New Asia High-Tech Seeds Company Limited

New Asia High-Tech Seeds Company Limited " ယုံကြည်အားထား နယူးဧရှား "

အပင်ပေါက်နှုန်းနဲ့ ကြီးထွားမှုနှုန်းကောင်းခြင်းက တောင်သူတို့အတွက် လာမဲ့ ပြောင်းရာသီမှာ ရလဒ်ကောင်းကို ဖော်ဆောင်ပေးနိုင်တဲ...
08/05/2026

အပင်ပေါက်နှုန်းနဲ့ ကြီးထွားမှုနှုန်းကောင်းခြင်းက တောင်သူတို့အတွက် လာမဲ့ ပြောင်းရာသီမှာ ရလဒ်ကောင်းကို ဖော်ဆောင်ပေးနိုင်တဲ့ အချက်တစ်ခုပါပဲ‼️

🔸အပင်ပေါက်နှုန်း ၉၀ ရာခိုင်နှုန်းနဲ့အထက်ရှိတဲ့ ❝NAS-828❞ စပ်မျိုးပြောင်းက တောင်သူတို့အတွက် ‌‌ရွေးချယ်သင့်ဆုံးပဲနော်💯

🔸အပင်ကြီးထွားနှုန်းကလည်း ပိုမြန်ပြီး အပင်ရဲ့ အရည်အသွေးစွမ်းဆောင်နိုင်စွမ်းက ပိုမို ကောင်းမွန်ပါတယ်✅

🔸ဒီလိုအပင်အရည်အသွေးကောင်းမွန်တဲ့အတွက်ကြောင့်လည်း ပင်စည်ကြံ့ခိုင်မှုရှိကာ ရောဂါဒဏ်လည်း ပိုပြီး ခံနိုင်ရည်ရှိပါတယ်💯

💥လာမဲ့ပြောင်းရာသီအတွက် အပင်ပေါက်နှုန်းကောင်းပြီး အာမခံချက်ရှိတဲ့ ❝NAS-828❞စပ်မျိုးပြောင်းနဲ့အတူ ရလဒ်ကောင်းတွေကို ရယူလိုက်ကြပါစို့နော်💥

“ ပိုကောင်းသော အရည်အသွေး၊ ပိုကောင်းသော အထွက်နှုန်း၊ ပိုကောင်းသော အကျိုးအမြတ် “

အသေးစိတ်သိရှိလိုပါက
📩နယူးဧရှား Page Chat Box မှလည်းကောင်း
☎ဖုန်းနံပါတ်-09944130003, 09944230003 မှလည်းကောင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်

#စပ်မျိုးပြောင်း
#ပြောင်းမျိုးစေ့ #ပြောင်း

တောင်သူအများစုလုပ်လေ့ရှိကြတဲ့ ကောက်ရိုး၊ရိုးပြတ်မီးရှို့ခြင်းဟာ နောက်ဆက်တွဲဆိုးကျိုးများတဲ့ အရာတစ်ခုပါ❗ စပါးစိုက်ပျိုးကြ...
07/05/2026

တောင်သူအများစုလုပ်လေ့ရှိကြတဲ့ ကောက်ရိုး၊ရိုးပြတ်မီးရှို့ခြင်းဟာ နောက်ဆက်တွဲဆိုးကျိုးများတဲ့ အရာတစ်ခုပါ❗

စပါးစိုက်ပျိုးကြတဲ့ တောင်သူအများစုဟာ ရိတ်သိမ်းပြီးတဲ့ခါ ကျန်ခဲ့တဲ့ ကောက်ရိုး၊ရိုးပြတ်တွေကို အလွယ်တကူပဲ မီးရှို့ပစ်ကြပါတယ်။ ဒါဟာတောင်သူတို့အတွက် လွယ်ကူမြန်ဆန်တဲ့နည်းလမ်းဖြစ်ပေမဲ့ နောက်ဆက်တွဲ ဆိုးကျိုးများစွာ ကျန်ရှိစေနိုင်ပါတယ်။

