်တယ် ...
ဒီဘုရားကတော့ ... လာဘ်ကောင်းလို့
ကိုးကွယ်ရဦးမယ်ဆိုတာတွေ ရှိတယ်နော် ၊
ဒါဖြင့် လာဘ်မကောင်းဘူးဆိုရင်
ဒီဘုရား အိမ်ပေါ်ထားမှာ မဟုတ်ဘူး ၊ ဟုတ်ကဲ့လား ... ။
အေး လာဘ်မရတော့ဘူးဆိုရင် ...
ဘုရားကိုးကွယ် ... ကြတော့မှာ မဟုတ်တော့ဘူး ... ။
သဒ္ဓါဆိုတာကို ...
ပညာနဲ့မထိန်းရင် ... လမ်းကြောင်း မဖြောင့်နိုင်ဘူး´ တဲ့ ..။
အဲဒီလို ကိုးကွယ်တာဟာ ` လာဘ ´ ဆိုတဲ့ ...
လာဘ်လာဘကို ရည်စူးပြီးတော့ ကိုးကွယ်တာဖြစ်နေတယ် ... ။
သေချာစဉ်းစားကြည့်နော် ... ။
လောကမှာ ... လူတွေ ဘုရားကိုးကွယ်နေကြတာ ...
တကယ့်ကို ... အနှစ်သာရ သဒ္ဓါနဲ့ ပညာနဲ့ ယှဉ်ပြီးတော့ ကိုးကွယ်တာလား ... ။
တစ်ခုခု စီိးပွားတိုးတက်ချင်လို့လား ... ။
အလုပ်အကိုင်လေး အဆင်ပြေစေချင်လို့လား
ဆိုတာကို စဉ်းစားကြည့် ... ။
အလုပ်အကိုင်လေး အဆင်ပြေစေချင်လို့ ၊
စီးပွားတက်ချင်လို့ ၊ ဘာတို့ညာတို့ပေါ့လေ ၊
အဲဒါမျိုးတွေအတွက် ... ကိုးကွယ်နေသေးတယ်ဆိုရင် ...
ဒါ ` အဝစ္စ ပသာဒ ´ ဆိုတဲ့ ...
အသိဉာဏ်‌ သက်ဝင်၍ နှစ်နှစ်ကာကာ ... ယုံကြည်ခြင်းမျိုး မဟုတ်ဘူးနော် ... ။
ဒါကြောင့်မို့လို့ အခုဆိုရင် ဘုရားတောင်မှပဲ ...
နာမည်ကောင်းကောင်းလေးတွေပေးပြီး ...
ကိုးကွယ်ကြတာ ... ။
` အမျက်တော်ပြေ ... အလိုတော်ပြည့် ... လာဘမုနိ '
တို့ ... ဟုတ်ကဲ့လား ... ။
အေး ... အဲလိုမဟုတ်ရင် ...
ဘုရား ကိုးကွယ်မယ်တောင် မထင်ဘူး ... ။
မြတ်စွာဘုရား ဆိုတာနော် ...
အကုန်လုံး ... ဘုရားတိုင်း ဘုရားတိုင်းဟာ အနည်းဆုံး
လေးအသင်္ချေ နဲ့ ကမ္ဘာ တစ်သိန်း
ပါရမီဖြည့်ခဲ့တာချည်းပဲ မဟုတ်လား ... ။
ဘုရားတိုင်း ဘုရားတိုင်းဟာ ...
ဂုဏ်တော်ကိုးပါးနဲ့ ပြည့်စုံတာချည်းပဲ ... ။
ပုံတော်ကနေ ဂုဏ်တော်ကို ရောက်ဖို့ လိုအပ်တယ် ... ။
အနှစ်သာရကို သိပြီးတော့ ...
မြတ်စွာဘုရားရဲ့ အာရုံ ၊ မြတ်စွာဘုရားရဲ့ ဂုဏ်တော်ထဲမှာ ... စိတ်ကလေးကိုနှစ်ပြီး
ဘုရားကို အသိဉာဏ်‌ရှိရှိ ကိုးကွယ်ဖို့ပဲ ... လိုအပ်ပါတယ် ... ။
ခုခေတ်က ပြောရမယ်ဆိုရင်အများကြီးပဲ ၊
ဘုန်းကြီးတို့ ... စစ်ကိုင်းမှာလည်း ရှိတယ် ... ။
ဘုရားတစ်ဆူက ` မဟိယင်္ဂဏ ´ ဆိုတဲ့ ဘုရား ၊
မူရင်းက ` မဟိယင်္ဂဏ ´ ။
ကာလရွေ့လျောတဲ့အခါ ... `မရှိခဏ´ ဖြစ်သွားတယ် ...။
ဘုန်းကြီးတို့က ... သမိုင်ကြောင်းကို
ပြောပြပြီးတော့ ` မဟိယင်္ဂဏ ´ လုပ်ပါ ၊ `မရှိခဏ´ တော့ မလုပ်ပါနဲ့လို့ဆိုတော့ ...
ဒီဘုရားကို ကိုးကွယ်မယ်ဆိုရင် ` မရှိရင် ခဏပဲ ´ ပေါ့ ၊
ရှိရမယ် ထာဝရဆိုပြီးတော့ ...
အဲဒီနာမည်လေးကို မဖျောက်နိုင်ဘူး ... ၊ လူတွေက ဘုရားကိုတောင်မှ ...
အဲဒီလို အတွေးမျိုးဆိုရင်တော့ ... ` အဝစ္စ ပသာဒ ´
မဖြစ်တာ သေချာတယ် ... ။
ဂုဏ်တော်တွေရဲ့ ... အနှစ်သာရတွေကို ...
အသိဉာဏ်‌နဲ့ ...
သက်ဝင်ယုံကြည်တဲ့ ... သဒ္ဓါတရားနဲ့ ... ပြည့်စုံဖို့ လိုအပ်ပါတယ် ... ။
#အနန္ဒကျေးဇူးတော်ရှင်
#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ


