01/03/2020
သိထားသင့်သော Memory အကြောင်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
🛑 ကျနော်တို့ ဒီနေ့ဆွေးနွေးသွားမယ့် အကြောင်းအရာလေးကတော့ Practical A+ သင်ခန်းစာထဲမှ တစ်ခုဖြစ်တဲ့ Memory အကြောင်းကို ဖြစ်ပါတယ်။ Memory ဆိုတာကို မြန်မာလို တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင် မှတ်ဥာဏ်လို့ ပြောလို့ရပါတယ်။ Memory ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ အချက်အလက် (Data) တွေကို သိမ်းဆည်းတာပေ့ါဗျာ။ တနည်းအားဖြင့် သိုလှောင်ထားတယ်ပေါ့။ ဘိုလို ပြောရင်တော့ Data Store လုပ်တယ်ပေ့ါ။
🛑 ကျနော်တို့ ပတ်၀န်းကျင်မှာ Memory အကြောင်းကို မကြာခဏ ပြောလေ့ ရှိပါတယ်။ မင်းဖုန်း Memory ဘယ်လောက်လဲတို့၊ မင်း ကွန်ပြုတာမှာ Memory ဘယ်လောက်ပါလဲ ဆိုပြီး ပြောလေ့ ရှိပါတယ်။ တကယ်တော့ Memory က အဲ့လောက် မရိုးရှင်းပါဘူး။ ဆိုလိုချင်တာက Memory မှာ အမျိုးအစားများစွာ ရှိပါတယ်။
🛑 အကြမ်းဖျင်းအားဖြင့် Memory မှာ Primary Memory နဲ့ Secondary Memory ဆိုပြီး ၂မျိုးခွဲခြားနိင်ပါတယ်။ Primary Memory သည် RAM ကို ပြောတာ ဖြစ်ပြီးတော့ Secondary Memory သည် Hard Disk ကို ပြောခြင်း ဖြစ်ပါတယ်။ ဖုန်းတစ်လုံးအနေနဲ့ ပြောမယ်ဆိုရင် Primary Memory သည် RAM ကိုပြောတာဖြစ်ပြီးတော့ Secondary Memory သည် SD Card တို့၊ Internal Storage/Memory တို့နဲ့ အလားတူပါတယ်။ ဒီလောက်ဆိုရင် Primary Memory နဲ့ Secondary Memory ကို ခွဲခြားတက်မယ် ထင်ပါတယ်။ ဒီနေ့မှာတော့ Primary Memory ဖြစ်တဲ့ RAM အကြောင်းကို အဓိက ထားပြောပေးသွားမှာ ဖြစ်ပါတယ်။
🛑 ကဲ ဒါဆိုရင် RAM အကြောင်းကို ဆက်ပြောကြရအောင်။ RAM ကို Random Access Memory လို့ခေါ်ပါတယ်။ Random Access Memory မှာ Memory ဆိုတာသည် Data Store လုပ်တယ်လို့ ရှေ့မှာလဲ ပြောခဲ့ပါတယ်။ ခုပြောပြမှာက သူ့ရှေ့က Random Access ဖြစ်ပါတယ်။ ကျနော် ဥပမာလေးတစ်ခုနဲ့ ရှင်းပြပါရစေ။ RAM ဆိုတာကြီးကို ဇယားကွက် တစ်ခုလို့မြင်ကြည့်လိုက်ဗျာ။ Data တွေသိမ်းမယ်ဆိုရင် ၄င်းဇယားကွက်ထဲမှာ သိမ်းတယ်။ CPU က ဇယားကွက် (၁) ထဲမှာ ရှိတဲ့ Data တွေကို ယူသုံးနေစဉ်မှာဘဲ ဇယားကွက် (၁၀) မှာရှိတဲ့ Data တွေကို ယူသုံးနိုင်ပါတယ်။ ဆိုလိုချင်တာက ဇယားကွက် (၁)မှာ ရှိတဲ့ Data တွေဖတ်နေရင်း ဇယားကွက် (၁၀)ကို သွားချင်တဲ့အခါ ကြားထဲက ဇယားကွက်တွေကို ကျော်သွားလို့ရတယ်။ လိုချင်တဲ့အချိန်ဆို ချက်ချင်း ကြိုက်တဲ့ ဇယားကွက်တွေကို ဖတ်နိုင်တယ်။ ဒါကို အင်္ဂလိပ်လို Random လို့ခေါ်ပါ တယ်။ ကတ်ဆက်တိတ်ခွေတွေကို သိမယ်ထင်ပါတယ်။ ရှေးဆုံးက သီချင်းတစ်ပုဒ်နားထောင်နေရင်းနဲ့ နောက်ဆုံးတစ်ပုဒ်ကို ကျော် ပြီး နားထောင်လို့မရဘူး။ ရစ်ပြီးမှ နားထောင်လို့ ရပါတယ်။ RAM ကတော့ အဲ့လိုမဟုတ်ဘူး အထက်မှာ ရှင်းပြတဲ့အတိုင်း လိုချင်တဲ့အချိန်မှာ ကြိုတက်တဲ့ Data ကိုဖတ်နိုင်ပါတယ်။ CPU က Memory ထဲက Data တွေ ယူသုံးတာကို Access လုပ်တယ်လို့ ခေါ်ပါတယ်။ Memory ထဲမှာ ရှိတဲ့ Data တွေကို လိုချင်တဲ့ အချိန်ကြိုက်တဲ့အချိန်မှာ ယူသုံးနိုင်ခြင်းကို RAM ဟုခေါ်ပါတယ်။
နောကိပီးတော့ ...
RAM မှာ Type အမျိုးအစားတွေက DDR1, DDR2, DDR3, DDR4 ဆိုပြီး မြင်ဖူးကြပါလိမ့်မယ်။ DDR ဆိုတာက ( Double Data Rate ) ပါ။ RAM မှာ Memory ပမာဏကို B( byte ) ဖြင့် တိုင်းပါတယ်။ ဥပမာ - 512MB, 1GB, 2GB, 4GB, 8GB အစရှိသဖြင့်ပေါ့။ GB များလေ ယာယီသိမ်းဆည်းနိုင်တဲ့ ပမာဏများလေပေါ့။
အဲဒီမှာ RAM ဝယ်ရင် ကြည့်ရမှာက Speed ပေါ့။ Speed ကို Hz နဲ့ တိုင်းပါတယ်။ ဥပမာ - 533MHz,667MHz,800MHz , 1066MHz,1333MHz,1600MHz,2400MHz,2666MHz တို့ပေါ့။ RAM တစ်ချောင်းထဲ စိုက်တဲ့အခါ ပြဿနာမဟုတ်ပေမယ့် RAM နှစ်ချောင်းစိုက်တဲ့အခါ ဥပမာဆိုပါစို့ DDR2 2GB နှစ်ချောင်းစိုက် 4GB ပေါ့။ စက်က လေးနေတယ်။
ပြောချင်တာက Speed မတူရင် နိမ့်တဲ့ Speed နဲ့ သွားပါတယ်။ DDR2 2GB နှစ်ချောင်းစိုက်လို့ 4GB ဟာ ယာယီ သိမ်းဆည်နိုင်တဲ့ Memory ပမာဏပါ။ မြန်နှုန်း Speed မဟုတ်ပါဘူး။ စက်မြန်ချင်ရင် Speed တူတာ ရွေးချယ်တပ်ဆင်ပါ။
#မူရင်းအားcrdပေးပါသည်