ကောက်ရိုး၊ရိုးပြတ်တွေကို မီးရှို့ခြင်းကြောင့်
🔸ရိုးပြတ်ထဲရှိ အပင်အာဟာရများဆုံးရှုံးသွားခြင်း
စပါးရင့်မှည့်တဲ့အချိန်မှာ ရိုးပြတ်နှင့်ကောက်ရိုးများက မြေထဲတွင်ရှိသော နိုက်ထရိုဂျင် ၄၀ ရာခိုင်နှုန်း၊ ဖော့စပရပ် ဓာတ် (၃၀-၃၅) ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် (၈၀-၈၅) ရာခိုင်နှုန်း၊ ဆာလ်ဖာ ဓာတ် (၄၀-၄၅) ရာခိုင်နှုန်းများကို စုပ်ယူထားတာဖြစ်တဲ့အတွက် ထိုအာဟာရဓာတ်တွေကို မီးရှို့ခြင်းဖြင့် ဆုံးရှုံးသွားစေနိုင်ပါတယ်။

🔸မီးရှို့လိုက်ခြင်းကြောင့် မြေဆီလွှာရေရှည်တည်တံ့ရာမှာ မရှိမဖြစ်အရေးပါတဲ့ သစ်ဆွေးဓာတ်များ ဆုံးရှုံးသွားခြင်း

🔸စိုက်ပျိုးသီးနှံဖြစ်ထွန်းဖို့ အဓိကနေရာကနေပါဝင်လုပ်ဆောင်ပေးနေတဲ့ မြေကြီးထဲရှိ အဏုဇီဝသက်ရှိများ သေကြေပျက်ဆီးကုန်ခြင်း

🔸မီးရှို့ရာကနေထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်အငွေ့တွေကြောင့် လေထုညစ်ညမ်းစေပြီး မိမိအပါ အဝင် အနီးပတ်ဝန်းကျင်ရှိ လူများရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ခြင်း

🔸မြေအစိုဓာတ် ဆုတ်ယုတ်သွားခြင်း၊ မြေကြပ်သွားခြင်း၊ မြေချဥ်ငန်ကိန်းမျှခြေ ပျက်သွားခြင်း စတာတွေ ကြောင့် မြေဆီလွှာအရည်အသွေးများညံ့ဖျင်းစေခြင်း စတဲ့ဆိုးကျိုးများစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။

ကောက်ရိုး၊ရိုးပြတ်တွေကို မီးရှို့ခြင်းကြောင့် ဖော်ပြပါဆိုးကျိုးများစွာ ဖြစ်ပေါ်စေနိုင်တဲ့အတွက် မီးရှို့မဲ့အစား သဘာဝအတိုင်းဆွေးမြေ့စေနိုင်မဲ့ နည်းလမ်းကောင်းများကို အသုံးပြုကြစေရန် တိုက်တွန်းနှိုးဆော်ရင်း မျှဝေပေးလိုက်ရပါတယ်ရှင်။

စပါးစိုက်ပျိုးနည်းစနစ်တွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက Viber Community Group မှာ မေးမြန်းနိုင်ပါတယ်ရှင့် ✨

New Asia Rice Community
https://shorturl.at/jQd93

#စပါး #ရိတ်သိမ်းခြင်း #ရိုးပြတ်

ပြောင်းအထွက်နှုန်းကောင်းဖို့အတွက် အပင်ပေါက်နှုန်းကောင်းခြင်းက အလွန်အရေးကြီးတဲ့ အချက်တစ်ခုပါ❗️ဒါဆိုရင် အပင်ပေါက်နှုန်းကော...
05/05/2026

ပြောင်းအထွက်နှုန်းကောင်းဖို့အတွက် အပင်ပေါက်နှုန်းကောင်းခြင်းက အလွန်အရေးကြီးတဲ့ အချက်တစ်ခုပါ❗️