နေ့စဉ်တရားတော်များ ဂါထာတော်များနာယူရန်🙏
𝐘𝐨𝐮𝐓𝐮𝐛𝐞 - https://www.youtube.com/

13/03/2026


#ပါမောက္ခချုပ်ဆရာတော်ကြီး

12/03/2026

လူတိုင်းဟာ ဆုံးမလို့မရဘူး
YouTube Channel - https://www.youtube.com/


#ပါမောက္ခချုပ်ဆရာတော်ကြီး

ကိုယ်ကျင့်တရားကောင်းဖို့ဆိုတာ_______________________________ ✿◠လောကမှာ ကိုယ်ကျင့်တရားဆိုတာ      အင်မတန်မှ အရေးကြီးတယ်......
12/03/2026

ကိုယ်ကျင့်တရားကောင်းဖို့ဆိုတာ
_______________________________
✿◠လောကမှာ ကိုယ်ကျင့်တရားဆိုတာ
အင်မတန်မှ အရေးကြီးတယ်..........
# ကိုယ်ကျင့်တရားဆိုတာ.......
ဘယ်ခေတ် ဘယ်အခါ ဘယ်ဒေသ ဘယ်ကာလမှာ
ပဲဖြစ်ဖြစ် လူသားတွေ ရှိနေသမျှ လိုက်နာကျင့်သုံး
ရမယ့် လူတို့ရဲ့ ကိုယ်ကျင့်တရားပေါ့.....

✿◠‿တစ်ချိန်တစ်ခါတုန်းက လူ့သက်တမ်း
အလွန်ရှည်ခဲ့တယ်တဲ့......
ဘယ်လောက်ရှည်တုန်းဆိုလို့ရှိရင်
တစ်ခေတ်တုန်းက မန္ဓာတု စင်္ကြာမင်းကြီး လူ့ပြည်
မှာ နှစ်ပေါင်းများစွာ စိုးစံ အုပ်ချုပ် မင်းလုပ်ခဲ့တယ်....
ဒါနဲ့ တင်းတိမ်အားရမှု မရှိတဲ့အခါ
တာဝတိ ံသာ နတ်ပြည်တတ်ပြီး သိကြားမင်းနဲ့
အာဏာခွဲယူ ယှဉ်ပြိုင်ပြီး
နတ်ပြည်ကို အုပ်ချုပ်ခဲ့ တယ်.........
သိကြားမင်း သုံးဆယ့်ခြောက်ယောက် ပြောင်းသွား
တာတောင်မှ သူကမသေသေးဘူးတဲ့........
သက်တမ်းအလွန်ရှည်တယ်ပေါ့.........
အဲ့တော့ နတ်ထက်အသက်ရှည်တဲ့ခေတ်ဆိုတာ
တစ်ခေတ်ကြုံခဲ့ဖူးတယ်ပေါ့.......