ဒါဆိုရင် အပင်ပေါက်နှုန်းကောင်းဖို့အတွက် ဘယ်လိုအချက်တွေကို ကြိုတင်ပြင်ဆင်ရမလဲ❓
✅အပင်ပေါက်နှုန်း ၉၀ရာခိုင်နှုန်းကျော်တဲ့ အရည်အသွေးမြင့်မျိုးစေ့ကို ရွေးချယ်ပါ
✅မြေဆီလွှာအစိုဓာတ် ကောင်းမွန်အောင် ပြင်ဆင်ထိန်းသိမ်းပေးပါ
✅စိုက်ပျိုးရမဲ့ အနက်၊ အကွာအဝေး မှန်ကန်အောင် စိုက်ပျိုးပါ
✅မျိုးစေ့မစိုက်ခင် လိုအပ်တဲ့ မျိုးစေ့ပြင်ဆင်မှုတွေ လုပ်ဆောင်ပေးပါ

အစကောင်းမှ အနှောင်းသေချာဆိုတဲ့အတိုင်း အထွက်နှုန်းကောင်းဖို့အတွက် အပင်ပေါက်နှုန်းကောင်းမွန်တဲ့ မျိုးစေ့ကိုသာ ရွေးချယ်စိုက်ပျိုးဖို့ မမေ့နဲ့နော်💥

ပြောင်းစိုက်ပျိုးနည်းစနစ်တွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက Viber Community Group မှာ မေးမြန်းနိုင်ပါတယ်ရှင့် ✨

New Asia Maize Community
https://shorturl.at/DNJwa

“ ပိုကောင်းသော အရည်အသွေး၊ ပိုကောင်းသော အထွက်နှုန်း၊ ပိုကောင်းသော အကျိုးအမြတ် “

#ပြောင်းမျိုးစေ့ #ပြောင်း #စပ်မျိုးပြောင်း

မိုးအတွက် စျေးကွက်ခိုင်မာပြီး ဆန်အရည်အသွေးမှာထိပ်တန်းဖြစ်တဲ့မျိုးဆို ❝ဧရာမင်း❞ကို မမေ့သင့်ဘူးနော်‼🔰❝ဧရာမင်း❞မျိုးကို ဧရာ...
04/05/2026

မိုးအတွက် စျေးကွက်ခိုင်မာပြီး ဆန်အရည်အသွေးမှာထိပ်တန်းဖြစ်တဲ့မျိုးဆို ❝ဧရာမင်း❞ကို မမေ့သင့်ဘူးနော်‼

🔰❝ဧရာမင်း❞မျိုးကို ဧရာပဒေသာ၊မဂျမ်းတော စသဖြင့် ဒေသအလိုက် အမျိုးမျိုး ခေါ်ဝေါ်ကြပေမဲ့ ဆန်အရည် အသွေးမှာထိပ်တန်းဆိုတာတော့ အားလုံးလက်ခံထားကြတဲ့အရာ တစ်ခုပါ💯

🔰❝ဧရာမင်း❞လို အရည်အသွေးမြင့်မျိုးစပါးကို စိုက်ပျိုးပေမဲ့ မျိုးမပေါက်တဲ့ ပြဿာနာတွေကြုံမယ်ဆိုရင်တော့ အချိန်ကုန်ငွေကုန်ဖြစ်ပြီး တောင်သူတို့အတွက် အကျိုးမဖြစ်ထွန်းစေနိုင်ပါဘူး‼

🔰ဒီလိုပြဿနာတွေရန်ကနေ ကင်းဝေးဖို့ဆိုရင် New Asia ကနေထုတ်လုပ်ထားတဲ့ မျိုးစေ့သန့်စင်မှု ၊မျိုးပေါက်နှုန်း ကောင်းမွန်တဲ့ ❝ဧရာမင်း❞ မျိုးစပါးကို ရွေးချယ်စိုက်ပျိုးသင့်ပါတယ်🌾✨

💥ဒါကြောင့် မိုးစပါးအတွက် နောင်တမရစေဖို့ ❝ဧရာမင်း❞မျိုးစပါးကိုသာ ရွေးချယ်စိုက်ပျိုးလိုက်ကြပါစို့ 💥

“ ယုံကြည်အားထား နယူးဧရှား “

အသေးစိတ်သိရှိလိုပါက
📩နယူးဧရှား Page Chat Box မှလည်းကောင်း
☎ဖုန်းနံပါတ်-09944130003, 09944230003 မှလည်းကောင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်

#စပါ #ဧရာမင်း း #မိုးစပါး

01/05/2026

“ ကမ္ဘာ့အလုပ်သမားနေ့”

၂၀၂၆ခုနစ်၊မေလ(၁)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့မှာ စိုက်ပျိုးတောင်သူများနှင့် ကမ္ဘာတစ်ဝန်းရှိအလုပ်သမားများအားလုံးကို New Asia မိသားစုမှ ဂုဏ်ပြုကြိုဆိုလိုက်ရပါတယ်✨

#အလုပ်သမားနေ့

အရည်အသွေးမြင့် စပါးရရှိဖို့အတွက် ရိတ်သိမ်းပြီးနောက် စနစ်တကျ သိုလှောင်ခြင်းဟာ အရေးကြီးဆုံးဖြစ်ပါတယ်✨✅စပါးအရည်အသွေးကောင်းမ...
28/04/2026

အရည်အသွေးမြင့် စပါးရရှိဖို့အတွက် ရိတ်သိမ်းပြီးနောက် စနစ်တကျ သိုလှောင်ခြင်းဟာ အရေးကြီးဆုံးဖြစ်ပါတယ်✨

✅စပါးအရည်အသွေးကောင်းမွန်စေရန် ရိတ်သိမ်းပြီး ၂၄ နာရီအတွင်း ခြွေလှေ့ရန်လိုပါတယ်။

✅စပါးအရည်အသွေးကျဆင်းမှု မဖြစ်စေဖို့ စပါးနှံတွေကို မြေကြီးနှင့် တိုက်ရိုက်ထိတွေ့စေတဲ့ လယ်ကွင်းအတွင်း သို့မဟုတ် ကန်သင်းပေါ်တင်ထားခြင်းတို့ကို ရှောင်ရပါမယ်။

✅ခြွေလှေ့ပြီးသော စပါးများကို နေပူထဲတွင် အခြောက်ခံနေလှန်းပေးရပါမယ်။နေလှန်းတဲ့အခါမှာ စပါးထုကို အထူ ၃ မှ ၅ စင်တီမီတာခန့်သာ ဖြန့်ထားပြီး မိနစ်၃၀တွင်တစ်ကြိမ် အထက်အောက်မွှေပြီး အခြောက်ခံရပါမယ်။

✅နေလှန်းပြီးသောစပါးများကိုလည်း ပြောင်စင်အောင်လေလှေ့ပြီး စနစ်တကျ သိုလှောင်သင့်ပါတယ်။

အထက်ပါနည်းလမ်းများအတိုင်း စနစ်တကျရိတ်သိမ်းခြွေလှေ့ကာ သိုလှောင်ပြီး အရည်အသွေးပြည့်ဝသော စပါးများကို ပိုင်ဆိုင်နိုင်ကြစေရန် မျှဝေပေးလိုက်ရပါတယ်ရှင်။

စိုက်ပျိုးနည်းစနစ်တွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိလိုပါက
စပါးအတွက်ဆိုရင်
📌New Asia Rice Community
https://shorturl.at/jQd93
ပြောင်းအတွက်ဆိုရင်
📌New Asia Maize Community
https://shorturl.at/DNJwa

“ ယုံကြည်အားထား နယူးဧရှား “

အသေးစိတ်သိရှိလိုပါက
📩နယူးဧရှား Page Chat Box မှလည်းကောင်း
☎ဖုန်းနံပါတ်-09944130003, 09944230003 မှလည်းကောင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်

#စပါ #စပါးရိတ်သိမ်းခြင်း #ခြွေလှေ့ခြင်း း

အပတ်စဥ်မိုးလေဝသတင်းတွေကို အချိန်နှင့်တပြေးညီသိရှိစေနိုင်မဲ့ နေရာတစ်ခု‼️ဒီလို အပတ်စဥ် မိုးလေဝသနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ...
27/04/2026

အပတ်စဥ်မိုးလေဝသတင်းတွေကို အချိန်နှင့်တပြေးညီသိရှိစေနိုင်မဲ့ နေရာတစ်ခု‼️

ဒီလို အပတ်စဥ် မိုးလေဝသနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို New Asia ရဲ့ Viber Group တွေမှာ တောင်သူတို့အတွက် အချိန်နှင့်တပြေးညီ မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်✨