✿◠‿◠အေး.....လူ့လောကဟာ ရာဇဝတ်မှုတွေထူပြောပြီး
တော့ ဒုစရိုက်တွေ များလာသည့်အတွက်ကြောင့်
သက်တမ်းတွေဟာ တဖြည်းဖြည်း ကျလာတယ်......
မထိန်းနိုင် မသိမ်းနိုင်လောက်အောင် ကျလာပြီး
နောင်လည်းပဲ ဆက်ပြီးတော့ ကျဖို့ ရှိသေးတယ်......

✿◠‿◠သို့သော်....
ထိုသက်တမ်းတွေကို ကျမသွားအောင်
ထိန်သိမ်းနိုင်တဲ့နည်းလမ်းက
ကိုယ်ကျင့်တရားပဲတဲ့.........
ရှေးခေတ်ကလည်း ဒီကိုယ်ကျင့်တရားပဲ.....
ကနေ့ခေတ်မှာလည်း ဒီကိုယ်ကျင့်တရားပဲ......
သို့သော် သက်တမ်းရှည်တဲ့ခေတ်မှာ
ကိုယ်ကျင့်တရားကို အလေးအနက်ထား
စောင့်ရှောက်ကြတယ်......
သက်တမ်းတိုတဲ့ခေတ်မှာ ဟောဒီကိုယ်ကျင့်တရား
ကို အလေးမထားကြတေားဘူးတဲ့...... ။
အလေးမထားကြသည့်အတွက်ကြောင့်
လူ့လောကကြီးဟာ ဆင်းရဲဒုက္ခတွေနဲ့ ကြုံတွေ့ပြီး
တော့နေကြရတယ်။

✿◠‿◠မြန်မာလူမျိုးတွေပြောကြတယ်
(ဘယ်သူမပြုမိမိမှု ) တဲ့ ဟုတ်လား..
ကိုယ်လုပ်ခဲ့တာတွေ ကိုယ်ပြန်ခံနေရတယ်
ကနေ့ခေတ်ကြီးမှာ ပြောကြတယ်
(Ozone)အိုဇုန်းလွှာကြီးပါးလို့ ရာသီဥတုတွေ
ပူပြင်းလာတယ်လို့ ဒီလိုပြောကြတယ်....
ဘာကြောင့် Ozone လွှာပါးလဲဆိုရင်
လူတွေကြောင့် ဖြစ်တယ်....
အေး..သူတို့ကတွေးလို့ ကြည့်လို့ မြင်လို့ ရတဲ့
အကြောင်းအရာတွေလောက်ပဲ လိုက်ရှာတယ်....

✿◠‿◠တကယ်လူ့လောကကြီး ပူနွေးလာတာဟာ
ဘာကြောင့်တုန်းဆိုရင် လူ့တွေရဲ့သန္တာန် အတွင်း
အဇ္ဈတ္တမှာ လောဘမီးတွေကလည်းတောက် ၊
ဒေါသမီးတွေကလည်းတောက်၊မောဟမီးတွေက
လည်းတောက် ဟောဒီမီးတွေ တောက်နေတော့
လူ့ခန္ဓာကိုယ်က ထွက်တဲ့ အပူမီးတွေဟာလည်း
အင်မတန်မှ ကြီးမားလာတယ်...လောကကြီးမပူဘဲ
နေမလား...ပူမှာပဲနော်။

✿◠‿◠အဲ့တော့
မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာ
ဟောထားတယ်........
အလွန့်အလွန်ပြင်းထန်တဲ့ဒေါသ၊အာဃာတတွေ
ဟာ လူတွေရဲ့ ရင်ထဲ နှလုံးထဲကို ရောက်လာပြီတဲ့.
အမှုမဲ့အမှတ်မဲ့ မနေကြနဲ့တဲ့ ဟုတ်ကဲ့လား....