ဒါ့အပြင် တောင်သူဦးကြီးများအတွက် မိမိစိုက်ပျိုးတဲ့သီးနှံအလိုက် စိုက်ပျိုးရေးနည်းစနစ်လမ်းညွှန်တွေနဲ့ တခြားဗဟုသုတရစရာ အကြောင်းအရာတွေကို မျှဝေပေးသွားမှာဖြစ်ပြီး တောင်သူတို့ရဲ့
စိုက်ခင်းထဲမှာ ဖြစ်နေတဲ့ အခက် အခဲ ပြဿနာများကိုလည်း New Asia ရဲ့ စိုက်ပျိုးရေးကျွမ်းကျင်အဖွဲ့မှ ကူညီဖြေကြား ပေးသွားမှာမို့ ခုပဲ New Asia ရဲ့ Viber Community Group တွေထဲကို ဝင် Join လိုက်ကြတော့နော်💥

စပါးအတွက်ဆိုရင်
📌New Asia Rice Community
https://shorturl.at/jQd93

ပြောင်းအတွက်ဆိုရင်
📌New Asia Maize Community
https://shorturl.at/DNJwa

“ ယုံကြည်အားထား နယူးဧရှား “

အသေးစိတ်သိရှိလိုပါက
📩နယူးဧရှား Page Chat Box မှလည်းကောင်း
☎ဖုန်းနံပါတ်-09944130003, 09944230003 မှလည်းကောင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်
#စပါး #ပြောင်း

လာမဲ့မိုးစပါးအတွက် ဘယ်မျိုးစိုက်ရမလဲ စဥ်းစားပြီးကြပြီလား ဦးကြီးတို့ ⁉စဥ်းစားနေတယ်ဆိုရင်တော့ ❝နယူး-၁၀❞က တောင်သူတို့အတွက်...
23/04/2026

လာမဲ့မိုးစပါးအတွက် ဘယ်မျိုးစိုက်ရမလဲ စဥ်းစားပြီးကြပြီလား ဦးကြီးတို့ ⁉

စဥ်းစားနေတယ်ဆိုရင်တော့ ❝နယူး-၁၀❞က တောင်သူတို့အတွက် ဘာကြောင့် အသင့်တော်ဆုံး မျိုုးစပါးဖြစ်တယ်ဆိုတာကို ပြောပြပေးချင်ပါတယ်✨

🔰❝နယူး-၁၀❞က အသက်ရက်(၁၀၅)ဝန်းကျင်ပဲရှိတဲ့ ဧည့်မထမျိုးအုပ်စုဝင် အထွက်ကောင်းမျိုးဖြစ်ပြီး အထွက်နှုန်းအနေနဲ့ (၁၂၀-၁၅၀)တင်းလောက်ထိ ထွက်တဲ့ စပါးမျိုးတစ်ခုပါ။

🔰ဒါ့အပြင် ရက်၉၀စပါးမျိုးနဲ့ ဆန်ရည်ဆန်သားတူပြီး အထွက်နှုန်းလည်းကောင်းတာမို့ ဆန်အမာမျိုးစိုက်ချင်တဲ့ တောင်သူတွေအတွက်ဆို တစ်ချက်ခုတ်နှစ်ချက်ပြတ်စေနိုင်မှာ အသေအချာပါပဲ။

🔰မျိုးစေ့နှုန်းထားအနေနဲ့ စိုက်ပျိုးမဲ့မြေပေါ်မူတည်ပြီး ၁ဧကကို 21kg (၁တင်း)/၁တင်းခွဲလောက် သုံးကာ ကြဲပက်စိုက်ပျိုးနိုင်တဲ့ မျိုးလည်း ဖြစ်ပါတယ်။

🔰အနှံစရှည်ပြီး တစ်နှံပါသီးလုံးပေါင်းလည်း ၂၀၀ နီးပါးရှိတဲ့အတွက် အထွက်နှုန်းမကောင်းမှာ ပူစရာမလိုဘူးနော်

ဒီလို အရာရာစျေးတက်နေတဲ့ကာလမျိုးမှာ မျိုးဖိုးလည်းအရမ်းမကုန်ချင်ဘူး အထွက်နှုန်းကောင်းတာလည်း စိုက်ချင်တယ်ဆို ❝နယူး-၁၀❞မျိုးက တောင်သူတို့အတွက် ရွေးချယ်သင့်ဆုံးပါပဲ

“ ယုံကြည်အားထား နယူးဧရှား “

အသေးစိတ်သိရှိလိုပါက
📩နယူးဧရှား Page Chat Box မှလည်းကောင်း
☎ ဖုန်းနံပါတ်-09944130003, 09944230003 မှလည်းကောင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်

#နယူး၁၀ #အထွက်ကောင်းမျိုးစပါး #မိုးစပါ း

နယူးဧရှားနဲ့အတူ သင်္ကြန်မုန့်ဖိုး ကံထူးသွားကြသူများ  🎁🎉 မြန်မာတို့ရဲ့ အတာသင်္ကြန်ကာလမှာ New Asia ကိုဘယ်လိုကနေ စသိခဲ့တာလဲ...
22/04/2026

နယူးဧရှားနဲ့အတူ သင်္ကြန်မုန့်ဖိုး ကံထူးသွားကြသူများ 🎁🎉

မြန်မာတို့ရဲ့ အတာသင်္ကြန်ကာလမှာ New Asia ကိုဘယ်လိုကနေ စသိခဲ့တာလဲဆိုတဲ့ အချက်တွေကိုပြောပြီး သင်္ကြန်မုန့်ဖိုး ရယူနိုင်တဲ့ အစီအစဥ်မှ ကံထူးရှင်များ ကံထူးရှင် (၃) ဦးကို ကြေညာလိုက်ပါတယ်ရှင်✨

ကံထူးရှင် (၃) ဦး 💥
🎁ဒါဒါ
🎁Ko Soe Paing
🎁SuNwe yau

ကံထူးသူ (၃) ဦးအနေဖြင့် (၂၄.၀၄.၂၀၂၆) ရက်နေ့နောက်ဆုံးထားပြီး New Asia ရဲ့ Page Chatbox မှာ အမည်နှင့် Kpay ဖုန်းနံပါတ်များပေးပို့‌ကြပါရန် မေတ္တာရပ်ခံပါတယ်ရှင့် 🙏

သင်္ကြန်မုန့်ဖိုးရရှိသူများနှင့် ပါဝင်ကံစမ်းပေးကြသူတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။ နောက်ထပ်လည်း အခုလို အစီအစဥ်လေးတွေပြုလုပ်ပေးသွားမှာဖြစ်လို့ Page ကို Like and Follow လုပ်ထားပြီး ပါဝင်ကံစမ်းကြပါလို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်✨

" ယုံကြည်အားထား နယူးဧရှား "
#သင်္ကြန်မုန့်ဖိုး #မုန့်ဖိုး

လာမဲ့ ရာသီမှာ ရလဒ်ကောင်းကိုမျှော်မှန်းထားတဲ့တောင်သူတို့အတွက် အကောင်းဆုံးမျိုးကိုစိုက်ပျိုးဖို့ အထူးလိုအပ်နေပါပြီ🌽✨ ဒါဆို...
21/04/2026

လာမဲ့ ရာသီမှာ ရလဒ်ကောင်းကိုမျှော်မှန်းထားတဲ့တောင်သူတို့အတွက် အကောင်းဆုံးမျိုးကိုစိုက်ပျိုးဖို့ အထူးလိုအပ်နေပါပြီ🌽✨

ဒါဆိုရင် ❝NAS-828❞ စပ်မျိုးပြောင်းရဲ့ အားသာချက်(၅)ချက်ကတော့ တောင်သူတို့အတွက် ယခုလိုအခြေအနေမှာ အကောင်းဆုံးနဲ့ အကိုက်ညီဆုံးပါပဲ💯

✅၁ဧကအထွက်နှုန်းက အစိုဓာတ်(၂၈-၂၉)ရာခိုင်နှုန်းနဲ့ဆို အဆံအထွက်နှုန်း (၂,၅၀၀-၃,၀၀၀)ပိဿာရှိပြီး အစိုဓာတ်(၁၅-၁၆)ရာခိုင်နှုန်းနဲ့ဆို အထွက်နှုန်း (၁,၈၀၀-၂,၂၀၀)ပိဿာအထိ ထွက်တဲ့မျိုးဖြစ်တာမို့ ခုလိုစျေးကွက်အခြေအနေ ကုန်ကျစရိတ်တွေနဲ့ တွက်ခြေကိုက်စေမှာပါ။