✿◠‿◠လူတွေရဲ့ ရင်ထဲ နှလုံးထဲမှာ မေတ္တာ အအေးဓာတ်
တွေကတဖြည်းဖြည်း လျော့နည်းလာပြီးတော့
ဒေါသဆိုတဲ့ အပူဓာတ်တွေက ကမ္ဘာ ကြီး
ပူနွေးလာတဲ့အထိ ရောက်လာပြီ။
တော်တော်နဲ့ မအေးနိုင်တောဘူ့း....။

✿◠‿◠အေး...ဒါကြောင့်မို့
တစ်နေရာ တစ်ဒေသ ဆိုလို့ရှိရင်
*ဘယ်သူတွေတရားပျက်ပျက်ကိုယ်မပျက်စေရဘူး*
ဆိုတာမျိုးကို ကိုယ့်ရဲ့ရင်ထဲ၊ နှလုံးထဲ ၊ခေါင်းထဲမှာ
စွဲထားဖို့တော့ လိုအပ်တယ်တဲ့။
လောကကြီးမှာ ဘယ်သူတွေတရားပျက်ပျက် ကိုယ်
မပျက်စေရဘူးဆိုတာဟာ ရှိကိုရှိရမယ်......။

[[[( ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)]]]
တရားတော်များစဉ်ဆက်မပြတ်တင်ဆက်ပေးမှာဖြစ်လို့ Follow ထားကြပါဦး🙏

11/03/2026

“ဒေါသ မာန” ဆိုတာ မထားသင့်တဲ့အရာတေပါ

"အပြစ်ဆိုသည်မှာ"အပြစ်ဆိုသည်မှာ မကောင်းတဲ့အကျိုးကို သယ်ဆောင်လာတတ်တဲ့ သဘောကိုပြောတာ။လောဘရှိလို့ကိုယ့်ပစ္စည်းကိုနှမျောတာ ကိ...
11/03/2026

"အပြစ်ဆိုသည်မှာ"

အပြစ်ဆိုသည်မှာ
မကောင်းတဲ့အကျိုးကို သယ်ဆောင်လာတတ်တဲ့ သဘောကိုပြောတာ။
လောဘရှိလို့ကိုယ့်ပစ္စည်းကိုနှမျောတာ
ကိုယ့်ပစ္စည်းကိုတွယ်တာတာ ကိုယ့်မိသားစုအပါ်
တွယ်တာတာ။

အပြစ်မရှိဘူးလို့ထင်သလား ။အပြစ်ရှိတယ် ဘယ်လိုအပြစ်ရှိလဲဆိုရင်
အဲ့ဒီတွယ်တာမှုက သောကဆိုတဲ့ဆိုးကျိုးကိုယူဆောင်လာတတ်တယ်။ ဘယ်သူကယူလာလဲဆိုတော့လောဘကယူလာတာ ဒါအနည်းဆုံးအပြစ်ပဲ။
တွယ်တာတဲ့နေရာမှန်သမျှ သောကဆိုတာလာတာပဲ။
သောကဆိုတာကောင်းသလားဆိုတော့မကောင်းဘူး။ စိတ်ပူစေတယ်။

အသက်အရွယ်ကြီးသူ တွေဆိုပိုဆိုးတယ်။ မိဘတွေဟာ သားသမီးတွေနဲ့ပက်သတ်လာရင်
အချိန်တန်လို့ အိမ်ပြန်ရောက်ရင်ရောက် အိမ်ပြန်မရောက်ဖူးဆိုရင် တမျှော်မျှော်နဲ့
အိပ်မပျော်ဖြစ်လာတယ်။ အမျိုးမျိုးတွေးတယ်လေ။အပြင်ထွက်သွားပြီးဆိုရင် ဟဲ့
ဘာများဖြစ်လာမတုန်းတဲ့။