✅ပင်စည်တုတ်ခိုင်၍ ပင်ပိုင်းကြီးထွားမှုအားကောင်းပြီး အမြစ်ကုပ်အားကောင်းတာဖြစ်လို့ အပင်ဦးရေ ဆုံးရှုံးမှာကိုလည်း စိုးရိမ်စရာမလိုပါဘူး။

✅❝NAS-828❞ဟာ အဖူးကြီးရုံသာမက ဖက်လည်းလုံတဲ့အတွက် အဖူးထိပ်ထိ အောင်စေ့ပါတာကြောင့် အဆံထွက်နှုန်းလည်း မြင့်မားပါတယ်။

✅အူတိုင်သေးပြီး ကျစ်လစ်တဲ့ပြောင်းမျိုးဖြစ်တာမို့ အဖူးတစ်ဖူးမှာဆိုရင် အစေ့အလေးချိန်က (၉၂) ရာခိုင်နှုန်းလောက်ထိကို ပါဝင်ပြီး အလေးချိန်စီးကာ အစေ့အဆံပြည့်ဝစွာ ရရှိနိုင်ပါတယ်။

✅အထွက်နှုန်းမြင့်မားတဲ့အတွက် စိုက်ပျိုးကုန်ကျစရိတ်တွေ နှုတ်ရင်တောင် တောင်သူတို့အတွက် အမြတ်အစွန်း ၁၀သိန်းနီးပါးလောက်ကျန်တာမို့ တွက်ခြေကိုက်စေမှာပါ။

💥စိုက်ပျိုးစရိတ်ကုန်ကျတာချင်းအတူတူ တောင်သူတို့အတွက် အထွက်နှုန်းပိုမိုမြင့်မားတဲ့ ❝NAS-828❞ စပ်မျိုးပြောင်း ကို ရွေးချယ်ပြီး ရလဒ်ကောင်းတွေကို ရယူလိုက်ကြပါစို့ 💥

“ ပိုကောင်းသော အရည်အသွေး၊ ပိုကောင်းသော အထွက်နှုန်း၊ ပိုကောင်းသော အကျိုးအမြတ် “

အသေးစိတ်သိရှိလိုပါက
📩နယူးဧရှား Page Chat Box မှလည်းကောင်း
☎ ဖုန်းနံပါတ်-09944130003, 09944230003 မှလည်းကောင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်

#စပ်မျိုးပြောင်း #အစေ့ထုတ်ပြောင်း

မြန်မာ့နှစ်သစ်ကူး အခါသမယ ဆုမွန်ကောင်း~~~~~~~~~~~~~~~~~~~~~~~~~ယနေ့ကျရောက်တဲ့ မြန့်မာ့နှစ်သစ်ကူး အခါသမယမှာ တောင်သူဦးကြီး...
17/04/2026

မြန်မာ့နှစ်သစ်ကူး အခါသမယ ဆုမွန်ကောင်း
~~~~~~~~~~~~~~~~~~~~~~~~~
ယနေ့ကျရောက်တဲ့ မြန့်မာ့နှစ်သစ်ကူး အခါသမယမှာ တောင်သူဦးကြီးများနှင့် မြန်မာတစ်ဝန်းရှိ ပြည်သူ ပြည်သား များအားလုံး ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ပြီး ကျန်းမာပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေကြောင်း New Asia မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်🙏✨

#နှစ်ဆန်းတစ်ရက်နေ့ #မြန်မာနှစ်သစ် #နှစ်သစ်ကူး

Address

Ownership No (261), Field No(1670), Chaing Village Tract, Shwe Kyar Pin Road, Dekkhina Thiri Township
Naypyidaw

Telephone

+959944130003

Website

Alerts

Be the first to know and let us send you an email when New Asia High-Tech Seeds Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to New Asia High-Tech Seeds Company Limited:

Share