ပစ္စည်းရှိတဲ့သူတွေကလည်း ပစ္စည်းအတွက်ကြောင့်ကြ
သားသမီးရှိတဲ့သူတွေကလည်း သားသမီးအတွက်ကြောင့်ကြ ။
အဲ့ဒါလောဘက ပေးတဲ့ ပြဿနာတွေပေါ့။ လောဘကပေးတဲ့ Problem တွေပဲ။
လောဘမရှိဘူးဆိုရင် ဒါတွေငြိမ်းနေမှာသေချာတယ်။ မြတ်စွာဘုရားက ဟောထားတယ်
"ပီယတော ဇာယတေ သောကော" တဲ့ ဟောရှင်းးရှင်းလေးပဲ။ ချစ်ခင်တွယ်တာမှုသည်
သောကကိုမွေးဖွားတတ်သည်တဲ့ ။လူတွေကတော့ သောကကင်းဝေး နေထိုင်ရေး ဆိုကာ
ကြိုးစားကြတယ်။ သို့သော်ချစ်ခင် တွယ်တာမှုကိုတော့ မလျှော့ကြဘူး။ သောကကိုဘယ်လိုလျှော့ရမှာတုန်း။အကြောင်းနဲ့အကျိုးကဆက်နေတာကိုး။

ကဲအဲ့ဒီတော့ကိုယ့်လောဘကို ကိုယ်(Control)လုပ်ရင် လုပ် ။
မလုပ်ရင်ဘာဖြစ်လာမလဲ ဆိုတော့ ကိုယ့်ပစ္စည်းကိုလိုချင်တဲ့ လောဘတင်မကဘူး
သူများပစ္စည်းကိုလိုချင်တဲ့ လောဘ ဖြစ်လာပြီဆိုရင်တော့ပြဿနာတွေဖြစ်လာမှာပဲ။
ခိုးမှုတွေ ဓားပြတိုက်မှုတွေ ရာဇ၀တ်မှု ကျူးလွန်မှုတွေဟာ အဲ့ဒီလောဘကြောင့်
ဖြစ်ရတာ။အဲ့ဒီတော့လောဘရဲ့ အပြစ်က ဘယ်လောက်ထင်ရှားလဲ အဲ့ဒါကြောင့်မို့လို့ ပညာရှိတွေဟာ လောဘကိုမကောင်းဘူးလို့ပြောကြတာ။ဒါလက်တွေ့ပဲလေ။

မကောင်းတဲ့လောဘကို မထိန်နိုင်းဘူးဆိုရင် ထိုပုဂ္ဂိုလ်သည်သာမန်
လူကောင်းတစ်ယောက်ကနေ သူခိုးသို့ ရောက်အောင်ပို့လိမ့်မယ်။ သူခိုးဘ၀ကနေ ဓားပြ ဘ၀ကိုရာက်ပြီ။ဘယ်သူကပေးလိမ့်တဲ့နာမည်လဲဆိုတော့ လောဘကပေးလိုက်တဲ့နာမည်ပဲ။
အကယ်၍သာ သူများပစ္စည်းလိုချင်တဲ့လောဘမျိုးမရှိဘူးဆိုရင် သူသည်
သူခိုးဓားပြ အဖြစ်ဘယ်နည်းနဲ့မှ မရောက်နိုင်ဘူး။

ထို့အတူပဲမောဟဆိုတဲ့သဘာ၀တရားရှိတယ်။ သူကယဉ်ယဉ်ကလေးရယ်။
မောဟဆိုတာ တွေဝေနေတာ ဘာပြဿနာမှ မရှိဘူးလို့ ထင်ရတယ်။
မောဟကမှ ပိုပြဿနာကြီးတာ ။သူက လုပ်သင့်တာရယ် မလုပ်သင့်တာရယ် မသိဘူး။
မသိတော့ဘာတွေဖြစ်လဲဆိုတော့ မလုပ်သင့်တာတွေလုပ်တယ်။ လုပ်သင့်တာတွေမလုပ်ဘူး။
အဲ့ဒီတော့ မလုပ်သင်တာကို လုပ်လို့ရှိရင် အပြစ်ဖြစ်သလို လုပ်သင့်တာကို မလုပ်ရင်လည်း
အပြစ်ဖြစ်တယ်။ အဲ့ဒီနှစ်ခုဟာအတူတူပဲ။

ဟောဒီလောဘတို့ ဒေါသတို့ မောဟ တို့ဆိုတဲ့ လူတွေသန္တာန်မှာဖြစ်တဲ့
သဘာ၀တရားတွေဟာ ကုသိုလ်လား အကုသိုလ်လားဆိုတာ ကိုယ့်ကိုယ့်
ဆန်းစစ်ကြည့်။ကုသိုလ်ဆိုတာ ကောင်းကျိုးချမ်းသာကိုပေးတဲ့သဘောတရား။
အကုသိုလ်ဆိုတာ မကောင်းကျိုးကိုပေးတဲ့သဘောတရား။လောဘ ဒေါသ မောဟ
မကောင်းတဲ့ အကျိုးကိုသယ်ဆောင်လာတယ်။
ဒါ့ကြောင့်အပြစ်ရှိသလား မရှိဘူးလားဆိုရင် အပြစ်ရှိတယ်။
ပြဿနာမဖြစ်စေဘူးလားဆိုရင် ဖြစ်စေတဲ့ တရားတွေချည်းပဲ။ပညာရှိတွေ ကဲ့ရဲ့တဲ့တရား။
ဒီတရားမျိုးကိုလက်ခံကျင့်သုံးတဲ့ လူတစ်ယောက်ဟာ ကျောင်းကျိုးချမ်းသာတွေ ဘယ်တော့မှရမှာမဟုတ်ဘူး။ဒါလက်တွေ့ ကိုယ်ကိုယ်တိုင် ဆင်ခြင်စဉ်းစားလို့ရတဲ့ အချက်နဲ့အဖြေထုတ်တာ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်၏
ဒေါတာ အရှင်နန္ဒမာလာဘိဝံသ

တရားတော်များစဉ်ဆက်မပြတ်တင်ဆက်ပေးမှာဖြစ်လို့ Follow ထားကြပါဦး ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့ခင်ဗျ🙏
credit # #

*ကိုယ်သေရင် လိုက်သေမှာလား*ငါမရှိမဖြစ်- သင့်ကိုယ် သင် အထင်ကြီးခြင်း မျှသာ၊သင်မရှိဘဲနှင့် ဖြစ်နေကြသူတွေ တစ်ပုံကြီး။သူမရှိမ...
11/03/2026

*ကိုယ်သေရင် လိုက်သေမှာလား*
ငါမရှိမဖြစ်- သင့်ကိုယ် သင်
အထင်ကြီးခြင်း မျှသာ၊
သင်မရှိဘဲနှင့် ဖြစ်နေကြ
သူတွေ တစ်ပုံကြီး။
သူမရှိမဖြစ်- သူ့အပေါ် သင်
အထင်ကြီး နေခြင်းမျှသာ
သူမရှိဘဲနှင့် ဖြစ်နေသူတွေ
မေးထိုးပြလို့ မကုန်။
သင်ရှိတုန်းမို့ လက်ခံနေသည်သာ၊
သင်ပေးကမ်းလို့ ယူငင်နေသည်သာ။
ယနေ့ သင် မရှိလျှင်
ယနေ့ပင် သူဟာနှင့်သူ ဖြစ်နေပေလိမ့်မည်။
ယနေ့ သင်သေ၍ သင် မရှိတော့ပါသဖြင့်
သင့်နောက်သို့ လိုက်သေမည့် မသာကား
တစ်လောင်းမျှ မရှိပါချေ။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး🙏

တရားတော်များစဉ်ဆက်မပြတ်တင်ဆက်ပေးမှာဖြစ်လို့ Follow ပေးကြပါဦး ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့🙏

Address

Pathein

Website

Alerts

Be the first to know and let us send you an email when Dhamma Yay Sin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share